You Tube ဝက်ဆိုက်ကနေ You Tube Music Awards ဆိုတဲ့ အွန်လိုင်း တေးဂီတ ဆုပေးပွဲ ကျင်းပမည်


အင်တာနက်မှာ ဗီဒီယိုတွေကို မျှဝေကြည့်ရှုဖို့ ဝန်ဆောင်မှုပေးနေတဲ့ You Tube ဝက်ဆိုက်ကနေ You Tube Music Awards ဆိုတဲ့ အွန်လိုင်း တေးဂီတ ဆုပေးပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပထမဆုံး အကြိမ် ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။

ဆုရွေးချယ်ပွဲအတွက် ဆန်ခါတင်စာရင်းကို ပြီးခဲတဲ့ နှစ်က You Tube ပ်ါမှာ တင်ထားတဲ့ ဗီဒီယိုတွေထဲကနေ ဘယ်လောက်ကြည့်ကြပြီး ဘယ်လောက် ရှယ်ကြလည်း ဆိုတဲ့အပေါ် မူတည်ပြီး ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
BBC Burmese

အပြည့်အစုံသို့ »

Blackberry Z30 စမတ်ဖုန်းသစ် မိတ်ဆက်




အမေရိကန်အခြေဆိုက် Blackberry ကုမ္မဏီရဲ့  မော်ဒယ်မြင့် ဖုန်းစီးရီ Z ရဲ့  နောက်ထပ် မျိုးဆက် Z30 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။

မျက်နှာပြင် အရွယ်အစား ၅ လက်မ ရှိပြီး resolution က 1280x720 ရှိပါတယ်။ ppi 295 မို့ အရည်အသွေး ကောင်းတဲ့ မျက်နှာပြင်အမျိုးအစားထဲ ပါဝင်ပါတယ်။ AMOLED Display ပါ။ ဖုန်း ရဲ့  dimension အတိအကျ ကတော့ 140.7 x 72 x 9.4mm ဖြစ်ပါတယ်။ ဘက်ထရီက 2880mAh ရှိပါတယ်။ internal memory က 16GB ပါရှိပြီး microSD နဲ့ ထပ်တိုးနိုင် ပါတယ်။ 1.7 GHz Qualcomm Snapdragon S4 Pro chipset ကို အသုံးပြုပြီး RAM က 2GB ပါ။ နောက်ကင်မရာ 8 Megapixel, ရှေ့  ကင်မရာ 2 Megapixel စီ ပါရှိပြီး ကင်မရာ မှာကျ လက်ရှိ အမြင့်ဖုန်းများထက် နည်းနေတာ တွေ့ရပါတယ်။

အမေရိကန် ပစ္စည်းမို့လို့ ထင်ပါတယ်။ ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၆၀၀ ဝန်းကျင် ရှိပြီး ၂၀၁၃ နှစ်မကုန်ခင် ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
TechSpace Journal

အပြည့်အစုံသို့ »

ကိုမင်းကိုနိုင်ဟာ ချက်သမ္မတနိုင်ငံမှာ ဒီနှစ်ပထမဆုံးကျင်းပမယ့် ဗားဆလပ်ဟာဗဲလ် လူ့အခွင့်အရေးဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ချက်နိုင်ငံကိုရောက်ရှိ


၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ချက်သမ္မတနိုင်ငံမှာ ဒီနှစ်ပထမဆုံးကျင်းပမယ့် ဗားဆလပ်ဟာဗဲလ် လူ့အခွင့်အရေးဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ချက်နိုင်ငံကိုရောက်နေပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတာဝန်ခံ ကိုဇော်မင်း ခေါ် ကိုဘောင်းဘောင်းက RFA ကို အခုလိုပြောပါတယ်။

“ကိုမင်းကိုနိုင်က ဗားဆလပ်ဟာဗဲလ် လူ့အခွင့်အရေးဆု ပေးအပ်ပွဲအခမ်းအနားကို ဗားဆလပ်ဟာဗဲလ် ဖောင်ဒေးရှင်းကဖိတ်တာပါ၊ အဲဒီအခမ်းအနားကို သူသွားတက်မှာပါ၊ ကျန်တာကတော့ ချက်ကနေတဆင့် မြန်မာမိတ်ဆွေများ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနဲ့ အလျဉ်းသင့်သလိုတွေ့သွားမှာပါ”

ချက်နိုင်ငံက ကွယ်လွန်သူသမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြုတဲ့အနေနဲ့  ဒီဆုကိုနှစ်စဉ်ပေးအပ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ချက်နိုင်ငံရဲ့ နန်းတော်မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆုကြေးအဖြစ် ယူရိုငွေ ၆ သောင်းရရှိမှာဖြစ်ပါတယ်။

အခုပထမဆုံးနှစ်အတွက်ဆုကိုတော့ ဘီလာရုစ်နိုင်ငံမှာ ထောင်ချခံထားရတဲ့ လူ့အခွင့်အရေးသမား Ales Byalyatski ကို ရွေးချယ်လိုက်ပါတယ်။ သူဟာ ဗီယားစနားလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်ပါတယ်။ သူ့ကို ဘီလာရုစ်အစိုးရက အခွန်တိမ်းရှောင်မှုနဲ့  ၂၀၁၁ ခုနှစ်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ထားတာပါ။ ဒါဟာ အစိုးရက လီဆယ်လုပ်ကြံထောင်ချတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြသလို၊ ဒီလုပ်ရပ်အတွက် ဘီလာရုစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုံချထားပါတယ်။

ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တောက်လျှောက်အားပေးကူညီခဲ့သူဖြစ်သလို၊ ဒီဆုဟာလည်း လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေကို အားဖြစ်စေတာကြောင့် သူ့အနေနဲ့  ကိုယ်တိုင်သွားရောက် အားပေးမှာဖြစ်တယ်လို့  ခရီးမထွက်ခင်ရက်ပိုင်းက ကိုမင်းကိုနိုင်က ပြောခဲ့ပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

မြန်မာ့ရုပ်မြင်သံကြားဝင်းရှိ တာဝါတိုင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ကမာရွတ်မြို့နယ် ဟံသာဝတီအ၀ိုင်းအနီးရှိ မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်း တည်ဆောက်ဆဲ တာဝါတိုင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု တစ်ခု စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်။

“တာဝါတိုင် ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဖြစ်မယ်ဗျ။ တော်တော်မြင့်မြင့်က ပြုတ်ကျခဲ့လို့ ထင်တယ်။ တန်းသေသွားတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ကိုရဲမင်းက မဇ္ဈိမသို့ ပြောခဲ့သည်။

အဆိုပါ ပြုတ်ကျခဲ့သူမှာ အသက် ၃၀ ၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး မြန်မာ့ရုပ်မြင်သံကြားဝင်းတွင် တည်ဆောက်လျက်ရှိသည့် Sky Net ရုပ်သံထုတ်လွှင့်ရေး တာဝါတိုင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပြီးချိန်တွင် သေဆုံးသူအလောင်းအား တာလပတ်ဖြင့် အုတ်ထားကာ ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေ များက ဆိုသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်ရဲစခန်းသို့ ည ၇ နာရီအချိန်တွင် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိတစ်ဦးက “ခုချိန်ထိ ကျွန်တော်တို့လည်း အချက်အလက်တွေ မရသေးပါဘူး။ တာဝန်မှူးကလည်း ဆေးရုံမှာပဲ ရှိပါသေးတယ်”ဟု ပြန်လည် ဖြေကြားပေးခဲ့သည်။

ထို့ပြင် သေဆုံးခဲ့ရမှု အကြောင်းအရင်းကိုလည်း ဆေးရုံမှ အလောင်းလက်ခံသော အမှတ်စဉ်ရရှိပြီးမှသာလျှင် သေမှုသေခင်း အမှတ်စဉ်ဖြင့် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် အမှု ဖွင့်ရသေးခြင်း မရှိသေးကြောင်း ယင်းတာဝန်ကျရဲအရာရှိက မဇ္ဈိမသို့ ပြောခဲ့သည်။


ဇော်ဇော်ထွေး
 မဇ္ဈိမ

အပြည့်အစုံသို့ »

သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ


ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။

"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေါ့၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"

နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။

ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

Irrawaddy

အပြည့်အစုံသို့ »

ကျောင်းသားဘဝက ပေးသောသင်ခန်းစာ





ကျောင်းမှာ၊ စာသင်ခန်းမှာ အမြဲ ပထမရသူဟာ ပြဿ နာ ( Problem ) တိုင်းကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိတယ်။ သို့ပေမယ့် ကျရှုံးတဲ့ဒဏ်ကို မခံနိုင်ဘူး။

ကျောင်း/စာသင်ခန်းမှာ အမြဲအမှတ်နည်း နောက်ဆုံး အဆင့် ရလေ့ ရှိသူများဟာ ပြဿ နာတွေကို ဖြေရှင်းဖို့ မနိုင်ဘူး။ သို့ပေမယ့် ဘယ်လို ရင်ဆိုင် ရမလဲ ဆိုတာ အမြဲ သိတယ်။

သင်ခန်းစာ -

ဒီလိုပါပဲ။ဘဝမှာ အမြဲလည်း နိုင်နေမှာ မဟုတ်သလို၊ အမြဲလည်း ကျရှုံးနေမှာ မဟုတ်ပါဘူး။ အောင်နိုင်ဖို့အတွက် ပြဿ နာတိုင်းအတွက် အဖြေရှိနေ၊ ရှာတတ်နေရမယ်။မယ်။ မဖြေရှင်းနိုင်လို့ ကျရှုံးရင် တောင် ရင်ဆိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ်။ ဒါဟာ ဘဝပါပဲ။

အောင်ခမ်း ( TSJ Team )
TechSpace Journal

အပြည့်အစုံသို့ »

တရုတ်သိမ်းလယ်ယာများ ပြန်ပေးမည်ဟု ဦးရဲထွဋ်ပြောကြား


လက်ပန်းတောင်းတွင် တရုတ်ကုမ္ပဏီဝမ်ပေါင်မှ လက်ဝါးကြီးအုပ်သိမ်းယူထားသော ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေများကို အစိုးရက ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများသို့ ပြောကြားလိုက်သည်။

ထို့ အပြင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းပရောဂျက်အတွင်း သိမ်းယူထားသော ရခိုင်တိုင်းရင်းသားတို့ ၏ လယ်မြေများကို မူလပိုင်ရှင်များထံ ပြန်ပေးမည့်အပြင် နစ်နာကြေးများပါ ပေးအပ်သွားဦးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဦးရဲထွဋ်ကပြောကြားလိုက်သည်။

အလဲဗန်းနေ့ စဉ်သတင်းစာမှ အထက်ပါကိစ္စနှင့် ပက်သတ်၍ မေးမြန်းရာ “ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့  နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် အတတ်နိုင်ဆုံးပြန်လည် ပေးဆပ်သွားမှာပါ၊ ၀မ်ပေါင်နဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လည်း ကျွန်တော်တို့ တံခါးပိတ်ဆွေးနွေးမှုတွေ စတင်နေပါပြီ” ဟု ၀န်ကြီးက ပြန်လည် အတည်ပြုဖြေကြားခဲ့သည်။

တစ်ဆက်တည်းအနေဖြင့် ဦးရဲထွဋ်က ဆက်သွယ်ရေးဝန်ကြီးဌာအနေနှင့်လည်း ဖုန်းခေါ်ဆိုမှုများကို တစ်မိနစ်လျှင် ၅၀ကျပ် ကျသင့်ရာမှ ၂၅ကျပ်သို့ လျှော့ချပေးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒီဖုန်းခေါ်ဆိုခကို လျှော့ချပေးဖို့ စီစဉ်နေတာကြာပါပြီ၊ တင်ဒါအောင် ကုမ္ပဏီတွေလည်း လာတော့မယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ လည်း ဈေးကွက်ဝေစု ပိုရနိုင်ဖို့  ကြိုတင်စီမံကိန်းတစ်ရပ်အနေနဲ့ ဆုံးဖြတ်လိုက်တာပါ၊ ၁၀လပိုင်း ၉ရက်နေ့ မှာ ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာတွေကနေ အတိအလင်း ဖော်ပြပေးသွားပါမယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

Credit : အခွင့်အလမ်း ဂျာနယ်

အပြည့်အစုံသို့ »