လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားလေးဦး MAT အဖွဲ့ကယ်တင်

ဓါတ်ပုံ- အင်တာနက်


ဗန်ကောက် ဖေဖော်ဝါရီ ၉

ဗန်ကောက်မြို့တောင်ဘက် ကီလို မီတာ ၁၀၀ အကွာတွင်ရှိသော ခြုံဘူရီ ခရိုင် အချောင်ငါးဖမ်းလှေဆိပ်တွင်
ရှစ်လကြာ ရောင်းစားခံခဲ့ရသည့် မြန်မာ လေးဦးအား MATအဖွဲ့နှင့်ပူးပေါင်း အဖွဲ့တို့က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association in Thailand) ၏ ပြောပြချက်အရ သိရ သည်။

အချောင်ငါးဖမ်းလှေဆိပ် ဝေတာ စင်တံတား ငါးမန်းလှေအမှတ်(၅) ပေါ်တွင် ရှစ်လကြာ ရောင်းစားခံခဲ့ ရပြီး လွတ်မြောက်လာကြသူများမှာ တနင်္သာရီတိုင်းဒေသကြီး ရေးမြို့မှ ကရင်လူငယ် အယ်မိုင်မိုင်(၁၇နှစ်)၊ အမောင်မွန်ချမ်း(၁၇)နှစ်၊ ဦးသံလုံး (၆၀နှစ်)နှင့်မော်လမြိုင်မြို့မှ ကျော်ဝင်း ထွန်း (၁၅ နှစ်) တို့ဖြစ်ကြကြောင်း သိရပြီး မော်လမြိုင်မြို့မှ အသက် ၁၇ နှစ် အရွယ်ရှိ အောင်ကိုမင်းကိုမူ ပိုက် ဆရာများက ရှောင်တခင်ဖျောက်ဖျက် နိုင်ခဲ့မှုကြောင့် မကယ်ထုတ်နိုင်ခဲ့ရကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက် ထိုင်းနိုင်ငံ စံတော်ချိန် ညနေ ၅ နာရီခန့်က ဗန်ကောက်မြို့ ဖက်ခနုန်အရပ်မှ မသဲငယ် ဆိုသည့် အမျိုးသမီးတစ်ဦးက ဗန် ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ အကူအညီတောင်းခဲ့ကြောင်း သိရပြီး MAT အဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်နေကြသည့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး ထောက်လှမ်းရေးတပ်ဖွဲ့ DSI ၊ ထိုင်း တောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း FFD ဒါရိုက်တာ ဦးထူးချစ်တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ အချိန်မီ စီစဉ်ပြင်ဆင်ခဲ့ကြခြင်းဖြစ် သည်ဟု ဆိုသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းမှာ လူကုန်ကူးမှုက လျော့နည်းမသွားပါဘူး။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းက ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေ အပါအဝင်MATတို့နဲ့ပူးပေါင်း လုပ် ကိုင်မှ လုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးကို ဒီမူအတိုင်း လုပ်နေကြလို့ ကတော့ ဒီထက်မက အခြေအနေ ဆိုးရွားလာဖို့ပဲရှိပါတယ်။ ထိုင်းငါးဖမ်း လှေတိုင်းမှာ ကျွန်တော်တို့မြန်မာ အလုပ်သမား တွေ ရောင်းစားခံနေရတာပါ။ မြန်မာတွေအတွက်တော့ ကျွန်တော်တို့အလွန်ပဲ စိတ်ထိခိုက်ရပါ တယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ လူကုန်ကူးခံနေရမှုဟာစိုးရိမ်မှတ်မှာ ရှိနေပါတယ်။ အခြေအနေဆိုးနေပါ တယ်” ဟု ပြောခဲ့သည်။
MAT အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်က အဆိုပါလှေဆိပ်မှ မြန်မာနှစ်ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်က မြ၀တီမြို့ရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲအပ် နိုင်ခဲ့ကြောင်း သိရပြီးMATအဖွဲ့ သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း လူကုန်ကူးမှုပေါင်း ၄၁ ကြိမ် နှိမ်နင်း ဆောင်ရွက်ခဲ့ရာ အလုပ်သမားပေါင်း ၂၆၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar 

အပြည့်အစုံသို့ »

ဂျာမဏီသမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမည်

ဓါတ်ပုံ- အင်တာနက်

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်) Joachim Gauck  နဲ့အဖွဲ့ဟာ မနေ့က  မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။

ဂျာမဏီသမ္မတနဲ့အတူ အစိုးရ၀န်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ ကျော် လိုက်ပါလာခဲ့ကြပါတယ်။

ဂျာမဏီသမ္မတဟာ ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းမှာ ရွှေတိဂုံစေတီတော်ကို သွားရောက်ကြည်ညိုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။  ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာကျင်းပမယ့် ဂျာမဏီ - မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒါ့ပြင် ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်)ဟာ ရန်ကုန်မြို့မှာ ဂျာမဏီကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း GCCI ရဲ့ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအများစုကို ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်အတွင်း ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Westerwelle မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဂျာမဏီ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း (GCCI) နဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း UMFCCI တို့ ရန်ကုန်မှာ GCCI ကိုယ်စားလှယ်ရုံးခွဲဖွင့်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

GCCI ကိုယ်စားလှယ် ရုံးခွဲအနေနဲ့ မြန်မာနိုင်ငံ အလတ်စားနဲ့ အသေးစားလုပ်ငန်းများဆိုင်ရာ ဥပဒေကို အပြီးသတ်အတည်ပြုနိုင်ရေး ကူညီဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်ရဲ့ အခုခရီးစဉ်ဟာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ဂျာမဏီသမ္မတနဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ပုဂ္ဂလိက ကျောင်းတိုင်းတွင် မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပညာရေးဝန်ကြီးဌာန လက်အောက် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတိုင်းတွင် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

အခမဲ့ မူလတန်းနှင့် အလယ်တန်း ပညာရေးစနစ်တွင် အစိုးရ စာသင်ကျောင်းများသာမက ဘုန်းတော်ကြီးသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများပါ အကျုံးဝင်မည် ဖြစ်သောကြောင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် ပုဂ္ဂလိက ကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား များသည် ပြဋ္ဌာန်းစာအုပ်အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင်စီနှင့် ဗလာစာအုပ်များပါ ရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ မူလတန်း ကျောင်းသားများအတွက် ၂၀၁၃-၂၀၁၄ ပညာသင် နှစ်ကတည်းက ပြဋ္ဌာန်းစာအုပ်များ စတင်ပံ့ပိုးထားကြောင်း ၎င်းကပြောဆိုသည်။

သို့သော်လည်း ပညာနန်းတော် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းရှိ မူလတန်း ကျောင်းသားမိဘ တစ်ဦးကမူ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကျောင်းအပ်နှံစဉ်က ပုဂ္ဂလိက မူလတန်း ကျောင်းသားများသည် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းထောက်ပံ့ကြေးများ အခမဲ့ မရရှိကြောင်း The Voice သို့ ပြောကြားသည်။
“ဖတ်စာအုပ်က အစိုးရပဲပေးတယ် ထင်တယ်။ ကျွန်တော်တို့ကတော့ ကျောင်းကလည်းမရဘူး အပြင်ကနေ ဝယ်တာ” ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ကို စက်တင်ဘာလ ရောက်မှသာ ချထားပေးခြင်း ဖြစ်ပြီး ပြဋ္ဌာန်း စာအုပ်နှင့် ထောက်ပံ့ကြေးကိုလည်း သက်ဆိုင်ရာ ကျောင်းသား စာရင်းအလိုက် တစ်ဆင့်ထပ်ရသောကြောင့် အစိုးရ ကျောင်းများထက် နောက်ကျမှ ရရှိကြောင်း တာချီလိတ်မြို့ရှိ ရွှေမဟာပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တာဝန်ခံ ဒေါက်တာဘိုင်အိုက ပြောကြားသည်။
“ကျောင်းတွေက အပြိုင်အဆိုင် လုပ်နေကြတာဆိုတော့ ကျောင်းဖွင့် ကတည်းက စာအုပ်တွေကို အခမဲ့ ပေးနေကြတာပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်၍ မူလတန်း ကျောင်းသားတိုင်းအတွက် ဗလာစာအုပ်၊ ပြဋ္ဌာန်းစာအုပ်နှင့် ငွေကျပ်တစ်ထောင်စီ ထောက်ပံ့ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ်တန်း အဆင့်ပြ ဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခများကို အခမဲ့ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော်အချို့သော အစိုးရကျောင်းများတွင် စာအုပ်ဖိုး သီးခြားကောက်ခံခြင်း မရှိသော်လည်း အလှူခံငွေအဖြစ် ကောက်ခံနေမှုများ ရှိပြီး ယင်းကို ထိထိရောက်ရောက် တိုင်ကြားနိုင်ရန် စီစဉ်ပေးစေလိုကြောင်း ကျောင်းသား မိဘများက ပြောဆိုသည်။

The Voice Weekly

အပြည့်အစုံသို့ »

ဘကြီး စာဖတ်နေသည်



ဘကြီး စာဖတ်နေသည်

အားကစား ဂျာနယ်ထဲတွင် ပါသော အင်္ဂလိပ်စာ အသံထွက်များ ကို အသေအချာ ဖတ်နေသော ဘကြီး အသံကို မကြားတကြား ဖြစ်နေသဖြင့် ဘကြီး၏ အနားသို့ သွားပြီး နားထောင် ကြည့်မိသည်။ အားကစား သမားအမည်များ၊ နည်းပြ အမည်များ၊ အသံထွက် လိုက်သည်မှာ ကျွန်မတို့လို ပညာတတ် ဟု သတ်မှတ် ထားသည့် ဘွဲ့ရ တစ်ယောက်ပင် အံ့သြ ရသည်။ အမှန် တကယ် ဒီလို အသံထွက်မျိုး ဖတ်တတ်သည်မှာ ဘာများ အံ့သြစရာ ရှိလို့လည်း ဟု မေးစရာ ဖြစ်မည်။ မှန်ပါသည်။ အခြား လူတစ်ယောက် အတွက် အံ့သြစရာ ဖြစ်ချင်မှ ဖြစ်မည်။ ယခု ဘကြီးမှာကား ကျွန်မ တို့အခေါ် ရှေးခေတ် ခြောက်တန်း လောက်သာ အတန်းပညာ နေခဲ့ရသောသူ မဟုတ်ပါလား။ သက်ကြီး စကား သက်ငယ် ကြား၍ ထို ခြောက်တန်း ပညာ ဆိုသည်ကိုပင် ဗုံးဆန်အကြား ပြေးလွှားရင်း သင်ခဲ့ရသည် မဟုတ်ပါလား။

ယနေ့ခေတ် ပညာရေးနှင့် ဘွဲ့ရခဲ့သည့် ကျွန်မသည်ပင် တစ်ခါတလေ မြန်မာလို ရေးထားသည့် အင်္ဂလိပ် အသံထွက် ကိုပင် တည့်အောင် အသံမထွက်နိုင်။ ထွက်သည့် အသံကလည်း ဗိုလ်သံ မပေါက်။ ထို့ကြောင့် လေသံ အနိမ့်အမြင့် နှင့် အင်္ဂလိပ် အသံထွက် ကို ပီပြင်စွာ အသံထွက် ဖတ်နေသော ဘကြီးကို ကြည့်ပြီး အဘယ်မှာ မအံ့သြဘဲ နေမည်နည်း။ တစ်ခါတလေ ကျွန်မဖတ်သည့် ကွန်ပျူတာ ဂျာနယ်တွင် ပါသော အသံထွက်များ ကိုလည်း မှန်ကန်စွာ အသံထွက် နိုင်သည်။ ကျွန်မတို့ အသံထွက် အနိမ့်အမြင့် မမှန်လျှင်လည်း ဘယ်လို ထွက်ရင် နားထောင်လို့ ကောင်းတယ်ဟု ပြောပြတတ် သေးသည်။

ကျွန်မအမေသည် လေးတန်း ထိသာ ကျောင်းနေခဲ့ ရသော်လည်း ယနေ့ သူငယ်တန်း၊ တစ်တန်း ကလေးလောက် ကို အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ဖြောင့်အောင် သင်နိုင်သည်။ တစ်ခါတလေ စိတ်တွက် (ဈေးတွက်) တွက်တာများ ကျွန်မတို့ ဂဏန်းပေါင်းစက် နှိပ်တာထက်ပင် မြန်သေးသည်။ ထောင်ဂဏန်း၊ သောင်းဂဏန်း ဆိုလျှင် ကျွန်မ ဂဏန်းပေါင်းစက် ရှာရပြီ။ အမေအနား မှာရှိလျှင် တွက်ပြီးနေပြီ။ သူငယ်တန်း ကလေး မြန်မာစာ ကိုပင် ကျွန်မ စာအုပ်ကြည့် ပြီးမှ လိုက်ဆို နိုင်သည်။ အမေကတော့ မြန်မာ ဖတ်စာအုပ်ထဲ ပါသည်များကို အကုန်နီးပါး သင်နိုင်သည်။ ကလေးနှင့် အပြိုင် ရွတ်နိုင်သည်။

ပညာတတ်ဟု သတ်မှတ် ခံရသော ကျွန်မတို့နှင့် ဘာများ ကွာခြား ပါသနည်း။ ခေတ်လား၊ စနစ်လား၊ လူလား၊ စဉ်းစားစရာ တွေနှင့် ပြည့်နေ ခဲ့ရသည်။ သူငယ်တန်း ကလေး တစ်ယောက် စာပြန်တာ ကြည့်ပေးပါ ဆိုသဖြင့် ကျွန်မ နားထောင် ပေးခဲ့ဖူးသည်။ '' သက်မဲ့အရာ ဝတ္ထုသုံးမျိုး ကို ဖော်ပြပါ'' ဟု မေးလိုက်သည်။ ကလေးက ''စာအုပ်၊ စားပွဲ'' ဟုပင် ရှေ့ဆက် မတက်တော့။ ကျွန်မက သိတဲ့ အရာတစ်ခု ဒါမှ မဟုတ် မြင်တဲ့ အရာတစ်ခု ဖြေလို့ ပြောတော့ ''စာအုပ်ထဲက အတိုင်း မဟုတ်ရင် အမှတ်မရဘူး'' ဟု ဖြေသည်။

ကျွန်မတို့လည်း တစ်ချိန်က ဒီလို ဖြေခဲ့ဖူး လိမ့်မည်။ ကျောင်းတက် တုန်းက အမှတ်နည်း မှာကို ကြောက်ပြီး အမှတ် ရရေးသာ တွေးကာ ပူပန် ဆင်းရဲခြင်း များနှင့် စာကို ကြည့်ခဲ့ ရသည်။ စာအုပ် အပြင်ဘက် ကို ထွက်တွေး ရမှာကို ကြောက်နေ ခဲ့သည်။ ယနေ့ မိဘများ ကလည်း အဆင့်တက်ရေး၊ အမှတ်များများ ရရေးကိုသာ အဓိကထား ကြသည်။ ဆရာများ ကလည်း ခေါက်ရိုးကျိုး နေသည့်အတိုင်း သင်သည်။ ''တတ်သိတဲ့ အတိုင်း မှန်ကန်စွာ စဉ်းစား တွေးခေါ် နိုင်ရေး'' ထက် ''သင်သည့် အတိုင်း လိုက်နာ ကျက်မှတ် ရေး'' ကိုသာ ဦးစားပေး ကြဟန် တူသည်။ အမှတ် လိုချင်သော ကလေးကလည်း အမှတ်နည်း မှာ ကြောက်သည်။

ဘကြီးတို့ ခေတ်တုန်းက ဆရာမ က အပင်သုံးမျိုး အရွက်တွေ ခူးလာခိုင်း တာကို မြင်ကြည့်ရင်း ကလေးတွေ နှင့် ဆရာမ ရင်းနှီး ချစ်ခင် နေမည့်ပုံတွေ၊ အရွက်ခူးဖို့ အတွက်လည်း မိဘတွေက ကူညီ ပေးရပုံတွေ မြင်ယောင် လာမိသည်။

ကျွန်မ ကြည့်လိုက်တော့ ဘကြီးစာဖတ် နေသည်။ ကျွန်မလည်း စာဖတ် ရဦးမည်။ ကျွန်မ မသိသော သင်ခန်းစာ တွေကိုလည်း အဘိဓာန် စာအုပ် အနားချကာ ဟန်ပါပါဖြင့် ဖတ်ရ ပေဦးမည်။

မဒါလေး
The MYAWADY Daily

အပြည့်အစုံသို့ »

အချိန်ပိုင်း ဓာတ်ပုံရိုက်ရင်း အပိုဝင်ငွေရှာကြရအောင်


တကယ် ဓာတ်ပုံဆရာတွေအတွက်ရော၊ ၀ါသနာရှင်တွေအတွက်ရော ကိုယ်ရဲ့ စိတ်တိုင်းကျရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရှာဖွေနိင်ပါပြီ။

သိပ်ကြီးဓာတ်ပုံရိုက်ရာမှာ ကျွမ်းကျင်နေဖို့မလိုပါဘူး။ ကိုယ် ဓာတ်ပုံတွေကို တစ်ဆင်ခံပြန်လည်းရောင်းချနိင်အောင် ကုမ္ပဏီတစ်ခုက စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ဝက်ဘ်ပေါ်မှာ တင်ပေးရုံပါပဲ။ ဒါဆိုရင်တော့ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို အခြား သဘောကျနှစ်သစ်သူတွေက ၀ယ်ယူမယ်ဆိုရင် သင့် ၀န်ဆောင်ခ

ဒီအတွက် ၃၀ရာခိုင်နှုန်းရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်တမ်းအချိန်ပြည့် ဓာတ်ပုံရိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတွေအဖို့ တော့ အဆင်ပြေမှာ မဟုတ်ပေမဲ့
ဝါသနာရှင်နဲ့ အချိန်ပိုင်း အပျော်တမ်း ဓာတ်ပုံဆရာတွေအတွက်ကတော့ အသုံးဝင်ကာ အပိုဝင်ငွေကို ဆောင်းနိင်မှာ ဖြစ်ပါတယ်။

Log in ၀င်ရာမှာလည်း facebook အကောင့်၊ ဂျီတော့ အကောင့် ၊ တွစ်တာ အကောင့် ကြိုက်ရာနဲ့ ၀င်နိင်ပြီး အခြားသူများရဲ့ ဓာတ်ပုံများကိုလည်း လေ့လာနိင်ဦး
မှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ 5oopx.com မှာ ၀င်ရောက် ကြည့် ကြည့် လိုက်ပါဦးနော်။

http://prime.500px.com/

Aung Heine ( www.smart.com.mm )

အပြည့်အစုံသို့ »

သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ၀င်ရောက်လာနိုင်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ ဦးစွာဝင်ရောက်လာနိုင်ဟု ဂျပန်ဘက်က ခန့်မှန်းထား


၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်မည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ စီးပွားရေးဌာနမှ သံမှူး Mr. Hideaki MATSUO ကဆိုသည်။

“သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က)ကို ၂ဝ၁၅ မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်ဟာ အချိန်တိုအတွင်း တိုးတက်လာမယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးက တိုင်းပြည်အသီးသီးက ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်လိုလုပ်ငန်းမျိုးအနေနဲ့ ဝင်လာဖို့ကို သတ်မှတ်တာမျိုး မရှိပါဘူး” ဟု ၎င်းကပြောကြားသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးစီမံကိန်း ဖွင့်လှစ်ပြီးပါက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ အရင်ဆုံး ဝင်ရောက်ရင်းနှီး မြှုပ်နှံလာနိုင်သည်ဟု ဂျပန်နိုင်ငံက ခန့်မှန်းထားကြောင်း Mr.Hideaki MATSUO က ပြောကြားသည်။

“သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ joint လုပ်ထားတာဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးတွေပဲ ဝင်လာပါဆိုတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်ထင်တာကတော့ ရှပ်အင်္ကျီဖိနပ်တွေ စတာတွေကနေ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းများ အရင်ဆုံး ဝင်ရောက်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်အပိုင်း (က)ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့က စတင်ဖွင့်လှစ် တည်ဆောက်ခဲ့ပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းအထိ မြှုပ်နှံခွင့် ရသော်လည်း အစိုးရသို့ ၁ဝ ရာခိုင်နှုန်း ပေးအပ်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများအတွက် ရှယ်ယာရောင်းချရာတွင် ၄၁ ရာခိုင်နှုန်းသာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံမည့် ထိပ်တန်းနိုင်ငံများမှာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သုံးသပ်ထားသည်။

“ထားဝယ်အထူးစီးပွားရေးဇုန် ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရက ဝင်ရောက်ရင်းနှီးမြှုပ်နှံပေးဖို့ ဂျပန်ဘက်ကို အကူအညီ တောင်းခံထားပါတယ်။ ဒီထားဝယ်အထူးစီးပွားရေးဇုန်မှာ ဂျပန်ပါမလား မပါဘူးလားဆိုတာ ထိုင်း၊ မြန်မာ၊ ဂျပန်အစိုးရတို့ ဆွေးနွေးနေကြပါတယ်။ အာဆီယံတိုင်းပြည်တွေအနေနဲ့ ကြည့်မယ်ဆိုရင် ထားဝယ်ဆိပ်ကမ်းဟာ တကယ့်ကို အရေးပါတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်ပါတယ်။ အဓိကပြဿနာက ထားဝယ်ဒေသက အရမ်းကို ကြီးမားနေပါတယ်။ သီလဝါထက် ၁ဝ ဆလောက် ကြီးပါတယ်။ အခုကတော့ ၂ဝ၁၅ မှာ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ဖို့ကို အဓိက အာရုံထားနေပါတယ်။ ၂ဝ၁၅ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပြီးသွားရင် တခြားတိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင်တော့ ထားဝယ်ဘက်ကို လုပ်ဖြစ်မယ်လို့ မှန်းထားပါတယ်။ အခုလောလောဆယ်မှာတော့ ၂ဝ၁၅ မှာ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ဖို့ကိုပဲ ဦးတည်ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး စီးပွားရေးဌာနမှ သံမှူး Mr.Hideaki MATSUO က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြားသား သီးသန့်လုပ်ကိုင်သော လုပ်ငန်းများနှင့် မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရသော လုပ်ငန်းများသို့ ထုတ်ပေးခဲ့သည့် ပါမစ်စုစုပေါင်း ၁၁၈ ခုရှိကြောင်း၊ ယင်းကဲ့သို့ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများထဲတွင် စီးကရက်ထုတ်လုပ်သည့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ကားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ အိုင်တီဝန်ဆောင်မှုလုပ်ငန်း၊ ဝါးအချောထည်လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။



Eleven Media Group

အပြည့်အစုံသို့ »

မြန်မာ့လေကြောင်းက ဘိုးရင်းလေယာဉ် ၁ ဒါဇင် တိုးချဲ့မယ်


မြန်မာနိုင်ငံရဲ့ စီးပွားရေး နဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စတာတွေမှာ ဖွင့်ပေးလိုက်တာကြောင့်
မြန်မာ့လေကြောင်းက ဘိုးရင်း ၇၃၇ လေယာဉ် ၁ ဒါဇင်နဲ့ တိုးချဲ့ပြေးဆွဲမှာ ဖြစ်ပါတယ်။


 ဓာတ်ပုံ- www.aviationnews.eu

အဲဒီ ဘိုးရင်း ၇၃၇ လေယာဉ် တွေကို နာမည်ကြီး GE ကုမ္ပဏီရဲ့ လေကြောင်း ဆိုင်ရာ အငှား ကုမ္ပဏီ GECAS က တဆင့် ငှားယူသွားမှာဖြစ်ပြီး ဖေဖော်ဝရီလ ၁၁ ရက်နေ့က ၁၆ ရက်နေ့ထိ ပြသမယ့် စင်ကာပူ လေကြောင်း ပြပွဲမှာ ဒီ ဆုံးဖြတ်ချက် ကို ကြေညာဖို့ မျှော်လင့်နိုင်ဖွယ် ရှိတယ်လို့ လေကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်း တပုဒ် က ဆိုပါတယ်။

နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းရဲ့ ၂၀ ရာခိုင်နှုန်းကို Myanmar Airways International – MAI က ပိုင်ဆိုင်ပြီး လက်ရှိ မြန်မာ့လေကြောင်း အနေနဲ့ ပြည်တွင်းခရီးစဉ်တွေပဲ ပြေးဆွဲနေတာဖြစ်ပါတယ်။

ဘိုးရင်း ၇၃၇ လေယာဉ်တွေဟာ လေကြောင်းလိုင်းစီစဉ်မှုမှာ ပိုပြီး ပြုလွယ်ပြင်လွယ်လုပ်နိုင်မှာဖြစ် သ လို နိုင်ငံ တကာကို လည်း ပျံသန်းလာနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုဆို အာရှတိုက်မှာ နောက်ဆုံး ရှေ့တန်း မျက်နှာစာ ရောက် လာတဲ့ နိုင်ငံတခုလိုဖြစ်တယ်လို့လည်း အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

ခရီးသည်များပြားလာမှုနဲ့ အတူ လေကြောင်းလိုင်းသစ်တွေလည်း တိုးပွားလာနေပြီး နိုင်ငံခြားလေကြောင်း လိုင်း တချို့လည်း မြန်မာပြည်ဈေးကွက်ကို ခြေချလာနေကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဆင်းရဲတာနဲ့ လိုအပ်တဲ့ အခြေခံ အဆောက် အဦပိုင်းတွေ မရှိတာတွေကြောင့် လုံခြုံမှုနဲ့ပတ်သက်လို့တော့ စိုးရိမ်ပူပန် စရာတွေ ရှိနေတယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။

မြန်မာ့လေကြောင်းဆိုရင် တရုတ်လုပ် Xian MA60s လေယာဉ်အမျိုးအစား ၃ စီးဟာ ၂ဝ၁၂ ခုနှစ်က ဆင်းသက်ခဲ့ပါတယ်။ တလအတွင်း လေယာဉ်ဆင်းသက်စဉ်မှာ မတော်တဆမှု ၂ ခုဖြစ်ခဲ့ပါသေးတယ်။



အိမ့်သံစဉ် ~
Irrawaddy


အပြည့်အစုံသို့ »