18+ ကား ရိုက်မယ့် ဒါရိုက်တာ ညီညီထွန်းလွင်၊ နေတိုး၊ သဉ္ဇာနွယ်ဝင်း


" ၁၈နှစ်အောက်မကြည့်ရ" လို့ အမည်ပေးထားတဲ့ ဗီဒီိယိုဇာတ်ကားကို ဒါရိုက်တာဦးညီညီထွန်းလွင်က ဇူလိုင်လမကုန်မီသရုပ် ဆောင်နေတိုး၊ သဉ္ဇာနွယ်ဝင်းတို့ နဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

" ၁၈နှစ်အောက် မကြည့်ရ" ဗီဒီယိုဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာ ဖြစ်တဲ့ ဒါရိုက်တာဦးညီညီထွန်းလွင်ကို ဗီဒိယိုဇာတ်ကားတွေကို အကယ်ဒမီ ပေးသွားမယ့် အပေါ်ဘယ်လိုသဘော ထားရှိပါသလဲလို့ မေးကြည့်တော့" ကျွန်တော်ကတော့ အဲဒါလေးကို သဘောကျပါတယ်။ ဘာပဲပြောပြောဗီဒီယိုအတွက် အသစ်အဆန်းလေးတစ်ခုဖြစ်တာပေါ့။

ပရိသတ်တွေအတွက် ဗီဒီယိုကားတွေအပေါ်မှာ စိတ်ဝင်စားမှုတစ်ခု တိုးလာတာပေါ့။ ပေးတာတွေတော့ မှား သလား၊မှန်သလားဆိုတာတော့
မပြောတတ်ဘူးပေါ့။ အပြုသ ဘောဆောင်တာကိုတော့ သဘောကျတယ်။ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ပေးပုံ၊ပေးနည်းနဲ့ ပတ်သက်ရင်တော့ မပြောတတ်ဘူး။ ရုပ်ရှင်အကယ်ဒမီတောင်မှ အတော်လေးကို ဝိဝါဒကွဲပြီးတော့ သဘောမကျတာတွေက များနေတယ်လေ" လို့ ပြောပြလာပါတယ်။

ဗီဒီယို အကယ်ဒမီကို ပရိသတ်ရွေးချယ်ပေးမှုပုံစံနဲ့လုပ်ထားတာ ရှိတဲ့အပေါ်ကို ကောဘယ်လိုမြင်မိပါသလဲလို့ ဒါရိုက်တာ ညီညီထွန်းလွင်ကို ဆက်မေးတော့ " ပရိသတ် ရွေးချယ်ပေးတယ် ဆိုရင် ပိုတောင်မှ ကောင်းသေးတယ်။ ပရိသတ်တွေက ဇာတ်ကားတိုင်းလည်း ကြည့်တယ်။ ဝါသနာရှင်တွေပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက ပရိသတ်နဲ့
အနုပညာပိုင်းဆိုင်ရာကျတော့ ရာခိုင်နှုန်းလေးတော့ ခွဲထားရင် ကောင်းတာပေါ့။ တစ်ခါတလေပရိသတ် ကြိုက် တာတော့ မှန်တယ်။ အနုပညာ အရည်အသွေးကိုပေတံနဲ့တိုင်း
မယ်ဆိုရင်တော့ သိပ်မမှန် တတ်ဘူး။

ပရိသတ်က ကြိုက် ချင်ကြိုက်မှာပဲ။ အနုပညာ အရည်အသွေး မမြင်ဘူး။ အဲဒီ အပေါ်မှာတော့ခွဲထားပြီး ပရိသတ်အကြိုက် ပရိသတ်ဆန္ဒဆိုတဲ့ရာခိုင် နှုန်း ဆိုပြီးတော့ပေါ့။ အဲဒါဆိုရင်တော့ ပိုကောင်းလာမယ်။ ပရိသတ်နဲ့ အကဲဖြတ်ရာခိုင်နှုန်းခွဲထားဖို့ လိုအပ်မယ်" လို့ အကြံပြု ပြောကြားသွားခဲ့ပါတယ်။


ထက်လူလူ

အပြည့်အစုံသို့ »

တာမွေမြို့နယ် အာသောက ဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ် ဖမ်းဆီးလျက်ရှိ



ရန်ကုန်၊ ဇူလိုင် ၁၅

၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက ဈေးအတွင်း ၀က်သားဆိုင်မှ ဈေးဝယ်ပြီး ပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍ မိုးမရွာဘဲ ထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက် နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီး တစ်ဦးမှ ထီးပိတ်ပေးရန် ၀င်ရောက် ပြောဆိုကာ ၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက် လက်ကောက်ဝတ်မှာ နာကျင် သွားသဖြင့် ကြည့်ရာ ၀တ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ထီးဖြင့် ကာထားပေးသူ အမျိုးသမီး အား ဖမ်းဆီးရမိ ခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာ ဒေါ်အေးရွှေ(ခ) ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊ ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ လက်ကောက်ချွတ်ယူ သွားသူမှာ မမူ(ခ)အေးအေးမူ ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ် နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)ဦးအား စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူ တရားခံများ ကျန်ရှိ နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံး ရွှေလက်ကောက်အား ပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံ စုံစမ်း ဖမ်းဆီးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

မုံရွာတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး အုပ်စုဖြင့်ရိုက်နှက်ခံရပြန်


မုံရွာမြို့တွင် တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦးကို အုပ်စုဖွဲ့၍ ရိုက်နှက်မှုတစ်ခု ဇူလိုင် ၁၀ ရက် ညသန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့ရှိ အမှတ်-၂ ရဲစခန်း၏ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

“ဆိုင်ကယ်စီးလာတဲ့ သူတွေက ၀ိုင်းအုံပြီး ရိုက်နှက်လို့ ကျွန်တော်မေ့လဲသွားတယ်”ဟု ရိုက်နှက်ခံရသူ သင်္ချာဘာသာရပ် ပထမနှစ်ကျောင်းသား မောင်လှိုင်ဝင်းအောင်က ထိုညကအဖြစ်အပျက်ကို ပြန်လည် ပြောကြားသည်။ “ရန်ငြိုးရန်စ လုံးဝမရှိပါဘူး။ ဘောလုံးပွဲကြည့်ပြီး အိမ်ပြန်လာတဲ့အခါ ခွေးကြောက်လို့ လက်ထဲမှာတော့ တုတ်လေးတစ်ချောင်း ကိုင်လာခဲ့ပါတယ်” ဟုလည်း သူကဆက်ပြောသည်။

လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ကလည်း အမျိုးသမီးအဆောင်ရှေ့ဂစ်တာတီးနေသည့် မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများကို ၎င်းတို့တက္ကသိုလ်မှအခြားကျောင်းသားအုပ်စုက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်တစ်ခု မုံရွာတွင် ဖြစ်ပွားခဲ့သည်။ ထိုရိုက်ပွဲနှင့် ပတ်သက်၍ သံသယရှိသူ ကျောင်းသားကိုးဦးကိုလည်း ရဲကဖမ်းဆီးထားသည်။

မောင်လှိုင်ဝင်းအောင်ကို ရိုက်နှက်သူများသည် မည်သူမည်ဝါဖြစ်သည်ကို ကာယကံရှင်ကိုယ်တိုင်က မသိသဖြင့်ရဲများက ဖမ်းဆီးရန် လတ်တလော၌ လိုက်လံစုံစမ်းနေဆဲဖြစ်သည်။

မောင်လှိုင်ဝင်းအောင်သည် ဓားဒဏ်ရာခြောက်ခုနှင့် ဦးခေါင်းဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး သူ့ကိုအကြမ်းဖက်သည့် လူအုပ်စုသည် ၁၀ ဦးခန့်ပါဝင်ကြောင်း အခင်းဖြစ်ပွားခဲ့သည့် ရပ်ကွက်၏ဆယ်အိမ်မှူး ဦးအောင်မြင့်က အတည်ပြု ပြောကြားထားသည်။

လက်ရှိတွင် မောင်လှိုင်ဝင်းအောင်ကို မုံရွာဆေးရုံတွင် ပို့ဆောင်ကုသထားပြီး သူ့ကိုအကြမ်းဖက်သူများ ကိုရဲစခန်းက အမှုအမှတ်(ပ)၃၂၀/၂၀၁၃ဖြင့် အမှုဖွင့်ထားသလို အကြမ်းဖက်သူများအဖြစ် သံသယရှိသူများကိုဖမ်းမိပါက ပြစ်မှုဆိုင် ရာဥပဒေ ပုဒ်မ ၃၂၆/၃၂၅ ဖြင့် တရားစွဲ ဆိုခံရနိုင်ချေရှိသည်ဟုလည်း သက်ဆိုင်ရာ ရဲစခန်းကထုတ်ပြန်သည်။

ကိုတိုးကြီး
Mizzima - News in Burmese

အပြည့်အစုံသို့ »

ဒီဇယ် အောက်တိန်းနှင့် ဈေးတူအထိ မြင့်တက်


ရန်ကုန်၊ ဇူလိုင် ၁၄

အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်ခြင်းနှင့် နိုင်ငံတကာဈေးကွက် ၌ ရေနံစိမ်း ဈေးမြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၅၀ နီးပါး ဈေးထပ်တက်လာပြီး အောက်တိန်းနှင့် ဈေးတူဖြစ်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

“ဒီဇယ်က လုပ်ငန်းသုံးကားတွေ အသုံးများတယ်လေ။ အရမ်းတန်းတက်လို့ မရဘူး။ အောက်တိန်းဈေး တက်ကတည်းက ဒီဇယ်ကို ဈေးတက်ရမှာပါ။ မိုးတွင်းဆိုတော့ ဝယ်လိုအားကျနေလို့ ချက်ချင်းမတက်တာပါ” ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောဆိုသည်။

ဒီဇယ်အများဆုံး အသုံးပြုသည့် ကုန်တင်ယာဉ်များမှာလည်း မိုးရာသီ ကုန်ပါးသောကြောင့် ဒီဇယ်ဝယ်ယူမှု နည်းပါးပြီး ၎င်းတို့ဝယ်လိုအား ကောင်းပါက ယခုထက် ဈေးမြင့်တက်ဖွယ် ရှိကြောင်း ပဲခူးမြို့အခြေစိုက် စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိ ကမ္ဘာ့ရေနံစိမ်းဈေးနှင့် ဒေါ်လာလဲနှုန်း ဈေးအမြင့်တွင် ဆက်လက်တည်ရှိနေပါက စက်သုံးဆီဈေးများ ယခုလအတွင်း၌ပင် အနည်းငယ် ထပ်မံမြင့်တက် လာနိုင်ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒီဇယ်နှင့် အောက်တိန်း တစ်ဂါလန်လျှင် ၄၀၅၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရေနံစိမ်း ဈေးကွက်တွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ ကျော်ရှိပြီး လွန်ခဲ့သည့် သီတင်းပတ်ထက် နှစ်ဒေါ်လာခန့် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ အဓိကစက်သုံးဆီများ ဝယ်ယူရာ စင်ကာပူဈေးကွက်တွင် ရေနံစိမ်း တစ်စည်လျှင် ၁၀၄ ဒေါ်လာဈေးပေါက်ပြီး ယခင်ရက်သတ္တတစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်ဒေါ်လာကျော် မြင့်တက် လာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်သည့် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ရည်ညွန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၉၈၀ ကျပ် ဖြစ်ပြီး ပုဂ္ဂလိကဘဏ် ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ၉၈၉ ကျပ် ဈေးပေါက်လျက် ရှိသည်။
The Voice Weekly

အပြည့်အစုံသို့ »

မော်ဒယ်လောကကို မထင်မှတ်ပဲ ရောက်လာသူ Mဆိုင်းလူ


မော်ဒယ်လောကထဲကို ရည်မှန်းချက်ကြီးကြီး ထားပြီး ဝင်လာတာ မဟုတ်ဘဲ ကိုယ်လုပ်တဲ့ အလုပ်အပေါ် တာဝန်သိစွာနဲ့ လုပ်ကိုင်ရင်းက ဇောက်ချ လုပ်ကိုင် ဖြစ်သွားတာပါလို့ ပြောပြ လာသူကတော့ ကချင်တိုင်း ရင်းသူလေး Mဆိုင်းလူပဲ ဖြစ်ပါတယ်။ မော်ဒယ်လော ကမှာ ရပ်တည်ခဲ့တဲ့ အကြောင်း ကို မေးကြည့်တော့ “မော်ဒယ်ဘဝကို မထင်မှတ်ဘဲရောက်လာတယ်။ ကိုယ်လုပ်နိုင်တဲ့ အချိန်မှာ ကိုယ်တကယ် လုပ် နိုင်တယ်ဆိုတာ သိ လာ တယ်။ ဒီ အလုပ်ကငါ့ အတွက်တကယ် အဆင်ပြေပါ လားဆိုတဲ့ အတွေး က ဝင်လာ တယ်။ ဒါ ကြောင့် ဒီ အနုပညာအလုပ် ကို ဇောက် ချလုပ် ဖြစ်ခဲ့ တာပါ” လို့ ပြောပြခဲ့ပါ တယ်။ အနုပညာ လောကထဲရောက် လာ ဖို့အတွက် ဘယ်သူက တိုက်တွန်းအားပေးပြီး မျိုးရိုးထဲမှာရော အနု ပညာရှင် ရှိလားလို့ မေး ကြည့်တော့ “ဖေဖေက ကချင်မှာဆိုအရင်က တော့ ဒါရိုက်တာ တစ် ယောက်ဖြစ်ခဲ့တယ်။ အရင်က လုပ်တယ်။ ညီမ ကို ဘုရား သခင်က ပို့ဆောင်လို့ ဒီအနုပညာ လောကထဲ ရောက်လာတယ်လို့ ခံယူယုံကြည်တယ်။ ဒါကြောင့် ဘုရား သခင် အလိုတော် အတိုင်းပဲ ညီမလုပ်သွား မယ်” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

အပြည့်အစုံသို့ »

Facebook က ခပ်လန်းလန်း search function


Facebook က graph search ဆိုတဲ့ function ခပ်မိုက်မိုက်တစ်ခုကို ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီ function ကို enable လုပ်ထားရင် ကို like လုပ်ခဲ့တဲ့ပုံတွေ၊ ကိုသိမယ့် firend တွေ၊ friend တွေရဲ့ ပုံတွေ၊ သီချင်းတွေ videos တွေ နဲ့ တော်တော်များများကို ရှာနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမရပါဘူး။ ကိုယ်တိုင် sign up လုပ်မှ ရတာပါ။ ဒါကြောင့် အောက်ပါ လင့်ခ်လေးကို သွားပြီးတော့ Try Graph Search ဆိုတာလေးကို နှိပ်ပေးရပါတယ်။ ဒါမှသာ အဲဒီလိုမျိုးတွေ ရှာနိုင်မှာဖြစ်ပါတယ်။ အချိန်ရှိတုန်းလေး သွားနှိပ်လိုက်ပါဦးဗျာ။

https://www.facebook.com/about/graphsearch

From: https://www.facebook.com/myanmarwebdesigner

အပြည့်အစုံသို့ »

ဌာနဆိုင်ရာတွေ ပညာပြရင် ဖုန်းဆက်တိုင်ရမယ့် နံပါတ်



အပြည့်အစုံသို့ »