ပြည်ပထွက်ခွာမည့် နိုင်ငံခြားသားခရီးသည်ထံမှ ရွှေတုံးများ စစ်ဆေးတွေ့ရှိ


၂၇.၃.၂၀၁၄ ရက်နေ့ ၁၅၄၀ အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊
ပြည်ပထွက်ခွာ X-Rays စစ်ဆေးရေးဂိတ်တွင် မလေးရှားလေကြောင်းလိုင်း
ခရီးစဉ်အမှတ် MH-743၊ လေယာဉ်အမှတ် 9M-MHD၊ လေယာဉ်အမျိုးစား B-737 လေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့်ခရီးသည် အိန္ဒိယ
နိုင်ငံသား Mr. Jaffar Mohamed Shafi (၄၃)နှစ်၊ ပတ်စ်ပို့အမှတ် H-9861541 ၏ နီ/နက်ကြားခရီးဆောင်အိတ်ကိုX-Rays စက်ဖြင့်ဖြတ်သန်း
စစ်ဆေးစဉ် အိတ်အတွင်းမှကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ထုပ်ထားပြီး
တိတ်အနက်ရောင်ဖြင့်ပတ်ထားသော တစ်တုံးလျင်အလေးချိန်(၁၀)ကျပ်သား
ခန့်ရှိ ရွှေတုံး(၂၀)တုံး၊ စုစုပေါင်းအလေးချိန်(၂၀၀)ကျပ်သားခန့်၊ တန်ဖိုးငွေ
ကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
ယင်းသို့ရွှေတုံးများတွေ့ရှိမှုနှင့်ပတ်သက်၍ လေဆိပ်အကောက်ခွန်ဦးစီးဌာန
မှ အကောက်ခွန်ဥပဒေနှင့်အညီအရေးယူရန်စီစဉ်ဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

အသက်၁၈နှစ် ကျောင်းသားဟောင်းက စစ်ထဲမ၀င်ရလို့ ဆရာမကို တရားစွဲ


အထက်တန်းကျောင်းသား တစ်ဦးက သူ့ရဲ့ ဆရာမဟောင်းတစ်ဦး ဖြစ်သူကို သူတို့ရဲ့ ချစ်သူသက်တမ်းအတွင်း အချစ်နယ်ကျွံမှုနဲ့ တရားစွဲခဲ့ပါတယ်။ အခုအချိန်မှာ အဆိုပါ ကျောင်းသားဟောင်းဟာ သူ့ရဲ့ စစ်ထဲဝင်ဖို့ ရည်ရွယ်ချက် ပျက်သွားခဲ့တဲ့အတွက် ယခုလို တရားစွဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Mark Smith လို့ အမည်သုံးပြီး တရားစွဲဆိုခဲ့တဲ့ ကျောင်းသားဟာ သူအသက် ၁၇ နှစ်အရွယ်က တက်ရောက်ခဲ့တဲ့ Hollenstein Career and Technology Center မှာ အသက် ၃၄နှစ်ရှိ ဆရာမ Heenan နဲ့ စတွေ့ခဲ့ပါတယ်။ သူဟာ အထက်တန်းပြီးတဲ့အခါ စစ်ထဲဝင်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။
Smith နဲ့ Heenan တို့နှစ်ဦး လက်ကိုင်ဖုန်းနဲ့ ကာမစိတ်ကြွစေမယ့် စာသားတွေ အပြန်အလှန် ပို့ခဲ့ရုံမက နယ်လဲကျွံခဲ့ကြတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အခုအချိန်မှာတော့ Smith တစ်ယောက် ချစ်သူဟောင်းလည်း ဖြစ် ဆရာမဟောင်းလည်း ဖြစ်သူ Heenan ကို တရားစွဲဆိုခဲ့ပါတယ်။ Heenan ကတော့ အရွယ်မရောက်သေးသူကို ကြိမ်ဖန်များစွာ ကာမကျူးလွန်မှုနဲ့ အလုပ်မှုထုတ်ပစ်ခြင်း ခံရရုံမက ငါးနှစ်ကြာ စောင့်ကြည့်ခြင်းခံရမှာ ဖြစ်ပါတယ်။ သူမရဲ့ ကျောင်းဝဘ်ဆိုဒ်က စာမျက်နှာမှာတော့ သူမမှာ ဆယ်နှစ်ကြာ သက်တမ်းရှိတဲ့ အိမ်ထောင်ရှိရုံမက ကလေးနှစ်ယောက်ပါ ရှိတယ်လို့ သိရပါတယ်။
Smith ရဲ့ တရားရေးဆိုင်ရာ ပြောခွင့်ရှိသူကတော့ Smith နဲ့ သူရဲ့ဆရာမတို့ရဲ့ ဆက်ဆံရေးကြောင့် Smith ဟာ စိတ်ဒဏ်ရာ ရခဲ့ရုံသက်သက်မဟုတ်ဘဲ သူ့ရဲ့ အနာဂတ်နဲ့ ဆိုင်တဲ့ စစ်တပ်ထဲဝင်ဖို့ အတွက်ပါ နှောင့်နှေးပြီး အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ref: dailymail
World Myanmar

အပြည့်အစုံသို့ »

ရေစကြိုထန်းသီးမုန့်ရဲ့လျှို့ဝှက်ချက်


ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။

မန္တလေးသူ၊ မန္တလေးသားတွေကလည်းအကြောင်း ကိစ္စကြီးငယ်ရှိ၍ ယင်းနယ် ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ်
ထိုဒေသထွက် အစားအစာ လေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေး ကတော့ ပခုက္ကူခရိုင်ရေစကြိုမြို့
နယ်မှထွက်ရှိသည့် ရေစကြို ထန်းသီးမုန့်ပင်ဖြစ်ပါသည်။

ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင်ကြိုက်သည် မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင်စားဖူး သူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ရေစကြို ထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူ အချို့ကဆိုပြန်သည်။စားဖူးသူ တိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြို ထန်းသီးမုန့်ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟု ရေစကြို ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါး
ဆယ်ထက်မနည်းတော့ဟု ဆိုကြသည်။

ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလိုစက်တွေတဝုန်း ဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုး မဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။
ရေစကြို ထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင် ရောင်းသူလည်းရှိသည်။ သူများ လုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်း
သူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြို ထန်းသီး
မုန့်လုပ်ရန် ပထမဦးဆုံးအဆင့် အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန် လတ်ဆန်အမျိုးအစားနှင့် ဆန်
ကြမ်းကို ငါးပြည်ခန့်စီ ရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ဆန်တွေပွလာပြီဆိုလျှင် ကြိတ်စက်ဖြင့်ကြိတ်ရပါ
သည်။ ရလာသည့်မုန့်ဆန်အရည် မပျစ်မကျဲကို ထန်းလျက်အချိန် တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင်စပ်ရသည်။

ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာ ပြီး ထန်းသီးဆန်များအားလက်ဖြင့် ကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့်အသားကျအောင်မွှေလိုက်ပြီ ဆိုရင်ဖြင့် အမြှုပ်များထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါကအုန်းမှုတ်ခွက်များကို မုန့်ရည် အတွင်းနှစ်ပေးထားရသည်။ မုန့် သားကောင်းအောင်အတွက်ဟုဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ် ထားသည့်မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထား ရပါသည်။ ညဥ့်သန်းခေါင်ယံ အချိန်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီး မုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့်အိပ် နေ၍မရပါ။ ညနေမှာဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော် ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲရေဖြည့် သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်း ဖြင့်တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။

ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီ ကျော်စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်
တွေလောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်း လျှင်နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်
ရပြီး အုပ်ဆောင်းအောက်ခြေပတ် ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကိုရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်
လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့ တထောင်းထောင်းဖြင့် ထန်းသီး မုန့်လေးများရရှိလာပါပြီ။ တစ်ခါ
လုပ်လျှင် တစ်ဗန်းသာ ရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့်ဈေးသည် များသည်မို့ အားလုံးအတွက်
လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။

နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာ ထန်း
သီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များ
အောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီ
စစ်စစ်ပုတ်ကာ ညက ကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲ ဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်
တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ ပြီးကျွေးတတ်သည်။ ဈေးဝယ်သူ ကကြိုက်ပြီဆိုမှ အလိုရှိသလောက်
နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။

ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယို ချောင်းလေးတွေအုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီး နောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက်ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက် နုနုပေါ်တင်၊
သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့်ထည့်ပေးတတ်ပါသည်။

အချို့ဈေးဝယ်သူတွေက ကလေးတွေတစ်အုပ်လိုက်ကြီး လည်းပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။
အမြည်းတွေကိုယ်စီကျွေးပြီးဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ
ဈေးတွက် မတွက်တော့ပါ။ ‘‘မလှူ နိုင်ဈေးရောင်းဆိုတဲ့အတိုင်း လှူ တယ်ပဲသဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်
သူနဲ့ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည်ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာ လိုက်များများဝယ်တော့ အမြည်း
နည်းနည်းသာကျွေးရသည့် အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာပေးတတ်ပါသေးသည်။
ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။

ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက် လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြို ထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာဝှေ့ယမ်းလို့။ ပခန်းကိုကြီး ကျော်ပွဲရောက် ရှမ်းပြည် နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့်ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။‘‘သူက စားလို့ကောင်းလွန်း လို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည်ဒေါ်တင်တင်က သူတို့ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့်ပြောပြသည်။

‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကိုထပ်လုပ်ပေးချင်တာ’’ ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်း
ဝင်းခိုင်ကဆိုပါသည်။ အချို့ကျတော့ ကိုယ်တိုင်ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေလှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုး ကွယ်သည့် ဆရာတော်ဘုရား၏ မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေ လည်းရှိသည်။ စားဖို့သက်သက်
မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိမှာကြသည်။ အဲဒီ လိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့အပေါ်
ကဖြူးတဲ့ အစာတွေကို သတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ်
နို့စိမ်းပါ ထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါ ဆိုရင်တော့ ပုံမှန်တစ်ပိဿာနှစ်ထောင့်လေးရာပေမယ့် တစ်ပိဿာ သုံးထောင်လောက်
ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့် လုပ်သူများက ဆိုပါသည်။

ရေစကြိုမြို့ဝန်းကျင် ရွာ အချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာ မျိုးလည်းရှိသည်ဟု ထန်းသီးမုန့်
လုပ်ငန်းလုပ်ကိုင်သူဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့မြန်မာ့ရိုးရာဓလေ့တစ် ခုတွင်လည်း ရေစကြိုထန်းသီးမုန့်
က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်း အသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေဆောက်နေ သည်ဆိုပါက ဆောက်လုပ်ပေး မည့်လက်သမားအဖွဲ့ကို ရေစကြို ထန်းသီးမုန့်သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။

အကယ်၍ စာဖတ်သူအနေ ဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီ
ဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်း သီးမုန့်တွေ တနင့်တပိုး
ကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါ မျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟု ထန်းသီးမုန့်သည်အမျိုး
သမီးတစ်ဦးက ဆိုပါသည်။ မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာ
လူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုးမိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါလွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်
သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။

ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစား အစာကို ဂုဏ်ယူစွာနဲ့ကျွေးတတ် ကြသည်။
ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေ
စကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန် ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေ
စကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေ
ကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေး လိုက်ရသေးတယ်’’ဟု ထန်းသီးမုန့် လုပ်သူ ဒေါ်ဝါဝါခိုင်က ပြောပြ
သည်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ တိုင်းတစ်ပါး အစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏မည်သည့် အရပ်
တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြို ထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမောစားချင်နေသူတွေကတော့ ရှိ
နေတုန်းပင်ဖြစ်ပါသည်။

7 Day Daily

အပြည့်အစုံသို့ »

၄၆ နှစ်ကြာ ထောင်ဒဏ်ကျခံရပြီးနောက် ဂျပန်အမျိုးသားတစ်ဦး အမှုပြန်လည်စစ်ဆေး


အိုဆာကာ မတ် ၂၇

ကြိုးမိန့်ကျပြီး ဆယ်စုနှစ်လေးခု ကျော်ကြာ ထောင်ချခံခဲ့ရသူ အမျိုး သားတစ်ဦးကို ဂျပန်တရားရုံးက ပြန် လည်စစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်။ ဟာကာမာဒါသည် ၁၉၆၈ ခုနှစ်က ၎င်း၏သူဌေးနှင့် မိသားစုကိုသတ် သည့် အမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရ ခြင်းဖြစ်သည်။

အသက် ၇၈ နှစ်အရွယ် ဟာ ကာမာဒါသည် ရက် ၂ဝ ကြာ စစ် ဆေးခံနေရချိန်တွင် အရိုက်ခံခဲ့ရပြီး ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်း နောက် တရားရုံးတွင်လည်း ဖြောင့် ချက်ပေးခဲ့သည်။ ဂျပန်ရဲအရာရှိများ သည် ၎င်းဖာင့်ချက်ဖြင့် တရားစွဲဆို မှုများ ဆက်လက်ပြုလုပ်သွား မည် ဖြစ်သော်လည်း ဝေဖန်ရေးသမားများ က ၎င်းတို့၏ ဖိအားပေးမှု များကြောင့် ယခုကဲ့သို့ ဖြောင့်ချက်ရရှိခဲ့ခြင်းဖြစ် သည်ဟု ပြောခဲ့သည်။

ဖော်ပြချက်တစ်ခုတွင် အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဟာကာမာဒါသည် ကြိုးမိန့် ချခံရသူတွင် ထောင်ကျသက်တမ်း အရှည်ဆုံးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

၎င်းးသည် ဖိအားပေး ဖြောင့် ချက်များအပေါ် အခြေခံ၍ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ဒီအင်န်အေ အထောက်အထားများနှင့် ပတ်သက် သည့် မေးခွန်းများကို ဖြေကြားခဲ့ခြင်း မရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒါရိုက်တာ က ပြောခဲ့သည်။

ဟာကာမာဒါ၏ အစ်မဖြစ်သူ အသက် ၈၁ နှစ်အရွယ် ဟီဒီကိုသည် ပြန်လည်စစ်ဆေးမှုအတွက် နှစ်များ စွာကြာ အတိုက်အခံပြုလုပ်ခဲ့သည်။

BBC Burmese

အပြည့်အစုံသို့ »

ကြောင်ကနေ လူကို (တီဘီ) ရောဂါကူးစက်


• အင်္ဂလန်မှာ လူ ၂ ယောက်ကို အိမ်မွေးကြောင်ကနေ တီဘီရောဂါကူးစက်တယ်လို့ ကနေ့ထွက်တဲ့သတင်းမှာ ပါတယ်။
• ဒီလို ကြောင်ကနေ လူကို တီဘီကူးစက်တာက ပဌမဆုံးအကြိမ်ဖြစ်တယ်။ ကြောင်ဆီကနေ နမူနာတွေနဲ့ လူဆီကနမူနာတွေကို ရယူပြီး ယှဉ်ကြည့်တဲ့အခါ ခွဲမရအောင်တူတာမို့ အဲလို ကြောင်းကနေ လူကိုကူးတာလို့ ကောက်ချက်ချတာဖြစ်ပါတယ်။
• ၂ဝ၁၂ ဒီဇင်္ဘလနဲ့ ၂ဝ၁၃ နှစ်အတွင်း၊ အင်္ဂလန်နိုင်ငံ (ဘဂ်ရှိုင်းယား) နဲ့ (ဟင့်မ်ရှိုင်းယား) မှာ အိမ်မွေးကြောင် ၉ ကောင်မှာ (တီဘီ) ပရှိတာတွေ့ခဲ့ရတယ်။
• တီဘီရောဂါဟာ ကမ္ဘာလုံးမှာ တနှစ် လူ ၁ သန်း သေဆုံးနေရပါတယ်။

ဒေါက်တာ တင့်ဆွေ 

အပြည့်အစုံသို့ »

ကစားကွင်းရှိ ရေကူးကန်တွင် ကလေးငယ်တစ်ဦး ရေနစ်ခဲ့သဖြင့် သေဆုံး


ရန်ကုန်၊ မတ် ၂၈

၂၇.၃.၂၀၁၄ရက်နေ့ ၁၄၅၀အချိန် ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ကစားကွင်းတွင် ကလေးငယ်တစ်ဦးရေနစ်ပြီး ကလေးဆေးရုံကြီးသို့ သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်
စစ်ဆေးရာ မောင်ဝေမျိုးအောင်၊ (၁၂)နှစ်၊ မြန်မာ့ဂုဏ်ရည်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၄၅၀အချိန်ခန့်က ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၊ သဘာဝ
ကမ္ဘာကစားကွင်း အတွင်း၊ အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ အနက်(၄.၆)ပေ
ခန့်ရှိ စမ်းချောင်းသာ ကလေးရေကူးကန်တွင် ဖခင်ဖြစ်သူနှင့်အတူရေဆင်း
ကစားစဉ် ရေနစ်ခဲ့သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးသို့ပို့ဆောင်စဉ် လမ်း၌
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

အပြည့်အစုံသို့ »

စစ်တွေမြို့ရှိ INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့်ပစ်ပေါက်မှု ဆက်တိုက်ဖြစ်ပွားပြီး မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄ အား အချိန်တိုးမြှင့် သတ်မှတ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ကြေညာ

မတ် ၂၇ ရက် နံနက်က စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရီလမ်းတွင် ပြဿနာမဖြစ်ပေါ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို တွေ့ရစဉ်

စစ်တွေမြို့ရှိ INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့် ပစ်ပေါက်မှု ဆက်တိုက် ဖြစ်ပွားပြီးနောက် မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄ အား အချိန်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။

စစ်တွေမြို့တွင် မတ် ၂၆ ရက် ညပိုင်းက လူစုလူဝေးဖြင့် INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မတ် ၂၇ ရက်တွင်လည်း ခဲဖြင့်ပစ်ပေါက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ခဲဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရခြင်းမှာ INGO တစ်ခုမှ နိုင်ငံခြားသူတစ်ဦးက သာသနာ့ အလံကို ခါးတွင်ပတ်ပြီး လမ်းလျှောက်ခဲ့သဖြင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများက မကျေမနပ်ဖြစ်ကာ လူစုလူဝေးဖြစ်ပေါ်ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်သည် မတ် ၂၆ ရက် ည ၁၂ နာရီခန့် ပြီးစီးသွားသော်လည်း မတ် ၂၇ ရက် နံနက် ၉ နာရီခန့်တွင် ကျောင်းတက်လမ်းရပ်ကွက်၊ ဂေါက်ရီလမ်းရှိ နိုင်ငံခြားသားများ တည်းခိုနေသော နေအိမ်ရှေ့သို့ ဒေသခံများ ထပ်မံရောက်ရှိလာပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ သက်ဆိုင်ရာက တာဝန်ယူ ထိန်းသိမ်းခဲ့သော်လည်း နိုင်ငံခြားသားများအား ငှားရမ်းထားသည့် အခြားအိမ်များကိုလည်း ခဲများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က“မင်းဘာကြီးလမ်းမှာ INGO အဖွဲ့က ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သာသနာ့အလံ လွှင့်ထားတာရှိတယ်။ အဲဒီမှာ နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို ဖြုတ်လိုက်တယ်။ အဲဒီလို ဖြုတ်လိုက်တာကို လမ်းသွားလမ်းလာတွေက မြင်တယ်။ အဲဒါကိုပြောကြဆိုကြတော့ လူတွေများလာတယ်။ နောက်တော့ အဲဒီဂိုဒေါင်မှာရှိတဲ့ နိုင်ငံခြားသူနဲ့ သူ့ယောက်ျားကို ထုတ်ပေးဖို့ ဒေသခံတွေက ပြောလာတော့ ခဲနဲ့ပေါက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် ရဲတွေကခေါ်ပြီး ရဲရိပ်သာမှာ စောင့်ရှောက်ထားပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ည ၉ နာရီလောက်မှာ Malteser ရုံးတွေအပြင် တခြားရုံးတွေကိုလည်း ခဲနဲ့ပစ်ပေါက်မှုတွေ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ လူအုပ်က များလာတော့ ရဲတွေက အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရတယ်။ အခုဖြစ်စဉ်ကို ကြည့်ရတာတော့ သာသနာ့အလံကိစ္စလို့တော့ ထင်တာပဲ။ အရင်က AZG ကိုထွက်သွားဆိုတာလည်း ရှိနေတယ်။ အခုလည်း သာသနာ့အလံကို ဖြုတ်တယ်ဆိုတာ အိမ်ရှင်က သူ့အိမ်မို့ သာသနာ့အလံထောင်တာ ဖြုတ်စရာအကြောင်းမရှိဘူး ထင်တယ်။ နိုင်ငံခြားသူကလည်း သာသနာ့အလံကို ဘယ်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆို သူတို့ကို မေးမြန်းရဦးမယ်” ဟု ပြောကြားသည်။

မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်း ကျောင်းတက်လမ်းရပ်ကွက်မှ နိုင်ငံခြားအဖွဲ့အစည်းများ ငှားရမ်းထားသည့် အိမ်တစ်အိမ်ကို ဒေသခံများက ခဲဖြင့် ပစ်ပေါက်သည့်အပြင် အိမ်အတွင်းပစ္စည်းများကိုလည်း ၀င်ရောက်ဖျက်ဆီးမှု ရှိခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ မတ် ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သော လူစုလူဝေးဖြစ်ပေါ်မှုတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့သဖြင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း ထိုသတင်းအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ အတည်ပြုချက် ရရှိခဲ့ခြင်း မရှိပေ။

နိုင်ငံခြားအဖွဲ့အစည်းများ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲများပစ်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက “သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာထည့်မယ် ကိစ္စအပေါ် ဒေါသထွက်နေတာ ရှိတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသူတစ်ယောက်က သာသနာ့အလံကို မဖွယ်မရာလုပ်တဲ့ ကိစ္စကို ဒေါသမထွက်တဲ့လူ ရှိမှာမဟုတ်ဘူး။ တကယ်တော့ ဒီကိစ္စတွေဟာ သန်းခေါင်စာရင်း မစတင်မီ INGO တွေကပဲ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတာလို့ မြင်တယ်။ ၂၀၁၂ ပဋိပက္ခကလည်း INGO တွေ ကြောင့်ဖြစ်လာသလို အခု သန်းခေါင်စာရင်း ကောက်မယ့်ကိစ္စမှာလည်း INGO တွေက လှုံ့ဆော်နေတယ်လို့ သုံးသပ်မိပါတယ်” ဟု ပြောကြားသည်။

အလံဖြုတ်ယူခဲ့သူ အမျိုးသမီးမှာ အမေရိကန်နိုင်ငံသူ Ms.Y Vonne Dunton (PP No.214488402) ဖြစ်ပြီး Melteser အဖွဲ့မှ ဖြစ်သည်ဟု သိရသည်။ ၎င်းပြုမူခဲ့သော အပြုအမူအတွက် မည်သို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်ကို ပြည်နယ်အစိုးရ တာဝန်ရှိ သူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ အနော်ရထာရပ်ကွက် ဥက္ကံဈေးအတွင်း အသက် ၁၁ နှစ်အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို ဥက္ကံမြို့ပါးနီပြင်ကျေးရွာမှ အစ္စလာမ်ဘာသာဝင် မ၀င်းဝင်းစိန်က ၀င်တိုက်မိရာမှ ကိုရင်လေး၏ သပိတ်ကျကွဲပြီး ဥက္ကံ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဥက္ကံပဋိပက္ခကို စတင်စေခဲ့သူ အစ္စလာမ်ဘာသာဝင် မ၀င်းဝင်းစိန်နှင့် မခင်မာသိန်းတို့ နှစ်ဦးအား သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တိုက်ကြီးမြို့နယ် တရားရုံးက ၂၀၁၃ ခုနှစ် ဇွန် ၅ ရက်တွင် ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

သို့ဖြစ်ရာ ပဋိပက္ခ ဖြစ်ပွားခြင်းအပေါ် အစိုးရတာဝန်ရှိသူများ ကိုင်တွယ်ဖြေရှင်းရာ၌ တရားမျှတမှုအတွက် မေးခွန်းထုတ်စရာများ ရှိနေခြင်း၊ တရားဥပဒေစိုးမိုးမှုရှိစေရန် လုပ်ဆောင်ရာတွင် အားနည်းမှုများ ရှိနေခြင်းကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာလေ့ရှိကြောင်း ပြည်သူများအကြား သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

ယခုဖြစ်စဉ်များကြောင့် စစ်တွေမြို့တွင် ယခင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့် ည ၁၂ နာရီမှ နံနက် ၄ နာရီအစား ည ၆ နာရီမှ နံနက် ၆ နာရီသို့ ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်၍ လိုအပ်သော အရေးယူမှု ပြုလုပ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် မတ် ၂၇ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group

အပြည့်အစုံသို့ »