အင်္ဂလန်နိုင်ငံသူ၏ ပျောက်ဆုံးသွားသည့်ဖုန်းအား ပြန်လည်ပေးအပ်



နေပြည်တော်၊ မတ် ၂၁
၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးဘူတာသို့ဆိုက်ရောက် လာသည့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေးရထား၊ အထက်တန်းတွဲ(၂)၊ ခုံအမှတ်အေ(၈)၊ ဘီ(၈)တွင် အင်္ဂလန်နိုင်ငံသူ Ms Daniclle Hazcl Harrison (၂၂)နှစ်သည် ညီမဖြစ်သူ Ms Rebetah Lauren Sin ton နှင့်အတူ စီးနင်းလိုက်ပါလာစဉ် Ms Daniclle Hazcl Harrison ၏ အမေရိကန်ဒေါ်လာ (၈၀၀)တန်ဘိုးရှိ Iphone 5c လက်ကိုင်ဖုန်းမှာ ၎င်းဝတ်ဆင်ထားသည့်ဘောင်းဘီရှည် ဘေးအိတ် အတွင်းမှ ထွက်ကျပျောက်ဆုံးသွားကြောင်း ရထားရဲတပ်ဖွဲ့၊ အမှတ်(၄)တပ်ခွဲ(မန္တလေး)၊ ရထားရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သည်။
ထိုသို့အကြောင်းကြားသဖြင့် အသေးစိတ်မေးမြန်းပြီး ရထားရဲစခန်းမှတပ်ဖွဲ့ဝင်များက ဘူတာ ယာဒ်ဝင်းနှင့် ရထားတွဲများပေါ်သို့ လိုက်လံစုံစမ်းရှာဖွေပေးနေစဉ် အဆိုပါ ရပ်ထားသောရထား အထက်တန်းတွဲ(၂)ပေါ်သို့ တက်ရောက်သန့်ရှင်းရေးပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၇၈x၇၉ လမ်းကြား၊ ၃၄ လမ်းနေ ဦးကျော်ဌေး(၄၇)နှစ်မှ ဖုန်းအားတွေ့ရှိ၍ လာရောက် အပ်နှံခဲ့သောကြောင့် ရထားရဲစခန်းမှူးမှ Ms Daniclle Hazcl Harrison သို့ ဆက်သွယ် အကြောင်းကြားပြီး ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ


ထိုင်း-မြန်မာနယ်စပ် ကနေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူများ။


မကြာသေးခင်က ထိုင်းနိုင်ငံရေး တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပတ်စ်ပို့ နဲ့ ဗီဇာ သက်တမ်းတိုးရေးကိစ္စကို အခု ပြန်လည် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီနေထိုင်ခွင့် ပတ်စ်ပို့တွေကို အသစ် လုပ်ပေးနေတာဖြစ်တယ်လို့ ဘန်ကောက် မြန်မာသံရုံးက ပြောပါတယ်။ ဒါပေမဲ့လည်း ပတ်စ်ပို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကြောင့် အလုပ်သမားတွေ ဒုက္ခရောက်နေကြရတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပေးပါ။

လအတန်ကြာဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အပေါ် အတော်လေး ဂယက် ရိုက်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မြန်မာအလုပ်သမားတွေ အတွက် ၂၀၀၉ ခုနှစ်ကုန်ပိုင်းက စပြီး ယာယီနိုင်ငံကူး ပတ်စ်ပို့တွေကို ထုတ်ပေးခဲ့တာမှာ မနှစ်က ဒီပတ်စ်ပို့တွေ သက်တမ်းကုန်ဆုံးသွားပေမဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကြောင့် သက်တမ်းတိုးဖို့ နောက်ကျခဲ့တာပါ။ အခု ထိုင်းနိုင်ငံရေး အခြေအနေ အနည်းငယ် ပြန်တည်ငြိမ်လာတာမို့ ဘန်ကောက်မြို့ အပါအ၀င် နယ်စပ်မြို့တွေမှာ မြန်မာ အလုပ်သမားတွေကို ယာယီပတ်စ်ပို့တွေ ပြန်ထုတ်ပေးနေပြီလို့ ထိုင်းနိုင်ငံ မြန်မာအလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင် က ပြောပါတယ်။

"လေးနှစ်ပြည့်သွားတဲ့သူတွေအတွက် စခန်းတွေ ပြန်ဖွင့်ပေးနေပြီ။ ၇ ရက်နေ့ကတည်းက စလုပ်နေပြီ။ အဲ့တော့ဘန်ကောက်သံရုံးမှာဆို တစ်ခုရှိတယ်။  နယ်စပ်မြို့မှာဆို သုံးခုရှိမယ်။ မဲဆိုင်၊ မဲဆောက်နဲ့ ရနောင်းမှာရှိမယ်။ အဲ့ဒီ့စခန်းတွေမှာ သွားပြီးတော့ လေးနှစ်ပြည့်တဲ့သူတွေ သွားလုပ်လို့ရပြီ။ ကျနော်တို့ ထုတ်ပြန်ချက်လည်း ထုတ်ထားတယ်။

သူက သုံးပိုင်း ပိုင်းထားတာပေါ့နော်။ သူ့ရဲ့ ပတ်စ်ပို့သက်တမ်း နှစ်နှစ်နဲ့ အထက်ကျန်ဦးမယ်ဆိုရင် အဲ့ဒီ့ပတ်စပို့ကို ဆက်ကိုင်ထားလို့ရပါတယ်။ အဲ့ဒီ့တော့ သူက ပတ်စ်ပို့ လုပ်စရာမလိုတဲ့အခါကျတော ဗီဇာသက်တမ်းတိုးဖို့ပဲ လိုတော့မှာပေါ့။ အဲ့ဒီ့တော့ သံရုံးက ထောက်ခံချက်ယူပြီး နယ်စပ်ကို ပြန်ဆင်းသွားလို့ရှိတယ်။ အဲ့ဒီ့အဖွဲ့က တဖွဲ့ရှိမယ်။

တကယ်လို့ ပတ်စ်ပို့ရဲ့သက်တမ်း နှစ်နှစ်အောက်ဖြစ်မယ်ဆိုရင် ပတ်စ်ပို့ ကြိမ်းသေ လဲရမှာပေါ့။ လဲတဲအခါဆိုရင် မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတို့ ရှိတဲ့သူက ဒီမှာ လုပ်တာ လွယ်တာပေါ့။  တကယ်လို့ မရှိဘူးဆိုရင်လည်း မြန်မာနိုင်ငံကို ပြန်မှာပြီးတော့ လုပ်သင့်လည်း လုပ်၊ ဒါမှမဟုတ်ရင်လည်း မြန်မာနိုင်ငံကို ပြန်ပြီးတော့ လုပ်ရင်လည်း လုပ်ပေါ့။ နယ်စပ်တွေမှာ လုပ်ပေးမှာဆိုတော့ လုပ်လို့ရပါတယ်။

နောက် စာအုပ်ကြီးပြန်လဲမယ်ဆိုရင် သံရုံးမှာ လဲမယ်ဆိုရင် ဘတ် ၁၆၀၀ ကုန်မယ် ပြောထားပါတယ်။"

တကယ်သာ ဒီအတိုင်း မြန်မာအစိုးရဘက်က စာရွက်စာတမ်း တောင်းခံ ခဲ့ရင် မြန်မာ အလုပ်သမားတွေ အတွက် အများကြီး အခက်အခဲဖြစ်လာနိုင်ပြီး -မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ထောက်ပြပါတယ်။

" ဗမာမှတ်ပုံတင် မိတ္တူပါရမယ်။ သန်းခေါင်စာရင်း ပါရမယ်။ ဒီအချက်တွေက ထိုင်းနိုင်ငံကို ရောက်နေတဲ့ အလုပ်သမားတွေအတွက် လုံးဝကို မဖြစ်နိုင်တဲ အခြေအနေဖြစ်နေတယ်။ ဘာကြောင့်မဖြစ်နိုင်သလဲဆိုရင် ထိုင်းနိုင်ငံတွင်းကို လာပြီးတော့ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေထဲမှာ နံပတ်တစ် အမျိုးစားက နိုင်ငံရေးဒုက္ခသည်၊ နံပတ် နှစ်အမျိုးအစားက စစ်ဘေးဒုက္ခသည်၊ နံပတ်သုံးက စီးပွားရေးဒုက္ခသည်ဆိုပြီးတော့ ဒုက္ခသည်သုံးမျိုးက နှစ်ပေါင်း ၂၀၊ ၃၀လောက် လာလုပ်ကိုင်စားသောက်နေတာ။

အဖေရော၊ အမေရော အကုန်လုံးက ဗမာ။ ဒီမှာ မွေးထားတဲ့ သားသမီးတွေက အသက် ၂၀၊ ၃၀ရှိပြီ။ သူတို့က မြန်မာ မိဘနှစ်ပါးက မွေးထား တာဖြစ်တယ်။ မြန်မာစစ်စစ်တွေ ဖြစ်တယ်။ ဒါပေမဲ့ မြန်မာလို့ ပြောပေမဲ့ မြန်မာပြည်ကို တခါမှ မရောက်ဘူးဖူး။ ဒီကလေးတွေမှာ ဘယ်မှာရှိမလဲ မွေးစာရင်း၊ ဘယ်မှာရှိမလဲ မှတ်ပုံတင်၊ နောက်တချက်က ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ လူတစ်ရာမှာ ၉၅% လောက်လူက သန်းခေါင်စာရင်း မရှိဘူး။ ၉၀% လောက်လူက မှတ်ပုံတင် မရှိဘူး။

ထိုင်းနိုင်ငံတွင်းကို လာတဲ့ လူ ၉၉% လောက်ဟာ လေယာဉ်နဲ့ လာတဲ့သူမဟုတ်ဘူး။ နယ်စပ်ကတဆင့် တောတောင်ထဲက လမ်းလျောက်ပြီးလာတာ။ ဒါကြောင့်မို့လို့ ဒီအခြေအနေ၊ ဒီစည်းကမ်းတွေကို ဖြည့်ထားတာဟာ အရမ်းကို ဆိုးဝါးတယ်။ နိုင်ငခြား တိုင်းပြည်တခုမှာ ဒီစာရွက်စာတမ်းတွေ ပါမှ တင်ရမယ်ဆိုတာကိုက မှားနေတယ်။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်အတိုင်း သွားမယ်ဆိုရင် မြန်မာအလုပ်သမားတွေဟာ ဒီ့ထက်မက ဆိုးပြီးတော့မှ ဒုက္ခရောက်သွားမယ်။ တိုးပြီးတော့ အခက်အခဲ ကြုံသွားမယ်။ လုံးဝ အဆင်မပြေနိုင်ဘူး"

ဒါ့အပြင် အခု မြန်မာအစိုးရရဲ့ ပတ်စ်ပို့သက်တမ်းတိုးရေး အစီအစဉ်က ပွဲစားတွေ အတွက် အခွင့်အရေး ဖြစ်လာနေတယ် လို့လည်း FTUB မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ မဟာချိုင်ဒေသခံ အလုပ်သမားရေး ဆောင်ရွက်သူ ကိုဖိုးခွား ကလည်း ပြောပါတယ်။

" အဲ့ဒီ့ပတ်စ်ပို့က ဘယ်အစိုးရမှ မပြောသေးဘူး။ ဘယ်သတင်းဌာနမှလည်း မထုတ်ပြန်သေးဘူး။ ဘယ်သူမှ အတည်မပြုသေးခင်ကတည်းက အဲ့လိုမျိုး ပွဲစားတွေ များလာတယ်။ အဲ့ဒီ့ပတ်စ်ပို့ရုံးမှာ ။ နေ့လည်တုန်းက တစ်ယောက် ဖုန်းဆက်လာတယ်။ ကိုဖိုးခွား ရေတဲ့ ဟုတ်လားတဲ့။ အဲ့ဒီ့ပတ်စ်ပို့ပေးမယ်ဆိုတာ လေးနှစ်ကုန်သွားတဲ့သူတွေဆိုတော့။ ဟုတ်တယ် လုပ်တော့ လုပ်ပေးနေပြီ။ အဲတာ မင်းတို့ တင်ဖို့လိုတယ်ဆိုတော့။

မဟုတ်ဘူးတဲ့။ ကျနော်စက်ရုံမှာ ပွဲစား ကုမ္ပဏီကလို့ပြောပြီးတော့ ပွဲစားနှစ်ယောက် ဝင်လာတယ်တဲ့။ မန်နေဂျာတွေလည်းပါတယ်။ သူတို့ကို တစ်ယောက်ကို တစ်သောင်းရှစ်ထောင် တောင်းတယ်။ အကုန်လုံး အပြီးအစီး တစ်သောင်းရှစ်ထောင်ပြောတယ်တဲ့။ မှတ်ပုံတင် မရှိတဲ့သူတွေ ကျတော့ မြန်မာပြည်သွားရမယ်ပြောတယ်။ ကျနော်တို့က စရိတ်စကနဲ့ သွားဖို့ လာဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ လုပ်ရင်ကောင်းမလား၊ မလုပ်ရင်ကောင်းမလား စဉ်းစားနေတယ်တဲ့။

ဒါ့အပြင် ပတ်စ်ပို့သက်တမ်း ကုန်ဆုံးထားသူ မြန်မာအလုပ်သမားတယောက်ဟာ ဗီဇာလည်း သက်တမ်းမရှိတော့တဲ့ အတွက် မြန်မာသံရုံးက တောင်းခံတဲ့ စာရွက်စာတမ်းတွေကို မြန်မာပြည် ပြန်ယူရမယ်ဆိုရင် လမ်းခရီးမှာတင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကို ခံရနိုင်တယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြခဲ့ ကြသလို၊ ပတ်စ်ပို့အဟောင်း ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမားတယောက်အနေနဲ့ အသစ်လဲဖို့မှာ ဒီလောက်အထိ အခြေအနေတွေ မရှုတ်ထွေးသင့်ဘူး လို့လည်း ပြောဆိုခဲ့ကြပါတယ်။

VOA

အပြည့်အစုံသို့ »

အထင်ကရ ပုဂ္ဂိုလ် The Elders အဖွဲ့ဝင် ၂ ဦး မြန်မာပြည်သွားမည်


 The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲ၊ အမေရိကန် သမ္မတဟောင်း Jimmy Carter ၊ ရန်ကုန်မြို့ Strand Hotel ။ စက်တင်ဘာလ ၂၆၊


ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များအဖွဲ့ The Elders ရဲ့ အဖွဲ့ဝင်နှစ်ဦးဟာ ရှေ့သီတင်းပတ် အတွင်း မြန်မာနိုင်ငံဆီ လာရောက်ဖို့ ရှိပါ တယ်။ နော်ဝေး၀န်ကြီးချုပ်ဟောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်ဟောင်းနဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ Gro Harlem Brundtland နဲ့ ဖင်လန်သမ္မတဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari တို့ဟာ မတ်လ ၂၄ ရက်နေ့ ကနေ ၂၆ ရက်နေ့အထိ လာကြမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေအတွက် အခိုင်အမာသန္နိဋ္ဌာန်ချထားတဲ့ သီးခြားလွတ်လပ်တဲ့ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေးပွင့်လင်းမှုအတွက် အထူးအရေးကြီိးတဲ့အချိန်ကာလမှာ လူမှုစီးပွားတရားမျှတမှုရဲ့ အကျိုး ကျေးဇူးတွေကို မီးမောင်းထိုးပြောဆိုဖို့၊ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်တယ် လို့ မတ်လ ၂၁ ရက်နေ့စွဲနဲ့ အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

The Elders ကိုယ်စားလှယ်အဖွဲ့ဟာ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ နေပြည်တော်ဆီ သွားရောက်မှာဖြစ် သလို ကချင်ပြည်နယ်က လက်ရှိပဋိပက္ခအခြေအနေကို ဒေသခံတွေဆီကနေ နားထောင်ဖို့ မြစ်ကြီးနားမြို့ဆီ သွားရောက်ပါမယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီး မတ်လ ၂၇၊ ၂၈ ရက်တွေမှာ ထိုင်းနိုင်ငံဆီ ခရီးဆက်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒေသတွေဆီ သွားရောက်ပါမယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် နှစ် ၆၀ ကျော်ကြာ သက်ရောက်နေခဲ့တဲ့ ပြည်တွင်းစစ်ပွဲရဲ့ ရေရှည်ထိခိုက်မှုတွေကို သူတို့လေ့လာကြမှာဖြစ်သလို အကူအညီပေးနေသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

အခုခရီးစဉ်ဟာဖြင့် The Elders အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတုန်းက အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ၊ Martti Ahtisaari နဲ့ Gro Harlem Brundtland တို့ ပထမအကြိမ် လာရောက်ခဲ့ကြပါ တယ်။

voa

အပြည့်အစုံသို့ »

ဖရီးမောင့်မြန်မာတဦး ကလေးသူငယ်များ၏လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်စေသော ဓာတ်ပုံရုပ်သံများ တက်ဆက်သည့်အမှုဖြင့် ဖမ်းဆီးခံရ


(Child Pornography – အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်စေသော၊ ကျုးလွန်သော၊ စော်ကားသော ဓာတ်ပုံ၊ ရုပ်သံများ၊ မီဒီယာထုတ်လုပ်မှုများ)

ဆန်ဖရန် ဘေးဧရိယာ၊ ဖရီးမောင့်မြို့နေ မြန်မာတဦးဖြစ်သည့် မိုက်ကယ်ဂေါ၊ (အောင်ဂေါ) ၂၅ နှစ် နှင့်အတူ အခြား ၁၃ ဦးကို အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်ကျုးလွန်သော ရုပ်သံ၊ ဓာတ်ပုံများ တင်ဆက်သည့် ၀က်ဆိုက် လုပ်ဆောင်နေသည့် ရာဇ၀တ်မှုဖြင့် အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဌာနက တရားစွဲဆို၊ အရေးယူရန် ဖမ်းဆီးလိုက်သည်ဟု သတင်းများတွင် တွေ့ရသည်။

အမှုသွားမှာ ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၃ မေလ ၉ ရက်အတွင်း ကျုးလွန်သော ပြစ်မှုများဖြစ်သည်ဟု ဆိုသည်။ ထိုအမှုတွင် ထိခိုက်ခံရသည့် ကလေးသူငယ်များမှာ ပြည်တွင်းမှ ၂၂၈ ဦး ပြည်ပမှ ၂၃ ဦး ရှိသည်။ ထိုဝက်ဆိုက်ကို မြေအောက်တရားမ၀င် အင်တာနက်လမ်းများကနေ တင်ဆက်နေပြီး အဆိုပါ ရုပ်သံပေါင်း ၂ ထောင်နှင့် အသင်းဝင်ပေါင်း ၂ သောင်း ၇ ထောင် ရှိနေသည်ဟု ဆိုသည်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျုးကျော်စော်ကားခံနေရမှုများမှ ကာကွယ်ရန်အတွက် ပြည်ထောင် စုအစိုးရ ဆောင်ရွက်နေသည့် Project Safe Childhood စီမံချက်ကနေ ဖော်ထုတ်အရေးယူနိုင်ခြင်း ဖြစ်သည်။ ကလေးများအနက် ၁၅၉ ဦးမှာ ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ဖြစ်သည်။ ၇ ဥင်္ီးမှာ ၉ နှစ်အောက်များ ဖြစ်သည်။ အများစုမှာ အသက်မပြည့်သေးသည့် ယောကျာ်းကလေးများ ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အသက်အကြီးဆုံးမှာ ၄၄ နှစ်၊ အသက်အငယ်ဆုံး အမှုကျုးလွန်သူမှာ ၂၄ နှစ် ဖြစ်သည်။ ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်သည့်၊ စော်ကားသည့်၊ ကျုးလွန်သည့် ဓာတ်ပုံရုပ်သံများ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ကလေးများကို လှည့်ဖြားပြီး လုပ်ဆောင် ပြုမှုစေခြင်း၊ လက်ဝယ်ထားခြင်း၊ ဖြန့်ချိခြင်း၊ ရောင်း ချခြင်းသည့် အမေရိကန်ပြည်ထောင်စုတွင် ထောင်ဒဏ် ၃၀ နှင့် ရာသက်ပန် လိင်ရာဇ၀တ်မှု ကျုးလွန်သူအဖြစ် မှတ်ပုံ တင်ခြင်း ခံရသည်အထိ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။

အခြားလူမျိုးအများအပြားပါဝင်သည့် တရားခံအဖြစ် စွပ်စွဲခံရသူများ အနက် မြန်မာလူမျိုး လူငယ်တဦး ပါဝင်နေခြင်းအတွက် ဆန်ဖရန်ဘေး ဧရိယာမြန်မာများအကြား အထူးစိတ်ဝင်စားစရာဖြစ်နေသည်။ မိုက်ကယ်ဂေါ ခေါ် အောင်ဂေါ (Michale Gaw aka Aung Gaw) သည် ဒေသခံ အိုလုံးကောလိပ်ထွက်ဖြစ်သည်။ UC Berkeley တွင် ကျောင်း ဆက်တက်ခဲ့သည် ဆိုသည်။ လက်ရှိတွင် အိမ်ရောင်းဝယ် အကျိုးဆောင် တဦးအဖြစ် ဆောင်ရွက်နေသည်ဟု သိရသည်။ ၂၀၁၃ နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး ယခုနှစ် မတ် ၁၈ တွင် ပြည်ထောင်စုတရားရုံးတော်တွင် တရားစွဲဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

အမှုအသေးစိတ်ကို ပြည်ထောင်စုအစိုးရ၏ တရားရေးဌာန၀က်ဆိုက်တွင် အသေးစိတ်ဖတ်နိုင်သည်။
မိုးမခ

အပြည့်အစုံသို့ »

ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ်


Pentagon စစ်ဌာနချုပ်၊ ဝါရှင်တန်။


ပျောက်ဆုံးနေဆဲ မလေးရှားဂျက်လေယာဉ်ကို ရှာဖွေဖို့အတွက် ရေအောက် စုံစမ်းထောက်လှမ်းရေး ကိရိယာတွေ အကူအညီ ပေးဖို့ မလေးရှားနိုင်ငံက အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကို ပန်ကြားထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်ဆီ သောကြာနေ့က တယ်လီဖုန်းဆက်သွယ် ပြောဆိုချိန်အတွင်း မလေးရှား ကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က ပန်ကြားခဲ့တာဖြစ်တယ်လို့ ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါ တယ်။

ဘယ်လိုကိရိယာမျိုးကို အမေရိကန်က ကူညီမယ်ဆိုတာကိုတော့ ပြောခွင့်ရက အတိအကျ မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း ပန်ကြား ချက်အပေါ်မှာ နဲ့ လေယာဉ်ပျောက် ကို ရှာတဲ့နေရာမှာ အထောက်အကူဖြစ်မယ် မဖြစ်ဘူးဆိုတာ ၀န်ကြီးဟေဂဲလ်က စဉ်းစားနေပါ တယ်။
ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ ဒုတိယမြောက်နေ့အဖြစ် အပြင်းအထန် ဆက်ပြီးရှာဖွေခဲ့ကြပေမဲ့လည်း ဘယ်လို အပျက်အစီး အစအနမျိုးကိုမှ ရှာမတွေ့သေးပါဘူး။

နယူးဇီလန်နိုင်ငံက လေယာဉ်မှူးတစ်ဦးဖြစ်သူ ဒုတိယဗိုလ် Tim McAlevey က သူ စိတ်ပျက်ပေမဲ့လည်း လေယာဉ်ပျောက်ရဲ့ ဖြစ်နိုင်ဖွယ် အပျက်အစီးအစအနတွေကို ရှာဖွေသူတွေတွေ့လိမ့်မယ် လို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။

“တကယ့်ကို စိတ်ပျက်စရာပါ။ တစ်ခုခုသာရှိနေတယ်ဆိုရင် ကျနော်တို့ တွေ့မှာပဲလို့ ကျနော်လုံးဝ ယုံကြည်ပြီး ထွက်ရှာတဲ့အကြိမ်တိုင်းမှာ အဲဒီမျှော်လင့်ချက်ထားပါတယ်။ ဒါပေမဲ့လည်း တွေ့တဲ့အထိတော့ ကျနော်တို့ ဆက်ရှာနေရမှာပါ။” လို့ လေယာဉ်မှူး Tim McAlevey က ပြောပါတယ်။

VOA

အပြည့်အစုံသို့ »

ပုံတစ်ပုံကြောင့် ဘ၀ပြောင်းသွားတဲ့ အာကာကျော် နိုင်ငံတကာပွဲ သွားမည်


လွန်ခဲ့တဲ့ တစ်နှစ်ခွဲနီးပါးက လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ မြန်မာနိုင်ငံခရီး
ကို ပြည်သူအများ စိတ်ဝင်စား၊ စိတ်လှုပ်ရှားနေကြချိန်မှာ လူငယ်လေးတစ်ဦးဖြစ်တဲ့ အာကာကျော်
ကလည်း သူဝါသနာပါရာအနုပညာနဲ့ နံရံပေါ်မှာ ဂရပ်ဖစ်တီပုံဆွဲလို့ သမ္မတကြီးကို ကြိုဆိုခဲ့ပါတယ်။

ပုံလေးဆွဲပြီးတဲ့အခါ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး နောက်နေ့မှာ Like လေးတွေ တက်
နေမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုးရိုးလေး အိပ်ရာဝင်ခဲ့တဲ့အချိန်မှာ အာကာကျော်ဟာ နောက်တစ်နေ့မှာ
သူ့ ဘ၀အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ တွေးမနေခဲ့ပါဘူး။

"အဲဒီပုံလေးကနေ နောက်နေ့မှာ အဲဒီလောက် ပြောင်းလဲသွားမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့
ဘူး။ နောက်နေ့မှာတော့ ဖုန်းတွေ ၀င်လာတယ်၊ အင်တာဗျူးတွေ ချိတ်ကြတယ်"လို့ စာစောင်တွေ
ကနေ ရေးသားဖော်ပြကြတာကြောင့် နေ့ချင်းညချင်းဆိုသလို လူသိများသွားပုံကို အသက် ၂၁
အရွယ် အာကာကျော်က ပြောပြပါတယ်။

အဲဒီဂရပ်ဖစ်တီ ဓာတ်ပုံကြောင့်ပဲ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ ကျင်းပခဲ့တဲ့
အိုဘားမား မိန့်ခွန်းပြောပွဲကို ဘယ်လိုမှ မျှော်လင့်မထားဘဲ တက်ရောက်ခွင့် ရခဲ့သလို
နောက်ဆက်တွဲ ရလဒ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့တယ်လို့
လူငယ်လေးက ပြောပြပါတယ်။

"ဘယ်တုန်းကမှ မထင်ထားဘူး။ ဒီလို လမ်းဘေးမှာ ပုံဆွဲတဲ့ အလုပ်တစ်ခုတည်းနဲ့ ရပ်တည်နိုင်
မယ်လို့။ ဘယ်သူကမှလည်း ထင်မှာ မဟုတ်ဘူး။ ရှေ့မှာလည်း ဘယ်သူမှ မရှိဘူး။ ဒါပေမဲ့
ကိုယ်ဖြစ်ချင်တာကို ယုံယုံကြည်ကြည်နဲ့ လုပ်လိုက်လို့ တန်ပြန်သက်ရောက်မှုကို ခံစားရတယ်လို့
ထင်တယ်" လို့လည်း ဆိုလိုက်ပါတယ်။

တစ်ချိန်က နံရံမှာပုံဆွဲဖို့ ဆေးဘူး မ၀ယ်နိုင်တာကြောင့် မီးသွေးခဲတွေနဲ့ ဆွဲခဲ့ရတဲ့သူဟာ ခုမတ်လ
တစ်လတည်းမှာပဲ ဂရပ်ဖစ်တီပုံဆွဲရင်း ဒေါ်လာ တစ်သောင်းလောက် ၀င်ငွေရှိနေပြီလို့လည်း
ပြောပြပါတယ်။

ထင်ပေါ်တော့ စင်တော်ကလည်း ကောက်ခဲ့ပါပြီ။ ဆီးဂိမ်းအားကစားပွဲ အထိမ်းအမှတ်အနေနဲ့
နေပြည်တော် မြို့မဈေးရှေ့က နံရံပေါ်မှာ အားကစားလှုပ်ရှားမှုပုံရိပ်တွေကို ဖန်တီးဖို့အတွက်
အစိုးရက သူ့ကို ဖိတ်ခေါ်ခဲ့သလို နိုင်ငံတကာဂရပ်ဖစ်တီ စင်မြင့်ထက်ဆီလည်း တက်လှမ်းခွင့်ကြုံခဲ့
ပါပြီ။

အာကာကျော်ဟာ အခုလာမယ့် ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ
ကျင်းပသွားမယ့် တစ်ကမ္ဘာလုံးက ဂရပ်ဖစ်တီသမားတွေ တွေ့ဆုံမယ့် Meeting of Styles ပွဲကို
မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားခံထားရပါတယ်။

ဒီပွဲဟာ သူ့အတွက် ပထမဆုံး နိုင်ငံတကာပွဲအတွေ့အကြုံပါလို့ မြန်မာလူငယ် ဂရပ်ဖစ်တီသမား
လေးက ဆိုပါတယ်။

"ဘန်ကောက်က ပွဲစီစဉ်သူက သူကိုယ်တိုင်လည်း ပုံဆွဲတဲ့သူပဲ။ ကျွန်တော်တို့နဲ့ အစကတည်းက
သိနေတာပါ။ အခုဒီပွဲလုပ်တော့ လာဆွဲဖို့ ဖိတ်တာနဲ့ သွားဖြစ်မှာပါ။ နိုင်ငံပေါင်းစုံက artist
အယောက် ၅၀ ကျော်လောက်ပါမယ်ဆိုတော့ အတွေ့အကြုံတွေ အများကြီးရမယ်လို့ မျှော်လင့်
ပါတယ်။ ပြီးတော့ ဒါက ကျွန်တော့်အတွက် ပထမဆုံးပွဲပဲဆိုတော့ ကိုယ်မမြင်ဘူးတာတွေ
အများကြီးမြင်ရမယ်၊ သိရမယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားပါတယ်။ အခွင့်အရေးတစ်ခုပါပဲ"လို့
NighT ဆိုတဲ့ နာမည်နဲ့ အနုပညာဖန်တီးမှုတွေ ပြုလုပ်တဲ့ အာကာကျော်က ပြောပါတယ်။

ပွဲမှာ Graffiti Live ဆွဲရမယ့် အစီအစဉ်ပါဝင်တာကြောင့် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုပုံစံတွေနဲ့
Street Art ကို ပေါင်းစပ်တင်ပြတဲ့ အရာတွေကို ဆွဲဖို့စဉ်းစားထားတယ်လို့ သူ့ စိတ်ကူးကို
ပြောပြပါတယ်။

"နိုင်ငံပေါင်းစုံက သူတို့ရဲ့ဟန်၊ သူတို့ရဲ့ ပုံစံတွေကို ပြသဖို့လာကြတဲ့အချိန်မှာ ကိုယ့်နိုင်ငံကလည်း
တစ်ခုခု လူသတိထားမိစေမှာမျိုး ပြသရမှာဆိုတော့ တော်တော်ကို စဉ်းစားနေရပါတယ်။ သူများ
စတိုင်ကြီးနဲ့ သွားဆင်နေမှာလည်း မကောင်းဘူးလေ။ မြန်မာက ဘယ်လိုကောင်မျိုးဆိုတာကို
ပြရမှာဆိုတော့ စိန်ခေါ်မှုကတော့ ကြီးပါတယ်။ အဓိကကတော့ မြန်မာ့ ယဉ်ကျေးမှုတွေနဲ့ပေါင်းပြီး
ဆွဲဖို့ စိတ်ကူးထားတယ်"လို့ ပြောပါတယ်။

ပွဲမှာ ပုံဆွဲတဲ့အခါ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ကွဲပြားပြီး ကိုယ်ပိုင်ပုံစံမျိုး ရှိနေဖို့ အတွက်
ကိုလည်း လေ့ကျင့်နေပြီး အွန်လိုင်းကနေတစ်ဆင့် နိုင်ငံတကာပညာရှင်တွေရဲ့ လက်ရာတွေကို
လေ့လာရင်း ကြိုးစားပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပုံဆွဲတဲ့ပညာနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပေမယ့် သူ့အပေါ် ပုတ်ခတ်ပြောဆိုသူတွေ
ရှိနေသလို အဲဒီလိုဝိုင်းပြောနေကြချိန်မှာ သူ့ဘ၀မှာ အဆိုးဆုံးလို့ယူဆရတဲ့ အချိန်တွေကို
ဖြတ်သန်းနေရတာဖြစ်လို့ ဘေးစကားတွေဟာ ရယ်စရာတစ်ခုအနေပဲ ဖြစ်ခဲ့တယ်လို့လည်း
ဆိုပါတယ်။

"ကျွန်တော့်ကို ပေါ်ပြူလာဖြစ်အောင် လုပ်နေတယ်တို့၊ ပြီးတော့ အာကာကျော်က ပန်းချီဆရာ
သက်သက်ပဲဖြစ်တယ်၊ Street Artist တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူးဆိုတာမျိုးတွေ
အကုန်ပြောကြတာ။ ကျွန်တော့်ထက် အသက်ပိုကြီးတဲ့ သူတွေချည်းပဲ။ အဲဒါတွေကို လိုက်ခံစား
မနေနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတာတွေက အရမ်းကိုကြီးမားလွန်းနေ
တာလေ"လို့ အာကာကျော်က ဆိုပါတယ်။

ဒီနေ့ဒီအချိန်မှာ ဂရပ်ဖစ်တီပညာနဲ့ အောင်မြင်တဲ့သူ ဖြစ်လာတာဟာ အဖေဖြစ်သူဆီက
ပန်းချီပညာကို ငယ်ငယ်ကတည်းက ထိတွေ့ခွင့် ရခဲ့တာကြောင့်ပါလို့ အာကာကျော်က ၀န်ခံပါ
တယ်။

"အဖေက နာမည်ကြီး ပန်းချီဆရာကြီးတော့ မဟုတ်ပါဘူး။ ပန်းချီတွေတော့ ဆွဲတယ်။ အဖေ့ကို
အရမ်းကျေးဇူးတင်ပါတယ်။ ငယ်ငယ်ကတည်းက ဒီပုံဆွဲတာနဲ့ ထိတွေ့လာခဲ့ပြီး ၁၀ တန်း
ပြီးလောက်တဲ့အချိန်မှာ ဂရပ်ဖစ်တီဆွဲတာကို အွန်လိုင်းကနေ စလေ့လာခဲ့တာပါ။ အဲဒီအချိန်ကစပြီး
ဒီပုံဆွဲတာကိုပဲ တစ်စိုက်မတ်မတ် လေ့လာဖြစ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကတော့ အရမ်းငယ်သေး
တော့ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်းလုပ်ချင်နဲ့ လေနေခဲ့တယ်"လို့ ပြောပြခဲ့ပါတယ်။

ထားဝယ်မှာ မွေးခဲ့ပေမယ့် နှစ်တန်း အရွယ်ကစပြီး မိသားစုလိုက် ရန်ကုန်ကိုပြောင်းခဲ့ကြပြီး
မွေးချင်းမှာ ငါးယောက်မှာ စတုတ္ထမြောက်ဖြစ်ပါတယ်။

အစပိုင်းမှာ ပြေလည်တဲ့ မိသားစုဖြစ်ပေမယ့် လောင်းကစားဝါသနာပါတဲ့ အဖေ့ကြောင့် မိသားစုမှာ
ဝင်ငွေကျဆင်းလာကာ အဆင်မပြေတာတွေ များလာပြီး ပတ်ဝန်းကျင်ရဲ့ အထင်သေးတာတွေကို
ခံခဲ့ရတာကြောင့် သူတို့ ညီအစ်ကို သုံးယောက်ကိုယ်တိုင် ၂၀၁၂ ခုနှစ်မှာ အဖေနဲ့ အမေကို
ခွဲလိုက်တယ်လို့ သူ့ဘ၀မှာ အခက်ခဲဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေကို ပြောပြပါတယ်။

"အဖေ့ကြောင့်ပဲ ကျွန်တော်တို့ငယ်ငယ်က ကောင်းကောင်းမွန်မွန် နေခဲ့ရတာပါ။ ရန်ကုန်ကို
ပြောင်းလာပေးလို့လည်း ပိုသိလာရတာတွေရှိတယ်။ အဖေက တစ်မိသားစုလုံးတောင် နိုင်ငံခြားမှာ
သွားနေနိုင်ဖို့ ကြိုးစားခဲ့တာပါ။ သူ့ရဲ့ လောင်းကစားလုပ်တာကို ကြိုက်တာကပဲ ဖျက်ဆီးသွားတာ။
ကျူရှင်လခတောင် မပေးနိုင်တဲ့အဖြစ်မျိုးတွေကိုပါ ကြုံလာရတော့ အမေကို ကျွန်တော်တို့
ရအောင် ရှာကျွေးမယ်၊ လိုက်ခဲ့ဆိုပြီး အဖေနဲ့ ခွဲလိုက်တာ။ ကျွန်တော်ကတော့ အဲဒီအချိန်မှာ
ပထမနှစ် ကျောင်းသားပါပဲ။ အစ်ကိုနှစ်ယောက်က အလုပ်လုပ်နေခဲ့တာ"လို့ ပြောပြပါတယ်။

နိုင်ငံရပ်ခြားသွားနေတဲ့ ဦးလေးဖြစ်သူရဲ့ အိမ်မှာ အမေကိုခေါ်ပြီး အတူသွားနေခဲ့ပေမယ့် ဦးလေး
ဖြစ်သူရဲ့ မိန်းမက မောင်းချလို့ ချက်ချင်း အိမ်ပေါ်က ဆင်းခဲ့ရတယ်လို့ပြောပြပြီး မွေးရပ်မြေက
အဖွားဖြစ်သူဆီ အမေကို ပို့ထားပြီး ညီအစ်ကို သုံးဦးတည်း ၁၈ လမ်းက ၈-လွှာမှာ ရှိတဲ့ တိုက်ခန်း
က မိသားစုတစ်စု အိမ်မှာ အိမ်ငှားနေခဲ့ရတယ်လို့လည်း သူတို့ညီအစ်ကို ရုန်းကန်ရပုံကို ပြောပြပါ
တယ်။

"နယ်မှာပြန်ပြီး ကောင်းကောင်းမွန်မွန် နေလို့ရပေမယ့် ဘ၀ကို သမားရိုးကျအတိုင်း ကြီးပြင်းသွား
မှာကို မလိုလားလို့ လမ်းဘေးမှာ အိပ်ရင်လည်း အိပ်ရပါစေဆိုပြီး ရန်ကုန်မှာနေခဲ့တာ။ အဲဒီအချိန်
ကျွန်တော်တို့မှာ ပိုက်ဆံအများကြီး မရှိတော့ အဲဒီမိသားစုအိမ်မှာ ငှားနေရတာ။ အိမ်ပြောင်းတဲ့
နေ့မှာပဲ အထုပ်တွေ အကုန်သယ်ပြီးမှ ပစ္စည်းတွေများလို့ဆိုပြီး လကုန်တာနဲ့ ပြန်ပြောင်းပေးလို့
အိမ်ရှင်က ပြောတော့ အမောက ဆို့သေးတယ်"လို့ အာကာကျော်ရဲ့ အစ်ကိုလည်းဖြစ်၊
အလုပ်အတွက် မန်နေဂျာတာဝန်လည်း ယူထားတဲ့ ကိုစိုးဝေထွန်းက ပြောပြပါတယ်။

"လမ်းဘေးမှာ အထုပ်တွေနဲ့ စောင့်နေရင်း အဲလိုစကားကို ကြားလိုက်ရတော့ ကျွန်တော်တို့
ဆုံးဖြတ်လိုက်ပါတယ်။ ဒါနောက်ဆုံးပဲ။ နောက်ထပ် ဒီလိုအဖြစ်မျိုး ဘယ်တော့မှ ထပ်မဖြစ်ချင်
တော့ဘူးဆိုပြီး။ လကုန်တော့ ယောက်ျားလေးအဆောင်မှာ ပြောင်းနေခဲ့တယ်" လို့လည်း
ပြောပြပါတယ်။

အဲဒီအချိန်တွေမှာ ပုံတွေဆွဲဖြစ်ခဲ့ပြီး သူငယ်ချင်းတွေအတွက် ဆွဲပေးလိုက်၊ ကန်တော်ကြီး
ပွဲတော်ရက်တွေမှာဆို ပို့စ်ကတ်တွေမှာ ပုံတွေကို တစ်ပုံ ၁,၅၀၀ နဲ့ ဆွဲရင်း တရုတ်တန်းမှာလည်း
အစ်ကိုတွေရဲ့ ဦးဆောင်မှုနဲ့ အင်္ကျီတွေလည်း ရောင်းခဲ့ဘူးတယ်လို့ အာကာကျော်က ဆိုပါတယ်။

"သုံးရက်လောက်ပါပဲ။ အခြေအနေအရ လုပ်ခဲ့ရပေမယ့် အမှန်တော့ လုံးဝစိတ်မပါခဲ့ဘူး။
နောက်တော့ ကျွန်တော် ဘုရားရဲ့ မျက်နှာတော်တွေကို မန္တလေးက စကျင်ရွာမှာ သွားဆေးခြယ်
သေးတယ်။ လခစား ၀န်ထမ်းလည်း မလုပ်ချင်ဘူး။ ဒီလိုပဲ သူငယ်ချင်းတွေ အပ်တဲ့ ပုံလေးတွေ
ဆွဲပေးရင် ပိုက်ဆံလေးတွေ စုမိတယ်"လို့ ပြောပါတယ်။

အဲဒီအချိန်တွေမှာ နံရံမှာ ပုံဆွဲဖို့ ဆေးဘူးတောင် မ၀ယ်နိုင်သေးဘဲ နေထိုင်စရိတ်အတွက် ရုန်းကန်
နေခဲ့တယ်လို့လည်း ဆိုပါတယ်။

ပုံစံမျိုးစုံနဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပေမယ့် ဘယ်တုန်းကမှ လက်လျှော့ဖို့ စိတ်မကူးမိသလို
ပိုပြီးတော့ ရုန်းထွက်ချင်လာခဲ့ကာ တချို့စာအုပ်ထဲက စာသားတွေကလည်း သူ့အတွက် အားဖြစ်
စေခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော် စာတော်တော် မဖတ်တာပါ။ ဒါပေမဲ့ ဖတ်လိုက်တဲ့ စာအုပ်ကနေလည်း မှတ်သားစရာ
တွေရတယ်။ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ စာရေးဆရာပြောတာက လူ တစ်ယောက်မှာ
ကိုယ်ပိုင် အရည်အချင်း ရှိပြီးသားဖြစ်လို့ အဲဒီအရာကို ဖော်ထုတ်နိုင်ပြီး တိုးအောင် လုပ်ဆိုတာ
မျိုးပါ။ စဉ်းစားကြည့်တော့ ကျွန်တော်လုပ်နိုင်တာက ပုံဆွဲတာပဲ။ အဲတော့ ဒါကိုပဲ ထပ်ပြီး
တိုးတက်အောင် လုပ်တော့မယ်ဆိုပြီး လုံးဝ ရွေးချယ်လိုက်တယ်"လို့ အာကာကျော်က
ပြောပါတယ်။

တရုတ်တန်းမှာ နေခဲ့တဲ့အချိန်တွေက အရမ်းတန်ဖိုးရှိပြီး အနီးအနားက လူတိုင်းက ပိုက်ဆံ
ဘယ်လိုရှာမယ်ဆိုတဲ့ စီးပွားရေးသမားတွေ ဖြစ်တာကြောင့် အတွေ့အကြုံအများကြီး ရခဲ့တယ်လို့
စိုးဝေထွန်းက ပြောပါတယ်။

နောက်ပိုင်း ပိုက်ဆံနည်းနည်း စုမိလာတဲ့ အခါမှာတော့ တက်တူးထိုးတဲ့စက် ၀ယ်ယူလိုက်ပြီး
တက်တူး ဒီဇိုင်းတွေ ဆွဲပေးကာ ကိုယ်တိုင်လည်း တက်တူးထိုးပေးတယ်လို့ အာကာကျော် က
ပြောပါတယ်။

သူနေတဲ့ လမ်းနားမှာ နိုင်ငံခြားသားတစ်ယောက်ရဲ့ ဂရပ်ဖစ်တီကိုမြင်ပြီး ဘေးနားကနေ စုတ်တံနဲ့
ပုံဆွဲခဲ့ရာက နောက်နေ့မှာပဲ လူငယ်တစ်ဖွဲ့က ပုံဆွဲပေးဖို့ လာခေါ်ရင်းနဲ့ ပုံဆွဲတာကို ပြန်စဖြစ်ခဲ့သလို
တက်တူးထိုးလို့ရတဲ့ ပိုက်ဆံနဲ့ ဆေးဘူးဝယ်ရင်း စဆွဲဖြစ်ခဲ့တာကတော့ ကမ်းနားလမ်းက
ဦးသိန်းစိန်ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။

"ဦးသိန်းစိန်ပုံ ဆွဲဖြစ်တာက အဲဒီအချိန်မှာ သူ နိုဘယ်ဆုဆန်ခါတင်ပါတဲ့ အချိန်ဖြစ်လို့ ဂုဏ်ပြုတဲ့
အနေနဲ့ ဆွဲဖြစ်ခဲ့တာပါ။ နောက် အိုဘားမားတုန်းကတော့ သူ့ကို ကြိုဆိုချင်တာကြောင့် ဘာလုပ်
ရမှန်းလည်း မသိဘူး။ နောက်တော့ ပုံပဲဆွဲတတ်တာဆိုတော့ ပုံဆွဲပြီးတော့ပဲ ကြိုဆိုလိုက်တာပါ။
ပိုက်ဆံမရှိလို့တောင် ပိုက်ဆံချေးပြီး ဆွဲရတာ"လို့ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက အကြောင်းတွေကို
ပြန်ပြောင်းပြောပြပါတယ်။

အခုချိန်မှာ အဖေရော၊ အမေပါ မိသားစု တစ်ပေါင်း တစ်စည်းတည်း ပြန်နေနိုင်ပြီလို့လည်း
အာကာကျော်က အပြုံးနဲ့ ဆိုလိုက်ပါတယ်။

သူလိုမျိုး လူငယ်တွေကိုလည်း "တကယ် ဖြစ်ချင်တဲ့အရာကို တန်ဖိုးထားယုံကြည်ပြီး လုပ်ကြည့်
လိုက်ပါ။ သေချာပေါက် ကိုယ်တန်ဖိုး ထားသလောက် ပြန်ရမှာပါ" လို့ ပြောပါတယ်။

လက်ရှိမှာ စီးပွားရေးအရ လုပ်နေတဲ့ အလုပ်တွေ ရှိပေမယ့် လူမှုရေးအဖွဲ့အစည်းတွေ၊ ပရဟိတပွဲ
တွေအတွက်ဆို ငွေကြေးနဲ့မဟုတ်ဘဲ အနုပညာဖန်တီးမှုတွေ ပြုလုပ်ပေးပါတယ်လို့လည်း
ဆိုပါတယ်။

"ပိုက်ဆံဆိုတာထက် ကျွန်တော့်ရဲ့ အနုပညာကို တန်ဖိုးထားပေးဖို့ပဲ မျှော်လင့်တယ်။ အဲဒီတော့
တန်ဖိုးထားပေးတဲ့ လူတွေနဲ့ဆို အကောင်းဆုံး အလုပ်လုပ်ဖြစ်ပြီး စီးပွားရေးအရမ်းဆန်တဲ့ လူတွေ
နဲ့တော့ စီးပွားရေးဆန်ဆန်ပဲ အလုပ်လုပ်တယ်"လို့ အာကာကျော်က ဆိုပါတယ်။

"အခုလက်ရှိ အခြေအနေက ကျွန်တော်တို့အတွက် အရမ်းကို အခြေခိုင်နေတာမျိုး မဟုတ်ဘဲ
ဒီထက်ပိုပြီး ကြိုးစားရဦးမှာပါ။ ဘယ်တော့မှလည်း ကြိုးစားမှုကို ရပ်တန့်သွားမှာမဟုတ်ဘဲ
အမြဲ ရှေ့ဆက်သွားမယ်" လို့လည်း ခိုင်မာပြတ်သားတဲ့ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။


လွင်မာထွန်း

မြန်မာတိုင်း(မ်)

အပြည့်အစုံသို့ »

မြန်မာ စပါးကြီးေ မြွတွေရဲ့ မှတ်ဉာဏ်



ဖလော်ရီဒါ ပြည်နယ်မှာ ရှင်သန် ပေါက်ဖွား နေတဲ့ မြန်မာ စပါးကြီး ခေါ် စပါးအုံးေ မြွကြေီး တွေဟာ မွေးရပ်ကို ခင်တွယ် တဲ့ စိတ်ရှိတယ်လို့ သုတေသီတွေက မကြာခင်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

The Royal Society journal Biology Letters ပါ ဆောင်းပါး တပုဒ် အရ ပင်လယ် လိပ်ကြီးတွေနဲ့ အလားတူ မြန်မာ စပါးကြီးေ မြွကြေီးတွေဟာလည်း နေရပ်ရင်း ပြန်နိုင်တဲ့ မှတ်ဉာဏ် စွမ်းအား ရှိတယ်လို့ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တောင်စွန်းက ပူနွေးတဲ့ ဖလော်ရီဒါ ပြည်နယ်မှာ ပေါက်ပွား ပေါများ နေတဲ့ မြန်မာေ မြွကြေီး တွေကို ဖမ်းမိလို့ တနေရာမှာ သွားလွှတ် ပေးလိုက်ရင်လည်း သူတို့မူလ လာတဲ့အရပ်ကို မိုင်အတော် ဝေးတဲ့ထိ ပြန်သွား နိုင်တယ်လို့ တွေ့ရှိ ခဲ့တာပါ။

ဘီဘီစီ(မြန်မာပိုင်း)

အပြည့်အစုံသို့ »