ရွှေလီ၌ပျံ့နှံ့နေသည့် တရုတ်အမျိုးသားနှင့် လက်ထပ်နိုင်ရန် ချိတ်ဆက်ပေး သူအား ဆုကြေးပေးမည့် စာရွက်ကိစ္စ တရုတ်အစိုးရထံ မေးမြန်းကန့် ကွက်မည်


တရုတ်နယ်စပ် ရွှေလီ၌ အိမ် ထောင်ရေး မိတ်ဆက်ပေးခြင်း ဆိုသော စာရွက် ပျံ့နှံ့နေမှုကို လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရုတ်အာ ဏာပိုင်တို့ထံဆက် သွယ်မေးမြန်း၍ ကန့် ကွက်သွားမည်ဟု¤င်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားထားပြီး ကြေညာစာ၏ ဆိုလိုရင်းမှာ တရုတ် နိုင်ငံသားနှင့် ထိမ်းမြားရန်နှင့် ချိတ် ဆက်ပေးသူကို ယွမ် ၃ဝဝဝ (မြန်မာ ငွေကျပ် ၅ သိန်းနီးပါးခန့်) ချီးမြှင့်မည် ဟု ဖော်ပြထားခြင်းဖြစ်သည်။

”ဒီလိုမျိုးတွေကို တရုတ်အစိုးရက တရားဝင်ခွင့်ပြုထားတယ်လို့တော့ မကြားမိပါဘူး။ တရုတ်အာဏာပိုင်တွေ နဲ့ လည်း အမြဲပဲအဆက်အသွယ်ရှိနေတာ ပါ။ ဒီကိစ္စကို မေးမြန်းသွားမယ်”ဟု ၄င်း က ဆိုသည်။

ကြေညာစာရွက်တွင် ထိုသို့ ရေး သားထားမှုကပင် ဥပဒေမဲ့ လုပ်ရပ်ဖြစ် ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ နှင့် ငြိစွန်းနေကြောင်း ထိုစာရွက်တစ်ရွက် တည်းနှင့် လူကုန် ကူးမှု မြောက်သည်ဟု မစွပ်စွဲနိုင်သော်လည်း ယင်းကိစ္စမှာ သတိထားရမည့် အချက်တစ်ချက်ဖြစ် သည်ဟု ဒုတိယရဲမှူးကြီးက ပေါ်ပြူလာ နယူးစ်သို့ ဆက်ပြောသည်။

ပြည်တွင်းရှိ လူကုန်ကူးမှုများ၏ ၉ဝ ရာခိုင်နှုန်းခန့်က တရုတ်ဘက်သို့ ဦးတည်နေပြီး အလုပ်ခိုင်းစေရန်ထက် သားမယားအဖြစ်ပေါင်းသင်းရန်က များ နေကြောင်း ရဲတပ် ဖွဲ့က ထုတ်ပြန်ကာ အသိပေးထားခဲ့ပြီး ဖြစ်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန်းဒုက္ခသည်စခန်းမှ ဒုတာဝန်ခံ ကိုနော်ဂျာက ”ခုဆိုရင် တရုတ်ဘက်မှာ အဓမ္မထိမ်းမြားမှုတွေ များလာတဲ့အ တွက် အလုပ်လုပ်ဖို့ အမျိုးသမီးတွေက သွားချင်တယ်ဆိုရင်တောင် မနည်းကို စိစစ်မေးမြန်းနေရတယ်။ ဒီမှာတောင် လေးယောက်က အဓမ္မထိမ်းမြားခြင်းခံခဲ့ ရတယ်”ဟု ပြောသည်။

၂ဝဝ၈ ခုနှစ်ကစကာ ယနေ့အထိ မြန်မာက တရုတ်ဘက်နှင့် ပူးပေါင်း၍ မူဆယ်၊ လွယ်ဂျယ်နှင့် လောက်ကိုင်တို့ တွင်နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးရုံးများ ဖွင့်လှစ်၍ လူကုန်ကူးမှုရပ်အောင် တား ဆီးခဲ့သည်။ ၂ဝ၁၂ တစ်နှစ်တည်းအတွင်း၌ အဓမ္မထိမ်းမြားမှု ၇၉ မှုကို အရေးယူ ကိုင်တွယ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ် ပြန်ထားဖူးသည်။

Popular Myanmar News Journal

အပြည့်အစုံသို့ »

မေမြတ်မွန် ဗီဒီယိုများ - Vidoes of May Myat Mon




သီချင်းဆို၊ ကာရာအိုကေ ဆိုတာကို ရုပ်သံရိုက်ပြီး အင်တာနက်မှာ တင်လိုက်ရင် တခြားမြို့ တခြားနိုင်ငံက မိတ်ဆွေတွေ ကြည့်နိုင် အားပေးနိုင်ပါတယ်။

အပျော်တမ်း ဆိုကြပေမယ့် တချို့က တော်တော်လေး အရည်အသွေး ပြနိုင်သူတွေပါ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ရဲ့ သီချင်းတွေကို လူကြည့်များနေပါတယ် အခုရက်ပိုင်း။

သီချင်းတပုဒ်မှာတော့ သူအမည်က မေမြတ်မွန် ဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ထားပေးပါတယ်။ သူ့အကြောင်းလည်း အကျဉ်းချုပ် မိတ်ဆက်ရာမှာ အိမ်ထောင်ဘက်နဲ့ သားနဲ့ ခွဲခွာခဲ့ရသူဖြစ်တယ်၊ သြစတေးလျမှာနေတယ်လို့ ဆိုပါတယ်။
"သားလေးကိုလည်း သူနဲ့ ပေးခဲ့ပါတယ်" တဲ့။
ခံစားချက်တွေကို သီချင်းလေးနဲ့ ပုံဖော်ထားပါတယ် တဲ့။ ခံစားချက်ကို သီချင်းနဲ့ ဖွင့်ချ၊ အွန်လိုင်းတင်တဲ့နည်းနဲ့ စိတ်ဖြေနေတာလည်း ဖြစ်နိုင်ပါတယ်။

အွန်လိုင်း တင်ထားတဲ့ နှစ်ပုဒ်သုံးပုဒ်ထဲမှာ မင်းချစ်သူရေးတဲ့ သီချင်း ရှင်နော်  ကို သူ ဆိုထားတာ  တော်တော်လေး ကောင်းပါတယ်။ ရှင်နော်ရဲ့ မူရင်းအဆိုတော်က တွင်ကယ်လ် ဖြစ်ပါလိမ့်မယ်။ Facebook မှာတော့ တယောက်က မေမြတ်မွန် ဆိုတာ "အရမ်းကောင်းပါတယ် ခံစားချက်အပြည့်နဲ့ဆိုထားတာ" လို့ မှတ်ချက်ပြုပါတယ်။

လူကြည့်များနေရခြင်းအကြောင်းရင်းက အဆိုကောင်းလွန်းလို့တော့ ဟုတ်ဟန် မတူပါဘူး။ လည်ပင်းဟိုက်လွန်းတဲ့အင်္ကျီဝတ်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်။

ဒီအတိုင်းဆိုရင် သူ့ရဲ့ ရုပ်သံသစ်တွေ ထပ်ထွက်လာနိုင်ပါသေးတယ်။

အွန်လိုင်းမှာ သူ့ရုပ်သံကို ကြည့်ရသူတွေထဲက အများအပြားက မှတ်ချက်မျိုးစုံ ပေးထားကြပါတယ်။ အများစုကတော့ သူ့ ဝတ်စားဆင်ယင်မှုကို အပြင်းအထန် ဝေဖန်ထားကြတာပါ။ သူ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတာကိုလည်း ခန့်မှန်းသူလည်း မနည်းလှပါ။

အခုတလော အင်တာနက်မှာ လူကြည့်အများဆုံးရုပ်သံထဲ ပါဝင်တယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။






မေမြတ်မွန်ရဲ့ မှုန်ရွှေရီ


မေမြတ်မွန် မင်္ဂလာဆောင်ကို သွားနေပြီ



ထပ်မံ ဖြည့်စွက်ချက်

အခု ထပ်မံ ပေါ်ပေါက်လာတဲ့ ပို့စ်အဟောင်း တခုမှာတော့ ပိုမိုသင့်တော်စွာ ၀တ်စားရိုက်ကူးထားတဲ့ ရုပ်သံတခုကို တွေ့ရပါတယ်။
ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။




Irrawaddy

အပြည့်အစုံသို့ »

တယ်လီဖုန်းလိုင်း မကောင်းတာကို သည်းခံတော်မူကြပါတဲ့


အခုတလော မြန်မာပြည်မှာ တယ်လီဖုန်းတွေဆက်ရတာ အဆင်မပြေဘူး။ တခါတခါ ဖုန်းပြောနေရင်းက လိုင်းကျသွား တတ်တယ်။ ခေါ်ရင်လည်း ဖုန်းနံပတ် တခုကို အနည်းဆုံး ၂ ခါ၊ ၃ ခါလောက် ခေါ်နေရတယ်။ ဒါတောင် လူကြီးမင်းနဲ့ တွေ့ ရင်တွေ့မတွေ့ရင် အလုပ်များနေတတ်ပြန်တယ်။

တယ်လီဖုန်းနဲ့ အင်တာနက် သုံးရတာ က လည်း အဆင်မပြေဖြစ်နေတာ တွေ ဆက်တိုက်ကြုံတွေ့နေ ရ တာပါ။

ပြောရရင် အခုရက်ပိုင်း မြန်မာပြည် တယ်လီဖုန်းလိုင်းတွေ မကောင်း ဖြစ်နေတာတွေကို ဆက်သွယ်ရေး ဒုဝန်ကြီး ဖြေကြား ချက်ကို ရှမ်းပြည်နယ် သီပေါလွှတ်တော်အမတ် ဦးရဲထွန်းက အခုလို သူ့ဖေ့စ်ဘုတ်က တဆင့် တင်ပြလာပါတယ်။

“ဆက်သွယ်ရေး ဒုဝန်ကြီးဖြေကြားချက်မှာ-

ဖုံးလိုင်း မ ကောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အောက်ခြေကို မေးမြန်းကာ ကောင်းအောင်ဆောင် ရွက်ပေးမည်။ အင်တာနက်ဆက်သွယ်ရေး SEA GAME အမှီ အကောင်းဆုံးဖြစ်စေ ရန် ပြုပြင်ဆောင် ရွက်နေဆဲကာလဖြစ်၍ ခေတ္တခဏ ပြတ်တောက်ခြင်း နှေးခြင်း များဖြစ်နေအုံးမည်။ ယခုလကုန် လောက်အထိ သီးခံ စောင့်ဆိုင်းပေးပါ ဟုဆိုပါသည်။”တဲ့။

အားလုံးပဲ သည်းခံစောင့်ဆိုင်းပေးကြပါတဲ့။
Irrawaddy

အပြည့်အစုံသို့ »

အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုချက် စစ်တွေတွင် မရသေး


ဘုရားကြီးရှေ့တွင် ယမန်နေ့က အိုအိုင်စီကို ဆန္ဒပြရန် ဤသို့ စုရုံးခဲ့ကြသည်။ ( ဓါတ်ပုံ- Share Arakan News)

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြရန် ခွင့်ပြုချက် တင်ထားသော်လည်း ယခု အချိန်ထိ ခွင့်ပြုချက်မပေးသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ယခုလို ရှင်းပြသည်။

“ ခွင့်ပြုချက်တောင်းခံတဲ့စာကိုတော့ လက်ခံရရှိပါတယ်။ အခုအချိန်တော့ ခွင့်ပြုချက် မပေးသေးဘူး။”

ခွင့်ပြုချက် ပေးဖို့ အစီအစဉ်ကော ရှိပါသလားဟု ဆက်လက် မေးမြန်းရာ

“ ဒါကတော့ ကြိုမပြောနိုင်ဘူး” ဟု ယင်းက ဆိုသည်။

Facebook တွေမှာ ခွင့်ပြုပေးလိုက်ပြီလို့ သတင်းတွေ တက်နေပါတယ်ဟု ပြောကြားရာ ၎င်းရဲအရာရှိက

“ ဒါဆိုလည်း မပြောတတ်ဘူး။ ကျနော်တို့ဆီမှာတော့ ခွင့်ပြုချက်တောင်းခံတဲ့ စာဘဲ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသွားသည်။

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မှ တဆင့် စစ်တွေသို့ နိုဝင်္ဘာလ ၁၅ ရက်နေ့ နံနက်တွင် ရောက်ရှိမည် ဖြစ်ပြီး ၎င်းနေ့တွင် ဆန္ဒပြရန် ခွင့်ပြုချက် တင်ထားသည်ဟု သိရသည်။

ယမန်နေ့ကလည်း စစ်တွေမြို့ ဘုရားကြီးတွင် လူပေါင်း တစ်ထောင် နီးပါးခန့် အိုအိုင်စီကို ကန့်ကွက် ဆန္ဒပြရန် စုရုံးခဲ့ကြသော်လည်း ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြပွဲ မလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်သဖြင့် နောက်ပိုင်းတွင် ဆန္ဒပြမည့် အစီအစဉ်ကို ရပ်နားခဲ့သည်ဟု သိရသည်။
(နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃)

အပြည့်အစုံသို့ »

ဆံသားပြဿနာ အဖြေရှာနိုင်မည့် နည်းလမ်းများ


သင်ပိုင်ဆိုင် ထားတဲ့ ဆံပင်အမျိုးအ စားပေါ်မူတည်ပြီး လိုသလို ပြောင်းလဲယူ နိုင်မယ့် ဖြေရှင်းနည်းတွေကို ရေးသား လိုက်ပါတယ်။
ကောက်ကွေးလိမ်နေသော ဆံပင်
ကောက်ကွေးလိမ်ပြီး ရှုပ်ပွနေတဲ့ ဆံနွယ်တွေကြောင့် မှန်ကြည့်တိုင်း သင့် စိတ်အလိုမကျမှုတွေ ဖြစ်ပေါ်ခံစားနေရ ပါသလား။
ဘယ်လို ဖြေရှင်းမလဲခေါင်းလျှော်ပြီးတဲ့ အခါတိုင်း ဆံပင် ပေါင်းဆေး သုံးပေးပါ။ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ညှပ်ပြီး ခေါင်း လိမ်းဆီလိမ်းကာ ဆံပင်ကို သပ်ရပ်စွာ ဖီးပေးပါ။ ဆံသားနူးညံ့ ပျော့ပျောင်းစေဖို့ တစ်ပတ်တစ်ခါ ဗီတာမင် အီးကို ဆံသား အနှံ့လိမ်းပြီး ညင်သာ စွာနှိပ်နယ်ပေးပါ။

ဗောက်ထခြင်းအင်္ကျီအရောင်ရင့်ရင့် မဝတ်ရဲ လောက်အောင် သင့်ခေါင်းပေါ်က ဗောက်တွေက အနှောင့်အယှက်ပေးနေ ပါသလား။ ခေါင်းကုတ်လိုက်တိုင်း ကျ လာတဲ့ဗောက်ဖြူဖြူတွေကြောင့် လူကြား ထဲမှာ မဝံ့မရဲဖြစ်နေရပြီလား။
ဘယ်လိုဖြေရှင်းမလဲဗောက်ထလွန်းတဲ့ သင့်ဦးရေပြားကို ဖြေရှင်းဖို့က သင်သုံးတဲ့ခေါင်းလျှော် ရည်ကို ပြောင်းလဲ အသုံးပြုဖို့ပါ။ ဆီ လီနီယမ်ဆာလဖိုက် ဒါမှမဟုတ် ဇင့်ပိုင်ရီသီအုန်း ပါဝင်တဲ့ ခေါင်း လျှော်ရည်ကို တစ်ပတ် နှစ်-သုံး ကြိမ် အသုံးပြုပြီး ခေါင်းလျှော် ပါ။
ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းသင့်ဆံပင်အဖျားတွေ နှစ်ခွဖြစ်ပြီး ဆံပင်အရှည်နှေး တယ်လို့ ထင်နေပါသလား။

ဘယ်လိုဖြေရှင်းမလဲနှစ်ခွကွဲနေတဲ့ ဆံပင် အဖျားတွေကို ညှပ်ပေးပါ။ ခေါင်းလျှော်ပြီးတဲ့အခါ လေ မှုတ်စက် အသုံးပြုပြီး အခြောက်ခံပါက ဆံပင်တွေ အားလုံးခြောက်သွားတဲ့ အထိ အခြောက်မခံဘဲ မစိုမခြောက်ထားပါ။ မကြာခဏ ဆံပင်ဖြောင့်တာ၊ ကောက်တာ တွေ မလုပ်ပါနဲ့။ ဆံသားပျက်စီးနိုင်တာ ကြောင့်ပါ။ ခေါင်းလျှော်ပြီးတိုင်း ဆံသား အစိုဓာတ်ရရှိနေစေဖို့ ကွန်ဒီရှင်နာ သုံး ပေးပါ။

ဆံသားစေးကပ် ဖြစ်နေခြင်းသင့်ဆံပင်သားက အဆီများတာ ကြောင့် စေးကပ်ကပ်ဖြစ်ပြီး မှန်ကြည့် တိုင်း ဘဝင်မကျဖြစ်နေပါသလား။
ဘယ်လို ဖြေရှင်းမလဲသင့်ဆံပင်သားက ဆီများလွန်းရင် တော့ နေ့စဉ်ခေါင်းလျှော် ပေးနိုင် ပါတယ်။ ခေါင်းလျှော်တဲ့ အခါ အပျော့စားခေါင်း လျှော်ရည်နဲ့ ပေါင်းဆေးတွေကိုသာ အသုံးပြုပါ။ ခေါင်းဖြီးလွန်းပါက ဦးရေ ပြားမှာ အဆီတွေ ပိုမိုစစ်ထုတ်နိုင်တာ ကြောင့် ခဏခဏ ခေါင်းမဖြီးပါနဲ့။ ခေါင်း လိမ်းဆီကိုလည်း အနည်းငယ်သာ လိမ်း သင့်ပါတယ်။

GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

အပြည့်အစုံသို့ »

ရွှေဘိုအကျဉ်းထောင်၌ အကျဉ်းသားတစ်ဦးသေဆုံး


နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရှိ (က)အဆင့်ရွှေဘိုအကျဉ်းထောင်ကြီးတွင် အကျဉ်းကျနေသည့် အကျဉ်းသားတစ်ဦးသည် နိုဝင်ဘာလ ၁၁ရက်က သေဆုံးခဲ့သည်ဟု ထောင်ဝင်စာသွားရောက်တွေ့ခဲ့သည့် ၎င်း၏ မိသားစုဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုအကျဉ်းသားသည် နိုဝင်ဘာလ ၁၁ရက် နံနက်ပိုင်းတွင် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သောကြောင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ ထောင်ဝန်ထမ်းများက ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံ၌ပင် ဆုံးပါးခဲ့ရသည်ဟု ဆိုသည်။ ဆုံးပါးသွားသည့် အကျဉ်းသားမှာ ရွှေဘိုမြို့ ယင်းမာပင်ကျေးရွာမှ အသက် ၅၂နှစ်အရွယ် ဦးစိုးဝင်းဖြစ်သည်။

ယင်းကဲ့သို့ သေဆုံးခြင်းသည် ရောဂါဖြင့် သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရန် အကျဉ်းထောင် ဒု-ကြီးကြပ်ရေးမှူး ဦးမြင့်ဆွေက သေမှုသေခင်းဖွင့်၍ ရွှေဘိုမြို့မရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့သည်ဟု ထိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တိုးကြီး(မုံရွာ)| Mizzima - News in Burmese

အပြည့်အစုံသို့ »

ရင်တမမ ဖြစ်ရတဲ့ ဂင်းနစ်မှတ်တမ်း ပြကွက်


ကမ္ဘာ့ ဂင်းနစ်မှတ်တမ်းဝင် ဖြစ်ရပ်ဆန်း တခုပါ။ ၂၀၁၁ ခုနှစ်က အိန္ဒိယနိုင်ငံ ဘုံဘေ ( မွန်ဘိုင်း) မြို့မှာ မှတ်တမ်း ဆုပေး သူတွေက Kishan Valaiah Ayula ဆိုသူက အသွားထက်တဲ့ ဓား ၂၂ ချောင်းကို မြို ပြရာမှ ကမ္ဘာ့ အများဆုံး ဓားတွေကို မြို ပြသူအဖြစ် ဂင်းနစ်မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။

ဂင်းနစ်မှတ်တမ်းတင်ရေးအဖွဲ့က တာဝန်ရှိသူ Kris Teufel က ဓားတွေကို မြို မပြခင်မှာ ဓားတွေ ဘယ်လောက် ထက်သလဲ ဆိုတာကို သခွားသီးကို စမ်းပြီး လှီးကြည့်ပြီး စစ်ဆေးခဲ့ပါတယ်တဲ့။

အခု ဂင်းနစ်မှတ်တမ်းတင် ဂုဏ်ပြုပွဲမှာ ဓားမြိုချသူရဲ့ ပြကွက်ကို ကြည့်နေစဉ်မှာ မိသားစုဝင်တွေရဲ့ စိုးရိမ်မှုမျက်ရည်တွေ ကိုလည်း မြင်ရမှာဖြစ်ပြီး ဓားတွေ ကို ပါးစပ်ထဲက ဆွဲထုတ်ပြီးသည်အထိ ရင် တထိပ်ထိပ်နဲ့ ကြည့်ကြရမှာပါ။

ကမ္ဘာ့ဂင်းနစ်မှတ်တမ်း ကြေညာလိုက်ချိန်မှာတော့ ရင်တမမ ခံစားမှုတွေ ပြေလျော့သွားပါလိမ့်မယ်။

Irrawaddy

အပြည့်အစုံသို့ »