သူရိယနေဝန်းဂျာနယ် စတင်ထုတ်ဝေ



ရန်ကုန်၊ အောက်တိုဘာ ၂၆

ရှယ်ယာအဖွဲ့ဝင်များအတွင်း သဘောထား ကွဲလွဲမှုများကြောင့် ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ရသော ‘သူရိယအလင်း’ ဂျာနယ်ကို ‘သူရိယနေဝန်း’ ဂျာနယ်အမည်ဖြင့် ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ကြောင်း ၎င်းဂျာနယ်၏ အမှုဆောင်ချုပ်ဖြစ်သူ ဦးမိုးဟိန်းက The Voice သို့ ပြောကြားသည်။

‘ယခင်သူရိယအလင်း’ ဂျာနယ်တွင် အမှုဆောင်ချုပ် ဖြစ်ခဲ့သူ ဦးမိုးဟိန်းက ယခုအသစ် ထွက်ရှိလာသော ‘သူရိယနေဝန်း’ ဂျာနယ်တွင်လည်း အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူထားကာ ယာယီ ထုတ်ဝေသူအဖြစ် ဦးခင်အေးက တာဝန်ယူ ဆောင်ရွက်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ထုတ်ဝေခွင့်လိုင်စင် ရတာတော့ သုံးလလောက် ရှိပါပြီ၊ အခုမှ လုပ်ဖြစ်တာ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယခုဂျာနယ်တိုက်ကို ယခင် သူရိယအလင်း ထုတ်ဝေစဉ်က အသုံးပြုခဲ့သည့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ရုံးတွင်အခြေစိုက်ကာ ဝန်ထမ်းဦးရေ ၃၀ ဝန်းကျင်ဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆိုသည်။

‘သူရိယအလင်း’ ဂျာနယ်တွင် လုပ်ကိုင်ခဲ့သော အယ်ဒီတာနှင့် သတင်းထောက်များမှာ ယခုအသစ် ထွက်ရှိလာသော ‘သူရိယနေဝန်း’ အမည်ရှိ ဂျာနယ်တွင်လည်း ဆက်လက်လုပ်ကိုင်ခြင်းမရှိဘဲ နစ်နာကြေး သုံးလစာ တောင်းခံထားကြကြောင်း သူရိယအလင်း ဂျာနယ်တွင် လုပ်ကိုင်ခဲ့သည့် အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
The Voice Weekly

အပြည့်အစုံသို့ »

သူရိယအလင်းဂျာနယ် CEO မိုးဟိန်းနှင့် အင်တာဗျုး အဆက်


Q - ဦးယုနိုင်နဲ့ ကိုမိုးဟိန်းက မိတ်ဆွေတွေလို့ သိရပါတယ်။ အဲဒီညက ဦးယုနိုင်လည်းပါတယ်ဆိုတော့ အဲဒီညက ကိစ္စအပေါ် အမှုဖွင့်ဖို့ အစီအစဉ်ကော ရှိလား။

A - အမှုဖွင့်မဖွင့်ဆိုတာက ကျွန်တော် အခု ရှေ့နေနဲ့ တိုင်ပင်နေတယ်။ တစ်ခုက ဦးယုနိုင်က အထဲကို ဝင်မလာခဲ့ဘဲနဲ့ သူက ခေါင်းခံနေတယ်။ ဝင်တာက တခြား သူတွေဝင်တာ။ ဒါပေမဲ့ ဘယ်ကိုကျေးဇူးတရားတွေနဲ့ပတ်သက်ဆက်နွှယ်နေသလဲ ကျွန်တော်တို့ မသိဘူး။ သူက ဓားခုတ်တာကို လက်ဝင်လျှိုနေတယ်။ သူက ကျွန်တော်နဲ့ သူငယ်ချင်း။ ၉ တန်းကတည်းက ပေါင်းတာ။ အမေရိကရောက် သွားတော့ ကွဲသွားတယ်။ အခု ပြန်တွေ့တာ တစ်နှစ်ကျော်လောက်ပဲရှိသေးတယ်။ သူငယ်ချင်းသံယောဇဉ်နဲ့ ကျွန်တော် စဉ်းစားနေတာပါ။ အထောက်အထားတွေရှိတယ်။ ဒါက ရာဇဝတ်မှုမြောက်နေတာ ဗျ။ အနုကြမ်းစီးမှု မြောက်နေတယ်။
ပြောချင်တာက ကျွန်တော်တို့ ဂျာနယ်ရဲ့ မူလရည်မှန်းချက်တွေကို ဒီ ပစ္စည်းဖျောက်မှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် သေးသိမ်သွားနိုင်တယ်။ ပြည်သူကို နားမျက်စိဖွင့် ဖို့ပေါ့။
အဲ့ဒါကို အဲဒီလို သွားလုပ်လိုက်ရင် အန္တိမရည်မှန်းချက်ကို မရောက်ဘဲ လည်သွားမယ်။ အဲဒါကို ချိန်ဆနေတာပါ။

Q- သတင်းစာကြော်ငြာချက်မှာ ဂျာနယ်မှာပါခဲ့တဲ့ ဆောင်းပါးတွေက စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ စွပ်စွဲ ထားတော့ အဲ့ဒီအပေါ်မှာ။

A - စာနယ်ဇင်းကျင့်ဝတ်နဲ့ ညီမညီ ဆိုတာကတစ်ချက်၊ ကျွန်တော်တို့က ပြည်သူ့ဘက်က ရပ်တယ်။ အဖိအနှိပ်ခံ ဆင်းရဲသားတွေဘက်က ရပ်တယ်။ ထား စရာမရှိအောင်လူတစ်စုက ချမ်းသာနေပြီဆိုတော့ ဒါ တစ်ခုခု မှားနေတာပဲ။ ဒါကို ဒီလိုသစ်တောတွေကတော့ ကုန်နေပါပြီ။ မြန်မာ့တပ်မတော် အစဉ်အဆက်ပိုင်ဆိုင်ခဲ့တဲ့ စစ်ရုံးကြီးလည်း ဟင်းရွက်ကန်ဇွန်း ဈေးနဲ့ ပါသွားပါပြီ။ ကျွန်တော်တို့မှာ သတင်းအထောက်အထားတွေရှိတယ်။ ဒါကို ကျွန်တော်တို့ ဖော်ပြတယ်။ အထောက်အထားဆိုတာက စာနယ်ဇင်းသမားတွေရဲ့ ရရှိတဲ့ သတင်းအချက် အလက်နဲ့ အခြေခံမူလောက်ပဲ ပြနိုင်တယ်။ ကျွန်တော်ယုံကြည်လို့၊ မှန်တယ် ထင်လို့ ဖော်ပြခဲ့တဲ့နေရာမှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ညီမညီဆိုရင် ကျွန်တော် တစ် ခုပြန်မေးချင်တယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းကျင့်ဝတ်သည် ဘာလဲဆိုတာ ကို ကျွန်တော်မေးချင်တယ်။ တရားမျှတမှု ရှိရဲ့လားလို့ ကျွန်တော်မေးချင်တယ်။ ကမ္ဘာ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဘာတွေကွာဟ နေသလဲလို့ မေးချင်တယ်။

Q - လောလောဆယ် ကျွန်တော်တို့ သိရသလောက် သူရိယအလင်းဂျာနယ်နဲ့ ကိုမိုးဟိန်းနောက်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရှိနေတဲ့ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတယ်ဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဒါမှမဟုတ် အခြား ဘယ်သူတွေရှိနေသလဲလို့ ပွင့်ပွင့်လင်းလင်း မေးချင်ပါတယ်။

A - ကျွန်တော်နောက်မှာ ဗိုလ်ချုပ် ကြီးခင်ညွန့်ရှိနေတယ်ဆိုတာ လုံးဝမဟုတ်ပါ။ ကျွန်တော်ဂျာနယ် အတွဲ ၁ ကနေ ၁၂ ထိ လေးစောင်လောက်မှာ ဗိုလ်ချုပ် ခင်ညွန့်ကို စော်ထားပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ ပြည်ထောင်စုကို သစ္စာဖောက်ခဲ့တယ်ဆိုပြီး ကျွန်တော်ကိုယ်တိုင် ထောက်ပြထားတယ်။ သူ့ကို တိုက်ခိုက်တာ မဟုတ်ဘူးနော်။ ကျွန်တော့်ဂျာနယ်က ဘယ်ဗိုလ်ချုပ်နဲ့မှ မပတ်သက်ဘူးလို့ ကျွန်တော် ပြောချင်တယ်။

အင်တာဗျုး ပထမပိုင်း --- သူရိယအလင်းဂျာနယ် CEO မိုးဟိန်းနှင့် အင်တာဗျုး

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

အပြည့်အစုံသို့ »

Eleven ရဲ့ ဝေဖန်ချက်ဆောင်းပါးကို ဦးရဲထွဋ် တုံ့ပြန်


အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အဖြစ် ပြောင်းလဲမယ်လို့ ဆိုထားတဲ့ အစိုးရ သတင်းစာများဟာ အများပြည်သူ စိတ်ဝင်စားတဲ့ သတင်းများကို ဖော်ပြခြင်းမရှိဘူး၊ အရင်လိုပဲ  အစိုးရအာဘော် တခုတည်းကိုသာ ဖော်ပြနေတယ်လို့ စနေနေ့က  Eleven Daily ရဲ့ သတင်းဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

အနီးကပ်ဆုံး ဥပမာအနေဖြင့် အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲ သတင်းကို အစိုးရ သတင်းစာ သုံးစောင်စလုံးတွင် လုံးဝဖော်ပြခဲ့ခြင်း မရှိသည့်အပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ၀င်ရောက်အရွေး ခံတော့မည် မဟုတ်ကြောင်း သူရဦးရွှေမန်း၏ ပြောကြားချက်ကိုလည်း တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိခဲ့ချေ။ ထို့အတူ အောက်တိုဘာ ၂၄ ရက်မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်းနှင့် နိုင်ငံတကာ အနေဖြင့် မွတ်စလင် အသိုင်းအ၀ိုင်း ကြားတွင်သာ မကဘဲ ဗုဒ္ဓဘာသာဝင်များ အကြားတွင်ပါ ကြောက်ရွံ့မှုများ ရှိနေသည်ကို နားလည်ပေးဖို့ လိုကြောင်း အစရှိသော ပြောကြားချက်များကိုလည်း အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်
လို့ ထောက်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ချက်ချင်း တုံ့ပြန်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ တုံ့ပြန်ချက်ကို သူ့  ဖေ့စ်ဘုတ် ကနေ ကူးယူဖော်ပြလိုက်ပါတယ်။
သတင်းထောက်တစ်ဦးက ဒီနေ့ Daily Eleven သတင်းစာမှာ အစိုးရသတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့်သတင်းများကို ဖော်ပြခြင်းမရှိဘဲ အစိုးရ အာဘော်တစ်ခုတည်းကို သာဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက်ရပ်တည် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရဲ့ သဘောထား မှတ်ချက်ကို မေးပါတယ်။ အားလုံးသိနိုင်အောင် ဒီကနေပဲ ဖြေကြားပေးလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ နိုင်ငံပိုင် သတင်းစာများကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီ တဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာများ အဖြစ် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြထားပါတယ်။

ဒီ ဥပဒေ မပေါ်ပေါက်မီမှာ အများပြည်သူ ၀န်ဆောင်မှု မီဒီယာကို ရှေ့ရှုတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သလောက်လုပ်ဆောင်နေပါတယ်။

ဒီလုပ်ဆောင်ချက်များကိုလက်ခံတယ်၊ လက်မခံဘူး ဆုံးဖြတ်မှာက သတင်းစာဖတ်ပရိသတ်ပဲ ဖြစ်ပါတယ်။
Eleven က ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူရေးတာဟာ သူ့အမြင်ပဲ ဖြစ်ပါတယ်။ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်း စာနှစ်စောင်ရဲ့ စောင်ရေဟာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေတာကို ကြည့်ရင် ပရိသတ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဘက်ကိုရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆို လက်ခံနေတယ်ဆိုတာ သိသာပါတယ်။

အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကိုသာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ရင် ဒီသတင်းစာနှစ်စောင် ဟာ အယ်ဒီတာ လွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိတဲ့ စံမှီ အများပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ် ပြည်သူ့ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မှာသေချာပါတယ်။

Eleven ရဲ့ သတင်းဆောင်းပါးအဆုံးမှာ ပြည်သူ့ ၀န်ဆောင်မှုဆိုတာ လုံးဝ မယုံကြည်ဘူး၊ နောက်ပြီး အစိုးရ သတင်းစာဆိုတာလည်း လုံးဝ မရှိသင့်တော့ဘူး ဆိုတဲ့ မန္တလေးမြို့က ဦးသိန်းသန်းဦးရဲ့ စကားကို ကိုးကား ညွှန်းထားပါတယ်။

အများ ပြည်သူဝန်ဆောင်မှုမီဒီယာ မရှိသင့်ဘူးလို့ ထင်ရင် ပြည်သူတွေက သတင်းစာတစ်စောင်မှ မ၀ယ် ပဲ နေပါလိမ့်မယ်။ အဲဒီအခါကျရင် ဦးသိန်းသန်းဦးလည်း ပြောစရာမလို၊ Eleven လည်း ရေးစရာမလိုပဲ အဲဒီသတင်းစာတွေရပ်သွားပါလိမ့်မယ်။

ပြည်သူတွေက ၀ယ်ယူ ဖတ်ရှု အားပေးနေသမျှတော့ ဦးသိန်းသန်းဦး ဘာပြောပြော၊ Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ။

အများပြည်သူဝန်ဆောင်မှု မီဒီယာမှ မဟုတ် ပြည်သူတွေလက်မခံဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ဘယ်လို ဆိုင်းဘုတ်တပ်ပြီး ကြွေးကျော်နေပါစေ၊ ပုဂ္ဂလိသတင်းစာတွေလည်း ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ အဆုံးအဖြတ်ကသာ အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး မမေ့ဖို့ လိုပါတယ်။

Irrawaddy

အပြည့်အစုံသို့ »

ဘယ်လိုဆုတောင်းကြမလဲ (ဗုဒ္ဓဘာသာဝင်နှင့် ဆုတောင်းခြင်း အလေ့အထ)


ဆုတောင်းတယ်ဆိုတာ ဗုဒ္ဓဘာသာမှာလည်း တော်တော်လေး တွင်ကျယ်တဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။

သို့ပေမဲ့ ဆုတောင်းတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တို့ ဘယ်လိုစိတ်ထားရမယ်ဆိုတာ သေချာ မသိသူတွေများပါ တယ်။

လောဘနဲ့ဆုတောင်းခြင်းကတော့ တော်တော်တွင်ကျယ်ပါတယ်။ ယင်းလောဘနဲ့ဆုတောင်းခြင်းကြောင့်လည်း နတ်ကိုးကွယ်တဲ့ ယဉ်ကျေးမှု ဖြစ်တည်လာခြင်း ဖြစ်ပါတယ်။ ကြောက်စိတ်ကြောင့်ဆုတောင်းခြင်းလည်း ပါပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ဆုတောင်းတယ်ဆိုတာ ကုသိုလ်အလုပ် ကောင်းကျိုးအလုပ်တွေလုပ် ရာမှာ အန္တရယ်အနှောင့်အယှက်ကင်းစေဖို့နဲ့ ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ အခြား ရည်ရွယ်ချက်လည်း ရှိပါသေးတယ်။ အသေးစိတ်ရှင်းလင်းပါ့မယ်။

ဥပမာ- ညတိုင်းသြကာသကန့်တော့ကျိုးရှိခိုးတဲ့အခါမှ ဤသို့ ကန်တော့ရသော အကျိုး အားကြောင့် အပါယ်လေးပါး နဲ့စပြီး—————– နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား နဲ့ အဆုံးသတ်တဲ့ ဆုတောင်းကန်တော့ကျိုးလေးဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ နိဗ္ဗာန်မရောက်သေးသဖြင့် ကြိုးစားပွားများ ကျင့်ကြံနေ ပါသေးသောကြောင့် ဘေးအန္တရာယ် အခက်အခဲများ မတွေ့ပါစေလို ဘုရား လို့ အဓိပ္ပါယ်ရ ပါတယ်။ ဒါကို မသိတဲ့သူတွေက နိဗ္ဗာန်စုသက်သက်တောင်းတယ်၊ ဘေးအန္တရာယ် မကြုံအောင် သက်သက်တောင်းတယ်လို့ ထင်ကြပါတယ်။

အခြားခြားသော ဘုရှားရှိခိုး ဆုတောင်းအမျိုးမျိုးလည်း ထိုနည်းတူစွာပါပဲ အလှူပွဲ တစ်ခုလုပ်ပြီး အမျှဝေတဲ့အခါမှာ လူဖြစ်လျှင်လည်း လူချမ်းသာ၊ နတ်ဖြစ်လျှင်လည်း နတ်ချမ်း သာဆိုတာက နိဗ္ဗာန်မရောက်နိုင်သေးလျှင်တောင် ဒုက္ခနည်းပြီး တရားကျင့်ကြံရန် အခွင့်ရေး ရှိသော ထိုလူ၊နတ် စသည်ဘုံတို့တွင် ချမ်းချမ်းသာသာရှိပါစေ ဆိုတာမျိုး ဖြစ်ပါတယ်။

ဒါကို နားမလည်တဲ့သူတို့ကလည်း နိဗ္ဗာန်ဆုတောင်းတယ်။ အပိုဆုတောင်းတဲ့ အနေနဲ့ လူချမ်းသာ နတ်ချမ်းသာ ကိုတောင် ထပ်တောင်းတယ်လို့ အထင်မြင်မှားစရာ ရှိပါတယ်။

ဒါဆို နိဗ္ဗာန်ဆုတောင်းခြင်း ကရော မြတ်စွာဘုရားမှ ဖြည့် ဆည်းပေးနိုင်ပါသလား။ ပြီးတော့ ဘေးအန္တရာယ် မတွေ့ပါစေနဲ့လို့ ဆုတောင်းတာကော ဘုရားက ဖြည့်ဆည်းပေးနိုင်လား။
မဖြည့်ဆည်းပေးနိုင်ပါ။ လူ့ဘဝ လူဖန်တီးသည်။ ပြုပြင်ယူမရပါ။ ဒါဆို ဘာလို့ ဆုတောင်းကြလဲ။

မိမိတို့၏ ဆုတောင်းမှုကို မြတ်စွာဘုရားမှ မဖြည့်ဆည်းပေးနိုင်သော်လည်း နတ်ကောင်းနတ်မြတ်များက ဖန်တီး ဖြည့်ဆည်းပေးပါတယ်။ ဘာကြောင့်လဲ။

နတ်တို့သည်လည်း ၃၁ ဘုံသားဖြစ်တဲ့အတွက် သံသရာမှာ ရှိနေပါသေးတယ်။ ကုသိုလ်အလုပ်လုပ်တဲ့သူတွေကို အားပေးထောက်ပံ့မှုဟာ ကုသိုလ်ရတဲ့အလုပ်မို့ နိဗ္ဗာန်ရောက်လိုတဲ့ နတ်သကြားတို့လည်း ကုသိုလ်လုပ်ပါတယ်။ ဒါကတော့ ဆုတောင်းတဲ့ ကုသိုလ်ပြုသူတွေကို ကူညီမ,စ ပေးမှု ဖြစ်ပါတယ်။

အဲလိုမ,စ နိုင်လားဆိုတော့ ယင်းကဲ့သို့ အကျိုးပြုစရာ ကံရှိနေလျှင် / ရှိနေသေးလျှင် ဖြစ်ပေါ်လာရန် စောင်ကြဉ်းပေးသည်။ ဥပမာ- မကောင်းသည့် အန္တရာယ်များကြုံခါနီးတွင် လွတ်သွားခြင်း၊ ကောင်းရန် အကြောင်းဖန်လာခြင်း တို့ ဖြစ်ပါတယ်။ နတ်တို့၏ ကယ်တင်စောင့်မ ခြင်းဖြစ်ပါတယ်။ လွတ်ဖို့ကံပါလို့ လွတ်တာလဲ ဖြစ်ပါတယ်။

ဒါဆို ဆုတောင်းတာဟာ လုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်လို့ ဆိုလို့ရပါတယ်။ အဘယ်ကြောင့် ဆိုသော် မိမိတွင် ဖြစ်ပေါ်လာရန် ခက်ခဲနေသော ကုသိုလ်ကံအကျိုးကို ပေးစွမ်းပြီး ဖြစ်ပေါ် လာနိုင်သည့် အကုသိုလ်ကံကို ပျောက် /လျော့နည်းစေသည်။

သို့ပေမဲ့ လောဘ နဲ့ ဆုတောင်းရင်တော့ အကုသိုလ်ပင် ထပ်ဖြစ်အုံးမည်။
ပြီးတော့ ကုသိုလ်အမှုတစ်ခုခု ပြုပြီးမှ ဆုတောင်းရပါတယ်။ ဂါထာအမျိုးမျိုးလည်း ထိုနည်းတူစွာပါဘဲ။ လောဘစိတ်နဲ့ ရွတ်ဖတ်ပြီး ဆုတောင်းရင်တော့ မှားယွင်းနေအုံးမှာ ဖြစ်ပါတယ်။

မှန်ကန်သော ကုသိုလ်ကိုပြုကြပြီး မှန်ကန်သော ဆုတောင်းနည်းနဲ့ ဆုတောင်းနိုင်ကြပါစေ။

သင်ကြားလေ့လာမိသော အဘိဓမ္မာကျမ်းမှ မှတ်သား ပြန်လည် ရေးသား မျှဝေ သည်။
.

အောင်ခမ်း ( ရိုးရာလေး )

အပြည့်အစုံသို့ »

အမျိုးသမီး နဲ့ စစ်ရေး


တပ်မတော်သား ဆိုရင် အမျိုးသားတွေကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။
အမျိုးသမီးတွေကရော တပ်မတော်မှာ တာဝန် မထမ်းဆောင်နိုင်ဘူးလား။

တရုတ်ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတွေလို့ ယူဆရတဲ့ပုံတွေကို အင်တာနက်သုံးသူတချို့ကြား မှာ ဖြန့်နေပါတယ်။

စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ လေ့ကျင့်နေပုံ၊ ဘောလုံးကန်နေပုံတွေပါ။

တချို့ကလည်း ဒါဟာ တကယ့် လေ့ကျင့်ရေးကျောင်း မှတ်တမ်းဓာတ်ပုံတွေလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။

တရုတ်ပြည်က စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ ဒီလိုပဲ ဆက်ဆီကျကျ ဖက်ရှင်ပြသလား ဆိုတာတော့ သေချာ မသိရပါဘူး။

ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ဆွဲဆောင်မှုကိုယ်စီ ရှိကြပါတယ်။

စစ်သင်တန်းတွေမှာ အမျိုးသမီးများ လေ့ကျင့်နေတဲ့ပုံရိပ်တွေက တွေ့ရတာ ကြုံတောင့်ကြုံခဲဖြစ်တယ် ဆိုတဲ့ အချက်ကြောင့်လည်း  ဒီပုံတွေက ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။

တိုက်ဆိုင်တယ်လို့ ဆိုနိုင်တဲ့ အချက်က ...မြန်မာပြည်မှာ အမျိုးသမီးတွေ ဗိုလ်သင်တန်းလျှောက်နိုင်ခွင့်သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာ ဒီပုံတွေ တက်လာတာပါ။

ဗိုလ်သင်တန်းသတင်းကို ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။ အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒီလလယ်ပိုင်းမှာ ထွက်ခဲ့တဲ့ ဒီသတင်းကို နိုင်ငံတကာ မီဒီယာတချို့မှာလည်း ရေးသား ဖော်ပြခဲ့ကြပါတယ်။

အမျိုးသမီးစစ်သည်တွေအကြောင်း စပ်မိလို့ ဆက်ရေးရရင် ... ကနေဒါ၊ ပြင်သစ်၊ အစ္စရေး၊ ဆွီဒင် တို့က သူတို့ရဲ့ အမျိုးသမီး စစ်သည်တွေကို ရှေ့တန်း လွှတ်ပါတယ်။ အမေရိကန်မှာ ဒီလို လွှတ်ဖို့ ပိတ်ပင်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းမှာ ရှေ့တန်းမှာ တာဝန်ထမ်းခွင့်ပြု လိုက်ပါ တယ်။ အင်္ဂလန်ကတော့ စစ်မြေပြင်ကို အမျိုးသမီးစစ်သည်တွေ တာဝန်သွားယူရေး ခွင့်မပြုသေးပါ။ လွှတ်ရေး မလွှတ်ရေးက အငြင်းပွားစရာပါ။

မြန်မာပြည်မှာတော့ အခုမှ သင်တန်း ခေါ်ဆဲဖြစ်တာကြောင့် သူတို့ကို ရှေ့တန်း လွှတ်ရေး မလွှတ်ရေး က ပြဋ္ဌာန်းဖို့၊ အလေးအနက် ငြင်းခုံဖို့ စောနေဦးမယ် ထင်ပါတယ်။

သူတို့ ဗိုလ်သင်တန်းဆင်းချိန်ရောက်ရင် သေနတ်သံ ဘာသံ ညာသံ ဆူညံနေသေးတဲ့ မြန်မာပြည် အခြေအနေ ဘယ်လိုဖြစ်မလဲ။ ဒီထက် ပိုငြိမ်းချမ်းသွားဖွယ် ရှိပါတယ်၊ ဒါမှမဟုတ် အဲဒါရဲ့ ပြောင်းပြန် လည်း ဖြစ်နိုင်ပါတယ်။
သင်တန်းဆင်းချိန်ရောက်ရင်တော့ သူတို့ရဲ့ တာဝန်ပိုင်းနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှု သေချာပေါက် ရှိလာမယ်လို့ ယူဆပါတယ်။
Irrawaddy








အပြည့်အစုံသို့ »

ဘုရင့်နောင်ပွဲရုံ ရွှေ့ပြောင်းမည် ဆိုသည့်သတင်း မဟုတ်မှန်၊ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျရေး ယာဉ်ရပ်နားကွင်းတစ်ခု ထပ်မံတည်ဆောက်ရန်သာ တင်ပြထားဟုဆို

ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ယာဉ်ကြော ပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နီလာ)

လတ်တလော ထွက်ပေါ်နေသည့် ဘုရင့်နောင်ပွဲရုံဝင်းအား ရွှေ့ပြောင်းမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဘုရင့်နောင်အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းဝင်းအား မည်သည့်နေရာကိုမျှ ရွှေ့ပြောင်းမည် မဟုတ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့၊ ဥက္ကဋ္ဌ ဦးခင်ဟန်က အောက်တိုဘာ ၂၆ ရက်က အတည်ပြု ပြောကြားခဲ့သည်။

"လတ်တလော သတင်းတွေ ထွက်နေတဲ့ ဘုရင့်နောင်ဝင်းကြီးကို လှည်းကူးဘက်ကို ပြောင်းရွှေ့မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဒီဝင်းကြီးမှာ ပွဲရုံအလုံးပေါင်း ၁၀၀၀ ကျော်နဲ့ တစ်နိုင်ငံလုံးက ကုန်စည်စီးဆင်းမှုရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဝင်းကို လွယ်လင့်တကူ ပြောင်းတာရွှေ့တာ လုပ်လို့မရပါဘူး။ ၀င်းထဲမှာ ကားကြီးတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားတဲ့အတွက် ယာဉ်ရပ်နားစခန်းတစ်ခု ထပ်ပြီး တည်ဆောက်ပေးဖို့ တင်ပြထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီဝင်းကို လုံးဝပြောင်းရွှေ့မှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။

ဘုရင့်နောင် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသဖြင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရေးအတွက် JICA မှ ကူညီမည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

"ဘုရင့်နောင်ဝင်းထဲမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကားပိတ်တာတွေ လျော့ကျစေဖို့ JICA က ကူညီမယ်ဆိုပြီး ကျွန်တော်တို့ အသင်းနဲ့ လာဆွေးနွေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ၀င်းထဲမှာ ကားရပ်နားစရာနေရာ အခက်အခဲက ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွား စေတဲ့အတွက် ကားရပ်နားကွင်းတစ်ခု ထပ်မံတည်ဆောက်ဖို့ကို တင်ပြခဲ့တယ်။ အဲဒီနေရာသုံးခုက အမှတ်-၃လမ်းမကြီးနဲ့ ခရေပင် လမ်းထောင့်ကနေရာ၊ ရွှေပြည်သာ စက်မှုဇုန်က တာယာစက်ရုံဟောင်းကြီးဘေးက မြေကွက်ရယ်၊ ထောက်ကြန့်က သစ်လုံးတွေ ပုံထားတဲ့ ၀င်းနေရာရယ်၊ အဲဒီနေရာသုံးခု ကိုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ JICA က လူတွေက ဘာမှမပြောခဲ့ သေးပါဘူး"ဟု အဆိုပါ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။

ဘုရင့်နောင်ပွဲရုံ ၀င်းအတွင်း ကားမျိုးစုံ အစီးရေ ၆၀၀၀နှင့် ၇၀၀၀ကြား၊ ကုန်တင်ယာဉ် အစီးရေ ၈၀၀နှင့် ၁၀၀၀ကြား နေ့စဉ် ၀င်ထွက် သွားလာလျှက်ရှိကြောင်း၊ ၀င်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အချို့ နေ့ရက်များ၌ပင် နေ့တစ်ဝက်၊ တစ်နေ့လုံးလိုလိုပင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Eleven Media Group

အပြည့်အစုံသို့ »

အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူ အသင်းကြီးများအားလုံး အနိုင်ရ


ပရီးမီးယားလိဂ်ပွဲစဉ်(၉) စနေနေ့ အစောပိုင်း ပွဲစဉ်များတွင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူစသည့် အသင်းကြီးများအားလုံး နိုင်ပွဲကိုယ်စီ ရရှိခဲ့သည်။ အာဆင်နယ် အသင်းမှာ ကွင်းလယ်လူ အာတီတာ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ ရသော်လည်း အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့သဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ မန်ယူအသင်းမှာလည်း စတုတ်စီးတီးအသင်း၏ အကြိမ်ကြိမ်ဦးဆောင်ခြင်းကို ခံခဲ့ရသော်လည်း ချေပဂိုးများ ပြန်လိုက်သွင်းကာ လူစားဝင်တိုက်စစ်မှူး ဟာနန်ဒက်ဇ်၏ ခေါင်းတိုက်ဂိုးဖြင့် အိမ်ကွင်းနိုင်ပွဲ ရယူနိုင်ခဲ့သည်။ လီဗာပူးလ်နှင့် အဲဗာတန် အသင်းတို့မှာလည်း နိုင်ပွဲများ ရရှိခဲ့သဖြင့် အစောပိုင်း ပွဲစဉ်များ အပြီးတွင် လီဗာပူးလ်က အဆင့်(၂)၊ အဲဗာတန်က အဆင့်(၃)နေရာသို့ ရောက်ရှိလာခဲ့သည်။

ပွဲရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်
အက်စတွန်ဗီလာ ၀-၂ အဲဗာတန်
လီဗာပူးလ် ၄-၁ ၀က်စ်ဘရွန်း
မန်ယူ ၃-၂ စတုတ်စီးတီး
နောဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်
ဆောက်သမ်တန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ည ၁၁ နာရီတွင်ကစားမည်)
Eleven Media Group

အပြည့်အစုံသို့ »