မိတ်ကပ် လိမ်းမထားသော်လည်း ကြည့်ကောင်းစေမည့် နည်းလမ်းများ



မိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာ အသားအရေ ကြည်လင်ပြီး ကြည့်ကောင်း နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပကြည့်ကောင်း စေဖို့ အောက်ပါ နည်းလမ်းများကို လိုက်နာ သင့်ပါတယ်။

ကိုယ်တွင်းမှ အားဖြည့်ပါ

အသားအရေ တင်းရင်းလှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရှိသင့်ပါ။ ပြီးရင် ရေကို တစ်နေ့ ၅ - ၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အ ရေးကြောင်း မထင်ဖို့နဲ့ မျက်ကွင်းမညိုဖို့ ကာကွယ်ပေးပါတယ်။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ

အသားအရေ ထိန်းသိမ်းတာဟာ မိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့် အဓိကသော့ချက် ဖြစ်ပါတယ်။ မျက်နှာ အသားအရေ လှပကြည့်ကောင်းစေဖို့ အ ခြေခံ အသားအရေ ထိန်းသိမ်းနည်းဖြစ် တဲ့ မျက်နှာကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သန့်စင်တာ၊ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်လိမ်းတာ၊ အိုင်းခရင်မ်လိမ်းတာ စတဲ့ နည်းတွေကို ပုံမှန် လိုက်နာသင့်ပါတယ်။ အသားအ ရေထိန်းသိမ်းရာမှာ ငွေကုန်ကြေးကျမ များတဲ့ သခွားသီး၊ ပျားရည်၊ ခရမ်းချဉ် သီး၊ လက်ဖက်အိတ်စတာတွေကို အသုံး ပြုပြီး အသားအရေ ထိန်းသင့်ပါတယ်။

မျက်ခုံးကို ပုံသွင်းပါ

မိတ်ကပ် လိမ်းမထားလည်း ကြည့်ကောင်း စေဖို့ရာအတွက် မျက်ခုံးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပုံသွင်းလိုက်ပါ။ ပုံကျကျ ရိတ်ထားတဲ့ မျက်ခုံးတွေက မျက် ဝန်းကို ပိုမို လှပစေသလို မျက်နှာပုံစံကို လည်း ပိုမို ကြည့်ကောင်းသွားစေပါတယ်။

နှစ်ရက်ခြား တစ်ခါ ခေါင်းလျှော်ပါ

သင့်ဆံပင်တွေက အလွယ်တကူ အဆီပြန်တတ်တယ်ဆိုရင် လျစ်လျူရှု မထားပါနဲ့။ ဆံပင်တွေကို နေ့တိုင်း ခေါင်း လျှော်ဖို့လည်း မလိုပါဘူး။ ဆံပင်သားကို မှန်မှန် ခေါင်းလျှော်တာ၊ ကွန်ဒီရှင်နာ လိမ်းတာနဲ့ ပေါင်းတင်ပြီး သပ်ရပ်အောင် ပြုပြင်ပေးတာတွေကလည်း သင့်ကို စမတ် ကျကြည့်ကောင်းစေပါတယ်။ ဆံပင်သား ချောမွေ့တောက်ပြောင်စေဖို့ ခေါင်းလျှော် တိုင်း ရေအေးနဲ့ ဆေးကြောပေးပါ။

လိုက်ဖက်သော ဆံပင်ပုံစံ ရှိပါစေ

သင့်မျက်နှာကျပုံစံ၊ သင့်အလုပ်အ ကိုင်၊ သင်ဝတ်နေကျ အဝတ်အစားတွေ နဲ့ လိုက်ဖက်မှု ရှိတဲ့ ဆံပင်ပုံစံ ရှိတာက အမြဲကြည့်ကောင်းနေစေပါတယ်။

နေ့စဉ် အဆိုဓာတ်ထိန်း ခရင်မ်နှင့် နေကာခရင်မ် လိမ်းပါ

နေကာနိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို နေ့စဉ်မှန်မှန် လိမ်းပေးပါ။ တိမ် ထူတဲ့ နေ့နဲ့ နှင်းကျတဲ့ နေ့တွေမှာလည်း ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအ ရေ ထိခိုက်မှု ဖြစ်စေနိုင်တဲ့အတွက် နေကာ ခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။

ပြုံးပါ

ပြုံးလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်နဲ့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိတဲ့ စိတ်ထားဟာ သင့် ပင်ကိုအလှကို ပိုမိုတောက်ပစေပါတယ်။

Reposted by panei
Ref - GH

Myanma Spectrum

အပြည့်အစုံသို့ »

Acne vulgaris ဆိုးတဲ့ ဝက်ခြံ



ကျမက မြန်မာပြည့့် တိုင့်း့ မြို့တွင်နေထိုင်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီး အိမ်ထောင် မရှိသူတစ်ဦး ဖြစ်ပါသည်။ ယခင် ၁ နှစ်ခန့်က ပါးပြင် အောက်တွင် ဝက်ခြံကဲ့သို့ အသီးများတက်ပြီး မျက်နှာတပြင် လုံးနီးပါးဖြစ်ပါသည်။ မညှစ်လျှင် မထွက်ဘဲ အဆီအခဲသဖွယ် အလုံးများရှိနေပြီး ညှစ်လိုက်မှ အဆံအခဲအမာအလုံးလေးများ ထွက်သည်။ ဆေးခန်းများတွင် ပြကြည့်သော်လည်း မသက်သာပါ။ မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဆရာမှပြောပြ ပေးပါရှင့်။

(၁) Acne and Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများနဲ့ (၂) Acne ဝက်ခြံ ရောင်စုံ ထဲမှာပါတာကို အရင် လုပ်ကြည့်ပါ။ Doxycycline ကြာကြာသောက်ပါ။ (စာထဲမှာပါတယ်။) အလှအပအသုံးအဆောင် သဘာဝ (သနပ်ခါး) ကလွဲရင် မသင့်ပါ။ မျက်နှာ တနေ့ ၂ ကြိမ်သစ်ပါ။ ရာသီမှန်-မှန် မသိရပါ။ စိတ်ဖိအားနဲ့ ဟော်မုန်း (ရာသီ၊ ကိုယ်ဝန်) တွေကနေ သက်ရောက်စေနိုင်တယ်။ (အိမ်ထောင်မရှိလို့ရေးထားတာ တွေ့ပါတယ်။ ဆောရီး) စိတ်ပျော်ရွှင် ပေါ့ပါးအောင် ကြိုးစားပါ။ ဗီတာမင် စီ ၅ဝဝ နေ့တိုင်းသောက်ပါ။

Acne vulgaris ဆိုးတဲ့ ဝက်ခြံခေါ်တယ်။ အဖြစ်များတယ်။ ခေါင်းဖြူ-ခေါင်းမဲ ဝက်ခြံမှာဖြစ်တာတွေ အကုန်ဖြစ်တယ်။ ဒါ့အပြင် အဆီပြန်မယ်။ အဖုအသီးထမယ်။ အမာရွတ်ထင်မယ်။ အရောင်ရင့်နေမယ်။ မျက်နှာသာမက လည်ပင်း၊ ရင်ပတ်နဲ့ နောက်ကျောမှာလဲဖြစ်နိုင်တယ်။ ပိုးဝင်လို့ တခါတလေ ရောင်-နာလာနိုင်သေးတယ်။ ကြီးတဲ့ဟာဆိုရင် အိပ်လေးလို အကျိတ်ဖြစ်မယ်။ ကြာတော့ စိတ်ပိုင်းကိုပါ ထိခိုက်လာမယ်။

• ဟော်မုန်းအပြောင်းအလဲက အဓိကကျတယ်။ အရွယ်ရောက်လာတာ၊ အရွယ်ရောက်ပြီး မိန်းကလေးတွေဆိုရင် ရာသီနဲ့ဆက်ပြီးဖြစ်တယ်။ အိမ်ထောင်ပြုချိန်မှာ ပြုလို့ရော မပြုလို့ပါဖြစ်နိုင်တယ်။
• မျိုးရိုးအရလဲလိုက်နိုင်သလား စဉ်းစာနိုင်တယ်။
• စိတ်ပိုင်းဆိုင်ရာကလဲ ပါနိုင်တယ်။ စိတ်ဖိအား များတာ၊ အလုပ်များတာ။
• အစားအသောက်ကို သုတေသနလုပ်တော့ တိတိကျကျပြောမရဘူး။

ဘယ်လိုကုသမလဲ
• Benzoyl peroxide cream လိမ်းဆေးက အများဆုံးသုံးတယ်။
• ပိုးသေဆေးတွေထဲက erythromycin, clindamycin, tetracyclines နဲ့ doxycycline တွေသောက်နိုင်တယ်။
• Salicylic acid ကိုလဲပေးတယ်။
• အမျိုးသမီးတွေမှာ (အိမ်ထောင်မရှိပေမဲ့) ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးကိုလဲ သောက်သင့်တယ်။ တရက် ၁ ပြား၊ တလ ၂၈ ပြားသောက်ရတဲ့ဆေးဖြစ်တယ်။ ၃-၄-၅ လ သောက်သင့်တယ်။ ဥပမာ desogestrel, norgestimate or drospirenone ဆေးတွေဖြစ်တယ်။
• Topical retinoids လိမ်းဆေးသုံးနိုင်သေးတယ်။ ဥပမာ tretinoin, adapalene နဲ့ tazarotene လိမ်းဆေးတွေ။
• Oral retinoids စားဆေး Isotretinoin လဲပေးတယ်။
• Laser surgery လေဆာနဲ့ အမာရွတ်ကိုကုသနိုင်တယ်။
• တခြားနည်းတွေကတော့ Azelaic acid နဲ့ tea tree oil ဆီတွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

အပြည့်အစုံသို့ »

ဆိုကရေးတီးပြောသော ပညာသင်ကြားခြင်း


ဆိုကရေးတီး မြစ်ကမ်းတစ်ခုမှာ လမ်းလျှောက်နေတယ်။ သူ့နောက်ကို ကောင်လေး တစ်ယောက် မှီအောင်လိုက်ပြီး ခုလို စကားဆိုပါတယ်။

"ဆရာ၊ ဆရာ။ ကျနော် ဆရာ့လိုမျိုး အသိပပညာတွေ တတ်မြောက် ချင်တယ်။ ဆရာတတ်သိ သမျှ အကုန် တတ်သိချင်တယ်။ အဲဒါ ကျနော် ဘယ်လိုလုပ်ပေးရမလဲ ဆရာ"

ဒီတော့ ဆိုကရေးတီးက "အေး မင်းငါနဲ့လိုက်ခဲ့" လို့ပြောပြီး မြစ်ရေထဲ ရင်ဘတ်ရောက်တဲ့အထိ လျှောက်သွားပါတယ်။ ရောက်လဲရောက်ရော လူငယ်ခေါင်းကိုကိုင်လို့ ရေထဲ စွဲနှစ်ပါတယ်။ တစ်ခေါက်နှစ်ချိန် လူငယ်လေး မခံနိုင်ပဲ ရုန်းထတော့ နောက်တစ်ခေါက် ပြန်နှစ် ပါတယ်။ နောက် မရသေးလို့ ဆိုပြီး နောက်တစ်ခေါက် ပြန်နှစ်ပါတယ်။

ဒီလိုနဲ့ ကောင်လေး အတော်လှန့်သွားပြီး မခလံနိုင်တော့ပဲ ကြောက် အား လှန့်အားနဲ့ စကားဆိုပါတော့တယ်။

"ခများ ကျနော့ကို သတ်မလို့လား။ ခများ ပညာတွေ အကုန် တတ်ချင်တယ် ဆိုတာနဲ့ပဲ ဒီလိုလုပ်ကြံရလား"

ဒီတော့ ဆိုကရေးတီးက ပြန်ဖြေပါတယ်။

"မဟုတ်ဘူး ကောင်လေး၊ မင်းရေနှစ်နေတုန်း ဘာကို အလိုရှိတုန်း"

ဒီတော့ ကောင်လေးက "အော် ဟုတ်ကဲ့။ လေလို အပ်တယ်။ အောက်ဆီဂျင်ပေါ့"

ဆိုကရေးတီးက အောက်ပါအတိုင်း မိန့်ပါတော့တယ်။

"ဒီလိုပဲကွ မင်းရေထဲမှာ နှစ်နေတုန်း အောက်ဆီဂျင် လိုအပ်နေသလို၊ ပညာတစ်ခု တတ်ဖို့သိဖို့ကိုလည်း မဖြစ်မနေ လိုအပ်နေတဲ့ အရာ တစ်ခုလို့ သဘောထားပြီး ရှာကိုရှာတတ်ရတယ်"

သင်ခန်းစာ-

ယနေ့ လူငယ်အများစု ကြုံနေတာမျိုးပေါ့။ ပညာရပ်တစ်ခုကို စိတ်မပါပဲ လေ့လာတာမျိုး ရှိတယ်။ စိတ်ပါသော်ငြားလည်း အခက်အခဲပေါင်း များစွာကြောင့် လေ့လာမှု အားနည်းသွားတာမျိုး လည်းရှိပါတယ်။ ဒီတော့ သူက အောက်ဆီဂျင် မဟုတ်တော့ဘူးလေ။ တကယ်သာ ယင်းပညာသာ အောက်ဆီဂျင်ကို အားလုံး သေတာ ကြာပြီ။

ဒါကြောင့် ကိုယ်က အသိပညာ၊အတတ်ပညာ အသက်မွေးဝမ်းကျောင်း တစ်ခုခုကို တတ်ဖို့၊ သိဖို့၊အောင်မြင်ဖို့ လေ့လာပြီဆိုရင် ရေနှစ် တုန်း အောက်ဆီဂျင် လိုအပ်နေသလို ကြိုးစားအားထုတ်မှု ထည့်သွင်း ထားဖို့ လိုအပ်ပါတယ်။
--
အောင်ခမ်း ( ရိုးရာလေး )

YoYarLay

အပြည့်အစုံသို့ »

Google တို့ ဝင်ငွေရပုံရနည်း



Google ရဲ့  ငွေရပုံရနည်းက Google စီအီးအိုကပဲ အားလုံး သိပါလိမ့်မယ်။ ကျနော်တို့ End User ဘက်က မြင်ရသလောက်လေး အနည်းငယ် မျှဝေရုံလေး သက်သက်ပါ။

Search Engine

Search Engine ကိုမြန်မာလို အရှာအင်ဂျင်လို့တော့ ဘာသာမပြန်မိပါစေနဲ့။ ကျနော်တို့ နေ့စဉ်ရှာဖွေနေတဲ့ Facebook တို့။ အခြားသော အမျိုးမျိုးသော ဝဘ်ဆိုဒ်တို့ရဲ့  လိပ်စာကို Google က သိမ်းဆည်းပေးထားပါတယ်။ ပြီးတော့ ကျနော်တို့က Search Bar မှာရိုက်လိုက်တဲ့အခါ ပေါ်လာအောင် Engine က လုပ်ဆောင်ပေးပြီး Link တွေပေးပါတယ်။

ဒီတော့ အလွယ်ဆုံး ဥပမာ အရဆိုရင် ရွှေတိဂုံဘုရားကို တက်ဖို ဓာတ်လှေကား စီးတဲ့အခါ ဓာတ်လှေကားက ဓာတ်လှေကားစောင့်မှ ထွက်တဲ့အခါ စပယ်ပန်းလေးတွေဝယ်ပါလို့ သူပြောတယ်လေ။ စပယ်ပန်းသည် အတွက်သူ ပရိုမိုးရှင်းရောဆင်းလိုက်တာပေါ့။ ဒီလိုပါပဲ။ ကျနော်တို့က Search Engine ကနေ တစ်ခုခုကို ရှာလိုက်တဲ့အခါ မှာ ကြော်ငြာတွေ တွဲတွဲပြီးပါလာတယ်။ သတိထားကြည့် ပါ တွေပါလိမ့် မယ်။ ပြီးတော့ အဲ့လိုရှာလိုက်ရင် ကိုယ့်ဟာကို အရင်ဦး စားပေးပေါ်အောင်လုပ်ဖို့ကလည်း Google ကိုငွေသွင်းရပါတယ်။ ယင်းနည်းလမ်းကနေ ငွေရပါတယ်။ နေ့စဉ် အမေရိကန်ဒေါ်လာ သိန်းချီ၊ သန်းချီဝင်နေတဲ့ အရာတစ်ခုပါ။

Google Blog

Blog တွေတစ်ခုခုပြီးတစ်ခုလုပ်ကြတယ်။ ဖန်တီးကြတယ်။ Google က အလကားပေးတာပါ။ Free ပေးပါတယ်။ နောက်မှ ကိုယ်လိုသလို Upgrade လုပ်ပေါ့။ ဖရီးအတိုင်းသုံးလည်းအဆင်ပြေပါတယ်။

အလွယ်ဆုံး ဥပမာ အရ - ကုန်စည်ပြပွဲစီစဉ်သူက ပြခန်းတွေကို မရောင်းပဲလကားပေး လိုက်တယ်။ ပြီးတော့ လူစည်ကားတဲ့ ပြခန်းတွေမှာ ပွဲစီစဉ်သူ စိတ်ကြိုက်ကြော်ငြာလေးတွေ ထည့်ခွင်တောင်းပါတယ်။ တစ်ခန်းလုံး အလကားပေးထားမှတော့ လက်ကမ်း စာစောင်ဖြစ်ဖြစ်၊ ဘေလ်ဘုတ်သေးသေးလေး ဖြစ်ဖြစ် လာတင်တာမျိုးကို ပြခန်းက လက်ခံရမယ်လေ။ သို့ပေမယ့် Google က ကော်မရှင်ခ ပေးပါတယ်။ ဒါကို Google Ads လို့ခေါ်ပါတယ်။

Google Ads

Google Blog တွေတစ်ခုပြီးတစ်ခုဖန်တီးကြတော့ လူကြည့်များလာရင် Google Ads ဖွင့်ကြတယ်လေ။ ဒီတော့ Google ကလည်း သူ့ကြော်ငြာတွေ ကို ထည့်သွင်းပါတယ်။ လုပ်ငန်းရှင်ဘက်နေရတဲ့ ငွေကို Google က Blog ဖန်တီးသူကို ပြန်ခွဲပေးတဲ့ သဘောပါ။ တစ်နေ့တစ်နေ့ Google Blog က revenue ဟာ ကန်ဒေါ်လာ သန်းချီပါတယ်။

Google ရဲ့  Blog တွေတင်မကပဲ အခြားသော ဝဘ်ဆိုဒ်တွေမှာလည်း Google က ပွဲစားသဘောမျိုးလုပ်ပေးပါတယ်။ ငါတို့ ကြော်ငြာတွေ နင်တို့ ဆိုဒ်မှာလာထည့်ပေးမယ်။ ကော်မရှင်ခပေးဆိုတဲ့ သဘောမျိုးပေါ့။ ဒီနည်းနဲ့လည်း Google Ads က ဝင်ငွေ ရပါသေးတယ်။

Google Mail

Google ကပေးတဲ့ Email Service က အားလုံးသိတဲ့အတိုင်း အခမဲ့ပါ။ သို့ပေမယ့် Mail ကိုဖွင့်တဲ့အခါ သေချာကြည့်ပါ။ ကြော်ငြာလေးတွေ တွေ့ပါ လိ့မ်မယ်။ ယင်းကနေလည်း ရပါတယ်။ Gmail ကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များက Memory တိုးကြပါတယ်။ အခမဲ့နဲ့ မလုံလောက်တဲ့ အတွက် ဘယ် GB ပမာဏကို ဘယ်လောက်ဆိုပြီး ဝယ်ကြတော့ ယင်းကနေလည်း ပိုက်ဆံ ရပါတယ်။

Youtube

Youtube က ၂၀၀၆ နိုဝင်ဘာမှ Google တို့ဝယ်လိုက်တာပါ။ Google Ads နဲ့ ရောလိုက်ပြီး ဗီဒိယိုတွေကြည့်တဲ့အခါ အမြင်ရှုပ်စေတဲ့ ကြော်ငြာလခ့် များကို တွေ့ရပါလိမ့်မယ် ယင်းနည်းလမ်း နဲ့လည်း ငွေဝင်ပါတယ်။

Google Play

သူ့ကို ကုမ္မဏီမှာ တစ်သီးတစ်သန့်ခွဲထားပါတယ်။ သို့ပေမယ့် Google ဝင်ငွေအနေနဲ့ ထည့်တွက်နိုင်ပါတယ်။ Google Play ကနေ Android အတွက် App တွေ နေ့စဉ် Upload နေတာ။ ဝင်ငွေ ဘယ်လောက်ရှိမယ် ဆိုတာ စာရေးသူတောင် မခန့်မှန်းနိုင်ပါဘူး။

ွGoogle Map

မြေပုံ Service ပေးတာ အလကားမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ လမ်းညွှန်လေးတွေထည့်ပေးတဲ့အခါ ကြော်ငြာတွေလည်းတွဲပါတယ်။ အင်တာနက် မြန်ဆန်တဲ့နိုင်ငံတွေမှာ ပိုတွေ့နိုင်ပါတယ်။ Directory ကို ဖန်တီးထားပြီး ယင်းထဲမှာ ကိုယ့် Business လိပ်စာတွေထည့် မယ်။ ကြော်ငြာတွေထည့်မယ်။ ဒီအတွက် Google က ပိုက်ဆံယူပါတယ်။

Google Drive

အွန်လိုင်းသိမ်းဆည်းစရာ နေရာလေး တစ်ခုပေါ့။ အခမဲ့ပေးတဲ့ ပမာဏ ရှိပြီး ပိုလိုအပ်ရင် ဝယ်သုံးရပါတယ်။ ယင်းကနေလည်း Google တို့ ဝင်ငွေ ရပါတယ်။

အခြားအခြားများ

Google ဝင်ငွေရပုံရနည်းကို အသေးစိတ်သာ ရေးရရင် ဝတ္ထုစာအုပ်တစ် အုပ် ဖြစ်သွားလောက်အောင်ကို များပြားပါတယ်။ Wallet, Photo, Google Plus, News, Reader, Book, Shopping အစရှိသဖြင့် များပြားလှအောင် စုံစုံလင်လင်ကို စီးပွားရေး လုပ်ကြပါတယ်။ ဒါကြောင့် Google ရဲ့  တစ်စက္ကန့်ဝင်ငွေဟာ ဒေါ်လာ ၇၀၀ ဝန်းကျင်အထိ ရှိရတာပါ။

ဒါကြောင့် Google ဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး ရှာဖွေနိုင်တဲ့ Internet-related services တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။
-
အောင်ခမ်း ( smart.com.mm )


အပြည့်အစုံသို့ »

ဆွစ်ဇာလန်မှာ အရိုးပြာကို စိန်အဖြစ်ပြောင်းလဲပေး




ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ အမြဲ တနိုး သိမ်းဆည်း သွားနိုင်စေဖို့ ဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်က ဒီလိုပါ။ ရရှိလာတဲ့ ပြာကို ဓာတုဗေဒ ဒြပ်ပေါင်းများနဲ့ ရောစပ်ပြီးတော့ ကာဘွန်ကို မရရအောင် ထုတ်ပါတယ်။ ပြီးတော့ ရရှိလာတဲ့ ကာဘွန်ကို အပူပေးပြီး ဂရက်ဖိုက်အစုအဖွဲ့ ဖြစ်လာတဲ့အခါ နောက်ဆုံးတော့ စိန်တုံး ဖြစ်သွားပါတယ်။ လက်ရှိ ကမ္ဘာမြေပေါ်က စိန်တုံးများ ဆိုတာကလည်း သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတို့ လောင်ကျွမ်းစုဆေင်းပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့ အပူချိန်ကလည်း မနည်း ပါဘူး။ ၁၅၀၀ ဒီဂရီ ဆဲလ်ဆီးယက်တောင် ရှိပါတယ်။

ဒီတော့ အရိုးပြာကို စိန်ဖြစ်အောင်လုပ်တဲ့နေရာမှာ ဘာစိန်မှ ထပ်ဖြည့်ထားခြင်း မရှိပါဘူး။ တကယ့် ပြာတွေနဲ့သာ စုဆောင်းလို့ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ဒီအတွက် ရလာတဲ့ စိန်အရည်အသွေးကလည်း ၁.၈ ကာရပ် ဝန်းကျင်လောက်အထိ ရှိပါတယ်။ တန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ကနေ ၂၂၀၀၀ တန် အထိ ဖန်တီး ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။ လည်ဆွဲ လော့ကတ်သီး၊ လက်စွပ် အစရှိသဖြင့် ကိုယ်လိုချင်တဲ့ ပုံစံကို Algordanza အဖွဲ့အစည်းမှ ဖန်တီး ပြုလုပ် ပေးကြောင်း သိရ ပါတယ်။
.
Ref: motdboard
အောင်ခမ်း ( www.innewsmyanmar.com )

အပြည့်အစုံသို့ »

မိမိတို့၏ ဂိမ်းထဲမှ Virtual Objests များ၏ အလေးချိန်အား ခံစားနိုင်မည့် Game Controller


World Wide ပြန်ဆိုသည်

ဂိမ်းခလုတ်များ (Controllers) များ၏ တုံ့ပြန်နိုင်မှုသည် Nintendo 64 အား စတင်အသုံးပြုခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ ထူးခြားစွာ တုံ့ပြန်နိုင်မှုများ မရှိသေးပေ။ မကြာသေးမီကထုတ်လုပ်ခဲ့သည့် PlayStation 4 နှင့် Xbox One များတွင်လည်း အသုံးပြုသော Controllers များအနေဖြင့် ဂိမ်းကစားသည့်အခါ Virtual Avatar များ တစ်ခုခုဖြစ်သွားပါက တုံ့ပြန်နိုင်မှုမှာ ၄င်းတွင် ပါဝင်သော ဘု တုန်ခါသွားခြင်း၊ သို့မဟုတ် လက်ကိုင်တုန်ခါခြင်းဖြင့် ကစားသူအား သတိပေးခြင်းများသာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့် ဂိမ်းကစားသူအား အသစ်ခံစားမှုရရှိနိုင်စေရန်အတွက် Reactive Grip Controller အမျိုးအစားတစ်ခုအား (ပုံတွင်ပြထားသည့်အတိုင်း) Tactical Haptics အသင်းမှ တီထွင်ခဲ့ကြပြီး အဆိုပါ ဂိမ်းခလုတ်အနေဖြင့် ဂိမ်းထဲမှ Virtual Objects များ၏ အလေးချိန်အား ခံစားသိရှိနိုင်မည်ဖြစ်ပါသည်။

သင့်အနေဖြင့် ဂိမ်းထဲမှာ လေးလံသောအရာဝတ္တုတစ်ခုအား မယူလိုက်ပါက ဂိမ်းခလုတ်တွင် ပါဝင်သော plates ပြားများမှ တစ်ဆင့် အရုပ်အလေးချိန်အား ဖော်ပြပေးမည်ဖြစ်ပါသည်။ နားလည်အောင် ရှင်းပြရလျှင် သင့်အနေဖြင့် ဂိမ်းထဲတွင် ဓားကို သင့်၏ ခေါင်းပေါ်သို့မယူလိုက်ပါက Plates ပြားများအနေဖြင့် သင့်လက်၏ ဆွဲယူမှုကို ဆန့်ကျင်မည်ဖြစ်ပြီး တကယ့်ဓားအားမတင်လိုက်ရသလို အလေးချိန်အား ခံစားစေမည် ဖြစ်ပါသည်။

သို့သော်ကန့်သတ်ချက်အနေဖြင့် အဆိုပါ ဂိမ်းခလုတ်အား ကွန်ပျူတာဂိမ်းများတွင်သာ အသုံးပြုနိုင်သည်ဟု သိရပါသည်။

TechSpace Journal

အပြည့်အစုံသို့ »

ပုဒ်မ ၅၉(စ)အပါအ၀င် အရေးကြီးပုဒ်မများအား လုံးဝမပြင်ဆင်ရန် လူတစ်သိန်းကျော် အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ၊ ယင်းဖြစ်စဉ်သည် အခြေအမြစ်မရှိ ဖန်တီးမှုတစ်ခုသာဖြစ်နိုင်ဟု လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်


ပုဒ်မ ၅၉(စ)အပါအ၀င် အရေးကြီးပုဒ်မများအား လုံးဝမပြင်ဆင်ရန် လူတစ်သိန်းကျော် အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ၊ ယင်းဖြစ်စဉ်သည် အခြေအမြစ်မရှိ ဖန်တီးမှုတစ်ခုသာဖြစ်နိုင်ဟု လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၅၉(စ)အပါအ၀င် အရေးကြီးပုဒ်မများအား လုံးဝမပြင်ဆင်ရန် လူဦးရေတစ်သိန်းကျော်က အကြံပြုတင်ပြထားကြောင်း ဇန်န၀ါရီ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာတွင် လူဦးရေ ၁၀၆၁၀၂ ဦးက စုစည်းကာ အခန်း(၁)ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃)ပုဒ်မ၅၉(စ)၊ အခန်း(၁၂)ပုဒ်မ ၄၃၆ တို့ကို မပြင်ဆင်ဘဲထားရှိရန် အကြံပြုတင်ပြထားသည်ဟု ဖော်ပြထားသည်။

ယင်းကဲ့သို့ လူဦးရေတစ်သိန်းကျော်က တစုတစည်းတည်း လက်မှတ်ရေးထိုးကာ အကြံပြုချက်တင်ပြခြင်းသည် အခြေအမြစ်မရှိ၊ ဖန်တီးမှုတစ်ခုသာ ဖြစ်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

"ဒါဖန်တီးမှုတစ်ခုပဲ။ ဖန်တီးဖို့ဆိုတာက ရည်ရွယ်ချက်မရှိဘဲနဲ့ ဖန်တီးလို့ မရပါဘူး။ ရည်ရွယ်ချက်ရှိမယ်။ ပြီးရင်စီစဉ်မယ်။ ပြီးရင်ဆောင်ရွက်မယ်။ ဒါရည်ရွယ်ချက်နဲ့ လုပ်ကြတာ။ ပြီးတော့ လူပေါင်းတစ်သိန်းကျော် လက်မှတ်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ထောင်ကျော်ရဖို့ဆိုတာကို တော်တော်လုပ်ယူရမယ်။ ဒီလိုတစ်သိန်းကျော် လက်မှတ်ထိုးတယ်ဆိုတာ on paper လို့ပဲ ကျွန်တော်က ထင်လိုက်ပါတယ်"ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက "အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပေါ့လေ။ တစ်သိန်းခြောက်ထောင်ကျော်သော လူပုဂ္ဂိုလ်တွေက မပြင်ပါနဲ့၊ မထိပါနဲ့လို့ အကြံပြုတယ်လို့ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ဦးက ပူးပေါင်းကော်မတီကို တင်ပြခဲ့ပါတယ်။ သူ့တင်ပြချက်အတိုင်းပဲ ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်သိန်းကျော်ဆိုတာကလည်း နာမည်ရေးတယ်။ လက်မှတ်ထိုးတယ်ပေါ့။ မြို့နယ်ပေါင်းစုံပါပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဧရိယာအတွင်းပေါ့လေ။ ဘယ်ပါတီဝင်လို့ ဖော်ပြမထားပါဘူး။ ဒါဟာ မခိုင်မာဘူး။ အခြေအမြစ်ရှိတယ်ဆိုတာ မသေချာဘူးလို့ဘဲ ပြောပါရစေ။ နောက်တစ်ခုက ပုဒ်မ ၅၉(စ)၊ အခန်း ၁၂ ပုဒ်မ ၄၃၆ တို့ကိုလည်း မပြင်ပါနဲ့ ဒီအတိုင်းပဲထားပါလို့ ပြောတဲ့အဖွဲ့အစည်းပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခန်း ၁၂ ပုဒ်မ ၄၃၆ ကို မထိ၊ မတို့၊ မကိုင်တွယ်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ လုံးဝဖြစ်မလာပါဘူး။ ပြင်လို့လည်း မရပါဘူး။ အဲဒီတော့ဘာဖြစ်လဲဆိုတော့ ဒါဟာကိုယ်ကျိုးစီးပွားကာကွယ်တဲ့ လူတွေနဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်တဲ့ လူပုဂ္ဂိုလ်တွေကြား အားပြိုင်မှုတစ်ခုလို့ မြင်ပါတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့သူတွေက ပုဒ်မ ၅၉(စ)နဲ့ ၄၃၆ ကို မပြင်ဖို့၊ ပြင်မယ်ဆိုရင်လည်း ကန့်ကွက်ဖို့ လိုက်စည်းရုံးနေတယ်လို့လည်း ကြားပါတယ်"ဟု သတင်းထောက်များကို ပြောကြားသည်။

အဆိုပါ တစ်သိန်းကျော်သည် ပြည်ခိုင်ဖြိုးပါတီမှတင်သည်မှာ မှန်ပါသလားဟူသော မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက "ပြည်သူထဲမှာ ပါတီမျိုးစုံရှိတယ်။ ဘယ်သူမဆို တင်ခွင့်ရှိတာပဲ။ ဘယ်ပါတီက မတင်ရဘူး။ ဘယ်ပါတီကပဲ တင်ရမယ်လို့ သတ်မှတ်ချက်ရှိလို့လား။ ကြံ့ခိုင်ရေးပါတီလည်း ပြည်သူတွေထဲမှာရှိတာပဲ"ဟု ပြန်လည်ဖြေကြားသည်။

ထိုကဲ့သို့ မပြင်ဆင်ရန် အကြံပြုစာတင်သွင်းသော လူဦးရေတစ်သိန်းကျော်သည် ပြည်သူများထဲကသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုရာတွင် ထောက်ခံခဲ့သော ၉၂ ဒသမ ၄ ရာခိုင်နှုန်းထဲမှ သာဖြစ်ကြောင်းနှင့် ထိုကဲ့သို့ မည်သူမဆို အကြံပြုတင်နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက "နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) မပြင်ဖို့ လက်မှတ်တစ်သိန်းကျော်ဆိုတာကတော့ အတော်လေးစဉ်းစားစရာကောင်းတဲ့ အချက်တစ်ခုလို့ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်ခြေသတ်မှတ်ချက်ထက် ကျော်လွန်နေရင် မကောင်းဘူး။ နိုင်ငံတော်အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရာခိုင်နှုန်း ၁၀၀ ထက်ကျော်ပြီး ထောက်ခံတယ်ဆိုတာမျိုး ကြေညာခဲ့တယ်။ နောက်နေ့ရောက်တော့ အမှားပြင်ဆင်ချက် ပြန်ထည့်တယ်။ အဲဒီလိုပဲသဘောထားရင် ပိုကောင်းပါတယ်။ လက်တွေ့ဖြစ်နိုင်ခြေထက် ကိန်းဂဏန်းတွေ မှားနေတယ်လို့ ယူဆပါတယ်။ ဒါကိုကန့်ကွက်တယ်ဆိုတဲ့သူတွေဟာ ဘာဖြစ်လို့လဲ။ ဒီလောက်များနေရင် လွှတ်တော်ထဲရောက်နေတဲ့ အင်န်အယ်လ်ဒီပါတီအပါအ၀င် အခြားအဖွဲ့အစည်းတွေက လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲတွေဟာ လူထုထောက်ခံနေတာတွေက လက်တွေ့မကျဘူးလား။ ကိန်းဂဏန်းတွေနဲ့ စာရင်းဇယားတွေက စာရွက်ပေါ်မှာရှိတဲ့ အလေ့အထတွေက ပျောက်သင့်နေပြီ။ အခုတင်တဲ့အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်ကပဲ ဆက်လက်ဆောင်ရွက်ရမှာပါ။ အဓိကကျတဲ့ အချက်တွေ၊ ပြည်သူတွေလိုလားတာကို မပြင်ဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ရဲ့ သိက္ခာ၊ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့သိက္ခာ တစ်ပြားမှ ရှိမှာမဟုတ်တော့ဘူး။ ဒါကြောင့် ဒါဟာနိုင်ငံတော်ရဲ့သိက္ခာ၊ လွှတ်တော်ရဲ့ သိက္ခာအတွက် ပြင်မယ်လို့ကတိပေးထားရင် ကတိအတိုင်း လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်"ဟု ပြောကြားသည်။

ယင်းကဲ့သို့ အကြံပြုစာများအပေါ် ပြည်ထောင်စုလွှတ်တော်က ထပ်မံဖွဲ့စည်းမည့် ကော်မတီအနေဖြင့် သေချာစိစစ်ဆုံးဖြတ်သင့်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

(ဇန်န၀ါရီ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဖတ်ကြား တင်သွင်းစဉ်)


Eleven Media Group ·

အပြည့်အစုံသို့ »