Fashion Style of ဝင့်ဒါလီ







အပြည့်အစုံသို့ »

မြန်မာဝန်ထမ်းများ မကြာမီခန့်အပ်ပြီး သင်တန်းပေးမည်ဟု Telenor ဆို


Telenor မှ လာမည့်သြဂုတ်မှ စတင်ပြီး မြန်မာများအားအလုပ်ခန့်ကာ သင်တန်းပို့ချပေးမည်ဟု Telenor-Myanmar မှ အမှုဆောင် အရာရှိချုပ် Mr. PetterFurberg က ပြောသည်။

''ကုမ္ပဏီရဲ့ ဝန်ထမ်းလိုအပ်ချက် အပေါ်မူတည်ပြီး ဝန်ထမ်းတွေ ခန့် အပ်သွားမှာပါ။ ဝန်ထမ်းခန့်တဲ့အပိုင်း မှာလည်း လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတွေအပြင် နိုင်ငံခြားမှာရှိနေတဲ့
မြန်မာနိုင်ငံသား နည်းပညာရှင်တွေကိုပါ ခန့်အပ်ဖို့ အဆင်သင့်ရှိပါတယ်'' ဟု ၎င်းကပြောသည်။

သင်တန်းများပို့ချခြင်းကို လက်ရှိ Telenor ကုမ္ပဏီမှ ကျွမ်းကျင်နည်းပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ယင်းသို့ ပြုလုပ်ခြင်းမှာ နောက်ပိုင်းကာလတွင် Telenor-Myanmar အား မြန်မာနိုင်ငံသားများ အများစုပါဝင်ရန် ဆောင်ရွက်ခြင်း ဖြစ်
ကြောင်း ၎င်းကဆက်လက် ပြောသည်။

''ဖုန်းရောင်းချမှုကိုတော့ လိုင်စင်ရပြီးမှ ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ လုပ်သားခေါ်ယူမှုနဲ့ နက်ဝပ်တည်ဆောက်မှုတွေကို လုပ်ကိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ၎င်းက ဆက်ပြောသည်။

ဖုန်းရောင်းမှုကို လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဖုန်းအသုံးပြုခွင့်ရရှိမည်
ဖြစ်ကြောင်း၊ ဖုန်းပြောဆိုခအား ၁ မိနစ် ၂၅ ကျပ်နှုန်းအောက်ထားရှိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အင်တာနက်စနစ်ကို 2G, 3G စနစ် နှစ်မျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆင်းကတ်ရောင်းချရာတွင် အင်တာနက် စနစ်တစ်ပါတည်း ပါဝင်မည်ဖြစ်ကြောင်း
အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

တစ်နိုင်ငံလုံးတွင် ဆင်းကတ် ရောင်းချသည့် ဆိုင်ပေါင်း ခုနစ်သောင်း ဝန်းကျင်ထားရှိမည်ဖြစ်ပြီး ကိုယ်စား လှယ်ဆိုင်ပေါင်း ၁ဝ သိန်းဝန်းကျင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

အပြည့်အစုံသို့ »

ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် တိမ်းမှောက်၍ ၅ ဦးဒဏ်ရာရ


နေပြည်တော်၊ ဇူလိုင် ၂၄

၂၃-၇-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းနယ်မြေအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁/၆-၇)ကြား၊ မန္တလေးမှရန်ကုန်သို့ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဦးဝင်းကြည်ထွန်း(၄၂)နှစ် မောင်းနှင်လာသည့် ၄ဃ/xxxx ဟိုင်းလပ်ဆပ်ခဲရောင်ယာဉ်မှာ ယာဉ်မောင်းဖြစ်သူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်ကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ နှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ ယာဉ်ပေါ်ပါ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဒေါ်အေးအေးသိန်း(၃၈)နှစ်ပါ ၅ ဦးတွင် ၀ဲဘက်ပခုံးအောင့်၊ ၀ဲနံရိုးအောင့်၊ ဦးခေါင်း ထိပ်ပွန်းပဲ့၊ ယာလက်ပြင်နာကျင်၊ ယာလက်ကျိုး၊ ယာခြေသလုံးပွန်းပဲ့၊ ယာလက်ဖျံပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် လှည်းကူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ဦးဝင်းကြည်ထွန်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လူတစ်ဦး လဲကျသေဆုံး သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ် ကျန်ရှိ


ရန်ကုန်၊ ဇူလိုင် ၁၉ - သီလဝါမှ ရန်ကုန်ကို ပြေးဆွဲတဲ့ ရထားပေါ်မှာ အသက် ၅၀ နှစ်ခန့်ရှိ အမည်မသိ၊ နေရပ်လိပ်စာမသိ လူတစ်ယောက် သွေးအန်မေ့လဲကာ ဆေးရုံကို ပို့စဉ် လမ်းမှာ သေဆုံးသွားပါတယ်။ သူနဲ့ အတူ သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ်ခန့် ကလေးငယ် (ယောကျာ်းလေး)တစ်ယောက်လည်း ပါလာတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဇူလိုင် ၁၉ ရက်နေ့က သီလဝါမှ ရန်ကုန်ကို ညနေ ၃း၄၀ နာရီ ထွက်တဲ့ မြို့ပတ်ရထားပေါ်မှာ ကလေးငယ်နဲ့အတူ စီးလာတာပါ။ သန်လျင် အုတ်ဖိုစု ဘူတာရောက်ခါနီး ညနေ ၅းဝ၀ နာရီ ဝန်းကျင်မှာ သွေးအန်ပြီး မေ့လဲကျသွားပါတယ်။ ဒါကြောင့် ဂတ်ဗိုလ်နဲ့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာ လမ်းမှာတင် သေဆုံးသွားပါတယ်။ သန်လျင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက သေမှုသေခင်း အမှတ်စဉ် ၂၆/၂၀၁၃ နဲ့ အမှုဖွင့်ထားပါတယ်။ သေဆုံးသူနဲ့အတူ ပါလာတဲ့ ကလေးငယ်ကိုတော့ သန်လျင်မြို့နယ် ရဲစခန်းက ယာယီ စောင့်ရှောက်ထားပါတယ်။

သန်လျင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ကလေးက သူ့နာမည်လဲ သူမသိဘူး၊ သေတဲ့သူကို အဖေလို့တော့ ခေါ်တယ်၊ သူ့အဖေသေတော့လဲ သူသိတယ်၊ ငိုလဲ ငိုတယ်၊ ဒါပေမဲ့ သူနေတဲ့နေရာရော၊ အဖေ အမေနာမည်ရော၊ မောင်နှမတွေ နာမည်ရော သူမသိဘူး၊ သူ့ကို ခုတော့ စခန်းမှာ စောင့်ရှောက်ထားပြီး သူ့မိသားစုကို ရှာဖွေပေးနေပါတယ်၊ ကလေးရဲ့ ပြောစကားအရ တာဝဘက်ကလို့တော့ ခန့်မှန်းရတယ်”လို့ ပြောပါတယ်။

သေဆုံးသူဟာ အင်္ကျီအနီကွက်၊ ပုဆိုးအနီကွက်စိပ် ဝတ်ဆင်ထားပါတယ်။ ကလေးငယ်ကတော့ အင်္ကျီအစိမ်းရောင်နဲ့ ဘောင်းဘီအနီရောင်ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။

မေဦးကြင်နာနိုင် - Kumudra

အပြည့်အစုံသို့ »

ပြန်လွှတ်လေ့ရှိသောငါးရွေးကြီးများ ဈေးကောင်းရ၍ ဖမ်းရောင်း


ဟင်္သာတ၊ ဇူလိုင် ၂၃

ရေဘုရင်ဟု ရေလုပ်သားများက သတ်မှတ်ပြီး ဖမ်းမိပါက ပြန်လွှတ်လေ့ရှိသော ငါးရွေးငါးကြီးများကို ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရသောကြောင့် ဖမ်းဆီးရောင်းချ ကြကြောင်း ဟင်္သာတခရိုင် အတွင်းရှိ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ဟင်္သာတခရိုင် တစ်ခုလုံးရှိ ငါးဒိုင်များသို့ တစ်နှစ်လျှင် ငါးရွေးငါးကြီးများ အကောင်ရေ ၁၂၀ ကျော် ဝင်ရောက်မှုရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရန် မြဝတီနယ်စပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ တင်ပို့ရန် မူဆယ်မြို့ တို့မှ ဝယ်ယူခြင်း ဖြစ်ကြောင်း ငါးဒိုင်လုပ်ငန်းရှင် များက ပြောဆိုသည်။

တစ်လလျှင် ငါးရွေးငါးတစ်ကောင်မှ သုံးကောင်ခန့် အထိ ၄င်း၏ဒိုင်က ဝယ်ယူ ရရှိလေ့ ရှိကြောင်း ဟင်္သာတမြို့မှ ငါးဒိုင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ငါးရွေးငါးကြီးများကို ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့တွင် တွေ့ရလေ့ရှိသည်ဟု ရေလုပ်သား ဦးဖိုးကြန်က ဆိုသည်။

ငါးရွေးငါး ဈေးကွက်မှာ ဟင်္သာတမြို့တွင် လက်ရှိပေါက်ဈေး တစ်ပိဿာ ငါးထောင် ကျပ်ဖြင့် ဝယ်ယူရပြီး ရန်ကုန်ဈေးနှင့် နယ်စပ် ဈေးမှာ ပုံသေမရှိဘဲ အလေးချိန် ငါးပိဿာမှ ပိဿာငါးဆယ်ကျော် အကောင်များမှာ ဈေးကွက် ဝင်ကြောင်း ငါးဒိုင်များထံမှ သိရသည်။

လွန်ခဲ့သည့်သုံးနှစ်က ဇလွန်မြို့နယ် ဧရာဝတီမြစ်ပြင် ပေါ်သို့ ပေ၂၀ ကျော်သည့် ငါးရွေးကြီး ပေါ်လာဖူးပြီး ရေလုပ်သားများက မဖမ်းဘဲ ထားခဲ့ကြောင်း ရေလုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။
The Voice Weekly

အပြည့်အစုံသို့ »

အသက် ၃၀ အောက် ဝင်ငွေအများဆုံး အနုပညာရှင်စာရင်းတွင် လေဒီဂါဂါ ဦးဆောင်


Poker Faceစတား အဆိုတော်သည် တင်ပါးခွဲစိတ်မှု တစ်ခုကြောင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် အချို့ကို မဖြစ်မနေ ဖျက်သိမ်းခဲ့ရသည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဂါဂါသည် ဒေါ်လာ သန်း(၈၀)မျှ ရရှိခဲ့သည်

တစ်နှစ်အတွင်း ဝင်ငွေအများဆုံး ရရှိခဲ့သည့် အသက်(၃၀)အောက် အနုပညာရှင် Celebrityများ စာရင်းတွင် လေဒီဂါဂါက ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ Poker Faceစတား အဆိုတော်သည် တင်ပါးခွဲစိတ်မှု တစ်ခုကြောင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် အချို့ကို မဖြစ်မနေ ဖျက်သိမ်းခဲ့ရသည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဂါဂါသည် ဒေါ်လာ သန်း(၈၀)မျှ ရရှိခဲ့သည်။ ထို့ကြောင့်လည်း သူမသည် အသက်(၃၀)အောက် နာမည်ကျော် Celebrityများအနက် ဝင်ငွေအကောင်းဆုံးအဖြစ် Forbes၏ စာရင်း၌ နံပါတ်(၁) ချိတ်ခဲ့ခြင်း ဖြစ်သည်။ ကနေဒါ လူငယ် Popဂီတကြယ်ပွင့် ဂျက်စတင် ဘီဘာအနေဖြင့် တေလာဆွစ်ဖ်ကို ကျော်တက်နိုင်ခဲ့သော်လည်း ဒုတိယသာ ရခဲ့သည်။

အသက်(၂၇)နှစ်ရှိ ဂါဂါသည် တင်ပါးခွဲစိတ်မှုကြောင့် အမေရိကန်တွင် ဖျော်ဖြေပွဲ အစီအစဉ် (၂၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ သူမသည် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ARTPOP အမည်ရှိ အယ်လ်ဘမ်ကို ထုတ်ဝေမည်ဟုလည်း ကြေညာထားသည်။ Forbes၏ အသက်(၃၀)အောက် ဝင်ငွေအကောင်းဆုံး Celebrityများ စာရင်း၌ DJ၊ သီချင်းရေးဆရာနှင့် ပရိုဂျူဆာဖြစ်သူ ကယ်လ်ဗင်ဟားရစ်က စတုတ္ထချိတ်သည်။ ၎င်းသည် (၂၀၁၂)ခုနှစ်၊ ဇွန်လမှ (၂၀၁၃)ခုနှစ် ဇွန်လအတွင်း Showပေါင်း (၁၅၀)မျှတွင် ပါဝင်ခဲ့သည်။ ဘာဘေးဒိုးစ်ဖွား R&B အဆိုတော်မလေး ရီဟန်နာသည်လည်း ယခုစာရင်း၌ ထိပ်ဆုံး(၅)ဦးတွင် ပါဝင်နိုင်ခဲ့သည်။

အသက်(၃၀)အောက် ဝင်ငွေအကောင်းဆုံး Celebrityများအနက် ထိပ်ဆုံး(၁၀)ဦးနှင့် ၎င်းတို့၏ တစ်နှစ်အတွင်း ဝင်ငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လေဒီဂါဂါ (ဒေါ်လာ ၈၀ သန်း)

၂။ ဂျက်စတင်ဘီဘာ (ဒေါ်လာ ၅၈ သန်း)

၃။ တေလာဆွစ်ဖ် (ဒေါ်လာ ၅၅ သန်း)

၎။ ကယ်လ်ဗင်ဟားရစ် (ဒေါ်လာ ၄၆ သန်း)

၅။ ရီဟန်နာ (ဒေါ်လာ ၄၃ သန်း)

၆။ ကေတီပယ်ရီ (ဒေါ်လာ ၃၉ သန်း)

၇။ အဒဲလ် (ဒေါ်လာ ၃၅ သန်း)

၈။ ဂျနီဖာလောရင့်စ် (ဒေါ်လာ ၂၆ သန်း)

၉။ ခရစ္စတန်စတီးဝပ် (ဒေါ်လာ ၂၂ သန်း)

၁၀။ တေလာလော့တ်နာ (ဒေါ်လာ ၂၂ သန်း)

Planet Myanmar Network

အပြည့်အစုံသို့ »

သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူလှန်းပေးရန် လိုအပ်


မသိမသာရောဂါများကိုဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာပါ သင်နှင့်နီးစပ်နေပြီး အိပ်စက်သည့်အခါထိတွေ့ နေသည့် ခေါင်းအုံးဆိုတာ သတိမထားကြပါ ဒါကြောင့် သတိမထားမိခြင်း မဖြစ်မိစေရန်အတွက် အခုလို့ အသိပေးအပ်ပါသည် ။

လူတွေအားလုံးမည်သူမဆို အိပ်စက်သည့်အခါတွင် ခေါင်းအုံးဖြင့် အနားယူအိပ်စက်ကြပါတယ် အဲလို့ အိပ်စက်သည့်အခါတွင် လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ အဲဒီလို့ ဖြစ်ပေါ်ခြင်းကြောင့် ခေါင်းအုံးအဖုံးအပါ ခေါင်းအုံးကိုပါ ညစ်ညမ်းစေပြီးရက်ပေါင်းများစွာကြာသည့်အခါ ခေါင်းအုံးသည် အညစ်အကြေးစုလာ နေသောနေရာ ဖြစ်လာပါတော့သည်။

ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ ခေါင်းအုံးတွင် တွယ်ကပ်ဖြစ်သောလာသော ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစပ်ဖြစ်ပွားခြင်းလဲ ခံစားရနိုင်ပါသည် ။
အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့်အအေးမိရောဂါနှင့်အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို အထူးသဖြင့် သန့် ရှင်းအောင်ဂရုတစိုက်လုပ်ဆောင်ပေးရန်လိုအပ်လာသဖြင့် နောက်တစ်ထည်လဲလည်သုံးစွဲပြီး သုံးစွဲပြီးသားကို လျှော်ဖွပ်သန့် စင်ပေးရပါတယ် ။

ခေါင်းအုံးကို အိပ်ခန်းတွင်းမှာ ထုတ်ယူပြီး လေသာ နေသာသောနေအခါတွင် နေပူလှန်းပေးရပါမည်။ သို့မှသာတွယ်ကပ်နေပြီး လူကိုဒုက္ခပေးသော ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားခြင်းဖြင့် ရောဂါဘယဖြစ်ပေါ်လာခြင်းကို ဝေးကွာသွားပါလိမ့်မည်။

အဲလိုမှ သင်သည်လုပ်ဆောင်ခြင်း မပြု့ လုပ်ပါက လူအညစ်အကြေးကြောင့် ကူးစပ် ဖြစ်ပွားနိုင်သော ရောဂါများ တိုးပွားရရှိနိုင်ပါသည် ။

ဒါကြောင့် သင်အိပ်နေသော ခေါင်းအုံးများကို မဖြစ်မနေ အနည်းဆုံး တစ်လတစ်ကြိမ်တော့ အပြင်ထုတ်နေပူလှန်းခြင်းလုပ်ဆောင်သင့်ပါကြောင့်တိုက်တွန်းပြောကြားရင်းအသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay

အပြည့်အစုံသို့ »