ယနေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံယူနမ်ပြည်နယ်မှာ အင်အား(၆.၁) ရစ်တာ ရှိသည့် ငလျှင်လှုပ်


၃၀ မေ ၂၀၁၄
ယနေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံယူနမ်ပြည်နယ်မှာ အင်အား(၆.၁) ရစ်တာ ရှိသည့် ငလျှင်လှုပ်ခဲ့သဖြင့် လူ၂၉ဦး သေဆုံးပြီး အဆောက်အဦးများပြိုကြခဲ့ကြောင်း သိရသည်။

အပြည့်အစုံသို့ »

မျက်စိရောဂါ ကာကွယ်ပေးမဲ့ကြက်ဥအနှစ်


ကြက်ဥအနှစ်ကို ကိုလက်စထရောများတယ်ဆိုပြီး လူတွေကရှောင်လေ့ရှိပါတယ်။
သို့ ပေမယ့် မကြာသေးမီကပြုလုပ်ခဲ့တဲ့သုတေသနအရ ကြက်ဥအနှစ်မှာပါတယ့်
ကိုလက်စထရောဟာ သွေးတွင်းရှိ မကောင်းတဲ့ကိုလက်စထရောတွေကို
မြင့်တက်စေတယ်ဆိုတာ မဟုတ်ဘူးဆိုပြီးရှာတွေ့ ခဲ့ပါတယ်။

ရှာဖွေတွေ့ ရှိချက်အရ ကြက်ဥအနှစ်မှာ ဗီတာမင်များနှင့်
သတ္ထုဓာတ်များအပါအ၀င် ဆားဓာတ်ပါ အများအပြားပါဝင်နေပါတယ်။
ဒါ့အပြင် လူတင်းနှင့် ဇီယာဇီသင်းခေါ် အင်တီအောက်ဆင့်ဒင့်တွေပါလို့ 
မျက်စိရောဂါများဖြစ်တဲ့ အတွင်းတိမ်နှင့် အသက်ကြီးလာလို့ ဖြစ်တတ်တဲ့
မြင်လွှာနဲ့ ဆိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

လေ့လာချက်များအရ ကြက်ဥတစ်လုံးစားလိုက်ပါက တော်ရုံနဲ့ 
အစာထပ်မဆာတော့သည့်အပြင် ပရိုတင်းဓါတ်လည်းများပြားစွာပါဝင်နေတာကြောင့်
ကိုယ်အလေးချိန်ချသူတွေအတွက် ကြက်ဥကိုပုံမှာစားသုံးခြင်းဖြင့်လည်း
ဝိတ်ကျစေနိုင်ပါတယ်။

Myet Shin

အပြည့်အစုံသို့ »

ကမ္ဘာ့ အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ခေါင်းဆောင်


ယခု လက်ရှိ အိန္ဒိယ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၈၁ နှစ်အရွယ် Manmohan Singh (မာမိုဟန်ဆင်း) ဟာ ကမ္ဘာပေါ်မှာ အရည်အချင်း အပြည့်အဝဆုံး နိုင်ငံခေါင်းဆောင် အဖြစ် စံချိန်တင်ထား ပါတယ်။ သူ ရရှိထားတဲ့ ဘွဲ့နဲ့ အလုပ်အတွေ့အကြုံကို ပြောရမယ် ဆိုရင် -

ပညာ အရည်အချင်း -

၁။ အန္ဒိယ Punjab University တွင် အမှတ်အများဆုံးဖြင့် BA(Hons) ရရှိခဲ့ (၁၉၅၂ခုနှစ်)

၂။ အန္ဒိယ Punjab University တွင် MA(Economics) ကို အမှတ်အများဆုံးဖြင့် ဆက်လက် ရယူခဲ့ (၁၉၅၄)

၃။ St. Johns College Cambridge တွင် သူ၏ ထူးချွန်ထက်မြတ်မှုကြောင့် Wright’s prize ရရှိခဲ့ (၁၉၅၅)

၎။ ၁၉၅၇ ခုနှစ်တွင် ယင်းကဲ့သို့ အလားတူ အသိမှတ်ပြု ဆုမှတ်တမ်းလွှာ ရရှိခဲ့။ (ယင်းဆုဟာ သုတေသန စာတမ်း၊ စာအုပ် များကို တက္ကသိုလ်သို့ ပေးပို့ စစ်ဆေးစေပြီး ရွေးချယ်ပေးအပ်တဲ့ ဆုမှတ်တမ်းလွှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရရှိသူ နည်းပါတယ်။)

၅။ Oxford တက္ကသိုလ်တွင် စိတ်ပညာ ဒေါက်တာဘွဲ့ ရရှိ၊ ဆက်လက်ပြီး Honoris causa တက္ကသိုလ်တွင် D.Litt (Doctor of Letters) ဒေါက်တဘွဲ့ ရရှိ။

အလုပ် အတွေ့အကြုံ -

၁။ စီးပွားရေး မေဂျာ အကြီးတန်း ကထိက (၁၉၅၇-၁၉၅၉)

၂။ Reader Economics (၁၉၅၉-၁၉၆၃)

၃။ စီးပွားရေး မေဂျာ ပါမောက္ခ (Punjab University) (၁၉၆၃-၁၉၆၅)

၎။ ကုလသမဂ္ဂတွင် အရာရှိ အဖြစ် ဝင်ရောက် လုပ်ကိုင် (၁၉၆၆-၁၉၆၉)

၅။ International Trade Delhi School of Economics တွင် ပါမောက္ခ အဖြစ် စာသင်ကြားပေး (၁၉၆၉-၁၉၇၁)

၆။ စီးပွားရေး အကြံပေး (၁၉၇၂-၁၉၇၆)

၇။ Jawahar Lal Nehru University တွင် ပါမောက္ခ (၁၉၇၆)

၈။ အိန္ဒိယး ဗဟိုဘဏ်၏ အမှုဆောင် အရာရှိ (၁၉၈၂-၁၉၈၅)

၉။ စီမံကိန်း ကော်မရှင် လက်ထောက် ဥက္ကဌ (၁၉၈၅-၁၉၈၇)

၁၀။ ကုလသမ္မဂ လက်ဆောင် South Center အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး (၁၉၈၇-၁၉၉၀)

၁၁။ အိန္ဒိယ ဝန်ကြီးချုပ်၏ စီးပွားရေး အကြံပေး (၁၉၉၀-၁၉၉၁)

၁၂။ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး (၁၉၉၁-၁၉၉၆)

၁၃။ အန္ဒိယ ပါလီမန် အထက်လွတ်တော် အဖွဲ့ အတိုက်အခံ ခေါင်းဆောင် (၁၉၉၈-၂၀၀၄)

၁၄။ အန္ဒိယ ဝန်ကြီးချုပ် (၂၀၀၄-၂၀၁၄)

ပညာ အရည်အချင်းအရကော၊ အလုပ် အတွေ့အကြုံအရကော ပြောစရာ မရှိအောင် ပြည့်စုံနေတဲ့ မာမိုဟန်ဆင်းဟာ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ က ပြန်လည် အရိုသေပြု လေးစားရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

အရီဇိုးနားက ဆိုင်ကမ်း ဂိုဏ်းအဖွဲ့




အရီဇိုးနားမှာ အင်မတန် နာမည်ကြီးတဲ့ ဆိုင်ကယ် လမ်းသရဲ အဖွဲ့ တစ်ခု ရှိပါတယ်။ ယင်း အဖွဲ့ဟာ ယမ်းကား နေတဲ့ အဖွဲ့တော့ မဟုတ် ပါဘူး။ အမျိုး သမီး အမျိုးသား အရေအတွက် များစွာ ပါဝင်ပြီး သူတို့ရဲ့ အဓိက လုပ်ဆောင် ချက် က ကလေးငယ်များ အနိုင်ကျင့် ခံရတာတို့၊ အားနွယ်သူ မိန်းကလေး တို့အား အနိုင်ကျင့်ခံရတာတို့ မဖြစ်အောင် လိုက်လံ နှိမ်နင်းတဲ့ အဖွဲ့ ဖြစ်ပါ တယ်။


ဟောလိဝုဒ် ရုပ်ရှင် အချို့မှာလည်း ယင်း အဖွဲ့ ပါဝင်တာကို မြင်တွေ့ ရမှာ ဖြစ် ပါတယ်။ သူတို့ဟာ နယ်ပယ် အသီးသီးမှ ပါဝင်ကြသူ ဖြစ်ပြီး တစ်စိုက် မက်မက် လူမှုရေး လုပ်သူများလည်း ပါသလို၊ အားလပ် ရက် ဖြစ်တာမို့ ဝင်ရောက် လုပ်ကိုင်ကြတာလည်း ပါဝင် ပါတယ်။ Child Abuse နဲ့ အမျိုးသမီး များ အနိုင်ကျင့်ခံရမှုများ မဖြစ်အောင် လှုံ့ဆောင်မှု များ ပြုလုပ်သလို ပြည်နယ် အတွင်းမှာ အဲ့ဒီလို ပြဿနာ ဖြစ်ရင်လည်း အဖွဲ့လိုက် လိုက်လံ ဖြေရှင်းပေး ပါတယ်။

ဒါကြောင့်မို့ ယင်း အဖွဲ့ကို အရီဇိုးနား ပြည်နယ်မှာ လွတ်လပ်စွာ သွားလာ၊ စုရုံး၊ လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရ ပါတယ်။
.
Ref: cnnnews
အောင်ခမ်း (www.innewsmyanmar.com)

အပြည့်အစုံသို့ »

လက်နှစ်ဖက်မရှိဘဲ ကာယဗလမယ် ဖြစ်လာတဲ့ အမျိုးသမီး



Barbie Thomas ဆိုတဲ့ အမျိုးသမီးဟာ တခြား အသက် ၃၇ နှစ်အရွယ် မိန်းမတွေနဲ့ သိပ်တော့ မကွာခြားလှ ပါဘူး။ သူ့ မှာ ကလေးနှစ်ယောက်ရှိတယ်၊ ပြီးတော့ ကာယလေ့ကျင့်မှုကို နှစ်ရှည်စွဲလုပ်လာတဲ့ လူတစ်ယောက်၊ သူမ ကောင်းကောင်းချက်ပြုတ်တတ်တယ်၊ ကိုယ့်ဘာသာမိတ်ကပ်လိမ်းနိုင်တယ်၊ စာရိုက်နိုင်တယ်၊ ကားမောင်းနိုင်တယ်။ တကယ်တမ်းလည်း သာမန် ၃၇ နှစ်အရွယ် အမျိုးသမီးတွေလိုပါပဲ။ ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ သူမမှာ လက်နှစ်ဖက်မရှိပါဘူး။

သူမ ကလေးမလေးအရွယ်မှာတင် ပြင်းထန်တဲ့ဓာတ်လိုက်မှု တစ်ခုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတယ်။ သူမဟာ သူ့ ခြေထောက်ကို အားကိုးပြီးပဲ ဒီ နေ့ စဉ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ရတာပါ။ ဒီထက် ထူးခြားတာကတော့ သူမဟာ ကာယဗလမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဘ၀ရဲ့ အကြီးမားဆုံးအချိုးအကွေ့ ကို ကြုံရပြီးနောက် ၂၀၀၃ ခုနှစ်မှာ Barbie ဟာ မဂ္ဂဇင်းမှာ ပါတဲ့ ကာယဗလပြိုင်ပွဲတွေကို ကြည့်နေရင်းက သူမကိုယ်တိုင် ဒီပြိုင်ပွဲတစ်ခုခုမှာ ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကာယဗလဆရာတွေဆီမှာ သူမ စတင်လေ့ကျင့်သင်ကြားခဲ့ပြီး အခုဆိုရင် ပွဲစဉ်တိုင်းကို ပုံမှန်ဝင်ရောက် ယှဉ်ပြိုင်နေပါပြီ။

လွန်ခဲ့တဲ့ပိတ်ရက်မှာတော့ Barbie ဟာ တောင်ကယ်လီဖိုးနီးယားပြည်နယ်၊ Charleston မြို့ မှာ ပြုလုပ်ခဲ့တဲ့ NPC Junior USA ကာယဗလချန်ပီယံရှစ် ပြိုင်ပွဲမှာ ပွဲကြည့်ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အခု Barbie ဟာ တခြားလူတွေဟာ သူမကို အားကျပြီး  သူတို့ ရဲ့ ကာယကြံ့ခိုင်မှု အမြင့်ဆုံးရည်မှန်းချက် တွေကို ရောက်ရှိစေဖို့ ဆန္ဒပြင်းနေပါတယ်။

“ ကျွန်မ အကုန်လုံးကို ပြောချင်တာကတော့ ရှင်တို့ စိတ်ကို တကယ်နှစ်ထားရင် ဘာမဆို လုပ်နိုင်ပါတယ်” လို့  Barbie က ပြောကြားခဲ့ပါတယ်။

“ ကန့် သတ်ချက်တွေဆိုတာ ရှင်တို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ အရာတွေသက်သက်ပါ။ လူတိုင်းမှာ အကန့် အသတ်တွေ ရှိပေမယ့် တစ်နည်းမဟုတ်တစ်နည်းနဲ့ တော့ အားသာချက်တွေ ရှိပါတယ်။ ကျွန်မ အားသာချက်က ရှင်တို့ ထက် ပိုမြင်သာနေတာနေမှာပါ” လို့ သူမက ထပ်ပြောကြားခဲ့ပါတယ်။

သူမဟာ NPC ကာယဗလပြိုင်ပွဲမှာ ဆုကြီးကြီးမားမားမရခဲ့ပေမယ့် ပြိုင်ပွဲဝင် ကာယဗလမောင်၊မောင် တွေရာ ကျော်ကြားမှာ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်ပါ။

သူမ ပြိုင်ပွဲအတွက် ဘယ်လို လေ့ကျင့်ပြင်ဆင်လဲ ဆိုတာ အောက်ပါဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။


Ref: womenshealthmag.com
Trend Myanmar

အပြည့်အစုံသို့ »

ချင်းတွင်းမြစ်အတွင်း လူငယ်လေးဦး ရေနစ်ခဲ့ရာ တစ်ဦးကယ်တင်နိုင်ပြီး သုံးဦးသေဆုံး


သတင်း၊ ကိုတိုးကြိး
မုံရွာ၊ မေ ၂၉
လူငယ်လေးယောက် ရေဆင်းချိုးရာမှ လေးဦးစလုံးရေနစ်ခဲ့ပြီး အနီးရှိ စက်လှေလုပ်သားများက တစ်ဦးသာ လျင် အချိန်မီကယ်တင်နိုင်ခဲ့သဖြင့် ကျန်လူငယ်သုံးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်အား မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်က မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ကန္နားလမ်း၊ ထန်းတောကြီး ကူးတို့ဆိပ်၊ ချင်း တွင်းမြစ်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။
ချင်းတွင်းမြစ်ရေဆင်းချိုးသည့် လူငယ်လေးဦးမှာ မောင်နေတိုး အသက်(၁၅)နှစ်၊ မောင်သက်မင်းထွန်း အသက်(၁၆)နှစ်၊ မောင်ဖိုးသား အသက်(၁၆)နှစ်ဆိုသူနှင့် မောင်မြတ်နိုးခိုင် အသက်(၁၆)နှစ် ဆိုသူတို့ဖြစ် ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသူ ဒုရဲအုပ် လွင်အောင်မိုးထံမှ သိရ သည်။
ထိုသူ လူငယ်လေးဦးအနက် မောင်မြတ်နိုးခိုင် တစ်ဦးတည်းသာလျင် အနီးရှိ စက်လှေလုပ်သားကြီးများက အချိန်မီ ကယ်ဆယ်ပေးလိုက်နိုင်သည့်အတွက် သေဘေးမှလွတ်မြောက်ခဲ့သော်လည်း ကျန်လူငယ်သုံးဦး အနက် မောင်နေတိုး နှင့် မောင်သက်မင်းထွန်း ဆိုသူတို့၏ ရုပ်အလောင်းအား ထိုနေ့ည ၁၁ နာရီခွဲအချိန် တွင် ဆယ်ယူရရှိခဲ့သည်။ မောင်ဖိုးသား ဆိုသူ၏ ရုပ်အလောင်းမှာ ၂၉ ရက်နေ့မနက် ၁၂ နာရီအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
“ ကျန်လူငယ်တစ်ဦးကတော့ အသက်ရှင်လျက်ပြန်လည်တွေ့ဖို့ မျှော်လင့်ချက် အလွန်နည်းနေပါတယ်..” ဟု မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်က ပြောပြသည်။
အဆိုပါ လူငယ်သုံးဦး ရေနှစ်သေဆုံးခဲ့ရခြင်းအား မုံရွာမြို့မရဲစခန်းက သေမှုသေခငိး အမှတ်စဉ် ၁၃/ ၂၀၁၄ အရ အမှုရေးဖွင့်၍ မှုခင်းဆေးပညာအရ ဆက်လက်ဆောင်ရွက်နိုင်ရန် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆောင် ထားကြောင်း သိရှိရသည်။


ကိုတိုး ချင်းတွင်း 

အပြည့်အစုံသို့ »

မီးဖိုချောင် စ၀င်မယ့် အမျိုးသမီးတွေ သိထားသင့်တဲ့အရာများ



မေသော် on 2014-05-30 11:57    
တကယ်တော့ မီးဖိုချောင်ဝင်ပြီး ချက်ရပြုတ်ရတယ်ဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ချက်ပြုတ်ဖို့အတွက် လိုအပ်တာတွေ ကြိုတင်စီမံရတယ်။ ကိုယ့်ရဲ့ဟင်းတွေကို စားမယ့်သူတွေ စိတ်ကျေနပ်စေဖို့လည်း ကြိုးစားရတယ်။ ဟင်းအမျိုးအစား တစ်နေ့နဲ့တစ်နေ့ မတူအောင်လည်း စဉ်းစားရသေးတယ်။ အိမ်ရှင်မအလုပ်ဆိုတာ မီးဖိုချောင်တစ်ခုတည်းနဲ့တင် တော်တော်လေးကို အချိန်ကုန် ပင်ပန်းနေပါပြီ။ ဒါပေမယ့် ကိုယ်ချက်တဲ့ဟင်းလျာတွေကို စားတဲ့သူတွေက ကောင်းလိုက်တာ၊ အရသာရှိလိုက်တာလို့ ဆိုလိုက်ရင်ဖြင့် ချက်ပြုတ်ရသူတွေဟာ ပီတိတွေနဲ့ ပျော်ရွှင်မှုကို ခံစားရပြီပေါ့။ ဒီတော့ မီးဖိုချောင်ခုမှ စ၀င်မယ့် ပျိုမေတွေ၊ အမျိုးသမီးတွေအတွက် ဟင်းလျာချက်ပြုတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့ သိသင့်တဲ့အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ကောင်းမွန်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သုံးပါ။

ဟင်းချက်တဲ့အခါ သုံးတဲ့ ဒယ်အိုးတွေ၊ နောက် ပန်းကန်တွေ၊ မီးဖိုချောင်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်းနဲ့ ကြာရှည်အသုံးခံမယ့် အရာတွေကို ရွေးရပါမယ်။ တစ်ခုခု ချက်လိုက်တိုင်း အိုးကပ်သွားလို့ ဟင်းကစားလို့ မကောင်းတော့တာမျိုး၊ ဟင်းပန်းကန်လုံးတွေက တစ်လလောက်သုံးပြီးတာနဲ့ အရောင်တွေထင်ကျန်နေတာမျိုး၊ ဓားကလည်း ဘယ်လောက်သွေးသွေး မထက်တော့တာမျိုးတွေ မဖြစ်အောင်ပေါ့။

၂။ကိုယ်နှစ်ခြိုက်တဲ့ ဟင်းလျာကို စတင်ချက်ပြုတ်ပါ။

နာမည်ကြီးဟင်းလျာမျိုးတွေ စတင်ချက်ပြုတ်တာထက်စာရင် ကိုယ်နှစ်ခြိုက်တဲ့ဟင်းလျာကို စတင်ချက်ပြုတ်ခြင်းဟာ သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ့်ချက်မယ့်ဟင်းလျာက ကိုယ်ကြိုက်နှစ်သက်ပြီးသား ဟင်းလျာဖြစ်နေတဲ့အတွက် ချက်ပြုတ်ရတဲ့ ခံစားချက်ကလည်း တခြားဟင်းလျာတွေနဲ့ တူညီမှာ မဟုတ်သလို ချက်ပြုတ်ပြီးလို့ အရသာကောင်းမွန်တယ်ဆိုရင်လည်း နောက်ဟင်းတွေချက်ပြုတ်ဖို့ ယုံကြည်ချက်ရသွားတာပေါ့။

၃။မချက်ပြုတ်ခင် ကိုယ့်ချက်မယ့် ဟင်းချက်နည်းကို အစအဆုံးဖတ်ပါ။

ကိုယ်ချက်မယ့် ဟင်းကို ဘယ်လိုချက်ရမယ်ဆိုတာကို ရေးသားထားတဲ့ ဟင်းချက်နည်းကို တစ်ခုနှစ်ခုလောက်ကြည့်ပြီး စမချက်လိုက်ပါနဲ့။ ဟင်းချက်နည်းကို ကြည့်လိုက်၊ ချက်လိုက် လုပ်နေရင်းကမှ ဟင်းလျာအတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ လိုနေတာကို သိရမယ်ဆိုရင် ဟင်းလျာဟာ စားလို့လည်း မရ၊ အရသာကလည်း မရှိနဲ့ ချက်ပြုတ်ရင်း တန်းလန်းကြီး အဆုံးသတ်သွားရပါလိမ့်မယ်။ အစအဆုံး ဖတ်ပြီးမှသာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးရှိတယ်ဆိုမှသာ စတင်ချက်ပြုတ်ပါ။

၎။ကိုယ့်ဟင်းကို သေချာမြည်းပြီးမှ စားပေါ်ပွဲ တင်ပါ။

ကိုယ်ချက်တဲ့ ဟင်းလျာကို သေချာ မမြည်းပဲ စားပွဲပေါ် တင်ပေးလိုက်ပြီး သူများတွေက ဟိုဟာ လိုတယ်၊ ဒီဟာလိုတယ်ဆိုမှ ကောက်ပြင်လိုက်ရတာမျိုး မဖြစ်ပါစေနဲ့။ ဟင်းပွဲမပြင်ခင် ကိုယ့်ဟင်းကို မြည်းပါ။ ပေါ့နေရင် ဆားနည်းနည်း ထည့်လိုက်တာတို့၊ ငရုတ်ကောင်းလေး နည်းနည်းဖြူးလိုက်တာတို့ လုပ်ပေးပါ။

၅။အရံဟင်းတစ်မျိုးအတွက် ကိုယ့်ဘက်က ပါဝင်ပစ္စည်းတွေ အမြဲအသင့်ဖြစ်နေပါစေ။

တစ်ခါတစ်လေ မထင်မှတ်ပဲ ဟင်းတစ်မျိုးလောက် ပိုချက်လိုက်ရတာရှိလာပါလိမ့်မယ်။ ကိုယ်ချက်ပြုတ်ဖို့ စဉ်းစားထားတဲ့ အဓိကဟင်းလျာအပြင် အရံဟင်းတစ်မျိုးလောက် ချက်ပြုတ်ဖို့ ဖြစ်လာတဲ့အခါ ပါဝင်ပစ္စည်းတွေ မရှိတာကြောင့် မချက်ပြုတ်လိုက်ရတာတို့၊ ပါဝင်ပစ္စည်းတွေ သွားဝယ်ရတာတို့ မဖြစ်ပါစေနဲ့။

၆။ကုန်စုံဆိုင် ဒါမှမဟုတ် ရှော့ပင်းစင်တာတွေသွားတဲ့အခါ ဟင်းချက်တဲ့အခါ မဖြစ်မနေလိုအပ်မယ့် အရာတွေကို အရင်စဉ်းစားပါ။

ညနေဒင်နာအတွက် ဟင်းချက်ဖို့ ကုန်စုံဆိုင်သွားရမယ်ဆိုပါစို့။ ဒါဆိုရင်တော့ ချက်ပြုတ်မယ့်အရာမှာ မဖြစ်မနေလိုအပ်မယ့် ပါဝင်ပစ္စည်းတွေကို ၀ယ်ပြီးမှသာ ချက်ပြုတ်မယ့် ကြက်သား၊ ၀က်သား စတာတွေကို ၀ယ်ယူပါ။

၇။အခြားသူတွေအတွက် ချက်ပြုတ်တော့မယ်ဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ ချက်ပြုတ်နည်းနဲ့သာ စပါ။

နာမည်ကြီးတဲ့ ချက်ပြုတ်နည်းတွေ မလိုပါဘူး။ ကိုယ်အကျွမ်းကျင်ဆုံး ဟင်းနည်းတွေကိုသာ သူတို့ကို ချက်ပြုတ်ကျွေးပါ။ ကိုယ့်လက်ရာကြောင့် သူတို့ဆီက အရသာရှိလိုက်တာ၊ စားလို့ကောင်းလိုက်တာ ဆိုပြီး ချီးမွမ်းသံတွေ ထွက်လာမယ့် ဟင်းလျာကို စဉ်းစားပြီး ချက်ပြုတ်ပါ။

Ref:womenshealthmag.com
Trend Myanmar



အပြည့်အစုံသို့ »