အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရဲ့ ပထမဆုံး 'ဆေးခြောက်တက္ကသိုလ်' ဖွင့်လှစ်


Angel on 2014-02-10 14:00
ဖလော်ရီဒါပြည်နယ်မှာ ရှိတဲ့ မဲပေးသူတွေဟာ ဖလော်ရီဒါမှာ ဆေးခြောက်ကိုတရားဝင်ခွင့်ပြုမိန့်  ချမှတ်မလားဆိုတာကို နိုဝင်ဘာလအထိစောင့်ဆိုင်းနေရချိန်မှာ၊ ဂျရယ်မီး ဘတ်ဖို့ ဒ် ဆိုသူ ပရော်ဖက်ဆာ တစ်ယောက်ဟာ တမ်ပါမြို့ မှာ ဆေးခြောက်တက္ကသိုလ် ကို ပထမဆုံးဖွင့်လှစ်လိုက်ပါတယ်။ ဆေးခြောက်ကို ဆေးဘက်ဝင်အသုံးချမယ့် အသိပညာဗဟုသုတတွေကို ဖြန့် ဝေပေးဖို့ အတွက် ရည်ရွယ်ပါတယ်လို့  ABC သတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။
“အမှောင်ဘက်ခြမ်းရောက်နေတဲ့ ဒီဆေးခြောက်ကို အလင်းထဲပြန်ခေါ်သွင်းကြပါစို့ ” လို့  ‘ဆေးခြောက်တက္ကသိုလ်’ ရဲ့ တည်ထောင်သူ ဘတ်ဖ်ဖို့ ဒ် က ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့ ဟာ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နေတာပါ။ အသိပညာပေးရေးဘက်ကို ဦးတည်တဲ့ အပိုင်းပေါ့။ ကျွန်တော်တို့ မူးယစ်ဆေးဝါးရောင်းဖို့ အတွက် ဆိုင်တွေလုပ်ဖို့ ကြံစည်နေတာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပညာပေးချင်ယုံသက်သက်ပါ” လို့ သူက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။
တကယ်လို့ ဖလော်ရီဒါမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုခဲ့မယ်ဆိုရင်၊ တမ်ပါ ဆေးခြောက်ဆိုင်ရာ ဆေးဘက်တက္ကသိုလ် ဟာ အတန်း  ငါးခု ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပြီး ၊ ကုသရေးစင်တာ ၁၅ ခု၊ နဲ့  ဓာတ်ခွဲခန်းတစ်ခုပါ ပါဝင်မယ်လို့  သိရှိရပါတယ်။
အခုလက်ရှိတော့ အတန်းတစ်တန်းဖွင့်လှစ်ထားနိုင်ပြီး တက်ရောက်သူပေါင်း ၂၅ ဦး ရှိတယ်လို့ သိရပါတယ်။ ဘတ်ဖ်ဖို့ ဒ်ဟာ ဒီလုပ်ငန်းအစီအစဉ်ဖြစ်မြောက်ရေးနဲ့ အနာဂတ်မှာတိုးတက်ရေးအတွက် ဒေါ်လာ ၁၀ သန်းလောက် မတည်ပေးနိုင်မယ့် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေတယ်လို့  ဆိုပါတယ်။
Ref: universityherald.com
Trend Myanmar


အပြည့်အစုံသို့ »

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိသားစုနဲ့ မြန်မာ နိုင်ငံမှာဆုံ

မစ္စတာ သက်ဆင်က ကမ္ဘော ဒီးယား ဝန်ကြီးချုပ် နဲ့လည်း ရင်းနှီး
ထိုင်းနိုင်ငံက နိုင်ငံရေး တင်းမာမှု တွေမှာ အဓိက ဆန့်ကျင် ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က မြန်မာနိုင်ငံမှာ သူ့မိသားစုထဲက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို သူ့ရဲ့ ညီမအကြီး ဖြစ်သူ ယောင်းဝဖါး ဝုံးစဝပ်နဲ့ သူ့ရဲ့ ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင်း ဝုံးစဝပ် အပါအဝင် စုစုပေါင်း ၆ ယောက် တို့က ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့က သွားရောက် တွေ့ဆုံ ခဲ့တယ်လို့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

သက်ဆင် ရှင်နာဝပ်ကို သူ့ညီမနဲ့ ယောက်ဖတို့ တွေ့ကြ ရာမှာ အပြင်က လူတွေ ပါဝင်ခွင့် မရလို့ ဘာတွေ ပြောကြတယ် ဆိုတာ အတိအကျ မသိရပါဘူး။

ယောက်ဖ တော်စပ်သူ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ ဆွမ်ချိုင်း ဝုံးစဝပ်ဟာ နိုင်ငံရေး မှာ ပါဝင်ခွင့် ၅ နှစ် အပိတ်ခံထားရတဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရခဲ့ပြီ ဖြစ်လို့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြုလုပ်တဲ့ ထိုင်း ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်အဖြစ် ဝင်ရောက် အရွေးခံထား ပါတယ်။

အိမ်စောင့် အစိုးရအဖြစ် တာဝန်ယူ နေရတဲ့ ညီမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ရှင်နဝပ် ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အဓိက အကြောင်းက လည်း ဝန်ကြီးချုပ်ဟောင်း သပ်စင် ရှင်နာဝပ် တိုင်နိုင်ငံ ပြန်လာမှာကို ဆန့်ကျင် နေကြတာ ဖြစ်ပါတယ်။

မစ္စတာ သပ်စင်က ထိုင်းနိုင်ငံကို ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး မိသားစု မျိုးရိုးအလိုက် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်၊ ကိုယ်ကျိုး စီးပွားအတွက် အဂတိ လိုက်စားခဲ့တယ် ဆိုပြီး တရားရုံး တစ်ခုက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ် တာ ခံထားရပါတယ်။

ဒါ့အပြင် နောက်ထပ် စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင် နေရလို့ ပြည်ပမှာ တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း ထုတ်ခံ ထားသူက မြန်မာနိုင်ငံကို သွားရောက်တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ယောက်ကို မေးကြည့် ရာမှာ ထိုင်းအစိုးရက မြန်မာဘက်ကို တစ်စုံတရာ အကြောင်းကြားထား တာမျိုး မရှိတဲ့ အတွက် သာမန် နိုင်ငံခြားသားတွေ လိုပဲ ဝင်ထွက် သွားလာနိုင်ကြောင်းနဲ့ အစိုးရ ဘက်ကလည်း လုံခြုံရေးတွေ ထူးထူးခြားခြား လုပ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်သက်ဆင် ရှင်နာဝပ် အခုတစ်ခေါက် မြန်မာနိုင်ငံကို လာတာဟာ ဗေဒင်လာ မေးတာ လို့ သိရကြောင်းလည်း အစိုးရတာဝန်ရှိသူကပြောပါတယ်။

ဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက အကြား အမြင် ဟောတဲ့ အီးတီကို ယုံကြည် ကိုးစားသူဖြစ်တယ်လို့ သူ့မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

သစ်ကုလားအုပ်ငယ်ကို သတ်ပြီး ခြင်္သေ့ကျွေးခြင်း


 (အပေါ်ပုံကတော့ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်မှာ တွေ့ရတဲ့ သစ်ကုလားအုပ်တကောင်ပါ။ ဧရာဝတီသတင်းထောက် ဂျေပိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ )
ဒိန်းမတ်နိုင်ငံမှာ လူအများအပြား  ကန့်ကွက်နေတဲ့ကြားက တိရိစ္ဆာန်ရုံထဲက အသက် ၂ နှစ် အရွယ် သစ်ကုလားအုပ်ကို သတ်ပြီး ခြင်္သေ့ ကျွေးလိုက်ပါပြီ။

ဆေးထိုးပြီးကွပ်မျက်ရင် သူ့ရဲ့ရုပ်အလောင်းနဲ့အသား ထိခိုက်သွားနိုင်တဲ့အတွက် သေနတ်နဲ့ပစ်ခဲ့ပါတယ် တဲ့။
တနင်္ဂနွေမနက်မှာ အဲဒီလို ရှင်းလိုက်ပြီး တိရိစ္ဆာန်ရုံက တာဝန်ကျဆရာဝန်က ရုပ်အလောင်းကို လူမြင်ကွင်းမှာ ခွဲစိတ်တယ်၊ ပရိသတ်ထဲ ကလေးလေးတွေလည်း ပါဝင်နေတယ် ဆိုတာကို ဓာတ်ပုံမှတ်တမ်းများမှာ တွေ့ရမှာပါ။

အဲဒီမှာ သစ်ကုလားအုပ် ကောင်ရေများလွန်းတဲ့အတွက် ရှင်းလိုက်ရတာလို့ ဆိုတယ်။
ကောင်ရေထိန်းချုပ်ဖို့ ကိုယ်ဝန်တားဆေးတို့ ဘာတို့ သုံးတယ်လို့ ဆိုတယ်။

အဲဒီတိရိစ္ဆာန်ရုံမှာ သစ်ကုလားအုပ် ၇ ကောင် ကျန်နေပါသေးတယ် တဲ့။

EAZA လို့ ခေါ်တဲ့ ဥရောပတိုက် တိရိစ္ဆာန်ရုံ နဲ့ ငါးပြတိုက်များအသင်းရဲ့ စည်းကမ်းချက်တွေအရ ကောင်ရေထိန်းချုပ်မှု နဲ့ တခြားသော စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ ဆိုတယ်။

အဲဒီ ၂ နှစ်သား သစ်ကုလားအုပ်ကို မရှင်းခင် တိရိစ္ဆာန်ရုံ တချို့က မွေးဖို့ တောင်းတယ်၊
သူ့ကို မသတ်ဖို့ အွန်လိုင်းကနေ လက်မှတ်ထိုးတောင်းဆိုမှု နှစ်သောင်းကျော် ရှိခဲ့တယ်၊
တယောက်က ဆိုရင် အဲဒီကောင်လေးကို ယူရိုငါးသိန်း (ဒေါ်လာ ၇ သိန်း နီးပါး) ဈေးနဲ့ ၀ယ်မယ်လို့တောင်း ကမ်းလှမ်းခဲ့ပါတယ်လို့ သတင်းတွေမှာ ရေးထားကြတာပါ။

တိရိစ္ဆာန်ရုံ ဘက်ကလည်း ပေးဖို့ မဖြစ်နိုင်ပါဘူး၊
EAZA စည်းကမ်းချက်တွေအရ ... တိရိစ္ဆာန်ရုံက အကောင်တွေကို မပိုင်ဘူး၊ အုပ်ချုပ်စီမံတာပဲ လုပ်လို့ရမယ်လို့ ဆိုတယ်။
ပြီးတော့ သူတို့သတ်မှတ်တဲ့အရည်အသွေး မပြည့်တဲ့ တခြား တိရိစ္ဆာန်ရုံတွေကို ပို့လိုက်ဖို့ ပေးလိုက်ဖို့ ဆိုတာကိုလည်း တားမြစ်ထားပါတယ်။
ဒါကြောင့် သူတို့ဆီမှာပဲ ရှင်းလိုက်တယ်ဆိုတဲ့သဘောပေါ့။
ဒါကြောင့် မရောင်းတာပါ တဲ့။

သစ်ကုလားအုပ်တကောင် ခပ်ငယ်ငယ် ကျန်းကျန်းမာမာ ရှိပါလျက်နဲ့ သတ်ဖြတ်ပြီး အသားတချို့ကို ခြင်္သေ့ကျွေး၊ တချို့ သုတေသနလုပ်၊ သူ့ကိုကွပ်မျက်ပြီး ခုတ်ထစ်တာကို ကလေးတွေ အပါအ၀င် အများပြည်သူရှေ့မှာလုပ်တဲ့အကြောင်း ပရိသတ်လည်း စိတ်ဝင်စားမယ် ယူဆလို့ သတင်းတွေ လိုက်ဖတ်ပြီး အခုလို ရေးလိုက်ရတာပါ၊ သူတို့က
ဒီကောင်လေးကို သတ်ရေး မသတ်ရေး ဆိုတာကို နှလုံးသားနဲ့ မဆုံးဖြတ်ဘဲ ချမှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ဆုံးဖြတ်လိုက်ပုံပါပဲ။

သစ်ကုလားအုပ်မို့ ဒီလောက် ကန့်ကွက်ကြတာဖြစ်တယ်၊ ဒီအကောင်မဟုတ်ဘဲ ၀က်တို့ ဘာတို့ ဆိုရင် ဘာမှ ပြောကြမယ် မထင်ဘူးလို့
 အဲဒီ တိရိစ္ဆာန်ရုံရဲ့ ညွှန်မှူးတဦးက ဆိုပါတယ်။

ကောင်ရေထိန်းချုပ်ဖို့ဆိုရင် ကိုယ်ဝန်တားဆေးတို့ ဘာတို့ မတိုက် မထိုးဘူးလား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။
တိရိစ္ဆာန်တွေရဲ့ ကိုယ်ခနာအတွင်းပိုင်းကို ထိခိုက်မှာကို စိုးရိမ်တယ်၊ မိခင်နဲ့သားသမီးအရေး ဆိုတာတွေကိုလည်း အရေးပါတဲ့အစိတ်အပိုင်းအဖြစ် တိရိစ္ဆာန်ရုံက သတ်မှတ်ထားတယ်လို့ ဆိုတယ်။

ဘယ်လိုပဲ ရှင်းလင်းနေသည်ဖြစ်ပါစေ ... တိရိစ္ဆာန်အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေက ကန့်ကွက်နေကြပါတယ်၊ အဲဒီ တိရိစ္ဆာန်ရုံကို မသွားကြနဲ့ ဆိုပြီးတော့တောင် ကြေညာ လှုံ့ဆော်နေပါပြီ။

သူတို့ဆီမှာတော့ ဒါက တကယ့်ကို အငြင်းပွားဖွယ်ဖြစ်ရပ်ပါပဲ။
ဒီအကြောင်းကို နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြနေကြတာ တွေ့ရပါတယ်။



The Irrawaddy


အပြည့်အစုံသို့ »

ရခိုင်ခေါင်းဆောင် (၂)ဦးအား လုပ်ကြံရန် ကြိုးပမ်းသူ မလေးရဲက စတင်စုံစမ်းပြီ


ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ကိုပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်းလုပ်ကြံဖို့ ကြိုးစားသူတွေကို မလေးရှားရဲတပ်ဖွဲ့က စတင်စုံစမ်း ဖေါ်ထုတ်ဖို့ ကြိုးစားနေပြီလို့ ဘီဘီစီ (မြန်မာပိုင်း)မှာ သတင်း ဖေါ်ပြပါတယ်။

ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပြီလို့ သတင်းမှာ ဖေါ်ပြပါတယ်။

ဒီအမှု ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိ ဘားဆွတ် က အမှု ကို စုံစမ်းနေဆဲ ဖြစ်လို့ သံသယ ရှိသူ နှစ်ယောက် နဲ့ ပတ်သက်ပြီး မှတ်ချက်မပြုလို သေးကြောင်း၊ မြန်မာသံရုံး ရဲ့ ပန်ကြားချက်လည်း ရရှိထား ကြောင်း၊ မြန်မာ အစိုးရ ဘက်ကနေ ရဲတပ်ဖွဲ့ချင်း ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းလာ ပါက၊ ကြိုဆိုဖို့ရှိသလို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ အထဲက ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ မှ ခေါင်းဆောင် ဒေါက်တာအေးမောင် ကလည်း ဒီအမှု ကို ဆက်လက် အရေးယူနိုင်ရေး အတွက် သူ့ပါတီက တာဝန်ရှိသူတွေ က တဆင့် မြန်မာနိုင်ငံ ရဲချုပ် နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူး နေ့မှာတော့ အမှုသွား အမှုလာ နဲ့ ပတ်သက်ပြီး၊ မလေးရှား နိုင်ငံမှာ အထူးသတင်း ထောက်လှမ်းရေး တပ်ဖွဲ့နဲ့ ရာဇဝတ်မှုခင်း ဌာနတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် အကြောင်း၊ ဒေါက်တာအေးမောင် က ပြောတယ်လို့ ဘီဘီစီ မှာ သတင်း ဖေါ်ပြထားပါတယ်။

Narinjara

အပြည့်အစုံသို့ »

ထိုင်းဆန္ဒပြခေါင်းဆောင် ဖမ်းဆီးခံရ

ထိုင်းလယ်သမားများ ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲရဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ စုန်သီယံ ချွမ်ရုသနီထန် Sonthiyarn Cheunruethainaitham ကို ထိုင်းနိုင်ငံရဲ့ အရေးပေါ်ဥပဒေကို ချိုးဖောက်တဲ့ ပြစ်မှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အထူးအရေးပေါ်ထုတ်ပြန်ထားတဲ့ ဥပဒေကိုချိုးဖောက်တဲ့ တခြားဆန္ဒပြခေါင်းဆောင်တွေကိုလည်း ဆက်လက်အရေးယူ ဖမ်းဆီးမှာ ဖြစ်တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် တာရစ် ပန်ဒစ် Tharit Pengdit က ပြောဆိုပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ခေါင်းဆောင် ၁၉ ယောက်ကို ဖမ်းဆီးဖို့ ၀ရမ်းထုတ်ထားပြီး ဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

တနင်္လာနေ့ ဘန်ကောက်မြို့ရဲ့ လမ်းမတခုပေါ်က ဆန္ဒပြစခန်းတည်ရှိရာနေရာမှာ ဖြစ်သလိုလုပ်ထားတဲ့ အငယ်စားဗုံး ဒါမှမဟုတ် အကြီးစား မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးအလုပ်သမား ၆ ယောက် ဒဏ်ရာရရှိသွားပါတယ်။

တနင်္လာနေ့ စောစောပိုင်းတုံးကတော့ ရာနဲ့ချီတဲ့ လယ်သမားတွေဟာ ဘန်ကောက် တရားရေးဝန်ကြီးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အစိုးရရဲ့ အမတော်ကြေးနဲ့ တန်ဖိုးတိုးမြင့်ပေးပြီးဝယ်ယူတဲ့ အစီအစဉ်နဲ့ သူတို့ရောင်းချထားတဲ့ ဆန်တွေအတွက် ငွေပေးချေဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

နိုင်ငံရေးအထိမ်းအမှတ်နေ့များထက် ချစ်သူများနေ့က ပိုရေပန်းစား



“...ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လို့ ပြောတယ်။ ငယ်ငယ် တုန်းကတော့ ဒီအကြောင်းတွေကို သင်ဖူးတယ်။ အခု မမှတ်မိတော့ဘူး...”




၂ဝ၁ဝ ဖေဖော်ဝါရီ ၁ဝ ရက်နေ့က ဧရာဝတီမှာ တင်ခဲ့တဲ့ ချစ်သူများနေ့ဆိုင်ရာသတင်းကို ပြန်လည် ဖော်ပြပါတယ်။

မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကိုကျော်ပြီး  ချစ်သူများနေ့ (Valentine's day) ကို ပြည်တွင်း ပြည်ပရှိ မြန်မာလူငယ် အများစုက စိတ်ဝင်တစား စောင့်မျှော်နေ ကြသည်။

“ကျမကတော့  ဖေဖော်ဝါရီလ ၁၄ ရက်နေ့ valentine's day ပဲသိတယ်။  ဒါပေမယ့် သူငယ်ချင်း တယောက် ဆီကနေ သိရတာကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လို့ ပြောတယ်။ ငယ်ငယ် တုန်းကတော့ ဒီအကြောင်းတွေကို သင်ဖူးတယ်။ အခု မမှတ်မိတော့ဘူး” ဟု ချင်းမိုင်မြို့တွင် ကျောင်းတက် နေသော နန်းထွေးခမ်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေနေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ် ခဲ့ကြသော်လည်း ယခုအခါ ကလေးများနေ့ အခမ်းအနားကျင်းပ ပြုလုပ်ခြင်းများကို မတွေ့ရကြောင်း ရန်ကုန်မြို့ခံ လူငယ်တချို့က ပြောသည်။

“ကလေးများနေ့ကိုတော့ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘာလုပ်ကြလည်း ဆိုတာကိုတော့ တခါမှ တွေ့ဖူးဘူးဟု” ဟု စမ်းချောင်း မြို့နယ်မှ တက္ကသိုလ် ကျောင်းသူ တဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ၌ မကွေးတိုင်း၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး နယ်ချဲ့ ကိုလိုနီ နှင့် ဖက်ဆစ်ဂျပန် တို့၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

“ဖေဖော်ဝါရီ ၁၄ရက်နေ့က ချစ်သူများနေ့လေ။ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့ကိုတော့ ကျနော် မသိဘူး” ဟု ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်သော ကိုလာပို ပြောသည်။

“အခုခေတ် လူငယ်တွေ ဗိုလ်ချုပ်ရဲ့ မွေးနေ့ကို မသိကြတာ မထူးဆန်းပါဘူး ။ အစိုးရကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဏ္ဍကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ သမိုင်းတွေ ဆိုတာ အပြင်က စာစောင်တွေနဲ့ ကျောင်းသုံးစာအုပ်တွေမှာ မရှိသလောက် ရှားပါးနေတယ်” ဟု ချင်းမိုင်မြို့ရှိ  မြန်မာရွှေ့ပြောင်း အလုပ်သမားကျောင်း တကျောင်းတွင် စာသင်နေသော ဆရာဦးသိန်းဝင်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ သူ၏ အသက် ၃၂နှစ် အရွယ်တွင် လုပ်ကြံခံရပြီး  ကျဆုံးခဲ့သည်။

“အခုလို လူငယ်တွေဟာ ကိုယ့်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး အကြောင်းကို သိခွင့်မရတဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ် ကို  အများကြီး ထိခိုက်နိုင်တယ်။ ဘယ်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ရဲ့  ကျေးဇူးတရားကို သိတတ်အောင်၊ သူတို့ကို စံထားပြီး အတုယူနိုင်အောင်၊ သူတို့လိုကျင့်ကြံနိုင်အောင် ဒီပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို သင်ပေးကြတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းကပြောသည်။

ယနေ့ခေတ် မြန်မာလူငယ်များအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတုယူထိုက်သော အရည်အချင်းများကို သင်ယူလေ့လာခွင့်၊ အတုယူခွင့်စသည့်  အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု သူက ဆက်ပြောသည်။

ယခုလက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။
 -
ဝါးရှီးဖော
The Irrawaddy

အပြည့်အစုံသို့ »

ဦးပိန်ကို ကြင်နာပါ

သို့ MyanmarCNN ,
အောက်ပါပုံများကိုကြည့်ခြင်းအားဖြင့် မြန်မာတွင်မက ကမ္ဘာကပါသိသော "ဦးပိန်တံတား" ၏ဆိုးရွားနေသောအခြေအနေကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ ထိုဦးပိန်တံတားသို့ နေ့စဉ် နိုင်ငံခြားသာများ နှင့် ပြည်တွင်းနိုင်ငံသားများ အများအပြားလာရောက်လည်ပတ်လျက်ရှိပါသည်။ ထို့အပြင်နယ်ခံများမှာလည်း နေ့စဉ်တံတားပေါ်မှဖြတ်၍ မန္တလေးနှင့်အမရပူရကို သွားလာလုပ်ကိုင်လျက်ရှိပါသည်။ ပုံပါတံတား၏အခြေအနေမှာ တော်တော်ကိုဆိုးရွားနေပြီး ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန များ၏လျစ်လျူရှုခြင်းခံနေရပါသည်။ ယခုအခြေအနေအား မပြင်ဆင်ပဲဒီအတိုင်းထားမည်ဆိုပါက လာရာက်လည်ပတ်သောဧည့်သည်များသာမက နယ်ခံလုပ်သားပြည်သူများအတွက်ပါ အန္တရာယ်ရှိနေပြီဖြစ်ပါသည်။ ထိုအကြောင်းကို ဘယ်ဂျာနယ်မှလည်း အရေးတယူဖော်ပြခြင်းမရှိသလို ဘယ်သူကိုပြောရမှန်းမသိဖြစ်နေပါသည်။ ကမ္ဘာပေါ်တွင် အရှည်လျားဆုံး သစ်သားတံတား(World longest wooden bridge - 1.2 kilometer) အဖြစ်ကျော်ကြားနေသော ဦးပိန်တံတားကို ၀ိုင်းဝန်ကူညီပြုပြငိပေးဖို့ MyanmarCNN မှတင်ပြပေးပါရန် ယုံကြည်အားကိုးစွာဖြင့် သည်စာကိုပေးပို့အပ်ပါသည်။












Soe Thu Aung
Myanmar CNN မှ တင်ဆက်သည်။
သတင်းများကို [email protected] သို့ ပေးပို့နိုင်သည်။

အပြည့်အစုံသို့ »