ဘဝမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစားရသူတွေနဲ့ တွေ့ဆုံတဲ့အခါ မိမိကိုယ်မိမိ ယုံကြည်ရှိစေဖို့ နည်းလမ်း


ဘဝမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစားရသူတွေနဲ့ တွေ့ဆုံတဲ့အခါ
မိမိကိုယ်မိမိ ယုံကြည်ရှိစေဖို့ နည်းလမ်းတချို့ကတော့

(၁) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှု နည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်
မလှမပ မတင့်မတယ် ဖြစ်တာ၊ နောင်တရခဲ့ရတာ စတဲ့ မချင့်မရဲ ဖြစ်ခဲ့ရသမျှ စာရွက်တ
ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက်၊ စာရွက်နဲ့ မျက်ရည်သုတ်ပစ်ပြီး အားရအောင် စုတ်ဖြဲပစ်
လိုက်ပါ၊ အားလုံးကို စာရွက်ထဲမှာ မေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့် အချက်
တွေကို သတ်မှတ်လုပ်ဆောင်ပါ။

(၂) မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ် နားလည်ပေးနိုင်သူနဲ့ ဆွေး
နွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှု တိုးစေပါတယ်။

(၃) လူဆိုတာ အမှားနဲ့ ကင်းတာမှ မရှိတာ၊ ဒါကြောင့် အမှားတွေပေါ်မှာပဲ ယူကြုံးမရ
ဖြစ်ပြီး သိမ်ငယ်မနေပါနဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး ရှေ့ချီတက်ပါ။

(၄) သင့်ရဲ့ အောင်မြင်ခဲ့မှုတွေကို အဓိပ္ပါယ်ရှိရှိ သတ်မှတ်ပါ၊ လူဆိုတာက တနေရာ
မဟုတ် တနေရာ ထူးချွန်တာချည်းပါပဲ။ တချို့က အားကစားမှာ တော်တယ်၊ တချို့
က အနုပညာမှာ တော်တယ်၊ တချို့က စာပေဗဟုသုတ ကောင်းတယ် စသဖြင့် မိမိ
ကိုယ်မိမိ သတ်မှတ်ပြီး အားရကျေနပ်မှု ယူပါ။

(၅) မိမိမှာ ရှိတာတွေကို ကံအရ ဖြစ်ဖြစ်၊ ဘုရားသခင်က ပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်
လိုက်ပါ။ ပြည့်စုံတဲ့ မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနား အိမ် ကြီးမှာ နေရတာစသဖြင့် ဘဝမှာ လူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ။

(၆) အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ပြော
ဆိုခြင်းမှ ရှောင်ကြဉ်ပါ။ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ။

(၇) တပါးသူရဲ့ ချီးမွမ်းတာကို ချီးမွမ်းခံရဲပြီး အပြုံးနဲ့ ကျေးဇူးတင်ကြောင်း တုံ့ပြန်ပါ။

(၈) နေ့စဉ် မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်မျက်နှာကို ကြည့်ပြီး စိတ်ပါပါ ပြုံးကြည့်ပါ။

(၉) အယောင်ဆောင် ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ပါးပါး လုပ်ရပ်မျိုးကို တပါး
သူကို ပျော်ရွှင်အောင် စပါ။ မိမိလည်း ပျော်ရွှင်လာပြီး ယုံကြည်မှု တိုးလာပါလိမ့်မယ်။

(၁၀) မိမိရဲ့ စံနမူနာ အလေ့အထ ကောင်းသော အလေ့အကျင့်တွေကို လိုက်နာပါ၊
ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့်….
ကိုယ်ကျင့်တရား ထိန်းကြည့်ပါ။

(၁၁) ပတ်ဝန်းကျင်မှာရှိတဲ့ တပါးသူနဲ့ အပြန်အလှန် အကူအညီပေးပါ၊ ယူပါ၊
ကျေးဇူးပဲလို့ပြောပါ။

(၁၂) မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှ ရှောင်
ကြဉ်ပါ။ သင့်ရဲ့ ပန်းတိုင်ကို ထိန်းသိမ်းပါ။

မှတ်စု

Myanmaalinn

အပြည့်အစုံသို့ »

ဓာတ်မတည့်မှု ဖြစ်ခြင်းနှင့် ဘဝနေထိုင် စားသောက်မှု ပုံစံ


ဘဝနေထိုင်မှု ပုံစံ (Lifestyle)က ဓာတ်မတည့်မှု ဖြစ်တဲ့ လူတွေရဲ့ အရေအ တွက်ကို တိုးစေတယ်လို့ ထင်နေပါသ လား။ မှန်ပါတယ်။ ဘဝနေထိုင်စား သောက်မှုပုံစံတချို့ဟာ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို တိုးစေနိုင် တယ်လို့ သိရပါ တယ်။ အထူးသဖြင့် အစားအသောက်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ ဓာတ်မ တည့်မှုနဲ့ ဆက်စပ်နေပါတယ်။
အကျိုးပြု ဘတ်တီရီးယားနှင့် ဓာတ်မတည့်မှု
အကျိုးပြု ဘက်တီးရီးယား တွေက အူမကြီးထဲမှာ ရှင်သန်နေတဲ့ အန္တရာယ် ကင်းအဏုဇီဝပိုး(Micro-organism) တွေဖြစ်ကြ ပါတယ်။ Synbiotics ဆို တာ အကျိုးပြုဘက် တီးရီးယားနဲ့ Prebiotics လို့ခေါ်တဲ့ အထူးသကြားတို့ ပေါင်းစပ် ထားတဲ့ အရာဖြစ်ပြီး အကျိုးပြု ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို လှုံ့ ဆော်ပေးပါတယ်။ လေ့လာမှုတွေ အရ ဓာတ်မတည့်မှုဖြစ် လွယ်တဲ့ ကလေးတွေ ဟာ ဓာတ်မတည့်မှု မဖြစ်တတ်တဲ့ က လေးတွေထက် အူထဲမှာ အကျိုးပြုဘက် တီးရီးယား နည်းနည်းပဲ ရှိကြောင်း သိရ ပါတယ်။ အကျိုးပြု ဘက်တီးရီးယား Lactobacillus GG နဲ့ Lactobacillus rhamnosus တို့ဟာ အသက်နှစ် နှစ်အောက်ငယ်တဲ့ ကလေးတွေမှာ နှင်း ခူနာတွေကို သက်သာစေ ပါတယ်။
အကျိုးပြု ဘက်တီးရီးယားတွေက ကိုယ်ခံစွမ်းအားစနစ်ကို လျော့ကျမှုမရှိစေ တဲ့အပြင် အထွေထွေ ဓာတ်မတည့်တဲ့ အခြေအနေတွေကို လျော့ကျစေကာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ တာကို တွေ့ရပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်လအနည်းငယ်ကြာ အကျိုးပြု ဘက်တီးရီးယားတွေကို မှီဝဲသင့်ပါတယ်။ ကလေးတွေရဲ့ အစာကို အကျိုးပြုဘက် တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးနဲ့ အား ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

Good Health

အပြည့်အစုံသို့ »

မြန်မာအမျိုးသမီး ဘောလုံးအသင်း အကြိုဗိုလ်လုပွဲ တက်



မန္တလေး၊ ဒီဇင်ဘာ ၁၅

မန္တလေးမြို့တော် မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပလျက်ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အုပ်စုဒုတိယဖြင့် အကြို ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

ယင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အုပ်စု (ခ) မှ အုပ်စုဗိုလ်နှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ယင်းအားကစားကွင်း၌ တွေ့ဆုံယှဉ်ပြိုင် ကစားရတော့မည် ဖြစ်သည်။

အုပ်စု (ခ) တွင် ထိုင်းအသင်းသည် တစ်ပွဲကစား တစ်ပွဲနိုင် သုံးမှတ် ရရှိနေကာ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဒုတိယပွဲစဉ်အဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိခဲ့လျှင် အုပ်စု ဗိုလ်အဖြစ်နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက် လာမည်ဖြစ်ကာ မြန်မာအမျိုးသမီး ဘောလုံး အသင်းနှင့် ဆုံတွေ့ရမည် ဖြစ်သည်။ အုပ်စု (ခ) တွင် မလေးရှားအသင်းမှာ တစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် ရမှတ်သုံးမှတ် ရရှိထားသည်။

ပြိုင်ပွဲအုပ်စု (က) ၏ နောက်ဆုံးပွဲစဉ် ဖြစ်သော မြန်မာအမျိုးသမီး အသင်းနှင့် ဗီယမ်နမ် အမျိုးသမီး ဘောလုံးအသင်းတို့ ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) ညနေ ၄ နာရီ အချိန်တွင် ကစားခဲ့ရာ မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် ဗီယက်နမ် အမျိုးသမီးအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ သည်။

ယနေ့ပွဲကစားသော နှစ်သင်းစလုံးမှာ အုပ်စုအဆင့်မှ တက်နေကြပြီ ဖြစ်သော်လည်း အုပ်စု ဗိုလ်နေရာအတွက် အကြိတ်အနယ် ကစားခဲ့ကြပြီး ဗီယမ်နမ် အသင်းအတွက် အနိုင်ဂိုးအား ၁၇ မိနစ်တွင် ကျောနံပါတ် ၂၂ က သွင်းယူပေးခဲ့သည်။

The Voice Weekly Myanmar

အပြည့်အစုံသို့ »

ကင်ဆာရောဂါ အတွက် ကုသမှု ခံယူသူများ အိပ်ရေးဝရန်လို


ကင်ဆာကုသမှု ခံယူနေတာ ကြောင့် လွယ်လွယ်ကူကူ မောပန်းနိုင် ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေထက် ပိုပြီး အိပ်စက်ဖို့နဲ့ အနားယူဖို့ လိုအပ်ပါတယ်။ ကင်ဆာကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်တာ၊ စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာ၊ ညဘက်ချွေးထွက် တာလို မျိုး ဆိုးကျိုးတွေကြောင့် အိပ်စက်မှု အကျင့်ကို ပြောင်းလဲစေ တတ်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပေးပါ။
- အိပ်ရာမှ နိုးထလာခဲ့ရင် ပန်းခြံထဲ လမ်းလျှောက်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာနဲ့ ယောဂလုပ် တာလိုမျိုး လေ့ကျင့် ခန်းတချို့လုပ်ပေးပါ။
- သင် အိပ်ရာဝင်ချိန်မှာ သင့်အိပ်ခန်းကို ဆိတ်ငြိမ်မှုရှိပြီး သက်သောင့်သက်သာ ရှိအောင် အတတ်နိုင်ဆုံးပြု လုပ်ထားပါ။
- အိပ်ရာမဝင်ခင်မှာ နွားနို့၊ ပျားရည် ဒါမှ မဟုတ် ဘီစကွတ်လိုမျိုး ကဖင်းမပါတဲ့ အစာတွေ စားပေးပါ။
- အိပ်ရာမဝင်ခင်မှာ ခြေထောက်တွေကို အသာအယာ အနှိပ်ခံပါ။
- နာကျင်တာကြောင့် သင်အိပ်ရာမှ နိုးထစေခဲ့ရင် သင့်ဆရာဝန်ကို အကိုက် အခဲပျောက်ဆေး ဒါမှမဟုတ် အိပ်ဆေး ပေးဖို့ တောင်းဆိုပါ။

Good Health

အပြည့်အစုံသို့ »

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ ရွေးကောက်ပွဲဝင်ပါက သိက္ခာရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော



မင်းမင်း၊ Mizzima December 16, 2013

အမှန်တကယ် သိက္ခာကို တန်ဖိုးထားသော ပုဂ်္ဂိုလ်များဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘဲ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မ၀င်သင့်ဟု အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

ပဲခူးတိုင်း သာယာဝတီမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အခြေခံဥပဒေဆိုင်ရာ ပဲခူးတိုင်းလုံး ကျွတ် ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်သိက္ခာ ကို တကယ်တန်ဖိုးထားတဲ့ ပုဂ်္ဂိုလ်တွေဟာ ၂၀၁၅ ကျလို့ရှိရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ရွေးကောက် ပွဲမ၀င်သင့်ဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ကိုယ့်ဘက်ကို အလေးသာအောင် လုပ်ထားပြီးမှ ၀င်တယ်ဆို တာဟာ မသင့်လျော်ပါဘူး”ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံမပြင်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်မည်ဆိုသော်လည်း တရားမျှတမှုရှိမည်မဟုတ် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့ဟာ ဒီဖွဲ့စည်းပုံ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီး ၀င်မယ်ဆိုရင် ကျွန်မတို့က စွန့်စားပြီးဝင်ရမလား။ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ ကျွန်မတို့က သိက္ခာကျစရာ ဘာမှမရှိဘူး။ အဆင်သင့်ယူပြီးတော့ ၀င်တဲ့သူတွေအတွက်တော့ သိက္ခာမရှိဘူးလို့ ကျွန်မ ဒီလိုပဲ ပြောပါ ရစေ”ဟု လာမည့် ရွေးကောက်ပွဲကို ရည်ညွှန်းပြီး သူမက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှလည်း ဖွဲ့စည်းပုံပါ ပြင်ဆင်သင့်သည့် အချက်များအား လာမည့်နှစ် ဇန်န၀ါရီလ မကုန်မီတွင် လွှတ်တော်သို့ တင်ပြမည်ဟု ကြေညာထားသည်။

သို့သော် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပါအချက်များအား ပြင်ဆင်မည်ဆိုပါက ပြည်ထောင် စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်က သဘောတူမှသာ ပြင်ဆင်ရမည်ဖြစ်သည်။

လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ရေး သဘောထားရယူပါက လွှတ်တော်အမတ်များ လက်ခံဖို့လိုသည့် အပြင် အမတ်အားလုံး၏ ၂၅ ရာခိုင်နှုန်းပါဝင်သည့် တပ်မတော်သားအမတ်များ လက်ခံသဘောတူရန်မှာ လည်း အလွန်အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ်ကို မရောက်သေးပါဘူး။ လမ်းဝကိုပဲ ရောက်သေးတယ်။ လမ်းဝကနေ လမ်းပေါ်ရောက်ဖို့ တပ်မတော်အနေနဲ့ ကူညီဖို့လိုပါတယ်”ဟု ဆိုသည်။

ထို့ပြင် ပြည်သူများကလည်း ဖွဲ့စည်းပုံနှင့်ပတ်သက်သည့် သဘောထားများအား လွှတ်တော်သို့ စာဖြင့် ရေးသား အကြံပြုသင့်သည်ဟုလည်း သူမက တိုက်တွန်းပြောဆိုသည်။

“ကျွန်မတို့ပြည်သူတွေ လွှတ်တော်ကို စာရေးလို့ရတယ်နော်။ ဘာမှ ရှည်ရှည်ဝေးဝေး မရေးနဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မြန်ပြုပြင်ပြောင်းလဲလိုက်ပါဆို လုံလောက်တယ်”ဟု သာယာဝတီဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

သာယာဝတီမြို့နယ်တွင် ပြုလုပ်သော ပြည်သူ့ဆန္ဒ သဘောထားရယူပွဲတွင် ဖွဲ့စည်းပုံအား ပြင်ဆင်ရေး နှင့် အသစ်ရေးဆွဲရေး လူထုသဘောထားရယူရာမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘော တူခဲ့သည်ဟုလည်း ဟောပြောပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေညာခဲ့သည်။

သာယာဝတီမြို့ ခရိုင်ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်သော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပဲခူးတိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထားရယူပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်သော တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်က ကော့မှူးမြို့နယ် အဖျောက်ကျေးရွာတွင် ပြုလုပ်သည့် မြို့နယ်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ အခမ်းအနားကိုလည်း ဒုတိယအကြိမ်မြောက် တက်ရောက်ခဲ့သေးသည်။

Mizzima Burmese

အပြည့်အစုံသို့ »

ထိုင်းနှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့သော ကြည်လင်း ဆီးဂိမ်းပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိ


၁၄-၁၂-၂၀၁၃ ရက်နေ့တွင် ထိုင်းအသင်းနှင့် ကစားသောပွဲ၌ မြန်မာ ကွင်းလယ် တောင်ပံကစားသမား ကြည်လင်း ဒဏ်ရာရရှိ ခဲ့သည်။ ကြည်လင်း၏ ဒဏ်ရာသည် ခြေချင်းဝတ် ဒဏ်ရာဟောင်းကို ထိခိုက်သွား ခြင်းဖြစ်ကြောင်း မြန်မာ အသင်း မီဒီယာတာဝန်ခံ ဦးမိုးဝေက ပြောသည်။
ကြည်လင်းသည့် ထိုင်းနှင့် ကန်သည့်ပွဲတွင် မိနစ် ၂၀ ကစားပြီး ချိန်တွင် ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။ အခုဒဏ်ရာ သက်သာရန် တစ်ပတ် ၁၀ ရက်လောက် အနားယူရန် လိုအပ်ပြီး ယနေ့ကစားမည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သေချာပေါက် လွဲချော်မည် ဖြစ်ကြောင်း သိရှိရသည်။

Popular Myanmar News Journal

အပြည့်အစုံသို့ »

တက္ကသိုလ်ဝင်တန်းအောင်လျှင် ယွန်းယွန်းကို မင်းသမီးတင်မည့် ၀ိုင်း


ဓာတ်ပုံ-နစ်ကီ

ပရိသတ်အားပေးမှု ရရှိထားသော ကလေးသရုပ်ဆောင် ယွန်းယွန်းသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက မင်းသမီးအဖြစ် ဇာတ်ကား စတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ၀ိုင်းက ပြောကြားသည်။

ရုပ်ရှင်လောကတွင် ကလေးသရုပ်ဆောင်များ အရွယ်ရောက်လာသည့်အခါ မင်းသမီးတစ်ဦးအဖြစ် အောင်မြင်မှုမရရှိနိုင်ဆိုသည့် အယူအဆများကို လက်မခံလို၍ ယွန်းယွန်းကို မင်းသမီးအဖြစ် တင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

““ကိုယ်ပြောပြီးသားစကားကို တည်အောင်လို့ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ ဒါပေမဲ့ ကာယကံရှင်ဘက်ကလည်း ပြင်ဆင်ထားဖို့ အများကြီးလိုအပ်ပါလိမ့်မယ်။ သူက အခုမှ ရှစ်တန်းဆိုတော့ ၂ နှစ်အတွင်းမှာ သူက အများကြီးပြောင်းလဲနိုင်ပါသေးတယ်။ သူ့ပုံစံက ဘယ်လိုဆိုတာက မသိနိုင်တော့ စောင့်ကြည့်ရမှာပါ”” ဟု ဒါရိုက်တာဝိုင်းက ပြောသည်။

သရုပ်ဆောင်အသစ်ရှားပါးမှုထက် သရုပ်ဆောင်ပညာတတ်ကျွမ်းသူ ပိုရှားပါးလာခြင်းက ရုပ်ရှင်လောကအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး သရုပ်ဆောင်မျိုးဆက်ပြတ်မသွားအောင် မျိုးဆက်သစ်များ ဖြည့်ဆည်းရမည်ဟု ၀ိုင်းကသုံးသပ်သည်။

၂၀၁၂ ခုနှစ် အကယ်ဒမီထူးချွန်ဆုအတွက် ဒါရိုက်တာဝိုင်းရိုက်ကူးသည့် ““လက်ပံ”” ရုပ်ရှင်ထက် ““တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ”” ဇာတ်ကားတွင် ကလေးသရုပ်ဆောင် ယွန်းယွန်းက အကယ်ဒမီရနိုင်ခြေပိုများကြောင်း ၀ိုင်းကခန့်မှန်းသည်။
7 Day Daily

အပြည့်အစုံသို့ »