အလွမ်းမင်းသားကြီးနဲ့ အကယ်ဒမီ ပိုက်ဆံခွာ


ဆီးဂိမ်းကာလတွင် အင်တာနက် ကွန်နက်ရှင် အလွန်ကောင်းစေရမည်၊ အလွန့်အလွန် ကောင်းစေရမည်ေဟု ကြေညာ ထားသော်လည်း ဆီးဂိမ်းသာပြီးသွားသည် … အဝိုင်းလေးက လည်ကောင်းတုန်း။ “ဘကြီး MPT ညာတယ်” ဆိုသည့် ခေတ်သစ် ပုံပြင်တပုဒ် ထပ်ရေးရတော့ မလို ဖြစ်နေသည်။
ထားတော့ …။ ရှိစေတော့။ “ဒီဆိုင်က ကွန်နက်ရှင် ကောင်းတယ်” ဆိုပြီး ချွန်တွန်း လုပ်လိုက်သော ဖိုးရှုပ်နှင့် ကြွက်စုတ် နှစ်ကောင်ကိုသာ ဦးရုက္ခစိုး စိတ်ထဲက မေတ္တာ အတုံးလိုက် ပို့နေမိသည်။ ပြောသာပြောရသည် အင်တာနက်က ဘယ်နေရာမှ မကောင်း။ ၀ိုင်ဖိုင် အလကားရသည့် နေရာတွေမှာ လိုက်သုံးတတ်သည့် ဦးရုက္ခစိုးပင်လျှင် ပိုက်ဆံပေးရသည့်နေရာမှာ ပိုကောင်းမလားဆိုပြီး ရောက်လာခြင်း ဖြစ်၏။

“ဦးရုက္ခစိုး လုပ်မနေနဲ့တော့၊ ပိတ်လိုက်တော့ လဘက်ရည်ဆိုင် သွားရအောင်”

နောက်က အသံထွက်လာလို့ လှည့်ကြည့်လိုက်တော့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နောက်မှာ ရောက်နေသည်။ ထိုနှစ်ကောင်ကို သိပ်အစာမကျေသော်လည်း ဆက်ထိုင်နေ၍ မထူးသည့်အတွက် ဦးရုက္ခစိုး ထလိုက်လာရသည်။ သုံး၍သာမရသည် ပိုက်ဆံကျတော့ နာရီဝက်ဖိုး ပေးလိုက်ရသည်။ ရုက္ခစိုးဆိုတာ VIP မဟုတ်သည့်အတွက် ဆိုင်ရှင်ကို ပြန်ငြင်းမနေတော့ဘဲ မကျေမနပ်နှင့် ပေးလိုက်ရခြင်း ဖြစ်သည်။

“မိုဘိုင်းဖုန်းတွေတောင် ဟလို ဟလို … ကြားရလား ကြားရလား ဆိုတာနဲ့တင် ဘာမှမပြောရသေးဘဲ ပိုက်ဆံ ဖြတ်သေးတာပဲ ဦးရုက္ခစိုးရယ်” ဟု ကြွက်စုတ်က နှစ်သိမ့်နေသေးသည်။ ဆိုင်ကထွက်လာတော့ ဖိုးရှုပ်က တက္ကစီ တစီးကို တားသည်။

ရုက္ခစိုး။     ။ ဟ လက်ဖက်ရည်ဆိုင် သွားမှာ တက္ကစီ ငှားဖို့ လိုလို့လား။

ကြွက်စုတ်။     ။ ဆိုင်ကောင်းကောင်းလေး သွားထိုင်မလို့ပါ ဦးရုက္ခစိုးရယ်။ ဒီနားမှာက ဆိုင်ကောင်းကောင်း မရှိလို့။

ဦးရုက္ခစိုး စိတ်ကို ထပ်မံလျှော့လိုက်သည်။ တက္ကစီပေါ်ရောက်တော့ တက္ကစီက ၅ မိနစ်ခန့်သာ မောင်းနိုင်ပြီး နေရာက မရွေ့တော့။

ရုက္ခစိုး။     ။ ဘာဖြစ်ပြန်တာလဲ၊ ကားပျက်လို့လား။

ဖိုးရှုပ်။     ။ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ကားတွေ ပိတ်နေတာ။

ကြွက်စုတ်။     ။ ရှေ့မှာ သစ်လုံးကားကြီးပဲ လေးစီး၊ ကွန်တိန်နာကားက ၂ စီး၊ သစ်လုံး မတင်ရသေးတဲ့ ၁၂ ဘီးကားကြီးက ၃ စီး။

ဦးရုက္ခစိုး သက်ပြင်းကို ဟင်းခနဲ ချလိုက်သည်။ ဒီနေ့အဖို့တော့ လက်ဖက်ရည်ဆိုင်ကော ရောက်ပါ့မလား။ ရန်ကုန်မှာ အင်တာနက် သုံးရင်း၊ ကားစီးရင်းဖြင့် အသက် တိုနိုင်သည်။ ဦးရုက္ခစိုးအတွက်ကတော့ မထောင်းတာ၊ တန်ခိုးဖြင့် ကြွလိုက်ရုံသာ၊ ဖိုးရှုပ်တို့၊ ကြွက်စုတ်တို့ကို ငဲ့နေသောကြောင့် သူပါ ရောပြီးနတ်သက်တိုသွား နိုင်သည်။

ရှေ့က သစ်လုံးကားများနှင့် ကွန်တိန်နာကားများက တစီးကို တစီး ဖယ်မပေးဘဲ၊ ကျော်တက်ရန် အပြင်းအထန် ကြိုးစား နေသောကြောင့် ပိုကြန့်ကြာနေရသည်။ ထိုစဉ် သူတို့ တက္ကစီဘေး လိုင်းကားပေါ်မှ ဒရိုင်ဘာက လက်ညှိုးတချောင်း ထောင်ပြသည်။ ဦးရုက္ခစိုး ကြောင်သွားသည်။

ရုက္ခစိုး။     ။ ဟာ … ဟေ့ကောင်တွေ၊ ဘေးက လိုင်းကားပေါ်က စပယ်ယာက ငါ့လိုပဲ ရုက္ခစိုးလား မသိဘူး။ ကြည့်ရတာ ရုက္ခစိုးဘဝနဲ့ အဆင်မပြေလို့ စပယ်ယာ ဝင်လုပ်တာ ဖြစ်မယ်။

ဖိုးရှုပ်။     ။ ပေါက်ပေါက် ရှာရှာ ဦးရုက္ခစိုးရယ်၊ စပယ်ယာ ရုပ်က ရုက္ခစိုးပုံ ပေါက်နေလို့လား။

ရုက္ခစိုး။     ။ ဟိုမှာ ကြည့်ပါလား လက်ညှိုးထောင်ပြ နေတယ်။ ငါလည်း ကိုယ်ရောင်လင်းချင်ရင် လက်ညှိုးထောင်နေကျလေ။ သူလည်း နတ်ဘဝက အကျင့်ပါလာပြီး လက်ညှိုးထောင်တာ ဖြစ်မှာပေါ့။

ကြွက်စုတ်။     ။ ဦးရုက္ခစိုး လွဲချက်က နိုင်းလောက်ရှိတယ်။ အဲဒါ တစီးလောက်လို့ ပြောတာဗျ၊ ကြည့်လိုက် လိုင်းကားတိုင်းက စပယ်ယာ အားလုံး လက်ညှိုးလေးတွေ တထောင်ထောင်နဲ့။

ဦးရုက္ခစိုး သူ့အလွဲနှင့်သူမို့ ငြိမ်နေလိုက်ရသည်။ ထိုစဉ် သူတို့စီးလာသည့် တက္ကစီ ဒရိုင်ဘာက “တောက်” တချက် ပြင်းပြင်း ခေါက်လိုက်ရာ သူတို့ အားလုံး လန့်သွားကြသည်။

“မပြောချင်ဘူးဗျာ …။ နှစ်ကုန်ခါနီးလို့ သစ်လုံးတွေကို နင်းကန်ပို့နေတာ။ နောက်နှစ်ကျ သစ်လုံးတွေ ပို့ခွင့် မရှိတော့ဘူးလေ။ အဲဒါကြောင့် လက်ကျန်တွေ အတင်းဖြတ်နေတာ … ပြီးတော့ ရုံးပြန်ချိန်ကြီးကို ဒီကွန်တိန်နာ ကားကြီးတွေက မြို့ထဲမှာ မောင်းစရာလား၊ စည်းကမ်းကို မရှိဘူးကြဘူး … ဗျစ်”

နောက်ဆုံးက “ဗျစ်” မှာ ဒရိုင်ဘာက ကွမ်းတံတွေးကို လမ်းဘေးသို့ မာန်ပါပါ ထွေးချလိုက်ခြင်း ဖြစ်၏။ သူ့ ကွမ်းတံတွေးက ကွန်ကရစ် လမ်းမ အသစ်စက်စက်ကြီးပေါ်တွင် ရဲခနဲ ဖြစ်သွားသည်။ ဒရိုင်ဘာ၏ တိုနေသော စိတ်ကို လန့်သောကြောင့် သူတို့ နှစ်ဦးနှင့် တပါး ဘာစကားမှ မဟရဲ။ ထို့ကြောင့် ခရုနှင့် ပက်ကျိကိုပင် ရှုံးရလောက်အောင် တရွေ့ရွေ့ သွားနေသော ကားပေါ်တွင် လိုက်ပါလာရင်း လမ်းဘေးဝဲယာကိုသာ ဟိုငေး ဒီငေး ငေးနေလိုက်ရသည်။

ဖိုးရှုပ်။     ။ ဟော … ဟိုလူကြီး မြင်ဖူးသလိုပဲ။

ကြွက်စုတ်။     ။ အေးကွ၊ ဒီမျက်နှာကြီး ငါ ကောင်းကောင်း သိတယ်။ အဲဒါ … ပိုက်ဆံခွာ မဟုတ်လား။

ကိုယ့်ဘာသာ နစ်မျောနေစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ် အသံကြောင့် လှမ်းကြည့်လိုက်ရာ မျက်မှန်နှင့် နဖူးပြောင်ပြောင်၊ မျက်နှာကျော တင်းတင်း လူတယောက်ကို မြင်လိုက်ရသည်။ သူက ကျီးကြည့် ကြောင်ကြည့်နှင့် မှောင်ရိပ်ခိုနေသည်။ ပိုလိုရှပ်နှင့် ဘောင်းဘီရှည် ၀တ်ထားသော ထိုသူသည် အသက် ၆၀ ခန့် ရှိပြီဟု ထင်ရသည်။

ဖိုးရှုပ်။     ။ ကားနဲ့ ဆက်သွားလို့ မရတော့မယ့် အတူတူ ဆင်းရအောင်ကွာ။

ဖိုးရှုပ်က ပြောပြောဆိုဆို ကားပေါ်မှာ ပြေးဆင်းရာ ကြွက်စုတ်လည်း ကမန်းကတန်း ကားသမားကို ပိုက်ဆံရှင်းပြီး နောက်မှ လိုက်ပြေးသည်။ ဦးရုက္ခစိုးလည်း မနေသာ။

ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ ထိုသူရှေ့တွင် ရပ်လိုက်သည်နှင့် ထိုသူက ခါးကိုင်းပြီး “အနယား ဆရော” ဟု နှုတ်ဆက်သည်။

ဖိုးရှုပ်။     ။ ခင်ဗျား ဘာမှ လာနှုတ်ဆက်မနေနဲ့ … ပြော၊ အခုပြော … ဒီမှာ ဘာလာလုပ်တာလဲ။

ရုက္ခစိုး။     ။ ဟေ့ကောင်တွေ ဒီပေါက်ဖော်ကြီးက လက်ပန်းတောင်း ကလား၊ မြစ်ဆုံ ကလား။

ကြွက်စုတ်။     ။ ဟာ … အဲဒါ တရုတ် မဟုတ်ဘူးလေ၊ ကိုရီးယားဗျ။ အမျိုးသား ဘောလုံး အသင်း နည်းပြ။ သူလုပ်လို့ ကျနော်တို့ အသင်းရှုံးတာ။ ဒါတောင် မသိဘူးလား။

ကြွက်စုတ်က ဦးရုက္ခစိုးကို ငေါက်လိုက်သည်။

ရုက္ခစိုး။     ။ ရှုံးတာတော့ ကြားတယ်လေ။ ဒါပေမယ့် ငါက အမျိုးသား အသင်းပွဲတွေမှ စိတ်မ၀င်စားတာ။

ဦးရုက္ခစိုးကသာ အေးအေးဆေးဆေး ရှိနေသော်လည်း ဟိုနှစ်ကောင်က ပိုက်ဆံခွာကို တခုခုလုပ်မည့်ဟန်ဖြင့် စားမတတ် ဝါးမတတ် ကြည့်နေကြသည်။ ထို့ကြောင့် ဦးရုက္ခစိုးက ပွဲကို ဝင်ထိန်းဖို့ ကြံလိုက်ရသည်။

ရုက္ခစိုး။     ။ နေကြပါဦးကွာ၊ သူလည်း ပရော်ဖက်ရှင်နယ်ပဲ၊ သူကိုင်တဲ့ အသင်း တမင်ရှုံးအောင်တော့ လုပ်မလား၊ ငါမေး ကြည့်ပါဦးမယ်။ ခင်ဗျားက ကျုပ်တို့ ဘောလုံးအသင်း ရှုံးအောင်လုပ်ခဲ့တယ် ဆိုတာ ဟုတ်သလား။

ပိုက်ဆံခွာ။     ။ ဟုတ်ပါတယ် ခင်ဗျာ။ ဒါ … ဒါပေမယ့် ခွာခွာ ဘာမှမသိပါဘူး ခညာ။ အဲဒါ အသင်း အုပ်ချုပ်သူကြောင့်ပါ ခညာ။

ပိုက်ဆံခွာက မပီကလာ ပီကလာ ပြန်ဖြေသည်။

ဖိုးရှုပ်။     ။ မဆိုင်တာတွေ လာမဖြီးနဲ့ … သေချာရှင်းပြ။

ပိုက်ဆံခွာ။     ။ တကယ်ပါ သူက ကျနော့်ကို ပြိုင်ပွဲ စည်းကမ်းတွေကို အင်္ဂလိပ်လို ရေးထားတာတွေ အိုင်ပက်ဖွင့်ပြီး လာရှင်းပြတယ်လေ။ အဲဒါ ကျနော့်ကို စော်ကားတာဗျ။

ကြွက်စုတ်။     ။ လုပ်ပြန်ပြီ၊ မဆိုင်တာတွေ။

ပိုက်ဆံခွာ။     ။ ဆိုင်တာပေါ့ ခင်ဗျာ။ ကိုရီးယားထုတ် ဆမ်ဆောင်း တက်ပလက်တွေ တကမ္ဘာလုံး သုံးနေကြတာကို သူက ကျနော် ကိုရီးယား လူမျိုးမှန်း သိရက်နဲ့ အမေရိကန်ထုတ် အိုင်ပက်သုံးပြီး ကျနော်နားမလည်တဲ့ အင်္ဂလိပ်စာတွေ လာပြတယ် ဆိုတာ သက်သက် အမျိုးသားရေးကို တိုက်ခိုက်တာ၊ စော်ကားတာ။ ဒါကြောင့် အသင်းကို လူစုံ မထုတ်တော့ဘဲ ကောင်လေး တွေကိုလဲ သေသေချာချာ သင်မပေးဘဲ လွှတ်ပေးလိုက်တာ။

ရုက္ခစိုး။     ။ ဒီလို တွက်လို့ ဖြစ်မလား။ ခင်ဗျားတို့ ဆမ်ဆောင်းလိုပဲ ပန်းသီးတွေလည်း တကမ္ဘာလုံး သုံးနေကြတာပဲ။ ခင်ဗျား တော်တော် မိုက်တဲ့သူ။ ခင်ဗျားရဲ့ တလွဲဆံပင် ကောင်းမှုကြောင့် ကျုပ်တို့တွေလည်း နစ်နာတယ်၊ ခင်ဗျားကိုလည်း အားလုံးက မုန်းနေပြီ။ ဒါနဲ့ ဘာလို့ ခင်ဗျားက ကိုရီးယား မပြန်သေးဘဲ ဒီမှာ ရှိနေရတာလဲ။

ပိုက်ဆံခွာ။     ။ ကျနော် ချက်ချင်း ပြန်တာပဲဗျ။ ဒါပေမယ့် အခု မလာမနေရ ပြန်လာရမယ်ဆိုလို့ ပြန်လာတာ။

ဖိုးရှုပ်။     ။ ခင်ဗျားလို လူကိုများ … ဘယ်သူက ပြန်ခေါ်မှာလဲ။ လာလုပ်မနေနဲ့။

ပိုက်ဆံခွာ။     ။ တကယ်ပါဗျာ။ ကျနော့်ကို အကယ်ဒမီပေးပွဲ တက်ရမယ်ဆိုလို့ ဒီညနေ လေယာဉ်နဲ့ ချက်ချင်း ပြန်လာရတာပါ။

သူပြောတော့မှ ထိုနေ့ အကယ်ဒမီ ပေးပွဲ ကျင်းပသည့်နေ့ ဆိုသည်ကို သူတို့ အားလုံး သတိရသွားသည်။ လမ်းဘေးတွင် ထောင်ထားသော ရုပ်မြင်သံကြား စက်ကြီးကလည်း အကယ်ဒမီ ပွဲ မြင်ကွင်းများကို စတင် ပြနေပြီ ဖြစ်သည်။

ကြွက်စုတ်။     ။ ဒါဆိုလည်း ပွဲ ကျင်းပတဲ့နေရာကို တန်းမသွားဘဲ ဒီမှာ ဘာကိစ္စ မှောင်ရိပ်ခိုနေတာလဲ။

ပိုက်ဆံခွာ။     ။ သွားတာပဲလေ … ကားလမ်းပိတ်နေလို့ ဆက်သွားမရတာနဲ့ လမ်းလျှောက်ပြီးပဲ သွားတော့မယ် ဆိုပြီး ကားပေါ်က ဆင်းလာတုန်း ခင်ဗျားတို့နဲ့ တွေ့တာပဲ။

ထိုစဉ် ယခုနှစ် အကယ်ဒမီပေးပွဲတွင် ပါဝင်မည်ဟု ကြိုတင် ပြောထားသော အကယ်ဒမီ အထူးဆုကြီးကို စတင်ကြေညာ နေပြီ ဖြစ်သည်။ သူတို့အားလုံး စကားမပြောနိုင်ဘဲ ရုပ်မြင်သံကြား စက်ကြီးဆီ အာရုံရောက်သွား ကြသည်။

အစီအစဉ် ကြေညာသူ။     ။ ဒီနှစ်အတွက် အကယ်ဒမီ အထူးဆုကြီးကို ပူးတွဲဆု သုံးဆု တိတိ ပေးမှာ ဖြစ်ပါတယ်ရှင်။

ကြွက်စုတ်။     ။ အထူးဆုက သုံးဆုတောင်တဲ့ဗျ။

အစီအစဉ် ကြေညာသူ။     ။ ပထမဆုံး အထူးဆု အနေနဲ့ “တွေ့တဲ့သူတိုင်းကို ဖက်ငိုမယ်” ဆိုတဲ့ အလွမ်းဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အထူးဆု ရရှိသွားသူ ဘောအဖွဲ့ချုပ် အကြီးအကဲ ဦးဘောအုပ် …။

တီဗီထဲတွင် ဘောအဖွဲ့ချုပ် အကြီးအကဲ၏ မျက်ရည်လည်ရွှဲ မျက်နှာကြီး ပေါ်လာသည်။ သူက ဖက်၍ရသမျှ လူအားလုံးကို ဖက်ကာ တဟီးဟီး ငိုချင်းချနေလေ၏။

ဖိုးရှုပ်။     ။ ဟာ … ဘောအကြီးအကဲက ဘယ်တုန်းက ရုပ်ရှင်ရိုက်လိုက်တာလဲ …။

ကြွက်စုတ်။     ။ ငြိမ်ငြိမ်နေစမ်းပါကွာ … ဒီနှစ်က ရုံမတင်ရသေးတဲ့ ကားတွေကိုပါ ပေးမယ်လို့ ကြေညာထားသားပဲဟာ၊ မရိုက်ရသေးတဲ့ ကားလည်း ပေးချင်ပေးမှာပေါ့။

အစီအစဉ် ကြေညာသူ။     ။ ဒုတိယ အထူးဆု အနေနဲ့ “ခွာခွာ ဘာမှမသိ” ဆိုတဲ့ အက်ရှင် ဇာတ်ကြမ်းကားကြီးရဲ့ အထူး ဇာတ်ပို့ သရုပ်ဆောင် ပိုက်ဆံခွာ …။

ထိုသို့ ကြေညာလိုက်သည်နှင့် … ဖိုးရှုပ်ကော၊ ကြွက်စုတ်ပါ ခုနက တင်းနေသမျှ မေ့သွားပြီး “ဟေး” ကနဲ့ ထအော်၍ အကယ်ဒမီပေးပွဲ တက်သူများ လုပ်နေကြအတိုင်း ပိုက်ဆံခွာကို ဝိုင်း၍ လက်ဆွဲနှုတ်ဆက်ကြ၊ အာပွားပေးကြ လုပ်နေကြ တော့သည်။ ပိုက်ဆံခွာက “ခွာခွာ ဘာမှမသိ” “ခွာခွာ ဘာမှမသိ” ဟု တတွတ်တွတ် ရွတ်နေသည်။ တီဗီတွင်တော့ ဘောအဖွဲ့ချုပ် အကြီးအကဲက သူ့အနားရှိ ဘောလုံး နှစ်သင်းစာ လူများကို ဖက်ငိုပြန်သည်။

ထိုစဉ် ရန်ကုန်တမြို့လုံးရှိ လျှပ်စစ်မီးများ ရုတ်တရက် ပျက်တောက်သွားရာ မှောင်အတိ ကျသွားလေတော့သည်။ ထို့ကြောင့် “ကျပ် ၅ သောင်းတန် စည်းကမ်းပြည့်ဝ မှန်ကန်သော အလံ မီးရှို့မှုကြီး” ဆိုသည့် မှတ်တမ်းရုပ်ရှင် ကားဖြင့် အကောင်းဆုံး ဇာတ်ညွှန်းနှင့် ဒါရိုက်တာဆုကို ဘောအဖွဲ့ချုပ် အကြီးအကဲ ဦးဘောအုပ်ကပင် ထပ်မံ ဆွတ်ခူး ရရှိသွားကြောင်း၊ ထိုဆုအတွက် ဝမ်းသာသဖြင့် ဘောအဖွဲ့ချုပ် အကြီးအကဲက နောက်ထပ် ဘောလုံးတသင်းစာ လူများကို ဖက်ငိုကြောင်း နောက်တနေ့ သတင်းစာဖတ်မှ ဦးရုက္ခစိုးတို့ သိရသည်။

ဖောင်ပိတ်သတင်း။     ။ အကယ်ဒမီပေးပွဲသို့ ကိုယ်တိုင် တက်ခွင့် မရလိုက်သော ပိုက်ဆံခွာသည် သူ့ကို မေတ္တာထားသူများ မသိခင် ညတွင်းချင်း ကိုရီးယား ပြန်မည် အကြံဖြင့် လေယာဉ်ကွင်းသို့ အသွား မည်သူက မည်သို့ မည်ပုံ လက်တို့လိုက်သည် မသိ “ခွာခွာ ဘာမှမသိ” ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူတို့က လမ်းပိတ်ကာ ကားကိုဝိုင်းထား သောကြောင့် ကားပေါ်မှ ဆင်း၍ ဖနောင့်နှင့် တင်ပါး တသားတည်း ကျအောင် ပြေးလေသောကြောင့် တက္ကစီခ မကုန်ဘဲ လေယာဉ်ကွင်းသို့ ရောက်သွား ကြောင်း၊ ဘောအဖွဲ့ချုပ် အကြီးအကဲက ပိုက်ဆံခွာနောက်မှ အမီလိုက်၍ ဖက်ငိုကြောင်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ








၂၀၁၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားနှင့် ထူးချွန်ဆုရရှိသူများကို တွေ့ရစဉ်

ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ၌ ‘ဥ’ ဇာတ်ကားဖြင့် ဒါရိုက်တာဆုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ ‘ကယန်းအလှ’ ဇာတ်ကားဖြင့် အကောင်းဆုံးဓာတ်ပုံကို ဓာတ်ပုံဒါရိုက်တာ အောင်ကိုလတ်၊ ‘လက်ပံ’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို သရုပ်ဆောင်ဖွေးဖွေး၊ ‘ဥ’ ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင်ချောရတနာ၊ ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကားဖြင့် အထူးဆုကို ကလေးသရုပ်ဆောင် ယွန်းယွန်း၊ ‘ကယန်းအလှ’ ဇာတ်ကားဖြင့် အသံထူးချွန်ဆုကို အသံဖမ်းတိုနီ (လင်း)၊ ‘အမွေခံထိုက်သူ ဖြစ်ပါစေ’ ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို တေးဂီတမှူးဝင်းကိုတို့က ပထမဆုံး အကယ်ဒမီဆုများအဖြစ် ဆွတ်ခူးရရှိခဲ့ပြီး ‘လက်ပံ’ ဇာတ်ကားဖြင့် အမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ပြေတီဦး၊ ‘ဥ’ ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ဦးဇော်မင်း (ဟံသာမြေ) တို့က ထပ်ဆင့်အကယ်ဒမီဆုများအဖြစ် ဆွတ်ခူးရရှိခဲ့သည်။ ယခုနှစ်တွင် ပေးအပ်ခဲ့သည့် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများသည် ပရိသတ်ဆန္ဒနှင့် ထပ်တူကျခဲ့သည့် အကယ်ဒမီဆုများဖြစ်ပြီး ဟာသဦးစားပေး ဇာတ်ကားတစ်ကားမှ အကယ်ဒမီဆုများ ရှားရှားပါးပါး ဆွတ်ခူးနိုင်ခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကလေးသရုပ်ဆောင်များကို ရှားရှားပါးပါး ပေးအပ်ခဲသည့် အထူးဆုကိုလည်း ငါးဆုမြောက်ဆုအဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။
ထူးခြားဆန်းသစ်သည့် အကယ်ဒမီပွဲ ကျင်းပပုံ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ယခင်နှစ်များနှင့်အတူ ထူးခြားဆန်းသစ်သည့် အခမ်းအနား တင်ဆက်မှုများ၊ စင်မြင့်တည်ဆောက်မှုများ၊ မီးအလှဆင်မှုများဖြင့် တင်ဆက်နိုင်ခဲ့သည်။ အခမ်းအနား အ၀င်တစ်လျှောက်တွင် အနုပညာရှင်များအတွက် ကော်ဇောနီ လျှောက်လှမ်းဖြင့် လျှောက်လှမ်းဝင်ရောက်စေခဲ့ပြီး ပွဲကျင်းပရာ နေရာသီးသန့်တွင် အနုပညာရှင်များကိုသာ ရှိစေကာ သတင်းရယူမှုများကို သီးခြားနေရာဖြင့် ကန့်သတ်ထားခဲ့သည်။ အခမ်းအနားတွင် အစီအစဉ် တင်ဆက်သူများအဖြစ် ဆန်းထွဋ်နှင့် တင်မိုးလွင်တို့က ပါဝင်ခဲ့ကြပြီး အကယ်ဒမီဗန်း ကိုင်ဆောင်သူများအဖြစ် မေမြင့်မိုရ်၊ ဆောင်းဝတ်ရည်မေ၊ ရှင်ဝေနိုင်ဦး၊ နေစူးနိုင်း၊ လမင်းအိနြေ္ဒ၊ အင်ကြင်းထူး၊ ပန်းရောင်၊ နှင်းဆီဝိုင်တို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီလူမင်းက ရုပ်ရှင်လောကသားများထံသို့ ပန်ကြားတင်ပြခဲ့သည်။


၂၀၁၂ ခုနှစ် ရုပ်ရှင်အသံ အကယ်ဒမီဆုရ ဦးတိုနီ (လင်း) ဆုလက်ခံရယူနေစဉ်

ရုပ်ရှင်အသံထူးချွန်ဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်အသံထူးချွန်ဆုကို ‘ကယန်းအလှ’ ဇာတ်ကားမှ အသံဖမ်းပညာရှင်တိုနီ (လင်း) က ရရှိခဲ့သည်။ တိုနီ (လင်း) သည် ပထမဆုံး အကယ်ဒမီအဖြစ် ရရှိခြင်းဖြစ်သည်။


၂၀၁၂ ခုနှစ် ရုပ်ရှင်တေးဂီတ အကယ်ဒမီဆုရ ဦးဝင်းကို ဆုလက်ခံရယူနေစဉ်

ရုပ်ရှင်တေးဂီတဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်တေးဂီတဆုကို ‘အမွေခံထိုက်သူ ဖြစ်ပါစေ’ ဇာတ်ကားမှ ဂီတမှူးဝင်းကိုက ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။


၂၀၁၂ ခုနှစ် ရုပ်ရှင်တည်းဖြတ်ဆုရ ဦးဇော်မင်း (ဟံသာမြေ) ဆုလက်ခံရယူနေစဉ်

ရုပ်ရှင်တည်းဖြတ်ဆု
ရုပ်ရှင်တည်းဖြတ်ဆုကို ‘ဥ’ ဇာတ်ကားမှ ဦးဇော်မင်း (ဟံသာမြေ)က ဆွတ်ခူးရရှိပြီး ပဉ္စမမြောက် အကယ်ဒမီအဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ဓာတ်ပုံဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို ‘ကယန်းအလှ’ ဇာတ်ကားမှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ အောင်ကိုလတ်က ရရှိခဲ့သည်။ ဒါရိုက်တာ အောင်ကိုလတ်၏ ပထမဆုံး ရုပ်ရှင်ဖန်တီးမှုဖြစ်ပြီး ပထမဆုံး အကယ်ဒမီဆုလည်း ဖြစ်သည်။

အထူးဆု
အကယ်ဒမီသမိုင်းတွင် ရှားရှားပါးပါး ဆုတစ်ဆုဖြစ်သည့် ကလေးသရုပ်ဆောင်များကို ပေးအပ်သည့် အထူးဆုကို သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်က ကြေညာခဲ့ရာ ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကားမှ ကလေးသရုပ်ဆောင် ယွန်းယွန်းက ရရှိခဲ့သည်။ ကလေးသရုပ်ဆောင်ယွန်းယွန်း၏ ပထမဆုံး အကယ်ဒမီဆုဖြစ်ပြီး နှစ်ကိုယ်ခွဲဇာတ်ရုပ်ဖြင့် သရုပ်ဆောင်မှုဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။


၂၀၁၂ ခုနှစ် အမျိုးသားဇာတ်ဆောင်ဆုရ ပြေတီဦး

အမျိုးသား ဇာတ်ဆောင်ဆု
၂၀၁၂ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကို ‘လက်ပံ’ ဇာတ်ကားမှ သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးက ဒုတိယမြောက် အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ‘ဥ’ ဇာတ်ကားတွင် စိတ်ဝေဒနာရှင် စာဥအဖြစ် အကောင်းဆုံး သရုပ်ဆောင်ထားသူ သရုပ်ဆောင် ချောရတနာက ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။

အမျိုးသမီး ဇာတ်ဆောင်ဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ဖွေးဖွေးက ‘လက်ပံ’ ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ‘လက်ပံ’ ဇာတ်ကားတွင် မိခင်၏ ရိုက်သွင်းပေးခဲ့သည့် စိတ်ခံစားချက်များအတိုင်း ဖခင်ကို မုန်းတီးနာကျည်းနေသူ လက်ပံအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

အကောင်းဆုံး ဒါရိုက်တာဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ‘ဥ’ ဇာတ်ကားအား ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရရှိခဲ့သည်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) သည် ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဟာသဇာတ်ကား၏ ဒါရိုက်တာတစ်ဦးအဖြစ် ရှားရှားပါးပါး ရရှိခဲ့ခြင်းလည်းဖြစ်သည်။

၁၂ ဆုအနက် ၉ ဆုသာ ချီးမြှင့်ခဲ့
၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၂ ဆု လျာထားသတ်မှတ် ခဲ့သော်လည်း ဆုအရေအတွက် ၉ ဆုသာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆုနှင့် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုများကိုမူ ပေးအပ်ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပေ။
ကြားဖြတ်ဖျော်ဖြေရေး အစီအစဉ်၊ လိုတိုရှင်း ကျေးဇူးတင်စကားများနဲ့ ၂၀၁၂ အကယ်ဒမီ
၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆု ချီးမြှင့်ရာ၌ ဆုကြေညာချိန်တွင် ကြားဖြတ်ဖျော်ဖြေရေး အစီအစဉ်များကိုလည်း တင်ဆက်ခဲ့ပြီး အကယ်ဒမီဆု ရရှိသူများကလည်း ကျေးဇူးတင်စကားများကို ထိမိတိုတောင်းစွာ ပြောကြားပေးခဲ့ကာ အချိန်အကန့်အသတ်ဖြင့် အကောင်းဆုံးထုတ်နုတ် တင်ပြမှုများကိုလည်း တင်ဆက်ခဲ့သည့်အတွက် ည ၇ နာရီ ၀န်းကျင်တွင် ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့သည်။

ပရိသတ်ဆန္ဒနှင့် ထပ်တူကျသည့် အကယ်ဒမီ
၂၀၁၂ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအား ပရိသတ်အများစု သဘောကျ နှစ်ခြိုက်ခဲ့ပြီး ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်းကျသည့် အကယ်ဒမီရွေးချယ် ပေးအပ်မှု ဖြစ်စေခဲ့သည့်အပြင် ရုပ်ရှင်လောကသား အများစုကလည်း ရွေးချယ်မှုများအတွက် သဘောကျ လက်ခံစေခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပေးအပ်မှုကို ပြန်ကြားရေး ၀န်ကြီးဌာနက နောက်ဆုံးအကြိမ်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ယူ ပေးအပ်မည်ဖြစ်သည်။  
အကယ်ဒမီ ဆုရှင်တို့၏ ကျေးဇူးတင်စကားနှင့် ပရိသတ်တို့၏ အသံများ

တိုနီ(လင်း) (ရုပ်ရှင်အသံဆု)
အရမ်းကို ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဒီဆုကိုရတဲ့အတွက် ဖခင်ဦးလင်းကိုလည်း ကန်တော့မိပါတယ်။ ဒီဆုကို ရွေးချယ်ပေးကြတဲ့ အကဲဖြတ် လူကြီးများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာအောင်ကိုလတ်နဲ့ Mr.Hector တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

ဂီတမှူးဝင်းကို (ရုပ်ရှင်တေးဂီတဆု)
ဒီဆုကို ရခဲ့တဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ဖခင် ပန်းတနော်လေးမြ၊ ဆရာဂီတမှူး လှဆန်းဦးတို့ကိုလည်း ကန်တော့ပါတယ်။ ဒီဇာတ်ကားမှာ တီးခတ်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာ ရွှေပြည်ကတုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ၀ိုင်းတော်သားတွေ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။

ဦးဇော်မင်း (ဟံသာမြေ) (ရုပ်ရှင်တည်းဖြတ်ဆု)
ဒီဆုက ကျွန်တော့်ရဲ့ ငါးဆုမြောက်ပါ။ ကျွန်တော့်ကို အကယ်ဒမီဆုတွေ ရစေခဲ့တဲ့ ဒါရိုက်တာတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

ဒါရိုက်တာအောင်ကိုလတ် (ရုပ်ရှင်ဓာတ်ပုံဆု)
ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပါ။ ရိုက်ကူးချိန် ခုနစ်နှစ်ကြာပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

ကလေးသရုပ်ဆောင် ယွန်းယွန်း (အထူးဆု)
သမီးအရမ်း ပျော်နေပါတယ်။ ကလေးသရုပ်ဆောင်ဆုဆိုတာ မျှော်လင့်တိုင်းလည်း မရတတ်ဘူးလို့ သမီးနားလည်ထားပါတယ်။ သမီးနဲ့ လုပ်ဖော်ကိုင်ဖက် ကလေးသရုပ်ဆောင်တွေ အားလုံးကိုယ်စား ဒီဆုကို ရလိုက်တာလို့ပဲ ခံယူထားပါတယ်။ ပထမဆုံး နှစ်ကိုယ်ခွဲဇာတ်ကားနဲ့ ဆုရတာဖြစ်တဲ့အတွက် ပိုပြီးဝမ်းသာ ဂုဏ်ယူမိပါတယ်။ သမီးဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ခွင့်ပေးခဲ့တဲ့ ဘွားဘွား ဒေါ်သဲနုခိုင်ကိုလည်း ကန်တော့ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကြောင့် ဒီဆုကိုရခဲ့တာလို့ ခံယူထားပါတယ်။ ဒီဆုကို ရခဲ့တဲ့အတွက် အနုပညာ လောကထဲမှာလည်း တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်၊ ကျောင်းပညာရေးမှာ တာဝန်ကျေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။

ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု)
ကျွန်တော် ဒီနှစ်ကို ပိုပြီးရင်ခုန်နေပါတယ်။ မျှော်လည်း မမျှော်လင့်ရဲပါဘူး။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဖက်တွေဖြစ်တဲ့ လက်ပံဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားကို ပထမဆုံး စတင်သယ်ဆောင်လာပေးတဲ့ မဖြူနှင်းဖွေးကိုလည်း ကျေးဇူးတင်ပါတယ်။ မမျှော်လင့်ပဲ ရလိုက်တဲ့အတွက် ပိုပြီးခံစားရပါတယ်။ ပထမတစ်ဆုတုန်းက အလှုပ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ အငြိမ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။ ကျွန်တော့် အနုပညာလမ်းကြောင်း တစ်လျှောက်မှာ မျှဝေခံစားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ချောရတနာ (အမျိုးသမီးဇာတ်ပို့ဆု)
တန်ဖိုးမဖြတ်နိုင်တဲ့ ဆုပါပဲ။ ဒီနေ့လေးကလည်း တန်ဖိုးမဖြတ်နိုင်တဲ့နေ့လို့ ပြောလို့ရပါတယ်။ ဖေဖေဒါရိုက်တာပေါသျှံ ဖြစ်စေချင်တဲ့အတိုင်း သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တဲ့အတွက် ဖေဖေ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။

ဖွေးဖွေး (အမျိုးသမီးဇာတ်ဆောင်ဆု)
ဖွေးဖွေး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အရမ်းလည်း ၀မ်းသာမိပါတယ်။ ဖွေးဖွေးလို အနုပညာ ၀ါနုသေးတဲ့သူ တစ်ယောက်ကို ဆုပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဖွေးဖွေးရဲ့ လက်ဦးဆရာ ကိုဝိုင်း၊ ဦးမျိုးမင်း၊ မမို့တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

ဒါရိုက်တာကိုဇော် (အရုဏ်ဦး)
မိဘနှစ်ပါး၊ တည်းဖြတ်ပညာ သင်ပေးခဲ့တဲ့ ဦးမြင့်ခိုင်၊ ဦးတင်ငြိမ်း (ရှုမ၀)၊ ဒါရိုက်တာ မလုပ်မနေရလို့ပြောပြီး သင်ပေးခဲ့တဲ့ အစ်ကိုဆရာ ကိုအောင်မင်းသိမ်းနဲ့ ဒါရိုက်တာများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရိုက်ကူးခွင့်ပေးခဲ့တဲ့ ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

စမ်းချောင်းမြို့နယ်မှ ပရိသတ်တစ်ဦး
ဒီနှစ်ကယ်ဒမီကတော့ တကယ်ထိုက်တန်တဲ့သူတွေ ရတယ်လို့ ထင်ပါတယ်။ ဆုတွေအားလုံးက ပရိသတ်ဆန္ဒနဲ့ ထပ်တူကျပါတယ်။ ဖွေးဖွေးရတဲ့အတွက် အရမ်းကျေနပ်သလို ယွန်းယွန်းရတဲ့ အတွက်လည်း အရမ်းကြိုက်ပါတယ်။

လသာမြို့နယ်မှ ပရိသတ်တစ်ဦး
ဒီနှစ်ဆုတွေအားလုံး ကျေနပ်တယ်။ အားလုံးက တကယ်ထိုက်တန်တဲ့ သူတွေပါပဲ။ အရင်နှစ်တွေကလို စိတ်လှုပ်ရှားပြီးမှ စိတ်ပျက်ပြီး ကျန်ခဲ့ရတာမျိုး မရှိဘဲ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေအတွက် ပျော်ပြီးပြီးသွားတာဆိုတော့ ကျေနပ်စရာ ကောင်းတယ်လို့ ဆိုရမှာပါ။
eleven media group

အပြည့်အစုံသို့ »

စပ်ကြားအစိုးရများ အကြောင်း သုံးသပ်ကြည့်ခြင်း (၁)


၂၀၀၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသတွင် မဲပေးနေစဉ် (ဓာတ်ပုံ – RFI)

ရုရှနိုင်ငံမှာ ဒီမိုကရေစီ ကျင့်သုံးတယ်လို့ ပြောနိုင်မလား။ အင်ဒိုနီးရှား၊ ယူကရိန်း၊ ဗင်နီဇွဲလား၊ နိုင်ဂျီးရီးယား၊ တူရကီတို့ ဆိုရင်ရော ဘယ်လိုလဲ။ အစိုးရတွေကို ဘယ်လိုအမျိုးအစား ခွဲခြားသတ်မှတ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ မေးခွန်းထုတ်လို့ ရတဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ အခုလက်ရှိ ပကတိ နိုင်ငံရေး အနေအထားက ဟိုးအရင်လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကထက် အများကြီး ပိုရှုပ်ထွေးပါတယ်။ အစိုးရတွေနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားရမလဲ၊ ဘယ်လိုအဆင့်ခွဲခြား သတ်မှတ်ရမလဲ ဆိုတာကလည်း ဘယ်တော့မှ မဆုံးနိုင်တဲ့ ဆွေးနွေးစရာ အကြောင်းကိစ္စ ဖြစ်လာပါတယ်။

“ဘယ်လို နိုင်ငံမျိုးကတော့ဖြင့် ဒီမိုကရေစီဖြစ်ပြီး ဘယ်လို နိုင်ငံမျိုးဆိုရင်တော့ ဒီမိုကရေစီ မဖြစ်ဘူးလဲ”၊ “ဘယ်အစိုးရမျိုးတွေကတော့ဖြင့် ဒီမိုကရေစီ ဖြစ်ပြီး ဘယ်အစိုးရတွေကတော့ဖြင့် မဖြစ်ဘူးလဲ” ဆိုတဲ့ မေးခွန်းတွေကို မကြာသေးခင် ဆယ်စုနှစ်တွေအတွင်းမှာ အနီးကပ် စစ်ဆေးကြ၊ ပိုပြီးတော့ အကြိမ်ပေါင်းများစွာ စစ်ဆေးထားကြပါတယ်။ အဲဒီမေးခွန်းတွေထက် ပိုပြီး စစ်ကြော မေးခွန်းထုတ်ခံရတဲ့ အယူဝါဒရေးရာ ပြဿနာတွေလည်း နိုင်ငံရေးသိပ္ပံမှာ မရှိနိုင်တော့ပါ။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ၊ စံနှုန်းသတ်မှတ်ချက်တွေ၊ တိုင်းတာတဲ့ ပေတံတွေ ဆိုတာလည်း ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။ ဒါပေမယ့် တတိယလှိုင်း ရိုက်ခတ်ခဲ့တာ  နှစ်ပေါင်း အစိတ်လောက်ရှိနေခဲ့ပြီး အဲဒီလှိုင်းလုံးကြောင့် ဒီမိုကရေစီကို နှိုင်းဆလေ့လာချက်တွေလည်း ပြန်လည်တကျော့ပြန် ခေတ်စားလာခဲ့ပြီး နောက်မှာတောင် ဒီမိုကရေစီကို ဘာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုတာအပေါ် အများသဘောညီ အဖြေကို မရနိုင်သေးတာကတော့ မချင့်မရဲ ဖြစ်စရာ ကောင်းလှပါတယ်။  ယတိပြတ် မပြောနိုင်တဲ့ အစိုးရတွေကို သတ်သတ်မှတ်မှတ် ခွဲခြားဖော်ပြနိုင်ဖို့ကိုလည်း ကျနော်တို့က ရုန်းကန်ကြိုးစားနေရဆဲပါ။

ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံပညာရှင် ရောဘတ်ဒါးလ်က ပေါ်လီအာခီ Polyarchy (အုပ်ချုပ်သူ အနည်းဆုံး ၃ ဦး၊ ၃ ဖွဲ့ ထားရှိတဲ့စနစ်) လို့ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပါတယ်။ အဲဒီလို ခိုင်မာတဲ့ ဖွင့်ဆိုချက်မျိုးကို တချို့က ဆက်ပြီး စွဲကိုင်ချင်ပါတယ်။ ဒီလိုမျိုး ပုံဖော်ကြံဆချက် အတိုင်းဆိုရင်  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိရုံနဲ့တော့ ဒီမိုကရေစီလို့ မပြောနိုင်ပါ။  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို အဓိပ္ပါယ်ရှိရှိ ကျင်းပနိုင်ဖို့ လွတ်လပ်မှုတွေ (လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းနိုင်မှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု စသဖြင့်)၊ သတင်းအချက်အလက်ကို ပေးနိုင်တဲ့ တခြားနေရာဌာနတွေ၊ရွေးချယ်စရာ လမ်းကြောင်းတွေ ရှိထားရပါမယ်။ ဒါ့အပြင် အစိုးရမူဝါဒတွေက နိုင်ငံသားတွေရဲ့ မဲဆန္ဒနဲ့ ဦးစားပေးနှစ်ခြိုက်မှုတွေပေါ် မူတည်နေအောင် ကြပ်မတ်လုပ်ဆောင်ပေမယ့် အင်စတီကျူးရှင်းတွေကိုလည်း လိုအပ်ပါတယ်။ ဂျိုးဇက် ရွှန်းပီတာ ကိုင်စွဲခဲ့တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်ကို ကိုင်စွဲပြီး ဒီမိုကရေစီကို တိုင်းတာချင်ပါတယ်။ အဲဒီ စံသတ်မှတ်ချက်ကတော့ “ဒီမိုကရေစီဆိုတာ တိုင်းပြည်မှာ အဓိကကျတဲ့ ရာထူးနေရာတွေကို ရွေးကောက်ပွဲတွေနဲ့ ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပြီး အဲဒီရွေးကောက်ပွဲတွေမှာ ပြည်သူတွေရဲ့ မဲဆန္ဒကို ရယူနိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။ “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဲဒီအယူအဆကို ခေတ်ပြိုင်နိုင်ငံတွေမှာ အသုံးချ အကောင်အထည် ဖော်နေတာက  “ဒါးလ်” ကိုင်စွဲတဲ့ ပေါ်လီအာခီ အယူအဆနဲ့ တော်တော် များများလေး တူညီပါတယ်။ နိုင်ငံရေးကိစ္စ ဆွေးနွေးငြင်းခုံဖို့နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ နိုင်ငံရေးနဲ့ အရပ်ဖက် လွတ်လပ်မှုတွေ လိုအပ်တယ်လို့ ပြောထားတာကြောင့် သွားပြီး ထပ်တူညီနေတာပါ။

အနိမ့်ဆုံး စံသတ်မှတ်ချက်ဖြစ်တဲ့ “ရွေးကောက်ပွဲ” ဆိုတာကိုသုံးပြီး ဒီမိုကရေစီကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားမယ်ဆိုရင်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာ မေးခွန်းတွေကတော့ ကျန်နေဆဲပါ။ (ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဆင်မြူရယ် ဟန်တင်တန်ရဲ့ အယူအဆကို လက်ခံပြီး) တိုင်းပြည်တခုရဲ့ အဓိက အချက်အခြာအကျဆုံး စုပေါင်းဆုံးဖြတ်ချက် ချသူတွေကို တရားမျှတ၊ ရိုးသားပြီး၊ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေတဆင့် ရွေးကောက်တင်မြှောက်မယ်၊ ကိုယ်စားလှယ်လောင်းတွေကလည်း လွတ်လွတ်လပ်လပ် ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြမယ်လို့ ပြောလာရင် တရားမျှတ၊ ရိုးသားပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ ဘာတွေ လိုအပ်လဲဆိုတာကို ထပ်ပြီး မေးခွန်းထုတ်ရပါဦးမယ်။ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေက မျှတတဲ့ အခွင့်အလမ်းတွေ ရကြသလား၊ နိုင်ငံတ၀ှမ်းမှာ (အထူးသဖြင့် ရုရှား၊ နိုင်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားလောက် ကျယ်ပြန့်ပြီး နိုင်ငံရေးအရ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံတွေမှာ) ရှိတဲ့ မဲဆန္ဒရှင်တွေကလည်း သူတို့ရဲ့ ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်သလား ဆိုတာတွေကိုပါ ဆက်ပြီး မေးခွန်းထုတ်ရပါဦးမယ်။ (သီးခြားလွတ်လပ်တဲ့ မဲအပြိုင်ရေတွက်မှု အကျိုးကျေးဇူးကို မခံစားရနိုင်တဲ့ နိုင်ငံတွေမှာ) တရားဝင် ထုတ်ပြန်ကြတဲ့ ရွေးကောက်ပွဲရလဒ်တွေက ပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်ကို ဘယ်လို ထင်ဟပ်နိုင်မှာလဲ။ စစ်တပ်၊ ဗျူရိုကရေစီ ကြိုးနီစနစ် ဒါမှမဟုတ် အာဏာပိုင် လူတစုအတွက် သီးသန့်ဖယ်ထားရတဲ့၊ လုပ်ပိုင်ခွင့်ပေးထားရတဲ့ နယ်ပယ်တွေ သိသိသာသာ ထင်ထင်ရှားရှား ရှိမနေဘဲ ရွေးကောက် တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေက သြဇာအာဏာအရှိဆုံး ဆုံးဖြတ်ချက်ချသူတွေ ဖြစ်တယ်လို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ ဒီမေးခွန်းတွေက တော်တော်လေးကို အရေးပါ ထင်ရှားလာပြီး အဲဒီလို အရေးပါ ထင်ရှားလာစေတဲ့ အကြောင်းအချက်တွေလည်း ရှိကြပါတယ်။ ပထမဆုံး တခုကတော့ နိုင်ငံရေးပါတီပေါင်းစုံ ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ ပုံမှန်ရွေးကောက်ပွဲတွေကို ကျင်းပပြီး ရွေးကောက်ပွဲ ဒီမိုကရေစီ (Electoral democracy) ကို  ခံယူကျင့်သုံးတဲ့ အစိုးရတွေက အခုဆိုရင် အရင်ကထက် ပိုများလာနေပါပြီ။ ဒုတိယကတော့ အဲဒီလို ရွေးကောက်ပွဲ ဒီမိုကရေစီကို ကျင့်သုံးတဲ့ အစိုးရတွေရဲ့ အရေအတွက်က သမိုင်းမှာ မကြုံဖူးလောက်အောင် များပြားလာပေမယ့် ဒီမိုကရေစီ စစ်မစစ် ဆိုတာကို ပြတ်ပြတ်သားသား အစစ်ဆေးမခံနိုင်ကြ ဒါမှမဟုတ် ဝေ့လည်ချောင်ပတ်သာ အဖြေပေးနိုင်ကြပါတယ်။ တတိယ အချက်အနေနဲ့ ကတော့ နိုင်ငံတခုမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံတကာရဲ့ စောင့်ကြည့်လေ့လာမှုတွေက အရင်ထက် ပိုများလာတာ အပါအ၀င် ရွေးကောက်ပွဲ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေနဲ့ စံသတ်မှတ်ချက်တွေ များလာတာကြောင့် သက်ဆိုင်ရာ နိုင်ငံတခုချင်းစီမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီ အလေ့အထတွေကို နိုင်ငံတကာ ပိုပြီးတော့ အနီးကပ် စစ်ဆေးလာပါတယ်။

အဲဒီလို ပိုပြီးတော့ အနီးကပ် စစ်ဆေးလာတာတောင်မှပဲ အုပ်ချုပ်ရေးစနစ်တွေကို ဘယ်လို အုပ်စုခွဲခြား သတ်မှတ်ရမလဲ ဆိုတာကို သီးခြားလွတ်လပ်တဲ့ စောင့်ကြည့် လေ့လာသူတွေကြားမှာ သဘောမတူနိုင်ကြပါ။ ဒီအက်ဆေး အစပိုင်းမှာ ဖော်ပြခဲ့တဲ့ နိုင်ငံ ၆ ခုစလုံးကို ဒီမိုကရေစီ ဖြစ်တယ်လို့ ဖရီးဒမ်းဟောက်စ် (Freedom House) အဖွဲ့ကြီးက သတ်မှတ်ပါတယ်။ ဒါပေမယ့် နောက်ဆက်လက် ဖော်ပြမယ့် အက်ဆေး ၃ ခုအတိုင်း ဆိုရင်တော့ အဲဒီအုပ်ချုပ်ရေးစနစ်တွေက ရွေးကောက်ပွဲ ဒီမိုကရေစီ ရေချိန်ထက် လျော့နည်းနေတာ လုံးဝ (လုံးဝနီးပါး) သေချာပါတယ်။ ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ် (Competitive authoritarian system)၊ တပါတီကြီးစိုးစနစ် (Hegemonic party system)၊ စပ်ကြားအစိုးရစနစ် (Hybrid) လို့သာ ပြောနိုင်ပါမယ်။ ဒါမှမဟုတ် ယူကရိန်း၊ နိုင်ဂျီးရီးယားနဲ့  ဗင်နီဇွဲလားနိုင်ငံတွေက ဒွိဟ အခြေအနေထဲကို ကျရောက်နေတယ်လို့သာ အလွန်ဆုံး ပြောနိုင်ပါလိမ့်မယ်။

ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ အစိုးရတွေက လုံလောက်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပြီး ကျွမ်းကျင်မှုတွေ ပြည့်ဝနေမနေ ဆိုတာကို ပြောနိုင်ဖို့ ကျနော်တို့မှာ လုံလောက်တဲ့ သတင်းအချက်အလက်တွေ အခုလောလောဆယ် မရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးခွင့်တွေ ပြည့်ပြည့်၀၀ရကြပြီး နောက်ဆက်လက်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ လက်ရှိအစိုးရကိုအနိုင်ယူဖို့ အတိုက်အခံတွေက တရားမျှတတဲ့ အခွင့်အရေးတွေ ရကြလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သတင်းအချက်အလက်တွေ ပြည့်ပြည့်၀၀ မရသေးတာ  ဖြစ်နိုင်ပါတယ်။ အုပ်ချုပ်ရေးစနစ်တွေကို အမျိုးအစား ခွဲခြားသတ်မှတ် ဖော်ပြဖို့ဆိုရင် အရင်ကျင်းပထားတဲ့ ရွေးကောက်ပွဲတွေကို အကဲဖြတ်နိုင်ရပါမယ်။ ဒါ့အပြင် ဒီမိုကရေစီနည်းအရ (တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ပြောဖို့လည်းခက်ပါတယ်) တက်လာတဲ့ အုပ်ချုပ်သူ အီလစ်လူတန်းစားရဲ့ ရည်ရွယ်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကိုလည်း အကဲဖြတ်နိုင်ရပါမယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ဖို့တော့ ခက်ပါလိမ့်မယ်။ ရုရှနိုင်ငံ  အုပ်ချုပ်ရေး စနစ်ကို “ရွေးကောက်ပွဲ အာဏာပိုင်စနစ် (Electoral authoritarian) လို့ ရှုမြင်သုံးသပ်တဲ့ လေ့လာစောင့်ကြည့်သူတွေလည်း တဖြည်းဖြည်း များလာပါတယ်။ ၁၉၉၉ ခုနှစ်  ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် မဲမသမာမှုတွေ ရှိထားတာကြောင့် နိုင်ဂျီးရီးယားကိုလည်း အဲဒီလို သတ်မှတ်တဲ့ ပညာရှင်တွေ များလာပါတယ်။  အင်ဒိုနီးရှား လွှတ်တော်ရဲ့  အမတ်နေရာ တချို့တ၀က်ကို ရွေးကောက်တင်မြှောက် မခံရတဲ့ စစ်သားကိုယ်စားလှယ်တွေကို အခြေခံဥပဒေအရ ပေးအပ်ထားတဲ့အတွက် ဒီမိုကရေစီ အခြေခံမူနဲ့ ဆန့်ကျင်နေပါတယ်။ ဒါပေမဲ့ အဲဒီလို ပေးအပ်ထားမှုကို ဖယ်ရှားပစ်လိုက်မယ် ဆိုရင်တောင် အင်ဒိုနီးရှားစစ်တပ်က (လူကြိုက်များပြီး သဘောထား အလယ်အလတ်ရှိတဲ့ အစ္စလာမ္မစ်ပါတီကို အရည်အချင်း မပြည့်မီဘူးဆိုပြီး တူရကီစစ်တပ်က ထပ်ကာတလဲလဲ အင်အားသုံး ဆုံးဖြတ်သလို) နိုင်ငံရေးမှာ အရေးပါတဲ့ ဗီတိုအာဏာသုံစွဲသူ ဖြစ်နေဦးမှာပါပဲ။

အုပ်ချုပ်ရေးစနစ်တွေ  အမျိုးအစား ခွဲခြားသတ်မှတ်တာကို အခုပြောခဲ့တဲ့ ပြဿနာတွေနဲ့ မူမမှန်မှုတွေကချည်းပဲ အနှောင့်အယှက် ပေးနေတာတော့ မဟုတ်ပါ။ မက္ကဆီကို၊ စင်ကာပူ နဲ့ ဆီနီဂေါ နိုင်ငံတွေက (သူတို့အစိုးရတွေ ပြောသလို) တကယ့် ဒီမိုကရေစီ ဖြစ်သလား ဆိုတာကို ပညာရှင်တွေနဲ့ လေ့လာသူတွေက ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်းမှာ အချေအတင် ငြင်းခုံခဲ့ပါတယ်။ အဲဒီနိုင်ငံတွေရဲ့  ဒီမိုကရေစီ မပြည့်ဝမှုက အရင်ထက်ပို ပြောင်ပြောင်တင်းတင်း ဖြစ်လာပြီး ဒေသတွင်း တခြားနိုင်ငံတွေက တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ကြတဲ့အခါ အဆိုပါ ဆွေးနွေးငြင်းခုံမှုတွေလည်း အရှိန်လျော့ကျသွားခဲ့ပါတယ်။ ပြိုင်ဆိုင်ကြတဲ့ အတိုင်းအတာ နည်းနည်းပါးပါးရှိပြီး  ရလဒ်တွေကို သေချာပေါက် ခန့်မှန်းပြောဆိုလို့ မရနိုင်တဲ့ ပါတီစုံရွေးကောက်ပွဲတွေ ရှိတာနဲ့တင်ပဲ အဲဒီ အုပ်ချုပ်ရေးစနစ်တွေက ဒီမိုကရေစီ ဖြစ်တယ်လို့  ဖော်ပြတတ်တဲ့ ဥာဉ်ကို မေးခွန်းထုတ်လာတဲ့ ပညာရှင်တွေ မကြာသေးခင် နှစ်တွေအတွင်းမှာ တဖြည်းဖြည်း များလာပါတယ်။   နိုင်ငံရေးကို အပြိုင်အဆိုင် ဖြစ်အောင် ရွေးကောက်ပွဲတွေ  ကျင်းပပေးပြီး တပြိုင်နက်တည်းမှာ အာဏာပိုင်ဆန်ဆန် ကျင့်သုံးအုပ်ချုပ်နေတာတွေ ဖြစ်နိုင်တယ်ဆိုတာကို စတီဗင် လယ်ဗစ်စကီး နဲ့ လူးကန်ဝေး တို့ရဲ့ အက်ဆေးတွေမှာ ရေးသားဖော်ပြထားပါတယ်။ သူတို့ရဲ့ လေ့လာမှုတွေက ယူရေးရှားနဲ့ လက်တင်အမေရိက ဒေသတွေကို ဇောင်းပေး လေ့လာထားတာဖြစ်ပြီး အရေးပါတဲ့ အယူအဆရေးရာ ရှာဖွေ့တွေ့ရှိချက်တွေလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီမဆန်တဲ့ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးအစားစား အကြောင်းနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ အာရုံစိုက်လုပ်ဆောင်မှု အသစ်တွေ ရှိလာနေပြီဆိုတာကို ဒီဆောင်းပါးတွေက ဥပမာဆောင်ဖော်ပြနေပါတယ်။ ဒါ့အပြင် ခောတ်ပြိုင် အာဏာပိုင် အုပ်ချုပ်ရေး စနစ်တွေက ဒီမိုကရေစီ စရိုက်လက္ခဏာတွေကို အံ့သြစရာကောင်းလောက်အောင် (အနည်းဆုံးတော့ အပေါ်ယံ ဟန်ပြသက်သက်) ဖော်ပြသုံးစွဲလာတယ် ဆိုတာကိုလည်း ဆောင်းပါးတွေက ပြသနေပါသေးတယ်။  ၁၉၉၀ ပြည့်နှစ်တွေ အလယ်ပိုင်းလောက်မှာ အထွတ်အထိပ်ကို ရောက်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး “တတိယလှိုင်း”  က ခြေကုန်လက်ပမ်းကျသွားပြီ ဆိုတာကိုလည်း အဲဒီပညာရှင်တွေရဲ့  စိတ်ဝင်စားမှုအသစ်တွေက တစိတ်တပိုင်း ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ အခုပြောဆို ဖော်ပြနေတဲ့ အုပ်ချုပ်ရေး စနစ်သစ်တွေ တော်တော်များများက ဒီမိုကရေစီလည်း မဟုတ်သလို၊ ဒီမိုကရေစီကိုလည်း အသွင်ကူးပြောင်း နေတာမဟုတ်မှန်း ရှင်းရှင်းလင်းလင်း ဖြစ်နေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ တချို့နိုင်ငံတွေကတော့ ဘယ်လိုပဲ ချွတ်ယွင်းအားနည်းချက်တွေရှိပြီး လုပ်ဆောင်မှု မူမမှန်ဖြစ်နေပါစေ “အင်္ဂါရပ်စုံလင်တဲ့  ဒီမိုကရေစီနဲ့ ပြောင်ပြောင်တင်းတင်း အာဏာပိုင်စနစ်တွေ ကြားထဲမှာ ဟိုမရောက်ဒီမရောက် ရှိနေပြီး နိုင်ငံရေးအရ မီးခိုးရောင်နယ်မြေထဲကို ကျရောက်နေ” တာကြောင့် ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီ Electoral democracy လို့ ခွဲခြားဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတွေ တော်တော်များများကတော့ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီ စံနှုန်းကိုတောင် မပြည့်မီဘဲ နိမ့်ကျနေပြီး အဲဒီလိုနိမ့်ကျနေတဲ့ အနေအထားမှာပဲ နှစ်ပေါင်းများစွာကြာအောင် တင်းခံနေနိုင်ပါသေးတယ်။

သမိုင်းအမြင်

ဒီမိုကရေစီနဲ့ အာဏာပိုင် စရိုက်လက္ခဏာတွေကို နှစ်ခုပေါင်းစပ်ကျင့်သုံးတဲ့ စပ်ကြားအုပ်ချုပ်ရေး စနစ်တွေဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါ။ ပါတီစုံ ရွေးကောက်ပွဲတွေရှိပြီး ဒီမိုကရေစီမဆန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ကျင့်သုံးတဲ့ အစိုးရတွေက ၁၉၆၀ နဲ့  ၁၉၇၀ ပြည့်နှစ်တွေ အတွင်းမှာလည်း တည်ရှိခဲ့တာပါပဲ။ အဲဒီနိုင်ငံတွေက ရွေးကောက်ပွဲ သက်သက် ဒီမိုကရေစီ ဖြစ်ကြပြီး   မက္ကဆီကို၊ စင်ကာပူ၊ မလေးရှား၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ရိုဒီးရှားနဲ့ (‘ဒန်းဝိုင်’ ဆိုတဲ့ ပါတီပြင်ပ ယှဉ်ပြိုင်သူတွေကို ခွင့်ပြုတဲ့စနစ် ကျင့်သုံးတဲ့) ထိုင်ဝမ် တွေပါဝင်ခဲ့ပါတယ်။ စင်ကာပူ၊ မလေးရှား ၂ နိုင်ငံတို့ကပဲ ဒီနေ့အချိန်အထိ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီစနစ် ဖြစ်နေဆဲပါ။

ပါတီ (အီလစ်ပါတီဖြစ်တာတောင်)  အချင်းချင်းကြား ယှဉ်ပြိုင်မှုတွေကို တစိတ်တပိုင်း ကန့်သတ်ထားပြီး နိုင်ငံသားတွေရဲ့ မဲပေးခွင့်ကိုလည်း ကန့်သတ်ထားတဲ့ နိုင်ငံတွေကို ဥရောပနဲ့ လက်တင်အမေရိက တိုက်တွေမှာ သမိုင်းကြောင်းအရ တွေ့နိုင်ပါတယ်။ လက်တင်အမေရိကမှာ ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်း ကာလတွေအတွင်း တွေ့ခဲ့ရတဲ့  အုပ်ချုပ်သူအနည်းဆုံး ၃ ဦးရှိ ဒီမိုကရေစီစနစ် (Oligarchical democracy) တွေက လည်း အာဏာကို ကန့်သတ်ပေးတဲ့၊ တလှည့်စီယူစေတဲ့ အခြေခံမူတွေကို ချမှတ်ပေးခဲ့တာအပြင် သက်ဆိုင်ရာ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေး အင်စတီကျုးရှင်းကို တည်ထောင် ပေးခဲ့နိုင်တဲ့အတွက် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ဖြစ်လာရေးမှာ ထည့်ဝင် လုပ်ဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ တည်ငြိမ်တဲ့ ပေါ်လီအာခီ လမ်းကြောင်းကနေ တဆင့်သွားတဲ့ ဒီမိုကရေစီကသာ အကောင်းဆုံးဖြစ်တယ်လို့ ‘ဒါးလ်’ ထောက်ခံပြောဆိုခဲ့တာကို အဲဒီနိုင်ငံတွေက အကောင်းဆုံး ကိုယ်စားပြု ဥပမာပေးနေသလိုပါပဲ။ နိုင်ငံရေး ယှဉ်ပြိုင်မှုက အရင်လာ၊ နောက်ပြီးမှ နိုင်ငံရေးမှာ လူထုပါဝင်မှု တဖြည်းဖြည်း ကျယ်ပြန့်လာပါမယ်။ အဲဒီအခါကျမှသာ ဒီမိုကရေစီယဉ်ကျေးမှုက အီလစ်အသိုက်အ၀န်း ကျဉ်းကျဉ်းလေးထဲမှာ အမြစ်တွယ်ပြီးရင် ရွေးကောက်ပွဲနိုင်ငံရေးကို တဖြည်းဖြည်းချင်း ထည့်သွင်းကျင့်သုံးလာမှာ ဖြစ်တာကြောင့် ပိုများပြားတဲ့ လူထုတွေဆီ ဒီမိုကရေစီ ရောက်ရှိသွားမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ပြည်သူလူထုပါဝင်မှုကို ခေတ်ပြိုင် အနေအထားကနေကြည့်ရင် အဲဒီ တဖြည်းဖြည်းချင်း ဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းက ပိတ်ဆို့ခံထားရပြီ ဆိုတာကို တွေ့ရပါတယ်။ နိုင်ငံရေး ပြိုင်ဘက်တွေကို ကန့်သတ်ထား၊ ထိန်းချုပ်ထားဖို့ တခြားနည်းလမ်းတွေကိုလည်း အဲဒီစိုးရိမ်ပူပန်တတ်တဲ့ အီလစ်တွေက ရှာဖွေထားကြပါပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခု ၂ ခု မတိုင်ခင်က နိုင်ငံရေးမှာ ထိန်းချုပ်ဖို့ (ရွေးကောက်ပွဲကျင်းပ ယှဉ်ပြိုင်တာကို ဖျက်သိမ်းတာ မဟုတ်ရင်တောင်) လုပ်ဆောင်ကြပြီဆိုရင် အတိုက်အခံနိုင်ငံရေး ပါတီတွေကို ပိတ်ပင်တာနဲ့  အရပ်ဖက် လူ့အဖွဲ့အစည်းထဲက သဘောထား ကွဲလွဲသူအဖွဲ့တွေ၊ အတိုက်အခံတွေကို အကြီးအကျယ် ကန့်သတ် ထိန်းချုပ်တာတွေကိုသာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဂျွင်အ်န်လင့်ဇ် ရဲ့  ၁၉၇၅ ခုနှစ်ထုတ် ပထမဆုံး  စာအုပ် “တပါတီအာဏာရှင် စနစ်နဲ့ အာဏာပိုင် အုပ်ချုပ်ရေးစနစ်များ”  ထဲမှာ “အာဏာပိုင် စနစ်များအတွင်းက ပါတီစုံရွေးကောက်ပွဲ ပြိုင်ဆိုင်မှုများ” ဆိုတာကို ဖော်ပြတယ်ဆိုရုံလောက်ပဲ ဖော်ပြခဲ့ပါတယ်။ ပါတီနိုင်ငံရေး ဆိုတာကို တခုတည်းသော (လက်တွေ့စည်းရုံး လှုပ်ရှားလို့ရတဲ့) ပါတီ ခေါင်းစဉ်အောက်မှာပဲ ဖော်ပြခဲ့ပြီး “အယောင်ပြ ပါတီစုံနိုင်ငံရေး” (Pseudo-multiparty systems) ဆိုတာကိုလည်း အနည်းအကျဉ်းလောက်ပဲ ဖော်ပြခဲ့ပါတယ်။  အဓိကကျတဲ့ အာဏာပိုင် အုပ်ချုပ်ရေး ၇ မျိုးအကြောင်းကို  လင့်ဇ်က စာအုပ်ထဲမှာ ဖော်ပြခဲ့ပေမဲ့ လီဗစ်စကီး နဲ့ ဝေးလ် တို့ ဆွေးနွေးထားတဲ့ “ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်” ဆိုတာမျိုးကို ဖော်ပြမထားဘဲ အဲဒီလို ဖော်ပြ မထားတာအတွက်လည်း အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုနေခါမှာ တွေ့ရများတဲ့ စပ်ကြားအစိုးရဆိုတာက (ဟိုအရင် အတိတ်မှာ မရှိခဲ့ဘဲ) ခောတ်ပြိုင်ကမ္ဘာရဲ့ ထုတ်ကုန်တခု ဖြစ်နေတာကြောင့်ပါ။

ဆက်လက်ဖော်ပြပါမည်။

(လယ်ရီဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာ၊ National Endowment for Democracy’s International Forum for Democratic Studies ၏ ပူးတွဲညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး Hoover Institution တွင်လည်း ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သည်။ မကြာသေးခင်က ထွက်ရှိထားသော စာအုပ်များမှာ Political Parties and Democracy  [Richard Gunther နှင့် ပူးတွဲတည်းဖြတ်]  နှင့် The Global Divergence ofDemocracies (Marc F. Plattner နှင့် ပူးတွဲတည်းဖြတ်) တို့ဖြစ်သည်။)
ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

ဒေါက်တာ မြင့်သိန်းက အနောက်တံခါးကျိုးပျက်သွားပြီဟုဆို


ဆရာဒေါက်တာ မြင့်သိန်း (ရန်ကုန်တက္ကသိုလ်)၏ “ ကျိုးပျက်သွားသည့် အနောက်တံခါး” ဆောင်းပါးကို မြန်မာ သံတော်ဆင့် အပတ်စဉ် ဂျာနယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖေါ်ပြသည်။

၎င်းဆောင်းပါးတွင် ဆရာမြင့်သိန်းက ယခုလို ဆိုသည်။

“ လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်ထက်တွင် နိုင်ငံရေး အတွက်အသုံးချ ခဲ့ခြင်းကြောင့် တစ်ဖက် နိုင်ငံမှ လူမျိုးများ ပို၍ပင် ၀င်ရောက်ခွင့် ရရှိလာခဲ့ ရာ ရခိုင်သမိုင်း ပညာရှင်တစ်ဦးက ““စုပြုံ ရောက်ရှိလာသော ဗိုင်းရပ်စ်များ””ဟူ၍ အင်္ဂလိပ်လို ဆောင်းပါး တစ်စောင် ရေးသား သတိပေး တင်ပြသည်အထိဖြစ် ခဲ့ပေသည်။ သက်ဆိုင်ရာ အစိုးရများ၊ ပါတီများ အတွက် သတိပြုစရာပင်။ ကိုယ့်ပါတီ၊ ကိုယ့်အစိုးရ အောင်မြင်ရေးအတွက် နိုင်ငံရေးအရ အသုံးချရာတွင် လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်ခြင်းသည် အလွန်နိမ့်ကျသည့် နိုင်ငံရေး ပင်ဖြစ်သည်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နိုင်ငံရေး ကစားသည့် အပြင် နယ် ခြားမှ အတားအဆီး မရှိဝင်ရောက် နေထိုင်သူများကို အခွင့်အရေးပေးကာ နိုင်ငံရေး ကစားကွက်အတွင်း ကိုယ်အသာစီး ရဖို့ ထည့်သွင်းဆောင်ရွက်သည့် လုပ်ရပ်များသည် သမိုင်းတစ်လျှောက် မြင်ရပေါင်းများ နေပေ သည်။ ယနေ့တိုင်လည်း ကြားနေရ ဆဲဖြစ်သည်။ ယနေ့နိုင်ငံတွင် ထင်ရှား သည့် ထိပ်တန်း ပါတီကြီးများ ပင်လျှင် ထိုသို့သော နိုင်ငံရေး ကစားကွက်ကို ကစား ကြရန် ပြင်ဆင် စည်းရုံးနေသည်ကို ကြား နေရသည်။ ရခိုင်အရေး အပေါ် တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ရှိနေကြချိန်တွင် ထိုပါတီကြီးများက ရေငုံနှုတ်ပိတ်၊ ခပ်မဆိတ် နေကြသည်မှာ မည်သည့်အတွက်ကြောင့် ဟု ပြောရန်ပင် မလိုတော့ချေ။”

ယင်းပြင် ဆရာက ဆောင်းပါး အဆုံးတွင် ယခုလိုပြောဆို ရေးသားကာ နိဂုံးချုပ်ထားသည်။

“ မျိုးခြားတို့ အရေး သည်တားနိုင်ရန် မလွယ် တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာ ဖြစ်လာသည်။ အဂတိတရားကို လက်ကိုင်ထားကာ အ နာဂတ် သည် ၎င်းတို့မြင်ရသည့် အရာမဟုတ်ဟူသည့် အတွေးများ လွှမ်းမိုးထား သူများအပေါ် မထိန်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ့ အရေးသည်လည်း ရင်လေးစရာပင်။ ထို့အတူ မြန်မာ တိုင်းရင်းသား ပြည်သူများ အတွက်လည်း ရင်မအေး စရာပင်။”
Burmesenews narinjara

အပြည့်အစုံသို့ »

ဘယ်သူက ဒီမိုကရေစီ ပေးမှာလဲ


ဒီမိုကရေစီက တဖြည်းဖြည်းပဲ ဆင့်ကဲဖြစ်စဉ်နဲ့ပေါ်ပေါက်လာနိုင်ပါတယ်။ လူထုနဲ့အစိုးရများ ဟန်ချက်ညီညီအား ထုတ်နိုင်ေ လပေါ်ပေါက်ဖို့ရော တည်တံ့ဖို့ရော မျှော်လင့်နိုင်လေပါ။အဲဒီ အစိုးရနဲ့လူထု ဟန်ချက် ပျက်ရင် ကျနော်တို့ မျှော်လင့်သလိုဖြစ် လာဖို့မလွယ်တဲ့အကြောင်း သတိပေးချင်တဲ့ စေတနာပါ။ )

ဘယ်သူကမှ ဒီမိုကရေစီမပေးပါဘူး။ ဘယ်သူ့ဆီမှာမှလည်း ပေးစရာ ဒီမိုကရေစီ မရှိပါဘူး။တပ်မတော်က လည်းမပေးနိုင်သ လို ပြည်ခိုင်ဖြိုးပါတီကလည်းမပေးနိုင်ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမပေးနိုင်သလိုဒေါ်စုလည်းမပေးနိုင်ပါ ဘူး။ ဒီမို ကရေစီဆိုတာ တည်ဆောက်ပြီးလေ့ကျင့်ယူမှ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့စနစ်ပါ။တစ်စုံတစ်ယောက်က ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခု ကဖြစ်စေရော့အင့်ဆိုပြီးပေးလို့ လူထုကရရှိပိုင်ဆိုင်နိုင်တဲ့ ပဒေသာပင်ကြီးမဟုတ်ပါ။ လူထုကိုယ်တိုင်က အသိတရားနဲ့ယှဉ် ပြီးလေ့ကျင့်ပျိုးထောင် ယူရမယ့် စနစ်တစ်ခုမျှသာဖြစ်ပါတယ်။

အခုဆိုရင် အာဏာရှင်စနစ် ပျောက်ကွယ်ခါစ အရပ်သားပုံစံအစိုးရသစ်တစ်ခု အုပ်ချုပ်လာတာ သက်တမ်းတစ်ခု ကုန်လုလုအ ချိန်ကိုရောက်လာခဲ့ပေမယ့် ကျနော်တို့ ဒီမိုကရေစီရဲ့အရိပ်အယောက်မမြင်ရသေးပါဘူးလို့အားနာနာနဲ့ပဲ ပြောရမယ်ထင်ပါတယ်။ လူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု မရှိသေးသလောက်အနေအထားဖြစ်နေတာမို့ပါ။၁။လက်ရှိအပြောင်းအလဲကို ယုံကြည်စိတ် ချရန် လူထုက မဝံ့မရဲဖြစ်နေခြင်း၂။ အာဏာရှင်စနစ်ဆိုးများအောင် နှစ်ပေါင်းများစွာကျင်လည်နေထိုင်ခဲ့ရခြင်းကြောင့် ဒီမိုကရေစီနဲ့ ဆိုင်တဲ့ အသိပညာနဲ့အလေ့အထများကို လူထုက သိရှိနားလည်ရန် လိုအပ်နေသေးခြင်းဆိုတဲ့ အဓိက အကြောင်းရင်းနှစ်ခုကြောင့် ဒီမိုကရေစီ ဝေးနေဦးမှာပဲလို့ သေချာပေါက် ပြောလို့ရပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်စုသမ္မတ တာဝန်ထမ်းဆောင်ဖို့ အများစုက ဆန္ဒရှိနေတယ်လို့မှတ်ယူရပြီး ဒေါ်စု သာသမ္မတ ဖြစ်ရင်ငါတို့တော့ ဒီမိုကရေစီရပြီလို့လဲ တော်တော်များများကတလွဲ ယူဆနေကြပါတယ်။လက်ရှိသမ္မတ ဦးသိန်းစိန်ဆက်လက်တာဝန်ယူရင် ဒီမိုကရေစီအခြေခိုင်မယ်လို့ယူဆသူတွေလည်းရှိပါတယ်။ဒီ ယူဆချက်ကို စွဲကိုင်ထားခြင်းအားဖြင့် ဒေါ်စုသမ္မတဖြစ်ခဲ့ရင် တော်တော် ခက်ခက်ခဲခဲပြသနာတွေရင်ဆိုင်ရဖို့ရှိပါတယ်။

ဒေါ်စု လက်ထက်မှာ အရာခပ်သိမ်းပြည့်စုံမယ်လို့မှတ်ယူထားကြသူများ၊ လက်၇ှိသမ္မတ ဆက်လုပ်မှ ပြည့်စုံမယ် လို့ယူဆကြသူ များ ရှိနေပြီး အမှန်တစ်ကယ်က ရွေးကောက်ပွဲသက်တမ်းနှစ်ခုလောက်နဲ့ နှစ်ပေါင်းမြောက်များစွာအမြစ်တွယ်ခဲ့တဲ့အာဏာရှင်စ နစ်ကွယ်ပျောက်စ လူ့ဘောင်တစ်ခုကို စီးပွားရေးအရ ချက်ချင်းလက်ငင်းချမ်းသာအောင် ဘယ်သူကမှ စွမ်းဆောင်ပေးနိုင်မှာ မဟုတ်သလို နိုင်ငံရေးအရလည်းခေတ်ကောင်းစနစ်ကောင်းတစ်ခုကိုဥုံဖွဆို မန်းမှုတ်ပြီး တည်ဆောက်ပေးလို့ မရနိုင်တဲ့အကြောင်းကြိုတင်နားလည်လက်ခံထားမှသာ ၂၀၁၅ အလွန် မြန်မာနိုင်ငံတော်သစ်ံတည်ဆောက်ရေးလုပ်ငန်းကြီး တည်တည်ငြိမ်ငြိမ်နဲ့ခရီး ဆက်နိုင်ပါလိမ့်မယ်။လူထုခေါင်းဆောင် က နိုင်ငံတော်အကြီးအကဲဖြစ်တာနဲ့ လူထုကလည်းလုံးဝ လွတ် လပ်ပြီး တမုဟုတ်ချင်းတိုး တက်ပြီလို့မှတ်ယူထားကြရင် မှားပါလိမ့်မယ်။

ကျနော်တို့နိုင်ငံမှာ ဖြေရှင်းရမယ့်ပြသနာတွေကလည်းတစ်ပုံတစ်ခေါင်း၊ ပြန်လည်တည်ဆောက်ရမယ့်ကိစ္စတွေကလည်းကဏ္ဍစုံမှာ ရှိနေတဲ့အပြင် လူထုရဲ့ Mindset လို့ခေါ်တဲ့ တွေးခေါ်မြော်မြင် ခံယူချက်သဘောထားတွေကိုပြောင်းပြန်လှန်ပစ်နိုင်ဖို့ကလည်း တော်တော်ကြီးခဲခဲယဉ်းယဉ်းလုပ်ကြရပါလိမ့်ဦးမယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့မရနိုင်ပါ။ လူထုကြားထဲမှာ ဘယ် သူသေသေငတေမာရင်ပြီးရောဆိုတဲ့သဘောတရားက အခိုင်အမာအမြစ်တွယ်နေခဲ့တာကြပြီဖြစ်ပါတယ်။ ပတ်ဝန်းကျင် ဘာဖြစ်ဖြစ် နိုင်ငံရေးတွေ လူမှုရေးတွေအသာထား ငါကောင်းစားဖို့အဓိကဆိုတဲ့သူက ခပ်များများဖြစ်နေတယ်ဆိုတာ ကျနော်တို့ အရင်ဆုံးဝန်ခံဖို့လိုပါတယ်။လမ်းပေါ်မှာ ကားတွေ တစ်စီးကိုတစ်စီးအလုအယက်ကျော်တက်နေကြတာ၊ ကိုယ့်စိတ်ကြိုက်လုပ်လို့ မရတိုင်း တစ်ယောက်နဲ့တစ်ယောက် မကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုနေကြတာ၊ကွမ်းတံတွေးထွေးတာ၊ အမှိုက်ပစ်တာ၊စည်းကမ်း မဲ့ဈေးရောင်းတာ၊ပညာရေးစနစ်ဘယ်လိုကောင်းအောင်ပြုပြင်နေပါတယ်ပဲပြောပြော လောလောဆယ် အတန်းပိုင်ဆရာမဆီ ကျူရှင်အပ်မှ အဆင်ပြေနေသေးတာ၊တက္ကသိုလ်အဆင့် ဆိုတဲ့ကျောင်းသားကလေးတွေ လမ်းဘေးမှာ ဖဲထိုင်ရိုက်နေကြတာ၊ဘတ်စ် ကားတွေ ရထားတွေပေါ် လေလွင့်နေကြတာ၊ ကောင်းမွန်သောအုပ်ချုပ်ရေး သန့်ရှင်းသောအစိုးရ ဖြစ်အောင်အလုပ်မယ် လို့ဘယ် လိုပြောနေပြောနေ ဝန်ထမ်းတွေအကျင့်ပျက်တာကိုအစိုးရက မနိုင်သေးတာ၊ငွေများတရားနိုင်ဖြစ်နေတာ၊ ဘာသာရေးအရေခြုံပြီး ကိုယ်ကျိုးရှာ သာသနာဖျက်နေကြတာ၊ ဆေးရုံသွားလို့မှ ကုပေးဖို့ဆေးမရှိသေးတာ၊ ဆရာဝန်တွေ တချို့( တချို့ဆိုတာ တ်ာတော်များများပါ။ )ငွေနောက်ပဲလိုက်နေကြတာ၊အမြတ်မတရားယူပြီး ရောင်းဝယ်ဖောက်ကားနေကြတာ ပြောရရင် မိုးမဆုံးလေ မဆုံးပါ။အခုထက်ထိလည်းပြင်ဖို့မပြောနဲ့တုပ်တုပ်တောင်မလှုပ်သေးပါဘူး။

ဒါတွေအားလုံးက Mindset ဆိုတဲ့ လူထုတစ်ရပ်လုံးရဲ့ ခံယူချက်သဘောထားတွေ ပြောင်းပြန်လှန်မှ ရမယ့်ကိစ္စတွေ ချည်းဖြစ်ပါတယ်။ အဲသလို ပြောင်းပြန်လှန်ပြီး မပြုပြင်သရွေ့ ဘာဒီမိုကရေစီမှ မရနိုင်ပါ။ အဲသလိုပြောင်းပြန် လှန်ပြီးပြုပြင်ပြောင်း လဲဖို့ ကျနော်တို့ အခုအချိန်ထိ ဘာမှမလုပ်ကြရသေးပါဘူး။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူကပဲနိုင်လို့ အစိုးရဖွဲ့ဖွဲ့ ဘာဒီမိုကရေစီမှမရနိုင်သေးဘူးဆိုတာ ခုကတည်းက ကြိုတွေးထားသင့်ပါတယ်။ လူထုကနေ အသိတရားရှိရှိနဲ့ မိမိတို့အကျိုးအ တွက် တစ်နည်းအားဖြင့် ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားအားထုတ် ပြုပြင် ပြီး ဒီမိုကရေစီနဲ့ကိုက်ညီတဲ့အလေ့အကျင့်ေ ကာင်းတွေကို လေ့ကျင့်ကြလို့ လူထုထဲကနေ တဖြည်းဖြည်း ပေါ်ထွက်လာပြီး လူ့ဘောင်အဖွဲ့အစည်းရဲ့ပုံ ရိပ် က တောက်ပြောင်လာရင် ဒီမိုကရေစီကို ကျနော်တို့မျှော်မှန်းလို့ရပြီလို့ဆိုနိုင်မှာဖြစ်ပါတယ်။

အခုလောလောဆယ်မှာ တချို့ပြောနေရေးနေကြတာတွေရှိပါတယ်။ ဒီမိုကရေစီအစိုးရသာဆိုတယ် ဟိုဟာလည်းမရဘူး၊ဒီဟာ လည်းမဖြစ်ဘူး စသဖြင့် ပြောနေရေးနေကြတာတွေရှိပါတယ်။ဒီမိုကရေစီ ရလိုရငြား အစိုးရက ပြုပြင်လိုပြုပြင်ငြားစေတ နာအလျောက်ရေးနေပြောနေကြတာတော့အမှန်ဖြစ်ပါတယ်။ဒါပေမယ့်နည်းလမ်းကတက်တက်စင်လွဲနေပါတယ်။အမှန်တော့ အခုအစိုးရဟာ ဒီမိုကရေစီအစိုးရမဟုတ်ပါ။ အာဏာရှင်စနစ်ကနေ အသွင်ပြောင်းယူထားတဲ့ အသွင်ကူးပြောင်းရေးကာလအစိုးရ ( Trisitional Government ) သာလျှင်ဖြစ်ပါတယ်။ သူ့ကို ဒီမိုကရေစီစံနှုန်းတွေနဲ့တိုင်းလို့မရပါဘူး။ ၂၀၁၀ ရွေးရောက်ပွဲ ကိုက ငြင်းစရာခုံစရာတွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအာဏာရပါတီနဲ့ တပ်က သူတို့နိုင်ငံရေးအမြင်နဲ့သူတို့ကောင်းမယ်ထင် လို့ နိုင်ငံတော် ကိုအတည်ငြိမ်ဆုံးနည်းနဲ့ အပြောင်းအလဲလုပိဖို့ဒီနည်းအကောင်းဆုံးပဲလို့ ယူဆလို့ လုပ်ခဲ့တဲ့အပြောင်းအလဲ သာဖြစ်ပါတယ်။သူတို့ကို မှန်တယ်လို့ မပြောနိုင်ပေမယ့် လုံးဝမှားတယ်လို့လည်းမျက်စိမှိတ်ပြောနေလို့အလုပ်မဖြစ်ပါဘူး။ အခုကာကဟာ အရင်အာဏာရှင်အစိုးရရဲ့ ဖြေလျော့ပေးမှု Liberalization ကာလသာဖြစ်ပြီးဒီမိုကရေစီဖြစ်ဖို့က အဝေးကြီး လို့ပြောချင် ပါတယ်။အစိုးရကကော တပ်ကပါ ဒီအချက်ကို ခနခနထုတ်ပြောတာရရှိပါတယ်။ဒီမိုကရေစီဖြစ်ပြီလို့ သူတို့လည်း မပြောပါဘူး။

ဒီတော့ လက်ရှိအခြေအနေကိုပါးပါးနပ်နပ်နဲ့အကောင်းဆုံးအသုံးချပြီးကြိုးစားအားထုတ်မှုမပြုကြရင် ဒီမိုကရေစီ ဝေးနေဦးမှာပါ။ ဒီမို ကရေစီဆိုတာ လူထုအခြေပြုအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ကျနော်တို့လူထု အခု ဒီမိုကရေစီ အသိမရှိသေးတာ လူထုအပြစ်လုံးဝ မဟုတ်ပါ။ နှစ်ငါးဆယ်အမှောင်ခေတ်ကိုဖြတ်သန်းထားရတာပါ။ဒါပေမယ့် တစ်ယောက်ယောက်က အလုံးစုံပြည့်စုံတဲ့နိုင်ငံကြီးဖြစ်အောင်အတည်ဆောက်ပေးမလားလို့တစ်မျှော်ထဲမျှော်နေရင်တော့ မှားပါလိမ့်မယ်။ အစိုးရက ဥပဒေတွေ စနစ်တွေကို အကောင်းဆုံးဖြစ်အောင်ပြဌာန်းပေး ပြင်ဆင်ပေးဖို့ တာဝန်ရှိသလို လူထုကလည်းကိုယ့်ကြမ္မကိုယ်ဖန်တီးဖို့ လုပ်ကြရပါတော့ မယ်။ရွေးကောက်ပွဲလုပ်လို့ကိုယ်ကြိုက်တဲ့ပါတီမဲပေးလိုက်ရင် ငါတို့တာဝန်ကျေပြီလို့ မှတ်ယူထားလို့မရပါ။ ဒီထက်မက ကြီးမားတဲ့တာဝန်တွေ လူထုမှာရှိပါတယ်။ ဒီမိုကရေစီဆိုတာလူထုအတွက် အခွင့်အရေးများနဲ့အတူ လူထုထမ်းဆောင်ရမယ့်တာ ဝန်တွေလည်းတစ်ပုံတစ်ပင်ရှိတယ်ဆိုတာ သိရှိနားလည်ကြဖို့လိုပါတယ်။ စုတ်ပြတ် နေတဲ့ အောက်တန်းနောက်တန်းကျနေတဲ့တိုင်းပြည်တစ်ခုကို လူစဉ်မှီအောင် ချမ်းသာအောင် တိုးတက်အောင် ထူထောင်ဖို့ စိတ်ကူးယဉ်နေလို့မရပါ။အားလုံးကတက်ညီလက်ညီ အားထုတ်ကြရပါလိမ့်မယ်။ မသိတာကိုသိအောင် လုပ်ရပါမယ်။ ဒီမိုကရေစီနဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေ လူထုသိရပါ မယ်။ အစိုးရ၊ အတိုက်အခံနဲ့အတူ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အထူးသဖြင့်မီဒီယာများက လူထုရဲ့နား မျက်စိကိုဖွင့်ပေးဖို့လုံး ဝတာဝန်ရှိပါတယ်။ လူထုကလည်းနားမျက်စိတွေဖွင့်ထားကြဖို့တာဝန်ရှိပါတယ်။ကြိုးစားဖို့တာဝန်ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို အစိုးရလည်းလုပ် လူထုလည်းလုပ်မှသာ ဒီမိုကရေစီ ဖြစ်နိုင်ပါလိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်းပြောဖူးတာလူတိုင်းသိပြီးသားပါ။ သူများနောက်ကျနေတဲ့တိုင်းပြည်၊ သူများတစ်လှမ်းဆို ကိုယ်က လေးငါး ဆယ်လှမ်းလှမ်းနိုင်မှ ၊ကုန်းလုပ်နိုင်မှ ကြုံးလုပ်နိုင်မှ ရမှာပါ။ဗိုလ်ချုပ်မိန့်ခွန်းလာရင် လက်ခုပ်သြဘာပေးတတ်ကြပေမယ့် လက်တွေမှာတော့ ကျနော်တို့လူုတွေ ပျင်းကြောဆွဲနေကြတုန်းလို့ပြောပါရစေ။ မြန်မာလူထု နိုးထဖို့အချိန် တန်ပါပြီ။ နိုင်ငံရေး သမားတွေဆိုတာ ဖောက်ပြန်တတ်တဲ့သူတွေ အစဉ်အမြဲရောနှောနေတတ်တယ်ဆိုတာ သတိပြုပါ။ လူထုဆိုတာ ကိုယ့်တိုင်းပြည် ကိုတာဝန်ယူအုပ်ချုပ်မယ့်သူတွေကို မဲထည့်ရွေးချယ်တင်မြှောက်ပေးလိုက်ရုံနဲ့မပြီးပါဘူး။မျက်လုံးဒေါက်ထောက်စောင့်ကြည့်ကြဖို့ တာဝန်လည်းရှိပါတယ်။

လူထုဘက်က ပြုပြင်စရာရှိတာတွေလည်း အင်တိုက်အားတိုက်ပြုပြင်ရပါမယ်။ အမျိုးသားရေးစိတ်ကိုမွေးရပါမယ်။ကိုယ့်အတ္တအကျိုး ကို လူ့ဘောင်အဖွဲ့အစည်းအကျိုးစီးပွားနဲ့ယှဉ်ပြီးစားတွေးခေါ် လုပ်ကိုင်ကြဖို့အချိန်တန်ပြီဖြစ်ပါတယ်။လူထုက နိုးကြးထကြွ လုံ့လ စိုက်ထုတ်မှုမရှိရင် ဘယ်တော့မှ ဒီမိုကရေစီမရပါဘူး။ လူထုက စနစ်ကို ဝိုင်းဝန်းတည်ဆောက်ဖို့လိုအပ်သလို ဝိုင်းဝန်း ထိန်းသိမ်းဖို့လည်းတာဝန်ရှိပါတယ်။ဘယ်သူက ဒီမိုကရေစီပေးမလဲ လို့မျှော်လင့်နေမယ့်အစား ဘယ်သူအာဏာရရင် ဒီမိုကရေ စီရပြီလို့တွေးတောယူဆနေကြမယ့်အစား လူထုကိုယ်တိုင်က ဒီမိုကရေစီအခြေခံသဘောတရားတွေကိုသိအောင်အားထုတ်ပြီး လက်တွေ့ကျကျကျင့်ကြံကြပါ။ ပြင်စရာရှိတာတွေပြင်ပြီး တည်ဆောက်စရာရှိတာတွေကိုအတူတကွ စည်းလုံးညီညွတ်တဲ့စိတ်နဲ့ ဝိုင်းဝန်းတည်ဆောက်ကြပါ။အာဏာရှင်စနစ် ခေါင်းထောင်မလာဖို့လည်းအသိတရားမြင့်မားတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကို ကိုယ် တိုင်ကိုယ်ကျ ထိမ်းသိန်းစောင့်ရှောက်ကြတဲ့လူထုကသာ တတ်နိုင်ပါတယ်။ ကမ္ဘာတလွှား ဘယ်နိုင်ငံမှာမှ ဘယ်နိုင် ငံရေးခေါင်းဆောင်ကမှ ဒီမိုကရေစီ မပေးနိုင်ပါ။ အစိုးရဆိုတာ စနစ်တွေကောင်းအောင်တည်ဆောက်ပေးနိုင်ရုံကလွဲလို့ တိုင်းပြည်တစ်ခု စီးပွားရေးလူမှုရေးနိုင်ငံရေး တိုးတက်အောင် စနစ်ကောင်းတစ်ခု ပေါ်ပေါက်ပြီးရေရှည်တည်တံ့အောင် တစ်ကယ် တမ်း စွမ်းဆောင်နိုင်တာ လူထုကိုယ်တိုင်သာဖြစ်ပါကြောင်း။ ။
From : ပိုက်တင်

အပြည့်အစုံသို့ »

ပြန်ကြားရေး ဝန်ကြီးနဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတို့ရဲ့ အကယ်ဒမီ မိန့်ခွန်း


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမှာစကား ပြောကြားရာ၌ ရုပ်ရှင်ကို အသိပညာ စီးပွားရေးနယ်အတွင်းမှ တန်ဖိုးမြင့် တီထွင်ဖန်တီးမှုရှိသော လုပ်ငန်းတစ်ရပ်အဖြစ် ကမ္ဘာ တစ်ဝန်းက အသိအမှတ်ပြုထားကြသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊

တီထွင်ဖန်တီးမှုရှိသော လုပ်ငန်း ဆိုသည်မှာ သမားရိုးကျ လုပ်ငန်းများနှင့် လုံးဝမတူကွဲပြားခြားနားမှုရှိပါကြောင်း၊

သမားရိုးကျ စီးပွားရေး လုပ်ငန်းမှာ အရင်းသွင်းအားစု အများအပြား၊ စက်ယန္တရားများနှင့် လုပ်သား အင်အားများ အသုံးပြုပြီး သမားရိုးကျ ထုတ်ကုန်များကို ထုတ်လုပ်ရခြင်းဖြစ်သော်လည်း တီထွင် ဖန်တီးမှုရှိသောလုပ်ငန်းမှာ ဆန်းသစ်တီ ထွင်ခြင်း၊ ယဉ်ကျေးမှုအသိပညာကို အရင်းတည်ပြီး အထူးတလည် အာရုံစူးစိုက်ရသည့် ပင်ကိုယ်ဉာဏ်စွမ်း ရည်ဆိုင်ရာ အရည်အချင်းများကို အသုံးပြုရခြင်းဖြစ်ပါကြောင်း။

အနုပညာရှင် တစ်ဦးချင်းစီ၏ ပင်ကိုယ်ဉာဏ်စွမ်းရည်များနှင့် အတွေးအခေါ် အယူအဆများသည် လိုအပ်သလို ထုတ်သုံးနိုင်သော အနုပညာဘဏ်တိုက်တစ်ခုလို ပြည့်စုံလုံလောက်မှု ရှိနေရမည်ဖြစ်ပါကြောင်း၊ အနုပညာ၊ စီးပွားရေးနှင့် နည်းပညာရပ် အချိုးညီညီ ပေါင်းစပ်နိုင်မှသာ ရုပ်ရှင်သည် ယှဉ်ပြိုင်နိုင်စွမ်း၊ အသစ်တစ်ခု၊ တန်ဖိုးမြှင့် တီထွင်ဖန်တီးမှု အသစ်တစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း၊



ဆူလွယ်နပ်လွယ် ထုတ်လုပ်မှုများ သည် ပြည်တွင်း/ပြည်ပ ဈေးကွက်များတွင် ရေရှည်ရှင်သန်နိုင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်မလာနိုင်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနာဂတ် ကာလတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် အနုပညာရှင် များနှင့် တတ်သိပညာရှင်များသည် ရုပ်ရှင်လုပ်ငန်းနယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာအောင် ပိုမိုဆွဲဆောင်နိုင်ရန် အရေးကြီးသည်ဟု ပြောကြားလိုပါကြောင်း။

နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြန်ကြားရေး ဝန်ကြီးဌာနသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ချို့ကို ပြုလုပ်ခဲ့ပါကြောင်း၊ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို ဗဟိုဦးစီးပုံစံဖြင့် ဆောင်ရွက်ခဲ့သော အလေ့အထမှသည် ယခုအခါ သက်ဆိုင်ရာ အသင်းအဖွဲ့များအား အများပြည်သူဝန်ဆောင်မှု လွှဲအပ်ပေးခြင်းပုံစံသို့ ပြောင်းလဲ ကျင့်သုံးလျက် ရှိပါကြောင်း၊

ထိုသို့ပြောင်းလဲမှုကြောင့် အစိုးရဝန်ထမ်းများ၏ ကျွမ်းကျင်မှုအပေါ် မှီခိုအားထား နေရသော အခြေအနေမှ အသင်းအဖွဲ့များကိုယ်တိုင်ကို အားကိုးအားထားပြုနိုင်သည့် “ အရွေ့” မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များကလည်း ပို၍တာဝန်ယူလုပ်ဆောင်ကြရမည်ဖြစ် ပါကြောင်း။

ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအတွက် အဆင်ပြေ
ချောမွေ့စေရန် ပံ့ပိုးပေးသူအဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့် ကာကွယ်
ပေးခြင်း၊ ကျွမ်းကျင်မှုမြှင့် တင်ပေးခြင်း၊ မျှတသောစီးပွားရေးယှဉ်ပြိုင်မှုလုပ်ငန်းနှင့် စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်၊ ဓလေ့ထုံးတမ်းစဉ်လာ ထိန်းသိမ်းရေးလုပ်ငန်းတို့တွင် ဥပဒေနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း စသည့် အခြေခံ အဆောက် အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးသွား မည်ဖြစ် ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီ ရွေးချယ်မှုလုပ်ငန်းများမှ စတင်ပြီး လုံးဝလွတ်လပ်စွာ ရွေးချယ်ဆောင်ရွက်ခွင့် ရရှိတော့မည်ဖြစ်သည့် အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် အများပြည်သူအပေါ် ဝန်ဆောင်မှုပေးရာတွင် ထူးခြားသော အောင်မြင်မှုများ၊ ထောက်ခံအားပေးမှုများ ပိုမိုရရှိစေလိမ့်မည်ဟု အခိုင်အမာယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက် ရေး အတွက် ပန်ကြားတင်ပြရာ၌ လက်ရှိအချိန် မှာ နိုင်ငံတော်တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် အချိန်အခါမျိုး၌ မိမိတို့အနုပညာလောကအနေဖြင့်လည်း တိုးတက်မည့် အပြောင်းအလဲဘက် သို့ ရွေ့နေခြင်း ဖြစ်ပါကြောင်း၊

လောကသားများ၏ စစ်မှန်သော ဆန္ဒအရ လွတ်လပ်၍ တရားမျှတသော မြန်မာနိုင် ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ၂၀၁၂ခုနှစ် ဧပြီ(၁၀)ရက်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ စတင်စဉ်က လောကသား အားလုံးသည် တက်ကြွသော စိတ်ဓာတ်များနှင့်အားတက်သရော ပူးပေါင်း
ဆောင်ရွက်မှုများဖြင့် စည်းလုံးညီညွတ်ခဲ့ကြပါကြောင်း၊ မိမိတို့လောကအနာဂတ်အတွက် မိမိတို့ အားလုံးတွင် တာဝန်ရှိပါကြောင်း၊


မိမိတို့လောကကို အကာအကွယ်ပေးမည့် မိမိတို့လောကကို တိုးတက်အောင်လမ်းကြောင်းချပေးနိုင်မည့် ရုပ်ရှင်ဥပဒေပေါ်ပေါက်ရေးသည် မိမိတို့လောက၏ အနာဂတ်အတွက် အသက်တမျှအရေးကြီးပါကြောင်း၊

ထို့ကြောင့် ရုပ်ရှင်ဥပဒေပေါ်ထွန်းရေးကို လောကသားများအားလုံးစိတ်ပါဝင်စားကြရန် တိုက်တွန်း ပန်ကြားအပ် ပါကြောင်း။ မိမိတို့မြန်မာ့ရုပ်ရှင် လောကသားများအနေဖြင့်လည်း ကြိုးစားကြရန် လိုအပ် သလို နိုင်ငံတော်အနေဖြင့် လည်း မိမိတို့လောကကို ယင်းအဆင့်အတန်းမျိုးရောက်အောင် ပံ့ပိုး ကူညီပေးရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တင်ပြလိုပါကြောင်း၊

မိမိတို့အနုပညာရှင်များသည် အနုပညာစွမ်းအားဖြင့်မိမိတို့ တိုင်းပြည်၏ အကျိုးကို အစဉ်သယ်ပိုးနိုင်မည့်သူများ ဖြစ်သည်ဟုယုံကြည်လျက်ရှိပါကြောင်း။

အချုပ်အားဖြင့်တင်ပြရလျှင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိမိတို့နိုင်ငံတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သော SEA Games ပွဲတော်ကြီး၏ Theme တစ်ခုကို မိမိတို့လောကအတွက် ယူဆောင်ခွင့်ပြုပါဟု ပန်ကြားလိုပါကြောင်း၊ ယင်းမှာ We Can Do ပင်ဖြစ်ပါကြောင်း၊ မိမိတို့လောကတိုးတက်ရန်အတွက် မိမိတို့အားလုံး လုပ်မည်ဆိုလျှင် လုပ်နိုင်ပါကြောင်း၊ ဘယ်သူမှတစ်ဦးတစ်ယောက်တည်း မလုပ်နိုင်ပါကြောင်း၊ မိမိ တစ်ယောက် တည်းလည်း မလုပ်နိုင်ပါကြောင်းဖြင့် ပြောကြားသည်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

ကျောက်ဖြူမြို့နယ်တွင် စက်လှေ တစ်စီးနစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံး


(နိရဉ္စရာ- ၃၀ ဒီဇင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာအုပ်စုတွင် ထင်းသွားခွေသည့် စက်လှေ တစ်စီး ဒီဇင်ဘာလ ၂၈ ရက်နေ့က နစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများမှာ ကျောက်ဖြူမြို့နယ် ဆင်ဘုတ် ကျေးအုပ်စု ကျွန်းကြီး လူရှည်တောင်ရင်းမှ ၁၃ ဦး၊ သဒွတ္တိန်မှ ၁ ဦး၊ စကျွန်းချောင်း သရော်တောမှ ၃ ဦး စုစုပေါင်း (၁၇) ဦး ဖြစ်ကြောင်း သိရသည်။

စက်လှေပေါ်တွင် လူ ၄၀ ခန့်ပါရှိပြီး ရှင်ပြုပွဲအတွက် မင်းရပ်ချောင်းတွင် ထင်းရှာပြီး ပြန်အလာတွင် ရွာအနီးချောင်းတွင် နစ်မြုပ်သွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။

“ ထင်းတွေကို စက်လှေ ခေါင်းမိုးပေါ်မှာ တင်ထားကြတယ်လို့ သိရပါတယ်။ လူတွေက စက်လှေ ၀မ်းခေါင်ထဲမှာ လိုက်ပါလာကြပါတယ်။ ရွာကို ဆိပ်ကပ်မလို့ ချောင်းအတွင်းမှာ စက်လှေကို ကွေ့ရာမှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စက်လှေပိုင်ရှင်မှာ ကိုချိုဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီးများမှာ အသက် ၁၂ နှစ်မှ ၆၀ အရွယ်အတွင်း ဖြစ်ကြသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရဲစခန်းအား မေးကြည့်ရာ အမျိုးသမီး ၁၇ ဦးသေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသော်လည်း အသေးစိတ်ကို ကျောက်ဖြူရဲစခန်းသို့ မေးမြန်းရန် ပြောကြားသည်။

အလောင်း ၁၇ လောင်းတွင် တစ်လောင်းအား ကျောက်ဖြူသို့ ယူဆောင်လာပြီး ကျန် ၁၆ လောင်းကို သူတို့ရွာများတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
Burmesenews narinjara

အပြည့်အစုံသို့ »