မြေအောက်ရွာ



အာဖရိကနိုင်ငံမှာ တည်ရှိပြီးတော့ Matmata အမည်တွင် ပါတယ်။ Tunisia မြို့နှင့် ၄၅၀ ကီလိုမီတာ အကွာမှာ ၎င်းရွာ တည်ရှိတယ်လို့ သိရပါတယ်။ ၎င်းရွာဟာ သေးငယ်သောလည်း ကမ္ဘာ့လှည့် ခရီးသည်တွေကို မျက်စိကျစေတယ်လို့ သိရပါတယ်။ ထိုရွာဟာ ထူးခြားတဲ့ ရွာတစ်ရွာ ဖြစ်လို့ပါ။
ထိုရွာမှ လူတွေဟာ လိုဏ်ခေါင်းအတွင်းမှာ အိမ်ပုံစံ ပြုလုပ်၍ နေထိုင်ပါတယ်။ သမိုင်းကြောင်း အရကတော့ ၎င်းရွာဟာ ကမ္ဘာပေါ်မှာ ပထမဆုံး တည်ထောင်ခဲ့သော မြေအောက်ရွာ တစ်ရွာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခန့်မှန်းခြေအရ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်လောက် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ယခုတော့ Matmata မြေအောက်ရွာဟာ နာမည်ကျော်ကြား လူသိများတဲ့ ရှေးဟောင်း မြေအောက်ရွာ တစ်ခုအဖြစ် သတ်မှတ်ခံ ထားရပါတယ်။
ကျော်လင်းနိုင်

Yoyarlay

အပြည့်အစုံသို့ »

တောင်ဆူဒန်ရောက် အမေရိကန်နိုင်ငံသားများကို ကယ်ထုတ်


တောင်ဆူဒန်နိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့ Bor မြို့မှာ အစိုးရတပ်တွေနဲ့ သူပုန်တွေအကြား တိုက်ပွဲတွေဆက် ဖြစ်နေချိန်မှာ အဲဒီ Bor မြို့ရောက် အမေရိကန်နိုင်ငံသားတွေကို ဘေးမသီရန်မခ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေနဲ့ တခြားမိတ်ဖက်နိုင်ငံတွေကနိုင်ငံသားတွေကို ကုလသမဂ္ဂနဲ့ အမေရိကန်အရပ်သုံးရဟတ်ယာဉ်တွေနဲ့ တင် ဆောင်ပြီး Bor မြို့ကနေ Juba မြို့တော်ကို တနင်္ဂနွေနေ့မနက်က ပို့ပေးနိုင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အလားတူ ကယ်ဆယ်ဖို့ စစ်ဆင်ရေးတရပ်ကို စနေနေ့က ကြိုးစားခဲ့ရာမှာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တဲ့ သေနတ်သမားက အမေရိကန် စစ်လေယာဉ်ကို ပစ်ခတ်ခဲ့လို့ အမေရိကန် စစ်သည် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

သမ္မတအိုဘားမားက တောင်ဆူဒန်နိုင်ငံရှိ အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့အတွက် အရေးယူတာတွေ ဒီထက်မက ပိုလုပ်ပေးနိုင်ဖွယ် ရှိတယ်လို့ ကွန်ကရက်လွှတ်တော်ကို တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။ ဟာဝိုင်ယီမှာ အပန်းဖြေခရီးရောက်ရှိနေတဲ့ သမ္မတအိုဘားမားက တောင်ဆူဒန်က အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ရာမှာ ကူညီနိုင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၄၆ ယောက်ကို စနေနေ့က စေလွှတ်ခဲ့တယ်လို့ လွှတ်တော်ခေါင်းဆောင်တွေကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ Juba မြို့ရှိအမေရိကန်သံရုံးမှာ ရှိနှင့်ပြီးသား အမေရိကန်စစ်သည် ၄၅ ယောက် အပြင် ထပ်မံ စေလွှတ်တာဖြစ်ပါတယ်။

တောင်ဆူဒန်နိုင်ငံမှာ အခုတလော တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတဲ့ Jonglei ပြည်နယ် Bor မြို့ကို သူပုန်တွေက စီးနင်း ထိန်းချုပ်လိုက် တယ်လို့ တောင်ဆူဒန်အစိုးရကပြောပါတယ်။

တောင်ဆူဒန်နိုင်ငံရဲ့ Dinka တိုင်းရင်းမျိုးနွယ်စုဝင်ဖြစ်တဲ့ သမ္မတ Salva Kiir က Nuer တိုင်းရင်းအနွယ်ဝင် ဒုသမ္မတဟောင်း Riek Machar ဟာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်လို့စွပ်စွဲပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်း လူ ၅၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ တိုက်ပွဲတွေစတင်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂ၀င်းထဲက အရပ်သားဝန်ထမ်း ၃ သောင်းခွဲ ဘေးလွတ်ရာထွက်ပြေးခဲ့ကြပြီးဖြစ်ပါတယ်။
VOA Burmese News

အပြည့်အစုံသို့ »

ပန်းသီးများကို ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ


(၁) ပုံမှာပြထားသည့် အတိုင်း ပန်းသီးလေး တွေကို တစ်ခြမ်းစီ ခွဲလိုက်ပါ။ ထို့နောက် အေးသော ရေနှင့် ၃ မီးနစ် ၄ မီးနစ်လောက် စိမ်ထားလိုက်ပါ။ ခဏအကြာမှာ ပန်းသီးစိတ်လေးတွေကို ဆယ်လိုက်ပါ။ ပြီးရင် ဆားကို ပန်းသီး အစိတ်ပေါ် မှုတည်ပြီး ထည့်ကာ နှယ်လိုက်ပါ။ ပြီးရင် ရေဖြင့် စင်ကြယ်အောင် ဆေးပါ။
(၂) ထို့နောက် ပန်းကန်တစ်ခု အတွင်း ထည့်ကာ ရှောက်ရည် ပုရာရည် တို့ဖြင့် ၃ မီးနစ် ၄ မီးနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ရေဖြင့် စင်ကြယ်အောင် ဆေးပါ။
(၃) ၃ မီးနစ် ၄ မီးနစ်လောက် လေသလပ်ခံ ထားလိုက်ပါ။
(၄) နောက်ဆုံး အဆင့်အနေနဲ့ ကတော့ လေလုံသော စက္ကူများဖြင့် ထုတ်ပိုးနိုင် ပါပြီ။
ထိုနည်းလမ်းကို အသုံးပြုခြင်း အားဖြင့် ပန်းသီးများကို ကြာရှည်ခံ စေတယ်လို့ သိရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
Yoyarlay


အပြည့်အစုံသို့ »

အီရတ်တွင် ရှီအိုက်ဘုရားဖူးများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရ


အီရတ်နိုင်ငံသို့ ဘုရားဖူးသွားကြသော ရှီအိုက်မွတ်စလင်များကို လွန်ခဲ့သောဗုဒ္ဓဟူးနေ့က သေနတ်သမားများနှင့် အသေခံဗုံးခွဲသမားများက တိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။

ဆာမာရာမှ ဘတ်ဂဒတ်သို့သွားရောက်ကြသော ပါကစ္စတန်မှ ရှီအိုက်ဘုရားဖူးများကို သယ်ဆောင်လာသည့် ဘတ်စ်ကားကို သေနတ်ကိုင်များက ပစ်ခတ်ရာ ၃ ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။ လုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာ အရာရှိများ၏ ပြောပြချက်အရ အီရတ်နိုင်ငံမြောက်ဘက်ရှိ ဒီယာလာပြည်နယ်တွင် အသေခံဗုံးခွဲသူဟု သင်္ကာမကင်းဖြစ်ရသူတစ်ဦးက လုအုပ်ကြီးထဲသို့ ၀င်ရောက်ရန်ကြိုးစားနေခဲ့သည်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ဖောက်ခွဲပစ်လိုက်ရာ ၎င်းလုံခြုံရေးအရာရှိနှင့် လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အီရတ်နှင့် အခြားနိုင်ငံများက ရှီအိုက်မွတ်စလင်များသည် ကာဘာလာမြို့သို့ နှစ်စဉ် ရက် ၄၀ ကြာ ပြုလုပ်လေ့ရှိသော အီမန်ဟူစိန်အတွက် လွမ်ဆွတ်ကြေကွဲခြင်းအထိမ်းအမှတ်ပွဲတော်ဖြစ်သည့် အာဘာအင်းပွဲတော်အတွက် သွားရောက်လျက်ရှိကြသည်။

ယမန်နှစ်ကလည်း ဘာသာရေး ပဋိပက္ခများကြောင့် အဆိုပါပွဲတော်ကာလအတွင်း၌ ရှီအိုက်မွတ်စလင်များ တိုက်ခိုက်ခံခဲ့ကြရသည်။

အီရတ်အနောက်ပိုင်းရှိ အန်ဘာပြည်နယ်လုံခြုံရေးဂိတ်၌ အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်းကြီးဌာနအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုကြောင့် အပတ်စဉ်သေဆုံးနူန်းမြင့်တတ်လာနေပြီး ဆက်တိုက် တိုက်ခိုက်မှုများကြောင့် တင်္နလာနေ့က လူ ၇၀ ခန့် သေဆုံးခဲ့ပြီဖြစ်သည်။ တစ်သောဖြစ်ရပ်တွင် ရှီအိုက်ဖုရားဖူးများကို ဘတ်စ်ကားပေါ်မှ ဆွဲချပြီး လမ်းဘေး၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော စနေနှင့်တနင်္ဂနွေက ၁၉ ဦး သေဆုံးခဲ့ရာ ယခုရက်သတ္တပတ်အတွင်း အကြမ်းဖက်မှုများကြောင့် ယခုနှစ် ဒီဇင်ဘာလသည် အီရတ်နိုင်ငံ၌ ၅ နှစ်တာ ကာလအတွင်း သွေထွက်သံယိုမှု အများဆုံးလဖြစ်လာနိုင်ဖွယ် ရှိသည်။

Source : NY Times
စောင့်ကြည့်သတင်းဂျာနယ်

အပြည့်အစုံသို့ »

မေခလာ ဖြေရှင်းနေရတဲ့ Over 40 နဲ့ Over 20 အကြောင်း



မေခလာက ဒီဇင်ဘာ ၁၁ ရက် နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဖွင့်ပွဲမှာ “မိုးယံထက်က မြန်မာ ပြည်သား” သီချင်းကို မင်းရံ၊ စစ်သွေး၊ ရှိုင်းဝေယံ တို့နဲ့အတူ သီဆို ခဲ့ပါတယ်။ ဖျော်ဖြေပွဲရဲ့ စင်မြင့်ပေါ်ကိုတက်လှမ်း လာတဲ့ မေခလာကို မင်းရံက လက်လှမ်း ပြီးတွဲခေါ်မှုကို တချို့ပရိသတ်တွေ က အထင်မြင်မှားမှုများရှိခဲ့ပြီး မေခလာဆီကို ဖုန်းတွေဆက်ပြီး မေးနေကြ ကြောင်းလည်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး “ပြောနေကြတာက မေခလာက Over 40 တွေနဲ့ မတွဲ တော့ဘူး။ Over 20 တွေနဲ့ပဲ တွဲတော့ တယ်ဆိုပြီး ပြောနေကြတော့ အစ်မရဲ့ မိတ်ဆွေတွေ ကလည်း ဖြေရှင်းပေးနေရတယ်။ လားရှိုးက အစ်မနဲ့ တအားခင် တဲ့သူတွေကလည်း ဖုန်းဆက်တယ်။ ဟဲ့..နင် Over 40 မဟုတ်ဘဲနဲ့ 20 တွေနဲ့ တွဲနေ တာလား ဆိုပြီး မေးကြတယ်။ ပထမက အစ်မကို စနေတယ်လို့ပဲထင်နေတာ။ အမှန်တော့ သူတို့ တကယ် မေးနေတာပါ။ နောက်ပြီး ပရိသတ်တွေကလည်း လှမ်းလှမ်း ပြီး ဖုန်းဆက် မေးကြတယ်။ ဒါကြောင့် အစ်မအနေနဲ့ ဖြေရှင်း မှဖြစ်တော့ မယ်လေ။

ဆီးဂိမ်း စင်မြင့်မှာ လှေကားထစ်လေး ရှိတယ်။ လှေကား ထစ်က နည်းနည်းမြင့်တဲ့ အခါ ကျ တော့ မမြင်ရဘူး။ အဲဒီတော့ အစ်မ ရဲ့တူလေးက အဒေါ်ပြုတ်ကျမှာစိုးလို့ လက်နဲ့လှမ်းဆွဲပေးတယ်။ ကျန်တဲ့ စစ်သွေးတို့၊ ရှိုင်းဝေယံတို့ဆွဲလို့ မကောင်းဘူးလေ။ အဲဒါကြောင့် အစ်မရဲ့တူလေး မင်းရံရဲ့ လက်ကိုဆွဲပြီး တက်တာပါ။ မင်းရံက အစ်မရဲ့ အစ်ကိုကြီး နန္ဒကျော်သူ ရဲ့ သားပါ။ အစ်မကိုလှမ်းပြီး ဖုန်းဆက်မေး ကြတဲ့သူတွေက မေခလာက Over 40 တွေနဲ့ မတွဲတော့ဘူး။ Over 20 တွေနဲ့ပဲတွဲတာလား ဆိုတော့ အစ်မ အနေနဲ့လည်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့” လို့ မေခလာက ပြောပြပါတယ်။

မေခလာ နဲ့ ရန်ကျော်တို့က ဒီဇင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်ကို မိသားစု အပန်းဖြေ ခရီးထွက်ခွာသွားပြီး ဒီခရီးစဉ် မှာတော့ သမီးဖြစ်သူက စာမေးပွဲရှိ နေတဲ့ အတွက်ပါမသွားဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ
Myanmaalinn

အပြည့်အစုံသို့ »

နှုတ်ခမ်းပေါ်ရှိ အရေးအကြောင်းများ လျော့ပါးစေလိုသလား


အသက်အရွယ်အရ ရာသီဥတုဒဏ်အရ နှုတ်ခမ်းပေါ်တွင် အက်ကွဲကြောင်းနှင့် လိုင်းများကို မြင်ရပြီဆိုက လျော့ပါးသွားစေရန် နေရောင်ကာဆီ (Sunscreen) ကို လိမ်းပေးလျှင် တဖြည်းဖြည်းလျော့ပါးသွားစေသည်။
ဆေးလိပ်သောက်ခြင်းသည်လည်း အက်ကြောင်းများကို နက်စေပြီး နှုတ်ခမ်းတစ်ဝိုက်အသားများ တွန့်လာစေတတ်သဖြင့် ဆေးလိပ်သောက်ခြင်းကို အဓိကရှောင်ကြဉ်ရမည်။
နေရောင်ကာပါသော Lip balm များ၊ Lotion , gel တို့ကို နှုတ်ခမ်းပေါ်သို့ လိမ်းပေးပါ။ SPF အနည်းဆုံး ၁၅ပါသောပစ္စည်းများကို သုံးပါ။ အချို့က နှုတ်ခမ်းအရောင် တင်ဆီ (gloss)ကို အသုံးပြုကြရာ သာမန် gloss ထက် နေရောင်ကာ ပါဝင်သော gloss ကို ရွေးချယ်သုံးသင့်သည်။
အကယ်၍ gel, lotion တို့ အရံသင့်မရှိသူများအနေနှင့် ဗာဒံဆီ၊ အုန်းဆီ၊သံလွင်ဆီ၊ ဗီတာမင် E တို့ကို နေ့စဉ်လိမ်းပေးခြင်းဖြင့် ဤ ပြဿနာကို ဖြေရှင်းပေးနိုင်သည်။
ထူး
Health Updates Journal

အပြည့်အစုံသို့ »

စကားကြီး ၃ ခွန်း



♠ မြစ်ကြီးလည်းမခမ်းပါစေနဲ့..။
♠ သစ်ပင် ကြီးလည်း မလဲပါစေနဲ့..။
♠ ထုံးအိုးကြီးလည်းမကွဲပါစေနဲ့..။

♦ မြစ်ကြီးမခမ်းပါစေနဲ့ဆိုတာ….အေးမြတဲ့
စမ်းရေလိုကြည်ကြည် လင် လင် တသွင်သွင်
စီးဆင်းနေတဲ့..မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ..။
လူလူချင်းမေတ္တာထားကြ ၊မေတ္တာ တရားတွေ
ပွားများကြမေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့
အဓိပ္ပါယ်ပဲ..။

♦ သစ်ပင်ကြီးလည်းမလဲပါစေနဲ့ …တဲ့..။
သစ်ပင် ကြီးဟာ အခက်အလက် အရွက်တွေ
ဝေဝေဆာဆာ နဲ့ အရိပ် အာဝါသကိုပေးတယ်..။
ထို့အတူပဲ..ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့ 
အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း
ကြီးပွားချမ်းသာခြင်းကို ရတယ်..။
ဒီအရိပ် အာဝါသတွေကို အမိအရခိုလှုံဘို့
လိုသလို..အရိပ် အာဝါသတွေကိုမဖျက် ဆီးမိဘို့ ၊
ကျေးဇူးမကန်းမိဘို့ သတိထားရလိမ့်မယ်..။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို
ဖျက်ဆီးရာရောက်တာပဲ..။ဒါကြောင့် သစ်ပင်
ကြီးမလဲအောင် ကြိုးစားထိမ်းသိမ်းကြ..။

♦ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့
ရိုးရာ ဓလေ့ ထုံးစံတွေကိုပြောတာပါ..။
မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံး
လာကြတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ကောင်းတွေ..။
မပျောက် ပျက်ရအောင် ထိန်းသိမ်းပြီး
ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ..။

-(ရွှေဥမင်ဆရာတော် ဘုရားကြီး )

မြ၀တီ

အပြည့်အစုံသို့ »