ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး


ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍ ဖြစ်ပေါ်လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင်
ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ တံခါးပေါ်မှ အပေါက်ကို တိုင်းတာကြည့်သည့်အခါ ၂၈.၃ လက်မ x ၈.၇ လက်မသာ ရှိပြီး Kozakura ရဲ့ နာမည်ကျော် လက်မ ၄၀ ရှိတဲ့ ရင်သားများ ဝင်ဆံ့နိုင်ဖို့အတွက် ကျဉ်းလွန်းနေတာကို တွေ့ရှိခဲ့ရ
ပါတယ်။ ယခုလို တရားစွဲဆို ခံရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတော့ မျှတတဲ့ တရားစီရင်မှုကို ရရှိ ခဲ့ကြောင်း၊ သူမရဲ့ ပိုလျှံနေတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် စိုးရိမ်မှု ရှိခဲ့သော်လည်း အခုတော့ ယင်းအတွက် ဂုဏ်ယူမိကြောင်း Kozakura က ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့ပါတယ်။

သူမ ချစ်သူရဲ့ ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိခဲ့တဲ့
အတွက်လည်း ယခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး Kunio Harada က ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူကိုသာ လှပသူအဖြစ် ရှုမြင်လေ့ ရှိတဲ့ ဂျပန်နိုင်ငံမှာ Kozakura ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအဆက်ဟာ သူမကို တီဗွီ ဈေးဝယ်အစီအစဉ်များတွင် ပါဝင်နေရာမှ ဘီကီနီ မော်ဒယ်တစ်ယောက်
ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ Kozakura ကတော့ သူမရဲ့ ရင်သားတွေ
ကြောင့်သာ အမှုကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောမဆုံး ဖြစ်နေခဲ့
ပါတော့တယ်။

myanmarnewsupdate

အပြည့်အစုံသို့ »

အောက်ပါ ရောဂါရှိသူ မိမိချစ်သူကို ကိုယ်ဝန် တားဆေး မတိုက်ပါနှင့်


ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။


(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊


(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ


(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊


(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊


(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊


(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။


ဆေးအန္တရာယ် အကြောင်း


(၁) ပဋိသန္ဓေ တားဆေးကြောင့် သွေးပြန်ကြော ပိတ်ခြင်း၊ သွေးပြန် ကြောအတွင်း သွေးခဲခြင်းတို့ ဖြစ်တတ် သည်။ ဆေးသုံးစွဲ သူများတွင် ဤကဲ့သို့ ဖြစ်ရန် ၂ ဆမှ ၁၁ ဆအထိ အန္တရာယ် ပိုမိုကြောင်း သိရသည်။ ဦးနှောက်တွင်း သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းမှာ သုံးစွဲသူများတွင် ၂ ဆပိုမိုဖြစ်တတ်သည် နှလုံးသွေး ကြောကျဉ်း ရောဂါနှင့် နှလုံးသွေးကြော ပိတ်ရောဂါများလည်း ဆေးသုံးစွဲသူများတွင် ပိုမိုဖြစ်တတ်သည်။ အထူးသဖြင့် အသက်(၃၅)နှစ် ကျော်ပြီး ဆေးလိပ် သောက်သူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူနှင့် ဆီးချိုရောဂါ ရှိသူများတွင် ပိုမိုအန္တရာယ်များ ပါသည်။ တားဆေးကို အသက် ၃၅ နှစ်ကျော် အထက် အမျိုးသမီးများ တွင် ဆေးကို ၅ နှစ်ဆက် တိုက်စား လာပါက သွေးကြောကျဉ်းရောဂါ များကြောင့် သေဆုံးမှုမှာ ၁၀ ဆကျော် များပြားလာကြောင်း တွေ့ရသည်။


(၂) မျက်စိအတွင်း ခံအာရုံကြောကို ရောင်စေသည်။ ဆေးသောက် နေစဉ် မျက်စိမှုန်လာခြင်း၊ မျက်ခွံ ကျခြင်းတို့ ဖြစ်ပေါ်လာပါက ဆေးကို ရပ်ပြီး မျက်စိစမ်းသပ်ရန် လိုအပ်သည်။


(၃) ပဋိသန္ဓေတားဆေးကို ကြာရှည်စွာ သောက်သုံးက ရင်သား၊သား အိမ်၊သားဥ အိမ်နှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ရန် အလားအလာ ရှိသည်။


(၄) ပဋိသန္ဓေ တားဆေးကြောင့် အသည်း၊ အကျိတ်လုံး ပေါက်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း မာခြင်းနှင့် အသည်းကင်ဆာ ဖြစ်တတ်ခြင်း။


(၅) သည်းခြေအိတ်ရောင်ခြင်းနှင့် သည်းခြေအိတ် ရောဂါအမျိုးမျိုး တို့ဖြစ်တတ်ကြောင်း တွေ့ရသည်။


(၆) ဆေးသုံးစွဲသူများတွင် သွေးတိုးရောဂါ ဖြစ်နှုန်း များပြားလာကြောင်း သိရသည်။ ပဋိသန္ဓေ တားဆေးကို ၅ နှစ်ဆက်တိုက် သုံးစွဲပါက သွေးတိုး ဖြစ်နှုန်းမှာ ၃ ဆပိုမိုများပြား နိုင်ကြောင်း သိရသည်။


(၇) သွေးဆင်းများခြင်း၊ အနည်းငယ် ဆက်တိုင်ဆင်းခြင်း၊ ရာသီသွေး မလာခြင်းစသော ရာသီသွေး မမှန်သည့် ရောဂါလက္ခဏာများ ပေါ်တတ်။


(၈) ကိုယ်လက်ရောင်ခြင်း၊ ဖောခြင်း၊ ဆေးဖြတ်လိုက်သော်လည်း မြုံသွားခြင်း၊ ရာသီလာစဉ်နာကျင် ကိုက်ခဲခြင်း၊ သားမြတ်ရောင်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားနာပေါက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်လှုပ်ရှား လွယ်ခြင်း၊ မျက်စိ တိမ်ကွယ်ခြင်း၊ ဖိုမစိတ်ဆန္ဒ အပြောင်းအလဲ ရှိခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခြေလက် ထုံကျဉ်ခြင်း၊ ခေါင်းမူးခြင်း၊ နှာမွှန်ခြင်း၊ မောပန်းလွယ် ခြင်း၊ခါးကိုက်ခြင်း၊ နှုတ်ခမ်းမွေးများ ပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယားယံ ခြင်း၊ အရေပြား အောက်သွေးယိုခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် အဆစ်အမြစ် ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။


By ရိုးရာလေး

အပြည့်အစုံသို့ »

ရွှေတိဂုံသွား လက်သမား အချုပ်ထဲရောက်



မွေးနေ့ကို ဘုရား သွားရောက် ဖူးမြော်ရာ ဘုရားမရောက်ဘဲ အချုပ်ခန်းထဲ ရောက်ရသည်ဟု ဒလ မြို့နယ် ရဲချောင်းဝ ကျေးရွာနေ ဒေါ်သန်းမြင့်က အောက်ပါ အတိုင်း ပြောကြားသည်။

၎င်းက ““ကျွန်မရဲ့ သားအငယ်ဆုံး မောင်အောင်ကျော်သိန်းက လက်သမား လုပ်လာတာ လေးနှစ်ရှိပါပြီ။ သူ့အစ်ကိုက စီးပွားရေးတက္ကသိုလ် တက်နေပါတယ်။ သူရတဲ့ ငွေနဲ့ သူ့အစ်ကို အတွက် ထောက်ပံ့ နေတာပါ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ ဘောလုံးပွဲတော့ ကြိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က သူ့မွေးနေ့ ဖြစ်တယ်။ ရွှေတိဂုံဘုရား လိုက်ပို့ခိုင်းတာ ကျွန်မက ကောက်စိုက်ဖို့ ရှိတာမို့ ငြင်းလိုက်တယ်။ ဒါနဲ့ သူရန်ကုန်ကို အလုပ်သွားတာ။ သူ့သူငယ်ချင်းတွေက ဒီနေ့ အလုပ်ပိတ်တယ် ဆိုတာနဲ့ ရွှေတိဂုံဘုရားကို တောင်ဖက်မုခ်ကနေ တက်ခဲ့တယ်။ ဘုရားခြေရင်းမှာ လုံခြုံရေးက အိတ်မှန်သမျှ အကုန်စစ်တော့ သူကကြို ပြောပါတယ်။ ကျွန်တော် လက်သမားအလုပ် လုပ်တာပါ။ တံစဉ်းကို ထိပ်က ချွန်ထားတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာ သုံးဖို့ အတွက် ချွန်ထားတာပါလို့ ပြောတော့ တံစဉ်းရယ်၊ မီးစမ်းတဲ့ တက်စတာရယ် ထားခဲ့။ ကျန်တာကိုတော့ လွယ်အိတ်ယူပြီး တက်သွားလို့ ပြောတာနဲ့ ဘုရားပေါ်ကို တောင်ဘက်မုခ်ကနေ ကုန်း ကြောင်း တက်လာတယ်။ ဘုရားရောက်ဖို့ လှေကား(၄)ထစ် အလို မှာ ဘုရားရဲက နောက်က လိုက်ခေါ်တယ်။ ဒါနဲ့ ပြန်ဆင်းလာတယ်”” ဟု ပြောသည်။

၎င်းက ဆက်၍ ““ဘုရားခြေရင်း ရောက်တော့ သူတို့က ဆီးဟောက်တယ်။ ဒါ ဘာကိစ္စ ယူလာတာလဲ။ ဘာအကြံအစည် နဲ့လဲပေါ့။ ကလေးက ရွာလူကြီးအိမ်တောင် ရောက်ဖူးတာ မဟုတ်ဘူး၊ ကြောက်တာပေါ့။ တကယ်တော့ ဒီပစ္စည်းက သူတို့ ရှာတွေ့တာ မဟုတ်ဘူး။ အပ်ထားခဲ့တာ။

နာမည်ရေးဆိုလို့ ရေးခဲ့ရ သေးတယ်။ လက်သမားဆရာဆိုရင် အထောက်အထားပြ ဆိုတော့ ဒါနဲ့ သူ့အလုပ်ရှင် ကီလီ (၃)လမ်းက ဦးမောင်လေးကို ဖုန်းဆက်ခေါ်တာ ရောက်လာတယ်။

သူ့ဆရာကလည်း လက်သမားဖြစ်ကြောင်း ထောက်ခံ တယ်။ သူ့ ဆရာကို ဘာမှမဖြစ်ပါဘူး။ မေးရုံပါဆိုပြီး သူ့ဆရာကားနဲ့ ဒဂုံရဲစခန်းကို ခေါ်သွားတယ်။ နောက် တော့ ကျွန်မတို့လည်း ရောက်တော့ သူအချုပ်ခန်းထဲ ရောက်နေပြီ။ သားက ဘာကိုမှ လိမ်ညာ မပြောတတ်ဘူး။

ပစ္စည်း (၁၆)မျိုး ထဲက (၂)မျိုးကို သတ်သတ်ထားပြီး ကလေးကို ၁၉(င) ဆိုလား ပုဒ်မ တပ်တယ်။ ဒီလို မှားမှန်း သိသိနဲ့ ဖမ်းတာကို ချက်ချင်းပြန်ပြီး ဖြေရှင်းလို့ရတဲ့ ဥပဒေ ကျွန်မတို့ဆီမှာ မရှိကြတော့ဘူးလား”” ဟု ပြောသည်။

ဒဂုံ ရဲစခန်းမှ (ပ) ၁၇၉/၂၀၁၃ ပုဒ်မ ၁၉(င) ဖြင့် ရမန်ယူထားရာ ၂၃-၈-၂၀၁၃ ရက်နေ့ ချိန်းဆို ထားကြောင်း ထပ်လောင်း ပြောကြားသည်။

“ဒီတံစဉ်းကို သူတို့က စကေဘာလို့ သုံးထားတာ အေးလပ် သုံးမြှောင့်တုံးဆိုတော့ အရိုးက တပ်ထားတော့ ၁၁ လက်မ ရှိတော့ အန္တရာယ် ဖြစ်နိုင်တဲ့ ပစ္စည်းလေ။ ဒါပေမဲ့ သူတို့က တွေ့တာ မဟုတ်ဘူး။ ဟိုကလေးက အပ်ထား ခဲ့တာဆိုတော့ တစ်ခုခုတော့ လွဲနေပြီ။ ကျန်တဲ့ လက်သမားပစ္စည်း တွေတော့ သိမ်းမထားဘူး။

အေးလေ အမှုဖွင့်ပြီးမှတော့ ကိုယ်ဘက်က ရှင်းရမယ့် တာဝန် ရှိလာပြီ ဆိုတော့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆို ပိုကောင်းတာပေါ့” ဟု တရားသူကြီး(ငြိမ်း) ဦးသောင်းမြင့်က ပြောသည်။

စိန်မျက်ခုံး
မြန်မာသံတော်ဆင့်

အပြည့်အစုံသို့ »

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်


ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန် ၌ပျက်စီးနေသော ဖခင်ဘက်မှ ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂွ ဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့မှ သုတေတနပညာရှင် များသည် သွေးကင်ဆာ ရောဂါရနေသော ကလေး ၃၈၈ဦး၏ မိဘများကို စစ်ဆေးမေးမြန်းကာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့ရာ ၌ ဖခင်ဖြစ်သူ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ၁၅ရာခိုင်နှိုင်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။

By ပြည်မြန်မာ 

အပြည့်အစုံသို့ »

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့


ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူမှာ ဂေါ်ရခါးလူမျိုး ကိုကစ္စနား ဖြစ်ပြီး မိုးကုတ်မြို့ဇာတိ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဇာတိမြေမိုးကုတ်သို့ မကြာခဏ သွားရောက်လေ ရှိကြောင်း၊ အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်မှစ၍ မိုးကုတ်တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက သေဆုံးသူကို ဖုန်းဆက်သွယ်၍ မရတော့ဟု ဆိုကြောင်း အဆိုပါတိုက်၏ မြေညီထပ်တွင် ထောပတ်ဆိုင် ဖွင့်လှစ်ရောင်းချသူထံမှ သိရှိရသည်။

သေဆုံးသူတွင် မောင်နှမသုံးဦးရှိပြီး ၎င်းသည် နိုင်ငံခြားသို့သွားရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သွားခွင့်မရကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမှုစစ် ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူမှာ ဧည့်ခန်းမျက်နှာကြက်မှ သံချိတ်ငယ်တွင် ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“အချို့နေရာတွေမှာ အသားတွေပဲ့ပြီး တစ်ကိုယ်လုံးမှာ လောက်ကောင်တွေ ရှိနေတယ်။ နံတာလည်း အရမ်းပဲ” ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

“သုံးလေးရက်လောက်ရှိပြီ။ နံနေတယ်ဆိုပြီး တိုက်မှာနေသူတွေ ပြောတာတော့ ကြားတယ်။ ကြွက်သေပုပ်လို့ပဲ ထင်နေတာ၊ ဖြစ်တဲ့အခန်းက မီးထွန်းထားတယ်ဆိုတော့ လူရှိနေတယ်လို့ပဲ ထင်နေ တာ” ဟု အဆိုပါတိုက်အနီးရှိ ဟိန္ဒူဘုရားကျောင်းမှ လက်ထောက်ရုံးတာဝန်ခံ ဦးဉာဏ်လင်းက ပြောကြားသည်။


The Voice

အပြည့်အစုံသို့ »

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား



ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။

အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့ ထူးခြားချက်လေးတွေကို စောင့်ကြည့်တဲ့ နေရာတစ်ခုလို ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အရာတစ်ခုခုကို ချပြနိုင်သူဟာ ဘယ်နယ်ပယ်ကမဆို အသီးသီး အောင်မြင်မှု ရနိုင်ပါတယ်။

နောက်တစ်နည်း ပြောရရင် အခမဲ့ ကြော်ငြာစရာနေရာကြီးတစ်ခု လို ဖြစ်နေပါတယ်။ ဒီတော့ Facebook ကို ကောင်းကောင်း အသုံးချ တတ်ရင် မိမိရဲ့  ဘဝပိုမိုတိုးတက်သွားစေနိုင်ပါတယ်။ ဒါက Pleasure အတွက် ရည်ရွယ်ပြီး သုံးနေတဲ့ Level ကိုကျော်လွန်သွားပါပြီ။ Opportunity ရှာဖွေတဲ့အဆင့်အထိ အသုံးပြုမှုပါ။ အရင်က ပြောနေကျ အတိုင်း ပဲ ပြောရမယ်ဆိုရင် Facebook Page ဖန်တီးမယ်။ စာတွေရေးမယ်၊ ပုံတွေတင်မယ်။ မိမိ ဖန်တီးချက် များ၊ Product များကို နည်းအမျိုးမျိုးနဲ့ လူသိအောင် Share မယ်၊ မျှဝေမယ် အစရှိသဖြင့် အလွယ်ကူဆုံး နည်းလမ်းနဲ့ကို အောင်မြင်လွယ်ပါတယ်။ ဒါကလည်း ကိုယ့်ဆီမှာ Product ကောင်းကောင်းတော့ ရှိဖို့လိုပါတယ်။

ဒီတော့ ယခုလို ရည်ရွယ်ထားသူဟာ Facebook User Level မှာတင် အမှတ်အမြင့်ဆုံး ရသူ ဖြစ်နေရ ပါမယ်။ အမှတ်အမြင့်ဆုံးဆိုလို့ စာမေးပွဲတွေလည်း မရှိပါဘူး။ Password ဘယ်လိုပြောင်းတာလဲ အခြေခံအစ page တစ်ခု ဘယ်လိုတည်ဆောက်တယ်အထိ အသေးစိတ်အချက်အလက်များကို ကိုယ်က သေချာ လေ့လာ ထားမယ်။ ပြန်လည် အသုံးချမယ်။ ပြီးတော့ ကိုယ့်ဆီမှာ ရှိတဲ့ Product ကိုလည်း ချပြနိုင်ရင် Facebook Specialist တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။

တကယ်လိုအပ်ပါတယ်။ Facebook Specialist ဆိုတာလည်း အသက်မွေးဝမ်းကျောင်း တစ်ခုလို ဖြစ်လာနေ ပါတယ်။ ဒါက Facebook ကိုပဲမှီပြီး Opportunity ရှာမှီးမှုပါ။ အခြားနည်းလမ်းအနေနဲ့ Facebook ကိုနွယ်ပြီး၊ မှီခိုပြီး စီးပွားရေး လုပ်ချင်သူများအနေနဲ့ Facebook ကောင်းကောင်း အသုံးပြုတတ်သူကို လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ Social Media Manager, Web Based Communication Manager အစရှိသဖြင့်တို့ကို လစာ ကောင်းကောင်းနဲ့ ရှာဖွေခန့် ထားနေခြင်း ဖြစ်ပါတယ်။

ဒီတော့ Pleasure အတွက်တင်မဟုတ်တော့ပဲ Opportunity အထိပါ ရည်ရွယ်ထားတဲ့ သူဟာ Facebook ကို သာမန် လူတစ်ယောက် အသုံးပြုတတ်တတ်သလောက် တတ်နေလို့ မရတော့ပါဘူး။ သူ့ကို မှီပြီး Opportunity ရှာဖွေမယ်။ သို့မဟုတ် သူ့ကိုမှီပြီး မိမိရဲ့  Skill, Product တွေကို ချပြမယ် ယင်း အခြေခံ အကျဆုံး နည်းလမ်း ၂ ခုနဲ့ Faceboook မှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ပါတယ်။ ဒီတော့ Facebook ကိုအခြေခံပြီး ဘဝတိုးတက် နိုင်ပါကြောင်း တိုက်တွန်း သတင်းပေး လိုက်ရပါတယ်။
.
အောင်ခမ်း (TSJ team)

အပြည့်အစုံသို့ »

" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ) ၏ သဘောထား "


"အခု ဆန္ဒပြတယ်ဆိုတာ နိုင်ငံ သားတိုင်း လုပ်ခွင့်ရှိတဲ့ အခွင့်အရေး တစ်ခုအနေနဲ့လုပ်ကြတော့ ကျွန် တော်တို့အနေနဲ့ သဘောမတူစရာ မရှိ သလို ကန့်ကွက်စရာလည်း မရှိ ဘူး။ ဆန္ဒတကယ်ပြပြီဆိုရင် ကျွန်တော် တို့လည်း မှတ်တမ်းမှတ်ရာ ယူ ထားမယ်။
ပြီးတော့ ဆန္ဒပြတဲ့ရည် ရွယ်ချက်ကဘာလဲ နံပါတ်တစ် စဉ်းစား ပါမယ်။ ဘယ်လိုလူတွေက ပြတာလဲ ဆိုတာကိုလည်း သုံးသပ်ပါမယ်။ ပြီး ရင် ဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် မယ်။ ပြီးရင် ကိုယ်နဲ့ ကိုယ့်အဖွဲ့ အစည်းကို ပြန်ပြီးသုံးသပ်မယ်။
ကျွန် တော်တို့ဘက်က ပြင်သင့်တာတွေ အကုန်ပြင်မယ်။ ဆင်ခြင် သင့်တာ တွေ အကုန်ဆင်ခြင်မယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သည် လောကသား များကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ မှန်မှန်ကန်ကန်ဆန္ဒ ဖော် ထုတ်တယ်ဆိုရင် ဒီဆန္ဒကို ကျွန်တော်တို့အလေးအနက်ထားပါမယ်"
(မနက်ဖြန်တနင်္ဂနွေထုတ်ဝေမည့်ပေါ်ပြူလာဂျာနယ်မှ)

အပြည့်အစုံသို့ »