လမ်းကြုံခေါ်တင်ခဲ့သည့် အမည်မသိအမျိုးသမီး(၂)ဦးမှငွေအိတ်အားခွဲကာ ငွေကျပ်(၁၀၇)သိန်းကို ခိုးယူသွားမှု

၃၀.၈.၂၀၁၃ရက်နေ့၂၀၀၀အချိန် ဓနုဖြူမြို့နယ်ရှိ ---- ပွဲရုံကိုယ်စားလှယ် ဦးမြင့်ကြိုင်သည် ပွဲရုံပိုင်ရှင်၏ ငွေကျပ်(၇၂၉)သိန်း(၄)သောင်းပါ ပီနံအိတ်
(၂)လုံးအား ယာဉ်မောင်းရဲလတ်ဝင်း မောင်းနှင်သည့် ပွဲရုံပိုင်၂ခ/--- 4D
အမျိုးအစား(၆)ဘီးယာဉ်၏ နောက်ခန်းတွင်တင်ဆောင်၍ ၎င်းမှ ယာဉ်နောက်လိုက် များဖြစ်ကြသော ပြည့်စုံ၊ လှဝင်းတို့နှင့်အတူယာဉ်၏
ရှေ့ခန်းတွင်စီနင်းခဲ့ပြီး လှိုင်သာယာမြို့နယ်၊ သမကုန်းအ၀ိုင်းအနီးမှ ဓနုဖြူမြို့သို့ ထွက်ခွာလာခဲ့ကြကြောင်း၊ ထိုသို့ ယာဉ်အားမောင်းနှင်
လာစဉ် ၂၀၄၅ အချိန်ခန့်၌ ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာကွေ့ အရောက် တွင်အမည်မသိ အမျိုးသမီး(၂)ဦးမှလမ်းကြုံလိုက်လိုသဖြင့်
ယာဉ်၏ ရှေ့ခန်းတွင်(၁) ယောက်၊ ငွေထုပ်ရှိရာယာဉ်နောက်ခန်းတွင်
(၁)ယောက် ခေါ်တင်ကာဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး(၂)ဦးမှာ ထန်းတပင်မြို့နယ်၊ ပန်တိုင်ကျေးရွာအလွန်တွင် ဆင်းသွားခဲ့ကြကြောင်း၊ ၎င်းအမျိုးသမီး(၂)ဦး ဆင်းသွားပြီးနောက်
ငွေအိတ်အားကြည့်ရာ အိတ်မှာ(၂)ချက်ကွဲနေပြီး အတွင်းမှ
ငွေကျပ်(၁၀၇)သိန်းမှာ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် အမျိုးသမီး(၂)ဦးအားစုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍
၁.၉.၂၀၁၃ ရက်နေ့တွင် တက်သစ်နယ်မြေရဲစခန်း(ပ) ၈၅/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


အပြည့်အစုံသို့ »

WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိ




ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်း(ခ) အုပ်စု၊ ပါခုပ် စစ်ဆေးရေး ဂိတ်၌ သြဂုတ် ၃၁ရက် ညနေ ၃ နာရီခွဲက တပ်မတော် သားများ၊ မူးယစ် (အထူး) တာချီလိတ်မှ တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က ဝှေလေလန် ကျေးရွာမှ ဝမ်ပုံဘက်သို့ ယာဉ်မောင်း အိုက်အွမ် မောင်းနှင်လာသော တိုယိုတာ ဒိုင်နာ အမျိုး အစား အပြာရောင် ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ဘက် ဘော်ဒီကြမ်းခင်း နှစ်ထပ် အံဝှက် အတွင်းမှ အဝါ ရောင် တိပ်ဖြင့် ပတ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၆ဝဝဝ ပြားပါ ၁၆၄ ထုပ်၊ စုစုပေါင်း ၉၈၄ဝဝဝ ပြား ဒေသ ပေါက်ဈေး ကျပ်သိန်း ၁၉၆၈ဝ ဖမ်းဆီး ရမိခဲ့ပြီး မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံအား တာချီလိတ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Myawady

အပြည့်အစုံသို့ »

ကန့်ဘလူအကြမ်းဖက်မှုတွင် သံသယရှိသူ ၁၁ဦးကို ရွှေဘိုအကျဉ်းထောင်တွင် စတင်စစ်ဆေးပြီ

ကန့်ဘလူ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သူဟု သံသယရှိသူ ၁၁ဦး ကို ရွှေဘိုအကျဉ်းထောင်တွင် စ တင် စစ်ဆေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ဆေးနေသူ များထံမှ ထပ်မံသိရှိရသည့် အ ကြောင်းအရာများနှင့်ပတ်သက် ၍ ကျန်ရှိသည့် သင်္ကာမကင်းသူ များကို ထပ်မံဖမ်းဆီးသွားရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''ကန့်ဘလူမြို့က လူတွေပါ။ အမျိုးသားတွေ ချည်းပဲ။ သူတို့ ကိုတော့ စစ်ဆေးနေတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်လုံအောင် လုပ်ရသေးတယ်။ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေ လို့တော့ လောလောဆယ်ယူဆ လို့ ဖမ်းထားပြီး စစ်နေတာပါ''ဟုပြောသည်။
ယင်းကဲ့သို့ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက် ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူက ''ကျွန်တော် တို့အနေနဲ့ကတော့ ဒီလိုအကြမ်း ဖက်မှု လုပ်ရပ်တွေ ထပ်မံမဖြစ် ပွားအောင် ကာကွယ်နေပါတယ်။ ဒီလောက်ပဲ ပြောလို့ရမယ်''ဟု ပြောသည်။
ဩဂုတ်၂၄ရက်က စစ်ကိုင်း တိုင်း ကန့်ဘလူအကြမ်းဖက်မှု ကြောင့် နေအိမ် ၃၉လုံး၊ ဈေး ဆိုင် သုံးခန်း၊ ကြက်ခြံတစ်ခြံ မီး လောင်ပျက်စီးပြီး နေအိမ်သုံး လုံး၊ ဈေးဆိုင် ၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ပုဒ်မ-၁၈၈ထုတ်ပြန် ကာ အခြေအနေကို ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသနပြုလုပ်သင့်ပြီဟုဆို

အမျိုး သမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း MA- RIE STOPES INTERN- ATIONAL မှ Country Director ဒေါက်တာစစ်နိုင်က အကြံ ပြုပြောကြားလိုက်သည်။
အမျိုးသမီးငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှုများပြားလာရ ခြင်းမှာမိဘနှင့် အုပ်ထိန်းသူများ က အမျိုးသမီးငယ်များအား အ သိပေးသင့်သည့်အကြောင်း အ ရာများကိုအသိမပေးခြင်းနှင့် တစ် ချက်လွှတ်အမိန့်ပေးခြင်းများ ကြောင့် ပိုမိုဖြစ်ပွားလာရခြင်းဖြစ် ကြောင်း သိရသည်။
''အမျိုးသမီးတွေဟာ အ ကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင် တာကို ရကြတယ်။ အဲဒီအခါမှာ မကိုင်တွယ်မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေ မှာ ကိုယ်ဝန်ပျက်ကျတာအဖြစ် များလာတာက အထူးသဖြင့် သိ သင့်တာတွေကို ပေးမသိဘဲ မျက် စိပိတ်ထားလိုက်တာကြောင့်ပဲ။အဲဒီဒဏ်ကိုခံနေရတာပဲ။ ဘယ် သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့လိုအပ် သလဲဆိုတာကိုသိဖို့အတွက် သု တေသနပြုလုပ်ဖို့လိုနေပါပြီ''ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
ထို့ပြင် လူငယ်အမျိုးသမီး များ ယင်းကဲ့သို့ဖြစ်ပွားရခြင်း တွင် စိတ်ဓာတ်ကျနေသောကြောင့် ဖြစ်ချင်ရာဖြစ်ဟု ထင်ရာစိုင်းမိ ခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအရာရာအောင် မြင်နေသည့်အတွက် မိမိတွင်အ ဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆနေ မိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှုရှိကြောင်းလည်း သိ ရသည်။
''လူကြီးမိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကိုနေ ရာပေးပြီး ဆက်ဆံဖို့လိုတယ်။လူငယ်တွေကနေ ဘာတွေတင် ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေမ လုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိ ဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုးမလုပ်ရဘူး။တစေ့တစောင်းပဲ ကြည့်ရမယ်။သူတို့မှာဖြစ်လာနိုင်တဲ့ အန္တရာယ် တွေကိုသူတို့ အမြော်အမြင်ရှိလာ တဲ့အချိန်အထိ သူတို့ကိုယ်သူ တို့ ကျေကျေနပ်နပ်ကာကွယ်အောင် လုပ်ရမယ်''ဟု ယင်းကဆက်လက် အကြံပြုပြောကြားသည်

ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား သက်ဆိုင်ရာက စီမံချက်များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေ


ရထားသံလမ်းဘေးတွင် ရေသန့်ဘူးနှင့် ငွေကြေးလိုက်လံ တောင်းခံနေသည့် ကလေးများအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား စီမံချက်များဖြင့် လိုက်လံဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်မြို့၌ တောင်းရမ်းစားသောက်သူများ များပြားလာခြင်းကြောင့် ပုံမှန်စီမံချက်များအပြင် အထူးစီမံချက်များဖြင့်ပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်း နေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်း ဦးစီးဌာန၊ သက်မွေးသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်း၊ အသက် ၁၈ နှစ်အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်စေခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တောင်းရမ်းစားသောက်သူများတွင် စားဝတ်နေရေးအရ အလုပ်အကိုင်မရှိ၍ တောင်းရမ်းစားသောက် နေကြသူများလည်း ပါဝင်ပြီး ယင်းအထဲတွင် ကလေးများ၊ လူကြီးများ၊ အချို့ကျန်းမာရေး ချို့တဲ့သူများအပြင် ဒုက္ခိတ မသန်စွမ်းသူများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ခဲ့မှုများအရ သိရသည်။
သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်သော အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက် သူများအား နောင်ယခုကဲ့သို့ မပြုလုပ်ရန် နှစ်သိမ့်ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်ပေးသော်လည်း ၎င်းတို့အား အစိုးရမှ အလုပ်အကိုင်ပေးနိုင်မှု နည်းပါးနေကြောင်း သိရသည်။
ပြီးခဲ့သည့် လေးနှစ်ခန့် အတွင်းက ရန်ကုန်မြို့တွင်းရှိ ဖမ်းဆီးထိန်းသိမ်းခဲ့သော အလုပ်လုပ်ကိုင်နိုင်သည့်အရွယ် တောင်းရမ်းစားသောက်သူ ၃၀ ကျော် ၄၀ ခန့်အား ရန်ကုန်မြို့တော်စ ည်ပင်သာယာရေး ကော်မတီတွင် သန့်ရှင်းရေး နေ့စားဝန်ထမ်းများအဖြစ် ခန့်အပ်ခဲ့ပြီး ယခုနောက်ပိုင်း၌ ခန့်အပ်မှု မရှိတော့ကြောင်း၊ အဆိုပါ ခန့်အပ်ခဲ့သူများမှာလည်း ယခုနောက်ပိုင်းတွင် လုပ်ငန်းခွင်မှ ထွက်ပြေးသွားခြင်းကြောင့် လက်ရှိမရှိတော့ကြောင်း သိရသည်။ ထို့အတူ လူမှုဝန်ထမ်း ဦးစီးဌာနရှိ သက်မွေးသင်တန်း ကျောင်းများတွင်လည်း ပညာသင်ကြားပေးမှုများသာရှိကာ ယင်းတို့အတွက် အလုပ်လုပ်ကိုင်ရန် စီစဉ်ပေးမှု နည်းပါးနေသည်ဟု သိရသည်။
ယခု ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်သူ များလာပြီး ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင်လည်း ထိန်းသိမ်းထားရသူ ယခင်ထက် များလာခြင်းကြောင့် တောင်းရမ်းသူများအား ပထမအကြိမ် တွေ့ရှိပါက ထိန်းသိမ်းခေါ်ဆောင်ကာ ပြန်လွှတ်ပေးလိုက်ချိန်တွင် ဒုတိယအကြိမ် ထပ်မံတောင်းရမ်းခြင်းကို တွေ့ရှိပါက ဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တောင်းရမ်းစားသောက်သူများအား ထိန်းသိမ်းပြီး ပြန်လွှတ်ပေးသော်လည်း စားဝတ်နေရေးအရ လုပ်စရာ အလုပ်အကိုင် မရှိခြင်းကြောင့် ယင်းအလုပ်သာ ပြန်လည်လုပ်ကိုင် နေရသည့် သူများအတွက်မူ ယင်းသို့အရေးယူရန် ထုတ်ပြန်ခြင်းက ဖိနှိပ်သည့် သဘောမျိုး ဖြစ်နေသည်ဟုလည်း လေ့လာသူအချို့က ပြောကြားသည်။

Eleven

အပြည့်အစုံသို့ »

လှိုင်သာယာတွင် အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ ရဲတစ်ဦးပါဝင်သည့် အဖွဲ့နှင့် ဆိုင်ကယ်ကယ်ရီသမား အဖွဲ့တို့ အပြန်အလှန် ရိုက်နှက်မှုဖြစ်ပွား


အခင်းဖြစ်ပွားခဲ့သော ရဲကင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ်တစ်ဦးပါ ရဲတပ်သားနှစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားပါ ငါးဦးတို့ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းနေ မ.....(၁၆) နှစ်သည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှဆင်းကာ အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံသို့သွားရန် ဆိုင်ကယ်ကယ်ရီမောင်းသူ ကုလား (ခ) သန်းဝင်းအောင်၏ ဆိုင်ကယ်ကို ငှားရမ်းခဲ့ကြောင်း သိရသည်။
"အိမ်ပေါ်ကနေ ယောက်ျားနဲ့ စကားများပြီးတော့ တညင်းကုန်းလမ်းဆုံကို ဆိုင်ကယ်ငှားတယ်။ ဆိုင်ကယ်ကို ရွှေပြည်သာတံတား အရောက်မှာ ရဲတစ်ယောက်ကတားပြီး ဓာတ်မီးဝယ်ဖို့ အကူညီတောင်းတယ်။ ဆိုင်ကယ်ကလည်း အဲဒီအချိန်မှာ စက်နှိုးလို့ မရတော့ဘူး။ ရဲဝတ်စုံနဲ့ ဆိုင်ကယ်မောင်းတဲ့သူတို့ ဆိုင်ကယ်ပျက်တဲ့ ကိစ္စနဲ့ စကားများပြီး ရဲကသစ်သားပြားနဲ့ ရိုက်ခဲ့တယ်။ ဆိုင်ကယ်မောင်းတဲ့ သူကလည်း ဆိုင်ကယ်တွန်းပြီး ပြန်သွားတယ်" ဟု မ.....က စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ထို့နေ့တွင် မ.....မှာ အရက်သောက်ပြီး အနည်းငယ်မူးနေကြောင်း သိရပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ထွက်သွားပြီးနောက် မ.......မှ တစ်ဦးတည်း ရဲကင်းတွင် ကျန်ခဲ့ကာ ရေဆာသဖြင့် ရဲကင်းထဲဝင်ကာ ဒုတပ်ကြပ်ဖြစ်သူ ၀င်းဌေးဆီမှ ရေတောင်းသောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် မ.....အား ဒုတပ်ကြပ် ၀င်းဌေးမှ ရဲကင်းအောက်ထပ်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။
မ.....အား အဓမ္မပြုကျင့်နေစဉ် မ.....ကို တင်ဆောင်လာသော ဆိုင်ကယ်ကယ်ရီးသမား ပါဝင်သည့် အဖွဲ့တို့ ရောက်လာသံ ကြားရကြောင်း၊ အဓမ္မပြုကျင့်သူ ရဲဒုတပ်ကြပ်နှင့်ရဲနှစ်ဦး ထွက်သွားပြီး စကားပြောဆိုသံများ ကြားရပြီး အပြန်အလှန်ရိုက်နှက်သံများ ကြားရကြောင်း မ.....က ပြောကြားသည်။
၎င်းဖြစ်စဉ်ကြောင့် ကယ်ရီသမားပါ ငါးဦးအား လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ထို့အပြင် အဓမ္မပြုကျင့်ခဲ့သည့် ရဲဒုတပ်ကြပ် ဌေးဝင်းအား (ပ) ၉၈၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်ရဲတပ်သားနှစ်ဦးအား မြို့နယ်ရဲစခန်းသုံးခုမှ တာဝန်ရှိသူများ ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven

အပြည့်အစုံသို့ »

မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း ဟစ်ဟော့ပါတီ ရှိုးပွဲအား လူငယ်အများအပြား တက်ရောက်အားပေး


ယမန်နေ့က ပြုလုပ်သော ဟစ်ဟော့ပါတီ ရှိုးပွဲတွင် အဆိုတော် မိစန္ဒီ ဖျော်ဖြေနေစဉ်
ယခုလက်ရှိ နာမည်ကျော်ကြားနေသော ဟစ်ဟော့အဆိုတော်များနှင့် အခြားသော တေးသံရှင် အများအပြား ပါဝင်သော ဟစ်ဟော့ပါတီ ရှိုးပွဲအား မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် စက်တင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဆယ်ကျော်သက် လူငယ်အများအပြား အားပေးခဲ့သည်။ အဆိုပါ ဟစ်ဟော့ပါတီရှိုးပွဲ စတင်ကျင်းပချိန်တွင် မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း MCC ခန်းမအပြည့် ပရိသတ်များ တက်ရောက်အားပေး ခဲ့ကြသည်။
ဟစ်ဟော့ရှိုးပွဲအဖွင့် စတင်ဖျော်ဖြေမှုကို ဟစ်ဟော့အဆိုတော်များ ဖြစ်ကြသည့် ကျော်ထွဋ်ဆွေ၊ မိစန္ဒီ၊ သားသား၊ နိုင်းဝမ်း၊ ရဲရင့်အောင်၊ အိုင်ရင်းဇင်မာမြင့်၊ ယုန်လေးတို့က ၎င်းတို့၏ ကိုယ်ပိုင်သီချင်းများကို အခြားသော အဆိုတော်များဖြင့် တွဲဖက်ကာ လူငယ်များအကြိုက် ဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်ပြီး စန္ဒီမြင့်လွင်၊ ဂျောက်ဂျက်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare၊ လွှမ်းပိုင်၊ Bobby Soxer တို့က လက်ရှိလူငယ်များအကြား ရေပန်းစားလျက်ရှိသော တေးသီချင်းများဖြင့် နောင်ခံအက အဖွဲ့များ၏ တင်ဆက်မှုများနှင့်အတူ စည်းချက်ညီညီ ဖျော်ဖြေခဲ့သည်။
ဖျော်ဖြေပွဲ၌ ဟစ်ဟော့ရှိုးပွဲတွင် ပါဝင်နေကျ အဆိုတော် အများအပြား ပါဝင်ခဲ့ကြပြီး အဆိုတော်များက တွဲဖက်သီဆိုမှုများဖြင့် နှစ်ကျော့စီ သီဆိုခဲ့ကြသည်။
ဟစ်ဟော့ပါတီ ရှိုးပွဲတွင် လူငယ်များ အများစု လာရောက်ကြခြင်း ဖြစ်သောကြောင့် ရန်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နေ့လယ်ပိုင်းတွင် ကျင်းပသော ဟစ်ဟော့ပါတီရှိုးပွဲသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည်။

Eleven

အပြည့်အစုံသို့ »