မွေးရာပါ ဗိုက်ဖေါင်းနေသည့်ကလေးငယ်၊ ဆေးကုသရေး အခက်ကြုံနေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ယောစုကျေးရွာတွင် မွေးဖွားချိန်မှစတင်ပြီး ဗိုက်ဖေါင်းနေသောကလေးငယ်တစ်ဦးမှာ ဆေးကုသစရိတ်ခက်ခဲနေပြီး၊ ကျွမ်းကျင်ဆရာဝန်ကြီးများဖြင့် ပြသနိုင်
ရေးပါ ခက်ခဲနေသည့်အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

“မွေးရာပါလို့ပြောရမှာပါ၊ လေဖေါင်းနေတာလို့ပြောကြပါတယ်၊ ကျွန်တော်တို့လည်း ဘာမှနားမလည်ပါဘူး၊ ကလေးမြို့ဆေးရုံမှာပြတော့ မန္တလေး၊ ရန်ကုန်မှာ သွားကုသဖို့ပြောပါတယ်၊ ကျွန်တော်တို့မှာ စားရေးသောက်ရေးပါ ခက်ခဲနေတာဆိုတော့၊ ဘယ်လိုမှသွားလာဖို့မလွယ်ပါဘူး၊ ကျွန်တော်တို့ကိုကယ်ကြပါ။”ဟု ကလေးငယ်၏ မိခင်ကပြောသည်။

ကလေးငယ်မှာ အသက်တစ်နှစ်နှင့်ရှစ်လရှိပြီဖြစ်ပြီး ဦးမောင်နိုင်၊ ဒေါ်ခင်ဇော်အေး၏ ဒုတိယသားငယ်ဖြစ်သည်။ စေတနာရှင်များအနေဖြင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသိန်းလှိုင် ဖုန်းနံပါတ်(၀၉-၄၉၂၇၁၅၀၆)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သီရိမေ-ကလေးဝ
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

အပြည့်အစုံသို့ »

Lazer World ကုမ္ပဏီ မှ တရားစွဲဆိုခြင်း အပေါ် အဆိုတော် Cobra ၏ ဖြေရှင်းချက်


Lazer World ကုမ္ပဏီတွင် Presenter အဖြစ် လုပ်ကိုင်ခဲ့ဖူး သော မဆုဆုအောင် ၏ ဇာတ်ညွှန်း မိတ္တူ အမှုကိစ္စ အတွက် ကြားလူ တစ်ယောက် အနေဖြင့် ဖေ့စ်ဘုတ် တွင် ဖြစ်စဉ်အား ရေးသားတင်ပြခဲ့ သည့် တေးသံရှင် Cobra ကို Lazer World ကုမ္ပဏီ မှကျောက်တံတား ရဲစခန်းတွင် ဧပြီ ၉ရက်နေ့က (ပ) ၁၄၄/၁၄ ပုဒ်မ ၃၄(ဃ)/ ၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ဆက်စပ် - တေးသံရှင် Cobra အား Facebook ပေါ် ကိုယ်ချင်းစာစိတ်မရှိဘူးလို့တင်ပြမှုကြောင့် Lazar World ကုမ္ပဏီမှ အီလက်ထရောနစ်ဥပဒေဖြင့် တရားစွဲဆို

အဆိုပါ အမှု ကိစ္စနှင့် ပတ်သက်ပြီး တေးသံရှင် Cobra က “တကယ် တမ်းပြောရင်ဖေ့စ် ဘုတ်က မြန်မာနိုင်ငံက ထောင်ထားတာ မဟုတ်သလိုကိုယ့် Wall ပေါ်မှာ ဘယ် သူ မဆို ဝင်ရေးကြတာပဲ။ လူ တိုင်းလည်း ရေးနေကြတာ။ အဲဒီလို သာလုပ်မယ် ဆိုရင်မြန်မာ တစ်နိုင်ငံ လုံးက လူတွေတောင် အကုန်ထောင် ထဲ ထည့်ထားလို့ရတယ်။ ကျွန်တော် ရေးတာကလည်း ဘာရည် ရွယ်ချက်မှ မရှိဘူး။ ရှင်းရှင်းပြောရရင် ကိုအောင်ကြူဟိန်း နဲ့ ကျွန်တော် နဲ့ ကြားမှာ လည်း ဘာမှပြဿနာ မရှိဘူး။ အမြင် မတော်တဲ့ ကိစ္စလေးကို ကူညီနိုင်တဲ့ သူတွေ့သွားရင် အဆင်ပြေ သွားအောင်လို့ပါ။ ဒီအမှု ကိစ္စမှာ လုံးဝမတရားဘူး ထင်လို့ ဝင်ပြီးတော့ ပါပေးတာ။ နောက်ပြီး တော့ ဒီ ကောင် မလေး ကို ဒီလောက် ကိစ္စလေး နဲ့ ချုပ် ထားတယ် ဆိုတာကလည်း မဖြစ် သင့်ဘူး။ ကျွန်တော်လည်း ရုပ်ရှင် လောကက လူတွေ နဲ့ ဒီလောက် ခင်နေတာ။ ဒီဇာတ်ညွှန်း ကိစ္စက ဒီလောက်ကြီးလည်း မဟုတ်ဘဲနဲ့ အချုပ်ထဲကို မရမက အတင်း ထည့်တယ် ဆိုတာ အဲဒါ ကြီးက မဖြစ်သင့်ဘူးလေ။ အခုကျတော့ ကျွန်တော်ရယ်၊ တရား ခံ ကောင်မလေးရယ် ကျွန် တော့်မိတ်ဆွေ တစ်ယောက်ရယ် သူလည်း ကျွန်တော့် လိုပဲ။ ကိုအောင် ကြူဟိန်း ကို သွားပြီး မေတ္တာ ရပ်ခံတာ။ သူ့ကိုလည်း တရား စွဲထား တယ်။ ၃ယောက် စွဲထားတယ်”ဟုရှင်းလင်း ပြောပြသည်။

ယခုလို တရားစွဲ ဆိုခံ ရသည့် အတွက် တစ်ကိုယ်တော် အခွေ အတွက် ပြင် ဆင်နေသော တေးသံ ရှင် Cobra အနေဖြင့် ကြန့်ကြာမှု များရှိကြောင်း၊ စိတ် အနှောင့်အယှက် လည်းဖြစ်မိကြောင်း ကို “အမှန် အတိုင်းပြောရရင် ကျွန်တော် က ရုံး တွေဘာတွေ သိပ် မသွားချင်ဘူး။ အဲဒီတော့ အောက်မှာ ပဲ ဖြတ်လို့ရ ရင် ဖြတ်မယ်။ ကျွန်တော့်ရှေ့နေ ကလည်း ပြောတယ်။ ရုံးသွားတော့ ဘာဖြစ် လဲ ဆိုတော့ တကယ်တမ်းဒီ အမှုက ရုံးပေါ်ရောက်လည်း ပယ် လိုက်မှာပဲ။ ဒီအမှုက တကယ်တမ်း ကျွန်တော့်ကို ဘာမှတော့ လုပ်လို့ မရ ဘူးပေါ့။ ဒါပေမဲ့ စိတ်အနှောင့် အယှက်တော့ ဖြစ်တာပေါ့။ သူ့အနေ နဲ့ အဲဒီလောက်ဖြစ်လည်း နည်းလား ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ကဲ အဲဒါ ဆိုလည်း လုပ် ပါလေ့စေ။ ဖြစ်သင့် တာက အောင်ကြူဟိန်း ကို ပြောတာဖြစ်တဲ့ အတွက် အောင်ကြူဟိန်း နာမည် နဲ့ပဲ တရားစွဲရမှာ။ ဒါပေမဲ့ သူ့ရဲ့ ဝန်ထမ်း အမျိုးသမီး တစ်ယောက် နာမည် နဲ့ စွဲ ထားတယ်။ အမှန်တကယ်က ကိုအောင်ကြူဟိန်း နာမည်နဲ့ စွဲရ မှာပေါ့”ဟု Cobra က ဆိုသည်။

Cobra နှင့် ခင်မဉ္ဇူခိုင် တို့၏ သမီးငယ်လေး မှာလည်း ၂လအ ရွယ်သို့ ရောက် ရှိနေပြီး အိမ်နာမည် ကို Cara ဟု ချစ်စနိုး အမည်ပေးထား ကြောင်း သိရှိ ရသည်။ သမီးလေးနှင့် ပတ်သက်ပြီး လည်း ဖခင်ဖြစ်သူ Cobra က”စိတ်ကူးလေးတွေ ကတော့ အများကြီးပေါ့။ ဖြစ်နိုင်ရင် အကုန် လုံး လုပ်ပေး ချင်တယ်။ ပညာရေး က အစ အနု ပညာကိုလည်း ဝါသနာ ပါရင် လုပ်ပေးမယ်။ အခု လောလောဆယ် ကတော့ ရက် ၁ဝဝပြည့် နဲ့ နာမည်ပေး ကင်ပွန်း တပ်ပွဲလေး လုပ်ဖို့ တော့ စဉ်းစား ထားပါ တယ်” ဟု ပြောသည်။

ဆက်စပ်သတင်း -



P069
Popular Journal 

အပြည့်အစုံသို့ »

ဒဂုံတက္ကသိုလ်ကျောင်းဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ The Music စားသောက်ဆိုင်


လင်းလင်းနဲ့ ချစ်သုဝေတို့က ချစ်သူဘဝကတည်းက ဒဂုံတက္က သိုလ်ကျောင်း ထဲမှာ The Music စားသောက်ဆိုင်ကို ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ချစ်သူဘဝက တည်းက ဖွင့်လှစ်ဖြစ်ခဲ့တဲ့ The Music စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ချစ်သုဝေက

” ထရီဇာတို့က စီးပွားရေးအနေနဲ့လုပ်တာမဟုတ်ပါဘူး။ ချစ်သူဘဝတုန်းက ကိုလင်းအနုပညာနဲ့ရှာထားတဲ့ ပိုက်ဆံတွေကို ကိုလင်းက အဓိပ္ပာယ်ရှိတဲ့အ လုပ်လေးလုပ် ချင်တယ်တဲ့။ အဲဒါနဲ့ ထရီဇာက မပျောက်ပျက်ရအောင် ကျောင်း canteen လေးဖွင့်ဖို့ idea ရတယ်။ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ထိတွေ့ချင် တယ်။ ကျောင်း ကို သွားတော့ မိုးတွင်းဆိုရင် ကျောင်းမှာ ကလေးတွေ ထိုင် ရတာ အဆင်မပြေဘူး။ မိုးတွေပက်တယ်။ သွားရလာရဗွက်ထတယ်။

ဒဂုံကျောင်းထဲမှာ ကျောင်း canteen ကို ဖွင့်တဲ့အခါ စီးပွားရေးအနေနဲ့မ လုပ်ဘဲ ကျောင်းသူ၊ ကျောင်းသားတွေအတွက် နေရာထိုင်ခင်း၊ အဆင်ပြေပြီး သန့်ရှင်းသပ်ရပ်မယ်။

အစားအသောက်ဆိုရင်လည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး အသန့်ရှင်းဆုံး အစားအသောက်တွေကို ရောင်းမယ်ဆိုပြီးတော့ ဒီဆိုင်လေးကို ဖွင့်ခဲ့တာပါ။ စီးပွားရေး လုပ်တာရယ် မဟုတ်ဘူး။ ကိုလင်းရဲ့စိတ်ကူးလေးက အစားအသောက် ရောင်းတယ်ဆိုတာ ယူတတ်ရင်ကုသိုလ်ရတယ်။

ပညာရှာနေကြတဲ့ ကလေးတွေ အတွက် အကောင်းဆုံး ဝန်ဆောင် မှုတွေ ပေးကြမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အပြင်မှာ တောင်မဖွင့် ဘဲ ကျောင်း ထဲမှာ canteen လေးဖွင့်လှစ်ထားတာပါ။ အခုဆိုရင် ၃နှစ်ကျော် ၄နှစ် နီးပါးရှိနေပြီ။ တစ်ခါတလေ ထရီဇာတို့ ကျောင်းကို သွားရင် သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်လုပ်စားကြတယ်။ ထရီဇာရော ကိုလင်းရောက အနုပညာသည်တွေ စီးပွားရေး မလုပ်တတ်ကြဘူး။ ထရီဇာတို့ စိတ်တွေနဲ့ စီးပွားရေးလုပ်ဖို့ သိပ်အဆင်မပြေဘူး။

ထရီဇာတို့က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးဖြစ် ချင် တယ်။ သူတို့တွေအတွက် ဘယ်ရာသီဥတု မဆို နေရာထိုင်ခင်း အဆင်ပြေပြေနဲ့ စားသောက်ဖွယ်ရာနဲ့ သူတို့ပညာရှာနေတဲ့အချိန်မှာ စိတ်ချမ်းချမ်းသာသာနဲ့ ခဏနားခို ရာလေး ဖြစ်ချင်တယ်” လို့ ပြောပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့က နောက်ထပ်စီးပွားရေးလုပ်ဖြစ်မယ်ဆိုရင်လည်း ယူတတ်ရင်ကုသိုလ်ရမယ့် စားသောက်ဆိုင်လိုမျိုးပဲ ဆက်လုပ်ဖြစ် မယ်လို့ ပြောပါတယ်။ ချစ် သုဝေက ဧပြီ ၂၃ ရက်နေ့မှာ ပြင်ဦး လွင်မှာ ဇာတ်ကားသွားရိုက်မှာဖြစ်ပြီး မေလကုန်မှာ ရန်ကုန်ပြန်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ သင်္ကြန်မတိုင်ခင်မှာတော့ ဒုတိ ယ တစ်ကိုယ်တော်အခွေကို စလုပ်ဖြစ်နေပြီး သီချင်း ၄ ပုဒ်သွင်းပြီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal

အပြည့်အစုံသို့ »

အီရတ်တွင် အသေခံ ဗုံးခွဲ၊ လူ ၃၀ သေဆုံး

ဓာတ်ပုံ - AP

အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ အရှေ့မြောက်ပိုင်း ခါနာချင်မြို့မှာ ကာဒစ်ရှ်မွတ်စလင်တွေက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူအယောက် ၃၀ သေဆုံးခဲ့ပြီး လူအယောက် ၅၀ လောက် ဒဏ်ရာရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကာ့ဒ်လူမျိုးတွေဟာ ကာ့ဒ်လူမျိုး အီရတ်သမ္မတ ဂျလဲလ် တာလာဘာနီရဲ့ ရုပ်သံထုတ်လွှင့်မှုကို အောင်ပွဲခံနေခဲ့တာပါ။ သမ္မတဟာ ဂျာမနီနိုင်ငံမှာ ဆေးကုသခံနေရင်း မဲထည့်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်သူက ကာဒစ္စတန် သူရဲကောင်းသမဂ္ဂရဲ့ ဌာနချုပ်နားက လူအုပ်ကြားထဲကို ၀င်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။

အဲဒီ ရဲအရာရှိရဲ့ ညီဖြစ်သူဟာလည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အီရတ်နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ၂ ရက် အလိုမှာ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာ ပါ။

DVB Burmese

အပြည့်အစုံသို့ »

အီဂျစ်တွင် လူ ၆၈၃ ဦးကို သေဒဏ်ချမှတ်မှု နိုင်ငံတကာ ဝေဖန်ရှုတ်ချ

မူဆလင်ညီအကိုများအဖွဲ့ ခေါင်းဆောင် (ဓာတ်ပုံ - ရိုက်တာ)

အီဂျစ်နိုင်ငံ တရားရုံးတရုံးက မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့ ခေါင်းဆောင် မိုဟာမက် ဘဂျီးယားနဲ့ အဖွဲ့ဝင် ၆၈၃ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အတွက် မြို့တော် ကိုင်ရိုမှာရော၊ နိုင်ငံတကာကပါ ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အီဂျစ်တောင်ပိုင်း မစ်ညာခရိုင်က အယ်လ်အဒ်ဝါမြို့မှာ ရဲတဦးကို သတ်မှုနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ စွပ်စွဲခဲ့ပြီး မိနစ်ပိုင်းပဲ ကြာတဲ့ တရားစီရင်မှုအတွင်း ခုလို သေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။
တရားစီရင်ချိန်မှာ စွပ်စွဲခံတွေကို ရုံးမထုတ်ခဲ့သလို သူတို့ရဲ့ ရှေ့နေတွေကလည်း ခုခံလျှောက်လဲတာတွေ မလုပ်ခဲ့ကြပါဘူး။

အီဂျစ်ထိပ်တန်း အစ္စလာမ်မစ်အာဏာပိုင်အဖွဲ့ သဂရန်း မက်ဖ်တီကတော့ စီရင်ချက်ကို ပြန်လှန်သုံးသပ်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဇွန်လမှာ ချမှတ်မှာဖြစ်ပါတယ်။

DVB Burmese 

အပြည့်အစုံသို့ »

အီရတ် စစ်သားများနှင့် ရဲတပ်ဖွဲ့တို့ မဲပေးနေစဉ်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်


ဧပြီ ၂၉။

လာမည့် နှစ်ရကအတွင်း ကျင်းပမည့် အီရတ်နိုင်ငံ ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့နှင့် စစ်သားများမှ ကြိုတင် မဲပေးနေစဉ်နှင့် နိုင်ငံရေး
ဆိုင်ရာ စုဝေးမှုများတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၃၀ ကျော်မှာ တနင်္လာနေ့တွင် သေဆုံးခဲ့ကြောင်း အာဏာပိုင်များနှင့်
မျက်မြင်သက်သေများမှ ပြောဆိုကြသည်။

ဘဂ္ဂဒက် အရှေ့မြောက်ပိုင်း မိုင် ၁၀၀ အကွာခန့်တွင် တည်ရှိသော ခန်နာကွင်းမြို့တွင် ဖြစ်ပေါ်ခဲ့သည့် ၎င်းအသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့်
အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်သူဟာ ကာ့ဒ်မျိုးချစ်များ သမဂ္ဂရဲ့ ဌာနချုပ် အနီးက လူအုပ်ထဲမှာ ဝင်နေပြီးတော့ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာပါ။ ဒီလို လုပ်ဆောင်
ခဲ့တဲ့အတွက် လူအများအပြား သေဆုံးခဲ့ရတာပါ ” ဟု သေဆုံးရာတွင် ပါဝင်သွားသူ တစ်ဦး၏ အကိုဖြစ်သူ ရဲအရာရှိမှ ငိုရှိုက်ရင်း ပြောကြားခဲ့သည်။

တပြိုင်နက်တည်းတွင်ပင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ယူနီဖောင်းများကို အယောင်ဆောင် ပြောင်းလဲဝတ်ဆင်ထားသည့် ဆွန်နီ မွတ်စလင် စစ်သွေးကြွများသည်
ဘဂ္ဂဒက် တစ်ဝိုက်ရှိ မဲရုံများနှင့် မြောက်ပိုင်း အီရတ်ဒေသရှိ မဲရုံများကို တိုက်ခိုက်ခဲ့ကြပြီး ၂၀၀၃ ခုနှစ် ဆက်ဒမ်ဟူစိန်၏ ကျဆင်းမှု နောက်ပိုင်းတွင်
စတုတ္ထအကြိမ်မြောက် ကျင်းပသည့် နိုင်ငံ့ရွေးကောက်ပွဲကို နှောက်ယှက်ရန် လုပ်ဆောင်ခဲ့ကြသည်။

သာမန် အီရတ်ပြည်သူများ ဗုဒ္ဓဟူးနေ့ မဲမပေးမှီတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ အနောက်ပိုင်းဒေသ အန်ဘာခရိုင်အတွင်းနှင့် မြို့တော်
ပတ်ပတ်လည် ဒေသများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ အယ်လ်ကေဒါ တပ်ဖွဲ့ခွဲများ၊ အရှေ့ပိုင်း အီရတ် အစ္စလာမ်မစ်  (ISIL)အဖွဲ့များနှင့်
တိုက်ခိုက်နေကြရသည်။

ဝန်ကြီးချုပ် အယ်လ်မာလီကီမှ တတိယအကြိမ် ဝင်ရောက် ရွေးကောက်ခံရန် ကြိုးစားမှုမှာလည်း ရှီးအိုက်မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံတွင်
ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများသည် ၂၀၀၈ ခုနှစ်ကတည်း အတင်းမာဆုံး အခြေအနေသို့ ရောက်ရှိနေသည့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုနှင့်
ရင်ဆိုင်ရလျက် ရှိသည်။

အနီးနားဒေသရှိ အဒ်ဟာမီရာတွင်လည်း မဲရုံ၌ အသေခံ ဗုံးခွဲမှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။
“ လမ်းဘေးကနေ စစ်တပ် ဝတ်စုံနဲ့ လူတစ်ယောက် ကျွန်တော်တို့ အရှေ့ကို လျှောက်လာနေတာကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ အသေခံ
ဗုံးခွဲသမား ဖြစ်တယ်ဆိုတာကို နားလည်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ ထွက်ပြေးခဲ့ကြပါတယ် ” ဟု မဲပေးရန် စောင့်ဆိုင်းနေသည့် ရဲတပ်သား
အာမက် ဆူလတန်မှ ပြောကြားခဲ့သည်။

ဆွန်နီမွတ်စလင် ကာလီဖိတ်အဖွဲ့အစည်းကို ထူထောင်လိုသည့် ISIL အဖွဲ့သည် အီရတ် ဆွန်နီများအား မဲပေးလျှင် သတ်ဖြတ်မည် ဖြစ်ကြောင်း
ခြိမ်းခြောက်ထားသည်။ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများမှာ မဲပေးရန် လုံခြုံမှုမရှိကြောင်း လူအများအား ခြောက်လှန့်ရန်
ရည်ရွယ်သည့် ပုံပေါ်လျက် ရှိသည်။

မြောက်ပိုင်း အီရတ်ဒေသအတွင်း ISILအဖွဲသည် လုံခြုံရေး တပ်ဖွဲ့များအပေါ်တွင် ခြုံခိုက်တိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် လူနေအိမ်များတွင်
ဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ရာတွင် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြသည်။

တက်ဇ်ခါမာတူတွင် ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်ထားသော အသေခံ ဗုံးခွဲသမားမှ တိုက်ခိုက်ရာတွင်လည်း ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး လူ ၉ ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

ဆွန်နီ စစ်သွေးကြွများသည် ရှီးအိုက် တာ့ခ်မျိုးနွယ် လူနည်းစုများ နေထိုင်ရာ ဒေသများတွင် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။
ကတ်ကာ့ရှိ မဲရုံတွင် ရဲတပ်ဖွဲ့ဝတ်စုံ ဝင်ဆင်ထားသူ၏ အသေခံ ဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်။ မြောက်ပိုင်းမြို့တော် ကတ်ကာ့၏
အနောက်တောင်ဘက် မိုင် ၄၀ အကွာခန့်ရှိ ဟာဝီဂျာမြို့ မဲရုံတွင် စစ်တပ်ဝတ်စုံ ဝတ်ဆင်ထားသူ၏ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦး
သေဆုံးခဲ့ပြီး လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

Ref: Reuters
The Myanma Age

အပြည့်အစုံသို့ »

သက်တော်စောင့်ဟောင်းရဲ့တရားစွဲဆိုမှုကို ခံနေရတဲ့ Rihanna


သက်တော်စောင့်ဟောင်းဖြစ်သူက လွဲမှားပြီးဆိုးဝါးတဲ့မှတ်ချက်ပေးမှုတွေအတွက် Rihanna ကိုတရားစွဲဆိုထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက pop အဆိုတော်ဟာ သူ့ရဲ့အကြောင်း မဖွယ်မရာရန်လိုပြီး လွဲမှားတဲ့ ဖေါ်ပြချက်တွေ ပါဝင်တဲ့ Email ကို သူနဲ့ သူ့ဇနီးထံကို ပို့လိုက်တယ် လို့ Dublin မြို့က Geofferry Keating ဆိုသူကပြောပါတယ်။

ဒါ့အပြင် Rihanna က သူ့ အစ်မ/ညီမကို ခေါ်ဆိုတဲ့ဖုန်းမှာ အလားတူ မှားယွင်းတဲ့စွပ်စွဲချက်တွေ ပြုလုပ်ခဲ့တယ်လို့လဲဆိုပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ကနေ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ပြုလုပ်တဲ့ Rihanna ရဲ့ Diamonds နယ်လှည့်ဖျော်ဖြေပွဲမှာ Rihanna အတွက်အလုပ်လုပ်ပေးခဲ့တဲ့ Mr Keating က အဆိုပါမှတ်ချက်များက သူ့ရဲ့ဂုဏ်သတင်းကို မှေးမှိန်စေပြီး၊ သူ့လုပ်ငန်းအနာဂတ်ကို ထိခိုက်စေတယ်လို့ဆိုပါတယ်။

အဲဒီ့ သက်တော်စောင့်ဟောင်းဟာ Rihanna ကိုပြစ်ဒဏ်ပေးဖို့ တရားရုံးကိုတောင်ဆိုမှာဖြစ်ပြီး ဒီအသရေဖျက်မှုအတွက် Rihanna တစ်ယောက်လူသိရှင်ကြား အမှားပြင်ဆင်မှုကို ပြုလုပ်စေဖို့ ဆန္ဒရှိနေပါတယ်။

မနေ့က (ဧပြီ ၂၈) Mr Keating ရဲ့ရှေ့နေဖြစ်သူ Gerald Kean ကို New York မှာရှိတဲ့ Rihanna ရဲ့အိမ်ကိုသွားပြီး အကြောင်းကြားစာပေးပို့ဖို့ ခွင့်ပြုခဲ့ပါတယ်။

‘ကျွန်တော်တို့ ဒီတိုက်ပွဲကို အရေးတကြီးကိစ္စလို့ သဘောထားပါတယ်။ နောက်ဆုံးမှာ အိုင်းရစ်တရားရုံးတော်က တရားသဖြင့်ဆောင်ရွက်သွားမှာကို ကျွန်တော်တို့ ကျေနပ်ပါတယ်’ လို့ ရှေ့နေ Mr Kean က TMZ.com ကိုပြောပါတယ်။

Ref:starpulse.com
Trend Myanmar

အပြည့်အစုံသို့ »