ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ


ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။

ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

(၂)အစာခြေရန် ကူညီနိုင်ခြင်း

(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း

(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၇)အနာကျက်မြန်စေခြင်း

(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၅)ဆံပင်သန်မာစေခြင်း

ဒေါက်တာ ခင်မိုးမိုး

credit to Health Articles

အပြည့်အစုံသို့ »

အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ

ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၅ မိနစ်

အနှိပ်ခန်းသို့ သွားရောက်ခဲ့သော ရဲနှစ်ဦးရိုက်နှက်ခံရသည့် အမှုတစ်ခု သြဂုတ် ၂၃ ရက်ညက မရမ်းကုန်း မြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ဘုရင့်နောင်နယ်မြေရဲစခန်းက နောက်တစ်နေ့တွင် အမှုဖွင့်ပြီးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကနဦးတွင် ထိုအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ၎င်းကို စားသောက်ဆိုင်တစ်ခုအနီးတွင် အမည်မသိ လူများက ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည်ဟု ထွက်ဆိုထားသည်။

ထိုသို့ထိုးကြိတ်သဖြင့် သူ၏ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ခုံတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ နဖူးစုတ်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသခံခဲ့ရကြောင်း ရဲဌာနတွင် ပြန်လည်တိုင်တန်းထွက်ဆိုခဲ့သည်။

သို့သော် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအရာရှိများက ထိုသို့တိုင်တန်းထွက်ဆိုမှုကို သေချာစေရန် အသေးစိတ် ထပ်မံ၍ စစ်ဆေးသောအခါ၌မူ တရားလိုဖြစ်သော အချုပ်ယာဉ်မောင်း ဒု-တပ်ကြပ်မျိုးမြင့် သည် သြဂုတ် ၂၃ ရက် ညက သူ့သူငယ်ချင်း ဒု-တပ်ကြပ် အောင်ဖုန်းမြင့်နှင့်အတူ စားသောက်ဆိုင်တစ်ခုတွင် စားသောက်ခဲ့ကြောင်း၊ ထို့နောက် ည ၁၁ နာရီခန့်တွင် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အနှိပ်ခန်း တစ်ခုသို့ ထပ်မံသွားရောက်စဉ် ၀ိုင်းဝန်း ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ပြင်ဆင်ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူတို့နှစ်ဦးသည် အနှိပ်ခန်းသို့ သွားရောက်ပြီး အနှိပ်ခန်းဖွင့်၊ မဖွင့် မေးမြန်းရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူတစ်ဦးနှင့် စတင်စကားများသည်နှင့် လူငါးဦးခန့်က တုတ်ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့သည်ဟု ယင်းအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ဆက်လက်ထွက်ဆိုထားသေးသည်။

ထိုသို့ ၀ိုင်းဝန်းရိုက်နှက်ခံရသဖြင့် ဒု- တပ်ကြပ် မျိုးမြင့်သည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရသလို၊ သူ့သူငယ်ချင်း ဒု- တပ်ကြပ် အောင်ဖုန်းမြင့်သည်လည်း ၎င်းရရှိထားသည့် ဒဏ်ရာများကို သင်္ဃန်းကျွန်း ဆေးရုံတွင် ဆေးကုသခဲ့ရသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ဒု-တပ်ကြပ် မျိုးမြင့်၏ တိုင်တန်းမှုကို ဘုရင့်နောင် နယ်မြေရဲစခန်းက အမှုအမှတ် (ပ)၃၁၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ရိုက်မှုကျူးလွန်သူဟု သံသယရှိသည့် အနှိပ်ခန်း မန်နေဂျာနှင့် စားပွဲထိုးလေးဦးတို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်။

အလားတူပင် ဘုရင့်နောင် ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်မှုအရ ဒု-တပ်ကြပ်နှစ်ဦးကိုလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ရဲဌာနများသို့ အသီးသီး တင်ပြဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Mizzima | News in burmese

အပြည့်အစုံသို့ »

ပြည့်တန်ဆာနှစ်ဦးကို အသွင်ယူသက်သေဖြင့်ဖမ်းဆီး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၃ မိနစ်

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးအနီးမှ ပြည့်တန်ဆာ အမျိုးသမီးနှစ်ဦးကို သြဂုတ် ၂၄ ရက် နံနက်က ရဲဌာနက စေလွှတ်သော အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် တိုင်း ရဲဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲများသည် မင်္ဂလာဈေးအနီးတွင် ပြည့်တန်ဆာများရှိနေကြောင်း သတင်းရရှိ ထားသည့် အတိုင်း ယင်းနေ့ည ၈ နာရီခန့်တွင် အသွင်ယူသက်သေ ဦးမောင်မောင်ဦးဆိုသူကို နံပါတ် ကြိုတင်မှတ်သားထားသည့် ပိုက်ဆံများပေးကာ စေလွှတ်ခဲ့သည်ဟု ရဲဌာနကဆိုထားသည်။

နံနက် ၂ နာရီတွင် ဦးမောင်မောင်ဦးသည် မင်္ဂလာဈေး ၀င်ပေါက်ထွက်ပေါက်အနီး၌ သွေးဆောင်နေသည့် ပြည့်တန်ဆာ နှစ်ဦးကို ၎င်းတို့ကို ကြီးကြပ်သူထံမှ ရဲများက ကြိုတင်နံပါတ်မှတ်ထားသော ပိုက်ဆံများဖြင့် ခေါ်ယူ ခဲ့သည်ဟု ဆိုသည်။

ပြည့်တန်ဆာနှစ်ဦးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ကို ဟိုတယ်တစ်ခု ရှေ့တွင် ရဲများက ဖမ်းဆီးခဲ့ပြီး သူတို့လက်ထဲတွင်လည်း ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူတစ်ရွက်စီ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ပြည့်တန်ဆာအဖြစ် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးပြီးနောက် သူတို့ကိုကြီးကြပ်သည့်သူကို ရဲများက သွားရောက် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ ရဲများ ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ရှစ်ရွက်ကို လည်း လက်ပူးလက်ကြပ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲများက မှတ်တမ်းတင်ထားသည်။

ထိုသူသုံးဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုအမှတ် (ပ)၅၉၃/၂၀၁၃ဖြင့် လည်းကောင်း၊ (ပ)၅၉၄/၂၀၁၃ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်ထားပြီး မိန်းကလေးငယ်နှစ်ဦးကို ပြည့်တန်ဆာပပျောက်ရေး ဥပဒေပုဒ်မ ၃(က)(ခ)ဖြင့် တရားစွဲမည်ဖြစ်သလို၊ ၎င်းတို့ကိုကြီးကြပ်သူကိုမူ ထိုဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု ရဲကသတင်းထုတ်ပြန်သည်။
Mizzima - News in Burmese

အပြည့်အစုံသို့ »

HTML5 နဲ့ CSS3 ကို အသုံးပြုပြီး WEBSITE ရေးနည်း အပိုင်း (၄+၅)


Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။

အရင်တစ်ခေါက်က ရေးတာတော့ တော်တော်လေးပြီးနေပါပြီ၊ ကျွန်တော်တင်ပေးတဲ့ video သင်ခန်းစာတွေကို တောက်လျှောက်လုပ်လာတဲ့လူကတော့ ဒီအချိန်မှာ website တစ်ခုရဲ့ စာမျက်နှာ တစ်ဝက်လောက် ပြီးနေမှာပါ၊ အခုတင်ပေးမယ့် သင်ခန်းစာ နှစ်ခုနဲ့ပါပေါင်းလိုက်ရင်တော့ website တစ်ခုရဲ့ စာမျက်နှာ လေးပုံ သုံးပုံလောက်တောင် ပြီးနေမှာပါ။

အရင်တုန်းက တစ်ပတ်ကို သင်ခန်းစာ တစ်ခုပဲ တင်ပေးပေမယ့် ဒီနေ့တော့ video သင်ခန်းစာ နှစ်ခု တင်ပေးလိုက်ပါတယ်။ အားလုံးပဲ လိုက်လုပ်ကြည့်ပါဦး၊ video သင်ခန်းစာတွေ ပြီးရင်လည်း ကျွန်တော် ရေးထားတဲ့ website files တွေ အားလုံးကို တင်ပေးပါ့မယ်။ ဒီတစ်ပတ်အတွက် video သင်ခန်းစာတွေကတော့ …

အပြည့်အစုံ ဖတ်ရန်: Myanmar IT


အပြည့်အစုံသို့ »

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး


ယေဘုယျအားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်းအမျိုးသားများတွင် အဖြစ်များလေ့ရှိသည်။ သို့ သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ အားစိုက်လွန်း၍ကြွက်သား နှင့်အကြောများဒဏ်ဖြစ်ခြင်း၊ အ၀လွန်၍ဗိုက်တွင်အဆီစုဝေးခြင်းတို့ ကြောင့်လည်း သက်ကြီးပိုင်း သာမက၊ သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ တို့ ခါးနာတတ်ကြသည်။ ထို့ ပြင် သားအိမ်ပတ်ဝန်းကျင် အရိုးနှင့်ကပ်နေ သည့်အရွတ်များ ဆွဲဆန့် ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးနီပါး ခါးနာလေ့ရှိကြသည်။ နာတာရှည် ခါးနာလာပြီ ဆိုမှဖြင့်၊ အအိပ်ပျက်-အစားပျက်-အလုပ်ပျက်ကာ ခံစားရသူအဖို့  ပင်ပန်းခက်ခဲရုံမက၊ ဘေးမှမြင်ရသူအဖို့ လည်း စိတ်မသက် သာလှပေ။

ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်ရောဂါများကြောင့်လည်း ခါးနာတတ်ပေရာ၊ ဝေဒနာမပြင်းထန်ခင် ကုသမှုခံယူရင်း အောက်ပါ အိမ်တွင်းကုထုံးများဖြင့် သက်သာနိုင်ကြပါစေရန် မျှဝေလိုက်ရပါသည်။

ခါးနာသည့်နေရာသို့ ရေနွေးအိတ်ကပ်ပေး၍၊ ပူနွေးသော အစားအစာများကို စားပေးပါ။

ထမင်းစားသည့်အခါတိုင်း ကြက်သွန်ဖြူစားပေးပါ။

ခါးနာခြင်းအတွက် ပင်စိမ်းရွက်က အကောင်းဆုံးသမားတော် ဟုအဆိုရှိရာ၊ ပင်စိမ်းရွက်ကို ၂-ခွက် ၁-ခွင်တင်ပြုတ်၍ အအေးခံကာ ဆားအနည်းငယ်ထဲ့သောက်ပါ။

ယူကလစ်ဆီ နှင့် မုန်ညင်းဆီတို့ ရော၍ အရေပြားထဲစိမ့်ဝင်အောင် အသာအယာ နှိပ်နယ်ပေးပါ။

ထမင်းစားပြီးတိုင်း သကာရည် (သို့ မဟုတ်) တင်လဲရည် စားပွဲတင်ဇွန်း ၁-ဇွန်းခန့် ကို ရေနွေးဖြူဖြင့် သောက်ပေးပါ။

ဖာလာစေ့ကို ပျားရည်ဖြင့် နှဲ၍ သောက်ခြင်းကလည်း အမြန်ဆုံးသက်သာလာစေပါတယ်.

အသာအယာ နှိပ်နယ်ပြီး ဆေးဖယောင်းချက် ကပ်ပေးပါ။
ရေခဲတုံးလေးများကို အ၀တ် (သို့ မဟုတ်) ဂုံနီအိတ်ပါးထဲထဲ့၍ အသာယအယာ လှိမ့်ပေးနိုင်ပါတယ်။

မွေ့ ယာခင်းမထားသော ကုတင် (သို့ မဟုတ်) ကြမ်းပြင်ပေါ် ငြိမ်သက်စွာ ပက်လက်လှဲခြင်းက သွေးများကောင်းစွာ စီးဆင်လည်ပတ်စေသလို၊ အကြောအချဉ်ပြေ၍ ခါးနာခြင်းကို သက်သာစေပါတယ်။

ဒဏ်ကြေဆေးပူလိမ်းပေးနိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်များကို မဆိုလိုပါ)

မပြင်းထန်သော ခပ်ဖော့ဖော့ အကြောပြင်လေ့ကျင့်ခဏ်းများကလည်း ခါးနာသက်သာအောင် အထောက်အကူ ဖြစ်စေပါတယ်။
(အမှန်တကယ် အရိုးအကြောနားလည်တတ်ကျွမ်းသူနှင့်ကုသမှုခံယူပါ)

အပြည့်အစုံသို့ »

နောက်ဆုံးထွက် iPhone က ယခင် iPhone 5ထက် ၃၁ ရာခိုင်နှုန်း ပိုမြန်မည်


နောက်ထပ် ထွက်ရှိလာတဲ့ သတင်း တစ်ခုကတော့ iPhone 5S အမည်နဲ့ ထွက်လာမယ့် နောက်ဆုံးမော်ဒယ် iPhone ဟာ ယခင် iPhone 5 ထက် ၃၁ ရာခိုင်နှုန်း ပိုမိုမြန်ဆန်မှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်ဆန်တယ်ဆိုတာ အသုံးပြုတဲ့ Processor ကိုပြောတာပါ။ 64 bits A7 Chip ကို အသုံးပြုထားပြီး စွမ်းဆောင်ရည် သိသိ သာသာ မြန်ဆန် လာမှာ ဖြစ်ပါတယ်။ Graphic လည်းပိုမိုကောင်းမွန်လာပြီး ဘက်ထရီ သုံးစွဲ မှု နှုန်းလည်း ယခင်ကထက် အများကြီး သက်သာမယ်လို့ ဆိုပါတယ်။ လက်ရှိ ထွက်နေတဲ့ နောက်ဆုံးပေါ် Samsung, LG, Sony, HTC စမတ် ဖုန်း များထက် သာလွန်တဲ့ စွမ်းဆောင်ရည်မျိုး ရရှိမယ်လို့တောင် Apple အမာခံ ပရိတ်သတ်များက တစ်ထစ်ချ ပြောဆို ထားပါတယ်။

ဒါကလည်း Apple က Official ပြောဆိုချက် မဟုတ်သေးပါဘူး။ iPhone 5 မှာတုန်းက A6 ဆိုတော့ iPhone 5S မှာ A7 သုံးမယ်လို့ တွက်ချက်ခန့်မှန်း မှု ဖြစ်ပြီး အချို့  Prototype တွေမှာတောင် စမ်းသပ်နေဆဲလို့လည်း ဆိုကြ ပါတယ်။ သို့ပေမယ့် စက်တင်ဘာလ အတွင်း iPhone 5S မိတ်ဆက်ပွဲ ကို မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (TSJ team)

အပြည့်အစုံသို့ »

နာရီလက်စွပ်


လက်မှာ နာရီပတ်နေရတာကို ငြီးငွေ့နေတဲ့သူတွေအတွက် ပစ္စည်းဆန်းလေးတစ်ခုပါ။

Ring Clock လို့နာမည်ပေးထားတဲ့ ဒီနာရီလက်စွပ်လေးကတော့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၅ဒေါ်လာ ကျသင့်မှာပါ။ ဓာတ်မတည့်တဲ့ ကိစ္စမျိုး မဖြစ်ရအောင် ခွဲစိပ်ခန်းသုံးပစ္စည်းများကို ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စတီးလ်အမျိုးအစားကို အသုံးပြုထားပြီး အချိန်ကိုပြသဖို့ အတွက် အပြာရောင် (ဒါမှမဟုတ်) လိမ္မော်ရောင် LED ကို ရွေးခြယ်နိုင်မှာပါ။

ဘက်ထရီအားသွင်းဖို့ရာအတွက်တော့ လက်စွပ်နဲ့တစ်ပါတည်း ထည့်သွင်းပေးလိုက်တဲ့ wirelees Charger ကို အသုံးပြုရမှာပါ။ အားအပြည့်သွင်းထားရင် တစ်ပတ်လောက်ထိ အေးအေးဆေးဆေး အသုံးပြုနိုင်မယ်လို့တော့ဆိုပါတယ်။ ရေစိုမှာအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ လက်စွပ်ကို ရေစိုခံနိုင်အောင် လုပ်ပေးထားတဲ့အတွက် မိုးရေထဲမှာ အေးအေးဆေးဆေး အသုံးပြုနိုင်မှာပါ။

အာမခံကလည်း တစ်နှစ်ပေးထားပါတယ်။ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားကို ရွေးခြယ်မှာယူနိုင်မှာပါ။ ရိုးရှင်းတဲ့ ဒီဇိုင်းကိုအသုံးပြုထားတဲ့ ဒီနာရီလက်စွပ်လေးကို မှာယူလိုရင်တော့ အောက်ပါ Link မှာ သွားရောက်မှာယူနိုင်ပါတယ်။

http://www.ringclock.net/

SQUAR

အပြည့်အစုံသို့ »