မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပါ ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်။


(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Voice Weekly

အပြည့်အစုံသို့ »

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေဒေါ်မြင့်မြင့်သည်
နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့
စကားများရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန်ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူမ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှ
ဆေးလူးပေးနေသည်ကိုတွေ့ရ၍မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့်စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့်ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်း
ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပဆေးရုံတွင်
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင်
အားအရေးယူပေးရန်ဒေါ်မြင့်မြင့်မှတိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

မြ၀တီ

အပြည့်အစုံသို့ »

ရန်ကုန်လေဆိပ်ထက် သာမည့် မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်

လေးနှစ်အတွင်း အပြီးတည်ဆောက်မည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပုံစံငယ်ကို တွေ့ရစဉ်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။

Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား မြန်မာနိုင်ငံ၏ အဓိကမြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို အခြေခံ ရေးဆွဲထားကာ မေခ-မလိခ မြစ်နှစ်သွယ် ပေါင်းစည်းလာပြီး ဧရာဝတီမြစ်ကြီး ဖြစ်တည်လာသည့် ပုံစံအား အမှီပြု၍ လေယာဉ်ကွင်း ပုံစံငယ်ကို ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးချိန်ဖြစ်သည့် ၂၀၁၃ ဒီဇင်ဘာလမှစ၍ ၂၀၁၇ ဒီဇင်ဘာလတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၀င်ထွက်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဟံသာဝတီ လေဆိပ်သစ်ကြီးသို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်...

''လက်ရှိ ပင်မ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ၀င်ထွက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးတဲ့အခါမှာ ပင်မ၀င်ပေါက်အဖြစ် ပြောင်းရွှေ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် ခရီးသည် သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။ ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်လှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

ကိုရီးယားနိုင်ငံမှ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင် မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်ဟု သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးအတွက် နိုင်ငံအသီးသီး၊ ဒေသအသီးသီးသို့ ပြောင်းလဲစီးနင်းနိုင်မည့် လေဆိပ်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Eleven 

အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားအတွက် အားကစားကွင်းများ အချိန်မီ မပြီးစီးမှုကို ဝန်ကြီး စိုးရိမ်


ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်းမှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက်လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရီဘီလိုက ဆိုသည်

ဘရာဇီးလ်နိုင်ငံ၊ အားကစားရေးရာ ဝန်ကြီးဖြစ်သူက မိမိအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆောက်လုပ်နေသည့် အားကစားကွင်းများ လုပ်ငန်းခွင် နှောင့်နှေး ကြန့်ကြာနေခြင်းအပေါ် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်း မှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက် လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း ရီဘီလိုက ဆိုသည်။ ဘရာဇီးလ်သည် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ ဖလားနှင့် (၂၀၁၆)ခုနှစ်၊ ရီယိုဒီဂျနေရိုး အိုလံပစ် ပြိုင်ပွဲတို့အတွက် ပြင် ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အားကစားကွင်းကြီး (၆)ခု တည်ဆောက်မှုတွင် (၁)ခုသာ သတ်မှတ်လျာထားချက်အတိုင်း ပြီးစီးသေးသည်။ ဆော်ပေါ်လိုရှိ အားကစားရုံမှာ (၈၄)ရာခိုင်နှုန်း အပြီးသတ်ခဲ့ပြီဖြစ်ပြီး ယခုနှစ်ကုန်တွင် အချိန်မီ ဖွင့်လှစ်နိုင်ဖွယ် ရှိသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးလ်၏ ပြင်ဆင်မှုများအပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း အတန်ငယ် ဖိအားပေးနေပြီ ဖြစ်သည်။ မန်နာရက်စ်၊ ကူရီတီဘာ၊ကွီရာဘာ၊ ပေါ့တ်အလီဂရီနှင့် နေတယ်လ်တို့တွင် ဆောက်လုပ်နေသော ကွင်းကြီးများမှာမူ လုပ်ငန်းခွင် ပြီးပြတ်မှု (၇၁)ရာခိုင်နှုန်းမှ (၇၉)ရာခိုင်နှုန်းသာ အသီးသီး ရှိကြသည်။

ရီဘီလိုက ဒါဟာ သတိထားရမယ့် အခြေအနေပါ။ လက်ရှိ နှုန်းအတိုင်း လုပ်နေလို့ မရတော့ပါဘူး။ ကျွန်တော်တို့ အချိန်မီ ပြီးစီးမှာ မဟုတ်ဘူးဟု ဆိုသည်။ ၎င်းကအရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ကျွန်တော်တို့ သတ်မှတ်ရက်အမီ အပြီးသတ်ဖို့ လိုအပ်နေပါပြီဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ရီဘီလိုက ကွင်းများ ဆောက်လုပ်မှုအတွက် တာဝန်ယူထားသည့် ကုမ္ပဏီများ အနေဖြင့် ယခင်သဘောတူညီချက်ထက် ပိုမို၍ အစိုးရထံမှ ထောက် ပံ့စရိတ်ကို ရရှိမည်ဟု မမျှော်လင့်ရန်လည်း သတိပေးခဲ့သည်။အစိုးရက အသုံးစရိတ် တိုးမြှင့်ပေးမှာ မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။ လုပ်သား(၁၀)ယောက်နဲ့ (၂)လကြာမယ့် အလုပ်ကို လုပ်သား(၂၀)ခန့်ပြီး (၁)လနဲ့ပြီးအောင် လုပ်လို့ရတာပဲလေဟု ရီဘီလိုက ပြောဆိုသွားသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ယခင်ကွင်းဟောင်းများကိုပါ မွမ်းမံပြင်ဆင်ပြီး စုစုပေါင်း ဘောလုံးကွင်း (၁၂)ခု အသုံးပြုသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

အပြည့်အစုံသို့ »

ရန်ကုန်တွင် တစ်ရက်အတွင်း လူသေမှု ခြောက်မှုဖြစ်

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၃ ရက် တစ်ရက်တည်းအတွင်း လူသေမှုခြောက်မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုများ၏ ထက်ဝက်မှာအခြေအနေမဲ့ နေထိုင်သူများ အာဟာရချို့တဲ့၍ သေဆုံးရခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းလူသေမှုများသည် ဒလမြို့နယ်တွင် နှစ်မှု၊ မင်္ဂလာဒုံမြို့နယ်တွင် နှစ်မှု၊ တောင်ဒဂုံမြို့နယ်တွင် တစ်မှုတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူစုစုပေါင်း ခြောက်ဦးအထိ ရှိခဲ့သည်။

ဒလမြို့တွင်ဖြစ်ပွားခဲ့သော လူသေမှုဖြစ်စဉ်တစ်ခုသည် ရက်ကွက်အတွင်း အခြေအနေမဲ့ သွားလာနေသူ အသက် ၅၀ အရွယ်ခန့် ပိန်ချုံးချိနဲ့နေသော အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သေဆုံးချိန်တွင် အရက်အလွန် အကျွံသောက်ထားပြီး လမ်းဘေးပလက်ဖောင်းတွင် အိပ်စက်လျက် သေဆုံးနေခြင်းဖြစ်သည် ရဲမှတ်တမ်းတွင် တွေ့ရသည်။

နောက်တစ်မှုမှာလည်း အသက် ၆၀ အရွယ်အမျိုးသားကြီးတစ်ဦးသည် ဒလမြို့နယ် နားနေဆောင်တစ်ခုတွင် နံရံကို မှီထိုင်ပြီး သေဆုံးနေခြင်းဖြစ်ပြီး ၎င်းသည်အားအင်ချိနဲ့၍ အာဟာရပြတ်လတ် သေဆုံးသည့် လက္ခဏာရှိသည်ဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

တောင်ဒဂုံတွင်ဖြစ်ပွားခဲ့သည့် လူသေမှုမှာ အိမ်ရာအတည်တကျမရှိဘဲ လှည့်လည်သွားလာနေသော အသက် ၄၅ နှစ်အရွယ် တီဘီရောဂါသည်တစ်ဦးသည် တိုက်ခန်းတစ်ခု၏ ဘေးတွင် သေဆုံးနေခြင်းဖြစ်သည်ဟု ရဲကဆိုသည်။

ထို့အတူပင် ပူဖောင်းရောင်းချ စားသောက်သည့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက်အတွင်းရှိ အောင်စည်းခုံဘုရား ဈေးတန်းရှေ့ မြေကွက်လပ်တွင် အိပ်စက်နေစဉ်
သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲကမှတ်တမ်းတင်ထားသည်။

၎င်းသည်သေဆုံးချိန်တွင် အရက်သေစာသောက်စားထားသည်ဟု ရဲများကဆိုထားပြီး ကနဦး စစ်ဆေးချက်များအရ သူသည် တွေ့ရာနေရာတွင် ၀င်ရောက်အိပ်စက်တတ်သူဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့တွင် ဖြစ်ပွားခဲ့သော လူသေမှုမှာမူ အမျိုးသား နှစ်ဦးငါးမျှားရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါလူသေမှုများနှင့်ပတ်သက်၍ ရဲများကအလောင်းများကို စစ်ဆေးရန် ဆေးရုံသို့ပို့ဆောင်ကာ သေဆုံးသည့် အကြောင်းအရင်းကို တိကျစွာသိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မေ ၁၆ ရက် အထိ လေးလကျော်ကာလ
အတောအတွင်း ရန်ကုန်တိုင်းတွင် သေမှုသေခင်းပေါင်း ၄၅၇ မှုထိဖြစ်ပွားခဲ့ပြီး ယင်းသေဆုံးမှုများအနက် ရေနစ်သေဆုံးမှု ၈၉ မှု၊ မိမိကိုယ်ကို အဆုံးစီရင်မှု ၈၂ မှုရှိပြီး ကျန်အမှုများမှာရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်။

Mizzima - News in Burmese

အပြည့်အစုံသို့ »

ပုသိမ်မြို့ ၀န်ကြီးချုပ်နှင့် အိမ်ချင်းကပ်လျက် တိုင်းလွှတ်တော်ဥက္ကဋ္ဌအိမ် ဖောက်ထွင်းခိုးယူခံရ


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများအိမ်ရာ အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သီရိပျံ ချီ ဦးတင်စိုး နေထိုင်သော နေအိမ်၌ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖောက်ထွင်းမှုတွင် စိန်ထည် ပစ္စည်းများ အပါအ၀င် အဖိုးတန် ပစ္စည်းများစွာ ခိုးယူခံခဲ့ရပြီး ၎င်းအမှုအား ပုသိမ်မြို့ အမှတ်(၂) ကိုးသိန်းရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရှိရသဖြင့် သွားရောက် စုံစမ်းရာ လူကြီးအမှု ဖြစ်သဖြင့် စခန်းမှူး ရဲအုပ် ဦးစိန်လင်းကိုယ်တိုင် ကိုင်တွယ်ထားကြောင်း၊ စခန်းမှူးက အဆိုပါအမှုအတွက် အခင်းဖြစ် နေရာသို့ သွားရောက် စစ်ဆေးနေပြီး ဖုန်းပိတ်ထားပါသဖြင့် စခန်းမှူး ပြန်ရောက်မှသာလျှင် ဆက်သွယ်ရန်နှင့် အမှုဖွင့်ထားသော (ပ)နံပါတ်နှင့် ပုဒ်မတို့အား စခန်းမှူးထံ ခွင့်ပြုချက် မယူရသေး၍ ထုတ်ပြန်၍ မရသေးကြောင်း တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။

၎င်းအမှုနှင့် စပ်လျဉ်း၍ နေ့စဉ်ထုတ် Daily Eleven သတင်းစာတွင် ပုသိမ်မြို့ အမှတ်(၂) ရဲစခန်း မှ (ပ) ၁၂၇/၁၃ ပြစ်မှု ပုဒ်မ ၃၈၁ ဖြင့် အဆိုပါနေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသူ မ.......၊ အသက် ၂၁ နှစ်၊ ဟင်္သာတမြို့နယ် နေသူအား ပုသိမ်မြို့၊ အမှတ် ၂ ရဲစခန်းတွင် တရားစွဲဆိုကာ အမှုမှန် ပေါ်ပေါက် ရေး အတွက် စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ ကာလ တန်ကြေးအားဖြင့် ကျပ်သိန်း ၁၂၀ ကျော်ခန့် တန်ဖိုးရှိသော ရွှေနှင့် လက်ဝတ်ရတနာ ၁၇ မျိုးပျောက် ဆုံး ခဲ့ကြောင်း စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး နေအိမ်သည် သီတာလမ်း (တောင်ပေါ်လမ်း)နှင့် ပုသိမ်မုံရွာ လမ်းထောင့် ပုသိမ်လေဆိပ်အနီးရှိ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ အိမ်ရာဝင်း အတွင်းတွင် ရှိပြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အိမ်ချင်းကပ်ရှိကာ ၂၄ နာရီအပြည့် လုံခြုံရေး ၀န်ထမ်းများ ထားရှိသည့် အိမ်ရာဝင်း ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ လက်ရှိ ခံစားလျက်ရှိသော တရားဝင်လစာမှာ မြန်မာငွေ ကျပ် ၆ သိန်းဖြစ်၍ ဆုံးရှုံးခဲ့သော ငွေကြေးကျပ်သိန်း ၁၂၀ အမှန်တကယ်ဖြစ်သည် ဆိုပါလျှင် လပေါင်း ၂၀ စာ လစာနှင့် ညီမျှပြီးယခင်က တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်(ငြိမ်း) သီရိပျံချီ ဦးတင်စိုး တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၍ တာဝန်ထမ်းဆောင်နေသည်မှာ တစ်နှစ် မပြည့်သေးကြောင်း သိရှိရသည်။

မြန်မာသံတော်ဆင့်


အပြည့်အစုံသို့ »

လျှပ်စစ်ဝါယာ ရှော့ဖြစ်၍ အိမ်တစ်လုံး မီးလောင် လူတစ်ဦးသေဆုံး


ဆိပ်မူမြို့ရပ်ကွက်(၄)ရှိ ဦးလောဟန်၏ (၂)ထပ် ပျဉ်ထောင်နေအိမ်တွင် ည ဆယ်နာရီခွဲခန့၌ လျှပ်စစ် ၀ါယာကြိုးမှရှော့ ဖြစ်၍ အိမ်အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ပိုင်ရှင် ဦးလောဟန်၏

ကိုယ်ပေါ်တွင် လျှပ်စစ်ဝါယာကြိုး ပြုတ်ကျကာ ဓာတ်လိုက် သေဆုံးနေကြောင်း သိရသည်။ ၎င်း၏သမီးဖြစ် သူသည် ကြောက်လန့်၍ ထွက်ပြေးရာ ယခုချိန်ထိ ရှာမတွေ့သေးကြောင်းလည်း ဆက်လက် သိရသည်။

ရပ်ကွက်လူထုမှဝိုင်း၍ ငြိမ်းသတ်ကြရာ ၁၀း၄၅တွင် မီးငြိမ်းခဲ့သော်လည်း အိမ်သုံးပရိဘောဂများနှင့် အိမ်ပေါ်ထပ် တစ်ခုလုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လာရောက်ခဲ့သော်လည်း လမ်းများအခက်အခံကြောင့် မီးလောင်ပြီးမှသာ ရောက်ရှိခဲ့ကြောင်း မီးငြိမ်းသတ်သူများက ပြောကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက် ရှိနေကြောင်းလည်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

Myanmar Age 

အပြည့်အစုံသို့ »