ကြောက်ရွံ့နေသော ဆင်မလေးတစ်ကောင်




ဆင်များ သွားလာတဲ့အခါ တစ်ကောင်အမြီးကို တစ်ကောင်နှာမောင်းနဲ့ ချိတ်ပြီး သွားတဲ့ အကျင့်တစ်ခု ရှိပါတယ်။

အထူးသဖြင့် ဆင်သားအမိများ ပြုလုပ်တတ်ပြီး အင်အားကြီးတဲ့ အမေ ဆင်ကြီးရဲ့  အမြီးကို သားငယ်၊သမီးငယ် ဆင်များက သူတို့နှာမောင်း များနဲ့ တစ်ဆင့်ပြီး တစ်ဆင့်ချိတ်လို့ သွားကြပါတယ်။

ယခု ပုံမှာ မြင်တွေ့နေရတဲ့ ဆင်ပေါက်ပေါက်စလေးကတော့ ကိုယ့်အမြီး ကို နှာမောင်းနဲ့ ပြန်ချိတ်နေပါတယ်။ အထီးကျန်မှု သဘော ကို ဖော်ပြပြီး ကြောက်ရွံ့ နေမှုကိုလည်း ဖော်ပြ ပါတယ်။ လေးဘက်လေးရံ ကာရံထားတဲ့ တိရစ္ဆာန်ဥယျာဉ်ထဲ က လှောင်အိမ် အတွင်းမှာ ဆင်များ နေ ထိုင်ရမှုအပေါ် အချို့ လူမှု အဖွဲ့အစည်းများက မလိုလားပါဘူး။ Social Animal တစ်မျိုး ဖြစ်တဲ့ ဆင်များဟာ အစုလိုက် နေထိုင်၊ လွပ်လွပ်လပ်လပ် သွားလာ ကျက်စားတတ် တဲ့ တိရစ္ဆာန်များ ဖြစ်ပါတယ်။

လှောင်အိမ်ထဲမှာ တစ်ကောင်ထဲ နေထိုင်ပြီး ကိုယ့်အမြီးကိုပြန်ချိတ် လို့ ကြောက်ရွံ့နေတဲ့ ပုံထဲက ဆင်မ ပေါက်စလေးရဲ့  ပုံမှာ အင်တာနက်မှာ ရက်ပိုင်းအတွင်း လူသိများခဲ့ကြောင်း သိရပါတယ်။

Ref: Ub not hidden
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ပါးရိုက်ခဲ့မှုအတွက် ဒဏ်ကြေးငွေသာ ချမှတ်ခံရနိုင်သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး


====================================
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အပတ်စဉ်(၃)မှ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အပြီးတွင် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သည့်အတွက် ကွင်းအတွင်းသို့ ၀င်ရောက်ကာ လက်ဆွဲနှုတ်ဆက်ရန်ပြုပြီး ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဒဏ်ကြေးငွေ ပြစ်ဒဏ်သာ ချမှတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှာ အမှတ်ပေးဇယားအထက်တွင် ရပ်တည်နေသည့် ရတနာပုံ အသင်းကို ပွဲချိန် ၁၁မိနစ်တွင် သွင်းယူခဲ့သည့် ဂျပန်ကွင်းလယ်လူ ကန်တာရို၏ သွင်းဂိုးဖြင့် သီးဆောင်ထားနိုင်ခဲ့သည်။ သို့ရာတွင် ဒုတိယပိုင်း ပွဲချိန် ၄၈မိနစ်နှင့် ပွဲချိန် ၇၂မိနစ်များတွင် ရတနာပုံအသင်းမှ တိုက်စစ်မှူး ဖွန်ဆီကာ သွင်းယူပေးခဲ့သည့် ပင်နယ်တီ ပြစ်ဒဏ်ဘောများမှတဆင့် အရေးနိမ့်ခဲ့ ရသဖြင့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ်ဒိုင် ဦးလှမင်းကို ပွဲအပြီးတွင် ကွင်းအတွင်း ၀င်ရောက်ကာ ပါးရိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အတွက် ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ ပွဲအပြီး အစီရင်ခံစာကို စောင်ကြည်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။ ပွဲအချိန်အတွင်း ပေးအပ်ခဲ့သည် ပင်နယ်တီ ပြစ်ဒဏ်များနှင့် ပတ်သက်၍ ဇွဲကပင် အသင်းပိုင်ရှင်မှ ကွင်းလယ်ဒိုင် အနေဖြင့် ငွေကြေးတစ်စုံတရာ ရယူထားပြီး ပြိုင်ဘက်အသင်း အနိုင်ရရှိရန် ရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့ကြောင်း သတင်းမီဒီယာ တစ်ခုနှင့် တွေဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။ ပြိုင်ပွဲကြီးကြပ်နှင့် ရတနာပုံ အသင်း မန်နေဂျာတို့က ယင်းပွဲစဉ်တွင် ပေးအပ်ခဲ့သည့် ပင်နယ်တီများမှာ အမှန်တကယ်ပေးသင့်သည့် ပြစ်ဒဏ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အဖွဲ့ဝင် ဦးခင်မောင်ထွေးက " အဓိက ကတော့ သူတို့ ဆရာနဲ့ တပည့်ရင်း ဖြစ်တာပဲ။ ဆရာက တပည့်ကို တောင်းပန်ပေါ့ ကျန်တဲ့ အပိုင်းက တို့ကစဉ်းစားပေးရမှာပါ။ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ပြစ်ဒဏ်တော့ ချမှတ်သွားမှာပါ။ ဒါကလူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာပေါ့ သူကတောင်းပန်ရင် တစ်မျိုးပေါ့ မတောင်းပန်ရင်တော့လဲ တစ်မျိုးပေါ့။ ထက်ထက်မိုးဦးလိုလဲ တရားဆွဲလို့ ရတာမျိုးမှ မဟုတ်တာ" ဟု ပြောကြားသွားခဲ့သည်။

Soccer Popular Myanmar News Journal

အပြည့်အစုံသို့ »

Facebook စီစဉ်ပေးခဲ့တဲ့ သူရဲ့ ကိုယ်ပိုင် ရေယာဉ်ဝန်ဆောင်မူ




သူရဲ့ အလုပ်သမား၊ ၀န်ထမ်းတွေအတွက် ဖြစ်ပါတယ်။ ဒီနေ့တွေမှာ နည်းပညာ ကုမ္ပဏီကြီးတွေ တော်တော်များများဟာ သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ တွေမှာ ပို
ပြီး အထောက်အကူဖြစ်နိင်စေရန် အတွက် ရည်ရွယ်ပြီး သူတို့ရဲ့ ပတ်ဝန်းကျင်တွေကို ကူညီပေးလျက်ရှိပါတယ်။

အများအားဖြင့် ၀န်ထမ်းတွေနဲ့ဆိုင်တဲ့နေရာတွေနဲ့ သယ်ယူပို့ဆောင်ရေးကဲ့သို့သော် နေရာတွေမှာပေါ့။ ဥပမာ- Google နဲ့ Apple ဆိုရင် သူတို့ကိုယ်ပိုင် Bus တွေနဲ့ ၀န်ထမ်းတွေကို ဖယ်ရီး ပို့ဆောင်ပေးနေသလို ဖြစ်ပါတယ်။

ယခု facebook ကုမ္ပဏီဟာဆိုရင်တော့ သူတို့ ၀န်ထမ်းတွေအတွက် ကိုယ်ပိုင် ဖယ်ရီးတွေကို စတင် ပြေးဆွဲပေးနေပြီး ဖြစ်ပါတယ်။
ဖေ့ဘုတ် ရုံးချုပ်တည်ရှိရာနေရာ ဆန်ဖရန်စစ်စကိုနဲ့ Redwood မြို့ကို ရေယာဉ် တက္ကစီ ဖြင့် အသွားအပြန်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကမှ စတင်ခဲ့တာ ဖြစ်ပြီး ဒီထက်ပိုတဲ့ အမြဲတမ်းဖြစ်တဲ့ ပို့ဆောင်မူတွေနဲ့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

လူ ( ၃၀) လောက် ဆန့်ပြီး ၀ိုင်ဖိုင်တွေ၊ ကော်ဖီနဲ့ သရေစာ တွေလည်း ယာဉ်ပေါ်တွင် ပါရှိတယ်လို့ သိရပါတယ်။

Smart Pro Journal

အပြည့်အစုံသို့ »

မြန်မာပြည်မှာ အွန်လိုင်းအရောင်းအဝယ်အတွက် အပြင်မှာသာ လုပ်နေရ




လက်ရှိ မြန်မာပြည်မှာ အွန်လိုင်း ဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ် များစွာ ပေါ်ပေါက် လာပေမယ့် အရောင်းအဝယ် ဖြစ်ဖို့ အတွက် ငွေပေးချေ မှုက အပြင်မှာပဲ ဖြစ်ပါတယ်။ ဒါကို နိုင်ငံခြားသား တစ်ဦးနဲ့ စကားပြောဖြစ် လို့ပြောတဲ့အခါ သူ အင်မတန် အံ့သြသွားပါတယ်။

အွန်လိုင်း အရောင်းအဝယ် ဝဘ်ဆိုဒ်များအနေနဲ့ အပြင်မှာပဲငွေပေးကြ ဆိုတော့ ဘာများ ထူး လို့လဲပေါ့။ သို့ပေမယ့် ဒါကိုလည်း နိုင်ငံတကာ အွန်လိုင်းဈေးရောင်းဈေး ဝယ် ဝဘ်ဆိုဒ်နဲ့ စီးပွားရေး ပညာရှင်ဖို့ ချခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဟောင်ကောင် တို့လို ကျဉ်းလွန်း တဲ့ နိုင်ငံမှာ အွန်လိုင်း ဈေးရောင်းဈေးဝယ် လုပ်ဖို့အတွက် အွန်လိုင်းကနေတောင် အော်ဒါမမှာပဲ ဖုန်းဆက်ပြီး စမှာခဲ့ကြတာ ဖြစ် ပါတယ်။ အွန်လိုင်း စာမျက်နှာက သတင်းအချက် အလက် ဖော်ပြထားတဲ့ နံရံကပ် စာစောင် တစ်ခုအလားပါပဲ။ ယနေ့အချိန်အထိလည်း ဖုန်းနဲ့ အော်ဒါမှာတဲ့ စနစ်ကို အွန်ုလိုင်းဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်တွဲမှာ အော်ဒါမှာ စနစ်တစ်ခုအနေနဲ့ တွဲထား ပေးဆဲ ဖြစ် ပါတယ်။ အွန်လိုင်းကနေ မှာယူမှုကိုတော့ ပိုလုပ်နေကြပါပြီ။
လက်ရှိ မြန်မာပြည် မှာတော့ အွန်လိုင်းငွေပေးငွေချေ စနစ်က အဆင် မပြေနိုင်သေး ပဲ ဖြစ်နေ ပါတယ်။ နည်းပညာ အမျိုးမျိုး၊ စနစ် အမျိုးမျိုးပေါ်လာပေ မယ့် ပြင်ပငွေပေး ၊ငွေချေ စနစ်နဲ့ ဆက်စပ်နေရ ဆဲ ဖြစ်ပါတယ်။

ဒီအတွက် စနစ်ကြီး တစ်ခု လုံး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာ အစိုးရ နည်းပေါ်လစီနဲ့လည်း သက်ဆိုင်ပါသေး တယ်။ အကယ်၍ နိုင်ငံတကာမှာ အသုံးပြုနေကြတဲ့ Paypal, Mastercard များကို မြန်မာနိုင်ငံသားတို့ တရားဝင် အသုံးပြုခွင့် ရလာမယ်ဆိုရင် အွန်လိုင်းအခြေခံ စီးပွားရေး လုပ်ငန်းများ အရှိန်ဟုန်နဲ့ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ ဒါကြောင့်မို့ လက်ရှိ သွားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းက ဝန်ဆောင်မှု ဝဘ်ဆိုဒ်ပဲ ဖြစ်ပါတယ်။ အရောင်းအဝယ် မလုပ်ပေးပဲ၊ အရောင်း အဝယ်လုပ်ရန် သတင်းအချက်အလက်များကို ဝန်ဆောင် မှု ပေးခြင်း က လက်ရှိအခြေအနေမှာ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာပြည် မှာ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များစွာ ပေါ်လာပါတယ်။ သူတို့ကျတော့ အရောင်းအဝယ်ဖြစ်ဖို့အတွက် ငွေပေးငွေချေ စနစ်ကို ထည့်သွင်းမထား ပဲ ရောင်းသူ၊ ဝယ်သူများကိုသာ သတင်းအချက်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

ငွေဝင်တဲ့ နည်းလမ်းကျတော့ အဖွင့်စာမျက်နှာမှာ ဦးစားပေးဖော်ပြခံရတဲ့ ကုမ္မဏီ ကို ငွေကောက်ယူခြင်းမျိုးသာ ရှိပါတယ်။ အကယ်၍ အရောင်း အဝယ် ငွေချေ စနစ်တွေသာထည့်မယ်ဆိုရင် ဒါတွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ်။ သက္ကရာဇ် ၂၀၁၅ ခုနှစ်အပြီးမှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းအခြေစိုက် စီးပွားရေး လုပ်ငန်း များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။

အောင်ခမ်း (smart.com.mm)
Smart Pro Journal


အပြည့်အစုံသို့ »

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံများမှ မွေးဖွား စရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်


အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရံများမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က သတိပေးပြောကြားသည်။

လက်ရှိတွင် အဆိုပါ အိတ်ခ်ျအိုင် ဗွီပိုးရှိသည့် မိခင်များအား အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံများတွင် မွေးဖွား စရိတ်များ နှစ်ဆတောင်းခံနေသည်ဟူသည့် သတင်းများပေါ်ထွက်လျက် ရှိသောကြောင့် ကျန်းမာရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းကဲ့သို့ သတိပေးပြောကြားခြင်းဖြစ်သည်။

''ပုဂ္ဂလိကဆေးရုံတွေကတော့ မိခင်ကနေ ကလေးကို ရောဂါမကူး အောင်ပြုလုပ်ရတဲ့ စရိတ်တွေကာမိအောင် တောင်းတာဖြစ်နိုင်တယ်။ အစိုးရဆေးရုံတွေကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အိတ်ခ်ျအိုင်ဗွီပိုး ရှိရှိ မရှိရှိ အခမဲ့မွေးပေးဖို့ ညွှန်ကြားထား ပြီးသားပါ။ ပြည်သူတွေ အနေနဲ့ မွေးဖွားစရိတ် တောင်းခံတဲ့ဆေးရုံကို နာမည်နဲ့တကွ ကျန်းမာရေး ဦးစီးဌာနကို တိုင်ကြားနိုင်ပါတယ်။ လိုက်နာခြင်း မရှိတဲ့ မည်သည့်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းကိုမဆို အရေးယူသွား မှာပါ'' ဟု ဒေါက်တာမင်းသန်းညွန့်က ပြောသည်။

အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအားဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်သည့်နှုန်းကို မြင့်မားလာအောင် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ တစ်ဝန်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''အိတ်ခ်ျအိုင်ဗွီရှိတဲ့ မိခင်တွေ မွေးဖွားရင် အထူးကုဆေးခန်းတွေမှာ နှစ်ဆယူနေတယ်။ အဲလိုမျိုးနှစ်ဆယူတဲ့ အတွက် အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိခင်တွေက ဆေးရုံ၊ ဆေးခန်းတွေမှာ မမွေးတော့ဘဲ လက်သည်နဲ့ ရိုးရိုးပဲ မွေးတာတွေရှိတယ်။ ရိုးရိုးမွေးတာက မိခင်ကနေ ကလေးကို ကူးစက်နိုင်ခြေ ပိုများတဲ့ အတွက် ဒီလိုမျိုး ဆေးရုံ၊ ဆေးခန်းတချို့က မွေးဖွားစရိတ်နှစ်ဆယူတာဟာ မိခင်ကနေ ကလေးကို အိတ်ခ်ျအိုင်ဗွီ ကူးစက်နှုန်းတွေမြင့်လာအောင် တွန်းပို့နေသလို ဖြစ်နေတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများသည် အိတ်ခ်ျအိုင်ဗွီပိုးရှိသည့် မိခင်များက လေးမွေးဖွားရာတွင် ခွဲခြားနှိမ့်ချပြီး ပြောဆိုလေ့ရှိကြောင်းလည်း သိရသည်။ ''ငါတို့က နင်တို့ကို မွေးပေးရတဲ့ အခါမှာ တစ်ခါသုံးတွေကို ဝယ်ရတယ်။ အဲဒါကြောင့် နင်တို့ကို နှစ်ဆတောင်း ရတာလို့ပြောတယ်။ ပြောတဲ့အခါမှာလဲ အော်ဟောက်ပြီးပြောတယ်။ မွေးလာတဲ့ကလေးကိုပါ A လေးလို့ ခေါ်တာရှိတယ်။ တခြားသူတွေက ကြားသွားရင် မိခင်က သွေးနုသားနုချိန်မှာ အလွန်စိတ်ထိခိုက်ရတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ ဗဟို အမျိုးသမီးဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာတွင် အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော မိခင်များ လာရောက်မွေးဖွားပါက ကျန်းမာရေး ဝန်ထမ်းများက နှစ်သိမ့်ဆွေးနွေး အကြံပေးပြီး လိုအပ်လျှင် ခွဲစိတ်ပြီး မွေးဖွားပေးကြောင်း ဆေးတက္ကသိုလ် (၁)၊ သားဖွားနှင့်မီး ယပ်ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာမြသီတာက ပြောသည်။

''ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့မိခင်တွေ ကလေး မွေးရင် အခမဲ့နီးပါး မွေးဖွားပေးပါ တယ်။ နည်းနည်းပါးပါးယူတာတော့ ရှိတာပေါ့။ နှစ်သိမ့်ဆွေးနွေးအကြံပေး ပြီး လိုအပ်ရင် ခွဲစိတ်ပြီးမွေးပေးတယ်။ လနုတုန်းမှာ ARV ဆေးသောက် ထားရင် ရိုးရိုးမွေးလို့ရတယ်။ မသောက် ထားရင်တော့ ကလေးကို ကူးမှာစိုး လို့ ခွဲပြီးမွေးရတယ်။ ဒါပေမဲ့ သူတို့ ကို သေသေချာချာဆွေးနွေးပြီး သူတို့ မွေးချင်တဲ့ပုံစံကိုမွေးပေးတာပါ''ဟု ယင်းကဆက်လက်ပြောကြားခဲ့သည်။

(ချိုအိ ၊ ရန်ကုန်)
YMG

အပြည့်အစုံသို့ »

စစ်ဘေးရှောင် ဒုက္ခသည်များ အနာဂတ် မရေရာသေး


ဒုက္ခသည်, အနာဂတ်, တိုင်းရင်းသား, ငြိမ်းချမ်းရေး, ပြည်တွင်းစစ်
ကချင်ဒုက္ခသည် မိခင်နှင့် ကလေးငယ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ အပစ်အခတ် ရပ်စဲရေးမူကြမ်းကို သဘောတူညီထားသော်လည်း လက်ရှိအခြေအနေအထိ တပ်ချင်းထိတွေ့မှုများ ဆက်လက်ရှိနေသောကြောင့် ပြည်တွင်း၊ ပြည်ပမှစစ် ဘေးရှောင် ဒုက္ခသည်များသည် နေရပ်များသို့ပြန် ရန် အခက်အခဲ ဖြစ်နေသည်။

ယခုရက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်  (KIA)၊ ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TLNA) နှင့် အစိုးရတပ် တို့ တပ်ချင်းထိတွေ့ပြီး ပစ်ခတ်မှုများ ဆက်တိုက်ဖြစ် ပွားနေသည်။

နေရာအနှံ့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များ မိမိနေရပ်ပြန်ရန် အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုံ ခြုံမှု မရှိသေးသဖြင့် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။

“အထက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု တွေ လုပ်နေကြတာပဲ။ ဒီရက်ပိုင်းမှာ စစ်ပွဲတွေက လည်း ဆက်တိုက်ဖြစ်ပွားနေတယ်။ငြိမ်းချမ်းရေး ဆွေးနွေးကြရင် ကျနော်တို့ အားလုံးက အိမ်ပြန်ချိန် နီးလာပြီဆိုပြီး ပျော်လိုက်။ နောက်တိုက်ပွဲက ပြန် ဖြစ်တော့ မျှော်လင့်ချက်တွေ ပြန်ပြန်ပျက်သွားတယ်”ဟု ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ ရောဘတ် စစ်ရှောင်စခန်းမှ ဦးတူးဂျာက ဧရာဝတီသို့ ပြော သည်။

တိုက်ပွဲများပြီးဆုံးကာ မိမိနေရပ်တွင် မိမိလယ် ယာများဖြင့် ပျော်ရွှင်စွာပြန်လည်လုပ်ကိုင်လိုကြောင်း၊ တိုက်ပွဲကြောင့် လယ်ယာများ ပျက်စီးမှုကြောင့် ပြန် လည် ထူထောင်ရန် အချိန်၊ ငွေကြေးများ လိုအပ် ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်သည့်အခါ တွင်လည်း ပြည်သူများ၏ ဒုက္ခကိုကြည့်ကာ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ဦးတူးဂျာက ဆက်ပြောသည်။

မြန်မာအစိုးရ မန်စီတလျှောက်ရှိ သစ်မှောင်ခို လုပ်ငန်းများကို စီမံချက်အရ ရှင်းလင်းရာမှ KIA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲ များကြောင့် စစ်ရှောင်ဒုက္ခသည်များကို သွားရောက်ကူညီရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများစွာ ရှိကြောင်း၊ ဒုက္ခသည်များအားလုံး နေရပ်ပြန်ချင် သော်လည်း ပြန်ရန်ခက်ခဲနေသေးကြောင်း ကချင် ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များကို ကူညီ ဆောင်ရွက်ပေးနေသည့် ကရုဏာလူမှုကူညီရေးအဖွဲ့ မှ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ဒုက္ခသည် အားလုံးကတော့ အိမ်ပြန်ဖို့ အား တင်းနေကြတယ်။ စစ်ကလည်း နေ့တိုင်းဖြစ်တော့ သူတို့ မျှော်လင့်ချက်တွေ ပျက်သွားတယ်။ ကျနော့် အနေနဲ့ကတော့ တိုက်ပွဲတွေ မြန်မြန်ပြီး ပြီး အားလုံး အရင်လို မိမိနေရပ်ပြန်နိုင်ဖို့အတွက် ဆုတောင်း နေပါတယ်”ဟု ကိုနော်ဒင်းက ဆိုသည်။

ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးစန်းအောင်ကလည်း ငြိမ်းချမ်းရေး တည်ဆောက် သည့်အချိန်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု ကြောင့် ငြိမ်းချမ်းရေး ပျက်ပြယ်နိုင်ကြောင်း၊ အစိုးရ တပ်မှ ပြောင်းလဲမှုမရှိလျှင် ငြိမ်းချမ်းရေးအတွက် ခက်ခဲနိုင်ပြီး တနိုင်ငံလုံး အတိုင်းအတာအထိတိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း၊ ညှိနှိုင်းလုပ်ဆောင် သင့်ကြောင်း ပြောသည်။

အစိုးရ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှကိုယ် စားလှယ်များသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲများတွင် သဘောတူညီချက်များလက်မှတ် ရေးထိုးခဲ့ကြသည်။

ထို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပူးတွဲစောင့်ကြည့်ရန် Joint Monitoring Committee ဖွဲ့စည်းရေး၊ အစိုးရ၏ တပြည်လုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် အားလုံးပါဝင် လက်ခံနိုင်သော ဆွေးနွေးပွဲ ဖြစ်လာရန် နှစ်ဦးနှစ် ဖက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေး ပျက်ပြားစေမည့် ပြဿနာရပ်ကိုတွေ့ကြုံ၍တိုင်ကြား လာပါက လက်ခံအရေးယူဖြေရှင်းပေးရန်၊ စစ်ဘေး ရှောင် ပြည်တွင်းဒုက္ခသည် (IDP) များအတွက် စံပြ ကျေးရွာ တည်ထောင်ပေးရန်၊ မြေမြှုပ်မိုင်းများ ရှင်း လင်းရေးအတွက် နှစ်ဖက်တာဝန်ရှိသူများ ပူးတွဲ ဆောင်ရွက်သွားရန် သဘောတူညီကြောင်း သိရ သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလှ မောင်ရွှေက “ဒုက္ခသည်တွေ ပြန်လာဖို့အရေးကို အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆွေးနွေးပြင်ဆင် နေကြပါတယ်။ အပစ်ခတ်ရပ်စဲပြီး နယ်မြေအေးချမ်း ရန်တော့ ဒုက္ခသည်တွေကတော့ ပြန်လာကြမှာပါ”ဟု ပြောသည်။

ကရင်နီဒုက္ခသည်များကို ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ မယ်လယု စံပြကျေးရွာတွင် ပြန် လည် နေရာချပေးမည်ဖြစ်ကြောင်းနှင့် ပြန်လည် အခြေချသူများကို ထောက်ပံ့စရိတ်များ ပေးအပ်ရန် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကယားပြည်နယ်အစိုးရတို့ ညှိနှိုင်းနေကြောင်း KNPP မှ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြော သည်။ “ဒုက္ခသည်တွေအတွက် အိမ်ခြေ ၅၀ဆောက် ပေးဖို့၊ ၃ နှစ်စာ ထောက်ပံ့ကြေးပေးဖို့တွေ၊ မိုင်းရှင်း လင်းရေးကိစ္စတွေလုပ်ဆောင်နေပါတယ်”ဟုဗိုလ်မှူး ကြီး ဘုန်းနိုင်က ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်၊ မယ်ဟောင်ဆောင်မြို့၊ နန်းဆွယ်ရွာမှ ကျောင်းဆရာမ ဒေါ်ဖြူဝင်းနော်က “ကျမတို့ ဒုက္ခသည်တွေကတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ နေစရာနေရာတွေ ချပေးမယ်ဆိုရင် တော့ မြန်မာပြည်ကို ပြန်ကြမှာပါ” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်း မှ ကိုအောင်ခိုင်ကမူ မြန်မာ့နိုင်ငံရေး အခြေအနေ သည် အပြောင်းအလဲရှိလာသော်လည်း အကျိုးသက် ရောက်မှု မခံစားရသေးကြောင်း၊ မြန်မာပြည်ကို ပြန်ရန်လည်း ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း၊ မြန်မာပြည်ပြန်လျှင်လည်း မိမိအတွက် လုံခြုံရေးစိတ် မချရသေးကြောင်း၊ မြေမြှုပ်မိုင်းကိစ္စလည်း မည်သူမျှ အာမခံချက်မပေးသဖြင့် မြန်မာပြည်ပြန်ရန် အခက် အခဲရှိကြောင်း ဧရာဝတီသို့ ပြောသည်။

သူက ဆက်လက်၍ “မြန်မာပြည်ပြန်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ ဒုက္ခသည်တွေကို ထောက်ပံ့နေမှု တွေ၊ ရိက္ခာတွေ လျော့ချတော့ အစားအသောက် အတွက် အခက်အခဲကြုံရတယ်။ စခန်းမှာ စိတ်ပိုင်း ဆိုင်ရာ ပျက်စီးလာကြတယ်။ ပြီးတော့အမေရိကန်က ခေါ်တဲ့ တတိယနိုင်ငံထွက်ဖို့လည်း မျှော်လင့်ချက် မရှိတော့ဘူး” ဟု ဆိုသည်။

ဒုက္ခသည်များ နေရပ်ပြန်ရာတွင်ပြန်လည်ဖွံ့ဖြိုး ရေးအတွက် အစိုးရအနေဖြင့် ၃ နှစ်စာ ထောက်ပံ့ ပေးရန်၊ နေထိုင်စရာများ စီမံဆောင်ရွက်ပေးရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့်အခါတွင်လည်း ဒုက္ခ သည်များအရေး ထည့်သွင်းစဉ်းစားပေးရန် ဒုက္ခ သည်များက တောင်းဆိုကြသည်။

“TBBC (ထိုင်း-မြန်မာ နယ်စပ် တလျှောက်ကူ ညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့) ကတဆင့် ရိက္ခာ အဖွဲ့ကနေ ဒုက္ခသည် တဦးကို တလအတွက် ဆန် ၁၂ ကီလိုပေးတယ်။ ဒီအရင်က အဲဒီထက်ပိုများ တယ်၊ အခု နောက်ပိုင်းကျတော့ တဦးကို ဆန် ၈ ကီလိုပဲ ပေးတော့တယ်၊ ဒါတောင် ဒုက္ခသည်မိသားစု တိုင်း အပြည့်မရကြဘူး” ဟု ကိုအောင်ခိုင်က ပြော သည်။

ဒုက္ခသည်စခန်းများအကြောင်း သုတေသနပြု နေသည့် အမေရိကန်နိုင်ငံသူ  မာရီယာက ထိုင်း-မြန်မာနယ်စပ်တွင်နေထိုင်သည့် ဒုက္ခသည်များကို ရိက္ခာလျှော့ချလိုက်ပြီးနောက် ဒုက္ခသည်တချို့သည် မိမိနေရပ်သို့ပြန်ကာ ဆွေမျိုးများထံတွင် နေထိုင်ကြ ကြောင်း၊ တတိယနိုင်ငံသို့သွားရန် ဒုက္ခသည်အဖြစ် လာရောက်နေထိုင်သူများလည်း နေရပ်သို့ပြန်ကြ ကြောင်း ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဒေသ အကူအညီပေးရေး ညွန့်ပေါင်း အဖွဲ့ (The Boarder Consortium-TBC) ၏ ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည် စခန်းများတွင် လူဦးရေ ၇ ဒသမ ၁ ရာခိုင်နှုန်းလျော့ သွားသော်လည်း မြန်မာပြည်တွင် ပြန်လည်အခြေချ နေထိုင်ရန် ထွက်ခွာသွားသည်ဆိုသော အထောက် အထား မတွေ့ရကြောင်း၊ ဒုက္ခသည်စခန်းများတွင် စုစုပေါင်း အရေအတွက် လျော့နည်းသွားသော်လည်း ဒုက္ခသည်အသစ်များလည်း ဆက်လက်ရောက်ရှိ နေဆဲဖြစ်ကြောင်း သိရသည်။

TBC ၏ အမှုဆောင် ညွန်ကြားရေးမှူး မစ္စစ် ဆယ်လီဆွန်မ်ဆင်က “လူဦးရေ အပြောင်းအလဲ ရှိ သော်လည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက စိုးရိမ်ဖွယ်ရာ အခြေအနေရင် ဆိုင်နေရပါတယ်။ သူတို့အတွက် အကာအကွယ်ပေး ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးများ လိုအပ်နေဆဲပါ”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ၊ မယ်လဦး၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း၊ မယ်ရာမို၊ ကရင် နီစသည့် ဒုက္ခသည် စခန်း ၉ ခုတွင် လက်ရှိ ဒုက္ခ သည် ၁၂၀ဝ၀ဝ ကျော်ရှိနေကြောင်းကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွား ခဲ့သော အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူသောင်း ချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်း များတွင် နေထိုင်နေကြရဆဲဖြစ်သည်။

မြန်မာပြည်တဝန်းတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့အနက် မြန်မာအစိုးရနှင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးတွင် ပြည်ထောင်စုအဆင့် အထိသဘောတူ လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့ရှိသွားပြီးဖြစ် ကြောင်း၊ လက်ရှိတွင် TNLA သာ လက်မှတ်မရေး ထိုးဘဲ ကျန်နေသေးကြောင်း သိရသည်။

အစိုးရနှင့်ဆွေးနွေးနိုင်ရန် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကဦး ဆောင်ပြီး တိုင်းရင်းသားများ သဘောတူ ရေးဆွဲ သည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်ခံ သဘောတူကြောင်း သိရှိရသည်။

ယင်းမူကြမ်းတွင်ပါဝင်သည့် အသေးစိတ်အချက် အလက်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသေးဘဲပါဝင် သည့် ခေါင်းစဉ်နှင့် ပတ်သက်ပြီး အကြမ်းဖျင်းအား ဖြင့် အခြေခံမူများ၊ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးမည့် အဖွဲ့များ အပစ်အခတ်ရပ်စဲပြီး ကြားကာလ အစီစဉ်များ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းရေး၊ နိုင်ငံရေးမူရေးဆွဲရေး၊ ဖက်ဒရယ်တပ်မ တော်ဆိုင်ရာ အချက်များ ဆွေးနွေးရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဧရာဝတီ

အပြည့်အစုံသို့ »

တရုတ်အမျိုးသားတဦး သူ့ကိုယ်သူ ကျားစာကျွေးဖို့ ကြိုးစား


စိတ်ဓာတ်ကျနေတဲ့ အသက် ၂၇ နှစ်ရှိတဲ့ တရုတ် အမျိုးသား တဦးဟာ သူ့ကိုယ်သူ ကျားစာ အဖြစ် ကျွေးဖို့ တိရိစ္ဆာန်ရုံထဲက ကျား ရုံ ထဲ ရောက်ပြီး ဘင်္ဂလား ကျားဖြူတကောင်က ဆွဲသွားတဲ့ ဖြစ်ရပ်ဟာ တိရိစ္ဆာန်ရုံ ကို အလည်အပတ်လာကြသူတွေ မျက်လုံးပြူးကုန်ရပါတယ်။



တရုတ်နိုင်ငံ အနောက်တောင်ဘက်က စီချွမ်ပြည်နယ်က ချန်ဂျူ (Chengdu) တိရိစ္ဆာန်ရုံမှာ မနေ့က အဲဒီ အဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ ယန်ဇင်ဟိုင်ဟာ သူ့အနေနဲ့ လက်ရှိဘဝကို အဆုံးသတ်ပြီး အစစ အရာရာ ဘဝသစ်ကို ပြန်စ မယ် ဆိုတဲ့ သတင်းစကားတွေကို အွန်လိုင်းမှာ အကြိမ်ကြိမ် တင်ခဲ့ပါတယ်။

တဖက်ကလည်း အလုပ်လက်မဲ့ဖြစ်နေချိန် သူ ဟာ စိတ်ဓာတ်ကျဝေဒနာကို ခံစားနေရပုံလည်း ရပါတယ်။ အလုပ်လျှောက်ထားခဲ့ပေမယ့် စိတ်ပျက်ငြီးငွေ့ဖွယ် အလုပ်ကိုသာရခဲ့တာကြောင့် အလုပ်ပြန်ထွက်ပြီး
နောက် အခုလို ကိုယ့်ကိုယ်ကို ကျားစာကျွေးပစ်ဖို့ထိ ဖြစ်လာခဲ့တာပါ။

တကယ်တော့ တရုတ်နိုင်ငံမှာ အလုပ်လက်မဲ့များလာမှုရဲ့ နောက်ဆက်တွဲအဖြစ် စိတ်ဓာတ်ကျဆင်း သူ တော်တော်များလာနေတယ်ဆိုတဲ့ စစ်တမ်းတွေလည်း အစီအရီထွက်ပေါ်လာနေတယ် လို့ မေးလ်အွန် လိုင်းသတင်းတခုက ဆိုထားပါတယ်။

သူ့ကို ဆွဲချီပြီး ကျားလှောင် အိမ်ဂူကို သွင်းအံ့ဆဲဆဲ အချိန်မှာပဲ ကံကောင်းစွာပဲ တိရိစ္ဆာန်ရုံစောင့် ဝန်ထမ်းတွေက ကျားကို တားမြစ်သတိပေးနိုင်လို့ သူဟာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။

လူဘဝကို အဓိက မောင်းနှင်သူဟာ စိတ်ဖြစ်တာကြောင့် စိတ်ကစဥ့်ကလျားဖြစ်တဲ့အခါ လူ့ဘဝကို မထိန်းကျောင်းနိုင်တော့ပဲ အခုလို ဖြစ်ရပ်ဆိုးမျိုးတွေ ဖြစ်တတ်တာ ကျမတို့ ဧရာဝတီစာဖတ်ပရိသတ်ကြီး သတိထားမိစေဖို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။


အိမ့်သံစဉ် ~
The Irrawaddy


အပြည့်အစုံသို့ »