ရေကြည်မြို့နယ်တွင် ယနေ့ညမှာရင်ချင်းဆက်အမွှာညီအမ ခွဲစိတ်မွေးဖွါးနိုင်ခဲ့


Author အေးလပြည့်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းမြင့် တိုက်နယ်ဆေးရုံတွင် ယနေ့သြဂုတ်လ၁၅ရက်နေ့ ည ၇နာရီ ၂၅မိနစ် အချိန် တိုက်နယ်ဆရာဝန်ဒေါက်တာနေ၀င်းထွန်းနှင့်အဖွဲ့ မှ ရင်ချင်းဆက်အမွှာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပါသည်။ အမွှာမှာ မိန်းခလေးဖြစ်ပြီး မိဘများမှာ လေးမျက်နှာမြို့နယ် ၀က်ကုန်းကျေးရွာမှ ဦးဇော်မျိုးသက် နှင့် အမိ ဒေါ်အေးအေးမိုး တို့ ဖြစ်ကြပါသည်။ယခုညတွင်၎င်းညီအမအားရန်ကုန်မြို့ရန်ကင်းကလေး
ဆေးရုံကို ပို့ဆောင်မယ်လို့ သိရတယ်။
The Modern News Journal

အပြည့်အစုံသို့ »

မြို့မအားကစားကွင်း ဟိုတယ်စီမံကိန်း ဘားအံမြို့ခံများ ဆန့်ကျင်ကန့်ကွက်


ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းက အကျယ် ၃ ဧကကျော်ရှိတဲ့ မြို့မအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဟိုတယ်ဆောက်လုပ်ဖို့ စီစဉ်နေတဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် ဒီနေ့နေ့လည်ပိုင်းက ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ သရက်တောကျောင်းတိုက်မှာ ဆွေးနွေးပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်ပြည်နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ အရှင်ဂမ္ဘီသာရက RFA ကို ပြောပါတယ်။

“၁၉၄၇ တုန်းက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ကရင်ပြည်နယ်ကို စည်းရုံးရေးလာတုန်းက ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့တဲ့၊ ဘားအံမြို့ စတည်ကတည်းကရှိခဲ့တဲ့ ဘားအံမြို့ မြို့မအားကစားကွင်းမှာ ကုမ္ပဏီတွေက ဟိုတယ်ဆောက်လုပ်ဖို့အတွက် ဦးဇင်းတို့ ကန့်ကွက်ဖို့အတွက် အစည်းအဝေးပြုလုပ်တာပါ၊ အခုလောလောဆယ်တော့ ကွင်းပတ်ပတ်လည်မှာ သွပ်ပြားတွေနဲ့ ကာပြီးတော့အထဲမှာ အုတ်တွေ၊ သဲတွေ၊ သံချောင်းတွေပုံတယ်၊ နောက်ပြီးတော့ ဖောင်ဒေးရှင်းအတွက် မြေကြီးတွေတူးနေပြီ၊ ဒါကိုသဘောမတူဘူး၊ ကန့်ကွက်ကြောင်း ဦးဇင်းတို့ လက်မှတ်ထိုးပြီးတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီ ပို့ပေးမှာပါ”

အခုပြုလုပ်တဲ့ ဆွေးနွေးပွဲကို ကရင်ပြည်နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်အပါအဝင် မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါင်း ၄ဝ ကျော်က ကျောင်းထိုင်ဆရာတော်အပါး ၄ဝ ကျော်နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အဲဒီဟိုတယ်စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်တွေကို စုပေါင်းရေးထိုးခဲ့ကြပြီး ရရှိတဲ့လက်မှတ်တွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီပို့မှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese

အပြည့်အစုံသို့ »

ယာဉ်အားကျော်တက်မောင်းနှင်စဉ် တဖက်ယာဉ်ကြောမျက်နှာချင်းဆိုင်မှ ဆိုက္ကားအားတိုက်မိ၍ လူသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

၁၅.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း
အတိုင်း ယာဉ်မောင်း တင်ချို(ဘ)ဦးလှအောင်၊ တိုက်ကြီးမြို့နယ်နေသူ
မောင်းနှင်လာသော ဈ/---- ဟီးနိုးခဲပြာရောင်ယာဉ် သည်
ငမိုးရိပ်(၁၀)လမ်းထိပ်အနီးအရောက် ၎င်း၏ရှေ့ရှိယာဉ်အားကျော်တက်
ရာမှ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုကျော်မျိုးအောင်(ဘ)ဦးကျော်၊ တောင်ဥက္ကလာပ မြို့နယ်နေသူ
နင်းလာသည့် ဆိုက္ကားအားတိုက်မိခဲ့၍ ဆိုက္ကားပျက်စီးခဲ့ကာ ကိုကျော်မျိုးအောင်တွင် ပွန်းပဲနာကျင်ဒဏ်ရာများရရှိသဖြင့် သင်္ဃန်းကျွန်း
စံပြဆေးရုံတွင်ပြင်ပလူနာအဖြစ်ကုသခဲ့ရပြီး ဆိုက္ကားပေါ်ပါခရီးသည် အမည်မသိ၊ အသက်(၅၀)နှစ်ခန့်အမျိုးသမီးမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် ယာဉ်အားမဆင်မချင်
မောင်းနှင်သူ ယာဉ်မောင်းတင်ချို အား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »

အစ္စလာမ် ဘာသာဝင်များ ဗုဒ္ဓဘာသာ ရဟန်းအပါး ၁ဝဝ ကျော်ကို ဆွမ်းကပ်


အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့အထိမ်းမှတ်အဖြစ် မန္တလေးမြို့ အစ္စလမ်ဘာသာရေးအဖွဲ့က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်အပါး ၁ဝဝ ကို ဒီနေ့ နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒီပွဲကို ကြွရောက်ချီးမြှင့်ခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏက RFA ကို ခုလို မိန့်ကြားပါတယ်။

“ဒီလိုအခမ်းအနားတွေလုပ်တာမှာ ဦးဇင်းတို့က တစ်ခုခုရည်ရွယ်ချက်ထားတာတော့မရှိပါဘူး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြာဟ္မစိုရ်တရားကို အဓိကထားပြီးတော့ လက်ကိုင်ထားတဲ့ သဘောမျိုးသာလျှင် ဦးဇင်းတို့ဒီမှာ ကြွရောက်ခြင်းဖြစ်ပါတယ်”

ဒီနေ့ နေ့ဆွမ်းကပ်လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး မန္တလေးမြို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးနေဇော်လတ်က အခုလိုပြောပါတယ်။

“ဒီလိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကတော့ ကျနော်တို့ဘာသာရဲ့ ပျော်ရွှင်ဖွယ်နေ့တစ်နေ့မှာ ကျန်တဲ့လူတွေကိုလည်း ပါဝင်စေချင်တာ ပျော်ရွှင်မှုကို မျှဝေစေချင်တဲ့ဆန္ဒပဲရှိတယ်၊ အဲဒီနောက်ကွယ်မှာ နောက်ထပ်ရည်ရွယ်ချက် ဘာမှမရှိဘူး၊ ကျနော်တို့ ဒီဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အယူကတော့ ဒါအစ္စလာမ်ဘာသာနဲ့လည်း မဆိုင်ဘူး၊ ကျနော်တို့က ဒါအုပ်စုတစ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်လာတယ်လို့ ခံယူပါတယ်”

အဲဒီ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မန္တလေးမြို့က ဘာသာပေါင်းစုံခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese

အပြည့်အစုံသို့ »

လွှတ်တော်အမတ်တွေ အချိန်ကိုတန်ဖိုးထား ဆွေးနွေးကြဖို့ သူရဦးရွှေမန်း သတိပေး


လွှတ်တော်ဆိုတာ သာမန်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာ မဟုတ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်ဖို့လိုတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်ခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း ( ၃ ) ကို လွှတ်တော်ကိုယ်စားလှယ်တွေ မဆွေးနွေးခင် အခုလို သတိပေးပြောဆိုလိုက်တာပါ ။

“လွှတ်တော်ဟာ သာမန်အလုပ်ရုံဆွေးနွေးပွဲ မဟုတ်ကြောင်းကို ကျနော်တို့အားလုံး နားလည်လက်ခံထားတာဖြစ်ပါတယ်၊ လွှတ်တော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားများအတွက် ဆုံးဖြတ်ချက်များ သက်ဆိုင်ရာသို့ တိုက်တွန်းချက်များ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားများအတွက် ဥပဒေများပြုနေသည်ဖြစ်သည်ကို သတိပြုပြီး မိမိတို့ရဲ့ဆွေးနွေးမှုများဟာလည်း အချိန်ကိုတန်ဖိုးရှိရှိ အသုံးပြုဖို့လိုပါတယ်”

ဒါ့အပြင် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား သွေးစည်းညီညွှတ်မှုကို မထိခိုက်စေဖို့နဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ အပြောအဆို အသုံးအနှုန်းများကိုသာ ပြောဆိုဆွေးနွေးဖို့ကိုလည်း သတိပေးပြောဆိုခဲ့ပါတယ်။

မကြာသေးခင်ကလည်း အမျိုးသားလွှတ်တော် အစည်းဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဝင်ရောက်ဆွေးနွေးတာ မရှိခဲ့တဲ့ အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က သတိပေးပြောဆိုခဲ့ဖူးပါတယ်။
RFA Burmese

အပြည့်အစုံသို့ »

Air Supply နဲ့ Iron Cross show ပွဲမှာ ဆရာချစ် လျှာစွမ်းပြ


ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ ပူးပေါင်းတင်ဆက်သည့် သြစတျေးလျနိုင်ငံမှ နာမည်ကြီး အဆိုတော်အဖွဲ့ Air Supply နှင့် Iron Cross တို့ ရန်ကုန်မြို့ MCC တွင် ပြုလုပ်သည့် သီဆိုဖျော်ဖြေသည့်ပွဲတွင် Iron Cross အဖွဲ့ဝင်များ ဖျော်ဖြေနေသည်ကို သြဂုတ်လ ၁၅ ရက်က တွေ့ရစဉ်။ အဆိုပါပွဲမှ ရရှိသည့် ငွေများကို နယ်စပ်ဒေသရှိ ဒုက္ခသည်များကို ကူညီမည်ဖြစ်သည်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)
Mizzima - News in Burmese

၂၂ စက္ကန့်် video ကို ကြည့်ရန် >> ဆရာချစ် လျှာစွမ်းပြ (၂၂ စက္ကန့် ရုပ်/သံ)

အပြည့်အစုံသို့ »

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပါ ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်။


(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Voice Weekly

အပြည့်အစုံသို့ »