နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာရရှိခဲ့သော အလောင်းတော်ကဿပ ဘုရားဖူးယာဉ်ချောက်ထဲကျမှု တစ်နှစ်သားကလေးငယ် သစ်ပင်တွင် ချိတ်ကျန်ကာ အန္တရာယ်ကင်းလွတ်




P-News
ရန်ကုန်၊ မတ်၂၅
နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာ ရရှိခဲ့သော အလောင်းတော်ကဿပဘုရား ဖူးဒိုင်နာကားမှောက်မှုတွင် ပါဝင်ခဲ့သူ တစ်နှစ်အရွယ်ကလေးငယ်မှာ အန္တရာယ် မှ လွတ်မြောက်သွားကြောင်း မျက်မြင် တွေ့ရှိခဲ့ရသူ ဒါရိုက်တာ ဦးစိုးဟိန်း (မန်း တက္ကသိုလ်)က ဏသစကူမေ နြတျ သို့ ပြော သည်။
မန္တလေးမြို့၊ အမရပူရမှ အလောင်း တော် ကဿပသို့ ဘုရားလာဖူးပြီးအပြန် တွင် မတ်လ ၂၄ ရက်နေ့ ညနေခင်း၌ လူ ၂၆ ဦး ပါကား ချောက်ထဲသို့ အရှိန်လွန် ထိုးကျသွားခဲ့သော်လည်း ထိုကလေးသည် သစ်ပင်ပေါ်တွင် ချိတ်နေပြီး သေဘေးမှ ထူးဆန်းဖွယ်ရာ လွတ်မြောက်ခဲ့သည်ဟု ကြုံတွေ့ခဲ့ရသူ ၄င်းက ဆက်ပြောသည်။ ”ကလေးက သူ့ကိုပတ်ထားတဲ့ ခြုံ စောင်နဲ့ ပုခက်လို အပင်မှာချိတ်နေခဲ့တယ်” ဟု ၄င်းကထပ်လောင်းပြောကြားသည်။ အဆိုပါဒိုင်နာယာဉ် တိမ်းမှောက်သွားပြီး နောက် ယာဉ်ပေါ်ပါနှစ်ဦးက အကူအညီ ထွက်တောင်းစဉ် ရွှေဆံပင်၊ ရွှေမေတ္တာ လမ်းတံတားဖွင့်ပွဲ တက်ရောက်ကြမည့် ရွှေ ဆံပင် ရွှေမေတ္တာလမ်းတံတားအကျိုး ဆောင်အဖွဲ့၊ သံဃာများနှင့် အနုပညာရှင် များ၏ဘုရားဖူးပြန်ကားတန်းနှင့် တွေ့ဆုံ သဖြင့် အချိန်မီကယ်တင် ကူညီမှုပြုလုပ် နိုင်ခဲ့ကြောင်း သိရသည်။
”ချောက်ထဲဆင်းပြီး တော်တော် လေး ခက်ခက်ခဲခဲကယ်တင်ခဲ့ကြရတယ်” ဟု ကယ်တင်ခဲ့သူတစ်ဦးက ပြောသည်။
ကားသည် ယင်းမာပင်ခရိုင် ကပိုင် မြို့နယ်အတွင်း နတ်ထိပ်မရောက်မီပြာပုံ တောင်အဆင်းလမ်း ညာဘက်ခြမ်းရှိ လူ တစ်ရပ်ကျော် မြေသားကမ်းပါးယံကိုကျော် လွန်ကာ တစ်ရှိန်ထိုးဆင်းသွားပြီး ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သူတို့ ကို ရွှေဆံပင်၊ ရွှေမေတ္တာလမ်း တံတားဖွင့် ပွဲသွား အနုပညာရှင်များ၏ဘုရားဖူးကား များပေါ်သို့ တင်ဆောင်ကာ ဆေးရုံသို့ သွားပို့စဉ် တောင်ပေါ်သို့ ပထမဦးဆုံးတက် လာခဲ့သော စေတနာရှင် လူမှုကူညီရေး အဖွဲ့(ပေါက်ဝကျေးရွာ)ကားနှင့် တွေ့ သဖြင့် အသက်အန္တရာယ်စိုးရိမ်ရသော လူနာတို့ကို လွှဲပြောင်းတင်ပေးလိုက်ကြောင်း နှင့် ကျန်လူနာများကို ကပိုင်တိုက်နယ် ဆေးရုံသို့ အဖွဲ့က ပို့ပေးခဲ့သည်ဟု သရုပ် ဆောင်ဦးထူးသာထံမှ သိရသည်။ ယင်း နောက် ဒေသခံပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များမှ လူနာတင်ကားများ ထပ်မံရောက်ရှိလာပြီး လူနာများကို ကပိုင် တိုက်နယ်ဆေးရုံမှ မုံရွာဆေးရုံသို့ ဆက် လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Credit: Popular Myanmar News

အပြည့်အစုံသို့ »

မီတာထိန်းသိမ်းခ ကောက်ခံမှုရပ်ဆိုင်းမည်


နေပြည်တော်၊မတ် ၂၅

မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်ဖြန့်ဖြူးမှုတွင် ဓါတ်အားပျောက်ဆုံးမှု တစ်ဆယ် ရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိ အောင်ပြုလုပ်နိုင်ပါက မီတာထိန်းသိမ်းခနှင့် ထရန်စဖော်မာ ထိမ်းသိမ်းစောင့်ရှောက်ခများ ကောက်ခံမှုကို ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက မတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

လျပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၁၄ -၂၀၁၅ အမျိုး သား စီမံကိန်း ဥပဒေကြမ်း ကို လွတ်တော်က အတည်ပြုရန် လာရောက် ရှင်းလင်းရာ၌ ဒုဝန်ကြီး ကအထက်ပါအတိုင်း ပြောကြားသောလည်း မည်သည် အချိန်ကာလ တွင် ကောက်ခံမှုရပ်ဆိုင်းမည့် ကို တိကျစွာပြောဆိုခြင်းမရှိပေ။

သတင်းအပြည်အစုံကို မနက်ဖြန် မတ်လ ၂၆ ရက်နေ့ထုတ် The VOICE သတင်းစာတွင်ဖော်ပြပေးပါမည်။

The Voice Weekly


အပြည့်အစုံသို့ »

မတွေးဝံ့စရာ ယာဉ်တိုက်မှုမှာ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရခဲ့တဲ့ တောင်အာဖရိက နောက်ခံလူ





မဟာမက်ဆုရဲ့ ကံကတော့ မယုံနိုင်စရာပါပဲ။ ကားတစ်စီးလုံးကို ပလက်ဖောင်းသံတန်း ဖောက်ဝင်သွားခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ မဟာမက်ဆုဆိုတာ တောင်အာဖရိကကလပ်
အော်လန်ဒိုပိုင်းရိတ်စ်အသင်း ကစားသမားပါ။

တောင်အာဖရိကလက်ရွေးစင် နောက်ခံလူ မဟာမက်ဆု မောင်းနှင်လာတဲ့ BMW 3-series ယာဉ်ဟာ ဂျွန်ဟန်ဆန်ဘာ့ဂ်မြို့၊ မာဘိုရိုဥယာဉ်နားမှာ လမ်းချော်ပြီး လမ်းဘေးပလက်ဖောင်းသံတန်းကို အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်မိခဲ့တာပါ။ ရှေ့မှန်ကို ဖောက်ပြီးဝင်လာတဲ့ သံတန်းက ကားနောက်ပိုင်းကို ထုတ်ချင်းပေါက်သွားပေမယ့် မဟာမက်ဆုကတော့ ဒဏ်ရာအနည်းအကျဉ်းပဲ ရခဲ့ပါတယ်။


@z (ရိုးရာလေး)

အပြည့်အစုံသို့ »

စမတ်ဖုန်းပေါ်မှာတင် သွေးစစ်နိုင်တော့မည်


ဆေးရုံသွားပြီး သွေး စစ်နေရတဲ့သူများ မကြာခင်မှာ မိမိရဲ့ စမတ်ဖုန်းပေါ် မှာ သွေးစစ်နိုင်မှာဖြစ်လို့ ဆေးရုံသွားရတဲ့ ဒုက္ခ ကင်းဝေးတော့မှာ ဖြစ်ပါတယ်။ ဒီလို စမတ်ဖုန်းပေါ်မှာတင် သွေးစစ်နိုင်မယ့် နည်းပညာကို ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Swiss Federal Institute of Technology (EPFL) က တီထွင်ခဲ့ပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေပါပြီ။

ဒီနည်းပညာဟာ သွေးခဲလို့ သွေးကျဲဆေးကို သုံးစွဲနေရပြီး ဆေးရုံကို မကြာခဏ သွား သွေးအစစ်ခံနေရတဲ့ လူနာများအတွက် အကောင်းဆုံး တီထွင်မှုဖြစ်စေမှာပါ။ သွေးအစစ်ခံ လူနာဟာ သွေးတစ်စက်ကို သူတို့ရဲ့ အထူးပြုလုပ်ထားတဲ့ ပုံပါ တစ်ခါသုံး ဇီဝဖလင်ပြားပေါ်မှာတင်ပြီး စမတ်ဖုန်းရဲ့ မျက်နှာပြင်ပေါ် တင်လိုက်တဲ့အခါ ယင်းနည်းပညာသုံး စမတ်ဖုန်းရဲ့ App က ဝေဖန်စိစစ်မှု၊ စမ်းသပ်မှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီနည်းပညာရဲ့ တိကျမှန်ကန်မှုကို စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ၂ဝ၁၅ မှာ အလုံးအရင်းနဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

TZ (MCG)
Myanmar consumer

အပြည့်အစုံသို့ »

ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ထွက်ခွာရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကြောင်းကြားမှုအပေါ် ထွက်ခွာမည်မဟုတ်ဟု ဆရာတော်တုံ့ပြန်


ပီနန်ဆရာတော် ဦးပညာဝံသမှ မိန့်ကြားစဉ်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ၂၀၁၄ မတ် ၃၁ ရက်တွင် နောက်ဆုံးထားကာ ထွက်ခွာရန် အကြောင်းကြားစာ ပေးပို့ထားပြီး ဆရာတော်ကြီးမှ  ထွက်ခွာပေးမည် မဟုတ်ကြောင်း မတ် ၂၅ ရက်တွင် မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

သံဃမဟာနာယကမှ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အပေါင်းပါများကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှ အပြီးအပိုင် ထွက်ခွာသွားရန် မတ် ၆ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရဟူ၍ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအကြောင်းကြားစာနှင့် ပတ်သက်ကာ အဆိုပါစာသည် မမှန်မကန်ဆုံးဖြတ်သည့် ဓမ္မစက်ကို အာဏာစက်ဖြင့် အဓမ္မ အကောင်အထည်ဖော်ရန် သံဃမဟာနာယကအဖွဲ့က မီးစိမ်းပြသည့်သဘော သက်ရောက်နေကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

“သံဃနာယကအဖွဲ့က လွန်ခဲ့တဲ့ သုံးလေးရက်ကပဲ ၃၁ ရက်က နောက်ဆုံးထားပြီး ဦးပညာဝံသနဲ့ အပေါင်းအပါတွေ ထွက်ပေးဖို့ဆိုပြီး အကြောင်းကြားစာ ပို့တယ်။ ပုဒ်မ ၂၀/၃၀၊ ၂၀/၂၉ နဲ့ ဆွဲချမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ဒါကြောင့် ဒီလိုဆိုမှတော့ ဒကာမတွေလည်း အားလုံးသိရအောင်၊ သံဃာတွေလည်း အားလုံးသိရအောင် ဆိုပြီးတော့ ဒီနေ့ရှင်းလင်းတာ ဖြစ်တယ်။ ဘုန်းကြီးတို့ကတော့ ကျောင်းတိုက်ကနေ ဖယ်ပေးမှာ မဟုတ်ဘူး” ဟု ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား ဖယ်ရှားပေးရန် ထပ်မံဖိအားပေးမှုများ ပြုလုပ်လာပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရဟန်းရှင်လူ အပေါင်းတို့ စုစည်းကာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ယခုထိ အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

 News Eleven

အပြည့်အစုံသို့ »

ရန်ကင်းမြို့နယ်တွင် နေအိမ်တစ်အိမ်အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် သံဃာအပါး ၁၀၀ ကျော် ၀င်ရောက်တားမြစ်

ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် အိမ်ရှေ့တွင် သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

Written by:
ဝေလင်းအောင်

ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းတွင် နေထိုင်သည့် အိမ်အမှတ် (၁၁၅၃) အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ မတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် အင်အားသုံးဖယ်ရှားရန် စီစဉ်သဖြင့် မြို့နယ်နေ ကျောင်းတိုက်အသီးသီးမှ သံဃာတော် အပါး ၁၀၀ ကျော်က လာရောက်တားဆီးခဲ့ကြောင်း သိရသည်။

ယင်းအိမ်တွင် နေထိုင်သူများကို ဖယ်ရှားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်၊ အရန်မီးသတ် တပ်ဖွဲ့ဝင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူဦးရေ ၁၀၀ ၀န်းကျင် လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက လာရောက်တားမြစ်သည့် ဦးဆောင်ဆရာတော်များ၊ နေထိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တစ်ခုတွင် ပေ ၂၀×၆၀ မြေနေရာ အစားပေးရန် စည်ပင်သာယာသို့ လျှောက်ထားခိုင်းခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ဒီမြို့မှာ သီတင်းသုံးလာတာ ကြာပါပြီ။ ဒီအိမ်ပိုင်ရှင်တွေက ၁၉၉၂ ခုနှစ်ကတည်းက ဒီမြေနေရာမှ နေထိုင်ကြတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ၁၉၉၄-၉၅ လောက်မှ ရောက်တာ။ ဒီလို အတင်းလာဖယ်ခိုင်းတဲ့ အခါကျတော့ တရားရုံး အမိန့်နဲ့လား၊ ဘယ်လိုအမိန့်နဲ့လဲလို့ ဘုန်းဘုန်းတို့က မေးတဲ့အခါ ၀န်ကြီးဌာနက တာဝန်ရှိတဲ့သူက အခွင့်အာဏာနဲ့ပါလို့ ဖြေတယ်။ အခွင့်အာဏာကို ဘယ်သူကပေးလဲလို့မေးတော့ ဆောက်လုပ်ရေးကပေးတယ်လို့ ဖြေတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့က အခွင့်အာဏာပေးတယ်ဆိုတော့ လွဲတော့လွဲနေပြီ။ ဘုန်းဘုန်းတို့က ဥပဒေတွေတော့ သေချာမသိပါဘူး။ ဒါပေမဲ့ ဒီလို အခွင့်အာဏာနဲ့ဆိုပြီး အတင်းဖယ်ရှားလို့တော့ မရဘူး။ ဒီမှာနေတဲ့သူတွေအတွက် နေထိုင်ဖို့အတွက် တစ်ခုခု စီစဉ်ပေးရမယ်လို့ပြောတော့ ဒုဝန်ကြီးက နေရာအစားထိုးပေးပါမယ်ဆိုပြီး ပြောတယ်။ ၀န်ကြီးဌာနနဲ့ဆိုတော့ အရှည်မဖြစ်ချင်တော့ဘူး။ ဒကာ၊ ဒကာမတွေကလည်း ဘုန်းဘုန်းစကားကို နားထောင်ကြတော့ လက်ခံလိုက်တယ်။ ဒါပေမဲ့ မိသားစုစီးပွားရေး လုပ်ကိုင်စားသောက်ဖို့ သင့်တော်တဲ့နေရာကိုသာပေးဖို့ ပြောခဲ့တယ်” ဟု ရန်ကင်းမြို့နယ် မစိုးရိမ်ကျောင်းတိုက် (မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့) ဆရာတော် ဦးဉာဏောဘာသက မိန့်ကြားသည်။

အဆိုပါမြေနေရာကို နေထိုင်သူများက ၁၉၉၂ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေး ၁၂ မှ ၁၆ သိန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကာ မြို့နယ်တရားရုံးက နေထိုင်သူအား ထောင်ဒဏ်တစ်လနှင့် မြေပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပြီး နေထိုင်သူများက တိုင်းတရားရုံးနှင့် ခရိုင်တရားရုံးသို့ အယူခံဝင်ရာတွင် မြို့နယ်တရားရုံးမှ အမိန့်အား ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု နေထိုင်သူများ ပြသခဲ့သည့် တရားရုံး အမိန့်စာများအရ သိရသည်။

“အဖေနဲ့ အမေလည်း တရားဥပဒေနဲ့အညီ တရားရုံးတွေမှာ ရင်ဆိုင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ အနိုင်ရရှိခဲ့ပါတယ်။ အခုတရားရုံးက ချမှတ်ထားတဲ့ အမိန့်က တရားမ၀င်ဘူးလို့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကဒီနေ့ ဖယ်ရှားဖို့လာတော့ ပြောတယ်။ အခု ကျွန်မတို့ကို ဘာကြောင့် ဖယ်ရှားခိုင်းရတယ် ဆိုတာကိုလည်း မပြောဘူး။ ကျွန်မကြားတာကတော့ ၀န်ကြီးနဲ့ပတ်သက်တဲ့သူ တစ်ဦးက လိုချင်တဲ့အတွက် ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။ ကျွန်မတို့ကို ဒုဝန်ကြီးက မြေအစားပေးဖို့ စည်ပင်ကို လျှောက်ခိုင်းပေမယ့် မိသားစုအတွက် အဆင်မပြေတဲ့ နေရာဆိုရင်တော့ မယူနိုင်ပါဘူး။ ကျွန်မတို့ နေတဲ့နေရာက ၄၇ ပေ×ပေ ၈၀ ရှိပါတယ်” ဟု နေထိုင်သူ မဖြိုးမာလာက ဆိုသည်။

အငြင်းပွားမှုဖြစ်နေသည့် မြေနေရာမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၀န်ထမ်းအိမ်ရာအပိုင်တွင် ပါဝင်ခြင်းကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ၏ ပုဒ်မ ၃ အရ နှင်ထုတ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ နို့တစ်စာအရ သိရသည်။

News Eleven

အပြည့်အစုံသို့ »

အမည်မသိ ယာဉ်တစ်မျိုး ပေါက်တောမြို့နယ်တွင် လူများမြင်တွေ့ခဲ့


(နိရဉ္စရာ- ၂၅ မတ်လ ၂၀၁၄)/ လင်းမြတ် (ပေါက်တော)


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်း မောက်ပြားကျေးရွာ အနီး အမျိုးအမည်မသိသော ထူးဆန်းသော ယာဉ်တစ်စီးကို ဒေသခံ ပြည်သူများက ယမန်နေ့ နေ့လည် (၃) နာရီခန့်က မြင်တွေ့ခဲ့ကြရသည်ဟု ဆိုသည်။

၎င်းယာဉ်သည် အရောင် (၃) ရောင်ပါရှိပြီး  အသံ တစ်စုံတရာ မမြည်ဘဲ မောက်ပြားကျေးရွာ အနီး ပျံသန်းလာပြီး ဆင်းသက်ရန် လုပ်စဉ် ကျေးရွာသားများက လိုက်ပါသွားရာ ပြန်လည် ပျံတက်သွားခဲ့သည်ဟု မျက်မြင်ဒေသခံများကို ကိုးကားပြီး ကျောင်းဆရာ တစ်ဦးက ပြောသည်။

နောက်တစ်ခေါက် ဆင်းသက်ရန် လာစဉ် ဆက်လက် လူများလိုက်ပါသွားရာ ထပ်မံ ပျံတက်သွားပြီး အသပြာကျွန်းဘက်သို့ ဖြတ်ပျံသန်းသွားခဲ့သည်ဟု ဆိုသည်။

၎င်းယာဉ်တွင် အရောင် (၃) မျိုး ပါရှိပြီး ၎င်းအရောင်များမှာ အောက်တွင် အနီရောင်၊ အလယ်တွင် ပန်းရောင်၊ အထက်မှ အညိုရောင် ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ၎င်းယာဉ်တွင် ထီးနှင့် ခေါင်လာင်းပုံသဏ္ဍာန်လိုလို ဖြစ်သည်ဟု ဆိုသည်။

၎င်းယာဉ်ပျံမှာ ထူးဆန်းပြီး တစ်ခါမှ မမြင်တွေ့ဖူးကြောင်း၊ သို့သော်လည်း ဂတ်စ်ဗူးအသုံးပြုပြီး ပျံသန်းသော ယာဉ် တမျိုးမျိုး ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်ဟု သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များကို ၎င်းဖြစ်စဉ်အား အမြန်ဆုံး စုံစမ်း စစ်ဆေးရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။



နိရဉ္စရာ

အပြည့်အစုံသို့ »