မော်တော်ကား စလစ်ဈေး နှစ်ရက်အတွင်း ငါးသိန်း မြင့်တက်




ဆိပ်ကမ်းရောက် ကားတွေထဲမှာ စလစ် ကပ်ရမယ့် ကား များနေတဲ့ အတွက် စလစ်ဈေး ကျပ် ငါးသိန်းခန့် ဈေးမြင့်တက် သွားပါတယ်။

ဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ကားအစီးရေ ၅ဝ နီးပါးမှာ စလစ် ကပ်ရမယ့် ကားက အစီးရေ အများဆုံး ဖြစ်ပါတယ်။

ဆိပ်ကမ်းမှာ စလစ်ကပ် ကားတွေ များတော့ ဈေးကွက်ထဲမှာ စလစ်တွေ လိုက်ဝယ်ကြတာ၊ အဝယ်လိုက်ရင် ငါးသိန်း ဆယ်သိန်းလောက် ဈေးမြင့်သွားတာ ထုံးစံပဲ လို့ သီရိမင်္ဂလာ ကားပွဲစားတန်းမှ ဝယ်ရောင်းပွဲစား ကိုဝင်း က ပြောပါတယ်။

အဲဒါကြောင့် အရင်ရက်တွေ ကျပ် သိန်း ၁ဝဝနဲ့ ၁၁ဝ ပေါက်ဈေး ရှိနေတဲ့ စလစ် ကားဟောင်းတွေဟာ အခု ကျပ် ၁၁၅ သိန်းအထိ ဈေးမြင့် သွားပါတယ်။ အမည်ပေါက် ဆိုရင် ကျပ်သိန်း ၁၂ဝ လောက် အထိ ဈေးခေါ် ရောင်းချတာတွေ ရှိတယ် လို့ သိရပါတယ်။

အဲသည် အတွက် ကားဟောင်း ကြိုတင် ဝယ်ယူထားတဲ့ သူတွေကလည်း ကားအပ်ပြီး စလစ် ထုတ်ယူမှု များလာပါတယ်။

Modern

အပြည့်အစုံသို့ »

တစ်နာရီလောက်အတွင်းစူပါမာ့ကက်တခုတွင်ထုထည်ကြီး မားသောကားပါကင်တခုလုံးမြေမြို လိုက်သကဲ့ သို့မြေအပေါက်ကြီးကျွံဝင်


ဖရော်လီဒါဆူပါမာ့ကက်ကားပါကင်တခုမှာအကျယ်ပေ(70)လောက်ကြီးမားတဲ့မြေသား
ထုကြီးလုံမြေကြီးအောက်ကျွံဝင်သွားတဲ့အဖြစ်အပျက်တခုဟာတနာရီလောက်အတွင်းမှာဖြစ်
သွားခဲ့တယ်လို့သိရတယ်။

အစပထမမှာတော့အကျယ်အ၀န်းပေးသုံဆယ်ခန့်မြေမျက်နှာပြင်ကြီးဟာရုတ်ရက်(5)
ပေလောက်နိမ့်ဆင်းကျွံကျသွားပါတယ်နောက်ပိုင်းမှာမှာမြေကျွံမှုကြီးဟာပိုမိုကြီးထွားတဲ့ဖြစ်
ရပ်ဟာကြာသပတေးနေ့မနက်ပိုင်းလောက်မှာဖြစ်ခဲ့တယ်လို့သိရတယ်။

ညနေပိုင်းလောက်မှာတော့အကျယ်(70)ပေနဲ့အနက်(15)ပေလောက်အထိကျယ်ပြန့်လာစေ
ခဲ့တယ်လို့ဘူမိအင်ဂျင်နီယာကပြောပါတယ်။

ထိုကဲ့သို့မြေကြီးအောက်သို့ကားပါကင်ကြီးတစိတ်တပိုင်းကျွံဝင်သွားပြီးတဲ့နောက်မှာ
တော့ကျောက်သားခင်းထားတဲ့လမ်းဟာလည်းမျက်နှာပြင်မညီတော့ပဲတွင်းကြီးအလယ်
ပိုင်းလောက်မှနေပြီးကွေ့ကောက်သွားခဲ့ပါတယ်။

သာမန်လူတွေအတွက်လာဖြစ်လို့ဆိုတာဖရော်လီဒါမှာမသိကြပါဘူး တကယ်ဆိုတော့အချိန်များစွာ
ကြာမြင့်လာတဲ့အခါမှာမြေဆီလွှာအတွင်းသို့ကျော်စိုင်ကျောက်ခဲတွေဟာပြိုကွဲလာပြီးတော့စုပ်ယူသွားတာခံရပြီးအခုလိုတွင်းပေါက်ကြီးဖြစ်ပေါ်လာရခဲ့ရတာပါ။
တချို့ပညာရှင်တွေကတော့အခုလိုတွင်းပေါက်ကြီးတွေဖြစ်ပေါ်လာတာဟာမြေအောက်ရေစီး
ကြောင်းနဲ့လည်းဆိုတယ်လို့ဆိုထားပြန်ပါတယ်၊တချို့ကလည်းမြေအောက်ရေတွေလိုတာထက်
ပိုမိုထုတ်ယူသုံးစွဲခဲ့မယ်ဆိုရင်လည်းထိုတွင်းပေါက်ကျွံဝင်မှုမျိုးဖြစ်ပေါ်စေတယ်လို့ဆိုထားပြန်ပါ
တယ်။

(စကားချပ်)အခုတလောတွင်းပေါက်ကျွံဝင်မှုဟာကမ္ဘာအနှံ့ခပ်စိမ့်စိမ့်ဖြစ်ပေါ်လာနေခဲ့တာဖြစ်
တယ်၊တွင်းပေါက်ကျွံဝင်မှုဟာမိုးများလို့လည်းကျွံဝင်နိုင်သလိုမြေအောက်သယံဇာတနှင့်မြေ
အောက်ရေထုတ်ယူသုံးစွဲမှုကြောင့်မြေကြီးအောက်မှာကွက်လပ်ဖြစ်လာကိုကျွံဝင်သွားသလိုမျိုး
လည်းဖြစ်နိုင်ပါတယ်၊ကျွန်တော်တို့နိုင်ငံမှာရန်ကုန်လိုမြို့ကြီးမှာနေထိုင်ကြတဲ့လူဦးရေ(6)သန်း
ကျောအတွက်သုံးစွဲဖို့ရေအရင်းအမြစ်များစွာကနေပြီးရေရယူသုံးစွဲလျှက်ရှိနေကြပါတယ်။

ရေကန်ကြီးများကသွယ်တန်းပိုက်လိုင်းမှာရေများရယူနေသလို့အချို့ကလည်းမြေအောက်ရေရရှိဖို့အတွက်
အ၀ီစိတွင်းများကိုနက်သထက်နက်တူးပြီးရေထုတ်ယူသုံးစွဲမှုတွေအလွန်များလာနေပါတယ်
ထိုကဲ့သို့မတော်မတရားရေသယံဇာတကိုလိုသည်ထက်ပိုမိုထုတ်ယူသုံးစွဲလာပါကသိပ်မကြာမှီ
ကျွန်တော်တို့နိုင်ငံမှာလည်းအခုကဲ့သို့မြေတွင်းပေါက်ကျွံဝင်မှုတွေဖြစ်ပွားလာနိုင်ပါတယ်။

မြေကြီးကျွံဝင်မှုဟာလူနေသောနေရာမဟုတ်ရင်အကြောင်းသိပ်မရှိပေမဲ့လူနေတိုက်ခန်းကြီး
တခုလုံးမြေကြီးထဲကျွံဝင်မှုဖြစ်ပေါ်ခဲ့မယ်ဆိုရင်အသက်များစွာဆုံးရှုံးနိုင်စေမှာဖြစ်ပါတယ်။ထို
ကြောင့်ရန်ကုန်မြို့ကြီးလိုနေရာမှာမြေအောက်ရေသယံဇာတထုတ်ယူသုံးစွဲမှုကိုဆင်ဆင်ခြင်
ခြင်လုပ်သင့်ကြောင်းတင်ပြလိုက်ရပါတယ်။

သားငယ်ဘာသာပြန်ဆိုသည်
ရွှေမြန်မီဒီယာ

အပြည့်အစုံသို့ »

ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်



‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။

”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။

ဒါရိုက်တာဝိုင်း ရိုက်ကူး တင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်း တို့ အဓိက ပါဝင်သရုပ် ဆောင် ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကား သည် ရုံတင်ရက် ထပ်တိုးရ သည်အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။

”သက်မွန် ကြားတာတော့ ရုံတင်ရက် ထပ်တိုး မယ်။ ဘာပဲပြောပြော ပင်ပန်း ခဲ့သမျှ ပီတိဖြစ်တာ ပေါ့”ဟု သက်မွန်မြင့် က ပြောသည်။

”ဒီကားမှာ မှတ်မိတာ က ပရိသတ် ကြိုက်တဲ့ကား တော်တော် များများက ပင်ပန်းတဲ့ကား ဖြစ်တယ်။ ဒီ စေတန် ဆိုရင် တစ်ယောက် တည်းပြေး လိုက် နှစ် ယောက်ပေါင်း ပြေးလိုက် တော်တော်ကို ပြေးခဲ့ရ တယ်။ ချွေးတွေ ဆိုလည်း ကားထဲက မြင်တဲ့ အတိုင်း ပဲ။ ပြေးရင်းနဲ့ ပေါင်ကြော ညပ်တာတော့ အမှတ် တရပဲ” ဟု ၄င်းက ပြောသည်။

သက်မွန်မြင့်က အဆိုပါ စေတန်ရဲ့ ကချေသည် ဇာတ်ကား ရိုက်ပြီးသည့်နှစ်က အကယ်ဒမီ ရသည့် နှစ်နဲ့ တစ်နှစ် တည်း ကျပြီး ရိုက်ကွင်းမှာ ပေါင်ကြော ညပ်သည့် ဒဏ် က အကယ်ဒမီ ဆုတက်ယူသည် အထိ ခြေထောက် က ထော့ နဲ့ထော့နဲ့ဖြင့် ဆုတက် ယူခဲ့ရသည်ဟု သိရသည်။

”ပရိသတ်တွေ ဆီက ပြန်ကြား ရတာကတော့ ခြံပေါက်ဝ ကနေ ချောင်းကြည့် ပြီး နေတိုး ကိုမြင်တော့ လန့်သွားတဲ့ပုံ၊ လက်ဆောင် ပြေးဝယ် ရတဲ့ပုံ၊ ဇာတ်သိမ်းပိုင်း က ပန်းသီး ကိုက်တဲ့ပုံ ဒီဇာတ်ဝင်ခန်း တွေကို ကြိုက်ကြတယ်” ဟု သက်မွန်မြင့် က ဆို သည်။

ထူးထူး

Popular Journal

အပြည့်အစုံသို့ »

လိင်ဆွဲဆောင်မှုပြင်းထန်နေတဲ့အတွက် Eva Green ရဲ့ Sin City ပိုစတာ ပိတ်ပင်ခံရ




Sin City:A Dame to Kill For ဇာတ်ကားရဲ့ ပိုစတာကို အမေရိကန်ရုပ်ရှင်အဖွဲ့ အစည်း MPAA က ပိတ်ပင်လိုက်ပါတယ်။ ပိုစတာမှာ Eva Green ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို အထင်းသားမြင်နေရပြီး သားမြတ်ခေါင်းတစ်ဝိုက်ဟာ အ၀တ်ပါးအောက်မှာ မြင်သာနေတဲ့အတွက် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သြဂတ်စ်လ ၂၉ ရက်နေ့ ထွက်ရှိမှာဖြစ်တဲ့ Sin City:A Dame to Kill For ဇာတ်ကားဟာ ဈေးကွက်ဆွဲဆောင်မှု စတန့် ထွင်ပြီး ကာမရာဂနှိုးဆွမှုအသားပေးပိုစတာဖြစ်နေတဲ့အတွက် MPAA က ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။



Ref: totalfilm.com

trend myanmar


အပြည့်အစုံသို့ »

ဧရာဝတီတိုင်းဒေသကြီးတွင် ကြွက်များ အစုလိုက် အပြုံလိုက် သေဆုံးမှု အဖြေ ထွက်ပြီ


ဧရာဝတီတိုင်းဒေသကြီးတွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအား ဓာတ်ခွဲ စစ်ဆေးချက်များ အရ အစာ အဆိပ်သင့်ခြင်းနှင့် ကူးစက်ရောဂါကြောင့် မဟုတ်ဘဲ အစာရေစာပြတ်လပ်၍ အချင်းချင်း ကိုက်ဖြတ်မှုကြောင့်

ကြွက်များ သေဆုံးရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံး ချုပ်)၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ကြွက်သေများကို အစာ အဆိပ်သင့်မှု ရှိမရှိ၊ အစာအိမ် အူလမ်းကြောင်းတွင် ကပ်ပါးပိုး ရှိမရှိ၊ အဆုတ်နှင့် လေပြွန် အခြေအနေ၊ ပလိပ်ရောဂါ သယ်ဆောင်သော “သန်း”ရှိမရှိ အဓိက စစ်ဆေးခဲ့သည့် အပြင် ဒေသခံများ၏ စပါး စိုက်ပျိုးမှုနှင့် ပိုးသတ်ဆေး သုံးစွဲမှု နည်းစနစ်များ ကိုပါလေ့လာ ခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန် ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ကြွက်သေများကို ရင်ခွဲ စစ်ဆေးခဲ့ရာတွင် အသည်းများ ရှိနေပြီး၊ အစာအိမ်များ ထဲတွင် မီးသွေးမှုန့်၊ အုန်းဆံမှုန့်များ၊ ကြွက် အမြီးပြတ်ငယ်များ၊ အမွေးအစုများ တွေ့မြင် ရခြင်းကြောင့် အစာရေစာ ပြတ်လပ်သဖြင့် အချင်းချင်း ကိုက်ဖြတ် မှုကြောင့် ကြွက်များ သေဆုံးရခြင်း ဖြစ်သည်ဟုသာ ယူဆရ ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်)၊ သီးနှံ ကာကွယ်ရေး ဌာနခွဲမှ ဒေါက်တာ ညိုမီထွေးက ပြောသည်။

မတ်လ(၂၂) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာရှိ နေအိမ်များတွင် ကြွက် (၄၀၀) ခန့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး၊ မေလ (၂၃) ရက် နေ့ကလည်း ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူ မြို့နယ်၊ တလုပ်ကြီး ကျေးလက် ကျန်းမာရေး ဌာနအပိုင်၊ ကျောက်တိုင်ရွာတွင် နေအိမ်များ ၌  ကြွက်(၃၀၀)ကျော်ခန့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့သည်။

ကြွက်များ အစုလိုက် သေဆုံးမှုများကြောင့် ဒေသခံများက  စိုးရိမ်ပူပန်လျက် ရှိနေကြရာ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိ ၀န်ထမ်းများနှင့် အတူ အောက်မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ ဒေါက်တာ ဖြိုးဖြိုးကျော်နှင့် အဖွဲ့သည် ရှောပြာကျေးရွာသို့ သွားရောက် စစ်ဆေးခဲ့ပြီး၊ ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲ ဌာနသို့ ကြွက်သေ နမူနာများကို ပေးပို့ စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

The Messenger News Daily

အပြည့်အစုံသို့ »

၂၀၃၅ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ် လူတွေ ခြေချဖို့ ရည်မှန်းထားကြောင်း နာဆာ အတည်ပြု၊ တစ်ကမ္ဘာလုံးက အကူအညီလိုအပ်ကြောင်း ၀န်ခံပြောဆို





လပေါ် လူသားတို့ ခြေချပြီးနောက် အင်္ဂါဂြိုလ်ခရီးစဉ်ဟာ လူအများစု မျှော်လင့်ထားကြတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အခုတော့ နာဆာ ဟာ ၂၀၃၅ ခုနှစ်မှာ လူသားတွေ ဂြိုလ်နီပေါ်ကို ခြေချဖို့ သူတို့  ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

အကြီးအကဲသိပ္ပံပညာရှင် Dr.Ellen Stofan ရဲ့ ဗြိတိန်မှာ ပြောခဲ့တဲ့ မိန့် ခွန်းတွေမှာ အေဂျင်စီဟာ ဒီလို တာဝန်မျိုးကို နောက်ဆယ်စုနှစ်နှစ်ခုအတွင်းမှာ လုပ်ဆောင်မယ့် အစီအစဉ်တွေကို အကြမ်းဖျင်းထုတ်ပြောခဲ့ ပါတယ်။

နာဆာဟာ အာကာသတွင်းလွှတ်တင်မှုစနစ် အရွယ်အစားကြီးဒုံးပျံ နဲ့ Orion အာကာသယာဉ်အခန်း တွေကို ဖန်တီးခဲ့ပြီးနောက် နာဆာဟာ အင်္ဂဂြိုလ်ပေါ် လူလွှတ်ဖို့ အစီအစဉ်ကို ချဉ်းကပ်လာတာ ဖြစ်ပါတယ်။ ဒီစနစ် နှစ်ခုဟာ အင်္ဂဂြိုလ်ပေါ် လူသားတို့ ဆင်းသက်ပြီးနောက် ကမ္ဘာမြေပေါ် မပြန်ခင်အစီအစဉ်မှာ ပါဝင်မယ့် အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။


လန်ဒန် တော်ဝင်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်နဲ့ သီးခြားတွေ့ ဆုံမှုမှာ Dr.Stofan က အင်္ဂဂြိုလ် ဟာ သူတို့ ရဲ့ အဓိကအာရုံစိုက်စရာတစ်ခု ဖြစ်နေဆဲလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သူမက ဒီအစီအစဉ်တွေအကောင်အထည်ဖော်ဖို့ နာဆာ တစ်ဦးတည်းလုပ်ဆောင်နိုင်မှာမဟုတ်ဘဲ တခြားနိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းလုပ်ဆောင်မှုတွေလိုအပ်ကြောင်း ထပ်ပြောကြားခဲ့ပါတယ်။

“ ဒါဟာ ကျွန်မတို့ အတွက် မဖြစ်မနေတာဝန်ပါ။ လုပ်စရာအလုပ်တွေအများကြီးရှိနေပါတယ်။ ဒါကြောင့် ကျွန်မတို့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာကာသအေဂျင်စီတွေအနေနဲ့ ကျွန်မတို့ နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့  လိုအပ်နေပါတယ်” လို့ ဒေါက်တာက ပြောကြားခဲ့ပါတယ်။



နာဆာ ရဲ့ အင်္ဂါဂြိုလ်မစ်ရှင် အတွက် တစ်စိတ်တစ်ပိုင်းဖြစ်လာမယ့် အော်ရီယွန်အာကာသယာဉ်အခန်း

Ref: Dailymail.co.uk
trend myanmar

အပြည့်အစုံသို့ »

ပျမ်းမျှ တစ်လ ကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော် ၀င်ငွေရှိသော Sky Net မှ အကျိုးအမြတ်အဖြစ် နိုင်ငံတော်သို့ တစ်လ ကျပ်သိန်း ၃၀၀ စတင်ပေးသွင်း

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ


ပျမ်းမျှ တစ်လကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ဝင်ငွေရှိသော Sky Net မှ အကျိုးအမြတ်အဖြစ် နိုင်ငံတော်သို့ တစ်လ ပျမ်းမျှ ကျပ်သိန်း ၃၀၀ ၀န်းကျင်သာ စတင်ပေးသွင်းကြောင်း မေ ၃၀ ရက်က ပြုလုပ်သော ပြန်ကြားရေး ၀န်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့သည်။

နိုင်ငံတော်သို့ ၂၀၁၀ မှစ၍ သုံးနှစ်ဆက်တိုက် အကျိုးအမြတ်ပေးရန် မလိုဘဲ Sky Net သို့ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း၊ ကင်းလွတ်ခွင့် သုံးနှစ်ပြည့်သွားသည့်အတွက် ယခုအခါ နိုင်ငံတော်သို့ အကျိုးအမြတ် စတင်ပေးသွင်းသည်မှာ ရှစ်လရှိပြီဖြစ်ကြောင်း သိရသည်။

ကင်းလွတ်ခွင့်ကာလ ပြီးဆုံးပြီး ၂၀၁၃ ခုနှစ် ဇူလိုင်မှ ၂၀၁၄ မတ်အထိ ရှစ်လအတွက် ကြည့်ရှုသူများထံမှ ငှားရမ်းကြည့် ရှုခ၀င်ငွေများနှင့် ကြော်ငြာခ၀င်ငွေများအနက် အခွန်ပေးဆောင်ပြီး ကျန်ရှိသည့် ငွေကြေးမှ လေးရာခိုင်နှုန်းအတွက် ကြိုတင်ငွေပေးသွင်းမှုအဖြစ် တစ်လလျှင်သိန်း ၃၀၀ နှုန်းဖြင့် ရှစ်လစာ ကျပ် ၂၄၀၈ သိန်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သို့ ပေးသွင်းထားပြီးဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လအခွန်ကြီးကြပ် ကာလတွင် သတ်မှတ်ထားသော အခွန်အခများ အတိအကျ တွက်ချက်ရရှိပြီးပါက လိုအပ်ငွေကို ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး၌ Sky Net ရုပ်သံ စက်အလုံးရေ မည်မျှတပ်ဆင်ထားကြောင်းကိုမူ ပြန်ကြားရေးမှ မသိရှိကြောင်း မေ ၃၀ ရက် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

လေ့လာစုံစမ်းထားမှုများအရ မြန်မာနိုင်ငံတွင် Sky Net အလုံးရေ ၅၀၀၀၀၀ ၀န်းကျင်အထိ ဖြန့်ဖြူးထားပြီး ဖြစ်ကြောင်း (အလုံးရေ အတိအကျကို Sky Net မှလည်း မေးမြန်းစဉ်က ပြန်လည်ဖြေကြားမှုမပြုခဲ့၍ အတိအကျမ သိရဘဲ ၎င်းပမာဏထက် ပိုမိုများနိုင်) သိရသည်။

ပြည်သူများထံမှရသည့် လစဉ်ကြေး၊ ကြော်ငြာခမှရသည့် ၀င်ငွေများအား စုပေါင်း၍ စက်တစ်လုံးလျှင် ပျမ်းမျှလစဉ် ကျပ် ၁၀၀၀၀ သာဝင်သည့်နှုန်းဖြင့် တွက်လျှင်ပင် Sky Net အနေဖြင့် လစဉ်ကျပ်သိန်းပေါင်း ၅၀၀၀၀ ၀န်းကျင် ၀င်ငွေရရှိနေပြီ ဖြစ်သည်။



မေ ၃၀ ရက်က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲအား တွေ့မြင်ရစဉ်

ရွှေသံလွင်ကုမ္ပဏီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ဆိုထားသည့် စာချုပ်အရ လုပ်ငန်းပထမ သုံးနှစ်ကာလအား Grace Period ကာလသတ်မှတ် ပေးထားသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရွှေသံလွင်အနေဖြင့် ကုန်သွယ်ခွန်နှင့် ၀င်ငွေခွန်များကို ဘဏ္ဍာရေး ၀န်ကြီးဌာန၏ စည်းကြပ်မှုအတိုင်း ပေးသွင်းထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကြိုတင်အခွန်ငွေအဖြစ် ကျပ်သိန်း ၃၀၀၀ ကျော်ကို ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ ပေးသွင်းထားပြီး ယခုနှစ်ဇွန်လ အခွန်စည်းကြပ်ကာလတွင် သတ်မှတ်ထားသော အခွန်အခများကို ထပ်မံပေးသွင်း သွားမည်ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားသည်။ အခွန်ပေးဆောင်ထားသည် ဆိုသော်လည်း လွန်ခဲ့သည့် နှစ်နှစ်ဆက်တိုက် ထုတ်ပြန်ထားသော ထိပ်တန်းအခွန်ထမ်း စာရင်းတွင် Sky Net တည်ထောင်ထားသော ရွှေသံလွင်မီဒီယာ၏ အမည်မှာ ပါဝင်လာခြင်း မရှိခဲ့ပေ။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ရုပ်သံမီဒီယာများနှင့် ဆက်စပ်ချုပ်ဆိုခဲ့သော စာချုပ်များပါအတိုင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ နိုင်ငံတော်မှရရှိရန် အကျိုးအမြတ်ပေးသွင်းမှုများကို စနစ်တကျစိစစ် ကြပ်မတ်ရန်အတွက် ဒုတိယ၀န်ကြီး ဦးဆောင်သော Broadcast Governing ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး စာချုပ်များပါအတိုင်း သက်ဆိုင်ရာ ရုပ်သံမီဒီယာများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ငွေပေးသွင်းမှုများကို ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ချုပ်ဆိုထားသော စာချုပ်များကို နောင်တွင်ဖြစ်ပေါ်လာနိုင်သော   အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်နှင့် ခေတ်နှင့်လိုက်လျောညီထွေသော စာချုပ်များ ဖြစ်ပေါ်လာစေရေးအတွက် ပြင်ဆင်ဖြည့်စွက် စာချုပ်မူကြမ်းများကိုလည်း ဆောင်ရွက်ထားရှိပြီး လာမည့်ဇွန်လအတွင်းတွင် ပြင်ဆင်ဖြည့်စွက်ထားသော စာချုပ်မူကြမ်းများအား သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ပြီး စာချုပ်သစ်များ အမြန်ဆုံး ပြန်လည်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုရှင်းလင်းပွဲတွင် Sky Net နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေသည် ယခင်စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စာပေကင်ပေတိုင်အဖြစ် အမည်တွင်ခဲ့သူဖြစ်ပြီး ယခုတိုင် ၀ါဒဖြန့်ချိရေး ဆောင်းပါးများ ရေးသားလေ့ရှိသူဖြစ်သည်။

EMG


အပြည့်အစုံသို့ »