အမေရိကန်အစိုးရ ရဲ့ ကန်ဒေါ်လာ သန်းတစ်ထောင့်ခုနစ်ရာ တန် ရဟတ်ယာဉ်စီမံကိန်း


ပန်ဒဂွန်ဟာ လုပ်ခဲ့ဖူးသမျှ ရဟတ်ယာဉ်တွေထဲမှာ ဈေးအကြီးဆုံး ရဟတ်ယာဉ်ကို ဖန်တီးဖို့ သဘောတူစာချုပ် ရရှိခဲ့ပါတယ်။

ရဟတ်ယာဉ်တစ်စီးစီဟာ ကန်ဒေါ်လာ သန်း ၄၀၀အထိ ကုန်ကျနိုင်ဖွယ် ရှိပါတယ်။ အနည်းဆုံး ရဟတ်ယာဉ် ၂၃စီး တည်ဆောက်ဖို့အတွက် စီမံကိန်းကြီး တစ်ခုလုံးဟာ ကန်ဒေါ်လာ သန်းတစ်သောင်း ကနေ သန်းတစ်သောင်းခုနစ်ထောင် အထိ ရှိမယ်လို့ ခန့်မှန်းလို့ရပါတယ်။

နှိုင်းပြီးပြောရမယ်ဆိုရင် ဖင်လန်၊ နော်ဝေ နဲ့ ဆွီဒင် သုံးနိုင်ငံပေါင်းရဲ့ တစ်နှစ်တာ ကာကွယ်ရေး အသုံးစရိတ် (ကန်ဒေါ်လာ သန်းတစ်ထောင့်ခြောက်ရာကိုးဆယ်) နဲ့ ညီမျှပါတယ်။

Ref:news.yahoo.com
trend myanmar

အပြည့်အစုံသို့ »

မိန်းကလေးတစ်ယောက် ကြွေလာအောင် ဖုန်းပြောနည်း


သင်နဲ့ ကောင်မလေး မြင်ဖူးကြမယ်၊ ဆုံဖူးကြမယ်၊ အဲ့ဒီနောက် သူ့ကို ကြိုက်မိမယ်၊ အဲ့ဒီ့ကတဆင့် ကောင်မလေး ကို ကြွေစေချင်လာလိမ့်မယ်။ ဒါတွေက သင်ဖြစ်နေနိုင်တဲ့ စိတ်အခြေအနေတွေပါ။ ဟုတ်တယ် ဆိုရင်တော့ ဆက်ဖတ်ပေါ့။ ကောင်မလေး ကြွေလာအောင် လုပ်တဲ့နေရာမှာ ကြိုးစားဖို့လိုတယ်။ လူကိုယ်တိုင်တွေ့ပြီး ဆွယ်နိုင်ရမယ်။ အဲ့ဒီ့တော့် ဖုန်းနဲ့စကားပြောရတဲ့ အဆင့်ကတည်းက တစ်ဝက်လောက် သေချာနေဖို့လိုတယ်။ ဖုန်းထဲမှာ သူရဲ့အမူအရာတွေ၊ စိတ်အခြေအနေတွေကို သေချာမသိနိုင်ပေမယ့် သူရဲ့လေသံ ကိုတော့ ခံစားကြည့်လို့ရနိုင်ပါတယ်။ အဲ့ဒီ့ လေသံကိုခွဲခြားသိရှိပြီး ဖုန်းပြောတဲ့အခါ သူမစိတ်ကျေနပ်မှုရှိအောင် ပြောပေးရမှာပါ။
၁။ ဖုန်းခေါ်ရမယ့် အချိန်ကောင်းကိုသိအောင်လုပ်ပါ။
တစ်နေ့တာ အတွင်းမှာ အဆင်ပြေရင်ပြေသလို ဖုန်းမခေါ်ပါနဲ့။ တစ်နေ့ကို အကြိမ် ၂၀ လောက်လည်း ဖုန်းမဆက်ပါနဲ့။ သူ့ကိုဘယ်အချိန်မှာ ဖုန်းခေါ်ရင် အဆင်ပြေတယ်ဆိုတာကို သိထားအောင်လုပ်ပါ။ နေ့လည်စာစားတဲ့အချိန်၊ အလုပ်ကနေ အိမ်ကိုပြန်လာတဲ့အချိန်၊ ဒါမှမဟုတ် ညနက်မှ ခေါ်တာမျိုးပေါ့။ ဘယ်အချိန်မှာ ဖုန်းခေါ်ရင် အဆင်ပြေတယ်ဆိုတာသိပြီဆိုရင်တော့ စကားဦးလမ်းကြောင်းတဲ့ဖို့သာ စဉ်းစားပေတော့။
၂။ ဘာပြောရမယ်ဆိုတာ သိပါ။
ကောင်မလေးနဲ့ ဖုန်းပြောတဲ့အခါ ဘာမဟုတ်တဲ့ အကြောင်းအရာတွေ ပြောနေမယ်၊ အီနေမယ် ဆိုတာ သိပါတယ်။ အဲ့ဒီ့လိုတွေ လဲပြောသင့်သလို အလုပ်အကြောင်း၊ အလုပ်မှာ ဘယ်လောက်အခက်တွေ့တယ် ဆိုတဲ့ အကြောင်းတွေကို ဘယ်တော့မှ မပြောပါနဲ့။ သူက သောကတက်စာ တွေကို ပြန်ရတဲ့ ဆောင်းပါးရှင် မဟုတ်ပါဘူး။ သူဟာ သင်ကြွေစေချင်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ လက်ရှိသူမ ဘ၀မှာ ဖြစ်ပျက်နေတာ တွေနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ရှိကြောင်းပြတဲ့ စကားမျိုးတွေလဲ ပြောပေးပါ။ သူ့မိဘတွေအကြောင်း၊ သူ့အလုပ်အကိုင် အကြောင်းတွေကို နောက်မှမေးပါ။ အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်မယ့် စကားလမ်းကြောင်းကို သူ့ဟာသူ ဆက်ခင်းသွားပါလိမ့်မယ်။ သင့် အရင်ကောင်မလေး အကြောင်းကို လုံးဝမပြောမိပါစေနဲ့။ လုံးဝ ကန့်သတ်ချက်ပါ။
၃။ စိတ်ပါဝင်စားမှုကို ပြပါ။
သူအခုလက်ရှိ ဖြစ်နေတဲ့ ဘ၀အကြောင်းကို စိတ်ပါဝင်စားမှု ရှိကြောင်းပြပါ။ သူ့မိဘတွေအကြောင်း၊ သူ့အလုပ်အကိုင် အကြောင်းတွေကို နောက်မှမေးပါ။ အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်မယ့် စကားလမ်းကြောင်းကို သူ့ဟာသူ ဆက်ခင်းသွားပါလိမ့်မယ်။
၎။ ပျားသကာလိုချိုချို စကားကို ပြောပါ။
သင်သာ ဖုန်းထဲမှာ စကားကို ညှင်ညှင်သာသာနဲ့ ချိုချို ပြောနိုင်ရင် သူက ကြွေကောင်းကြွေလာနိုင်ပါတယ်။ စကားကို ဒေါသတကြီးနဲ့ မပြောမိပါစေနဲ့။ သူ့ကိုချစ်တဲ့စိတ်ကို သာ လွှမ်းမိုးထားစေပြီး အဲ့ဒီ့ချစ်စိတ်နဲ့သာ စကားပြောပါ။
၅။ မလိမ်ပါနဲ့။
သင် လိမ်ပြောချင်စိတ် ဖြစ်ကောင်းဖြစ်မိ ပါလိမ့်မယ်။ ဖုန်းပြောနေတုန်း ရုပ်ရှင်ရိုက်မယ်(လုပ်ကြံဇာတ်ခင်း)၊ ရှေ့နောက်မညီတဲ့ စကားမျိုးတွေ ပြောမယ်ဆိုရင် တစ်ခုခုတော့ မှားနေပြီဆိုတာ သူသိလိုက်မှာပါ။ သင့်ရည်ရွယ်ရင်းတွေ အပေါ် သူမက သံသယ၀င်လာပြီ၊ ဒါမှမဟုတ် သင့်အပေါ် ယုံကြည်စိတ် ကင်းမဲ့လာပြီ ဆိုရင်တော့ အဆင်းဘီးတပ်ဆင်း သလိုပဲ ဖြစ်တော့မှာပါ။
၆။ အာရုံစိုက် နားထောင်တတ်သူကောင်း တစ်ယောက် ဖြစ်ပါစေ။
သူပြောတဲ့ အကြောင်းအရာတွေကို နားမထောင်ဘူးဆိုရင်တော့ အချိန်တွေ ဖြုန်းတာနဲ့ အတူတူပါပဲ။ သူ့ရဲ့ပြောစကားတွေကို ရာနှုန်းပြည့် အာရုံစိုက်နားထောင်ပါ။
၇။ နှစ်ယောက် စလုံး စိတ်ဝင်စားမယ့် အကြောင်းတွေကို ပြောပါ။
သူစိတ်မ၀င်စားတဲ့ အကြောင်းတွေကို ပြောနေရင် သူမ ပျင်းလာပါလိမ့်မယ်။ အဲ့ဒီ့အတွက် နှစ်ယောက်စလုံး စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ရွေးပြောပါ။
၈။ (တတ်နိုင်မယ်ဆိုရင်) သီချင်းဆိုပြပါ။
ဒီအချက်နဲ့ ပတ်သက်လို့ သင့်အတွက် အဆန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားကြည့် သင့်ပါတယ်။ သင်သာ အသံကောင်းမယ်ဆိုရင် ဖုန်းထဲကနေ သီချင်းဆိုပြ သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဂီတာလေးတီးပြီးတော့ပေါ့။ ဖုန်းထဲကနေ ကြွေသွားမှာ ညွတ်လာမှာ အသေအချာပါပဲ။


Ref:mensxp
myet shin
world myanmar

အပြည့်အစုံသို့ »

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ခွင့်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား မကြာမီ တင်ဒါခေါ်မည်

မြေနီကုန်းလမ်းဆုံအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)

မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ခွင့်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား မကြာမီတင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခုံးကျော်တံတား  တည်ဆောက်ခြင်းလုပ်ငန်းကို  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းတစ်ခုအနေဖြင့် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တည်ဆောက်နိုင်ရန်အတွက် မြေနီကုန်းလမ်းဆုံတွင် ယာဉ်သွားလာမှုဆိုင်ရာ အကြိုစစ်တမ်းများကောက်ယူခြင်း၊ လေ့လာမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မြေနီကုန်း ခုံးကျော်တံတားကို အခုဘဏ္ဍာနှစ်မှာ စဆောက်မှာပါ။ အဲဒီအတွက် ဘဏ္ဍာငွေကိုလည်း ထည့်သွင်းတောင်းခံထားပါတယ်။ မကြာမီ ဆောက်လုပ်မယ့် ကုမ္ပဏီကို  တင်ဒါခေါ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေနီကုန်း ခုံးကျော်တံတားစီမံကိန်းအတွက် ကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ အသုံးပြုမည်ဖြစ်ပြီး လှည်းတန်းခုံးကျော်တံတားအတွက် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ၁၃ ဒသမ ၃၈ဝ ဘီလျံ နှင့် ဘုရင့်နောင် ခုံးကျော်တံတားနှစ်စင်း(ဘုရင့်နောင်လမ်းနှင့် သမိုင်းဘူတာရုံလမ်းပေါ်တို့တွင် တစ်စင်းစီ)အတွက် ၂၁ ဒသမ ၇၄၇ ဘီလျံ တို့ကို သုံးစွဲခဲ့ကြောင်း  သိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကုစားနိုင်ရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးလမ်းဆုံများဖြစ်သည့် လှည်တန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန်စီစဉ်ခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများကို တာဝန်ပေး ဆောက်လုပ်စေခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီက တာဝန်ယူ၍ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၁၃ ဧပြီ ၁ဝ ရက် တွင် စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ဘုရင့်နောင်ခုံးကျော်တံတား နှစ်စင်းကို FMIကုမ္ပဏီ က ၂ဝ၁၂ ခုနှစ် ဇွန်လတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင် အသုံးပြုခွင့်ပေးခဲ့ပြီး ရွှေဂုံတိုင်ခုံးကျော်တံတားကိုလည်း Capital Development ကုမ္ပဏီက ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ဒီဇင်ဘာလတွင် စတင်အသုံးပြုခွင့် ပေးခဲ့သည်။

မြေနီကုန်း ခုံးကျော်တံတားကို မည်သည့်အချိန်အတိုင်းအတာအတွင်း အပြီးဆောက်လုပ်မည်ဆိုသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကျော်ထင်
eleven media group

အပြည့်အစုံသို့ »

လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည်



ရန်ကုန်၊ မေ ၁၀

ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက် ရှိသော မော်တော်ယာဉ်များ အနေနှင့် လမ်းပြောင်းပြန်နှင့်၊ မီးနီ ဖြတ်မောင်းပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများ အပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

မော်တော်ယာဉ်များ အနေနှင့် မီးနီ ဖြတ်မောင်းခြင်း၊ ကွေ့ကြောကို အတည့်ထွက်ခြင်း၊ နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန် မောင်းခြင်းများကို ဒဏ်ငွေ ကျပ်၁၅၀၀ ပေးဆောင်ရပြီး ယခုအခါ စည်းကမ်း တင်းကျပ်သည့် အနေနှင့် ယဉ်မောင်းလိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ ပိတ်သိမ်း အရေးယူနိုင်ရေးနှင့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသော ကာလအတွင်း ဆက်လက် မောင်းနှင်ပါက ထောင်ဒဏ် တစ်လအထိ ချမှတ်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ယာဉ်မောင်းတွေက ဒဏ်ငွေ ၁၅၀၀ လောက်ကို မမှုတော့ဘဲ လမ်းစည်းကမ်း ချိုးဖောက်မှုတွေ ပိုများလာလို့ အခုလို စည်းကမ်း တင်းကျပ်ဖို့ လုပ်တာပါ။ နှစ်ပတ်အတွင်း အတည်ပြု ထုတ်ပြန်သွားမှာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

စည်းကမ်း ဖောက်ဖျက်သော မော်တော်ယာဉ်များကို အရေးယူရာတွင် မူဝါဒအတိုင်း တစ်ပြေးညီ ဖြစ်စေချင်ပြီး၊ ယာဉ်ကြော ပိတ်ဆို့သော နေရာတွင် ယာဉ်ထိန်းရဲများကို ချထားပေးစေလိုကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် အငှားယာဉ်မောင်း ဦးမောင်မောင်က ပြောကြားသည်။

The Voice Weekly 

အပြည့်အစုံသို့ »

နတ်တလင်းမြို့ ဘာသာမတူသူ ရည်းစား (ကောင်လေး) အားအိမ်လည်ခေါ်သူ၏ နေအိမ်ကိုဖျက်ဆီးခဲ့သူများကို တရားရုံးထုတ်


photo-mizzima


ပြည်၊ မေ ၁၀

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့တွင် သင်္ကြန်ကာလတွင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခတွင် နေအိမ် ဖျက်ဆီးခဲ့သူ ကိုးဦးကို မေလ ၉ ရက်နေ့က တရားရုံးထုတ် စစ်ဆေးခဲ့ကြောင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ ကိုးဦးကို ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃/ ၁၄၇၊ ၄၂၇ နှင့် ၄၅၇ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကာ ပေါင်းတည် အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး မေလ ၉ ရက်နေ့ ရုံးချိန်းတွင် ပထမဆုံး တရားစွဲတင်ခြင်း ဖြစ်သည်။

“ပေါင်းတည် ထောင်ကနေ တရားရုံး ထုတ်တယ်။ ရုံးချိန်းမှာ ဘုန်းကြီးခြောက်ပါး လိုက်လာတယ်။ ရွာသားတွေလည်း ပါတယ်။ လူတွေက တော်တော်များတယ်” ဟု ရုံးချိန်းကို သွားရောက်ကြည့်ရှုသူ ဒေသခံ ဦးမောင်မောင်မြင့်က ပြောဆိုသည်။

ဧပြီ ၁၅ ရက်နေ့ ညပိုင်းက နတ်တလင်းမြို့နေ အစ္စလာမ် ဘာသာဝင် လူငယ်က တောင်ညိုမြို့သစ် ကံစုကျေးရွာနေ ၎င်းချစ်သူ နေအိမ်သို့ သွားရောက် ချိန်းတွေ့စဉ် ဒေသခံ ရွာသားများက မကျေနပ်ရာ အမျိုးသမီး နေအိမ်ကို ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခဲ့ကြပြီး လူငယ်၏ မိတ်ဆွေ နေအိမ်သုံးလုံး ထပ်မံ၍ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း နတ်တလင်းမြို့ ဒေသခံများက ဆိုသည်။

မြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးနန္ဒမာလာက “မိဘဘက်က သဘောတူလို့ ပေးစားရင်လည်း မိန်းကလေး စိတ်သဘောမပါဘဲ အခြားဘာသာထဲကို မတရား ဆွဲမသွင်းဖို့၊ ကွဲကွာခဲ့ရင်လည်း ပေးသင့် ပေးထိုက်တာ မျိုးတွေကို ပေးဖို့ ဦးပဉ္စင်းတို့က ဆွေးနွေး ညှိနှိုင်းခဲ့တယ်။ ကျန်တဲ့ ဒကာတွေကိုလည်း ဥပဒေ ရှိတဲ့အတွက် အကြမ်းမဖက်ဖို့လည်း မှာရတယ်” ဟု မိန့်သည်။

ဖမ်းဆီးထားသူများ၏ တရားရုံးချိန်းနဲ့ ပတ်သက်ပြီး တောင်ညိုရဲစခန်း၊ နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့၊ နတ်တလင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အကြိမ်ကြိမ် ဖုန်းဆက် မေးမြန်းသော်လည်း လက်ခံ ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

The Voice Weekly

အပြည့်အစုံသို့ »

လက်ရှိအခြေခံဥပဒေက ငြိမ်းချမ်းမှုပေးနိုင်ရဲ့လားဟု လူထုခေါင်းဆောင်မေးခွန်းထုတ်


စည်သူမောင်မောင်

မအူပင်၊ မဇ္ဈိမ။ ။ လက်ရှိကျင့်သုံးနေသည့်
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် တန်းတူညီမျှမှု မရှိအောင် ရေးဆွဲထားသည့် အခြေခံဥပဒေ တစ်ခုဖြစ်ပြီး ယင်းအခြေခံဥပဒေသည် ငြိမ်းချမ်းမှုကို
ပေးနိုင်ရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည်က မအူပင်မြို့တွင် မေလ ၁၀ရက်က
ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ၌
မေးခွန်းထုတ်လိုက်သည်။

“မဟုတ်တဲ့ မသင့်တော်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ နေရတာ ရာသီဥတု ထက်ပိုပြင်းထန်တယ်၊ မှန်ကန်တဲ့ ဥပဒေအရိပ်အာဝါသမရှိရင် ကျွန်မတို့ဟာ ထပ်ပြီးတော့ တစ်နှစ်မဟုတ်ဘူး၊ နှစ်မဟုတ်ဘူး၊ ဆယ်စုနှစ်တွေနဲ့ ထပ်ပင်းပန်ရလိမ့်မယ်၊ ကျွန်မတို့ ကိုယ်လိုချင်တဲ့ဟာရဖို့ 
ပြည်သူလူထုပါဝင်ဖို့ တိုက်တွန်းပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သူမက ဆက်လက်၍ “ကျွန်မတို နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ
့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပါတယ်။ ပြည်ထောင်စု တခုဖြစ်လို့
ညီညွတ်မှုရှိမှ ငြိမ်းချမ်းရေးရမယ်၊ ညီညွတ်မှုဆိုတာ တန်းတူညီမျှခွင့်ကို
အခြေခံပါတယ်၊ တန်းတူညီမျှမှုဟာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်၊
တန်းတူညီမျှမှုမရှိအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ငြိမ်းချမ်းမှုကို ပေးနိုင်လားဆိုတဲ့ မေးခွန်းထုတ်ခြင်းပါတယ်”ဟု ပြောသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ပါက ဒီမိုကရေစီ စံနှုန်းနှင့်
မကိုက်ညီဟု သူမက ဆက်ပြောသည်။

“ဖွဲ့ စည်းအုပ်ချုပ်ပုံ ပြင်ဆင်ဖို့ တချို့သဘောမတူဘူး၊ ဖွဲ
့စည်းပုံအခြေခံဥပဒေကို လေ့လာရင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး၊
ကျွန်မတို့ အားလုံးဟာ တန်းတူညီမျှရှိရမယ်၊ ပြည်သူလူထု ဆန္ဒဟာ သြဇာရှိရမယ်၊ အစုအဖွဲ့ တခုကို အဓိက အကြီးဆုံး အမြင့်မားဆုံး သြဇာပေးထားတာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူးဆိုတာ အားလုံးနားလည်ရမယ်၊ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး၊ တပ်မတော်ကိုမလိုလားလို့ မဟုတ်ဘူး၊ တပ်မတော်မှ မဟုတ်ဘူး ဘယ်အဖွဲ့ အစည်းကိုမှ အထူးအခွင့်အရေးပေးထားကို
မလိုလားတာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရာ၌ တပ်မတော်သားများပါ
ပါဝင်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
တပ်မတော်သားများသည် မွေးကတည်းက တပ်မတော်သား မဟုတ်ဘဲ နိုင်ငံသားအနေနဲ့ မွေးဖွားလာခြင်းဖြစ်ပြီး တပ်မတော်သားများအနေဖြင့် နိုင်ငံသားကျေပွန်မှု
ရှိမရှိ မိမိကိုယ်ကိုယ် မေးခွန်းထုတ်ရန်လည်း ပြောကြားခဲ့သည်။

မအူပင်မြို့ အိုင်ဝိုင်ဘောလုံးကွင်းတွင် မေလ ၁၀ရက် နံနက်ပိုင်းက
ပြုလုပ်ခဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင်
ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးမှ ကားအစီး ၈၀၀ခန့်ဖြင့်
လူတစ်သိန်းနီးပါး လာရောက်ခဲ့ပြီး ၉၉ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရန် ဆန္ဒပြုခဲ့သည်။

(ဓာတ်ပုံ-ဟိန်းထက်)
Mizzima Burmese 

အပြည့်အစုံသို့ »

ထိရောက်စွာ မဖြေရှင်းပေးသရွေ့ သပိတ်စခန်း ဖွင့်သွားမည်ဟု Star Tex အထည်ချုပ် လုပ်သားများဆို



ရန်ကုန်၊ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန် အမှတ် (၂) ၌ သုံးရက်ကြာ သပိတ်စခန်း ဖွင့်လှစ် ဆန္ဒထုတ်ဖော်နေသော Star Tex အထည်ချုပ်စက်ရုံ လုပ်သား ၁၈၀ ကျော်က ၎င်းတို့ တောင်းဆိုသော အချက်ကို ခုံသမာဓိ ကောင်စီနှင့် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးမှ ထိရောက်စွာ မဖြေရှင်းပေးသရွေ့ သပိတ်စခန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရသည်။

စက်ရုံ လုပ်သားများကို ကြမ်းတမ်း မောက်မာစွာ ပြောဆိုသော လုပ်သား ကြီးကြပ်ရေးမှူးကို အလုပ်မှ ထုတ်ပယ်ပေးရန် ဧပြီလ ၁ရက်နေ့တွင် စတင် ဆန္ဒပြ တောင်းဆိုခဲ့ရာ ရွှေပြည်သာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးတွင် အလုပ်ရှင်နှင့် ညှိနှိုင်းမှုကို ဧပြီလအတွင်း လေးကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်း မရှိသည့်အတွက် ဧပြီလ ၃၀ ရက်နေ့တွင် ခုံသမာဓိ ကောင်စီသို့ တင်ပြခဲ့ရာ ခုံသမာဓိ ကောင်စီက မေလ ၈ ရက်နေ့တွင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးသို့ ပြန်လည် လွှဲပေးသည့်အတွက် ယခုကဲ့သို့ သပိတ်စခန်းဖွင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြလုပ်သား တစ်ဦးဖြစ်သူ ဒေါ်ဝင်းဝင်းအေးက ပြောကြားသည်။
“တောင်းဆိုတာ တစ်ခုတည်းပါ။ သူ့ကို မထုတ်ရင် အလုပ်သမား ၁၈၀ ကို ထုတ်ပေးဖို့ ပြောထားတာပါ” ဟု ဒေါ်ဝင်းဝင်းအေးက ပြောကြားသည်။

ယခုကိစ္စတွင် ထိရောက်စွာ ဖြေရှင်းနိုင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အဆင့်နှင့် ညှိနှိုင်း၍ အဆင်မပြေသောကြောင့် ခုံသမာကောင်စီကို လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ခုံသမာဓိ ကောင်စီက ပြန်လွှဲခြင်းမှာလည်း အလုပ်ရှင်၏ ကိစ္စသာ ဖြစ်သောကြောင့် ပြန်လွှဲပေးလိုက်ခြင်း ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

အပြည့်အစုံသို့ »