စပွန်ဆာဝင်ငွေမှ တစ်နှစ် ဒေါ်လာတစ်သန်းခွဲကျော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရရှိနေ


ဆုအောင်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် စပွန်ဆာဝင်ငွေမှ ဒေါ်လာ တစ်သန်းခွဲကျော်ရရှိနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ်္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိတွင် အဖွဲ့အစည်းအသီးသီး၏ ဘောလုံးနှင့် ပတ်သက်၍ ပေး ထားသည့် စပွန်ဆာများအပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အတွက်လည်း Titel–Sponsor နှင့် Co- Sponsor များ၊ ရုပ်သံမူပိုင်ခွင့်များမှ ၀င်ငွေများရရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စပွန်ဆာဝင်ငွေရရှိမှုနှင့် ပတ်သက်၍ ဦးစိုမိုးကျော်က “ဘောလုံးအဖွဲ့ချုပ် က နှစ်စဉ် MNL လိဂ်အနေနဲ့ရတဲ့ စပွန်ဆာနဲ့ MFF အနေနဲ့ ရတဲ့စပွန်ဆာဆိုပြီး ရှိပါတယ်။ ဖီဖာက သက် ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကိုပေးတဲ့ တစ်နှစ်ဒေါ်လာ နှစ်သိန်းခွဲနဲ့ပေါင်းလိုက်ရင် အဖွဲ့ချုပ်ရဲ့ စပွန်ဆာ ၀င်ငွေက တစ်နှစ်ကို ဒေါ်လာတစ်သန်းခွဲကျော်လောက် ရှိပါတယ်။ အတိအကျ မဟုတ်ပေမယ့် ဒေါ်လာ နှစ်သန်းတော့ မကျော်ပါဘူး။ ဒီလို စပွန်ဆာဝင်ငွေ တွေရနေပေမယ့် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီငွေကြေး နဲ့ သီးသန့်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လက်ရွေးစင်အသင်းနဲ့ သက်တမ်းအလိုက်အသင်းတွေ နိုင်ငံ တကာ ပြိုင်ပွဲဝင်တာ၊ ပြည်ပနိုင်ငံတွေမှာ ပူးတွဲလေ့ကျင့်မှုတွေ သွားလုပ်တာ စတာတွေအတွက် ကုန်ကျ နေတာက တစ်နှစ်ကို ဒေါ်လာလေးသန်းခွဲနဲ့ ငါးသန်းကြားမှာ ရှိပါတယ်။ အဲဒီတော့ အဖွဲ့ချုပ်အနေနဲ့ တစ် နှစ်ကို ဒေါ်လာနှစ်သန်းခွဲကျော်ကျော်လောက် အမြဲတမ်း အနုတ်ပြနေပါတယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါ မီဒီယာဒါရိုက်တာက မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် အခြား နိုင်ငံများကဲ့သို့ ဘောလုံး အဖွဲ့ချုပ်အား ထောက်ပံ့မှုပေးရန်လည်း မျှော်လင့်ကြောင်း ဆိုခဲ့သည်။ “အခြားနိုင်ငံက အစိုးရတွေမှာဆိုရင် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တွေကို တစ်နှစ်ကို ထောက်ပံငွေ ဘယ်လောက်ဆိုပြီး ပေးတာမျိုးတွေ ရှိပါ တယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီလို မရှိသေးပါဘူး။ အစိုးရသစ်တက်ပြီးနောက် ၂၀၁၁က နေပြည်တော် မှာကျင်းပတဲ့ စာတမ်းဖက်ပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကိုယ်တိုင် တက် ရောက်ခဲ့ပြီး အစိုးရဘက်ကလည်း ဘောလုံးအားကစား တိုးတက်ဖို့ ကူညီထောက်ပံ့မယ်လို့ ပြောထား တာတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

Mizzima Burmese

အပြည့်အစုံသို့ »

နိုင်ငံတကာသတင်းတို


ဆန္ဒပြပွဲအတွင်း ကျောင်းသားခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရ

ဗင်နီဇွဲလားနိုင်ငံ ဆန္ဒပြပွဲအတွင်း ပွင်းလင်းစွာ ပြောဆိုဝေဖန်တတ်သည့် ဆန္ဒပြကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဒန်နီရယ်တီနိုကိုမှာ ဆန္ဒပြပွဲအတွင်း သေလုမျောပါး ပစ်ခတ်ခံခဲ့ရသည်ဟု ဆန်ခရစ္စတို ဘယ်မြို့တော် တက္ကသိုလ်၏ အာဏာပိုင်များက ပြောကြားလိုက်သည်ဟု မတ်လ ၁၂ ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တာတာ လူမျိုးများ မောင်းထုတ်ခံရမည်ကို စိုးရိမ်နေ

ကရိုင်းမီးယားဒေသသို့ ရုရှစစ်တပ်များ ရောက်ရှိလာခြင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ပြည်နှင်ဒဏ်ပေးခံခဲ့ ရသော ကရိုင်းမီးယား တာတာများအတွက် အနာဟောင်းတစ်ခုအား ဆွပေးလိုက်ခြင်းပင် ဖြစ်နေသည်ဟု မတ်လ ၁၂ ရက် ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုအခါ ကရိုင်းမီးယားကို ရုရှကသိမ်း ပိုက်ထားသောကြောင့် တာတာများမှာ မွေးရပ်မြေမှ နောက်တစ်ကြိမ် နှင်ထုတ်ခံရမည်ကို စိုးရိမ်နေကြ သည်။

ကရိုင်းမီးယားဒေသလွတ်လပ်ရေးအတွက် ဆုံးဖြတ်

ကရိုင်းမီးယားဒေသကို ယူကရိန်း အုပ်ချုပ်မှုအောက်မှ လုံးဝလွတ်လပ်ရေးအတွက် ရုရှလိုလားသော လွှတ်တော် အမတ်များက မဲပေးဆုံးဖြတ်ခဲ့ကြသည်ဟု မတ်လ ၁၂ ရက် ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရုရှနှင့် ပေါင်းစည်းနိုင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲမပြုလုပ်မီ ယခုကဲ့သို့ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်း၌ ရုရှနိုင်ငံအား ယခုသီတင်းပတ်အတွင်း အစောဆုံးထားကာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် ပြင်သစ်နိုင်ငံမှ ပြောဆိုထားသည်။

မော်လ်ဒိုက် ဒီမိုကရေစီအား အမေရိကန်ဝေဖန်

တရားရုံးချုပ်အား မထီမဲ့မြင်ပြုမှုဖြင့် မော်လ်ဒိုက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးအား တရားရုံးချုပ် က ရာထူးမှ ဖြုတ်ချကာ ဆိုင်းငံ့ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ခြင်းအား အမေရိကန်မှ ပြစ်တင်ဝေဖန် လိုက်သည်ဟု မတ်လ ၁၂ ရက် ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်အိန္ဒိယက ဘူတန်ကို ချေးငွေပေး

ဘူတန်ပြည်သူများ၏ လူနေမှုဘ၀ကို တိုးတက်စေမည့် အရေးပါသော အကြီးစား စီမံချက်များ ပြုလုပ်နိုင် ရေးအတွက် ဘူတန်နိုင်ငံ၏ ငါးနှစ်တာစီမံကိန်းအတွက် ရူပီး ၈ ဒသမ ၅ ဘီလီယံခန့် ထောက်ပံ့ပေးသွား ရန် အိန္ဒိယနိုင်ငံမှ သဘောတူညီလိုက်သည်ဟု မတ်လ ၁၂ ရက် သည်တိုင်းအော့ဖ်အိန္ဒိယ သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

Mizzima Burmese

အပြည့်အစုံသို့ »

တမူးတွင် မီးပူဇော်ရာမှ လူနေအိမ် ဆယ်လုံးကျော် မီးလောင်


ကိုတိုးကြီး


စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဈေးတန်း အမှတ်(၇) ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ အိမ်အမှတ် ဈ ၇/၂ နေအိမ် တွင် ယခုလ ၁၁ ရက် ည ၈ နာရီအချိန်ခန့်က လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ၀ိုင်ယာလျှော့ ဖြစ်ကာ လူနေအိမ် ၁၁လုံး မီးကူးလောင်ကျွမ်းခဲ့သည်ဟု တိုင်းဒေသ မီးသတ်ဦးစီး ဌာန ဒု-ညွှန်ကြားရေးမှူး ဦးမင်း စမ်းအေးက ဆိုသည်။

မီးလောင်ကျွမ်းခဲ့သည့် နေရာသို့ မြို့နယ် မီးသတ်ဦးစီးအရာရှိနှင့် တမူးမြို့မ ရဲစခန်းက သွားရောက်စစ်ဆေး ခဲ့ရာ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်တွင် ငှားရမ်းနေထိုင်ခဲ့ရာ ထိုနေ့ညက လျှပ်စစ်နှစ်ပင်လိမ် ၀ိုင်ယာ ကြိုးဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ၀ိုင်ယာလျှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆ ထားသည်။

မီးလောင်ကျွမ်းမှုကို တမူးမြို့မှ မီးသတ်ယာဉ် လေးစီး၊ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှ မီးသတ်ယာဉ် နှစ်စီး၊ မီး သတ်တပ်ဖွဲ့ဝင်၇၀ ကျော်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ငွေကျပ် ၂၉ သိန်း နီးပါးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု ၁၃ စု၊ ကျား ၁၉ ဦး၊ မ ၂၉ ဦး၊ ပေါင်း ၄၈ ဦးတို့မှာ မီးဘေးသင့်ဒုက္ခသည် များ ဖြစ်ခဲ့သည်။

ထို့ကြောင့် အဆိုပါ မီးလောင်ကျွမ်းမှုကို တမူးမြို့မရဲစခန်းက (ပ)၂၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှု ဖွင့်ဆောင်ရွက်လျက် ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

အိမ်ဆောက်ခွင့်မကျသဖြင့် စိတ်ညစ်ပြီး ဆွဲကြိုးချဟုဆို


ဇော်ဇော်ထွေး

ရန်ကုန်၊ မဇ္ဈိမ။         ။ သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်ဆောက်ခွင့်မကျသဖြင့် စိတ်ညစ်နေသည့် အမျိုးသားကြီးတစ်ဦး မတ်လ ၁၂ ရက်က မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့သဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ နံနက် ၂ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ အမှတ် (၁၃၆)နေ ဦးစိုးမြင့် (၆၆)နှစ်ဆိုသူ ဖြစ်ပြီး နေအိမ်ရှေ့ ရေတမာပင်အမြင့် ၁၁ ပေခန့်တွင် နိုင်လွန်ကြိုးချည်ပြီး ကြိုးဆွဲချသေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ရဲဌာနက စုံစမ်းရာတွင် သေဆုံးသူသည် ၎င်းနေအိမ်ကို ကန်ထရိုက်ပေး၍ ဆောက်လုပ်ခဲ့ရာ အိမ်ပြီးခါနီးအချိန်ထိ ဆောက်လုပ်ခွင့် မကျသေးသည်ကို သိရှိကာ စိတ်ညစ်နေသူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

သေဆုံးသူတွင်လည်း ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ဆက်လက်တင်ပို့ စစ်ဆေးစေလျက်ရှိသည်။ ထို့ပြင် သေဆုံမှုကို ဓမ္မတာတိုင်း သေဆုံးခဲ့ရခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ်ပေးရန် ဒုရဲအုပ် ဟံသာအေးက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/၂ဝ၁၄ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး သိန်းဟန်က ဆက်လက်စုံစမ်းလျှက်ရှိသည်။

Mizzima Burmese

အပြည့်အစုံသို့ »

နယူးဇီလန် နိုင်ငံတော် အလံ ပြောင်းသင့် မသင့် ပြည်သူ့ ဆန္ဒခံ ယူပွဲ ပြုလုပ်မည်


နယူးဇီလန် နိုင်ငံ သည် နိုင်ငံတော် အလံ ကို ပြောင်းလဲ သင့်မသင့် ကို ပြည်သူ့ ဆန္ဒ ခံယူ ပွဲ ကျင်းပ မည် ဖြစ်ကြောင်း နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီး က ထုတ်ပြန် ပြောဆို ခဲ့သည်။ မစ္စတာ ကီးက ရွေးကောက်ပွဲ ကို စက်တင်ဘာ ၂၀ တွင် ပြုလုပ် မည် ဖြစ်ပြီး နိုင်ငံတော် အလံ နှင့် ဆိုင်သော ပြည်သူ့ ဆန္ဒ ခံ ယူပွဲကို သုံးနှစ် အတွင်း ပြုလုပ် မည် ဖြစ်ကြောင်းပြော ဆို ခဲ့သည်။

နယူးဇီလန်၏လက်ရှိ နိုင်ငံတော် အလံ ၏ ထောင့် တွင် ယူနိုက်တက် ကင်းဒမ်း ၏ အမျိုးသား အလံဖြစ် သော ယူနီယံဂျက်နှင့် ကြယ်ပုံ များပါရှိနေသည်။ နယူးဇီလန်၏လက်ရှိအလံ သည် နိုင်ငံကြုံ တွေ့ခဲ့ရပြီး လက်ရှိ အချိန် တွင် ပြီးဆုံးခဲ့ပြီဖြစ်သည့် ကိုလိုနီနှင့်ကိုလိုနီကာလ လွန် ကာလများကို ကိုယ်စားပြု နေသည် ဟု ၎င်း ယုံ ကြည်ကြောင်း မစ္စတာကီးက ဗစ်တိုးရီး ယား တက္ကသိုလ်၌ ပြောဆိုခဲ့သည့် မိန့်ခွန်း သည့် ထည့်သွင်း ပြောဆို ခဲ့ သည်။ နယူးဇီလန်သည် လက်ရှိအချိန်တွင် ယူနိုက်တက်ကင်းဒမ်း၏ အုပ်ချုပ်မှု အောက် တွင်မရှိတော့ သော် လည်း လက်ရှိ အလံတွင် ယူနီယံဂျက် ပါဝင်နေ သေးသော ကြောင့် ယူကေ ၏ အုပ်ချုပ်မှု အောက်တွင် ရှိနေ သည့်ပုံပေါ်နေ ကြောင်း၎င်းင်းကပြောဆိုခဲ့သည်။ ယင်းကြောင့် နိုင်ငံတော် အလံသစ်တစ်ခုကို အသုံးပြုခြင်း ဖြင့် ခေတ်သစ်နယူးဇီလန်၏ပြောင်းလဲမှုခြေ လှမ်းသစ်တစ်ခုကိုလှမ်းချင်ကြောင်း ၎င်း က အဆိုပြုခဲ့သည်။ အနက် ရောင်နောက်ခံတွင် ငှက်မွေးနှင့် ဆင်တူသော ငွေရောင်သစ်ရွက်ပါရှိသည့် အမျိုး သားအားကစားအဖွဲ့၏ အလံ ကိုသဘောကျ မိကြောင်း၊ ယင်းအလံပုံစံသည် နယူးဇီလန်၏ သရုပ်သကန်ကို ကောင်းစွာ ကိုယ်စားပြုနိုင် မည် ဟု ယုံကြည်ကြောင်း မစ္စတာ ကီးကပြော ဆိုခဲ့သည်။

အမျိုးသား အလံ ပြောင်းလဲ အသုံးပြု ခြင်း နှင့် ပတ်သက်ပြီး ပြည်သူများကမည်မျှ ထောက်ခံကြမည်ကို ရှင်းလင်းစွာမသိနိုင်သေး ချေ။ လွန်ခဲ့သော လတွင်ပြုလုပ် ခဲ့သည့် စစ်တမ်း တစ်ခု အရ စစ်တမ်း ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက လက်ရှိအလံကို ထောက်ခံကြောင်း ပြောဆိုခဲ့ ပြီး ဖြေဆိုသူ ၂၈ ရာခိုင်နှုန်း ကသာ အလံသစ် ပြောင်း လဲ အသုံးပြုလိုကြောင်း ပြောဆိုခဲ့ ကြောင်းသိရသည်။ Source:BBC

Messenger News Journal

အပြည့်အစုံသို့ »

သမ္မတ ထံ တိုက်ရိုက် သတင်းပို့ စီမံခန့်ခွဲ နိုင်မည့် အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟိုဌာန ထူထောင်မည်


အရေးပေါ် အခြေ အနေ များ ကို သမ္မတ ထံ တိုက်ရိုက် သတင်းပို့ စီမံခန့်ခွဲ စေနိုင် မည့် မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟို ဌာန ထူထောင် သွားမည် ဖြစ်ကြောင်း ငွေကြေး ဆိုင်ရာ စုံစမ်း ထောက် လှမ်း ရေး တပ်ဖွဲ့ မှူး ဖြစ်သည့် ရဲမှူးကြီး ကျော်ဝင်းသိန်း က ပြော သည်။ စပြီး တော့ လျာထား တာ ကတော့ မေလ နဲ့ ဇွန်လ လောက်မှာ လျာထား တာပေါ့။ အခု ဟာက သင်တန်းသား တွေကို ဒုတိယ အကြိမ် လေ့ကျင့် ပေးမယ်၊ ပြီးရင် ကျွန်တော် တို့ ရုံးတွေ ဖွဲ့ မယ်၊ ပြီးရင် အခန်း တွေပြင်မယ်။ အခန်း တွေက အော်ပရေးရှင်း လုပ် မယ့် အခန်း တွေ ရှိတယ်။ အပေါ်မှာ ဖြစ်ပေါ် လာတဲ့ သတင်း တွေကို အကဲဖြတ်၊ ပြီးတော့ ဒီဟာ တော့ ဘာ ဖြစ်နိုင် လည်း ဒီဟာတော့ ကြီးထွား လာမယ်။ သူရဲ့ နှုန်း အနေ အထား ပေါ် မူတည် ပြီးတော့ အစည်း အဝေး လုပ်မယ့် အခန်း တွေ ရှိမယ်။ ၀န်ထမ်း တွေက (၂၄) နာရီ တာဝန် ထမ်းဆောင် ရမှာ ဖြစ်တဲ့ အတွက် ၀န်ထမ်း တွေ နားနေ ခန်း ရှိမယ်။ အဲလိုမျိုး အခန်း တွေ ပြင်ဆင် တာတွေ ရှိတယ် ဟု ၎င်း က ဆက်လက် ပြောသည်။ မြန်မာ နိုင်ငံ အရေးပေါ် အခြေ အနေ တုံ့ပြန်မှု ဗဟို ဌာန တည်ထောင် ပြီးပါက (၂၄) နာရီ၊ သီတင်းပတ် လုံး အထောက် အကူ ပေးနိုင်မည် ဖြစ်ပြီး၊ မြန်မာ နိုင်ငံ ၏ အမြင့်ဆုံး အာဏာပိုင် များ သို့လည်း တိုက်ရိုက် ဆက် သွယ် ပေးသွား နိုင်မည် ဖြစ်ကာ၊ အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟို ဌာန သည် အာဆီယံ လူသားချင်း စာ နာမှု ဗဟို ဌာန နှင့် လည်းကောင်း၊ အာဆီယံ နိုင်ငံများ ရှိ အရေးပေါ် အခြေ အနေ တုံ့ပြန်မှု ဗဟိုဌာန များနှင့် လည်းကောင်း ချိတ်ဆက် ကာ လုပ်ငန်း ဆောင်ရွက် သွား နိုင်မည် ဖြစ်ကြောင်း ရဲမှူးကြီး ၏ ရှင်းပြချက် အရ သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဥရောပ ငါး နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ နှင့် ဥရောမသမဂ္ဂအဖွဲ့  (EU) တို့ကြား အရေးပေါ် အခြေအနေများတွင် တုံ့ပြန်ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ် ရပ် ကို စတင်လက်မှတ်ရေး ထိုးနိုင် ခဲ့ပြီး မြန်မာ နိုင်ငံတွင် ကြီးမားသည့် အရေးပေါ်အခြေ အနေ များ ကြုံတွေ့ လာပါက ထိရောက်စွာ တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာန တစ် ခု ကို ဥရောပသမဂ္ဂ (EU) ၏ ကူညီ ထောက်ပံ့မှုဖြင့် တည်ထောင်ရန် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်နယ် တွေမှာ လည်း နောက်ပိုင်း မှာ ကျွန်တော် တို့ ဖွဲ့ စည်းမယ်။ နောက်ပိုင်းမှာ သီး သန့် အဖွဲ့ လေးတွေ ထားပြီးတော့ တောက် လျှောက် ကျွန်တော်တို့ ဖြစ်ပေါ် လာ တဲ့ ကိစ္စ တွေကို အချိန်နဲ့ တပြေးညီ လုပ်ဆောင် သွားဖို့ ရည်ရွယ်ထားပါတယ်””ဟု ငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ မှူး ဖြစ်သည့် ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံအရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနကို ရုံးအမှတ် (၃၈)၊ အမှတ် (၂) လျှပ်စစ် ၀န်ကြီး ဌာနရုံး တွင် ထူထောင် သွားမည်ဖြစ်ပြီး၊ လိုအပ်သည့် ရုံးခန်းပြင်ဆင် မှုများကို ဆောင်ရွက် နေပြီဖြစ်ရာ၊ အဆိုပါ ဌာနကို ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် ဆက်လက်ဖွင့်လှစ်သွားရန်ရှိကြောင်း ၎င်း က ပြောကြားသည်။

Messenger News Journal

အပြည့်အစုံသို့ »

ပြည်သူ့ဥယျာဉ် ဟက်ပီးဇုန်အတွင်းသို့ စုံတွဲများ ၀င်ရောက်ခြင်း တားမြစ်


ဟက်ပီးဇုန်သို့လာသည့် ချစ်သူစုံတွဲအချို့ကို တွေ့ရစဉ် ဓာတ်ပုံ − နစ်ကီ
ပြည်သူ့ဥယျာဉ် ဟတ်ပီးဇုန်ကစားကွင်းအတွင်းရှိ အများပြည်သူ အပန်းဖြေနားနေနိုင်သည့် ပန်းခြံတစ်ခုအား ချစ်သူစုံတွဲများ ၀င်ရောက်နားနေခြင်း မပြုရန် တရားဝင် တားမြစ်ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပန်းခြံအား မတ်လဆန်းမှ စတင်ကာ ချစ်သူစုံတွဲများ ၀င်ရောက်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းဖြစ်ပြီး ကလေးငယ်များ နှင့် မိသားစုလိုက် လာရောက်အပန်းဖြေသူများကိုသာ ၀င်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဟတ်ပီးဇုန်ကုမ္ပဏီမှ သိရသည်။

‘‘ဖွင့်ထားတာက ကလေးသူငယ်တွေ ဗဟုသုတရစေဖို့နဲ့ လူကြီးတွေ အပန်းဖြေနိုင်ဖို့ပါ။ ဒါကို စုံတွဲတချို့က လွဲမှားစွာအသုံးချနေကြတယ်။ စဖွင့်ကတည်းက ကလေးတွေအတွက်ရည်ရွယ်ပြီး ဖွင့်ခဲ့တာမို့ ခုပြန်ပြီး ကန့်သတ်လိုက်တာပါ’’ဟု ဟတ်ပီးဇုန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့၊ စည်ပင်လက်အောက်တွင် မြို့နေပြည်သူများ အပန်းဖြေနားနေရန် ဖွင့်လှစ်ထားသော ပန်းခြံပေါင်း ၆၃ ခု ရှိပြီး အဆိုပါပန်းခြံများအားလုံးတွင် မည်သည့်လူမျိုးအသက်အပိုင်းအခြားမရှိ ၀င်ရောက်အပန်းဖြေခွင့်ပြုထားကာ ယခုပြည်သူ့ဥယျာဉ်အတွင်းရှိ ဒိုင်နိုစောကမ္ဘာပန်းခြံမှာ ပထမဆုံးအကြိမ် ချစ်သူစုံတွဲများ ၀င်ရောက်အပန်းဖြေခွင့်တားမြစ်လိုက်သော ပန်းခြံတစ်ခုဖြစ်သည်။

‘‘ကောင်းတယ်။ နိုမို့ဆို ကလေးတွေနဲ့ မ၀င်ရဲဘူး။ အဲဒီလို သီးသန့်ပန်းခြံတွေ များများပေါ်လေ ကောင်းလေပဲ။ ပန်းခြံတိုင်းမှာ သူတို့ချည်းပဲ။ ကလေး၊ လူကြီး အမြင်မတော်တာတွေဖြစ်လေ ကလေးတွေနဲ့ လူကြီးတွေ သီးသန့်အပန်းဖြေနိုင်မယ့် ဒီလိုပန်းခြံမျိုး များများလုပ်ပေးလေကောင်းလေပဲ’’ဟု အသက် (၅၀) ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ပြည်သူ့ဥယျာဉ်အတွင်းရှိ ဒိုင်နိုစောကမ္ဘာပန်းခြံသို့ တစ်ဦးလျှင် ၀င်ကြေးငါးရာဖြင့် နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပိတ်ရက်မရှိ ဖွင့်ရာ စုံတွဲများသာ အများဆုံး ၀င်ရောက်အပန်းဖြေကြကြောင်း လက်မှတ်အရောင်းစာရေးတစ်ဦးကပြောသည်။

ယခင်က ကလေးသူငယ်များ၊ မိသားစုများနှင့် စုံတွဲများကိုပါ ၀င်ရောက်အပန်းဖြေခွင့်ပြုထားသော်လည်း အများစုမှာ စုံတွဲများသာ လာရောက်ကြကြောင်း အဆိုပါပန်းခြံသို့ လာရောက်အပန်းဖြေသည့် စုံတွဲအချို့ထံမှ သိရှိရသည်။

‘‘မနက်အစောကြီးလာတာကို ပိတ်ပြီတဲ့။ ဘာလို့လဲမသိဘူး။ အရင်ကဆို နေရာကောင်းရဖို့ စဖွင့်ကတည်းက လက်မှတ်လာတန်းစီရတာ။ နည်းနည်းနောက်ကျရင် အရင်ရောက်နေတဲ့သူတွေက မထတော့ဘူး။ တစ်နေကုန်ရော။ ပိတ်တာလည်းကောင်းပါတယ်’’ဟု တာမွေမြို့နယ်ရှိ အသက် နှစ်ဆယ်ဝန်းကျင်ခန့် လူငယ်တစ်ဦးက ပြောသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မတိုင်မီကာလတွင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ပန်းခြံဝင်ကြေးကောက်ခံရရှိစာရင်းအရ ငွေကျပ် သိန်း ၂၃,၀၀၀ ကျော် ရရှိခဲ့ကာ လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်လည်း မြို့တွင်းရှိ ပန်းခြံများသို့ တစ်လျှင် ပျမ်းမျှလူဦးရေ တစ်သိန်းကျော်ခန့် လာရောက်လည်ပတ်ကြကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့်  အားကစားကွင်းများဌာနစာရင်းများအရ သိရသည်။

Author:
ဇွဲမာန်
အိမွန်ကျော်

7DAY DAILY




အပြည့်အစုံသို့ »