iPhone 5S ရွှေ/ဖြူ/မဲ USA/Singapore /official unlock ဖုန်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်


အတွဲ (၁၅)၊ အမှတ် (၃)
iPhone 5S ရွှေ/ ဖြူ/ မဲ USA/Singapore/official unblock ဖုန်းများကို ၇၂၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသူများကို အလူမီနီယံ cover တစ်ခု လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Samsung Model မျိုးစုံကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။။ ဝယ်ယူလိုသူများအနေဖြင့် Ko Beno Sony Game IT Mobile sale & service center ဖုန်း ၂၅၆၄၁၇ နှင့် ၃၈၀၅၃၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Internet Journal

အပြည့်အစုံသို့ »

ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော် မန္တလေးမြို့တွင် ပြုလုပ်မည်


ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်တွင် စာအုပ်ရောင်းချနေစဉ်
ယဉ်ကျေးမှု၊ စာပေ ဂီတဆိုင်ရာ အမွေအနှစ်တွေကို နိုင်ငံတကာက သိခွင့်ရရေးနဲ့ အပြန်အလှန် အကျိုးရှိရေးအတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ ကုသိုလ်တော်ဘုရားဝင်းထဲမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၁၆ ရက်အထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ဧရာဝတီ စာပေပွဲတော်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စာပေနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခု ဟောပြောနိုင်ဖို့ ထည့်သွင်းထားပြီး စာရေးဆရာတွေ စာပေ ပညာရှင်တွေက စာတမ်းဖတ်ကြားတာတွေ စတဲ့ အစီအစဉ်ပြုလုပ်ထားကြောင်း သိရပါတယ်။
အဖိုးတန်တဲ့ ယဉ်ကျေးမှု၊ စာပေ ဂီတဆိုင်ရာ အမွေအနှစ်တွေကို နိုင်ငံတကာက သိခွင့်ရအောင် အပြန်အလှန် အကျိုးရှိမှုတွေကို ရည်မှန်းပြီး လုပ်ဆောင်တာလို့ ပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ စာရေးဆရာ ဒေါက်တာအောင်မြင့် (ဆေး/မန်း)က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ မြန်မာစာပေရှင်များနဲ့ စာဖတ်ပရိသတ်တွေ အနေနဲ့ နိုင်ငံတကာက စာပေပညာရှင်တွေနဲ့ ထိတွေ့ပိုင်ခွင့်ပါ။ နောက်တချက်ကတော့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ ဆရာကြီးတွေရဲ့ လက်ရာတွေ နောက်တခါကြတော့ အဖိုးတန်တဲ့ ယဉ်ကျေးမှုဆိုင်ရာ စာပေဆိုင်ရာ အမွေအနှစ်တွေကို နိုင်ငံတကာက လူတွေ သိခွင့်ရအောင်ဆိုပြီး အပြန်အလှန် ပေါ့နော်။ ကျနော်တို့ ဘက်က မေးနိုင်တာတွေ ဆွေးနွေးနိုင်တာတွေကို နိုင်ငံတကာပညာရှင်တွေကို ကိုယ်တိုင်တွေ့ခွင့်ရမယ်၊ ကိုယ်တိုင် မေးခွင့် ရမယ်။ ထို့အတူပဲ သူတို့ကလည်း ဒီဘက်က ကျနော်တို့ တင်ပြတဲ့ မြန်မာနိုင်ငံရဲ့ အဖိုးတန်တဲ့ စာပေ ယဉ်ကျေးမှု ဂီတ အဲဒီလို အမွေအနှစ်တွေကို ကျနော်တို့ ဖတ်တဲ့ စာတမ်းတွေကတဆင့် မြည်းဆန်းခွင့် ရသွားမှာ ရှိတယ်။ ဆက်ပြီးတော့ သူတို့ လေ့လာလို့ ရသွားမှာတွေ ရှိတယ်။ ဆိုတဲ့အခါကြတော့ အဲဒီလို အပြန်အလှန် အကျိုးရှိမှုတွေကို ရည်မှန်းပြီးလုပ်တာပါပဲ။”

စာပေနဲ့ ယဉ်ကျေးမှုပေါင်းစုံအတွေးအခေါ်တွေကို အပြန်အလှန်ဖလှယ်နိုင်ဖို့အတွက် ပြည်တွင်း ပြည်ပ စာရေးဆရာ၊ ကဗျာဆရာ၊ သုတေသီ ပညာရှင်တွေပါဝင်တဲ့ ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ် စာပေပွဲတော်မှာ ပြည်တွင်းပြည်ပစာရေးဆရာတွေက စာပေယဉ်ကျေးမှုတွေ ဖလှယ်ခဲ့တဲ့အပြင် နိုင်ငံတကာ စာအုပ်တွေနဲ့ မြန်မာပြည်ထုတ်စာအုပ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။
DVB

အပြည့်အစုံသို့ »

G510-0200 firmware တင်နည်း


firmware လေးတင်ပေးပါလားအစ်ကိုရေကျေးဇူးအထူးတင်လျက်ပါဗျာ။”
ညီလေး အကို G510-0200 နဲ့ဆိုင်တဲ့ firmware တင်ပေးလိုက်ပါတယ် တောင်းဆိုထားတာ ကြာလှပြီဒါပေမယ့် ကွန်တော်အွန်လိုင်းက မကောင်းသေးလို့ အလုပ်လုပ်မရလို့ တောင်းဆိုထားတာတွေကိုမကူညီနိုင်တာ နားလည်ပေးပါ သိပ်မကြာတော့ဘူး အဆင်မပြေရင် ပြန်ပြေားပေးခဲ့ပါအဆင်ပြေပါစေ

Firmware တင်နည် ကတော. firmware ကို download ဆွဲ ပီး ၇င် zip ဖြည် dload Folder တခုထဲကို Copy ယူပီ SD Card ထဲထည်.ပါ ပြီး၇င် phone ကို Battery ဖြူတ် ပီး 3 စက္ကန်. လောက်ထာပါ ပီ၇င်ပြန်တက်ပြီ vol up (+) down(-) power နှိပ်လိုက်ပါ phone မှာ unpucking ဆိုပီး Firmware စေ၇းပါလိမ်.မယ်။ Firmwareေ၇းနေ၇င် Fail ပြ၇င် SD Card ပြောင်ပြီး ပြန်ေ၇ကြည်ပါ။ SD Card မကောင်း၇င်လဲ Fail ပြတက်ပါတယ်။အဲတာမှမ၇င် Build number အမြင်.ဆုံး Firmware update ကို ၇ှာပြီ ပြန်ေ၇လိုက်ပါ ။ ဘော်ဘော် တွေ အဆင်ပြေပါစေ


Download Click Here

ဒေါင်းရန်

Lamin Maung

အပြည့်အစုံသို့ »

ထိုင်းအတိုက်အခံ ဆန္ဒပြသူများ အစိုးရရုံးများအား ပစ်မှတ်ထား


ဇန်န၀ါရီ ၁၅။

အင်္ဂါနေ့တွင်လူဦးရေထောင်ကျော်ရှိ ထိုင်းအတိုက်အခံဆန္ဒပြသူများသည် အစိုးရအားဖြုတ်ချရေးနှင့် ရွေးကောက်ပွဲအား လွဲချော်စေရန် ရည်မှန်းပြီး မြို့တော်ရှိ အစိုးရရုံးများဆီ ဗန်ကောက် ပိတ်ဆို့ရေး လှုပ်ရှားမှုအနေဖြင့် ချီတက်ခဲ့ကြသည်။ ဝန်ကြီးချုပ် ယဉ်လတ် ရှင်နာဝပ်ထရာ အား ပိုမိုဖိအားပေးနိုင်ရန် ဆန္ဒပြသူများသည် အဓိကကျသော ဝန်ကြီးဌာနများမှ ရုံးဝန်ထမ်းများအား ရုံးတက်ခြင်းမပြုလုပ်ကြရန် ခြိမ်းခြောက်ခဲ့ကြသည်။

ထောင်ချီသောဆန္ဒပြသူများသည် ထိုင်းအကောက်ခွန်ရုံးရှေ့တွင် အင်္ဂါနေ့အစောပိုင်းက စုဝေးခဲ့ကြပြီး ဝန်ထမ်းများအား ရုံးတက်ခြင်းမှ တားဆီးရန်ကြိုးပမ်းခဲ့ကြသည်။

“ ကျွန်တော်တို့ အကောက်ခွန်ဂိတ်တွေကလွဲပြီး ဌာနတစ်ခုလုံးကို ပိတ်ထားပါတယ်၊ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ ” ဟု အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှုး ရပ်ကော့ စရစ်ဆူပတ်မှ AFP သို့ ပြောကြားသွားခဲ့သည်။

အလုပ်သမားရေးရာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဌာန၊ နည်းပညာဌာနများကိုလည်း ပိတ်ဆို့သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ တင်္နလာနေ့က ဗန်ကောက်ပိတ်ဆို့မှုအား ကြေငြာအပြီး ထိုင်းနိုင်ငံမြို့တော်ရှိ အဓိကကျသော လမ်းဆုံးလမ်းခွများတွင် ထိုးနှက်တိုက်ခိုက်သည့်မိန့်ခွန်းများအား လော်စပီကာများဖြင့် အော်ဟစ်ကာ ပိတ်ဆို့လျက်ရှိသည်။

အတိုက်အခံလွှတ်တော်အမတ်ဟောင်း ဦးဆောင်သောဆန္ဒပြသူများသည် ဘီလျံနာမိသားစု၏ နိုင်ငံရေးအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ပြုပြင်ပြောင်းလဲနိုင်မည့် ရွေးချယ်ခြင်းမပြုလုပ်သော လူထုကောင်စီဖြစ်ပေါ်လာရေးအတွက် ယဉ်လတ်အား နှုတ်ထွက်သွားရန် လိုလားလျက်ရှိသည်။

၎င်းတို့၏ နှစ်လကြာလူထုစည်းဝေးမှုသည် အစိုးရအား ဖော်ဖော်ဝါရီ ၂ရက်နေ့ တွင် ရှောင်တခင် လူထုဆန္ဒကောက်ယူမှုကို ပြုလုပ်စေရန် တွန်းအားပေးခဲ့သည်။ သို့သော် လွန်ခဲ့သော ၇နှစ် က ယဉ်လတ်၏အကိုဖြစ်သူ သက်ဆင်အား စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်း၏ နောက်ဆုံးအလှည့်ပြောင်းအနေဖြင့် ဆန္ဒပြသူများသည် မဲပေးမှုအား ငြင်းဆန်ခဲ့ကြသည်။

အစိုးရအနေဖြင့် ဆန္ဒပြသူများအား ၎င်းတို့လုပ်ရပ်များသည် နိုင်ငံစီးပွားရေးနှင့် ဒေသတွင်းလုပ်ငန်းများတွင် ထိခိုက်စေနိုင်ကြောင်း သတိပေးမှုကလွဲပြီး ရပ်တန့်ရန်ကြိုးပမ်းခဲ့ခြင်းမရှိပေ။

REF: Bangkok (AFP)
ကိုဒူး
The Myanma Age

အပြည့်အစုံသို့ »

ရခိုင်တွင် တောင်သူတစ်ဦး သတ်ဖြတ်ခံရ


(နိရဉ္စရာ- ၁၅ ဇန်န၀ါရီ ၂၀၁၄)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ယာလုပ်ငန်း လုပ်ကိုင်နေသော ရခိုင်အမျိုးသား တောင်သူတစ်ဦးအား အမည်မသိသူ လူတစ်စုက ဓါးဖြင့် အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

သတ်ဖြတ်ခံရသူမှာ ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်း (မြေငူကျွန်း) တွင်တည်ရှိသော ၀ါးလန်းကုန်း ကျေးရွာမှ ဦးစောမောင် (ဘ)ဦးချီးစားအောင် အသက်(၄၀) ဖြစ်သည်။

သတ်ဖြတ်ခံရပုံနှင့် ပတ်သက်ပြီး ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

“ ဦးစောမောင်က ယာလုပ်ပါတယ်။ ယာခင်းမှာ သီးနှံတွေကို အနီးအနား ဘင်္ဂလီရွာတွေက ရွာသားတွေ အုပ်စုဖွဲ့ပြီး မကြာခဏ ၀င်ခိုးပါတယ်။ အဲဒီနေ့က တနင်္လာနေ့ပါ။ သူက အခုလို အခိုးခံနေရတော့ သူ့ယာခင်းကို အဲဒီနေ့က သွားစောင့်ပါတယ်။ အဲသလို သွားစောင့်တဲ့အခါ သူက အချိန်လွန်ပြီး အိမ်ကို ပြန်မရောက်တော့ သွားရှာကြတော့ ဓါးဒဏ်ရာတွေ အပြည့်နဲ့ ယာခင်း အနီးမှာ သေနေတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

သူ့အလောင်းအား ယခင်ထဲတွင် ရှာဖွေ တွေ့ရှိချိန်မှာ ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ကြောင်း သူက ပြောသည်။

သူကို သတ်သွားသူများမှာ ဘင်္ဂလီရွာသားများ ဖြစ်ကြောင်း သူတို့အနေဖြင့် ရဲစခန်းမှူး လာရောက်စစ်ဆေးစဉ် ရွာသားများက ထွက်ဆိုခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

“ သူက ယာလုပ်နေတဲ့သူပါ။ ရွာမှာလည်း ဘယ်သူနဲ့မှ ရန်ဖြစ်တာ မရှိဘူး။ သူ့ကို ခုလို လူမဆံစွာ ဓါးတွေနဲ့ ခုတ်သတ်သွားတဲ့သူတွေဟာ အနီးအနားရွာက ဘင်္ဂလီတွေ ဖြစ်တယ်ဆိုတာကို ပေါက်တောရဲစခန်းမှူးကို ကျနော်တို့ အနေနဲ့ ထွက်ဆိုလိုက်ပါတယ်။ သူတို့မှ အပ ခုလို သတ်ဖြတ်တာ ဘယ်သူမှ မဖြစ်နိုင်ဘူး ဆိုတာကို ကျနော်တို့ လက်ရာခြေရာတွေကို ကြည့်ပြီး သိပါတယ်” ဟု ဆိုသည်။

အသတ်ခံရသူ ဦးစောမောင်၏ အလောင်းအား ယမန်နေ့က ပေါက်တောမြို့ ပြည်သူ့ ဆေးရုံသို့ ယူဆောင်လာခဲ့သည်ဟု ပေါက်တောရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ သူ့အလောင်းကို မနေ့က ပေါက်တော ဆေးရုံကို ယူလာခဲ့ပြီး ခွဲစိတ်ပြီးတဲ့နောက် ရွာကို ပြန်ယူသွားပါတယ်။ ဓါးဒဏ်ရာတွေကတော့ အများကြီးပါ။ လူတစ်ဦးထက် အများက ခုတ်သတ်သွားတာ ဖြစ်ပါတယ်။ တရားခံတွေကို လိုက်လံ ဖေါ်ထုတ်နေတုန်း ဖြစ်တဲ့ အတွက် ဒီထက်ပိုပြီး တိတိကျကျ မပြောနိုင်ပါ ” ဟု ပြောသည်။

ပေါက်တောမြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်မြင့်အား ဆက်သွယ်မေးကြည့်ရာ သေဆုံးသူ၏ အလောင်းကို ပေါက်တောမှ ၀ါးလန်းကုန်းရွာသို့ မနေ့က ပြန်ယူသွားကြောင်း၊ ဓါးဒဏ်ရာများမှာ ပြည့်နှက်နေပြီး ဦးခေါင်းတစ်လုံးမှာ ပွင့်ထွက်နေကြောင်း၊  ယခုအချိန်ထိ  တရားခံများကို ဖမ်းဆီးမိသည်ဟု မကြားရသေးကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုလို ဘင်္ဂလီများက လူသတ်မူအများအပြားကို မကြာခဏ ကျူးလွန်နေသော်လည်း အာဏာပိုင်များက လူသတ်မူ ကျူးလွန်သူများကို တိတိကျကျ အရေးယူ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသဖြင့် ဒေသခံ ရခိုင်များ အပေါ် ယခုလို  ဆိတ်ကွယ်ရာတွင် လုပ်ကြံ သတ်ဖြတ်မူများ  ပေါ်ပေါက်နေကြောင်း သိရသည်။

နိရဉ္စရာ

အပြည့်အစုံသို့ »

စစ်တပ် ကိုယ်စားလှယ်ပါဝင်မှု လျှော့ချရေး အင်ဒိုနီးရှားနှင့်ဆွေးနွေး


လွှတ်တော်များအတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လျှော့ချရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ် များနှင့် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ယနေ့ ဇန်နဝါရီလ(၁၅)ရက်ေ်န့  နံနက်၁၀ နာရီတွင် တွေ့ဆုံ ဆွေးနွေး နေကြောင်း အမည်မဖော်လိုသူ တပ်မတော် အရာရှိ တစ်ဦးက ပြောကြားသည်။

အဓိက ဆွေးနွေးသည့် အကြောင်းအရာမှာ လွတ်တော်တွင် တပ်မတော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပါဝင်နေမှု လျှော့ချရေးနှင့် အင်ဒိုနီးရှား နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးတွင် အင်ဒိုနီးရှား တပ်မတော်၏ ပါဝင်မှု ဆောင်ရွက်မှု များကို ဆွေးနွေးကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာတပ်မတော်မှ အဆင့်မြင့်အရာရှိများ၊ လွှတ်တော် ၃ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှား တပ်မတော်မှ အရာရှိများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ကမ္ဘာပေါ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းရာတွင် နိင်ငံရေး သိပံ္ပပညာရှင်များက အင်ဒိုနီးရှား နိုင်ငံကို စံထားပြော ဆိုလေ့ ရှိသကဲ့သို့ မြန်မာနိင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာတွင် အင်ဒိုနီးရှားနိင်ငံ၏ ဂိုအာပါတီနှင့် ဖွဲ့စည်းပုံ လေ့လာမှု ရှိခဲ့သည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောကြားသည်။

People power

အပြည့်အစုံသို့ »

မြို့နယ် စည်ပင်သာယာရေးကော်မတီ စတုတ္ထသုံးလပတ် လုပ်ငန်းစီမံကိန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး


အောင်လံ၊ ဇန်နဝါရီ ၁၅။

အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စတုတ္ထသုံးလပတ် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းစီမံကိန်းအ ဖြစ် လုပ်ငန်းလေးမျိုး ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ကပြောသည်။

၂၀၁၃၊၁၄ ဘဏ္ဍာနှစ် စတုတ္ထလေးလပတ် လုပ်ငန်းများအဖြစ် အောင်လံမြို့ ဇေယျဝတီရပ် ယုဇန်လမ်းအား (၅၇၀ ပေ(၁၂)ပေကတ္တရာ ခင်းပေးခြင်း၊ ရွှေပြောင်ပြောင်ဘုရားရှေ့ လမ်းမတော်လမ်းအား(၇၅၀)ပေ (၂၃)ပေ ကတ္တရာခင်းပေးခြင်း၊  မကျည်းကုန်း စိန်စီကျောင်းလမ်း၊ ကျောက်ချောခင်းနှင့် ကွန်ကရစ်ရေပြွန် (၆၃၀) ပေ (၁၂)ပေ တည်ဆောက်ပေး ခြင်းနှင့် ရေငံကြီးကျေးရွာ (၂)လက်မစက်ရေတွင်း၊ ရေလှောင်ကန်နှင့် ရေစက်ရုံ တည်ဆောက်ပေးခြင်း လုပ်ငန်းများပါဝင်ကြောင်းလည်း သိရသည်။

လုပ်ငန်းအားလုံး၏ စုစုပေါင်းငွေ တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၂၈၈၅)သိန်းရှိကြောင်းလည်း အမှုဆောင် အရာရှိ၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင် အောင်လံမြို့နယ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းကြီးကြပ် ဆောင်ရွက်မှုဖြင့် ကျေးလက်လမ်းများ ခင်းပေးခြင်းလုပ်ငန်း များဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

လင်းသက်
The Myanma Age

အပြည့်အစုံသို့ »