ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်သွားမည်


ဂျာမနီသမ္မတရဲ့ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံ ဘာလင်ခရီးစဉ် စတင်တော့မှာဖြစ်ပါတယ်။ သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အစိုးရပိုင်း ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဖို့ ရှိသလို လွှတ်တော်ကိုလည်း သွားလေ့လာမှာဖြစ်ပြီး “Willy Brandt Prize”  လက်ခံရယူမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံခရီးစဉ်ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနှစ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ဖေဖော်ဝါရီလတုန်းက ရောက်လာခဲ့တဲ့ ဂျာမနီသမ္မတက သူနဲ့တွေ့ဆုံစဉ်မှာ ဖိတ်ကြားခဲ့တဲ့အတွက် သူ့ရဲ့ ဖိတ်ကြားချက်နဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်ဟာ ဧပြီလ ၉ ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကိုပါ ခရီးဆက်ဖို့ရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနှစ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါမှာဖြစ်တဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျာမနီနိုင်ငံ သမ္မတရဲ့ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။ ဂျာမနီနဲ့ပြင်သစ်ကို နှစ်နိုင်ငံ သွားရောက်မှာဖြစ်ပါတယ်။ ဧပရယ်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ဂျာမနီနိုင်ငံ သမ္မတနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံတာတွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး လွှတ်တော်ကို သွားရောက်လေ့လာဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဂျာမနီမှာ “Willy Brandt Prize”  ကို လက်ခံရယူမှာဖြစ်ပြီး ဧပရယ်လ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို စတင် ခရီးထွက်ခွာပါမယ်။ ပြင်သစ်နိုင်ငံမှာ ဆိုလို့ရှိရင်လည်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံတာတွေ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံတာတွေ၊ လွှတ်တော်ကို သွားရောက်လေ့လာဖို့တွေ၊ အဲဒီ အစီအစဉ်တွေ ရှိပါတယ်။”

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt ကို ဂုဏ်ပြုပေးအပ်တဲ့ Willy Brandt ဆုကို လက်ခံယူဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံခရီးစဉ်အတွင်းမှာ ဂျာမနီအစိုးရပိုင်းက သမ္မတ Joachim Gauk ၊ ဝန်ကြီးချုပ် Dr. Angela Merkel အပါအဝင် အကြီးအကဲတွေ၊ လွှတ်တော်ဥက္ကဋ္ဌ Dr. Norbert Lammert နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီလိုမျိုး ဂျာမနီ အကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးကြမယ့်အပေါ် ဂျာမနီနိုင်ငံ မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်က ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မယ့် အလားအလာကောင်းတွေ ပေါ်ထွန်းလာစေမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီအကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီမှာလာပြီးတော့ ဂျာမနီမှာရှိနေတဲ့ ဝန်ကြီးချုပ်တွေကော၊ သမ္မတတွေကော၊ တခြားဝန်ကြီးတွေကောနဲ့ တွေ့တယ်ဆိုတာကတော့ ပထမဆုံးအကြိမ်တွေ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဂျာမနီမှာ ရှိနေတဲ့ မြန်မာတွေအနေနဲ့ကတော့ အလွန်ပဲ ဝမ်းသာပြီးတော့ အလွန်လည်းပဲ ဂုဏ်ယူပါတယ်။ တကယ့်ကို development ပေါ့လေ၊ ဂျာမန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ချစ်ကြည်ရေးဖြစ်တဲ့အပြင် ကူးသန်းရောင်းဝယ်ရေးကအစ အကုန်လုံး လျောလျောရှူရှူ အဆင်ပြေ တိုးတက်မယ်လို့တော့ ယူဆပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမိသားစုနဲ့ ဧပြီလ ၁၃ရက်နေ့ မနက်ပိုင်းမှာ Freie University မှာ တွေ့ဆုံဖို့ရှိတဲ့အကြောင်းကိုလည်း ဦးနွယ်အောင်ကပြောပြပါတယ်။

“ဧပြီလ ၉ ရက်နေ့မှာ နိုင်ငံတော် ဧည့်သည်တော်အနေနဲ့ ဂျာမနီကို လာမှာပေါ့။ သမ္မတ Gauk က (၁၀) ရက်နေ့မှာ သူ့ရဲ့နန်းတော်မှာ ဒေါ်စု နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေကို ဧည့်ခံမယ်။ နောက်တခါ ဘာလင်တင်မကဘူးပေါ့လေ ဂျာမနီမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းရော၊ ဥရောပမှာ တခြားနိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းရော၊ သူတို့နဲ့ ဒေါ်စုတို့အဖွဲ့နဲ့ ၁၃ ရက်နေ့တွေ့မယ်။ မနက် ဆယ်နာရီမှာ စမယ်။ တွေ့မယ့်နေရာကတော့ Freie University မှာလုပ်ဖြစ်မယ်။ အဲဒီအပြင် ဒေါ်စုကတော့ ဂျာမနီရဲ့အဓိပတိ ချဲန်ဆယ်လာ မစ္စက် မာကဲလ်တို့၊ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးတို့၊ နောက် တခြား Federal Ministry က ဝန်ကြီးတွေနဲ့ နောက်ပြီးတော့ Federal Parliament က ဥက္ကဋ္ဌနဲ့ MPs တွေနဲ့ စသဖြင့်ပေါ့လေ၊ ထိပ်တန်းက နိုင်ငံရေးသမားကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ်၊ ပြောကြမယ်ဆိုတာကိုတော့ သိထားပါတယ်ခင်ဗျ။”

ဧပြီလ ၁၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ခရီးဆက်မှာဖြစ်ပါတယ်။ ပါရီမြို့မှာတော့ သမ္မတ Francois Hollande နဲ့ တွေ့ဆုံဖို့ရှိသလို အစိုးရပိုင်းအကြီးအကဲတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ပြင်သစ်စစ်တက္ကသိုလ်နဲ့ ပြင်သစ်လွှတ်တော်ကိုလည်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံခရီးစဉ်ကို ဧပြီလ ၁၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ မြန်မာပိုင်း)

အပြည့်အစုံသို့ »

မြိတ်-ထားဝယ် ကားလမ်း မိုင် တိုင် အမှတ်(၈၅/၄)အနီး ယာဉ်တိုက်မှုဖြစ် ABSDF မှ ရဲဘော်တဦးသေဆုံး






၂၀၁၄ ဧပြီလ ၇ ရက် မွန်းလွဲ (၃)နာရီခန့်က ပုလောမြို့နယ် ထမင်းမစားကျေးရွာအုပ်စု တော်ဝင်ကျေးရွာ အနီး ကားလမ်းမ ပေါ်တွင် ထားဝယ် မှ မြိတ်သို့မောင်းနှင် လာသည့် "ရွှေထားဝယ်"(4C/4827)နှင့် မြိတ်မှထားဝယ်သို့မောင်းနှင် သည့် Hi Jet(၁စ/၅၉၄၀)မျက်နှာချင်းဆိုင် တိုက်မိ သဖြင့် Hi Jet ပေါ်ပါလာသူတစ် ဦး အခင်းဖြစ်ပွား သည့်နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ကျန် ၅ ဦးမှာ "ပ လောက်"ပြည်သူ့ဆေးရုံ သို့ အတွင်းလူနာအဖြင့် တင် ပို့ပေးခဲ့ပါသည်။

အဆိုပါအတွင်းလူနာ ၅ ဦးအနက် မှ ဒဏ် ရာပြင်းထန်သည့် လူနာနှစ်ဦး ကို "ထားဝယ် ပြည်သူ့ဆေးရုံ"သို့
ယ နေ့ ၈ ရက်နေ့ နံနက်(၃)နာရီတွင် လွှဲပြောင်းတင် ပို့ ခဲ့ပါသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့် Hi Jet ကားပေါ် ပါလာသူများမှာ မြိတ်မြို့၌ ကျင်းပခဲ့သည့် "ABSDF"ကျဆုံး ရဲဘော် များအား ဒီမိုက ရေစီ သူရဲကောင်းဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲ မှ မိခင် တပ် ရင်းသို့ အပြန် အခင်းဖြစ်ပွားခဲ့ ခြင်းဖြစ်ပါသည်။

သေဆုံးသူမှာ "ABSDF"မှ လက် ရှိ တာဝန်ထမ်းဆောင်နေ သော ရဲဘော်"ခွန် ဒီး ယျူ"ဖြစ် သည် ဟု သိရှိရပါသည်။

Myat Htut

အပြည့်အစုံသို့ »

အဖော်အချွတ်ဓာတ်ပုံရိုက်၍ မော်လ်ဒယ်တစ်ဦး ထောင်ချခံရ

photo- internet


အင်္ဂလန် နိုင်ငံ က အသက် (၁၉) နှစ် သာရှိသေးတဲ့ မော်ဒယ် တစ်ဦး ဟာ အမြင်မတော် တဲ့ နေရာမှာ အဖော် အချွတ် ဓာတ်ပုံ ရိုက် ခဲ့လို့ ထောင်ဒဏ် (၄၅) ရက် ချမှတ် ခံရတယ် လို့ သိ ရပါတယ်။ ဗယ်လာရီဒါ ဟာ သူတက် ရောက်သင်ကြား ခဲ့တဲ့ ကက်သလစ် အထက်တန်း ကျောင်းနဲ့ ဘောလုံးကွင်း တွေမှာ သွား ရောက်ပြီး အဖော်အချွတ်ဓာတ်ပုံတွေ ရိုက် ကူးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီး ခဲ့တဲ့ ဇွန်လ က စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး တားမြစ်ထားတဲ့ နေရာကို အခွင့်မရှိဘဲ ၀င် ရောက်ခဲ့မှု၊ အများ ပြည်သူ မြင်ကွင်း မှာ မဖွယ် မရာ ဓာတ်ပုံရိုက်ကူးမှုစတဲ့ စွဲချက်တွေနဲ့ ရင် ဆိုင်ခဲ့ရပါတယ်။

ဗယ်လာရီက သူ့အနေနဲ့ မော်ဒယ်အ ဖြစ် ပြုလုပ်နေတာကို ကျောင်းက ဆရာတွေနဲ့ သူငယ်ချင်းဖြစ်သူ တွေ အားပေး ထောက်ခံမှု ရဖို့ အခုလိုပြုလုပ်ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပြီး သူ့ အပေါ်ချမှတ် ထား တဲ့ ပြစ်ဒဏ်က လည်း တရားမျှတမှု လုံးဝမရှိဘူးလို့ ဝေဖန် ခဲ့ပါတယ်။ ဗယ်လာရီဟာ အဖော် အချွတ် ဓာတ်ပုံ တွေကို သူ့ရဲ့ ၀က်ဘ် ဆိုက်မှာ လွှင့်တင်ထားခြင်းဖြစ် ပြီး ၀က်ဘက်ဆိုက် မန်နေဂျာ ရှိန်းဟာ ရင်တန် ကလည်း ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်လိုက် ခြင်းဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဗယ်လာရီရဲ့ရှေ့နေတွေကတော့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်အတွက် အယူခံ ၀င်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

The Messenger

အပြည့်အစုံသို့ »

ဆန်ဆီ- လယ်သမားတွေအတွက် သတင်းကောင်း





ကျနော့်အတွက်တော့ ဖြေရှင်းရတဲ့ အကြာင်းအရာ
-
မြန်မာနိုင်ငံသားတွေတင် မကပါဘူး၊ တကမ္ဘာလုံးမှာ လူတွေ သိနေတာ မြေပဲဆီ၊ နှမ်းဆီ၊ ပန်းနေကြာဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ဖရုံသီးအစေ့ဆီ စသည်ဖြင့် အသီးအနှံတွေတော်တော်များများက အစေ့တွေကို ကြိတ်ချေပြီး ဆီလုပ်ကြတာကိုပါ။
-
ကျနော်ဟာ ချက်ရပြုတ်ရတာ ၀ါသနာပါတဲ့အပြင်၊ ခရီးတွေ သွားနေရတော့ ရောက်တဲ့နေရာတွေက ဈေးဆိုင်တွေမှာ ကောင်းနိုးရာရာတွေ ၀ယ်ရင်းနဲ့ ရိုးရိုဆီတွေနဲ့ ဈေးသိပ်မကွာတဲ့ ဖွဲနုဆီ(ဆန်ဆီ) ကို သုံးစွဲနေခဲ့တာ ကြာပါပြီ။ အိမ်က သမီးနှစ်ယောက်ကလည်း စားတဲ့ ဆီ ဆိုရင် ဖင်လန်လို ရီးစီ (ဆန်ဆီ)လို့ပဲ သိကြပါတယ်။
-
ဒီနေ့ အကြီးမ အသက် ၉ နှစ်ပြည့် ကျောင်းကျန်းမာရေးက စစ်တော့ အစားအသောက်ထဲကို ဘာဆီမျိုး ထည့်ပြီး သုံးစွဲလဲလို့ မေးတော့ သမီးက ဆန်ဆီ ပဲ သုံးတယ်လို့ ပြောတဲ့အခါမှာ အဟာရဓါတ်ကျွမ်းကျင်တဲ့ ပညာရှင်က ကျနော့်ဆီ ဖုံးဆက်ပြီး မေးမြန်းပါတယ် တကယ်ပဲ အိမ်မှာ ဆန်ဆီ သုံးစွဲသလား ပေါ့။ ကျနော်ကလည်း ဟုတ်ကဲ့ သုံးပါတယ် ၂ နှစ်ကျော်ကျော်လောက် ရှိပါပြီပေါ့။

ဒီတော့ ပညာရှင်က သူ့ကို ပြလို့ ရမလားပေါ့။ ကျနော်ကလည်း ရပါတယ် ဆိုပြီး အိမ်ပြန် (ဖွဲနုဆီ) ဆန်ဆီပုလင်းကို ယူပြီး ပြတော့မှ ဟာ အီတလီ နိုင်ငံက ထုတ်တာပဲ၊ သူတခါမှ မမြင်ဘူး မကြားဘူး ဘူး။ ဗီတာမင် အီး ဓါတ်တွေလည်း အများကြီးပဲ သံလွင်ဆီ ထက်တောင် ကျန်းမာရေးကောင်းသေးတယ်တဲ့။

(တကယ်ကတော့ အာဟာရဓါတ်ကျွမ်းကျင်တဲ့ ပညာရှင်က ဆန်ဆီ ဆိုတဲ့ နာမည်ကို ကြားတဲ့အခါမှာ အာရှတိုက်သားတွေ ထွေလီကာလီ စားကြတော့ ကလေး ကျန်းမာရေး ထိခိုက်မှာစိုးလို့ မေးမြန်းတာပါ။)
-
ဟုတ်ကဲ့ မြန်မာနိုင်ငံဟာ ဆန်စိုက်ပျိုးတဲ့ နိုင်ငံပါ၊ ဆန်ကြိတ်ရင် ထွက်လာတဲ့ ဖွဲနုဟာ မြန်မာနိုင်ငံမှာတော့ တိရစ္ဆာန်အစာ ဖြစ်ပေမဲ့ နည်းပညာရှိတဲ့ နိုင်ငံတွေမှာတော့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ဗီတာမင် အီး ပေါများရာ ကိုယ်လက်စရော အဆီဓါတ်မပါသော လူတို့ စားသုံးတဲ့ ဆီ အဖြစ်နဲ့ ၁ လစ်တာကို ၅ ယူရို နီးပါး ပေးရတဲ့ အိမ်အသုံးအဆောင် ဖြစ်နေပါပြီ။
-
တောင်သူလယ်သမား ဦးကြီးတို့ တချိန်မှာ နည်းပညာတိုးတက်မှု့တွေကို ခံစားနိုင်ကြပြီး ချမ်းသာကြွယ်ဝကြပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။

Nyein Chan Aung

အပြည့်အစုံသို့ »

ကားဗုံးထောင်စဉ် ရုတ်တရက်ပေါက်ကွဲမှုကြောင့် ဆီးရီးယားသူပုန် ၂၉ ဦး သေဆုံး


Location: ဒမတ်စကတ်စ်

ဧပြီ ၆ ရက်က အလက်ပိုမြို့တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့များက စည်ပိုင်းဗုံးများဖြင့်တိုက်ခိုက်ပြီးနောက် အပျက်အစီးများကြားရောက်နေသော ကလေးငယ်တစ်ဦးကို အမျိုးသားများက ကယ်တင်နေကြစဉ် (Hosam Katan/REUTERS)
ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့၌ ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး သူပုန် ၂၉ ဦး သေဆုံးသွားသည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး ပျောက်ဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိနေသောကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လာဖွယ်ရှိသည်ဟု ယင်းအဖွဲ့က ပြောကြားသည်။

ဧပြီ ၆ ရက်တွင် ဖြစ်ပွားခဲ့ သော ကားဗုံးပေါက်ကွဲမှုမှာ သူပုန်များ ထိန်းချုပ်မှုအောက်ရှိ ဟွမ်းစ်မြို့ စွန်မြို့ဖျား၌ ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းမြို့ကို ဆီးရီးယားသမ္မတ အာဆတ် တပ်ဖွဲ့ဝင်များက ဝိုင်း ထားသည်ဟုသိရသည်။

သူပုန်များ တိုက်ခိုက်မှုတစ်ခုအတွက် ကားဗုံးထောင်နေစဉ် ရုတ်တရက်ဗုံးထပေါက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့နှင့် နိုင်ငံပိုင် သတင်းဌာန SANA က ပြောကြားသည်။

သို့ရာတွင် အာဆတ်အစိုးရ တော်လှန်ရေးအဖွဲ့ SRGC ကမူ ဟွမ်းစ်မြို့စွန်ရှိ လက်နက်ဂိုဒေါင် တစ်ခုပေါ်သို့ ဒုံးကျည်တစ်ခုကျခဲ့ ခြင်းကြောင့် ပေါက်ကွဲခဲ့ခြင်းဖြစ် သည်ဟု ပြောကြားသည်။

ယင်းပြောကြားချက်ကိုမူ အ တည်မပြုနိုင်ခဲ့ပေ။

မြို့တော်ဒမတ်စကတ်စ်ရှိ အော်ပရာဇာတ်ရုံပေါ်သို့ ဧပြီ ၆ ရက်တွင် သူပုန်များ ပစ်ခတ်လိုက် သော မော်တာကျည်ဆန်ကျ ရောက်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

မော်တာကျည်ဆန်များဖြင့် ပစ်ခတ်မှုကြောင့် မြို့တော်နေရာ အချို့တွင် လူ ၁၃ ဦး သေဆုံးခဲ့ သည်။ ဧပြီ ၆ ရက်တွင် ဒမတ်စ ကတ်စ်မြို့အရှေ့မြောက်ပိုင်းရှိ ဒူမားမြို့သို့ အစိုးရတပ်ဖွဲ့ဝင်များ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်သုံးဦး အပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့သည်။

မာလီဟာမြို့၌လည်း လေ ကြောင်းတိုက်ခိုက်မှုများအပြင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။               —Ref: AFP

7day daily

အပြည့်အစုံသို့ »

သင်္ကြန်မဏ္ဍပ်များတွင် အ၀တ်လဲခန်းမှလွဲ၍ အခန်းပိုများ ဖျက်ခိုင်း



Author: အေးသူစံ
Location: ရန်ကုန်


ရန်ကုန်သင်္ကြန်မဏ္ဍပ်အချို့တွင် စုံတွဲများ နှစ်ကိုယ်ကြားတွေ့ဆုံနိုင်သည့် အခန်းများ ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် အ၀တ်လဲခန်းမှလွဲ၍ အခြားအခန်းများ ပြန်လည်ဖျက်သိမ်းရန် မဏ္ဍပ်တည်ဆောက်သူများကို သတိပေးထားသည်။

‘‘ဒီနှစ်မဏ္ဍပ်တွေ ဘေးနဲ့အနောက်မှာ ရိပ်သာလို၊ တည်းခိုခန်းလို စုံတွဲနှစ်ကိုယ်ကြား တွေ့ နိုင်တဲ့ အခန်းတွေ ထူးထူးခြားခြား လုပ်လာကြတယ်။ သာမန်အ၀တ်လဲခန်းလောက်ဆို ကျွန်တော်တို့ ဘာမှမပြောဘူး။ နှစ်ကိုယ်ကြား တွေ့တဲ့အခန်းနဲ့ အ၀တ်လဲခန်းဆိုတာ အရမ်းသိသာပါတယ်။ ဒါတွေ လုံးဝထည့်မဆောက်ဖို့၊ ဆောက်ထားရင် ပြန်ဖျက်ဖို့ မြို့ နယ်မှူးတွေကတစ်ဆင့် သတိပေးထားတယ်’’ ဟု ရဲမှူးကြီးမြင့်အေးက ပြောသည်။

သတိပေးညွှန်ကြားချက်အတိုင်း လုပ်ဆောင်ထားခြင်းရှိ၊မရှိ ကို သင်္ကြန်မကျမီ ဧပြီ ၁၁ နှင့် ၁၂ ရက်တို့တွင် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မဏ္ဍပ်များတွင် သင်္ကြန်လက်မှတ်များကို ရိုးရိုးတန်းနှင့် VIP တန်းဟု ခွဲခြားသတ်မှတ်ထားပြီး VIP တန်းအတွက် အထူး နားနေခန်းများတွင် အနားယူရန် ပြင်ဆင်ထားကြောင်း၊ အထူးတန်းဈေးမှာ တစ်ရက်လျှင် ကျပ် တစ်သိန်းကျော် ဈေးရှိပြီး ယမကာနှင့် အခြားဖျော်ဖြေမှုများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မဏ္ဍပ်တွင် အလုံပိတ်နားနေခန်းများကို ဧည့်သည်များနားနေခန်းအဖြစ် အမည်တပ်၍ စီးပွားရှာစားခြင်းသည် ရိုးရိုးသားသား မဏ္ဍပ်ထိုးသူများအတွက် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း The Invaders မဏ္ဍပ်မှ အဆိုတော် ရန်ရန်ချမ်းကပြောသည်။

မဏ္ဍပ်များတွင် ရေပက်ကစားသူများ နားနေရန် အခန်းများကို ယခင် သင်္ကြန်နှစ်များတွင်လည်း ထည့်ဆောက်လေ့ရှိကြောင်း အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် နေထိုင်ခဲ့ဖူးသည့် စာရေးဆရာ နေနော်က ပြောကြားသည်။

‘‘အရင်မဏ္ဍပ်တွေ ဆောက်ခွင့်ပြုခဲ့တဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့ဆို ကျွန်တော်နေခဲ့တာပဲ။ သင်္ကြန်တွင်းဆို တွေ့နေရတာပဲ။ ပါတီတွေပေးတာ။ မဏ္ဍပ်ကဆောက်ထားတဲ့ အခန်းတွေထဲမှာ နေချင်ရင် စုံတွဲတွေက မဏ္ဍပ်ဆောက်တဲ့သူတွေကိုဈေးညှိရတယ်။ ရိုးရာသင်္ကြန်က ပျက်သွားတာကြာပါပြီ။ ကိုယ့်ကလေးတွေအတွက် စိတ်ပူတယ် ဒါမျိုးတွေ’’ဟု အရွယ်ရောက်ကလေးနှစ်ဦး ဖခင် စာရေးဆရာ နေနော်က ပြောသည်။

‘‘ကျွန်တော်တို့ မဏ္ဍပ်မှာလည်း VIP အခန်း ရှိပါတယ်။ ဒါအလုံပိတ် မဟုတ်ဘူး။ ကိုယ့် မဏ္ဍပ်လာတဲ့ ဧည့်သည်တွေ ခဏတစ်ဖြုတ်နားလို့ရအောင် ထည့်ထားတာ။ အထဲမှာ ထိုင်နေတဲ့သူကိုလည်း မြင်နေရတယ်။ အခုလို VIP လို့ နာမည်တပ်ပြီး အလုံပိတ်စီးပွားရှာစားတာမျိုးကို တာဝန်ရှိသူတွေ သေချာစစ်ပါ။ တွေ့ရင် အရေးယူပေးပါ’’ဟု ၎င်းကပြောသည်။

သင်္ကြန်မဏ္ဍပ်အနီးတွင် အရက်သေစာမရောင်းရ၊ သောက်စားခြင်းမရှိရဟု အစိုးရက ပုံမှန် စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း နှစ်စဉ် သင်္ကြန်ပွဲတော်တွင်း အမျိုးသား၊ အမျိုးသမီးများ၏ အရက်သေစာသောက်စား မူးယစ်နေသည့်ပုံများမှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အကြီး၊ အသေး စုစုပေါင်း ၁၄၀ ကျော် ခွင့်ပြုထားပြီး ယခင်နှစ်ထက် နှစ်ဆခန့် ပိုမိုများပြားလာကာ ရန်ကုန်သင်္ကြန်မှာ အစွမ်းကုန် စည်ကားမည့်သဘောတွင် ရှိနေသည်။

7day daily

အပြည့်အစုံသို့ »

မြေးဖြစ်သူ ၁၃ နှစ်ကလေးအား မုဒိန်းကျင့်သူ သားကို မိခင်ကိုယ်တိုင်အမှုဖွင့်



ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပြွန်တန်ဆာ မြို့တွင် အသက် (၁၃) နှစ် အရွယ်သာ ရှိ သေး သည့် အရွယ် မရောက် သေးသော မြေးဖြစ်သူ အား အဓမ္မ ပြုကျင့်မှု ဖြင့် သားဖြစ်သူအား မိခင်ကိုယ်တိုင် အမှုဖွင့် ထားကြောင်း ပြွန်တန်ဆာမြို့မ ရဲစခန်းမှ သိရ သည်။ ဖြစ်စဉ်မှာ ဧပြီလ (၆) ရက်နေ့ တွင် ညောင် လေး ပင် မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ............ကျေးရွာ၊ . ........................ အပိုင်း၊ ..................... နေ ဒေါ် ................. (၄၂)နှစ်သည် ၎င်း ၏ အငယ်ဆုံး သားဖြစ်သူ မောင် ................ နှင့် နံနက် သုံးနာရီ ညောင်လေးပင်မြို့သို့ ဈေးရောင်းထွက်သွား ပြီး ကျန်သည့် သားနှစ်ယောက်မှာလည်း ကန် စွန်းရွက်ခူးရန် ထွက် သွားခဲ့ကာ အိမ်တွင် အ သက် (၁၃)နှစ်အရွယ် မြေးဖြစ်သူ တစ်ဦး တည်းကျန်ခဲ့သည်။ နံနက်(၁၀)နာရီအချိန် ခန့်၌ ဒေါ်............ အိမ်ပြန်ရောက်လာသည့် အချိန်တွင် မြေးဖြစ်သူ မ .................. (၁၃) နှစ် မှာ တုံးလုံးလဲ နေပြီး ဗိုက်အောင့်သည်ဟု ပြောသဖြင့် မေးမြန်းရာတွင် သား ဖြစ်သူ မောင် ................... (၁၈)နှစ်မှ အလိုမတူ ဘဲ သားမယားပြုကျင့်ခဲ့ကြောင်း ပြောကြားခဲ့ သဖြင့် ပြွန်တန်ဆာရဲစခန်းသို့ သွားရောက် အ မှုဖွင့် ခဲ့ ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ယင်းကဲ့သို့ အရွယ်မရောက်သေးသူအား အဓမ္မပြု ကျင့်ခံရ မှုဖြစ် ပွား ခြင်းကို ထိရောက် သည့် ပြစ်ဒဏ်ပေးရန်နှင့် အမှုမဖြစ်ပွား စေရန် အတွက် အသိပညာ ပေး အစီအစဉ် များ ဆောင်ရွက်ရန်လိုအပ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးဇော်လင်း က The Messenger သတင်းစာသို့ ပြောသည်။

ကလေးတွေကို အိမ်မှာ တစ်ယောက် တည်း မထားခဲ့ဖို့၊ လူပြတ်တဲ့ နေရာ တွေမှာ ကလေးကို တစ် ယောက် တည်း မလွှတ်ဖို့ အ သိပညာ မျိုးတွေကို မိဘတွေ သိရှိဖို့ လိုပါ တယ်””ဟု ၎င်း က ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သားဖြစ် မောင် ............... (၁၈) နှစ်အား အရေးယူ ပေးပါရန် မိခင်ဖြစ်သူ ဒေါ် .................... (၄၂) နှစ်၏ တိုင်တန်းမှုအား ပြွန်တန်ဆာ မြို့မ ရဲစခန်းမှ (ပ) ၆၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။


The Messenger

အပြည့်အစုံသို့ »