ငွေသိန်းခြောက်ဆယ်ကျော်ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီးရာမှ မန္တလေးဆေးရုံကြီးတွင် လှည့်လည်ခိုးယူနေသူအား ဖမ်းမိ

ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေမန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော်ပျောက်ဆုံးမှုရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲကလှည့်လည်ခိုးယူနေသောအမှုများပါ
ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ညနေပိုင်းတွင်ဦး---- ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာနသည်နေပြည်တော်အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှုခံယူခဲ့ကြောင်း၊ ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံး
သွေးကြော ပိတ် ကု သဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ
၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ဆေးရုံ ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစားလက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်ကိုယ်တိုင် အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံစစ် ဆေးရာသုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင်ဆိုင်များနှင့် တခြားနေရာ များတွင်
ငွေအများပြားသုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အဒေါ်ရှိရာ ယာဉ်ပျံဘူ တာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင်
ဖမ်းဆီးစစ်ဆေးရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား လှည့်လည် ခိုးယူနေကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ
ဆက်လက်စစ်ဆေးနေဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

အပြည့်အစုံသို့ »

အင်တာနက် အသုံးပြုခြင်းကစိတ်ကျခြင်းကို သက်သာစေနိုင်


စိတ်ကျခြင်းကို ကုစားတဲ့နေရာ မှာ အင်တာနက် အသုံးပြုခြင်း ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ် လာနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက သုံးသပ်ခဲ့ပါတယ်။ စိတ်ကျနေသူအများစုဟာ အင်တာ နက်နဲ့ လူမှုကွန်ယက်တွေ အသုံး ပြုပြီး ပျော်ရွှင်မှုတွေ ရရှိလာနိုင် တယ်လို့ သိရပါတယ်။ လေ့လာမှုကို နယူးဇီလန် စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင် Dr.Judi Clements က"၁၉၅၀ပြည့် နှစ်များ မှာတော့ စိတ်ဖိစိးမှုနဲ့ စိတ်ကျ ဝေဒနာကို ခံစားနေရသူတွေဟာ တယ်လီဖုန်းကို အသုံးပြုခြင်း၊ သူငယ်ချင်း မိတ်ဆွေများထံ လည် ပတ်ခြင်းတွေကသာ ကုစားနိုင်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်အလွန်မှာတော့ လူထုဟာ ဖုန်းခေါ်ဆိုခြင်း၊ လည်ပတ် ခြင်းတွေထက်စာရင် အင်တာနက်မှ တစ်ဆင့် လူမှုကွန်ယက်တွေ အသုံး ပြုကာ မိတ်ဆွေတွေနဲ့ စကားပြောခြင်း အားဖြင့် စိတ်ကျန်းမာရေးကို မြှင့်တင် နိုင်လာကြတယ်"လို့ ပြောကြားထားပါ တယ်။
စိတ်ကျသူတွေဟာ သူငယ်ချင်း ကိုဖြစ်စေ၊ ကိုယ်မသိသေးတဲ့ သူစိမ်း တစ်ယောက်ကို မိတ်ဆွေဖွဲ့စကားပြော ရမှာ စိတ်သက်တောင့်သက်သာနဲ့ ရှက်နေစရာမလိုဘဲ စကားပြောနိုင်တဲ့ အတွက် စိတ်ဖိစီးမှု၊ စိတ်ကျဝေဒနာ တွေကို ရာခိုင်နှုန်းအတော်များများ သက်သာစေနိုင်ပါတယ်။ ရလဒ်များ အရတော့ လူမှုကွန်ယက် facebook ကို အသုံးပြုသူတွေဟာ စိတ်ဖိစီးမှု လျော့ပါးနိုင်ပြီး စိတ်ကျခြင်းတွေ ကိုလည်း ကွန်မန့်များရေးသားခြင်း၊ Status များ၊ ခံစားချက်စာသားများ ရေးသားမျှဝေခြင်းအားဖြင့် လျော့ပါး နိုင်ကြောင်း Dr.Judi Clements က ပြောကြားထားပါတယ်။ ဒါ့အပြင် စိတ်ထဲမှာခံစားနေရတာကို သူငယ်ချင်း တွေ သိရှိအောင်ပြောပြနိုင်တဲ့
အတွက် အကူအညီများစွာလည်း ရရှိနိုင်ကြောင်း၊ သူစိမ်းတစ်ယောက် ကိုပြောပြတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုမဟုတ်ပေမယ့် ယုံကြည် ရတဲ့ သူငယ်ချင်းတွေထံကနေ အင်တာ နက်ကို အသုံးပြုပြီး တိုင်ပင်တာဟာ လေ့ကျင့်ခန်းလုပ်တာ ထက်စာရင် စိတ်ကျခြင်းကို ပိုမိုလျော့ပါးစေနိုင် တယ်လို့ အခု လေ့လာမှုမှာ ဖော်ပြ ထားပါတယ်။
ငြိမ်းအေး
ref:ANI
မြ၀တီ

အပြည့်အစုံသို့ »

နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏အကျိုးကျေးဇူးများ



ကြက်သည်းနွေးတွင် သံပရာ ရည်သောက်ခြင်းက ရေခဲရေနှင့် သံပရာရည်ကို သောက်ခြင်းထက် ခန္ဓာကိုယ်ကို ပို၍အကျိုးဖြစ်စေ သည်။ ပုလင်းနှင့် အသင့်ဖျော် သံပရာမျိုးမဟုတ်ဘဲ သံပရာသီး လတ်လတ်ဆတ်ဆတ် (၁)ခြမ်းခန့်ကို ညှစ်ဖျော်ထားသော ဖျော်ရည်မျိုး ဖြစ်သည်။ ကောင်းကျိုးများအနေနှင့်

-အစာချေဖျက်မှုကို ထောက်ကူခြင်း
-ဆီးရွှင်စေခြင်း
- ကိုယ်ခံအားကောင်းစေခြင်း
- PH level ကို ညှိပေးခြင်း
- အသားအရေကြည်လင်စေခြင်း
- စိတ်ကိုတက်ကြွစေခြင်း၊ အားဖြစ် စေခြင်း
- အနာကျက်စေခြင်း
- အသက်ရှူလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေခြင်း
- သွေးဖြူဥဆဲလ်များ ပါရှိသည့် ကိုယ်တွင်းထွက် အရည်ကြည်ကို ရေ ဓာတ်ဖြည့်ပေးခြင်း
- ခန္ဓာကိုယ်ဝိတ်ကျစေဖို့အတွက် အ ထောက်အကူဖြစ်စေခြင်းတို့ကို ရရှိ စေသည်။
သံပရာဖျော်ရည်တွင် အထူး သဖြင့် Citric acid ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်စီ၊ ဘိုင်အိုဖလေ ဗိုနွိုက်၊ ပက်ကတင်ဒြပ်၊ လင်မိုနီးစ်တို့ ပါဝင်သည်။
ဒေါန
မြ၀တီ

အပြည့်အစုံသို့ »

လာဘ်စားမှုအများဆုံးကျောင်း ၁၉ကျောင်းစာရင်း တရားဝင်ထုတ်ပြန်ထားသည်ဆိုသည်မှာမဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးပြောကြား

အွန်လိုင်း သတင်းစာမျက်နှာတစ်ခုတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ထုတ်ပြန်ထားသည်ဟူ၍ ဖော် ပြထားသော လာဘ်စားမှုအများ ဆုံးကျောင်း ၁၉ ကျောင်းစာရင်း မှာ တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်ဟု အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သူ ဦးဉာဏ်ထွန်းဦးက ပြောသည်။
အဆိုပါလာဘ်စားမှုအများ ဆုံးကျောင်းများ၏ အမည်စာရင်း များကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က တရားဝင်ထုတ်ဖော်ပြော ကြားထားခြင်းဖြစ်သည်ဟု မီဒီယာ တစ်ခုမှ ဖေ့စ်ဘွတ်စ်စာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''အဲဒါကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က မထုတ်ပြန်ထားပါဘူး။ သ တင်းအမှားတွေပါ။ ထုတ်ပြန်တဲ့ သူတွေက တခြားတစ်ယောက် ယောက်ကို မေးရင်းဖော်ပြလိုက် တာဖြစ်မှာပါ''ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး နေပြည်တော်ပညာရေးဝန်ကြီး ဌာနရုံးသို့ဆက်သွယ်မေးမြန်းရာ ယင်းတို့၏ဝန်ကြီးဌာနရုံးသို့ တရား ဝင်အကြောင်းကြားစာမရောက် သေးသဖြင့် မသိရှိသေးဟု တာဝန် ရှိသူတစ်ဦးကပြောသည်။
အွန်လိုင်းတွင်ဖော်ပြထား သော ကျောင်း ၁၉ ကျောင်း၏ အမည်စာရင်းမှာ အထက်တန်း ကျောင်းမင်္ဂလာဒုံ(၂)၊ ဒဂုံ(၁)၊ ဗိုလ် တထောင်(၄)၊ ဗိုလ်တထောင် (၅)၊ ကမာရွတ်(၂)၊ ရန်ကင်း (၂)၊ လမ်း မတော်(၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)၊ လသာ(၂)၊ ဗဟန်း(၂)၊ စမ်းချောင်း(၂)၊ အလုံ(၄)၊ အင်း စိန်(၂)၊ တာမွေ(၄)၊ ကမာရွတ် (၅)၊ အလယ်တန်းကျောင်းတွင် ပန်းဘဲတန်း(၁)၊ အခြေခံပညာမူလ တန်းကျောင်းများတွင် ကမာရွတ် (၂)၊ ဗဟန်း(၂)၊ ဗဟန်း (၃)တို့ဖြစ် သည်ဟု ဖော်ပြထားသည်။
ယင်းနှင့်စပ်လျဉ်း၍ ဗဟန်း မြို့နယ်လက်ထောက်ပညာရေး မှူးဦးတင်ဖုန်းက ''ကျောင်းအုပ်ကြီး ၁၉ ဦးကို ပညာရေးဝန်ကြီးဌာနက နေပြီးခဲ့တဲ့နှစ်က ခေါ်တွေ့တာမျိုး ရှိတယ်။ ဒါကလဲ ကျောင်းတွေက နာမည်ကြီးနေတဲ့အတွက် လာဘ် စားမှုတွေမရှိအောင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့အ တွက်ပါ။ ဒီလိုအနေနဲ့ခေါ်တွေ့ တာမျိုးပဲရှိပါတယ်။ အခုလာဘ် စားတယ်ဆိုပြီး သတင်းတက်လာ တယ်ဆိုတာကလဲ ဖွလိုက်တာလို့ပဲ ထင်တယ်''ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာမူလတန်း ကျောင်း ပေါင်း ၂၂၈၀ဝနီးပါး၊ အလယ်တန်း ကျောင်းပေါင်း ၂၅ဝခန့်နှင့် အထက် တန်းကျောင်းပေါင်း ၁၇၀ နီးပါး ခန့်တို့ ဖွင့်လှစ်ထားကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနထုတ် ပြန်ချက်များအရ သိရသည်။

Yangon Media Group


အပြည့်အစုံသို့ »

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား


ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်
ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်၌ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ၀င်းသော်တာလမ်းတွင် နေထိုင်သူ ကိုအောင်ကျော်ဦးသည် အိမ်သို့ ဆိုက်ကားဖြင့် ပြန်လာစဉ် ၀င်းသော်တာလမ်းပေါ်၌ ဆိုင်ကယ်နှစ်စီး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ စောင့်နေစဉ် ယင်းတို့အနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့မှ ၎င်းအား တုတ်၊ အုတ်ခဲများဖြင့် အုတ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်ကျော်ဦး၏ ဦးလေးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။
အရိုက်ခံရသူ ကိုအောင်ကျော်ဦးမှာ လက်ကျိုးပြီး ဦးခေါင်းတွင် ဒဏ်ရာများ ရရှိမှုကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနသို့ ပို့ဆောင်၍ အတွင်းလူနာ (စိုးရိမ်ရ) အနေဖြင့် ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်သူ တစ်ဦးဖြစ်သည့် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်တွင် နေထိုင်သူ အောင်ကျော်မိုးနှင့် အရိုက်ခံရသူ အောင်ကျော်ဦးတို့မှာ ဇူလိုင် ၂၇ ရက်က အနည်းငယ် စကားများခဲ့ရာ အရိုက်ခံရသူနှင့်အတူ ပါလာသူ အမည်မသိ အမျိုးသားတစ်ဦးမှ အောင်ကျော်မိုးအား ဆဲဆို၍ ပါးကိုလက်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။
"ရိုက်နှက်မှု မဖြစ်မီ နံနက်ပိုင်းက ၁ ရပ်ကွက်နေ အောင်ကျော်မိုးနဲ့အတူ လူတစ်ဦးက အိမ်ကိုလာပြီး ကျွန်တော့်တူ ဘယ်မှာလဲ။ ပါးရိုက်ခဲ့တဲ့အတွက် ဘယ်လိုရှင်းမှာလဲဆိုပြီး မေးတယ်။ အဲဒါ တူဖြစ်သူ မရှိဘူး။ သူလည်းပါးရိုက်တာလည်း မဟုတ်ဘူး ဖြေလိုက်တယ်။ တကယ်က သူ့သူငယ်ချင်း ရိုက်တာ။ ခဏနေတော့ သူတို့ပြန်သွားတယ်။ မွန်းလွဲပိုင်း တူဖြစ်သူ အိမ်ကိုပြန်လာတဲ့အခါ ဒီလိုအုပ်စုဖွဲ့ ၀ိုင်းရိုက်တော့တာပဲ။ ရဲစခန်းကတော့ ကျူးလွန်သူ တစ်ဦးလို့ပဲ ဖော်ပြထားတယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။
အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းမင်းအောင်က "လက်ရှိစစ်ဆေးနေတဲ့ အချိန်မှာတော့ အုပ်စုဖွဲ့ရိုက်နှက်တာမျိုး မဟုတ်ဘဲ တစ်ဦးထက် ပိုတယ်။ တစ်ဦးချင်းဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လက်ရှိစစ်ဆေးနေဆဲ ကာလဖြစ်လို့ ဒီလောက်ပဲ ပြောပြနိုင်ပါမယ်" ဟု ပြောကြားသည်။
ထိုသို့ အုပ်စုဖွဲ့ အရိုက်ခံရမှုကြောင့် ဦးလေးဖြစ်သူ ဦးလှထွန်းမှ ရိုက်နှက်သူ အောင်ကျော်မိုးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၃/၁၃ ပြစ်မှုပုဒ်မ-၂၃၅ ဖြင့် အမှုဖွင့်ထားပြီး၊ အောင်ကျော်မိုးမှလည်း ဇူလိုင် ၂၇ ရက်တွင် ၎င်းအားပါးရိုက်မှုနှင့် ပတ်သက်၍ အောင်ကျော်ဦးပါ သုံးဦးအား အရေးယူပါပေးရန် တိုင်ကြားထားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၄/၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven

အပြည့်အစုံသို့ »

အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုရန် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှကားများ တင်သွင်းခွင့်ပြုထားပြီး ကားအချို့ စတင်ရောက်ရှိ


ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပြီး ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများကို တွေ့ရစဉ်
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှ ကားများတင်သွင်းခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား ပြည်ပနိုင်ငံများမှ ယင်းသို့တင်သွင်းလာသည့် ကားများအနက် အဆင့်မီသည့် ကားများကို ပြန်လည်ရွေးချယ်ကာ ပြေးဆွဲစေမည်ဖြစ်ကြောင်း သိရသည်။
"ကားတွေကိုတော့ ပြည်ပနိုင်ငံစုံက တင်သွင်းခွင့် ပြုထားတယ်။ ရောက်ရှိလာတဲ့ ကားတွေထဲကမှ အကုန်လုံးကိုလည်း အဲဒီမှာ ပြေးဆွဲမယ်လို့တော့ မဟုတ်ဘူး။ အဆင့်မီတဲ့ ကားတွေကို စိစစ်ရွေးချယ်ပြီး ပြေးဆွဲစေမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။
ယခု ပုဂ္ဂလိက ကုမ္ပဏီအချို့က တင်သွင်းသည့် ပြည်ပမှ ကားအချို့ ရန်ကုန်ဆိပ်ကမ်းသို့ စတင်ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထပ်မံ၍လည်း ကားများရောက်ရှိ လာဦးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမြန် ဘတ်စ်ကားလိုင်း စနစ်အား လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ လုပ်ကိုင်စေမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားများတွင် ခရီးသည်များ သက်သောင့်သက်သာ စီးနင်းနိုင်ရန် စီစဉ်ပေးမည့်အပြင် အဲကွန်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကားစီးနင်းခ နှုန်းထားကိုလည်း ခရီးသွားပြည်သူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေမည့် ဈေးနှုန်းများဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြားတစ်စီး ပြေးဆွဲမည်ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်ထားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
Eleven

အပြည့်အစုံသို့ »

ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေးခဲ့ပြီးနောက် ထိုင်းဘုရင်ဟု ရာခိုင်နှုန်း ၉၀ ခန့်မှန်းနိုင်ပြီး တူးဖော်မှုများကို သြဂုတ်တွင် ဆက်လက်ပြုလုပ်သွားမည်

ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား မြန်မာ-ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် ဘုရင်၏ ဆွေတော်မျိုးတော်များက ဖွင့်လှစ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် (ဓာတ်ပုံ-ဆရာဝန် တင်မောင်ကြည် (မန္တလေး))
ယိုးဒယားဘုရင်ဟောင်း ကျောက်ဘွားဒေါက်မဒူဝါး၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေး ခဲ့ကြပြီးနောက် ထိုင်းဘုရင်ဟု ၉၀ ရာခိုင်နှုန်း ခန့်မှန်းနိုင်ပြီဖြစ်ပြီး တူးဖော်မှုများကို သြဂုတ်လအတွင်း ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ထိုင်းဘုရင့်ဟောင်း အုတ်ဂူတူးဖော်ရေး ကော်မတီမှ စုံစမ်းသိရသည်။
ယင်းသို့ ယိုးဒယားဘုရင်ဟောင်း၏ အရိုးအိုးအား ဇွန်လအတွင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မြန်မာ-ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ မြန်မာမှု ဗိသုကာပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ထိုင်းနိုင်ငံမှ ပညာရှင်များ၊ ဘုရင်၏ ဆွေတော်မျိုးတော်များရှေ့တွင် အရိုးအား စစ်ဆေးကြည့်ရှု ခဲ့ကြသည်။
ထိုင်းဘုရင့်ဟောင်း၏ သင်္ချိုင်းဂူအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ လာရောက်လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တူးဖော်မှုများကို စတင်ခဲ့သည်။ တူးဖော်မှုများ စတင်ပြီးနောက် မတ်လအတွင်း၌ ထိုင်းဘုရင်နှင့် သက်ဆိုင်သည့် မှန်စီသပိတ်နှင့် ပြုလုပ်ထားသည့် ထိုင်းဘုရင်၏ အရိုးအိုးနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
"ထိုင်းဘုရင်ဟောင်းရဲ့ အရိုးအိုးကို ဖွင့်ပြီးစစ်ဆေးလိုက်တဲ့ အခါမှာ အရိုးမှာ သင်္ကန်းစတွေ ကပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒါဟာ ရဟန်းတစ်ပါးရဲ့ အရိုးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီလို လေ့လာမှုကို တစ်နေကုန် ပြုလုပ်ကြပါတယ်။ သူတို့နိုင်ငံက တာဝန်ရှိသူတွေနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ဒုတိယအဆင့် တူးဖော်မှုတွေကိုတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက် ရယူပြီးတော့ သြဂုတ်လအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်ရေး ကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဆရာဝန်တင်မောင်ကြည် (မန္တလေး) က ပြောကြားခဲ့သည်။
အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်တန်းရပ် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူနေရာအား အယုဒ္ဓယ ကျေးရွာငယ်ပုံစံနှင့် အပန်းဖြေဥယျာဉ်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ယိုးဒယား အစားအစာများ၊ အပျော်စီး ကားများပါ ထည့်သွင်းပြုလုပ်သွားရန် စီစဉ်ထားကြောင်း၊ မြေနေရာကိုလည်း ၆ ဧက အကျယ် ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရသို့ တင်ပြတောင်းခံထားကြောင်း သိရသည်။

Eleven

အပြည့်အစုံသို့ »