တရုတ်ဆေးကုသရေးသင်္ဘော သီလဝါဆိပ်ကမ်းတွင် ငါးရက်အခမဲ့ ဆေးကုသမည်


့မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့ဆိုက်ကပ်သော တရုတ်ဆေးကုသရေးသင်္ဘော Peace Ark သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် သြဂုတ်လ ၂၉ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၂ ရက်နေ့အထိ အခမဲ့ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ထုတ်ပြန်ထားသည်။

သင်္ဘောဆိုက်ကပ်သည့် ငါးရက်တာကာလအတွင်း မြန်မာနိုင်ငံရှိ တပ်မတော်မိသားစု အသိုင်းအဝိုင်းနှင့် သာမန်အရပ်သားများကို အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း၊
ယင်းအပြင် အခြေခံပညာ မူလတန်းကျောင်းနှင့် မိဘမဲ့ ကလေးကျောင်းများ တွင်လည်း အဆိုပါ သင်္ဘောပေါ်တွင် ပါလာသော ဆေးကုသရေးအဖွဲ့များက သွားရောက် ကုသပေးရန် စီစဉ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

သာမန်ရောဂါများအတွက် ဆေးကုသ စစ်ဆေးပေးမည့်အပြင် ခွဲစိတ်ကုသရမည့် ရောဂါများအတွက်လည်း ယင်းဆေးကုသရေး သင်္ဘောပေါ်တွင်ပင် ကုသသွားမည် ဖြစ်ကြောင်း၊ ဆေးကုသမှု ခံယူလိုသူများသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ဆက်သွယ် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

“Peace Ark ရဲ့ သမိုင်းဝင် လာရောက်လည်ပတ်ခြင်းဟာ မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ သဘောပါပဲ။ ဒါဟာ ကျွန်တော်တို့ နှစ်ဖက်စလုံးက လူတွေကြားက ပေါက်ဖော်ရင်းနှီးမှုကို ခိုင်မြဲစေ မယ်လို့ ယုံကြည်တယ်” ဟု ရန်ကုန်မြို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ Yang Houlan က ဆိုသည်။

ယင်းသင်္ဘောကြီးသည် ခုတင် ၃၀၀ ဆံ့ ဆေးရုံသင်္ဘောဖြစ်ပြီး သင်္ဘောပေါ်တွင် ဆရာဝန် ၄၈ ဦး၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀၂ ဦး ပါဝင်သည်။

Peace Ark တရုတ်ဆေးကုသရေး သင်္ဘောသည် ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က စတင်ကာ ဘရူနိုင်း၊ မော်လ်ဒိုက် နိုင်ငံ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ ရှစ်နိုင်ငံသို့ လှည့်လည် ဆေးကုသမည်ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း ယင်းသံရုံးက ကြေညာထားသည်။



ွှThe Voice

အပြည့်အစုံသို့ »

အရက်ဖိုးတောင်းမရသဖြင့် ဇနီးဖြစ်သူအား ဓါတ်ဆီနှင့်ပက်၍မီးရှို့

၂၇-၈-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ်္မလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး မီးလောင်ဒဏ်ရာများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဟုမ္မလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဟုမ္မလင်းမြို့နယ်၊ မန်မော် ကျေးရွာနေ မနှင်းသဇင်(၃၁)နှစ်နှင့် ခင်ပွန်းဖြစ်သူ စိုင်းခမ်း(၃၁)နှစ်တို့ဖြစ်ကြောင်း၊ မနှင်းသဇင်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာ၊ စိုင်းခမ်းတွင် ၀ဲ/ယာလက်ဖမိုးနှင့်လက်ချောင်းများ မီးလောင် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ ၂၆-၈-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် မနှင်းသဇင်အား ခင်ပွန်းဖြစ်သူ စိုင်းခမ်းမှ အရက်မူးပြီးပြဿနာရှာကာ အရက်ဖိုးတောင်းသဖြင့် မနှင်းသဇင်မှာ မိဘအိမ်သို့ပြန်ရန် အ၀တ်အစားများထုပ်ပိုးနေစဉ် စိုင်းခမ်းက ရေသန့်ဗူးနှင့်အပြည့် ထည့်ထားသောဓါတ်ဆီဖြင့်ပက်ဖျန်းပြီးမီးရှို့ခဲ့၍ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်အား ပြောပြခြင်းမရှိဘဲ ထမင်းချက်ရန်မီးမွှေးရာမှမီးလောင်၍ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး ဆေးရုံတက်ရောက်ကုသနေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းခမ်းအား ဟုမ္မလင်းမြို့မရဲစခန်း (ပ)၁၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ် ဒီဇိုင်းအတွက် နယူးဇီလန် ၀န်ကြီးချုပ် ဂုဏ်ယူ


နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗ လာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။

လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲတခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စကေးဟာ ကိုယ့်ကိုယ်ကိုယ် အ၀တ် ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့ သူ့ သင်ခန်းစာတွေရဲ့ အစိပ်အပိုင်းဖြစ်ခဲ့ပါတယ်။

ကျနော်တို့ကတော့ သူ အခု လုပ်နေတဲ့ အလုပ် အ ပေါ် အရမ်း ဂုဏ်ယူတယ်” လို့ နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ကေး က ပြောတာကို ဗြိတိန် အခြေစိုက် Sunday Times က ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း မစ္စတာ ကေးရဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မက်စ် ဟာ မိသားစုတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါသေးတယ်။ ဒါကတော့ ၀န်ကြီးချုပ် အိမ်ရာမှာ ဆိုဖာတခုပေါ်မှာ ကန့်လန့်ဖြတ် အိပ်စက်
နေ တဲ့ ဓာတ်ပုံတပုံကြောင့် ပါ။

အိမ့်သံစဉ်~~
ဧရာဝတီ

အပြည့်အစုံသို့ »

ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူ


တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြပါ တယ်။

Shanxi ပြည်နယ် ကျေးလက်ဒေသမှာ ခြံသမားမိဘတွေက အလုပ်လုပ်နေချိန် စနေနေ့မှာတုန်းက လယ်ကွင်းထဲမှာ သွားနေတဲ့ ကလေးငယ်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အမျိုးသမီးတဦးက တိုက်ခိုက်ခဲ့ တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးကိုတော့ နောက်ပိုင်း အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းလည်း ဒေသခံရဲတွေက ပြောခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့ပေမဲ့ မျက်စေ့ကွယ်တာကိုတော့ ဆရာဝန်တွေက ကုသမပေးနိုင်ခဲ့ပါဘူး။ အစိုးရပိုင် သတင်းကတော့ ကလေးငယ်ရဲ့ မျက်လုံးက မျက်ကြည်လွှာကို ယူသွားတာ တွေ့ရပြီး၊ မှောင်ခို ဈေး ကွက်မှာ ပြန်ရောင်းဖို့ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း ရဲတွေကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတိအကျ မသိရဘူးဆိုပြီး သတင်းတွေကို လက်မခံခဲ့ကြပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၁၆၀၀၀ ပေးဖို့လည်း ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားပါတယ်။

ဒီသတင်းကြောင့် တရုတ် အင်တာနက် လူမှုကွန်ရက်တွေမှာတော့ မကျေမနပ်သံတွေနဲ့အတူ တရားမျှတမှု ရအောင် ဖော်ထုတ်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ တရုတ်နိုင်ငံဟာဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းသူတွေ နည်းပါးတဲ့အတွက် မျက်ကြည်လွှာနဲ့ တခြားအစားထိုးနိုင်တဲ့ ကိုယ်တွင်း အင်္ဂါတွေ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

VOA Burmese

အပြည့်အစုံသို့ »

မုဒုံ၌ လူငယ်မူးယစ်ဂိုဏ်းအဖွဲ့များ ပေါ်ပေါက်နေ


မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျောင်းသားလူငယ်များအကြား ဂိုဏ်းဂဏပုံသဏ္ဌန်အသင်းအဖွဲ့များ ပေါ်ပေါက်လျက်ရှိပြီး လူငယ်ကျောင်းသားများအကြား၌ မူးယစ်စိတ်ကြွဆေးများ သုံးစွဲနေသည်ဆိုသော သတင်းများကြောင့် ကျောင်းသားမိဘများနှင့် မြို့ခံ ရပ်မိရပ်ဖများမှာ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မုဒုံမြို့သည် မွန်ပြည်နယ်အတွင်း ပညာရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်သောကြောင့် ရပ်နီးရပ်ဝေးမှ မိဘများကမိမိတို့ သားသမီးပညာရေး ထူးချွန်စေရန် မုဒုံမြို့တွင် ကျောင်းလာထားလေ့ရှိကြောင်း၊ ယခုအခါ ကျောင်းသားလူငယ်များကို ပစ်မှတ်ထားသည့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများမှာ  မုဒုံမြို့၌ များပြားလာခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

 ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှုများရှိနေသည့် သတင်းများ ထွက်ပေါ်လျက်ရှိကာ မိဘများအနေဖြင့် မိမိတို့သားသမီးများအတွက် လွန်စွာစိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ မြို့ထဲမှာဒီလို အသံတွေထွက်နေတယ်၊ တချို့ဆို ကျောင်းတွေမှာတောင် အရောင်းအ၀ယ် ဖြစ်နေကြတယ်လို့ သတင်းတွေ ထွက်လာတယ်၊ ကျွန်တော့်တူ တစ်ယောက်လည်း ဆယ်တန်းတော့ အောင်ပြီးပါပြီ၊ မူးယစ်ဆေးနဲ့ပတ်သက်ပြီး မူမမှန်တာတွေရှိနေလို့ ရန်ကုန်ကို ပို့လိုက်ရတယ်။ မုဒုံမြို့ထဲမှာ စိတ်ကြွဆေးကိစ္စတွေတော်တော်ကြားနေရတယ်။ ကျောင်းသားလူငယ်တွေအတွက် ရင်လေးစရာပဲ။” ဟု မုဒုံမြို့တွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးနီ က ပြောသည်။

မှုးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ကျောင်းသားလူငယ်များကို မူးယစ်ဆေးဖြန့်ဖြူးခြင်းကိစ္စရပ်များ၌ ခိုင်းစေမှုများ ပြုလုပ်နေကြောင်း၊ ကျောင်းသားလူငယ်များအကြား ဂိုဏ်းဆန်ဆန်အဖွဲ့များ ဖွဲ့စည်းထားခြင်းများရှိပြီး ထိုကိစ္စမှာလည်း စိုးရိမ်စရာ အခြေအနေတစ်ရပ်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် သေချာစွာဆောင်ရွက်သင့်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

 “ကျွန်တော်တို့ကျောင်းမှာ မူးယစ်ဆေးတော့ မမိပါဘူး။ ဒါပေမဲ့ သူတို့ အဖွဲ့လိုလိုဘာလိုလိုဖွဲ့ထားတဲ့ ဟာတွေတွေ့ရတယ်။ ကျွန်တော် ရှောင်တခင်ဝင်စစ်တော့ သူ့တို့ဆီက “K” တံဆိပ် အ၀ိုင်းပြားလေးတွေမိတယ်။ သူတို့အသင်းဖွဲ့ထားတာလို့ပြောတယ်။ ကျောင်းမှာက ပညာရေးပဲ ရှိတယ်၊ အားကစားနဲ့ ပတ်သက်တဲ့ အသင်းတို့ ဘာတို့ပဲ ဖွဲ့ခွင့်ရှိတယ်။ ဒါမျိုးလုပ်လို့မရပါဘူး။ မူးယစ်ကိစ္စတွေလည်း စစ်ဆေးသွားမယ်။” ဟု မုဒုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာအေးက ပြောသည်။

မုဒုံမြို့တွင် ကျောင်းသားများအကြား “K” (King Of School) ဆိုသည့်အဖွဲ့၊ Vampire ဆိုသည့် အဖွဲ့များ ဖွဲ့စည်းထားရှိခြင်းများ ရှိနေကြောင်း အထက်တန်းကျောင်းသူတစ်ဦးထံမှ သိရသည်။

“ဟိုဘက်ကျောင်းမှာတော့အဖွဲ့တွေ မိတယ်လို့ပြောပါတယ်။ မူးယစ်ဆေးတော့ အသံနည်းနည်းကြားမိတယ်။ သေတော့မသေချာပါဘူး၊ Vampire ဆိုတဲ့ အဖွဲ့ဆိုတာလည်းရှိနေပါတယ်”ဟု မုဒုံမြို့မှ အထက်တန်း ကျောင်းသူတစ်ဦးက ပြောသည်။

လူငယ်ထုကြား အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းထွက်ပေါ်လာသောကြောင့် မိဘများအနေနှင့် မိမိတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် အသိမိတ်ဆွေများအားမှာကြားခြင်းများပင် ပြုလုပ်နေရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မုဒုံမြို့နယ်တွင် မကြာခင်ကာလအတွင်း မှုးယစ်ဆေးနှင့် ပတ်သက်သည့် အမှု ခုနှစ်မှုခန့်ဖမ်းမိထားသော်လည်း ကျောင်းသား လူငယ်များ ပါဝင်ခြင်းမရှိသလို ယခုကဲ့သို့ ကျောင်းသားများမှုးယစ်ဆေးသုံးစွဲနေသည်ကို သတင်းမကြားရသေးကြောင်းကိုလည်း  မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

myitmakha

အပြည့်အစုံသို့ »

ကရင်ပြည်နယ်တွင် နွားနောက်ဝှေ့၍ နွားကျောင်းသား သေဆုံး

မြန်မာနိုင်ငံ အနောက်မြောက်ဘက် တောင်တန်းဒေသတွင်သာ ကျက်စား မွေးမြူလေ့ရှိသည့် နွားနောက် ဝှေ့၍ (နွားနောက် ကျောင်းသည့်) အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးမှု ကရင်ပြည်နယ် ဘားအံမြို့ ကော့ထော် ကျေးရွာအုပ်စု တောင်ကလေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်လ ၂၃ ရက်တွင် တောင်ကလေး ဆရာတော် မွေးမြူထား သည့် နွားနောက်များကို ထိန်းကျောင်းရသူ ဦးသာနိုင် ၄၃ နှစ် သည် နွားကျောင်းသွားရာမှ အိမ်ကို ပြန်မရောက်လာသဖြင့် မိသားစုဝင်များ က လိုက်လံ ရှာဖွေရာ တောင်ကလေးရွာနှင့် စံပန်နုံရွာကြားတွင် နွားဝှေ့သည် ဟု ယူဆရသည့် ဒဏ်ရာများနှင့် သေဆုံးနေကြောင်း ကော့ထော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်သက်မာဝင်းက ပြောကြားသည်။

“နွားဝှေ့တယ်လို့ ပြောတာက လေး ငါးကိုက်အတွင်း မြက်ပင်တွေ၊ အပင်တွေ လဲနေတာရယ်၊ နွားခြေရာတွေရယ် တွေ့လို့ ပြောတာ။ ရဲကတော့ ပိုသိတာပေါ့၊ ပိုပြောနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

နွားနောက်များကို ကချင်ပြည်နယ်ဘက်က လှူဒါန်းထားခြင်း ဖြစ်၍ ဆရာတော် မွေးမြူ စောင့်ရှောက်ထားခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ် ကလည်း သံဃာတော်တစ်ပါး နွားနောက်ဝှေ့ခံရ ကြောင်း ၎င်းက ဆိုသည်။

တောင်ကလေးရွာမှ နွားဝှေ့ခံရပြီး နံရိုးများ ကျိုးသည့် အလောင်း တစ်လောင်း ရောက်ရှိလာကြောင်း ဘားအံ ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။

ဆေးစာအရ ရင်ဘတ်တွင် နွားခွာရာများ တွေ့ရှိကြောင်း ဖော်ပြထားပြီး ယင်း အမှုကို သေမှုသေခင်း အမှတ် ၃၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ဘားအံမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

နွားနောက်ကို ချင်းပြည်နယ် အနှံ့တွင် မင်္ဂလာ အကောင်အဖြစ် မွေးမြူကြပြီး အထူးသဖြင့် ရိဒ်ရေကန် ဝန်းကျင် လူရှေ တောင်တန်း၊ ဖလမ်းနယ် တို့တွင် မွေးမြူကြပြီး နွားနောက် တစ်ကောင်ကို အနိမ့်ဆုံး ကျပ် ခြောက်သိန်းမှ ရှစ်သိန်းအထိ ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

The Voice

အပြည့်အစုံသို့ »

ဘဝအတွက် ကြိုးစားနေချိန် ရှောင်ရှားဖွယ်ရာများ


မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့

လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။



မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။



အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။



အချစ်ဆိပ် မတက်နဲ့


ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။  ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံးနဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ Love ဆိုတာကြီးက The Whole Life မဟုတ်ပါဘူး။ Just a part of life ပါလေ။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းမဆက်၊ မအိပ်ဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ၊ သဲသဲကို သတိရလို့ပါဆိုပြီး ဖုန်းတွေဆက်ကြ နဲ့ အိပ်ရေး ပျက်အောင် လုပ်တဲ့ အခန်းဖော်ကြောင့် တိုက်ခန်း စပ်မငှားတော့တာ ကြာပါပြီ။ ဒီတော့ ချစ်တော့ ချစ်ပါ။ Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာပေါ့။ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့  လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။



အပျော်မမက်နဲ့

စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။

အောင်ခမ်း (TSJ team)

အပြည့်အစုံသို့ »