ဗိုလ်ချုပ်က နာရင်းထတီးမယ့် လက်ရှိလူကြီးများ



အပြည့်အစုံသို့ »

အာဇာနည်နေ့ သြဥဆွဲချိန် တာမွေ ဈေး ရှေ့ မြင်ကွင်း



အပြည့်အစုံသို့ »

ထိုင်းဘုန်းကြီး ၀ီရပေါကို ဖမ်းရန် ထိုင်းအစိုးရက အမိန့် ထုတ်ပြန်


ထိုင်းအစိုးရက ထိုင်းဘုန်းကြီး ၀ီရပေါဆွပ်ဖိုကို အသက်မပြည့်သေး သူများအား အဓမ္မကျင့်မှု၊ လှူဒါန်းငွေများကို အလွဲသုံးစားမှုနှင့် အွန်လိုင်းမှ တစ်ဆင့် လိမ်လည် စည်းရုံးမှုများဖြင့် တရားစွဲ ထားခဲ့ပြီး ဖမ်းမိန့် ထုတ်ပြန် ကြေညာထား ကြောင်းသိရသည်။

21-7-2013 ရက်(တနင်္ဂနွေနေ့)ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ


အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကပ်ပွဲ ဦးရွှေမန်းတက်ရောက်


အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့ပြုလုပ်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက မိသားစုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ဆွမ်းကပ်ပွဲဟာ အထူးခြားဆုံးဖြစ်သလို၊ ပဏ္ဍိတရာမရွှေတောင်ကုန်း ဆရာတော်ကြီးကလည်း ကိုယ်ကျိုးမကြည့်ပဲ ပူးပေါင်းဆောင်ရွက်ကြဖို့ တရားဒေသနာချီးမြှင့်တယ်လို့ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။

"သိပ်ထူးခြားတာ၊ ကျနော်တောင် အံ့သြသွားတယ်၊ ကျနော်က အလယ်ခေါင်က၊ ဘယ်ဘက်က ကိုရွှေမန်း၊ ညာဘက်က ဒေါ်အောင်ဆန်းစုကြည် တရားနာကြတယ်၊ အစအဆုံး ရေစက်ချတဲ့အထိပေါ့၊ ထမင်းစားဝိုင်းကျတော့ တစ်ဝိုင်းထဲပါပဲ၊ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သူရရွှေမန်းရယ်၊ နောက်သူရရွှေမန်းဇနီးရယ် အဲဒါအလှူတုန်းက၊ နောက်ပြီးတော့ ပဏ္ဍိတဆရာတော်ကြီးကတော့ ဒီနှစ်တရားဟောတာ ဒီလိုပဲပြေလည်အောင် လုပ်ကြတဲ့ကိစ္စတွေမှာကတော့ စေတနာအရင်းခံဖြစ်နဲ့ သွားကြတယ်ဆို ကောင်းတယ်ပေါ့နော်၊ တခါတလေကျတော့လည်း ကိုယ့်ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ လုပ်ကြကိုင်ကြတာတွေလည်း ရှိတတ်တယ်ပေါ့၊ အဲဒါတွေကိုတော့ မဖြစ်စေချင်ဘူးပေါ့နော်၊ နိုင်ငံအတွက် အကျိုးကျေးဇူးကြည့်ပြီးတော့ လုပ်တဲ့သဘောမျိုးလုပ်တာတွေကို ဖြစ်စေချင်တဲ့သဘော အဲဒီလိုမိန့်တယ်၊ အတိုလေးပေါ့"

ဆွမ်းကပ်လှူပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ အရှင်စန္ဒာဓိကနဲ့ ချမ်းမြေ့ဆရာတော်တို့ ကြွရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၈ နာရီလောက်မှာ နိုင်ငံတော်အစီအစဉ်နဲ့ အာဇာနည်ဗိမာန်မှာ သွားရောက်ဂါဝရပြုခဲ့ပြီးတဲ့နောက် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆရာတော်ကြီးတွေကို ဆွမ်းကပ်တရားနားခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံသို့ »

ရန်ကုန်မြို့လယ်၊ ဆူးလေးမီးပွိုင့် အာဇာနည်နေ့ မနက်၁၀း၃၇နာရီ မြင်ကွင်း (ရုပ်/သံ)




အပြည့်အစုံသို့ »

သားအတွက် စည်းစိမ်ဥစ္စာအမွေမချန်သော ဂျက်ကီချန်း


ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုခဲ့ပြီး ဖြစ် ပါတယ်။ ယင်းကတော့ တစ်ချိန်ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကို ပရဟိတ လုပ်ငန်းတွေထဲ အားလုံး ထည့်ဝင် လှူဒါန်း လိုက်ဖို့ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်ဝန်းကျင် ရှိပြီ ဖြစ်တဲ့ ဂျက်ကီးချန်းမှာ အသက် ၃၀ အရွယ် ဂျေစီ ချန်း (Jaycee Chan) အမည်ရ သားတစ်ယောက် ရှိပါတယ်။ သူကလည်း လက်ရှိမှာ ဟောင်ကာင်မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ဖခင် လောက်တော့ နာမည်မရနိုင်သေးပါဘူး။ ပိုင်ဆိုင် သမျှအားလုံးကို လှူဒါန်းမယ် ဆိုတော့ သားအတွက် ဘာကျန်လဲလို့ မီဒီယာက မေးတဲ့ အခါ အောက်ပါ အတိုင်း ဖြေပါတယ်။

"သူ အရွယ်ရောက်ပြီပဲ။ ကိုယ်တိုင် ငွေရှာနိုင်ပါတယ်။ ကျွန်တော်ပေးတဲ့ အမွေနဲ့သာဆိုရင် ငွေဖြုန်းတာကလွဲလို့ ဘာမှ သိတော့မှာ မဟုတ်ဘူးလေ၊ ဘဝကသာ သူ့အတွက် အကောင်းဆုံး အမွေပါဗျာ"

ဒီတော့ ဂျက်ကီးချန်းအနေနဲ့ သားအတွက် ချန်ပေးတာ ဘာမှ မရှိဘူး ဆိုပေမယ့် သားကိုယ်တိုင်ကလည်း ကျေနပ်ပါတယ်။ ငွေကို ကိုယ်တိုင် ရှာသုံးတတ်အောင် ဂျက်ကီးချန်းတစ်ယောက် ကောင်းကောင်း သင်ပေး၊အမွေ ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူ ယုံကြည်တဲ့ အတိုင်း အမြွေအားလုံးကို အလှူလုပ်မယ်ဆိုတော့ လေးစားအားကျ ထောက်ခံ သူများ ရှိသလို၊ သားအပေါ် ရက်စက်တယ်လို့ ပြောသူလည်း ရှိလာပြန်ပါတယ်။

သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဂျက်ကီချန်းရဲ့  ဆုံးဖြတ်ချက်ကို အများစုက ကောင်းချီထောပနာ ပေးကြောင်း သိရပါတယ်။
---
Ref:gossip
International news for myanmar

အပြည့်အစုံသို့ »

ပစ်တ်ဘူးလ်၏သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့သည့် မယ်ကမ္ဘာဟောင်း


ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်
Posted on Jul 18 13 - 06:05 PM | Hits : 43

နာမည်ကျော် Rapဂီတ အဆိုတော် ပစ်တ်ဘူးလ်၏ သီချင်းတစ်ပုဒ်အတွက် ဗီဒီယို ရိုက်ကူးရာတွင် မယ်ကမ္ဘာဟောင်း ပရီယန်ကာ ချော်ပရာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ အလှမယ်သည် ပစ်တ်ဘူးလ်၏ နောက်ဆုံးထုတ် Hitသီချင်းဖြစ်သော Exoticအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်။ အသက်(၃၀) ရှိပြီဖြစ်သော ချော်ပရာသည် (၂၀၀၀)ပြည့်နှစ်၊ မယ်ကမ္ဘာရွေးချယ်ပွဲတွင် သရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်သည်။

အနက်ရောင် ဆံကေသာများနှင့် နှစ်လိုဖွယ်ကောင်းသော ချော်ပရာနှင့် ပစ်တ်ဘူးလ်တို့၏ သီချင်းဗီဒီယိုသည် ကြာသပတေးနေ့တွင် ထွက်ပေါ်လာသည်။ "အိုင်ဘီဇာမှာ ကျွန်မ ပစ်တ်ဘူးလ်ရဲ့Exoticကို ရိုက်ကူးပေးခဲ့တာပါ"ဟု ချော်ပရာက ပြောကြားခဲ့သည်။ သူမက "ရိုက်ကွင်း အဖွဲ့သားတွေက ကျွန်မကို ပြင်းပြလှုံ့ဆော်ပြီး Sexyဆန်ဆန် ပုံရိပ်မျိုး ဖြစ်လာနိုင်အောင် ကူညီပေးကြပါတယ်။ ကျွန်မ အနေနဲ့လည်း ကျေနပ် ဂုဏ်ယူမိတယ်။ ဒါဟာ အစပဲ ရှိပါသေးတယ်။ ဒီသီချင်းအပြင် အယ်လ်ဘမ် တစ်ခုလုံးကို ပရိသတ်တွေဆီ မျှဝေဖြစ်ဖို့ ကျွန်မ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ"ဟုလည်း ပြောဆိုသွားသည်။

ပစ်တ်ဘူးလ်ကလည်း ၎င်း၏ သီချင်းဗီဒီယိုအတွက် ကူညီခဲ့သော ချော်ပရာကို ကျေးဇူးတင်ကြောင်း Twitterတွင် ရေးသားခဲ့သေးသည်။ ချော်ပရာသည် အိန္ဒိယတွင်လည်း ရုပ်ရှင်မင်းသမီး တစ်ဦးအဖြစ် ရပ်တည်နေပြီး အမေရိကန်တွင်မူ လူသိနည်းသော ဘောလီးဝုဒ် ကြယ်ပွင့်တစ်ဦး ဖြစ်သည်။ သူမသည် အိန္ဒိယတွင် Pepsi၊ Nokia၊ Garnierနှင့် Nestleစသော ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် ကြော်ငြာပေးရပြီး ဘောလီးဝုဒ်၏ ကင်မ်ကာဒက်ရှီယန်အဖြစ် တင်စားခံရသည်။ 

အပြည့်အစုံသို့ »