အသာလုပ်ပါဆရာတို့ရာ ဟဝှာပါပျောက်မဗျာ




ဒီနှစ်ပိုင်းထဲ အဝေဖန်ခံ အပြောခံရတဲ့ကိစ္စတွေထဲ အစိုးရကတော့ ထားပါတော့။ သူကငါးပိချက်ပဲလေ။ ဝန်ကြီးတွေတော့ထားပါတော့၊ သူတို့လည်း ငရုတ်သီးပဲ။ အမတ်မင်း များလည်းထားပါတော့၊ သူတို့လည်း ရုပ်သေးပဲ။ ဆန္ဒပြသူတွေလည်း ထားပါတော့။ သူတို့က ခံဖက်ပဲ။ ရဲတွေလည်းထားပါတော့။ သူတို့က တာဝန်အရပဲ။ စစ်သားတွေ လည်း ထားပါတော့။ သူတို့က တစ်သွေးတစ်သံတစ်မိန့်ပဲ။ ဒါဆိုဘာကိုမထားရ ဘူးလဲ မေးပြီ။ ဟုတ်ပြီဖြေပြီ။ ထားမရတာက မီဒီယာပဲ။ အနှီမီဒီယာကား လတ်တလောတွင် အတွင်းအပြင် ဘေးရန်မစင် ဖြစ်နေသတည်း။

မီဒီယာရဲ့သဘောသဘာဝကိုက အစိုးရနဲ့ပြည်သူကြားက ပေါင်းကူး တံတားဗျ။ ခက်တာကဒီတံတားကို အစိုးရဘက်ကလည်းဖျက်၊ ပြည်သူ ဘက်ကလည်း ဖျက်မယ်ဆို ဟိုဘက်ကမ်း ဒီ ဘက်ကမ်းဘယ်သူမှ ရောက် မှာမဟုတ်ဘဲ တစ်ခြမ်းစီဖြစ်နေရင် ပြိုကွဲမှုဆိုတာ သေချာသပေါ့ဗျာ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်လို့ ကြွေးကြော်ထားသလို မီဒီယာလောကမှာ လတ်တလော ထုတ်ဝေနေတဲ့ သတင်းစာ ဂျာနယ်အများ စုရဲ့ နောက် ကွယ်မှာဘယ်သူတွေရှိလဲ။

ဒီစကားက ဘယ်သူဘယ်ဝါအထုပ်ဖြည်ပြ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ဖို့ မဟုတ်ပါဘူး။ ဆို လိုတာကမီဒီယာသမားစစ်စစ်၊ တကယ့်တိုင်းပြည်အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်စေရမဟဲ့လို့ ခိုင်ခိုင်မာမာရပ်တည်နေသူ ဘယ်သူရှိပါ သလဲ။ ဒါကိုအဖြေရဲရဲ ထွက်လာပြီဆို မီဒီယာရဲ့မရင့်ကျက်မှုကို လည်း ဝန်ခံရ မယ်။ အဲအဓိကအချက်ကတော့ တိုင်းပြည်အခြေအနေဆိုတာကိုလည်း မျက်ကွယ်ပြု ထားလို့ မရဘူးဆိုတာပါပဲ။

တိုင်းလုံးကျော်အမြင်ကတော့ ရိုးရှင်းပါတယ်။ တိုင်းပြည် ဟာ ပြည် သူရွေးကောက်တင်မြှောက်ပြီး ပြည်သူ့ ကိုယ်စားအာဏာကို ယုံယုံကြည်ကြည် အပ်နှင်းခံရ တဲ့အစိုးရ အုပ်ချုပ်မှုကို မခံခဲ့ ရဘူး။ အဲဒါခဏလေး မဟုတ်ဘူးနော်။ နှစ်များစွာ။ မညှာတမ်းပြောရရင် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်ဟာ ပရမ်းပတာ သူတစ်လူငါ တစ်မ င်းဖြစ်ခဲ့တော့ ပြည်သူ့ဆန္ဒဆိုတာ၊ အခွင့်အ ရေးဆိုတာ၊ ရပိုင်ခွင့်ဆိုတာ အဲဒီကတည်းက ပြည်သူက တွေးချိန်ကို မရခဲ့တာ။

အဲဒီတော့ ဒီလိုအစိုးရအောက် နှစ်များစွာလည်းနေခဲ့ရ၊ ဘာမှလည်း ပြောင်းလဲတိုးတက်မလာတဲ့အခါ မြန်မာတွေပဲဗျာ။ မင်းလောင်းမျှော်တာပေါ့။ ဒါမဆန်းပါဘူး။ နောက် လူကောင်းနိုးပေါ့။ ဒါကလည်း ဖြစ်မ လာပါဘူး။ ဒီတော့ ပြည်သူဟာ ဘက်လိုက်ခဲ့တယ်။ မယုံမရှိနဲ့ဗျ။ ပြည်သူဟာ တစ်လျောက်လုံး ပြည်သူက လွတ် လပ်စွာရွေးကောက်တင်မြှောက်တဲ့ အစိုးရ လက်အော က်နေခဲ့ ရတာမဟုတ်တော့ အဆင်ပြေမယ့်လမ်း မသိတောင် အဆင် မပြေတာကိုတော့ ကောင်းကောင်းသိတယ်။ ဒီတော့ မင်းလောင်းမျှော်တာပါပဲ။

ကြောက်လို့သာ၊ မတွန်းလှန်နိုင် လို့သာနေနေကြမယ်။ အရေးကြုံရင် ဘယ်ဘက်က မတ်မတ်ရပ်ကြမလဲ မြင်သာပါတယ်ဗျာ။ ဒီတော့ ပြည်သူပြည်သားတွေပဲဖြစ်တဲ့ မီဒီယာ ကလည်း ဘက်လိုက်ရပါတယ်။ ရှင်းရှင်းလေးဗျာ။ ဒါတိုင်းပြည်အခြေအနေပေါ် မူတည်တယ်။ ဒီနေရာမှာ ဘယ်အင်တာနေရှင် နယ်စံနှုန်းဆို တာတွေနဲ့ နေ ရာတိုင်း ချိန်လို့တော့ မရဘူးပေါ့ဗျာ။ အဲဒီအခါ မီဒီ ယာကလည်း အဖိတ်အစင်ရှိမှာပါပဲ။ ကျင့်ဝတ်လို့ပြောရင်တော့ မီဒီယာသမားတိုင်းကျင့်ဝတ် မဖောက်သလို အဲလို မဖောက်ဖို့ လိုက်နာကျင့်သုံးဖို့ကလည်း အခြေအနေအချိန်အခါနဲ့အတူ အစိုးရနဲ့ပြည်သူကလက်တွဲကူဖို့လိုပါတယ်။

အင်း အခုတော့ လွယ်လွယ်ပဲ မီဒီယာကိုဝေဖန်အပြစ်တင်၊ အရည်အချင်းမရှိသလို သတ်မှတ်ပြောဆိုနေတာတော့ မဟုတ်သေးဘူးလို့ တိုင်းလုံးကျော် ပြောချင်တယ်ဗျ။ ”ကျွန်တော်ကတော့ မီဒီယာတွေ နဲ့စကားပြောတိုင်း ကိုယ့်တာလုံအောင် အသံဖမ်းထားတယ်။ ကျန်တဲ့ဝန်ကြီးဌာနများက အရာရှိများကိုလည်း အဲဒီလို လုပ်ဆောင်ဖို့ တိုက် တွန်းတယ်။ မီဒီယာကိုလည်း အသံဖမ်းထားကြောင်း ဖြစ်နိုင်သမျှ အသိပေးတယ်။ ဒီနေ့လည်း စမေးတော့ နေဦးဗျာ၊ ကျွန်တော်လည်း အသံဖမ်းထားဦးမယ်ဆိုပြီး အသိပေးခဲ့တယ်။ တစ်နေ့က အမေရိကန် မီဒီယာအကြံပေးအမျိုးသမီးတစ်ဦးကို အဲဒီအကြောင်းပြောပြတော့ သူတို့ဆီမှာ အဲဒီလို စိုးရိမ်စရာမလိုပါဘူး။

လွဲမှားကိုး ကားခြင်း၊ လိုရာဆွဲဖြတ်တောက်ကိုးကားခြင်းဆိုတာ သတင်းထောက် တစ်ယောက်ရဲ့ သေတွင်းပဲလို့ဆိုတယ်။ ကျွန်တော်တို့ ဆီမှာတော့ သေတွင်းမဟုတ်ဘဲ ဂျာနယ်ရော င်းကောင်းရေး လက်နက်ဖြစ်နေတာဟာ စိတ်ပျက်စရာပါပဲ” တဲ့။ ဒါ လက် ရှိ ပြောရေးဆိုခွင့်ရဝန်ကြီးတစ်ပါးရဲ့ စကားပါ။

မီဒီယာတွေနဲ့စကားပြောတဲ့အခါ ကိုယ့်တာလုံအောင် အသံဖမ်းထားတယ်။ ဒီအထိဒါလုပ်ပိုင်ခွင့်ပါ။ ကောင်းပါတယ်။ ခက်တာက အောက်ဆုံးစကားဗျ။ ”လိုရာဆွဲဖြတ်ေ တာက် ကိုးကား ခြင်းဆိုတာ သတင်းထောက်တစ်ယောက် ရဲ့ သေတွင်းပဲလို့ဆိုတယ်။ ကျွန်တော်တို့ ဆီမှာတော့ သေတွင်းမဟုတ်ဘဲ ဂျာနယ်ရောင်းကောင်းရေး လက်န က်ဖြစ်နေတာဟာ စိတ်ပျက်စရာပါပဲ” တဲ့။ ဂျာနယ်ရောင်းကောင်းရေး လက်နက်။

ဟုတ်ကဲ့ခင်ဗျာ။ ပြည်တွင်းမီဒီယာတွေဟာ ဂျာနယ်ရောင်းကောင်းရေး အတွက် လုပ်နေကြပါသလား။ ဟုတ်ကဲ့။ ပါပါမယ် ။ ဘာလို့ဆို ဒါ စီးပွားရေးလုပ်ငန်းတစ်ခုမို့ပါပဲ။ မီဒီယာသမားအများစုဟာ ဘဝရပ်တည်မှုအရ လခစားအလုပ်လုပ်နေကြပါတယ်။ ဂျာနယ်အောင်မြင်မှ သူတို့ရပ်တည်မှု တည်ငြိမ်မယ်။ အဲဒါကိုမှ အယူအဆ ခံယူချက် မတူရင် သို့မဟုတ် လစာ လိုအပ်ချက်ရှိရင် ပြောင်းကြမယ်လုပ်ကြမယ်။ ငွေနောက် လိုက်သူသက်သက်မရှိဘူး မငြင်းပါဘူး။ ရှိမှာပါ။ ဟုတ်ပြီ ဒါပေမဲ့ လိုရာဆွဲ ဖြတ်ေ တာက် ကိုးကားခြင်း ။ ဘယ်ဂျာနယ်လဲ။

ဘယ်သတင်းစာလဲပြပါ ပြောပါခင်ဗျာ။ လိုရာဆွဲ ဖြတ်တောက် ကိုးကားသော အယ်ဒီတာများ ဘယ်သူတွေ လဲ ပြောပါ ခင် ဗျာ။ မေး ခွန်းကတော့ လိုရာဆွဲဖြတ် တောက်ကိုးကားခြင်းကို အစိုးရကရော လုပ်မနေဘူးလား။ အစိုးရသတင်းစာ တွေကရော လုပ်မနေဘူးလား။ မီဒီယာကိုပါ အသံဖမ်း ထားမယ်။ ကြိုဆိုပါတယ်။

တကယ်ပဲ အဲလိုအသံဖမ်းပြီး ရိုးရိုးသားသားတကယ်ဖြေမယ်ဆို တိုင်လုံး ကျော်လည်း အဲဒီဝန်ကြီး၊ အစိုးရအဖွဲ့ကို မေး ချင်တာတွေရှိပါတယ်။ အသံဖမ်းထားပါ။ ဘယ်လို လဲခင်ဗျာ။ တစ်ခုပဲသိ ချင်ပါတယ်။ ဖြေကြပါ မည်လား။ အပြစ်ရှာစောင့်ပြောမှာလား၊ ရိုးသားမှန်ကန် စွာ တည့်မတ်ဖြေဆို မှာပါလား။ ဖြေခွင့်မရှိပါဘူးခင်ဗျာ လုပ်မှာလား။ ဒီတော့ဗျာ။ တစ်ခါလာလည်း မီဒီယာတွေက ဘာဖြစ်လို့ ညာဖြစ်လို့ ။ တိုင်းလုံးကျော်လည်း မီဒီယာလောကသားပါ။ ပေါင်ရင်း နာနာထောင်းမှာပါပဲ။ ဟုတ်တယ် ညံ့သေးတယ်။ အားနည်းတယ်။ ချို့ယွင်းချက်ရှိတယ်။

အဲဒါပေမဲ့ အဲဒါဟာ ရိုးသားစွာလက်တွဲမကူတဲ့အစိုးရနဲ့ မီဒီယာ ကိုအထင်မကြီးတဲ့ ပြည်သူပြည် သား တချို့ကြောင့် ပါပဲ။ သေ တွင်းဟုတ်လား။ သေတွင်းထက် ဆိုးတာပေါ့ဗျာ။ ပြည်သူက ဒဏ်ခတ်မှာပေါ့။ လိုရာဆွဲ ဖြတ်တောက်ကိုးကားကြည့်ပါ။ ဘယ်လောက် ခံမလဲဆိုတာ။ ဒီတော့ ဘယ် မီဒီယာ၊ ဘယ်ဂျာနယ်၊ သတင်းစာ ဘယ်သူဘယ်ဝါတွေက အဲလိုလုပ်နေပါတယ်လို့ ပြောပါဗျာ။ အကုန်လုံးတော့ သိမ်းကျုံးမရမ်းပါနဲ့။ မှန်မှန် ကန်ကန် ထောက်ပြေ ရးသားနေတဲ့၊ ဂျာနယ်ရောင်း ကောင်းရေး သက်သက်သာ လုပ်နေတာ မဟုတ်တဲ့ ဘယ်ဂျာနယ်သတင်းစာတွေကိုရော လူကြီးမင်းတို့ ဖတ်ပါသလဲ။ ရိုးသားမယ်ဆို နာ မည်လေးတွေ ထုတ်ပြောစေချင်ပါတယ်လို့ တိုင်းလုံးကျော် တောင်းဆိုပါရစေခင်ဗျာ။

ပြောသာပြောရတာပါ။ ဒီရက်ပိုင်းထုတ် သတင်းစာတစ် ခုမှာ ရေဒါဖမ်းမမိနိုင်တဲ့ စစ်ရေယာဉ်တစ်စီးရေချတော့ အာဆီယံနိုင်ငံတွေထဲ ဒီလိုဖရီးဂိတ်စစ်ရေ ယာဉ်ကို ပြည် တွင်းမှာ တည်ဆောက်နိုင် တာ မြန် မာပဲရှိသေးတယ် ဖတ်လိုက်ရပါတယ်။ တယ်ဟုတ်ပါလားပေါ့။ အံ့မခန်းပါပဲ။ တကယ်ပဲ တိုးတက်နေပြီ ပဲ။ ရေဒါတောင်ဖမ်းမမိအောင် ကို ယ်ပျော က်ဒီဇိုင်းနည်းပညာဆိုပဲ။ သုံးစီးတောင်ရှိပဟ။ မသိခဲ့ကြပါ လားကွယ်တို့။ စုစုပေါင်း ခြောက်စီးအထိ ထုတ်လုပ်မယ်ဆိုပါလား။ ဟုတ်ကဲ့။ ကျေးဇူးပြုပြီး အသံ ဖမ်း ထားပါဝန်ကြီးခင်ဗျာ။

ဘယ်နိုင်ငံက နည်းပညာနဲ့လုပ်ပါသလဲ။ ဘယ်နိုင်ငံကကူညီပါသလဲ။ ဘယ်နိုင်ငံက ပညာရှင်တွေပါပါသလဲ။ ဘာအတွက်လုပ်ပါသလဲ။ ဘယ်လောက် ကုန်ကျပါသလဲ။ ဒီနည်းပညာက အင်မတန်အဆင့်မြင့်ပါ တယ်။ ဒီလို အဆင့်မြင့်နည်းပညာ သုံးနိုင်အောင် စမ်းသပ်ရမယ့်၊ ငှားရမ်းရမယ့်၊ ကုန်ကျရမယ့်စရိတ်တွေနဲ့ ပြီးမြောက် သည် အ ထိဖြစ်ခဲ့ဖို့ ဘဏ္ဍာငွေဘယ်က အတည်ပြုချပေးပါသလဲ။ ဘယ်တုန်း ကတည်းက စတည်လုပ်ဆောင်နေတာပါလဲ။ လက်ရှိအစိုးရသက်တမ်းမှာလား။

ယခင်အစိုးရ လက် ထက်ကတည်းကလား။ ဒါဆို တိုင်းလုံးကျော် တို့ ပြည်သူ တွေမသိသေးတဲ့အရာတွေ အများကြီး ထပ်ရှိနေပြီး ဒါတွေကို ဘာလို့ ဖုံးကွယ်ထိန်ချန်ထားရပါသလဲခင်ဗျာ။ အရင် အစိုးရလက် ထက်ကတည်းက လုပ်နေတာဆိုရင် အခုလက်ရှိအစိုးရနဲ့ သမ္မတက ဒီအပေါ်မှာ ဆက်လက်လုပ်ဖို့ သဘော တူတဲ့သဘောပါပဲ။ အဲဒါရောဟုတ်ပါသလား။

ဒီကာကွယ်ရေးဘတ်ဂျက်များနေခြင်းကို ဝေဖန်ခံနေရချိန် ဒီလိုအဆင့်မြင့် နည်းပညာသုံး စစ်သုံးရေယာဉ်ကို ပြည်တွင်းမှာတောင် ထုတ်လုပ် နိုင်ခြင်းကို သမ္မတကြီး ဘယ် လိုသဘောထားရှိပါသလဲ။

ဟူး…မောလိုက်တာဗျာ။ ဟုတ်ကဲ့ အသံဖမ်းထားပါခင်ဗျ။ တိုင်းလုံးကျော် လည်း ဒီစာလေးရိုက်နေတုန်း ဗြုန်းဆို မီးပျက်သွားပါ တယ်။ ကောင်း ပါ လေရောဗျာ။ ဘယ်နှ ယ့် ရေဒါကတောင် ဖမ်းမမိတဲ့ ကိုယ်ပျောက် ဒီဇိုင်းနည်းပညာ တောင်သုံးနိုင်တာ နွေရာသီဆို မီးပျက်တတ်တာကျ မပြောင်းနိုင်။ လုပ်နိုင်တာက မီတာခတိုးကောက် ဖို့။ အခုမှ တိုင်းလုံးကျော်လည်းသဘောပေါက်တယ်။

ဒီကိုယ်ပျောက်ဒီဇိုင်းနည်းပညာဆိုတာ လားလား တကယ်တော့ မြင်စေ ချင်တာ တွေကိုမြင်စေပြီး၊ မမြင်စေချင် တာတွေကို မမြင်အောင်ဖွက် ထားဖို့အတွက်ပါ အသုံးဝင်တာဖြစ်မယ်။ မယုံဘူးလား။ ဒီ မှာကြည့်ပါလား။ လက်စပျောက်။ တောပျောက်၊ တောင်ပျောက်၊ လယ်ပျောက်၊ အိမ်ပျောက်၊ အမှုပျောက်။ လိပ်စာပျောက်၊ စာရင်းပျောက်၊ ခုံရုံးပျောက်။

ဗျာ . . .ဟုတ်ကဲ့။ ပြည့်သူဆန္ဒ စစ်စစ်တွေလည်း အပ်ချလောင်း ပျောက်သွားပါပြီခင်ဗျား။ ရွှီး ဖြောင်း ဖြောင်း ဖြောင်း . . .။

တိုင်းလုံးကျော်

Popular Myanmar News Journal

အပြည့်အစုံသို့ »

အလှအပအတွက် ခရမ်းချဉ်သီးအသုံးဝင်ပုံ


ပါးနုသွေး၊ နီမြန်းစေချင်ရင်

တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။

မျက်နှာသန့်စင်စေချင်ရင်

အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။

အဆီပြန်သော အသားအရေအတွက်

ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။

ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ

ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။

ဆံပင်အနံ့ဆိုးခြင်း

တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။

သဘာဝရဲ့အားအင်

အပြည့်အစုံသို့ »

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆုံးဖြတ်နိုင်ဖွယ်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယနေ့စမည်



ရန်ကုန်၊ ဧပြီ ၎

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိသော အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့ (ဧပြီလ ၅ ရက်) စတင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသီးသီး ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ၂ ခုကို နှစ်ဖက်လက်ခံသော စာချုပ်တစ်ခု (Single Text) အဖြစ် ပူးပေါင်းရန် ညှိနှိုင်းမည့် အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ အခြေခံ သဘောတူညီချက်များနှင့် လက်မှတ်ထိုးရန် နောက်ဆုံး ဆွေးနွေးမည့် ဘားအံ ဆွေးနွေးပွဲအတွက် အဖြေထွက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ယခု ဆွေးနွေးပွဲအတွက် အစိုးရက တင်သွင်းမည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပူးပေါင်းရေးဆွဲထားပြီး ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

တိုင်းရင်းသား အဖွဲ့များကလည်း အစိုးရနှင့် ညှိနှိုင်းမည့် အပစ်ရပ်မူကြမ်းကို ဧပြီလဆန်းတွင် အပြီးသတ် ရေးဆွဲခဲ့ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။

နှစ်ဖက်သဘောတူ အပစ်ရပ်မူကြမ်း ထွက်ပေါ်လာရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများ ပါဝင်သည့် ပူးတွဲကော်မတီ တစ်ရပ်ကို တစ်ဖက်လျှင် အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့မှ ခေါင်းဆောင်များ ဦးဆောင် ပါဝင်မည် ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့များက ဆိုသည်။

အစိုးရနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင် အများအပြား ပါဝင်မည့် ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

NCCT မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း ဆွေးနွေးပွဲ၌ ပါဝင်လာမည် ဖြစ်ပြီး သမိုင်းတစ်လျှောက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အများဆုံး ပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ဖြစ်လာဖွယ် ရှိကြောင်း MPC အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။


The Voice Weekly

အပြည့်အစုံသို့ »

Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူတစ်ဦးကို ရဲတွေ ဖမ်းမိ





Angel on 2014-04-05 10:35    
ပေါ့ပ်အဆိုတော်၊သရုပ်ဆောင်မလေး Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ရဲတွေ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယဖြစ်စရာလူတစ်ယောက် Selena Gomez ရဲ့ အိမ်ခြံစည်းရိုးကို ခုန်ကျော်ဝင်ရောက်သွားတာကို အိမ်နီးချင်းတွေက ရဲကို အကြောင်းကြား ခဲ့တဲ့အတွက် အခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုင်နက်ကျူးကျော်မှုအတွက် သံသယရှိသူကို ရဲတွေဖမ်းဆီးမိပြီးနောက်မှာ California ပြည်နယ် Calabasas  မြို့ က သူမရဲ့နေအိမ်မှာ ရဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အခုလို သူမရဲ့ စံအိမ်ထဲ ကျူးကျော်ဝင်ရောက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီနှစ် ဇန်န၀ါရီလတုန်း ကလည်း ၁၉ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်ဟာ San Fernando တောင်ကြား Tarzana အရပ်က သူမရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။

အခင်းဖြစ်ပွားချိန်မှာ အသက် ၂၁ နှစ်အရွယ်အဆိုတော်မလေးဟာ အိမ်မှာ မရှိနေဘဲ LA က သူမရဲ့ ရှေ့ နေ ဆီသွားရောက်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သူမအိမ်ကို ပြန်ရောက်လာတဲ့ Selena Gomez တစ်ယောက် အိမ်မှာ ရဲတွေပြည့်နှက်နေလို့ စိတ်ညစ်နေရပုံပေါ်တယ်လို့  TMZ သတင်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှုနှင့် လုယက်မှုများ အစိုးရသစ် လက်ထက်တွင် ပိုများလာ


(ရန်ကင်းမြို့နယ်၌ ဖြစ်ပွားခဲ့သော ရက်စက်စွာ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူကို ပြင်းထန်စွာ အရေးယူပေးရန် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်))

အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ ခုတွင် မုဒိမ်းမှု၊ ဓားပြမှု၊ လုယက်မှုတို့မှာ နှစ်စဉ်တိုးမြင့် လာနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ထုတ်ပြန်မှုများအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် မတ်လကုန်အထိ အချက်အလက်များ ပါရှိခဲ့ပြီး ပထမပိုဒ်တွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော် သစ္စာဖောက်မှု၊ လက်နက်မှုနှင့် မတရားအသင်း စသည်တို့ ပါဝင်သည့် အမှုကြီး ၁၀ မှုကို ဖော်ပြထားသည်။

အမှုကြီး ၁၀ ခုတွင် လူသတ်မှုမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် ပျမ်းမျှ အမှု ၁၀၀ ခန့်သာ ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ အမှုပေါင်း ၁၅၀ ကျော်ထိ ရှိလာနေကြောင်း သိရသည်။

မြင့်တက်လာသော လူသတ်မှုများတွင် အများပြည်သူမှ လက်ရှိအချိန်ထိ စိတ်ဝင်တစား သိရှိလိုနေသော ၂၀၁၁ ခုနှစ်က မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘီယာဆိုင်တစ်ခုတွင် မျက်နှာဖုံးစွပ် အယောက် ၂၀ ကျော်ခန့်က လူတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှာမူ လက်ရှိအချိန်ထိ ပြီးပြတ်သည့် တရားရုံး အမိန့်ချမှတ်ထားနိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် ၂၀၁၃ ခုနှစ်၌လည်း မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော သမီးနှင့် အမေဖြစ်သူအား လည်လှီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ လုယက်မှုနှင့် မုဒိမ်းမှုဖြစ်စဉ်များမှာလည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမိုများပြားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရှေ့ပိုင်းကာလများတွင် တစ်နှစ်လျှင် အမှု ၂၀ သာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မှ စတင်ကာ ၁၀ မှုမှ ၁၅ မှုအထိ တိုးတက်လာခဲ့ပြီး မုဒိမ်းမှုများမှာလည်း ရာဂဏန်းကျော်ထိပင် ရောက်ရှိလာခဲ့သည်။

၁၀ နှစ်တာ ဓားပြတိုက်မှု ဖြစ်စဉ်တွင် ၂၀၁၁ ခုနှစ်၌ အဆိုးရွားဆုံး ဖြစ်ပွားခဲ့ကာ ၄၇ မှုအထိရှိခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၃ ထိ ဆက်လက်များပြား နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အခြားအမှုများဖြစ်သော ခိုးမှုဖြစ်စဉ်များမှာမူ လျော့ကျသွားခဲ့ပြီး ယခင်တစ်နှစ်လျှင် အမှုပေါင်း ၂၀၀ ကျော်ထိ ရှိခဲ့သော်လည်း ယခုနောက်ပိုင်း နှစ်များတွင်မူ ၈၀ ခု ခန့်သာ ဖြစ်ပွားခဲ့ကြောင်း သို့သော် နာကျင်စေမှုနှင့် ယာဉ်တိုက်မှုကြောင့် နာကျင်စေသည့် အမှုများမှာမူ တိုးတက်လာနေကြောင်း သိရသည်။

လက်ရှိအစိုးရသစ် လက်ထက်အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် ၄၉ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား ၆၈၀၀၀ ကျော် လွှတ်ပေးခဲ့သည်ဟု သမ္မတ ဦးသိန်းစိန်က မတ် ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။ လွှတ်ပေးခဲ့မှုများတွင် ပါဝင်ခဲ့သောယခင် လူသတ်မှု၊ ခိုးမှု၊ လုယက်မှုများ ကျူးလွန်ခဲ့မှုကြောင့် အကျဉ်းကျခဲ့သည့် သူများမှာ လက်ရှိမြင့်တက်နေသော အမှုကြီး ၁၀ မျိုးအပြင် အခြားအမှုများတွင် ပြန်လည်ပါဝင် ကျူးလွန်မှုများ ရှိနေကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည့် ၆၈၀၀၀ အနက် ၁၀၀၀ ကျော်သာ နိုင်ငံရေးဖြင့် အကျဉ်းကျခံရသူများ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ ဖော်ပြထားမှုအရ လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ ခြေချုပ်၊ ရဲအက်၊ ကျင့် ၅၄၊ အရေးပေါ် ၅ (ည)နှင့် ဆင်ဆာဗီဒီယို အမှုများတွင် ပျမ်းမျှအမှု အရေအတွက် ဖြစ်ပွားမှုနှုန်းမှာ လျော့ကျနေကြောင်း ဖော်ပြထားသည်။



Eleven Media Group

အပြည့်အစုံသို့ »

အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်


(အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ်ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ်)


နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံးရုံးချိန်းအဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျူးကျော်ကျောင်းဟု သတ်မှတ်ခံထားရသည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးက "ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးလာတာ ခြောက်နှစ်ရှိသွားပါပြီ။ သက်တော် ၄၀၊ ၀ါတော် ၂၀ ရှိပါပြီ။ ဦးဇင်းအနေနဲ့က အစိုးရ သတင်းစာမှာ ဖော်ပြသလို ဘုန်းကြီးတု၊ ဘုန်းကြီးယောင် မဟုတ်ပါဘူး။ သံဃနာယက အဖွဲ့က အသိအမှတ်ပြုထားတဲ့ သံဃာမှတ်ပုံတင်ကတ်လည်း ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာကို ပြထားပါတယ်။ ဦးဇင်းတွေအနေနဲ့ တရားရင်ဆိုင်ရင် ထောင်ခြောက်လ ကျမယ်ဆိုတာ သိနေကြတယ်။ အခုဟာက တရားရင်ဆိုင်ရင် ထောင်ကျမယ်။ မရင်ဆိုင်ရင် တရားခံပြေး သတ်မှတ်ခံရမယ်။ ဘယ်လိုဖြစ်ဖြစ် အနာဘက်ကချည်းပဲ။ သွားရောက် ရင်ဆိုင်တဲ့ ဘုန်းကြီးသုံးပါးက ထောင်ကျသွားပြီ။ ကျန်တဲ့ကိုယ်တော်တွေလည်း ရှောင်သွားကြပြီ" ဟု မိန့်ကြားသည်။

ဆက်လက်ပြီး "ဦးဇင်းတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ဘယ်ခေတ်မှာမှ ဒီလိုမလုပ်ခဲ့ပါဘူး။ စစ်အစိုးရခေတ်တောင် ဒီလိုမလုပ်ခဲ့ဘူး။ ဘုန်းကြီးကျောင်းတွေကို အခြားနေရာမှာ အစားပေးရင်တောင် တော်သေးတယ်။ အခုတော့ အတင်းဖယ်ခိုင်းတယ်။ မဖယ်ရင် ၀ရမ်းကပ်တယ်။ ဦးဇင်းကျောင်းမှာဆိုရင် စာသင်နေတဲ့ကိုယ်တော် ၂၈ ပါးရှိတယ်။ ပြန်ဖို့စရိတ်မရှိလို့ မီးစက်ရောင်းပြီး ပြန်ခိုင်းလိုက်ရတယ်။ ဦးဇင်းရဲ့ ကျောင်းနေရာကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရွာက ဒကာတစ်ဦးက လှူခဲ့တာပါ" ဟု မိန့်ကြားသည်။

ဘုန်းကြီးကျောင်းများအား ကျူးကျော်ဆိုပါက စတင်ဆောက်လုပ် ကတည်းက တားသင့်ကြောင်း၊ ဘုန်းကြီးကျောင်းများ အခိုင်အမာ တည်ဆောက်ပြီးမှ လာရောက် တားမြစ်နေခြင်းဖြစ်ကြောင်း၊ ဒကာ၊ ဒကာမ များကလည်း နိုင်ငံတော်ကို ပုန်ကန်နေခြင်း မဟုတ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် မဖြစ်သင့်ကြောင်း၊ ကိုယ့်ရပ်ရွာသို့ပြန်ကြွရန် ဒကာ၊ ဒကာမများက တိုက်တွန်းကြောင်း အဆိုပါဦးဇင်းက မိန့်ကြားသည်။

ဧပြီ ၁ ရက်ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်း ၂၄ ကျောင်းရှိကြောင်း၊ တရားရင်ဆိုင်သည့် ကျောင်းထိုင်ဘုန်းကြီး သုံးပါးအား လူဝတ်လဲစေပြီး ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေသည့် ဘုန်းကြီးကျောင်း ရှစ်ကျောင်းအား စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျူးကျော်ကျောင်း ၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့်နှင့် တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား ဘုန်းကြီးကျောင်းများအဖြစ် အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းအား တရားစွဲဆိုနိုင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင်စစ်ဆေးရာ ဥတ္တရသီရိမြို့နယ်မှ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်းများမှ သံဃာတော်များသည် ထွက်ခွာသွားကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ လှမေတ္တာ ကမ္မဋ္ဌာန်းကျောင်း၊ မဟာမြိုင်ကျောင်း၊ မိတ္တီလာကျောင်းများသည် တရားရုံးတွင် ရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရာမညကျောင်း၊ အဓိဋ္ဌာန်တောရကျောင်း၊ ဇေယျာမြိုင်ကျောင်း၊ ငှက်ပျောတောလျှိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ ရတနာသိဒ္ဓိကျောင်း၊ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမကျောင်းများ တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်ကျောင်းဟု သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းများသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်း များအတွင်း ရှိနေကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား နိုင်ငံတော် သံဃနာယက အဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများ ဖြစ်သည့်အတွက် အသိအမှတ်မပြုရန် ဆုံးဖြတ်ထားသည့်အတွက် နေပြည်တော်ကောင်စီ အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများ၌ ဖမ်းဆီးမိန့်ကပ်ထားသည့် အမိန့်စာတွင် ချိန်းဆိုထားသည့်ရက်တွင် လာရောက်ရန်နှင့် ဤရုံးက အခြားနည်း အမိန့်ချမှတ်ခြင်း မရှိမီအတွင်း လာရောက်မည်ဟု ကိုယ်တိုင်ငွေကျပ်ငါးသိန်း ခံဝန်ပြုလျှင်ဖြစ်စေ၊ ငွေငါးသိန်းတန် ခံဝန်နှစ်ယောက်ကို အာမခံပေးလျှင်ဖြစ်စေ၊ ၎င်းအား လွှတ်ထားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်မှုအပေါ် အမြင်အချို့

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)

အခုလို လုပ်တာမျိုးကတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ တစ်ဖက်သတ် ပြင်းပြင်းထန်ထန် အရေးယူတာမျိုးထက် နှစ်ဖက်မျှမျှတတ လုပ်ဆောင်တာ ပိုသင့်လျော်ပါတယ်။ အရင်အာဏာရှင်စနစ် ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ သံဃာတော်တွေကို တရားခံပြေးအဖြစ် သတ်မှတ်တာမျိုးတွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာ ဘာကြောင့် အခုလောက်အထိ လုပ်နေရသလဲ၊ နောက်ကွယ်မှာ ဘာတွေရှိနေလို့လဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။

ဆရာတော် ဦးပါမောက္ခ (မကွေးကျောင်းတိုက်ဆရာတော်)

သံဃနာယက,က စာနဲ့ပေနဲ့ခေါ်ရင် သွားရမယ်။ အဲဒီလိုခေါ်လို့ မလာဘူးဆိုရင် တိုင်းသာသနာရေးမှူးကနေပြီး တရားလိုပြုပြီး တရားစွဲလို့ရပါတယ်။ တရားစွဲလို့ရတယ် ဆိုတာကတော့ နိုင်ငံတော် သံဃနာယက,က တစ်ချိန်တုန်းက ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာတို့ သံဃာဝိနိစ္ဆရလက်စွဲတို့ အဲဒီလိုစာအုပ်တွေကြည့်ပြီးတော့ တရားစွဲလို့ရတယ်။ ဒီအမှုကတော့ တရားစွဲလို့ ရလောက်အောင် မဖြစ်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် မိမိတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာ မဖြစ်သင့်ပါဘူး။

သာသနာ့မြေ ကျပြီးသား ကျောင်းတွေကို ဖျက်တယ်ဆိုရင်တော့ ဓမ္မ၀ိနိယနဲ့ မညီညွတ်ဘူးပေါ့။ သူတို့က တစ်ချိန်တုန်းက န၀တ၊ နအဖ လက်ထက်တုန်းကလိုပဲ လက်နက်ရှိတော့ အာဏာရှိတယ်။ အာဏာရှိတော့ လုပ်ချင်ရာလုပ်တဲ့ သဘောမျိုးပေါ့။ ယခုအချိန်မှာတော့ သံဃမဟာနာယက ကလည်း လက်နက်မဲ့ အာဏာရှင်တွေပဲ ဖြစ်နေခြင်းကြောင့် သူတို့လုပ်ချင်သလိုလုပ်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။



Eleven Media Group 

အပြည့်အစုံသို့ »

မြို့ပတ်ရထားစက်ခေါင်းများတွင် ခြေရာခံ GPS စနစ် တပ်ဆင်အသုံးပြုပြီ



သော်ဇင်ထက် ၊ ရန်ကုန်

မြို့ပတ်ရထား စက်ခေါင်းများ တွင် ခြေရာခံ GPS စနစ် အသုံးပြုနိုင် ရန် လိုအပ်သည်များကို တပ်ဆင်လိုက် ပြီဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအ မှတ်(၇)မှ လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''မြို့ပတ်မီးရထား စက်ခေါင်း ၂၁ ခေါင်းမှာ ခြေရာခံ GPS စနစ် တပ်ဆင် ပြီးပါပြီ။ GPS စနစ်သုံးဖို့ ရည်ရွယ်ချက် လဲ ရှိပါတယ်။ အသုံးပြုနိုင်တဲ့ အဆင့် ရောက်အောင်တော့ ကြိုးစားနေပါတယ်'' ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

မီးရထားစက်ခေါင်းများတွင် GPS စနစ် တပ်ဆင်ထားသည့်ရထားများ မည်သည့်နေရာတွင် ရောက်ရှိနေသည် ကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ခြင်း၊ လိုအပ်သည့် ညွှန်ကြားမှုများကို ထိန်းချုပ် ခန်းမှနေ၍ တိုက်ရိုက်ဆောင်ရွက်ခြင်း များ ပိုမိုလွယ်ကူလာမည်ဟု သိရသည်။

ယင်းက ''အခုတပ်ဆင်ပြီးပေမယ့် ဒီထက်ကောင်းအောင် လုပ်ဖို့လိုသေး တယ်။ ရေရှည် ဘယ်လိုသုံးမလဲပေါ့။ အ ခုတော့ ထိန်းချုပ်ခန်းအတွက် စတင်ပြင် ဆင်နေတယ်''ဟု ပြောသည်။

GPSှ စနစ်ကို မြို့ပတ်ရထားများ တွင် တပ်ဆင်ခြင်းအတွက် e-Trade Myanmar ကုမ္ပဏီက စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အဆိုပါစနစ် အသုံးပြုခ အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနသို့ ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
____________________________________________________
Photo: mariusztravel.com


Yangon Media Group 

အပြည့်အစုံသို့ »