အခြေခံဥပဒေမပြင်လိုသူများသည် ပညာမဲ့ခြင်း၊ စေတနာမဲ့ခြင်းနှင့် သတ္တိမရှိခြင်းတို့ကြောင့်ဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မိုးကုတ်မြို့တွင်ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးနေသည့် မြို့ခံများကို မတ်လ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ− မောင်တာ)
ဒီမိုကရေစီစံနှုန်းများ နှင့် ကိုက်ညီမှုမရှိသော ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအား မပြင်လိုသူများသည် ပညာမဲ့ခြင်း၊ စေတနာမဲ့ခြင်းနှင့် သတ္တိမရှိခြင်းတို့ကြောင့် မပြင်လိုခြင်းဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မတ်လ ၂၂ ရက်က အခြေခံဥပဒေပြင်ဆင်ရေး မိုးကုတ်မြို့၊ အောင်နန်းရပ်ကွက်၊ မြို့နယ် အားကစားကွင်းတွင် မြို့ လူထုနှင့်တွေ့ဆုံဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘ပြင်သင့်တာကိုမပြင်တာဟာ ပညာမဲ့လို့လည်းဖြစ်နိုင်တယ်။ စေတနာမဲ့လို့လည်းဖြစ်နိုင်တယ်။သတ္တိမရှိလို့လည်းဖြစ် နိုင်တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံမပြင်ဆင်လိုဟု ပြောဆိုနေမှုများနှင့်ပတ်သက်၍ ဝေဖန်ပြောကြားသည်။

တပ်မတော်သားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား  ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားရကြောင်း၊သို့သော် ပြည်သူပြည်သားများအား အကျိုးမပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေခြင်းသည် ပြည်သူ့အကျိုးက ထိပါးရာရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့်အပိုင်းများ၊ ဘာအတွက်ပြင်ဆင်လိုသည်၊ ဘယ်လို ပြင်ဆင်မည်၊ ပြင်ဆင်လိုသည့် ပုဒ်မများအား အစားထိုးလိုသည့် အကြောင်းများကို ရှင်းလင်းစွာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မပြင်လိုသည့် ပုဂ္ဂိုလ်များအနေဖြင့်  မည်သည့်အတွက်ကြောင့် မပြင်လိုသည်ဆိုသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ပြီး အဖြေသည် အလွန်စိတ်ဝင်စားဖွယ်ရာကောင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘မပြင်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာကြောင့်မပြင်ချင်တာလဲ။ ပြင်ရကောင်းမှန်းမသိလို့လား။ ပြင်ရကောင်းမှန်းမသိလို့ မပြင်တာဆိုရင် ဘာကြောင့်ပြင်ဖို့လိုတယ်ဆိုတာ လေ့လာကြပါ။ ကျွန်မတို့ အခုပြောနေတာ တပ်မတော်တစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မိုးကုတ်မြို့တွင် ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲသို့ မြို့လူထု ထောင်ဂဏန်းကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ ၉၈ ရာခိုင်နှုန်းခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒပြုခဲ့ ကြသည်။

7day daily

အပြည့်အစုံသို့ »

ကမ္ဘာတိုင်မယ့် မဟာဂနိုင်


ဂျက်ကွမ်းခြံကုန်း

(တစ်)
တောလုံး အုန်းအုန်း ကျွက်ကျွက်ဆိုတာ ဒါမျိုးထင်ပါ ရဲ့။ ခြေလေးချောင်းတွေရော၊ ခြေနှစ်ချောင်းတွေရော၊ တွားသွားတွေရော၊ ရေထဲမိုးထဲမှာမှ ပျော်ပါးတဲ့အကောင်တွေရော အစုံအစုံ။ တစ်ကောင်တစ်မြီးမှမကျန် စုံနံ့သာမြိုင်ယံတစ်ခုလုံး ရုံးရုံးစုစုဖြစ်တဲ့နေ့လို့ပဲ ဆိုလိုက်ကြပါစို့ရဲ့။

‘‘စုံနံ့သာမြိုင်.. တစ်ခေတ် ဆန်းခဲ့ပါပြီ အဆွေတို့’’

အဲသဟာ မြေခွေးရဲ့မိန့်ခွန်း ကို စ,စချင်းဖွင့်လိုက်တဲ့ နှုတ်ခွန်း ဆက်စကားပါပဲ။ ခွေးအ လေးငါး ခြောက်ကောင်က သဘောကျ လွန်းလို့ထင်ပါရဲ့။ အူလိုက်တာ များဆိုတာ သံရှည်ကြီးကိုဆွဲလို့။ သြော်.. စုံနံ့သာမြိုင်တစ်ခေတ် ဆန်းပြီတဲ့။ ဟုတ်ကဲ့။ အနှီစကား ဟာဖြင့် မှားတော့လည်း မမှားပေ ဘူးပေါ့။ စုံနံ့သာမြိုင်လို တိရစ္ဆာန် တို့ကျက်စားနေထိုင်ကြရာ တော ကြီးအတွင်းကို မလှမ်းမကမ်း အရပ်တစ်ပါးဆီက လူသားဆိုသူတို့ရောက်ရှိလို့လာခဲ့ကြပေတာကိုး။ အဲသဟာကို တစ်ခေတ်ဆန်းပြီလို့ပြောမယ်ဆိုရင်လည်း  ပြော လောက်စရာပေပေါ့။  ဟုတ်ပ။ မြေခွေးပြောတဲ့အတိုင်း တစ်ခေတ်ဆန်းပြီလို့ ဆိုလိုက်ကြပါစို့။

အဲဒီနေ့က တိရစ္ဆာန်တွေကို အုပ်စုကြီးနှစ်စု ခွဲထားခဲ့တာခင်ဗျ။ တစ်စုက အသားစားသတ္တဝါများ တဲ့။ တစ်စုက အသားမစားသတ္တ ဝါများ။ အဲနီးမဲစတုဒိသာဆိုလား ဘာဆိုလား။ ကိုယ်ကြိုက်တာ ကိုယ်စား။ အသားစားသတ္တဝါများ အတွက်က တောဝက်သား၊ အမဲ သား၊ ဂျီသား၊ ဆတ်သား၊ ဒရယ် သား၊ သမင်သား၊ ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုးစုံနေလိုက်ပုံများ။ အသားမစားတဲ့အကောင်တွေ အတွက်ကတော့  ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ ပိန္နဲသီး၊ မာလကာသီး၊ ကြံ၊ ကန်စွန်းရွက်၊ မြက်၊ စပါး၊ ဂျုံ၊ မုန်လာ၊ မုန်ညင်း၊ ပုတတ်စာနဲ့ ငရုတ်သီးကလေး များတောင်ပါဝင်ပါသဗျ။ ကြိုက် တဲ့တိရစ္ဆာန်လာ။ အဝစား။ အဲနီး မဲ စတုဒိသာ။

အဲဒီ အဲနီးမဲ စတုဒိသာပွဲကြီး မှာ မြေခွေးက မိန့်ခွန်းမြွက်ကြား တာပါ။ စုံနံ့သာမြိုင်တစ်ခေတ် ဆန်းခဲ့ပါပြီတဲ့။ တောရဲဦးသျှောင် မြေခွေးမောင် စ,စချင်းပြောလိုက် တဲ့စကားပေါ့။

အဲနီးမဲ စတုဒိသာပွဲကြီးကို ဝှဲချီးဆင်ယင်ကျင်းပပေးတာက မလှမ်းမကမ်းအရပ်တစ်ပါးဆီက လူတွေ။ အသားဝါဝါနဲ့။ နှာခေါင်း တိုတိုနဲ့။ မျက်လုံးပိတ်ပိတ်နဲ့။

သူတို့က သစ်တောနဲ့ သစ် တောထွက်ပစ္စည်းရောင်းဝယ် ဖောက်ကားရေးလုပ်ငန်းအတွက် တစ်တောလုံးကို လေလံဆွဲထား တဲ့ လူတွေကိုး။ အဲသမှာ အနှီလူ တွေက တောတွင်းတိရစ္ဆာန်နဲ့ လူ တို့အပြန်ပြန်အလှန်လှန် ကူးလူး ဆက်ဆံ ရောင်းဝယ်ဖောက်ကားမှု မြန်ဆန်စေရန်ဟူသောအလို့ငှာ စုံနံ့သာမြိုင်တောကြီးကိုဖြတ်ကာ လမ်းမကြီးတစ်ခု ဖောက်ပေးချင် ပါသဗျာဟု အကြံပြုတိုက်တွန်း လာသောအခါ မြေခွေးက သူ့ အနားမှာ ဝန်းရံခနေတဲ့ ဝံပုလွေ များ၊ ခွေးအများ၊ ကမ္ဘာ့လိပ်ကြီး များ၊ ကျားများ၊ ဆင်များ၊ ခြင်္သေ့ များနဲ့ ဆွေးနွေးနှီးနှောကြည့်လိုက် တဲ့အခါ ဒါဟာ တိရစ္ဆာန်လောက တစ်ခေတ်ဆန်းဖို့ဖြစ်လာတာပဲဆိုတဲ့အဖြေကိုရကြသဗျ။  တိုတို ပြောရရင် စုံနံ့သာမြိုင်တောကြီး ကိုဖြတ်ကာ လမ်းဖောက်ကြစေ ဆိုပါတော့။ အဲသမှာ လောက ဓာတ်တစ်ဝန်းမှာဖြင့် တောတစ် ဇာတ်ဆန်းလေပြီဆိုတဲ့ အထိမ်း အမှတ်နဲ့အဆိုပါ လူသားတို့က အကုန်အကျခံပြီး အဲနီးမဲစတုဒိသာ တည်ခင်းဧည့်ခံကျွေးမွေးတာပါ တဲ့ခင်ဗျ။

အနှီပွဲမှာ တည်ဆဲခေါင်း ဆောင်ကြီး မြေခွေးက မိန့်ခွန်း မြွက်ဟခဲ့လေတာပါ။ ဘာတဲ့.. အခုနပြောခဲ့ပြီးပါပြီ။ မိန့်ခွန်းကို စ,တင်လိုက်ပုံက လှလိုက်တဲ့ စကား။ စုံနံ့သာမြိုင်တစ်ခေတ် ဆန်းခဲ့ပါပြီဟူလို။

(နှစ်)
‘‘ပတ္တမြားကိုဖြင့်

ရွှေကွပ်ခဲ့လေပြီ’’တဲ့။

သည်မှာ ဘက်နှစ်ပိုင်းတွေ ထဲမှာ  မြေခွေးတော်တော့ကို စကားတတ်လာတာကိုး။ အခု လည်းကြည့်။ မိန့်ခွန်းအစမှာ မြွက်ဟလာပုံက ရိုးရိုးစင်းစင်း ကြီးမဟုတ်။ အဆင်တန်ဆာနဲ့။ အလင်္ကာနဲ့။ ပတ္တမြားကို ရွှေနဲ့ ကွပ်ပြန်ပြီဆိုလား။ မြေခွေးမိန့် ခွန်းပြောနေတဲ့သစ်တုံးကြီးရဲ့ ပတ်ပတ်လည်မှာက လူတွေလူတွေ။ လက်နက်ကိုယ်စီနဲ့။ အယောက်လေးငါးခြောက်ဆယ်တစ်ရာဝန်းကျင်တော့ရှိမယ်ထင်ပါရဲ့။

‘‘ဘယ်တုန်းကမှ မရရှိဖူးတဲ့ လုံခြုံသမှုကို ကျွန်ုပ်တို့တောကြီး ရရှိခဲ့ပါပြီ.. အဆွေ.. တိရစ္ဆာန် အပေါင်းတို့.. တိရစ္ဆာန်နဲ့လူသား လွယ်ကူစွာ ရောင်းဝယ်ဖောက် ကားနိုင်ရန်အလို့ငှာ.. တောကို ဖြတ်ပြီး လူ့ရွာဆီလမ်းဖောက်ပေး ခဲ့ကြတဲ့.. ကျေးဇူးရှင်မဟာလူ သားတို့က လမ်းကိုအန္တရာယ်ရန် စွယ်.. မကျရောက်နိုင်စေရန်အလို့ ငှာ.. လက်နက်အစုံအလင်နဲ့ လမ်းကိုလုံခြုံရေးဆောင်ရွက်ပေး ပါတော့မယ်တဲ့ခင်ဗျ.. အဲသဟာ ကြောင့် ကျွန်ုပ်က တင်စားလိုက် ချင်ပါရဲ့.. ပတ္တမြားကို ရွှေကွပ်ခဲ့ ပြီ မဟုတ်တုံသလော.. မဟာ့ မဟာ.. အဟိတ်တိရစ္ဆာန်အပေါင်း တို့’’

မြေခွေးမင်းမိန့်ခွန်းမြွက်ဟ လို့အပြီး နောက်တစ်ရက်က စ,လို့ စုံနံ့သာမြိုင်ကို အူကြောင်း တည့်တည်ကနေဖြတ်သွားတဲ့ လူနဲ့တိရစ္ဆာန် အမြန်လမ်းမကြီး တစ်လျှောက်မှာ  လူလက်နက် ကိုင်တွေ ဖွေးဖွေးလှုပ်လို့။ ပတ္တမြားကို ရွှေကွပ်ခဲ့လေပြီထင့်။

(သုံး)
‘‘ရှင်ဘုရင့်ပုဆိုးနှယ် ပိုးတွေ ချည်းဖြစ်ကုန်ပါရော့’’

မြေခွေးကဖြင့် သူ့တောကို သူညွှန်းလို့ကို မပြီးနိုင်တော့ပါ ဘူး။ တစ်ခေတ်ဆန်းပြီလို့ပြော လိုက်၊ ပတ္တမြားကို ရွှေကွပ်ပြီလို့ ပြောလိုက်၊  ရှင်ဘုရင့်ပုဆိုးလို ပိုးတွေချည်းဖြစ်ကုန်ပြီလို့ပြော လိုက်။

အသားဝါဝါ၊ နှာခေါင်းတို တို၊ မျက်လုံးပိတ်ပိတ်နဲ့ ကျေးဇူး ရှင်လူသားတို့ ဖောက်ပေးထားတဲ့ လမ်းကြီးပေါ်ကနေ သစ်ပင်၊ သစ် လုံး၊ သစ်သား၊ သစ်ချောင်း၊ ဆင် စွယ်၊ ကျားသစ်အရေခွံ၊ ကျားရိုး၊ စပါးကြီးသည်းခြေ၊ မိကျောင်း အရေခွံ၊ ပျားရည်၊ ငှက်သိုက်၊ တောသား၊ တောင်သား လွတ် လွတ်လပ်လပ်ကြီး စီးဆင်းသွား နေလိုက်ကြရုံသာမက စုံနံ့သာ မြိုင်ရဲ့ စီးပွားရေးကို အဘယ်သူ တစ်ယောက်ကမှ မနှောင့်ယှက် နိုင်ရန်အလို့ငှာ လမ်းရဲ့လုံခြုံရေး ကိုပါ ယူပေးထားရုံနဲ့မပြီး မြေခွေး ရဲ့လုံခြုံမှုနဲ့ တောရဲ့လုံခြုံမှု အတွက်ကိုပါ အထူးလူသားတပ်ဖွဲ့များနဲ့ ဝန်းရံစောင့်ရှောက်ပေးပါရစေလို့ တောင်းဆိုလာပြန်တဲ့ အခါ စုံနံ့သာမြိုင်တောကြီးဟာ ရှင်ဘုရင့်ပုဆိုးလို ပိုးတွေချည်းဖြစ် ကုန်လေပြီလို့ မြေခွေးမင်းပြုံးပြုံး ကြီးနဲ့ မြွက်ဟလာခဲ့ပြန်လေတာ ပါ။

အဲ.. စုံနံ့သာမြိုင်ကို လုံခြုံ စိတ်ချရအောင် အစောင့် အရှောက်ပေးတော်မူပါလို့ လူ သားတို့ထံ မြေခွေးမင်းအပ်နှံသောနေ့ကလည်း အဲနီးမဲ စတုဒိသာပွဲကြီးတည်ခင်းပြီး လူတွေက တိရစ္ဆာန်တွေကို ကျွေးကြသေးသဗျ။

(လေး)
အခုဆို စုံနံ့သာမြိုင်ကနေ လူတွေဆီသွားတဲ့လမ်းမှာ ကား အစီးစီးက မတရားတဝှီးဝှီးရယ်ပေါ့။ လက်နက်ကိုင်လူတွေကလည်း တောလုံးရယ်မှ အနှံ့ရယ်သာပါ။

အဲနီးမဲစကူးလ် (Animal School)ကလေးတစ်ခုရှေ့ကနေ ဖြတ်လျှောက်မိတော့ တိရစ္ဆာန် ကလေးတွေ သီချင်းသံပြိုင်သီဆို နေကြလေသဗျ။ ကမ္ဘာမကျေနဲ့ ခပ်ဆင်ဆင်ရယ်ပါ။

‘‘ကမ္ဘာတိုင်...

မဟာဂနိုင်...

တို့ဘိုးဘွားအမွေတောမို့

တို့သာပဲဆိုင်...

တို့တောကို

တို့သဘောနဲ့

တို့နေမယ်အပိုင်’’တဲ့။

သြော်.. တိရစ္ဆာန်ကလေး တွေ။ သီချင်းထဲမှာဖြင့် အားနဲ့ မာန်နဲ့ပါပဲကလား။။

(ဖော်ပြပါ သရော်စာသည် စာရေး

သူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်

သာဖြစ်သည်)

7day daily

အပြည့်အစုံသို့ »

သန်းခေါင်စာရင်းကောက်ရင်မေးမဲ့ မေးခွန်းတွေ



(၂၀၁၄ ခုနှစ် ၊သန်းခေါင်းစာရင်းကောက်ယူခြင်းမေးခွန်းများ အိမ်ထောင်စုဝင်အတွက်မေးခွန်း (၄၁)ချက် )
သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပက်သက်ပြီး မွန်လူငယ်များ
လုပ်အားပေးခြင်း၊ သို့ ၊ မွန်မိသားစုများသောရပ်ကွက်များတွင် တတ်အား
သရွှေ့ စာရင်းကောက်မူ စာရင်းသွင်းမှု မှန်ကန်စေရန် အတွက်လုပ်အား
ပေးကြဘို့နိုးဆော်ပါတယ်။
၁။လူဦးရေအမှတ်စဉ်
၂။အိမ်ရှိလူအများ၏အမည်စာရင်း
၃။အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ
၎။ကျား/မအရေအတွက်
၅။လက်ရှိပြည့်ပြီးအသက်
၆။အိမ်ထောင်ရေးအခြေအနေ
ရ။ကိုးကွယ်သည့်ဘာသာ
ဂ။လူမျိုး
မေးခွန်း နံပါတ်( ၈ ) မွန်လူမျိုး Code No. 601 အဖြစ်ဖြည့်သွင်းဖို့ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ အရေးကြီးတာမို့လူတိုင်း
ဖြည့်ကြရမှာဖြစ်ပါတယ်။
၉။မိသားစုထဲမှ မသန်းစွမ်းမှုအခြေအနေ
၁၀။ကိုင်ဆောင်သည့်မှတ်ပုံတင်လက်မှတ်
၁၁။မွေးဖွားရာဇာတိ
၁၂။မွေးဖွားရာဇာတိ(မြို့။ကျေးလက်)မှာလား
၁၃။အမြဲတမ်းနေထိုင်သည့်နေမြဲအရပ်
၁၄။အမြဲတမ်းနေထိုင်သည့်အရပ် (မြို့။ကျေးလက်)
၁၅။နေမြဲအရပ်၌နေထိုင်သည်မှာဘယ်နှစ်နှစ်ရှိပြီလဲ
၁၆။နေမြဲရပ်သို့ဘာကြောင့်ပြောင်းရွှေ့ရပါသလဲ။
၁၇။နေမြဲအရပ်သို့ပြောင်းမလာခင်နောက်ဆုံးနေသည့်ဒေသ
၁ဂ။နောက်ဆုံးနေသည့်ဒေသ (မြို့။ကျေးလက်)လား
၁၉။စာတတ်/မတတ် ၂၀။ကျောင်းနေဖူးသလား/မနေဖူးလား
၂၁။အမြင့်ဆုံးတတ်ရောက်ပြီးစီးခဲ့သည့်အတန်း
၂၂။အလုပ်အကိုင်အမျိုးအစား
၂၃။လွန်ခဲ့သော(၁၂)လအတွင်း အဓိကလုပ်ကိုင်ခဲ့သောအလုပ်အကိုင်
၂၄။လွန်ခဲ့သော (၁၂) လအတွင်းလုပ်ကိုင်ခဲ့သည့်လုပ်ငန်းအဖွဲ့အစည်း အမည်၊ အစိုးရဌာနအမည်
၂၅။အရှင်မွေးဖွားခဲ့သော ကလေးအရေအတွက်
၂၆။မိဘနှင့်အတူနေကလေးအရေအတွက်
၂၇။မိဘနှင့်အတူမနေဘဲအခြားတွင်နေထိုင်သောကလေးအရေအတွက်
၂၈။မွေးဖွားပြီးမှ သေဆုံးသွားသောကလေးအရေအတွက်
၂၉။နောက်ဆုံးအရှင်မွေးကလေး၏မွေးသက္ကရာဇ်(လ၊ခုနှစ်)
၃၀။နောက်ဆုံးအရှင်မွေးကလေးသည် (ကျား၊မ)လား
၃၁။နောက်ဆုံးကလေးသည် အသက်ရှိ/ မရှိ
၃၂။အိမ်ထောင်စု၏နေအိမ်အမျိုးအစား
၃၃။အိမ်ပိုင်ဆိုင်မှုအမျိုးအစား
၃၄။သင့်အိမ်ထောင်စုတွင် အလင်းရောင်အတွက်အသုံးပြုသည့်မီးအမျိုးအစား
၃၅။သင့်အိမ်ထောင်စုအတွက်သောက်/သုံးရေ သုံးစွဲမှု
၃၆။ချက်ပြုတ်ရန်အတွက် အဓိကအသုံးပြုသည့်လောင်စာ
၃၇။အိမ်ထောင်စုတွင်အသုံးပြုသည့် (အိမ်သာ) အမျိုးအစား
၃၈။နေအိမ်အဆောက်အဦး တွင် အဓိကအသုံးပြုသည့်ပစ္စည်း
၃၉။ပိုင်ဆိုင်သည့်ပစ္စည်းအားအရေအတွက်ဖော်ပြရန်မလိုဘဲ ရှိ/မရှိသာဖော်ပြရန် (တီဗွီ၊ဆိုင်ကယ်၊ကွန်ပျူတာ၊ဖုန်း)
၄၀။အိမ်ထောင်စုထဲမှနိုင်ငံခြားသို့ ရောက်ရှိနေသူအရေအတွက်
၄၁။လွန်ခဲ့သော(၁၂)လအတွင်း မိသားစုထဲမှသေဆုံးသူအရေအတွက်
(မှတ်ချက် မေးခွန်းအမှတ်စဉ် (၁၉၊၂၀၊၂၁)ကို အသက်(၅)နှစ် နှင့်အထက်မေးရန် )
မေးခွန်းအမှတ်စဉ် (၂၂၊၂၃၊၂၄)ကို အသက်(၁၀) နှစ်နှင့်အထက်မေးရန် မေးခွန်းအမှတ်စဉ် (၂၅၊၂၆၊၂၇၊၂၈၊၂၉၊၃၀၊၃၁)ကို အိမ်ထောင်ကျဖူးသူအမျိုးသမီး အသက်(၁၅)နှစ်နှင့်အထက်မေးရန်။
စာရင်းကောက်ဆရာ၊ဆရာမများမှမေးမြန်းမည်ဖြစ်၍ကြိုတင်သိရှိရန်အတွက်အကြာင်းကြားထားပေးခြင်းဖြစ်သည်။
(ကောက်မည့်နေ့ ၂၀၁၄ခုနှစ် မတ်လ (၃၀) ရက်နေ့မှဧပြီလ(၁၀)ရက်နေ့အထိ)

Myawady News

အပြည့်အစုံသို့ »

ရဲတပ်ဖွဲ့၏ နာမည်ပျက်ကို အဖတ်ဆယ်ရန်ကြိုးစားခြင်း



ဖေဖော်ဝါရီ၂၀ရက်တွင် ရန်ကုန်မြို့ အမှတ်(၈)ရဲတပ်ရင်း၌ လူစုလူဝေးထိန်းသိမ်းနည်း လေ့ကျင့်သင်ကြားနေစဉ်။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မကြာသေးမီရက်အတွင်း က ရန်ကုန်မြို့ဆင်ခြေဖုံးတွင် လာရောက်တပ်စွဲထားသည့် ရဲတပ်ဖွဲ့တစ်စုဆီသို့    ဒေါသထွက်ကာ စိတ်ဆိုးမာန် ဆိုးဖြစ်နေသော ယောက်ျားလေး လူငယ်အုပ်စုကြီးက ချဉ်းကပ်သွားကြသည်။ ရဲအရာရှိကတော့ လူများကို စိတ်ထိန်းထားရန် တောင်းပန်သည်။  လူအုပ်ကြီးက ရဲတွေကို ရေဘူးများဖြင့် ပစ်ပေါက်နေသည့်ကြားမှ ရဲမှူးသိန်းတိုးဇော်က အသံချဲ့စက်သုံးပြီး ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေသည်။ သူ့လူများက အေးဆေးစွာ လူစုကွဲသွားသည်အထိ လူအုပ်ကြီးကို နောက်ဆုတ်ခိုင်းစေပါသည်။ နံပါတ်တုတ်များ ဆွဲမထုတ်သလို ရိုက်ခြင်း၊ နှက်ခြင်းလည်း မရှိ။

ထိုမြင်ကွင်းက တကယ့်ဖြစ် ရပ်တော့မဟုတ်ပါ။ အီးယူခေါ် ဥရောပသမဂ္ဂ၏    ငွေကြေး ထောက်ပံ့မှုဖြင့် မြန်မာရဲအရာရှိ ကြီးများနှင့် ဥရောပက သင်တန်း ဆရာတွေ၏ စောင့်ကြပ်မှုအောက် က မြန်မာရဲတပ်ရင်း အမှတ် (၈) ၏သင်တန်းလေ့ကျင့်မှုတစ်ခု သာဖြစ်ပါသည်။ ထိုသင်တန်းမှာ မြန်မာစစ်အစိုးရအုပ်ချုပ်စဉ်က ပုန်ကန်ထကြွမှုများကို နှိမ် နင်းရန် အသုံးချခဲ့သည့် ရဲတပ်ဖွဲ့ကို ပြင် ဆင်ရန်ကြိုးစားသည့် အားထုတ် မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။

မြန်မာစစ်အစိုးရက အရပ် သားဦးဆောင်သည့် အစိုးရသို့ ပြောင်းလဲသည့် ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရ၏ နေ့ရက်တွေ  အဆုံးသတ်ခဲ့သည်။ သို့ရာတွင် တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်း သို့ ကူးပြောင်းနေသည့် အချိန်တွင် ရဲတပ်ဖွဲ့အတွက် အပြောင်းအလဲများက  ကိုးရိုးကားရားနိုင်လှ သည်။ စစ်တပ် နောက်ဆုတ်သွား ချိန်တွင် လူတွေက လွတ်လပ်ခွင့်ကို ပိုသဘောကျလာပြီး ဆန္ဒပြဖို့ ဘာသာရေးအဓိကရုဏ်းတွေ ပိုလုပ်လာကြသည်။ အပြောင်းအလဲက   ရဲတပ်ဖွဲ့ကို  လက်နက်နှင့် ငွေကြေး မပြည့်မစုံဖြစ်လာစေပြီး အဓိကရုဏ်းများတွင် ဘာလုပ်ရမှန်းမသိဖြစ်လာသည်။   တစ်ခါတစ်ရံ အင်အားအလုံးအရင်း သုံးသလို တစ်ခါတစ်ရံတော့ လူနှင့်အင်အား မမျှမတဖြစ်နေ၏။

ရဲမှူးချုပ် သူရဘိုနီက အီးယူကပေးသည့် သင်တန်းသည် သူ့အ ရာရှိများကို   ထိုပြဿနာများမှ ရှောင်လွှဲနိုင်အောင် ကူညီပေး သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ ဒီလုပ်ဆောင် မှုကို သင့်လျော်သလို အသုံးချရင် အဲဒီလိုပြဿနာမျိုး တွေ့လာရ တော့မှာ မဟုတ်ဘူး။ တကယ့်ကို နည်းစနစ်ကျ ခေတ်မီတဲ့ ရဲတပ်ဖွဲ့ ကသာ လူ့အခွင့်အရေးကို ကာ ကွယ်နိုင်တာပါ’’

အဆိုပါ စကားတွေက အ နောက်တိုင်း အစိုးရတွေအကြား ချင်ဆုံးစကားများဖြစ်ပါသည်။ ထို့ ကြောင့် ၎င်းတို့က မြန်မာရဲတပ်ဖွဲ့ နှင့်ပူးပေါင်းပြီး မြန်မာရဲတွေကို ကာကွယ်ရေးနှင့် အမှုထမ်းဆောင် ရေးမှာ ပိုပြီးကျွမ်းကျင်လာအောင် တွန်းအားပေးဖို့ စိတ်ထက်သန်နေ ကြခြင်းဖြစ်သည်။

သို့ရာတွင် အမှန်တကယ်အ ကောင်အထည်ဖော်ရာတွင်တော့ ထင်သလောက် မလွယ်ကူဟု မြန် မာနှင့် နိုင်ငံခြားသား ကျွမ်းကျင်သူ များက ဆိုပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရက်စက်ကြမ်းတမ်း မှု၊ အကျင့်ပျက်လာဘ်စားမှုတို့နှင့် နာမည်ကျော်စောနေပြီး အချက် အလက်သက်သေစုဆောင်းခြင်း စသော ခေတ်မီရဲတပ်ဖွဲ့များ၏ အ ခြေခံလုပ်ငန်းဆောင်တာများကို အနည်းအပါးလောက်သာ လေ့ ကျင့်သင်ကြားခဲ့ရသည်။

‘‘ကျွန်တော်တို့အနေနဲ့ အမှန် ကို သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကို သိ သိသာသာကြီး ပြောင်းလဲသွားဖို့ ၁၀ နှစ်ကနေ ၁၅ နှစ်လောက်လို တယ်။ ရည်ရွယ်ချက်ကတော့ ရဲ တပ်ဖွဲ့ကို နိုင်ငံတကာ ရဲအဖွဲ့ရဲ့ စည်းကမ်းတွေအတိုင်း တိုးတက် ဖို့ပဲ။ အခုအချိန်မှာတော့ အဲဒီက နေ ဝေးပါသေးတယ်’’ ဟု မြန်မာ ရဲတပ်ဖွဲ့နှင့်လက်တွဲကာ ရေရှည်ပြောင်းလဲပြုပြင်ရေးအတွက် ဆောင်ရွက်နေသော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုရုံး အကြီးအကဲ ဂျေဆင်အလိုက်က ပြောကြားသည်။

အနောက်တိုင်းနိုင်ငံများ၏ အားထုတ်မှုက မြန်မာနှင့် အိမ်နီး ချင်း တရုတ်နိုင်ငံအနေဖြင့် ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရပါသည်။ အ နောက်နိုင်ငံများနှင့် ကွဲပြားသော ပုံစံဖြင့် မြန်မာရဲတပ်ဖွဲ့နှင့် တရား ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံက ပြီးခဲ့သည့်နှစ်က  လက်မှတ်ရေးထိုး ထားပါသည်။

ဘိန်းဖြူနှင့် စိတ်ကြွဆေးကုန်သွယ်မှုတိုက်ဖျက်ရေး   မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့်အတူ   ဆောင် ရွက်နေသည့် အမေရိကန်အစိုး ရကတော့ အီးယူဥရောပနိုင်ငံ များထက်ပိုပြီး စိတ်အားထက် သန်စွာ ဆောင်ရွက်နေပါသည်။ ပြစ်တင်ဝေဖန်သံတွေ ညံနေသော် လည်း မြန်မာအစိုးရနှင့် လုံခြုံရေး တပ်များ ပိုမိုပူးပေါင်းဆောင်ရွက် ဖို့ ပြင်ဆင်နေပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာန လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး ၀ီလျံဘရောင်းဖီးလ် က မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် စက် တင်ဘာလက သွားရောက်ခဲ့ပြီး မြန်မာအစိုးရနှင့် နောက်ထပ်ရှေ့ ဆက် ဆောင်ရွက်ရန်ဆွေးနွေး ခဲ့သည်။ မေးမြန်းတွေ့ဆုံခန်း တစ်ခုမှာ ၎င်းက မြန်မာအစိုးရနှင့် ပတ်သက်ပြီး သူ၏ ဆောင်ရွက် မှုကို ယခုလို ပုံဖော်ပြခဲ့သည်။

‘‘၀ပ်။ လျှောက်။ ပြေးပေါ့ ဗျာ’’

     အမေရိကန်အနေဖြင့် နောက် ဆုံး၌    မြန်မာနိုင်ငံအစိုးရအား ရဲများခန့်အပ်ခြင်းနှင့် ရဲတပ်ဖွဲ့ကို လူမှုအဖွဲ့အစည်းရဲတပ်ဖွဲ့အဖြစ် မည်ကဲ့သို့ ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သင်ကြားကူညီ ပေးသွားနိုင်မည်ဟု ဘရောင်ဖီးလ် က မျှော်မှန်းထားပါသည်။

‘‘တချို့ မြန်မာရဲတွေက ထိုင်းနိုင်ငံက နိုင်ငံတကာရဲတပ်ဖွဲ့ သင်တန်းကျောင်းမှာ မူးယစ်ဆေး ၀ါးနှိမ်နင်းရေးအတွက် အမေရိ ကန်ကပေးတဲ့ သင်တန်းတွေ တက်နေကြတယ်။ အဲဒီသင်တန်း တက်ရောက်သူတွေထဲမှာ လူ့အ ခွင့်အရေးချိုးဖောက်ထားသူတွေ မပါဝင်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အ စစ်ခံရတယ်’’

အဆိုပါရဲအကယ်ဒမီသင် တန်းကျောင်း  တာဝန်ရှိသူတစ် ဦးက ပြောကြားရာတွင် ရာဇ၀တ် မှုထောက်လှမ်းခြင်းကဲ့သို့ နောက် ထပ်သင်တန်းများ ဖွင့်လှစ်နိုင် ရေးအတွက် ၎င်းတို့က မြန်မာစ ကားပြန်ကို လိုက်ရှာနေသည်ဟု ဆိုသည်။

‘‘တံခါးဖွင့်မှုတွေ မလုပ်တုန်း က သူတို့တွေ ဒါတွေကို အောင် မြင်အောင် လုပ်နိုင်ပါ့မလားဆို တာကို စိုးရမ်တာတွေ ရှိခဲ့တယ်။ အခုတော့ သူတို့တွေက ရေမြှုပ် တွေလိုပဲ ရလေပိုပိုပြီး ထပ်ထပ် သိချင်လာလေပဲ’’ ဟု အစိုးရ အ ရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိရဲတပ်ဖွဲ့ကို လာမည့် နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှု များ လုပ်သွားမည့်အရေးက အ လျင်စလိုမှုတွေ ရှိနေသည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် မုံရွာလက်ပံတောင်းတောင် ကြေး နီစီမံကိန်း၌ သံဃာတော်များနှင့် အရပ်သားများ ဆန္ဒပြခဲ့ပြီး အ ကြမ်းဖက်စွာ ဖြိုခွဲခဲ့ပြီးနောက်ပိုင်း တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ၀န် ချတောင်းပန်ရန် ဖိအားပေးခံရ သည်။

နိုင်ငံတကာအဖွဲ့အစည်းအ ချို့က မြန်မာရဲတပ်ဖွဲ့သည် မကြာ သေးမီက  ဖြစ်ပွားခဲ့သော မွတ်စ လင်ဆန့်ကျင်ရေး အကြမ်းဖက်မှု များတွင် ပြဿနာတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွင် လူအုပ်ကြီးက မွတ်စလင်အများ စုကို သတ်ဖြတ်နေသည့် အချိန် တွင် ရဲများက ဘာမျှမလုပ်ဘဲ ရပ် ကြည့်နေခဲ့သည်။ မြန်မာနိုင်ငံက အခြားဆန္ဒပြပွဲများမှာ ရဲများ၏ တုံ့ပြန်မှုနှင့် ယခုတုံ့ပြန်မှုက ကွဲ ပြားခြားနားလှသည်ဟု စောင့် ကြည့်သူများက ဆိုပါသည်။ သမ္မ တဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့က မြန်မာရဲများကို လူ အုပ်စု ထိန်းချုပ်ရန်သင့်လျော် သော ထိန်းချုပ်မှုလုပ်ရေး သင် တန်းများပေးရန် တောင်းဆိုခဲ့ရာ မှ အီးယူသင်တန်းအစီအစဉ် ဖြစ် လာခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ထိပ် တန်းအကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ဗြိတိ သျှကို လိုနီခေတ်ကတည်းကရှိခဲ့ သည့် ရဲများ၏ အခန်းကဏ္ဍကို ယခုဒီမိုကရေစီနိုင်ငံဖြစ်ချိန်မှာ ပြောင်းလဲဖို့  လိုအပ်နေပြီဟုဆို သည်။

‘‘ရဲတွေရဲ့ ပုံစံက ခြားနား သွားပြီလေ’’

သို့ရာတွင် လူအုပ်စုနှင့် မငြိမ်သက်မှုများကို ရဲများကိုင် တွယ်ခြင်းက ပြဿနာပိုကြီးစေ သည်ဟု အချို့ပညာရှင်များက ဆိုသည်။ မြန်မာနိုင်ငံတွင် ရဲများ၏ လစာက နိမ့်ပါး၏။ ထို့ကြောင့် ရဲအရာရှိများကို အလုပ်လုပ်နိုင် စေရန် အဆင့်အလိုက် အကျင့် ပျက်ခြစားမှုများ လုပ်ကိုင်ခွင့်ပေး ထားရသည်။

အများစုကတော့ ရဲများကို ရေပိုက်တွေ၊ ဒိုင်းအကာတွေလို လက်နက်ဖြည့်တပ်ဆင်ပံ့ပိုးမှုနှင့် ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိလာသည်။ ထိုကဲ့သို့ ပေးအပ် ခြင်းက ဆန္ဒပြလူအုပ်တွေကို ဖြို ခွင်းနှိမ်နင်းမှုတွေ လုပ်ရာမှာ ပို အားကောင်းလာစေသည်ဟု ဆို သည်။

နှစ်ဖက်စလုံးမှ ပြောကြား ရာတွင် မကြာသေးမီက ပြုလုပ်ခဲ့ သော ရဲသင်တန်းများက အနာ ဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ ပစ်ရန်ကတော့    အချိန်ယူရပါ မည်ဟု ဆိုသည်။

ရဲအရာရှိများကို လေ့ကျင့် ပေးနိုင်သလို ပြောင်းလဲမှုများအ တွက် ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ သေချာရန်ကတော့ အရေးကြီးလှ ပါသည်ဟု သင်တန်းဆရာများက ဆိုပါသည်။

‘‘စိတ်အတွေးအခေါ်တွေ ပြောင်းလဲဖို့ဆိုတာကတော့ တ ကယ့် စိန်ခေါ်မှုပဲ’’ ဟု ရဲအရာရှိ ပက်ထရစ်ဂစ်စတဲနစ်က ပြော ကြားသည်။ သူက သတင်းစာ ဆရာများအား သင်တန်းလေ့ကျင့် ရာ နေရာများကို ဦးဆောင်ပြသ ခဲ့သည်။ ရဲများက သတင်းမီဒီယာ များအတွက် သူတို့၏ တံခါးများ ကို ဖွင့်ပေးခဲ့သည်မှာ ပြောစမှတ် ဖြစ်စရာတစ်ခုဖြစ်ခဲ့၏။

သို့ရာတွင် မြန်မာနိုင်ငံသား များ ရဲများအပေါ် အမြင်ပြောင်း လဲစေဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းများ လုပ်ဆောင်ခြင်းက အ ခက်အခဲတစ်ခုဖြစ်ပါလိမ့်မည်။ မြန်မာပြည်သူအများစု၏ ရဲတွေ အပေါ် အမြင်က အတော်များ များ မပြောင်းလဲသေးပါ။

တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်က ရဲတပ်ဖွဲ့အပေါ် သြဇာလွှမ်းမိုးထားဆဲဖြစ်၏။ ယခု အချိန်ထိ ထိပ်တန်းရဲအရာရှိကြီး အများစုက မြန်မာစစ်တပ်မှ အ ရာရှိဟောင်းကြီးများဖြစ်သည်။

စစ်အုပ်ချုပ်ရေး အဆုံးသတ် မှုနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် ယခင်ကထက် အနည်းငယ် တော့ ပိုကောင်းမွန်လာသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက ပြောကြား သည်။ သူက ရဲတပ်ဖွဲ့မှနေ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအ ထိ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံ ရေးကဏ္ဍများတွင် စစ်တပ်က နက်နက်ရှိုင်းရှိုင်း  ပါဝင်ပတ်သက်နေ တုန်းပဲဟုဆိုသည်။

‘‘အဲဒီလူဟောင်းတွေက တ ကယ့်ကို ပြောင်းလဲဖို့ သိပ်ခက်တဲ့ လူတွေ’’

(၀ါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် Joseph J.Schatz ၏ Burma tries to overhaul its iron-fisted police ဆောင်းပါးကို ထားထားမြင့်     ဘာသာပြန်ဆို သည်)င်း ဆောင် ဦးကိုကိုကြီးက ပြောကြား သည်။ သူက ရဲတပ်ဖွဲ့မှနေ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအ ထိ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံ ရေးကဏ္ဍများတွင် စစ်တပ်က နက်နက်ရှိုင်းရှိုင်း  ပါဝင်ပတ်သက်နေ တုန်းပဲဟုဆိုသည်။
‘‘အဲဒီလူဟောင်းတွေက တ ကယ့်ကို ပြောင်းလဲဖို့ သိပ်ခက်တဲ့ လူတွေ’’
(၀ါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် Joseph J.Schatz ၏ Burma tries to overhaul its iron-fisted police ဆောင်းပါးကို ထားထားမြင့်     ဘာသာပြန်ဆို သည်)

7day daily

အပြည့်အစုံသို့ »

ဖွဲ့စည်းပုံပြင်ဖို့ တိုင်း ၃ တိုင်းမှာ ဆန္ဒပြခဲ့ကြ


မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြပွဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ ဒေါပုံနဲ့ ဗဟန်း၊ မန္တလေးတိုင်းမှာ အောင်မြေသာစံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တို့မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ သူတဦးဖြစ်တဲ့ ကိုဝိုင်းချစ်အောင်က သူတို့ ဆန္ဒပြခဲ့ပုံကို အခုလို ပြောပြပါတယ်။
“စီတန်းလမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီ စီတန်းလမ်းလျှောက်တဲ့အခါမှာ ကျနော်တို့တွေ ကြွေးကြော်သံ ၁၀ ချက်ကို တိုင်ပြီး စီတန်းလမ်းလျှောက်ခဲ့ကြတယ်။ ကျနော်တို့ စုရပ်က ၈၀၊ ၈၁ လမ်းကြား ၄၁ လမ်း၊ ပေါက်မြိုင်ကျောင်း တောင်ဘက်မှာ စုပြီးတဲ့အခါကြတော့ လမ်း ၈၀ အတိုင်း၊ ၃၇ လမ်းပေါ့ခင်ဗျ၊ အဲဒီ ၃၇ လမ်းအတိုင်း ၈၁၊ ၈၁ အတိုင်း ၃၆ ပေါ့ခင်ဗျ၊ ၃၆ အတိုင်း ၈၂၊ ၈၂ ကနေ ၄၁ ကို ပြန်လာပြီး ၄၁ စုရပ်မှာပဲ ကျနော်တို့ ပြီးဆုံးတယ်ခင်ဗျ။”

မန္တလေး အခြေခံဥပဒေပြင်ရေးဆန္ဒပြပွဲကို လူ ၃၀၀ ခွင့်ပြုချက်နဲ့ လုပ်ခဲ့ကြတာဖြစ်ပြီး ထောင်နဲ့ချီ ပါဝင်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

မုံရွာမြို့မှာတော့ ပြည်သူလူထု ၃၅၀၀ ကျော် ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ ဆန္ဒပြခဲ့ကြပုံကို ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ဦးသန်းအေးက ခုလို ပြောပြပါတယ်။

“မုံရွာ ဘောလုံးကွင်းမှာ စုပြီးတော့မှ အဲဒီကနေပြီးတော့ ကျောက်ကာလမ်းက သွားတယ်။ အဲဒီကနေပြီး ပေ ၈၀ ကနေ သာစည်ဈေး၊ သာစည်ဈေးကနေပြီး ဘောလုံးကွင်းကို ပြန်ဝင်တယ်။ အဖွဲ့အစည်းတွေက ဒီမိုကရက်တစ် အင်အားစုတွေအကုန်ပါတယ်။ လူမှုရေး အသင်းအဖွဲ့တွေ ပါတယ်။ နောက် ပါတီတွေပါတယ်။ ၈၈ ပွင့်လင်းအဖွဲ့တွေ ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပါတယ်။ ရွာတွေက ပါတယ်။ ဟိုဘက် ၄ မြို့နယ်၊ ဒီဘက် ၄ မြို့နယ်က ကိုယ်စားလှယ်တွေ ပါတယ်။”

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း တောင်းဆိုခဲ့တာတွေက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့၊ ပုဒ်မ ၄၃၆၊ ၅၉ (စ) ပြင်ပေးဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဖွဲ့စည်းပုံပြင်ဖို့ အတူလုပ်ဆောင်ကြမယ်လို့ သဘောထားကြေညာချက် ထုတ်ခဲ့ပြီးနောက်ပိုင်း ဖွဲ့စည်း ပုံပြင်ဆင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက် ကျင်းပပြုလုပ်လာကြတာ ဖြစ်ပါတယ်။


DVB Burmese

အပြည့်အစုံသို့ »

Iron Man မျက်နှာပိုင်ဆိုင်သော ပိုးတုံးလုံး



Daphnis nerii လို့ခေါ်တဲ့ ပုံးတုံးလုံး မျိုးနွယ်မှ အကောင်များ ဖြစ်ပါတယ်။ ယင်း အကောင်များရဲ့ ထူးခြားချက် အနေနဲ့ သူတို့ရဲ့ မျက်နှာ ပုံသဏ္ဍာန်ဟာ Iron Man နဲ့ တူညီနေခြင်း ဖြစ်ပါတယ်။


Iron Man ကတော့ ယင်း ပိုးတုံးလုံးကို နမူနာယူပြီးတော့ ဖန်တီးထားတာ မဟုတ် ပါဘူး။ သဘာဝ တရားအားဖြင့် တူညီ နေတာကို သဘာဝ လေ့လာ သူများကို ဖော်ထုတ် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ယင်း ပိုးကောင် များဟာ အာဖရိက နဲ့ အာရှမှာ ရှင်သန် ပေါက်ဖွားမှုများပြီး အသီးအနှံ့ ဖျက်တဲ့ စားသုံးတဲ့ ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ နယ်တွေ ဘက်မှာ ဆိုရင် ပိုးယားကောင်၊ ပိုးတုံးလုံး၊ ပိုးလောက် အစရှိသဖြင့် ခေါ်ဝေါ် ပါတယ်။

ဥရောပတိုက် တောင်ပိုင်းမှာလည်း နွေရာသီဆိုရင် ရှင်သန် ပေါက်ဖွားလေ့ ရှိကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

အပြည့်အစုံသို့ »

ငြိမ်းချမ်းရေး ကြွေးကျန်ပေးဖို့ရှိဟု ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာဖော်ပြ


တကယ့် ငြိမ်းချမ်းရေးအစစ် မြင်သွားချင်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပေါ် အကြွေးဆပ်ဖို့ ကျန်နေတယ်လို့ သခင်ကိုယ်တော်မှိုင်း ၁၃၈ နှစ်ပြည့်မွေးနေ့ကို ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

တိုင်းပြည် လွတ်လပ်ရေးဆုံးရှုံးခဲ့တာရော လွှတ်လပ်ရေးရရှိခဲ့တာကိုရော မြင်တွေ့ခွင့်ရခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေးကို အင်မတန် မြတ်နိုးသူလို့လည်း ဒေါ်အောင်ဆန်းစုကြည် က သူ့သ၀ဏ်လွှာမှာ ဂုဏ်ပြုဖော်ပြပါတယ်။

သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး သခင်ကိုယ်တော်မှိုင်း ၁၃၈ နှစ်ပြည့် မွေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဆရာကြီးမွေးနေ့ဖြစ်တဲ့ မတ်လ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အလားတူ အခမ်းအနားတခုကို စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »