Barcamp Mandalay 2014 ကျင်းပပြုလုပ်မည်


အတွဲ (၁၅)၊ အမှတ် (၃)
စတုထ္ထအကြိမ်မြောက် Barcamp Mandalay 2014 ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



“ဘားကမ့် မန္တလေးပွဲတွေက တစ်နှစ်ထက်တစ်နှစ် လူပိုများတယ်။ ထူးခြားတာကတော့ နည်းပညာ သီးသန့်အတွက်ပဲ ရည်ရွယ်ပြီး လုပ်တဲ့ပွဲမဟုတ်ဘူး။ မန်းဘားကမ့်မှာက အကြောင်းအရာစုံလင်မယ်။ အရင်နှစ်တွေကလည်း ငှက်များအကြောင်းလိုမျိုး အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ ပါဝင်ဆွေးနွေးပေးခဲ့ကြတာကို တွေ့ရတယ်။ အဓိကကတော့  ပြောချင်တာလေးတွေ ပြောခွင့်ရအောင် စီစဉ်ပေးတာပါ။ ကြိုတင်ပြီး ခေါင်းစဉ် စီစဉ်ပေးထားတာမျိုးလည်း မရှိဘူ။ မနှစ်ကထက်စာရင်  အကြောင်းအရာတွေ ပိုစုံလင်လာမယ်လို့ ထင်ပါတယ်။ ကျင်းပမယ့် နေ့နဲ့ နေရာကိုတော့ ထပ်ပြီး အသိ ပေးသွားပါမယ်” ဟု BarCamp Mandalay Organizer တစ်ဦးဖြစ်သူက ပြောသည်။



မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဖုန်း-၀၂-၆၉၃၁၃ သို့ ဆက်သွယ်ပြီး BarCamp Mandalay 2014 နှင့်  ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်မည်ဖြစ်ပြီး www.barcampmandalay.org နှင့် MCPA နှင့် သက်ဆိုင်သည့် Facebook စာမျက်နှာတွင်လည်း barCamp mandalay သတင်းအချက်အလက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ Barcamp Mandalay ပွဲများအား မန္တလေးတွင် ၂၀၁၁ ခုနှစ်၊ ဒုတိယအကြိမ်အား ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြုလုပ်ခဲ့သော ကာလအတွင်း ကမ္ဘာပေါ်တွင် တက်ရောက်သူ အများဆုံးပွဲများ ဖြစ်ခဲ့ကြောင်း သိရသည်။



မန္တလေး
Internet Journal

အပြည့်အစုံသို့ »

Myanmar Unique Computer(MUC) မှ နှစ်သစ်ကူးအထူး ပရိုမိုးရှင်းပြုလုပ်


အတွဲ (၁၅)၊ အမှတ် (၃)
Myanmar Unique Computer (MUC) မှ နှစ်သစ်ကူး အထူးပရိုမိုးရှင်းတစ်ရပ် ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ အထူးအစီအစဉ် အနေဖြင့် Ncomputing Access Terminal Devices များကို Yangon ICT Fair ( IT & Mobile ) ပြပွဲ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ၍ ၂၀၁၄ ဇန်နဝါရီလ ၂၇ ရက်အထိ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အထူးပရိုမိုးရှင်းအစီအစဉ် အနေဖြင့် Ncomputing Access Terminal Devices များကို Series အလိုက် ကျပ်တစ်သောင်းကျပ်မှ ကျပ်ငါးသောင်းအထိ ဈေးနှုန်း လျှော့ချထားမည်ဖြစ်သည်။ ဈေးနှုန်းလျှော့ချရောင်းချ ရာတွင်   X-Series Model X-350 ကို ယခင် နှစ်သိန်းရှစ်သောင်းကျပ်မှ ယခုအခါ နှစ်သိန်းခြောက်သောင်းကျပ်ဖြင့်လည်းကောင်း၊ X-550 ကို ယခင် သုံးသိန်းရှစ်သောင်းကျပ်မှ ယခုအခါ သုံးသိန်းခြောက်သောင်းကျပ်ဖြင့်လည်းကောင်း၊ M-Series Model M-300 ကို ယခင်လေးသိန်းတစ်သောင်း ကျပ်မှ ယခုအခါ သုံးသိန်းခြောက်သောင်းကျပ်ဖြင့်လည်းကောင်း၊ U-Series Model U-170 ကို ယခင် တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်မှ ယခုအခါ တစ်သိန်းတစ်သောင်းငါးထောင်ကျပ်ဖြင့်လည်းကောင်း၊ L-Series Model L-130 ကို ယခင် တစ်သိန်းခြောက်သောင်းငါးထောင်ကျပ်မှ ယခုအခါ တစ်သိန်းငါးသောင်းကျပ်ဖြင့်လည်းကောင်း၊ L-230 ကို ယခင် နှစ်သိန်းငါးထောင်ကျပ်မှ ယခုအခါ တစ်သိန်းရှစ်သောင်းကျပ်ဖြင့်လည်းကောင်း၊ L-300 ကို နှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်မှ ယခုအခါ နှစ်သိန်းကျပ်ဖြင့်လည်းကောင်း၊ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



စိတ်ပါဝင်စားသူများ အနေဖြင့် MUC Computer ဆိုင်၊ အမှတ်(၂၀၄)၊ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ် ဖုန်း၊ ၃၈၅၉၇၈ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။
Internet Journal

အပြည့်အစုံသို့ »

ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂ ဘီလီယံကျော် တောင်း


တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေသည့် စစ်သားများ (ဓာတ်ပုံ – ဧရာဝတီ)

ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံလိုက်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ် ၂ ဒသမ ၃ ဘီလီယံတောင်းခံသွားပြီး ယင်းအသုံးစရိတ်သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေကို ငဲ့ကွက် တောင်းခံသော ပမာဏဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် ကာကွယ်ရေးအသုံးစရိတ်အများဆုံးအသုံးပြုသောနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် မြန်မာနိုင်ငံထက်များစွာမြင့်မားကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉ ရာခိုင်နှုန်း သုံးစွဲပြီး မလေးရှားနိုင်ငံသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ သုံးစွဲကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နှစ်က ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အသုံးပြုခဲ့ပြီး ယင်းပမာဏသည် တိုင်းပြည် စုစုပေါင်း အသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကာကွယ်ရေးအသုံးစရိတ်သည် ပညာရေးနှင့်ကျန်းမာရေးအသုံးစရိတ်ထက် မြင့်မားလေ့ရှိသည်။

သမ္မတဦးသိန်းစိန်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည် ဖြစ်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားရန် ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိပြီး လိုငွေမှာ ကျပ် ၂၇၅၀၆၄၅  ဘီလီယံရှိကြောင်း နေပြည်တော်တွင် ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုထား သည်။
ဧရာဝတီ

အပြည့်အစုံသို့ »

ရွေးကောက်ပွဲကို ထိုင်း အစိုးရ ဆက်လုပ်မယ်


ဘန်ကောက်မြို့မှာ ဆက်လက် ဆန္ဒပြနေကြ။
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရေး တွေ့ဆုံ ညှိနှိုင်းဖို့ အတိုက်အခံ ဆန္ဒပြသူတွေဘက်က လက်မခံဘဲ သပိတ် မှောက်ခဲ့အပြီးမှာ ထိုင်းအာဏာပိုင်တွေက ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ရှေ့တိုး လုပ်သွားမယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဘန်ကောက်မြို့မှာတော့ ဆန္ဒပြမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး ဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ် ရာထူးကနေ နှုတ်ထွက်ပေးတဲ့အထိ ဆက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့က နေရာတချို့ကို တနင်္လာနေ့ကတည်းက ပိတ်ဆို့ ဆန္ဒပြနေကြတာပါ။

ဆန္ဒပြနေသူတွေရဲ့ အဓိက သပိတ်စခန်း တခုအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ လူနှစ်ဦး ဒဏ်ရာ အနည်းငယ် ရခဲ့ပြီး ဆေးရုံ တင်ပို့လိုက်ရပါတယ်။

နောက် သီးခြား ဖြစ်ရပ်တခုမှာတော့ အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝိချာချီဝါ့ ရဲ့ အိမ်ထဲ ဖောက်ခွဲရေး ပစ္စည်းငယ်တခု ပစ်ပေါက်ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

အပြည့်အစုံသို့ »

ထိုင်း-မြန်မာ ဗီဇာကင်းလွတ်ခွင့်ရရန် တချက်တည်း ကွဲလွဲ


သာမန် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေ ဗီဇာလျှောက်ထား စရာမလိုဘဲ ထိုင်းနိုင်ငံကို သွားရောက်နိုင်ဖို့ နှစ်နိုင်ငံ သဘောကွဲလွဲမှု တချက်ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကတဆင့် လာရောက် လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေကို ဗီဇာလျှောက်ထားစရာမလိုဘဲ ခွင့်ပြုမယ်လို့ သဘောတူညီထားပြီးပေမယ့် မြန်မာဘက်ကတော့ အဲဒီလေဆိပ်တွေအပြင် နယ်စပ် ၀င်ပေါက်တွေကနေပါ ဗီဇာမလိုဘဲ ခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အခု ၂၀၁၄ ခုနှစ်ထဲ ထိုင်းနဲ့ မြန်မာ ဗီဇာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ဖို့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်မလားလို့ မေးကြည့်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက အခုလိုပြောပါတယ်။

“တခုတော့ ရှိတယ်။ ကျနော်တို့က လိုက်လျောဖို့ လိုတာပေါ့။ အဲဒီကနေသွားတဲ့ တရားဝင်ပတ်စ်ပို့တွေကို နယ်စပ်ပေါက်တွေကနေ ဗီဇာ တိုးဖို့မလိုဘဲနဲ့ သူတို့အဆိုပြုချက်အတိုင်း လေယာဉ်နဲ့ သွားမယ်ဆိုတာကို ကျနော်တို့က သဘောတူလိုက်ရင် လက်မှတ်ထိုးဖြစ်မှာပါခင်ဗျ။ ကုန်းလမ်းက ၀င်တာကိုပါ ကျနော်တို့က တောင်းဆိုထားတယ်။ သူတို့ ကုန်းလမ်းကိုတော့ ခွင့်မပြုဘူး။ အဲဒီဟာလေး အဆင်ပြေရင် ထိုးဖြစ်မှာပါခင်ဗျ။”

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးနောင်နောင်းဟန်ကတော့ ထိုင်းခရီးသွားတွေ မြန်မာပြည် လာလည်ကြတာများနေတဲ့ အချိန်ဖြစ်လို့ လေဆိပ်က ဗီဇာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုဖို့ ကောင်းပြီလို့ ပြောပါတယ်။

“ဘယ်လို အတားအဆီးတွေ ရှိသေးလို့ ခွင့်မပြုသလဲဆိုတာ ကျနော်နားမလည်ဘူး။ ဒီလိုမျိုး လေဆိပ်ကနေ ၀င်လာတာကို သူတို့ နိုင်ငံကလည်း ခွင့်ပြုမယ်လို့ ပြောတဲ့အတွက် အမြန်ဆုံး ခွင့်ပြုသင့်နေပြီလို့ ကျနော်ထင်တယ်။ အခြားက နယ်စပ်ကနေ၀င်ရင် ဗီဇာကြေးတွေ ကောက်ခံဖို့ အခက်အခဲ ရှိနေတယ်လို့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် အခုဟာက ဗီဇာမလိုပဲနဲ့ ၀င်လို့ရမယ်ဆိုတော့ အဲဒီကိစ္စတွေလည်း မရှိတော့ဘူး။ အတားအဆီးကတော့ ရှိပါဘူး။ ခွင့်ပြုပေးမယ်ဆိုရင် မူဝါဒပိုင်းအရပဲ နည်းနည်းပြုပြင်ဖို့လိုမယ် ထင်ပါတယ်။”

လောလောဆယ် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ ဗီဇာမလိုဘဲ ၁၄ ရက်တိုင် သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတွေကတော့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။ ဒီ လေးနိုင်ငံကိုလည်း လေဆိပ်တွေကတဆင့် သွားရောက်လည်ပတ်မှ ဗီဇာ မလိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေ အားလုံးကို ဗီဇာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ဖို့ ကမ်းလှမ်းထားပြီး တချို့နိုင်ငံတွေကတော့ အခုထိ အကြောင်းမပြန်ကြသေးဘူးလို့ သိရပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ ဆက်လက် ကမ်းလှမ်းပြီး ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ ၀န်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကတော့ ဒေသတွင်းနိုင်ငံအားလုံးကို ဗီဇာလျှောက်စရာမလိုဘဲ သွားလာနိုင်နေကြပြီဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေပဲ ဗီဇာကင်းလွတ်ခွင့် မရကြသေးတာ ဖြစ်ပါတယ်။
DVB

အပြည့်အစုံသို့ »

2014 New Year Education Expo ကျင်းပပြုလုပ်မည်


အတွဲ (၁၅)၊ အမှတ် (၃)
အင်ဂျင်နီယာ ဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်၊  ကွန်ပျူတာဘာသာရပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်နှင့် ဆေးပညာရပ်များကို စိတ်ဝင်စားပြီး နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့များကို ရယူလိုသူများအတွက် ဘာသာရပ်အစုံအလင်  လေ့လာနိုင်သည့် ပညာရေးပြပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် နေ့ နံနက် (၉) နာရီမှ (၁၂) နာရီအထိ မန္တလေးစွမ်းဟိုတယ်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



နိုင်ငံတကာ ပညာရေးပြပွဲတွင် စင်ကာပူနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံသို့ သွားရောက် ပညာသင်ယူလိုသူများအတွက် တက်ရောက်နိုင်သော ဘာသာရပ်များ၊ ပညာရေးလမ်းကြောင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ရှိသူများကိုယ်တိုင် လာရောက် ရှင်းလင်းပြသမည် ဖြစ်သည်ဟု သိရသည်။



နှစ်သစ်ပညာရေး ပြပွဲတွင် လာရောက်ပြသပေးမည့် တက္ကသိုလ်များမှာ AUSTON, KAPLAN, MDIS, PSB, RAFFLES, SHELTON, SIM, TMC နှင့် မန္တလေးမြို့မှ APEX, Mandalay Polytechnic တို့ဖြစ်ပြီး မိမိတို့ သားသမီးများ၏ ပညာရေးအတွက် အသေးစိတ် ဆွေးနွေးနိုင်မည် ဖြစ်သည်။ နှစ်သစ်ပညာရေးပြပွဲကို မန္တလေးမြို့ အခြေစိုက်နိုင်ငံတကာ ကျောင်းများ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော Future Link Goup Co.,Ltd မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြပွဲသို့ လာရောက်လေ့လာသော ကျောင်းသား၊ ကျောင်းသူများအတွက် SAMSUNG GALAXY STAR PLUS အား အမှတ်တရ မဲဖောက်ပေးခြင်း၊ IELTS စာမေးပွဲတွင် Band 5.5 နှင့် အထက်ရရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုသည့် ဖုန်းငွေဖြည့်ကတ်များ ချီးမြှင့်ခြင်း၊ ကျောင်းလျှောက်သော ကျောင်းသား၊ ကျောင်းသူများအား Registration Fee များကို Free ပေးခြင်း၊ One way Air Ticket လက်ဆောင်ပေးခြင်း၊ MRT Ticket လက်ဆောင်ပေးခြင်း၊  Medical Check up အခမဲ့ စစ်ဆေးခွင့်ပြုခြင်း၊ SGD 300, SGD 100 Gift Card ပေးအပ်ခြင်း စသည့် လက်ဆောင်များကို ပြပွဲရက်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ Golden Myanmar Airlines မှလည်း ပံ့ပိုးကူညီသည့်အနေဖြင့် တစ်နှစ်ပြည့် အထိမ်းအမှတ် အထူးရောင်းချခြင်းများလည်း  ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို FUTUR Link International Education Provider ဖုန်း-၀၉-၅၀၂၆၀၀၅၊ ၀၉-၃၃၁၉၃၆၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal

အပြည့်အစုံသို့ »

ဆွေးနွေးပွဲ တက်ဖို့ ဆီးရီးယား အတိုက်အခံတွေ ဖိအားပေးခံနေရ


ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ကို ထောက်ခံကြဖို့ အမျိုးသား ညွန့်ပေါင်းအဖွဲ့က တိုက်တွန်းနေ
လာမယ့် သီတင်းပတ်မှာ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အတိုက်အခံအဖွဲ့ မတက်ရောက်ဘူး ဆိုရင် သူတို့အဖွဲ့အပေါ် ထောက်ခံ အားပေးနေမှု တွေကို အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတွေက ပြန်စဉ်းစားရလိမ့်မယ်လို့ သတိပေးထားကြောင်း ဆီးရီယား အတိုက်အခံ ထိပ်တန်း အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲ တက်ဖို့ မတက်ဖို့ ကိစ္စ အခုလာမယ့် သောကြာနေ့မှာ မဲခွဲ ဆုံးဖြတ်ကြမယ့် ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အတိုက်အခံအဖွဲ့ အပေါ် ကန့်လန့်ကာ နောက်ကွယ်မှာ ဖိအားပေးမှုတွေ ဘယ်လောက် ရှိနေသလဲ ဆိုတာ ဒီပြောဆိုချက်က ဖေါ်ပြနေပုံ ရပါတယ်။

တကယ်လို့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အတိုက်အခံအဖွဲ့ ဝင်မပါဘူး ဆိုရင်တော့ ဆီးရီးယား ပဋိပက္ခကို သံတမန်ရေးနဲ့ ဖြေရှင်းဖို့ နည်းလမ်း ပျက်ပြားသွားမှာ ဖြစ်တယ်လို့ သံတမန်ရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese

အပြည့်အစုံသို့ »