ရွှေတူးနေတဲ့ ခိုးဝင် တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနီး မေခမြစ်ထဲမှာ တရားမဝင်လာရောက် ရွှေ တူးဖော်နေတဲ့ တရုတ်နိုင်ငံသား ၄၁ ဦးကို ဒီလဆန်းပိုင်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဋ္ဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။

အဲဒီ တရုတ်နိုင်ငံသား ၄၁ ဦးကို ဝိုင်းမော်နဲ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားပြီး လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ၁၃(၁) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က RFA ကိုပြောပါတယ်။

“ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနီး မေခမြစ်ကမ်းမှာ တရားမဝင်ရွှေတူးတယ်ဆိုပြီး သတင်းရတယ်၊ ကျနော်တို့ ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးတာလေ၊ တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦး ကျနော်တို့ကဖမ်းမိတာ၊ ယူနန်ပြည်နယ်ကလည်းပါတယ်၊ စီချွင်ပြည်နယ်ကလည်းပါတယ်၊ ပြည်နယ်မျိုးစုံပါပဲ၊ လောလောဆယ် ဝိုင်းမော်ရဲစခန်းမှာ ၁၄ ဦး၊ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ ၂၁ ဦး ချုပ်နှောင်ထားပြီး ကျနော်တို့ ပူပေါင်းအဖွဲ့နဲ့ စစ်ဆေးလျှက်ရှိပါတယ်”

လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမဝင် နယ်စပ်ဖြစ်ကျော်ဝင်ရောက်လာသူတွေကို တရားစွဲဆိုပြီး ပြစ်မှုထင်ရှားရင် ထောင်ဒါဏ်အနည်းဆုံး ၆ လကနေ ၅ နှစ်အထိချမှတ်နိုင်ပြီး  ၅ သိန်းကနေ ၁၀ သိန်းအထိ ငွေဒါဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

အခုလို တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဟာ သူလက်ရှိတာဝန်ယူချိန်မှာ အများဆုံးဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရားမဝင် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၀၉ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ ပြည်နယ် လဝက ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

RFA

အပြည့်အစုံသို့ »

ထိုင်းနိုင်ငံထုတ် ဒီးဒိုအချိုရသည်၌ မှုတွေ့ရှိသည်ဆိုသည့် ကိစ္စကုမ္ပဏီကရှင်းလင်း



မြန်မာနိုင်ငံ၌ နှစ်ပေါင်းငါးနှစ် ကျော်ကြာ တင်သွင်းဖြန့်ဖြူးလျက်ရှိ သည့် ထိုင်းနိုင်ငံ Foodstar Company မှထုတ်လုပ်သည့် ဒီးဒိုအချိုရည်တွင် မှိုတွေ့ရှိမှုမှာ လုံးဝမဖြစ်နိုင် ကြောင်းနှင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ FDA ခွင့်ပြုချက်ရထားပြီးဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီမှမန်နေဂျင်း
ဒါရိုက်တာ Miss Chantra Pongsri က ယနေ့မွန်းလွဲ ၂ နာရ တွင် ရန်ကုန်မြို့ M3 Food Center ၌ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထွက်ပေါ်ပျံ့နှံ့လျက်ရှိ မြန်မာနိုင်ငံ သမဝါယမဝန်ကြီးဌာနအောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ စား သောက်ကုန်ဓာတ်ခွဲခန်း၏ စမ်းသပ်မှု အဖြေအရ ထိုင်းနိုင်ငံထုတ် ဒီးဒိုအချိုရည် တစ်မီလီလီတာတွင် မှို ခြောက် သိန်းပါဝင်ကြောင်း မတ် ၉ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်း၏ သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောဆိုကြောင်း မီဒီယာများမှ တစ်ဆင့် ပြည်သူများအကြား သတင်းထွက်ပေါ်ပျံ့နှံ့လျက်ရှိသည်။

“ ကျွန်မတို့ ဒီးဒိုအချိုရည်နဲ့ ပတ်သက်လို့ လူကိုထိခိုက်စေတဲ့ ဘာဓာတ်၊ ဘာပစ္စည်းမှ မပါဝင်ဘူးဆို တာ လုံးဝပြောရဲပါတယ်။ စက်ရုံကလည်း ကမ္ဘာ့အဆင့်မီ ပြုလုပ်ထားပြီး စစ်ဆေးမှုတွေကိုလည်း မကြာခဏပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနိုင်ငံမှာသာ တင်သွင်းဖြန့်ဖြူးတာ မဟုတ်ပါဘူး။ အခြားကမ္ဘာ့နိုင်ငံ အများစုကိုပါ နှစ်ပေါင်း ၂၀ ကျော် ကတည်းက တင်ပို့ဖြန့်ဖြူးရောင်းချပေးနေတဲ့ အချိုရည်ဖြစ်ပါတယ်။

နိုင်ငံတိုင်းက FDA ရဲ့ ခွင့်ပြုချက် ကိုလည်း ရယူထားပြီးသားပါ။ ဒီလို တစ်ခါမှ အသံမကြားခဲ့ဖူးပါဘူး။ ဘာမှတော့ တုံ့ပြန်မပြောချင်ပါဘူး။ အဓိကကတော့ ကျွန်မတို့ဆီက ထုတ် တဲ့အချိုရည်နဲ့ပတ်သက်ပြီး လုံးဝ အာမခံပါတယ်။ လုံးဝတာဝန်ယူပါတယ်” ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Miss Chantra Pongsri က ပြောကြားသည်။

ဒီးဒိုအချိုရည် လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် စတင်ရောင်းချ ဖြန့်ဖြူးခဲ့သည်မှာ ငါးနှစ်ကျော်ကြာပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ Foodstar Company မှ ဒီးဒိုအချိုရည်အပါအဝင် အမျိုးအစားပေါင်း ၁၃ မျိုးကျော်ကို ဈေးနှုန်းအမျိုးမျိုးဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။

“ကျွန်တော်တို့ စားသုံးသူ ကြိုတင်ကာကွယ်ရေးအသင်းအနေနဲ့ ဒီးဒိုအချိုရည်ကို စစ်ဆေးမှုပြုလုပ် ခဲ့တာဟာ စားသုံးသူ ပြည်သူတွေက အနံ့က တစ်မျိုးပဲ၊ တချို့ပုလင်းတွေဆို အလွန်စူးရှတယ်။ ယခင်ကနဲ့ မတူ သလိုပဲ။ ဒါကြောင့် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းအနေနဲ့ စမ်းသပ်ပေးစေချင် တယ်ဆိုလို့ ကျွန်တော်တို့က စမ်းသပ်ခဲ့တာပါ။ ဒီစမ်းသပ်မှုအပေါ်မှာလည်း လုံးဝတာဝန်ယူပါတယ်။ ကျွန်တော်တို့က သူတို့ဆီကလာတဲ့ အစိမ်းရောင်ပုလင်းကို စမ်းသပ်ခဲ့တာပါ။

ဒီစမ်းသပ်တဲ့ ဓာတ်ခွဲခန်းကလည်း မြန်မာနိုင်ငံမှာ ထွက်ရှိနေတဲ့ စား သောက်ကုန်တွေကို စမ်းသပ်စစ်ဆေး ပေးနေတဲ့ ဓာတ်ခွဲခန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဦးစီးပြီးတော့ စစ်ဆေးခဲ့တာပါ။ ပြီးတော့ စားသုံးသူကာကွယ်ရေး ဥပဒေအရ ဒီးဒိုအချိုရည်မှာ မြန်မာလို ထုတ်လုပ်မှုရက်စွဲ၊ ပါဝင်တဲ့ပစ္စည်း၊ ထုတ် လုပ်တဲ့ကုမ္ပဏီ စတဲ့အချက်တွေလည်း ပါဖို့လိုမယ်ထင်တယ်” ဟု မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဋ္ဌက ဆိုသည်။


MOI Webportal Myanmar

အပြည့်အစုံသို့ »

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် ပြန်ပေးဆွဲခံရသော တပ်မတော်သားများ၏ပုံမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ ပြောကြား



တူရကီသတင်းဌာန INCA NEWS က ဖော်ပြခဲ့ပြီး အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် သတင်းနှင့်ဓာတ်ပုံ
အင်တာနက် လူမှုကွန်ရက်များနှင့် အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် တပ်မတော်သားသုံးဦး၏ပုံမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက The Daily Eleven သတင်းစာသို့ ပြန်လည်ဖြေကြားသည်။

၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်နေသော တပ်မတော်ဆောက်လုပ်ရေးတပ်မှ စစ်သည်သုံးဦး၏ပုံဟုဆိုကာ နာမည်နှင့်ရာထူး၊ မိခင်တပ်ရင်းများ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့် တပ်မတော်သားသုံးဦး၏ပုံကို တူရကီ ဘာသာစကားဖြင့် တူရကီသတင်းဌာန INCA NEWS က စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ တူရကီသတင်းဌာန၏ ဖော်ပြချက်ကို အွန်လိုင်းသတင်းမီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူ ဖော်ပြနေကြခြင်းဖြစ်သည်။

အဆိုပါ ပြန်ပေးဆွဲခံရသည့် တပ်မတော်သားသုံးဦးပုံများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာက သမ္မတရုံးသို့ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဓာတ်ပုံများမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်းနှင့် ထိုအချိန်က ပြန်လည်ကယ်တင်ရန် လိုက်သွားသော်လည်း မမီလိုက်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

RSO လို့ ယူဆထားတဲ့အချက်က သတိပြုစရာပါ။ နယ်စပ်စည်းရိုးကျော်လွန်တဲ့ ကိစ္စမှာ တစ်ဖက်အိမ်နီးချင်း နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲမှာ မြန်မာနိုင်ငံကို ထိခိုက်နစ်နာစေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တည်ရှိနေခြင်းဟာ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ နယ်စပ်လုံခြုံရေးကိုပါ ထိခိုက်စေပါတယ် . . . . .

“ဒီပုံက ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စကို ရိုက်ထားတာပါ။ ဒါကို ဘာဖြစ်လို့ အခုမှ ပြန်ဖော်ပြန်ဖွရသလဲဆိုတာ စဉ်းစားစရာပါ။ အဲဒီတုန်းက နယ်စပ်စည်းရိုးသွားပြီး ခတ်တဲ့ GE တပ်က စစ်သည်တစ်ဦးနဲ့ အရပ်သားအမှုထမ်း နှစ်ဦးကို RSO တွေ ဖမ်းသွားခဲ့တဲ့ ဖြစ်ရပ်ပါ။ ဒီတုန်းက တပ်ကအဖွဲ့တွေ လိုက်သွားခဲ့ပေမယ့် မမီလိုက်ပါဘူး” ဟု အဆိုပါ အကြီးတန်းအရာရှိက ပြောကြားသည်။

အဆိုပါ တပ်မတော်သားသုံးဦးအား ပြန်ပေးဆွဲသွားသည့် အဖွဲ့မှာ RSO (Rohingya Solidarity Organization) အကြမ်းဖက်အဖွဲ့ ဖြစ်နေသောကြောင့် အဆိုပါကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် တစ်ဖက်အိမ်နီးချင်းနိုင်ငံ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိက ဆက်လက်ပြောဆိုသည်။

“ဒါက နယ်စပ်လုံခြုံရေး ဆိုတာထက် ပိုပြီးလေးနက်တဲ့ဖြစ်စဉ် ဖြစ်နေပါတယ်။ RSO လို့ ယူဆထားတဲ့အချက်က သတိပြုစရာပါ။ နယ်စပ်စည်းရိုးကျော်လွန်တဲ့ ကိစ္စမှာ တစ်ဖက်အိမ်နီးချင်း နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲမှာ မြန်မာနိုင်ငံကို ထိခိုက်နစ်နာစေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တည်ရှိနေခြင်းဟာ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ နယ်စပ်လုံခြုံရေးကိုပါ ထိခိုက်စေပါတယ်” ဟု ၎င်းကပြောကြားသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ခြံစည်းရိုးဆောက်လုပ်နေသည့် မြန်မာအင်ဂျင်နီယာတပ်မှ တပ်မတော်သားသုံးဦး အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ ပြန်ပေးဆွဲခံခဲ့ရပြီး ယခုထက်တိုင် ပျောက်ဆုံးလျက်ရှိသောကြောင့် အဆိုပါ ပြန်ပေးဆွဲခံခဲ့ရမှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လုံလောက်သည့် အရေးယူဆောင်ရွက်မှုများ မပြုလုပ်ခဲ့ဟူသော ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လျက်ရှိနေသည်။

“ရာထူးကြီးတဲ့သူတွေ အခွင့်အရေးကို အစွမ်းကုန် ရယူနေကြချိန်မှာ အောက်ခြေစစ်သားတွေခမျာတော့ ဖြစ်ချင်ရာဖြစ် ပစ်ထားခံနေရတာ ၀မ်းနည်းစရာပဲ” ဟု အဆိုပါဓာတ်ပုံများ ဖော်ပြထားသည့် လူမှုကွန်ရက် သတင်းစာမျက်နှာတစ်ခုတွင် သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးခဲ့သည်။

ထိုသို့ ဝေဖန်မှုများ ရှိနေသည့်အတွက်ကြောင့် အဆိုပါတပ်သားများ ပြန်ပေးဆွဲခံရမှုတွင် အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ The Daily Eleven က ဆက်သွယ်မေးမြန်းရာတွင် ပြန်ပေးဆွဲမှုဖြစ်ဖြစ်ချင်း တပ်မတော်အနေနှင့် လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ နယ်ခြားပူးပေါင်းဆောင်ရွက်ရေး ကော်မတီချင်း ပူးပေါင်းရှာဖွေမှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်းအစအန ပျောက်သွားခဲ့ကြောင်း၊ သတ်မှတ်ကာလ ပြည့်သွားချိန်တွင် အဆိုပါတပ်မတော်သားများ သေဆုံးသွားပြီဟု ယူဆခဲ့ပါကြောင်း အဆိုပါ သမ္မတရုံးအကြီးတန်း အရာရှိကပင် ဆက်လက်ဖြေကြားသည်။ ဖြစ်စဉ်ပုံပါ အနေအထားများအရ မြန်မာနိုင်ငံ မဟုတ်သည်မှာ သေချာသော်လည်း မည်သည့်နိုင်ငံဖြစ်ကြောင်းကိုမူ ပြောရခက်ကြောင်းနှင့် ယခုလို ဖြစ်စဉ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ရှိမှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
 News Eleven

အပြည့်အစုံသို့ »

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် သတိပေးချက်ထုတ်ပြန်ကြေညာ


နေပြည်တော် မတ် ၁၈

တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် မတ် ၁၉ ရက်မှ ၂၇ ရက် အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို ကိုကိုး ကျွန်းအရှေ့ရေပြင်တွင် လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၀၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၄၇ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၇
မိနစ်နှင့် Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၀၆ မိနစ်စသည့် Coordinates အမှတ်များကို ဆက်ဆွဲထားသည့်ဧရိယာကို သတ်မှတ်ထားသည်။

လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်း
ရှင်းစေရေးအတွက် အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည်ကို သင်္ဘော ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန် များဖြတ်သန်းသွားလာခြင်း၊

ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန် နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် ရေကြောင်း သတိပေးချက်နှင့်လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာ ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


အပြည့်အစုံသို့ »

မြန်မာသင်္ဘောသားရှစ်ဦးလိုက်ပါလာသည့် တောင်ကိုရီးယားသင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဂျပန်ပင်လယ်အော်တွင် တိုက်မိ၍ တစ်ဦးသေ၊ ရှစ်ဦးပျောက်ဆုံးနေ


တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် တရုတ်သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
   
စတီးခွေများကို သယ်ဆောင်လာသော တန်ချိန် ၁၂၆၃၀ ရှိသည့် ပနားမားအလံလွှင့်ထူထားသည့် Beagle III သင်္ဘောသည် တောင်ကိုရီးယား မှတ်ပုံတင်ထားသော Pegasus Prime သင်္ဘောသည် Uraga ရေလမ်းကြောင်းတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ တန်ချိန် ၇၄၀၆ တန်ရှိသည့် Pegasus Prime သင်္ဘောပေါ်တွင်မူ တောင်ကိုရီးယား သင်္ဘောသားခြောက်ဦးနှင့် မြန်မာသင်္ဘောသားရှစ်ဦး ပါဝင်ကြောင်း သိရသည်။ ယင်းသင်္ဘောတွင် တောင်ကိုရီးယားနှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်မှလွဲပြီး ထိခိုက်မိသူ မရှိကြောင်းသိရသည်။ ထိုအချိန်က Beagle III သင်္ဘောပေါ်တွင် လိုက်ပါလာသော တရုတ်သင်္ဘောသား ၂၀ အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးကိုမူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အခြားပျောက်ဆုံးနေသူရှစ်ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
   
အခင်းဖြစ်ပွားရာနေရာသို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်နှစ်စင်း၊ လေယာဉ်တစ်စင်းအပြင် ကင်းလှည့်သင်္ဘောတစ်စင်းတို့ကိုလည်း ပို့လွှတ်ခဲ့သည်။ သင်္ဘောနှစ်စင်းတိုက်မိချိန်က ပင်လယ်ပြင်အခြေအနေသည် ကြမ်းတမ်းနေဖွယ်မရှိဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
   
တိုကျိုပင်လယ်အော်သည် ဂျပန်နိုင်ငံ၏ သွားလာမှုအများဆုံး ရေကြောင်းလမ်းဖြစ်ပြီး တစ်နေ့လျှင် ဖြတ်သန်းသွားသည့် သင်္ဘောစင်းရေ ၅၀၀ ရှိကြောင်း သိရသည်။

news eleven

အပြည့်အစုံသို့ »

မလေးရှားလေယာဉ်တွင် လိုက်ပါခဲ့သော တရုတ်ခရီးသည်အားလုံး အကြမ်းဖက်မှုနှင့် ဆက်နွှယ်မှုမရှိဟု တရုတ်ထုတ်ပြန်


Published on: March 18, 2014
ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်များအတွက် ဆုတောင်းစာများကို ကွာလာလမ်ပူရှိ ကုန်တိုက်တစ်ခုတွင် ဖတ်ရှုနေသည့် အမျိုးသမီးတစ်ဦး (Photo:AP)
မလေးရှားလေယာဉ် အံ့အားသင့်ဖွယ် ပျောက်ဆုံးသွားရသည့် အကြောင်းအရင်းကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးသူများက ကြိုးပမ်းနေရချိန်တွင် လေယာဉ်ပေါ် လိုက်ပါခဲ့သည့် တရုတ်နိုင်ငံသား ခရီးသည် ၁၅၃ ဦးကို စုံစမ်းစစ်ဆေးခဲ့ရာ အန္တရာယ်ပြုနိုင်သော မသင်္ကာစရာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရက မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်ရှိ ခရီးသည်နှင့်  ၀န်ထမ်း ၂၃၉ ဦးအနက် သုံးပုံနှစ်ပုံသည် တရုတ်နိုင်ငံသားများ ပါဝင်နေသဖြင့် ၎င်းတို့အားလုံး၏ နောက်ကြောင်းအား စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် မလေးရှားအာဏာပိုင်များက တရုတ်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် တရုတ်ရှိ လူနည်းစု မွတ်စလင် ၀ီဂါမျိုးနွယ်စုမှ ခရီးသည်တစ်ဦးကို အဓိကစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ ဖြစ်နိုင်ခြေရှိသော လေယာဉ်ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်သော အထောက်အထား တစ်စုံတစ်ရာကို မည်သူ့ထံတွင်မျှ မတွေ့ရှိခဲ့ရကြောင်း မလေးရှားဆိုင်ရာ တရုတ်သံအမတ် ဟွမ်းဟွေခန်းက မတ် ၁၈ ရက် တွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။ တရုတ်သည် ၎င်းတို့ပိုင်နက်အတွင်း လေယာဉ်ရှာဖွေမှုကို စတင်နေပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သော်လည်း အသေးစိတ် မပြောကြားခဲ့ပေ။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ ဘိုရင်း ၇၇၇ လေယာဉ်သည် မတ် ၈ ရက် နံနက်အစောပိုင်းတွင် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့သည်မှာ မတ် ၁၈ ရက်တွင် ၁၁ ရက်မြောက် ရှိပြီဖြစ်သည်။ လေယာဉ်ပျောက်ဆုံးသွားနိုင်ခြေရှိသော အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှ ဟိမ၀န္တာတောင်တန်းပေါ်နှင့် ဗဟိုအာရှအထိ ဖြန့်ကြက်ရှာဖွေခဲ့ကြသော်လည်း အရိပ်အယောင်ပင် မတွေ့ရသေးပေ။ မတ် ၈ ရက်တွင် လေယာဉ်ပျောက်ဆုံးပြီးနောက်ပိုင်း နေ့ရက်များနှင့် နာရီများအတွင်း တန်ဖိုးရှိသောအချိန်နှင့် ရင်းမြစ်များ အလဟဿ ဖြစ်ခဲ့ရကြောင်း ဆင်ဟွာက မလေးရှားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

လေယာဉ်ရှာဖွေမှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည့်စုံတိကျစွာ ထုတ်ပြန်ပေးရန် တရုတ်ဝန်ကြီးချုပ် လီခယ်ကျန်းက မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အား မတ် ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။

အသက် ၅၃ နှစ်ရှိ လေယာဉ်မှူး ဇာဟာရီအာမက်ရှာသည် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို ထောက်ခံသူဖြစ်ကြောင်း ၎င်းနှင့်လက်တွဲလုပ်ဖူးသူများက ပြောကြားခဲ့သည်။ ယင်းလေယာဉ်မထွက်ခွာမီ နာရီပိုင်းအလိုတွင် အန်ဝါသည် မလေးရှား၌ ပိတ်ပင်ထားသည့် လိင်တူချင်းလိင်ဆက်ဆံမှုတွင် အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခံခဲ့ရသည်။ လေယာဉ်မှူးသည် နိုင်ငံရေးလက်စားချေရန် လေယာဉ်ကို ယခုကဲ့သို့ လုပ်ဆောင်ခဲ့ဖွယ် ရှိသည်ဟု ချိတ်ဆက်ပြောဆိုမှုအား အန်ဝါက မတ် ၁၈ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။

Ref:AFP

Credit: Eleven media

အပြည့်အစုံသို့ »

သင်အားနာတတ်ပါသလား



(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော
အားနာခြင်းမျိုး စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။ ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။ တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။ “စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့  တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်” ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။ လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ လူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ဝန်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။ ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။ မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟုထင်ပါသည်။

(၃) သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့်အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။ သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။ သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက် အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်… ..........................စသည့် စသည့် နည်းမမှန်သော အားနာမှုကြောင့် မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။ ထို့ကြောင့် နည်းမှန် လမ်းမှန် အားနာသင့်ကြပေသည်ဟု ဖတ်ဖူးသမျှစာထဲမှမှတ်မိသမျှကောက်နှုတ်ရေးသားလိုက်ပါသည်။

credit ရွှေအိမ်စည်

အပြည့်အစုံသို့ »