3D ပရင်တာဖြင့် သေနတ်အစစ် ထုတ်နိုင်ပြီ


နိုဝင်ဘာ ၁၀။

ကယ်လီဖိုးနီးယား အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး စမ်းသပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာသည်။

ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခတ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အ၀ ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။

ယခု သေနတ်သည် 3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။

အထူးသဖြင့် အဓိက အစိတ်အပိုင်းများကို သံမဏိနှင့် အခြားသတ္တုများဖြင့် ထုတ်လုပ်ထားသည်။


Solid Concepts ဟု အမည်ရသည့် ကုမ္ပဏီသည် 3D ပရင်တာနှင့်ထုတ်သော ပစ္စည်းများတွင် ကမ္ဘာ့ပထမဆုံး ၀န်ဆောင် မှုပေးနေသော အဖွဲ့ဖြစ်သည်။ သူတို့က ၁၉၁၁ လက်ကိုင်သေနတ်သည် ဈေးချိုမည် မဟုတ်ဟု ဆို၏။

ကုမ္ပဏီမှ ဒုတိယဥက္ကဌ ကန့်ဖိုင်းယားစတုန်းက 3D ပရင်တာထုတ် ပစ္စည်းများ လက်တွေ့ဆန်ပြီး အသုံးချနိုင်စွမ်းမြင့်ရန် ကြိုးပမ်းနေကြောင်း၊ သူတို့၏ ထုတ်လုပ်မှုအတွက် လူထု၏ အမြင်များ ပြောင်းလဲလာအောင် ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ဆိုသည်။

ဖိုင်းယားစတုန်းက သူတို့၏ အင်ဂျင်နီယာများသည် 3D ပရင်တာ နည်းပညာတွင် ကျွမ်းကျင်သူများဖြစ်ပြီး၊ ယခုကဲ့သို့ သော လုပ်ငန်းများနှင့် အသင့်တော်ဆုံး သူများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် 3D ပရင်တာဖြင့် ထုတ်သော သေနတ်များ ထွက်နေသော်လည်း သတ္တုဖြစ်ပစ္စည်းများ မဟုတ်သလို အသုံးပြုခွင့်၊ ရောင်းချခွင့်များ ပိတ်ထားကြောင်း သူက ဆိုသည်။

ယခုနှစ် နှစ်ဆန်းပိုင်းက လူတိုင်း ကိုယ်တိုင် ထုတ်လုပ်နိုင်သည့် တစ်ချက်ပစ် သေနတ်လုပ်နည်း ကွန်ပျူတာဖိုင်များကို Defence Distributed ၀က်ဘ်ဆိုက် Open-source အဖြစ် တင်ခဲ့ရာ download ချသည့် အကြိမ်အရေအတွက် တစ်သိန်း ကျော်ခဲ့ရှိခဲ့သည်။

ပြီးခဲ့သည့် မေလတွင် ပြည်ထဲရေးဝန်ကြီးက သေနတ်ထုတ်သည့် အသေးစိတ်ပုံစံကို အင်တာနက်မှ ဖယ်ရှားခဲ့သော်လည်း သုံးစွဲသူများက အခြားသော ဖိုင်ဝေမျှသည့် ဆိုက်များမှ တင်နိုင်သေးသည်ဟု တုန့်ပြန်ထား ကြသည်။

ယခု Solid Concepts ကုမ္ပဏီကမူ သူတို့၏ စနစ်သည် တရားဝင်ဖြစ်ကြောင်း၊ သူတို့သည် 3D ပရင်တာ ၀န်ဆောင်မှု ပေးနိုင်သော ဗဟိုစစ်လက်နက်လိုင်စင် ကိုင်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ဆိုသည်။

Ref: AFP
The Myanma Age

အပြည့်အစုံသို့ »

ရှောက်သီးမှ ပေးစွမ်းနိုင်သော အလှအပဆိုင်ရာ အာနိသင်များ


ရှောက်သီးကို အလှအပအတွက် သဘာဝ အိမ်သုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၁) ဆံသားတောက်ပြောင်စေတယ်

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်တယ်

ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။

(၃) လက်သည်းဖြူစေတယ်

လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။

(၄) ချွေးနံ့ပျောက်စေတယ်

ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

(၅) တင်းတိပ်တွေကို ဖယ်ရှားပေးတယ်

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီး အစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးတယ်

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ ရှောက်ရည်တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေးအဖြစ် အသုံးပြုပါ။

(၇) ဗောက်ပျောက်စေတယ်

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၈) ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်တယ်

ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
By Good Health

အပြည့်အစုံသို့ »

ချဉ်ပေါင်ဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ချဉ်ပေါင်ဖူးကို ထောင်းပြီး စားတာ၊ ချက်ပြီး စားတာ စသဖြင့် အမျိုးမျိုး ဟင်းလျာပြင်ဆင်ကာ စားလေ့ ရှိကြပါတယ်။ ချဉ်ပေါင်ဖူးကို လတ်လတ်ဆတ်ဆတ် စားတာက ခြောက်အောင်ထားပြီး စားတာထက် အင်တီအောက်ဆီးဒင့် ပမာဏ ပိုများတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး ပိုများတယ်လို့လည်း လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကိုလည်း လေ့လာမှုတွေအရ သိရပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ကီဘန်စန်း မလေးရှားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ချဉ်ပေါင်ဖူးမှာ HCA (hydroxycitric acid) လို့ ခေါ်တဲ့ သြဂဲနစ် အက်စစ်ပမာဏ များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီး သုံးနေကြောင်း ဆိုပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် အန်သိုဆိုင်ယာနင် နှစ်မျိုးစလုံး များစွာ ပါဝင်ပါတယ်။

ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အင်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်တဲ့ အဆင့်ကို တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ ချဉ်ပေါင်ဖူးကို သွေးတိုးတာကို ထိန်းချုပ်နိုင်ဖို့လိုမျိုး ကောင်းကျိုးတွေ ရရှိဖို့အတွက် အသုံးပြုလာကြပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ၊ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။

ဗီတာမင်စီကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ဗီတာမင်စီကြောင့် အနာကျက်စေပါတယ်၊ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ သွားဖုံးကို ကျန်းမာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်၊ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက်စေပါတယ်၊ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကနေ ကာကွယ်ပေးပါတယ်၊ အိုမင်းမှုဖြစ်နှုန်းကို လျှော့ချပေးပါတယ်၊ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်၊ သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်၊ အဆုတ်ကို ကျန်းမာစေပါတယ်၊ မကြာခဏ အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ မကြာခဏ ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကယ်လ်စီယမ်ကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်၊ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်၊ ကြွက်သား လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်၊ သွေးခဲအောင် လှုံ့ဆော်ပေးပါတယ်၊ ခြေထောက်နဲ့ လက်ထုံကျဉ်မှု လျော့ပါးစေပါတယ်၊ အရိုးပုံပျက်နိုင်ခြေ သက်သာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်ခြင်း

လေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးဟာ သွေးတိုးတာကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ချဉ်ပေါင်ဖူးဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးစေးပျစ်မှု လျော့ကျစေကာ ဆီးသွားများစေတဲ့ အစွမ်းရှိလို့ပါ။ တခြားလေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးမှာပါတဲ့ အန်သိုဆိုင်ယာနင်က ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ် ဟန့်တားနိုင်ကြောင်း သိရပါတယ်။

ကြယ်စင်
Ref: Good Health

အပြည့်အစုံသို့ »

ဖိလစ်ပိုင် မုန်တိုင်း အနည်း ဆုံး လူ ၁၂၀၀၀ အထိ သေဆုံး


ဖိလစ်ပိုင် နိုင်ငံ တွင် တိုင်ဖွန်း ဟိုင်ဟန် မုန်တိုင်း ဒဏ် ကြောင့် လူ တစ်သောင်း
နှစ်ထောင် အထိ သေဆုံး သည် ဟု ဖိလစ်ပိုင် အစိုးရ က တရားဝင် သတင်း ထုတ် ပြန်
သည်။

ထို သို့  သေဆုံး မှု သည် တခ်လိုဘန် မြို့  ရှိသည့်
ကျွန်းတွင် ဖြစ် ကြောင်း ဒေသန္တရ အာဏာ ပိုင် များ က ပြော ကြား မှု ကို ကိုကား
ပြီး ဖိလစ် ပိုင် သမ္မတ ဘင်နီနို နီနွိုင် အကွီ နို က ပြောသည်။

မနီလာ မှ လာသည့် သတင်း ရင်း မြစ် ကို ကိုးကား ပြီး Fox သတင်း ရုပ်သံ က “
သွပ် ပြား တွေ လွင့် လာ တာ ကြောင့် ခန္တာ ကိုယ်ထိခိုက် သေတဲ့ လူတွေ လို မျိုး
တိုက်ရိုက် သဘ၀ ဘေးဒဏ် ကြောင့် ကို လူ တစ်သောင်းနီး ပါး သေဆုံး ပါတယ်
လို့  ထုတ် လွှင့် သွား ပါတယ်။

မုန်တိုင်း ဖြတ် ကျော် တိုက်ခတ်  ခဲ့ သည့် လာတီးယက် ခရိုင် တွင် တစ်မြို့ လုံးနီး ပါး ပျက်စီး ခဲ့
ပြီး လမ်းပေါ် တွင် တွေ့ ရသည့် အလောင်းများ မှာ ခြေလက် ပြတ် တောက်မှု များ
နှင့် မမှတ် မိ နိုင် လောက် တော့ အောင် ပျက်စီး မှု များ ဖြစ် နေ သည် ဟု ခရိုင် ရဲ
မှုး က AP သတင်း ကို ပြောသည်။

တစ်နာရီလျှင် လေတိုက် နှုန်း ၃၁၅ ကီလိုမီတာ( ၁၉၅ မိုင်) ထိ ပြင်း အား ရှိသည့် တိုင်ဖုန်း
ဟိုင်ယန်း သည် ဖိလစ်ပိုင် နိုင်ငံ ကို ဖြတ် ကျော် ၀င်ရောက်  ပြီး နောက် မုန် တိုင်း သည်
ဗီယက်နမ် နိုင်ငံ ထဲသို့  ဆက် လက် ၀င်ရောက် လျှက် ရှိသည်။

freedomnewsgroup






အပြည့်အစုံသို့ »

ရွှေ အစစ်ဖြင့်လုပ်သော iPad နောက်ဆုံးထွက်များ မှာယူနိုင်


Apple က ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ Mini 2 ထွက်မယ်လို့ သတင်း ကြီးပြီးခါမှ ရွှေဗားရှင်း ပါမလာခဲ့ပါဘူး။

ဒီတော့ ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ iPad Mini Retina ဗားရှင်း ကို ဗြိတိန် အခြေဆိုက် Goldgenie က ဖန်တီးပေးလိုက် ပါတယ်။ 24ct အရည်အသွေးရှိတဲ့ ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Wi-Fi + 4G Sim Free ဗားရှင်း ဖြစ်ပါတယ်။

iPad Air – 16 GB ဗားရှင်းအတွက် ဗြိတိန်ပေါင် 1386 , 128 GB GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1825 ဆိုပြီး ဈေးနှုန်း သတ်မှတ် ထားပါတယ်။

iPad mini with Retina Display ကိုတော့ 16 GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1377,  128 ဗားရှင်းအတွက် ဗြိတိန်ပေါင် 1777 အစရှိသဖြင့် ဈေးနှုန်း သတ်မှတ် ထားပါတယ်။

ရွှေဗားရှင်းရယ်လို့ မဟုတ်ပဲ၊ ပလက်တီနမ်နဲ့ပါ မှာယူသူရှိရင် ပြုလုပ် ဖန်တီးပေးကြောင်း ဆိုပါတယ်။ အော်ဒါမှာယူလိုသူများ www.goldgenie.com မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

အပြည့်အစုံသို့ »

တိုင်းဖွန်း မုန်တိုင်း ကြောင့် လူ တစ်ထောင် ကျော် သေ (photo news)


နောက်ဆုံး ရရှိသည့် သတင်း များ အရ ဖိလစ်ပိုင် နိုင်ငံ တွင် အင်အား ပြင်းထန်သည့်
တိုက် ဖွန်း မုန်တိုင်း ကြောင့် လူ တစ်ထောင် ကျော် သေဆုံး သည် ဟု ဖိလစ် ပိုင် အစိုးရ
သတင်း ထုတ် ပြန်မှု ကို ကိုကား ပြီး Fox သတင်း တွင် ဖော် ပြထား သည်။

တစ်နာရီ လျှင် လေတိုက်နှုန်း မိုင် ၁၉၀ ကျော် ဖြင့် ဖိလစ်ပိုင် နိုင်ငံ ထဲ သို့  ၀င်ရောက် တိုက် ခတ်
သည့် မုန်တိုင်း ဟိုင်ယန် ကြောင့် မြို့  တစ် မြို့  ထဲ မှာ ပင် အနည်း ဆုံး လူ ၁၅၀ ကျော် သေဆုံး ခဲ့
ရသည် ဟု မနီလာ မှ လာသည့် AFP  သတင်း တွင် ဖော် ပြထားသည်။

ရေကြီး ၊ မြေပြို မှု များ ကြောင့် ဆီဘူး မြို့  တွင် လည်း လူ ၁၀၀ ခန့်  ပျောက်ဆုံး နေသည်။

တစ်နာရီလျှင် လေတိုက် နှုန်း ၃၁၅ ကီလိုမီတာ( ၁၉၅ မိုင်) ထိ ပြင်း အား ရှိသည့် တိုင်ဖုန်း
ဟိုင်ယန်း သည် ဖိလစ်ပိုင် နိုင်ငံ ကို ဖြတ် ကျော် ၀င်ရောက်  ပြီး နောက် မုန် တိုင်း သည်
ဗီယက်နမ် နိုင်ငံ ထဲသို့  ဆက် လက် ၀င်ရောက် လျှက် ရှိသည်။
မုန်တိုင်း အရှိ န် ကြောင့် မြန်မာ နိုင်ငံ အရှေ့ ဘက် ခြမ်း တွင် မိုးသည်း ထန် စွာ ရွာ သွန်း နိုင်သည်။

မုန်တိုင်း ၏ အကျယ် သည် ၁၁၅၀ မိုင် ထိ ရှိကာ ရာစု နှစ် တစ်ခု လုံး အပြင်း ထန် ဆုံး မုန် တိုင်း ဖြစ်သည်။

ဟိုင်းယန် မုန်တိုင်း သည် ၂၀၀၆ ခုနှစ် က ဖြစ်ပွားခဲ့သည့် စုနမိ သဘာဝ ဘေးဒဏ် လို ပင် ဆိုးရွား
သည် ဟု ဆီဘူး မြို့  က ကယ်ဆယ် ရေး အဖွဲ့  ၀င် တစ်ဦး က CNN ကို ပြောသည်။

Typhoon, Haiyan
































အပြည့်အစုံသို့ »

ပြည်ထောင်စုလွှတ်တော် နာယက မန္တလေးမြို့ ဒေသခံများနှင့် တွေ့ဆုံ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီတို့မှာ ရန်သူမဟုတ်ဘဲ မိတ်ဖက်များသာဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

နိုဝင်ဘာ ၉ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း မန္တလေးမြို့ခံများနှင့် တွေ့ဆုံစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မန္တလေးမြို့ ဒေသခံများ နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးရဲမြင့် အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူများအား ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်လို့ ဒီနေ့ကျွန်တော်တို့နိုင်ငံက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး ဖြစ်လာတယ်။ ဒီဟာ မရှိလို့ မဖြစ်ဘူး။ ဒီလိုဖြစ်ဖို့ဆိုတဲ့ နေရာမှာ ခုနက အာဏာကိုတော့ ခင်ဗျားတို့ ယူတော့ဗျာ။ ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်တော့ဆိုတဲ့ အခါမှာ လွှဲပေးရမယ့်သူက စိုးရိမ်စိတ် ရှိကြလိမ့်မယ်။ ဒါကြောင့်မို့လို့ သူများနိုင်ငံတွေ မလွှဲပေးတာပေါ့။ စစ်တွေဖြစ်နေ ကြတာပေါ့။ အာဏာလေ။ အာဏာကို တစ်ဖက်ကရတော့ တစ်ဖက်ကနေ အာဏာရတဲ့ အခါမှာ ချပစ်မယ်၊ နှက်ပစ်မယ်၊ တစ်ခုခု လုပ်ပစ်မယ်ဆိုတဲ့ အရင်သူတွေ ဘယ်လိုဖြစ်နေလဲ။ စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ခဲ့ပေမယ့် ခုနက အခြေအနေပေါ် မူတည်ပြီး မအောင်မြင်တာဘဲ ရှိမယ်။ အဲဒီလိုဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလောက်ထည့်တယ်ဆိုတာ အဲဒီအတွက်ပဲ။ ဘာကြောင့်လဲ၊ လုံခြုံအောင်၊ စိတ်ချအောင်။ ကျွန်တော်တို့တစ်တွေ လွှတ်တော်ထဲမှာလည်း ဆွေးနွေးပါတယ်။ အချိန်တန်ရင်တော့ သူ့နေရာသူ ပြန်ကြရမှာပေါ့။ အချိန်တန်ရင် ဆိုတာက ဒီနေ့ အချိန်တန်ပြီလား။ မတန်ဘူးလားဆိုတာ ကျွန်တော်တို့ ပြန်စဉ်းစားရမယ်။ အဲဒီ စဉ်းစားချက်တွေက မှန်မှန်ကန်ကန် စဉ်းစားနိုင်မှ ဖြစ်မယ်။ အရေးကြီးတာက ကျွန်တော်တို့တစ်တွေ ပါတီစုံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ မှန်မှန်နဲ့ ထိထိရောက်ရောက် အောင်မြင်သွားဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဆန္ဒတွေစောပြီး လုပ်တဲ့အခါကျရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာပဲ ဆိုတဲ့နေရာမှာ တချို့ပြောနေကြတာက အရပ်စကားပါ။ နောက်ကြောင်းပြန်မှာလည်း ကြောက်တယ်တဲ့။ ဒါဆို ဘာသဘောလဲ။ ပြီးတဲ့အခါ နောက်ကြောင်းလှန်မှာလဲ ကြောက်တယ်တဲ့။ ဒီနှစ်ခုကြားမှာ စဉ်းစားပြီး နောက်ကြောင်းက ဘယ်သူပြန်နိုင်လဲ၊ နောက်ကြောင်းက ဘယ်သူလှန်နိုင်သလဲ။ ဒါစဉ်းစားပြီးတဲ့ အခါမှာ ကျွန်တော်တို့သွားမယ့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် စစ်မှန်သောဆိုတာ ဘာလဲမေးမယ်။ သူ့နိုင်ငံ သူ့အခြေအနေနဲ့ လျော်ညီတာပဲ။ သူ့နိုင်ငံအတွက် ကောင်းတာဖြစ်မယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း ကောင်းတဲ့ကျင့်သုံးမှုပဲ လိုတယ်။ ဘာလို့ ကျွန်တော်ဒီလို တင်ပြရလဲဆိုတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ဒီထဲမှာ ထိုင်နေကြတဲ့ ပုဂ္ဂိုလ်အသီးသီးက ကိုယ့်နိုင်ငံ တိုးတက်ချင်ကြတာပဲ။ ကိုယ့်နိုင်ငံ ကိုယ်ချစ်ကြတာပဲ။ အဲဒီလို ချစ်တဲ့နေရာမှာ ချစ်တတ်ဖို့ လိုတယ်။ တိုးတက်ဖို့ဆိုရင် တိုးတက်အောင် လုပ်နိုင်ဖို့ လိုတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ ခံယူချက်က နိုင်ငံတိုးတက် ဖွံ့ဖြိုးအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ လိုတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ လိုတယ်။ ပြောရမယ်ဆိုရင် ဒီနေ့ NLD ပါတီနဲ့  ပြည်ခိုင်ဖြိုးပါတီနဲ့ ရန်သူမဟုတ်ဘူး NDF နဲ့ NLD လည်း ရန်သူမဟုတ်ဘူး။ အရင်တုန်းက ဘယ်လိုရှိခဲ့ရှိခဲ့ ကျွန်တော်တို့က ရန်သူမဟုတ်ဘူး။ မိတ်ဖက်တွေ။ ဘယ်အတွက်လဲ တိုင်းပြည်အတွက်။ အတိတ်က သင်ခန်းစာက ကျွန်တော်တို့က ရန်တွေဖြစ်ခဲ့ကြတယ်။ ရွေးကောက်ပွဲမှာ ပြိုင်၊ နိုင်တဲ့သူလုပ်၊ တရားသဖြင့် ပြိုင်၊ နိုင်တဲ့သူလုပ်၊ For the People, By the People, Of the People ပါပဲ" ဟု ပြောကြားသည်။
ထို့ပြင် ဒေသခံများက တင်ပြသည့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေဆိုင်ရာ ပြင်ဆင်ပေးစေလိုသည့် အချက်များနှင့် ဒေသဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်း ပေးခဲ့သည်။
Eleven Media Group

အပြည့်အစုံသို့ »