ဘုရင် ၁ ပါး၊ လူ ၂၂ ယောက်နှင့် ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံ


ကိုယ်ပိုင်ဘုရင်ရှိသည်။ ကိုယ်ပိုင်အလံရှိသည်။ နိုင်ငံကိုယ်စားပြုကိုယ်ပိုင်အမှတ် တံဆိပ်ရှိသည်။ ကိုယ်ပိုင်ငွေကြေးယူနစ်ရှိသည်။ ကိုယ်ပိုင် တံဆိပ်ခေါင်းများ ရှိနေ သည်။ ဆီးလန်းသည် နိုင်ငံတစ်ခုအဖြစ် လိုအပ်သော အခြေခံ အဆောင်အယောင် များ ပြည့်စုံနေပြီဟု ဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ယင်းမှာ ဆီးလန်းတစ်နိုင်ငံလုံး လူ ၂၂ ဦးသာ နေထိုင်ခြင်းဖြစ်သည်။


အမှန်တကယ်အားဖြင့် ဘုရင်အုပ်စိုးသည့် နိုင်ငံ (Principality) တစ်ခုအဖြစ် ကမ္ဘာသို့ ကြေညာထားသည့် ဆီးလန်းသည် ဗြိတိန်ကမ်းလွန်မှ ပင်လယ်တွင်း ခံတပ် ဆိပ်ခံနေရာဟောင်း တစ်ခုသာဖြစ်သည်။ ဗြိတိန်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဆက်ဖ် ဖော့ခ်ကမ်းခြေမှ ၆ မိုင်မျှအကွာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ယင်းခံတပ်ကိုတည် ဆောက်ထားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ဆီးလန်းတွင် နေထိုင်သူများက မိမိတို့ သည် ဗြိတိန်၏ အစိတ်အပိုင်းမဟုတ်တော့ဟုဆိုကာ လွတ်လပ်ရေး ကြေညာပြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့်မူ ဆီးလန်းကိုနိုင်ငံအဖြစ် သတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ဆီးလန်းနိုင်ငံသားများကမူ ယင်းအခြေအနေကို ဂရုမစိုက်ချေ။ ၎င်းတို့သည် ကမ္ဘာ့အသေးဆုံး နိုင်ငံလေးတစ်ခုမှ နိုင်ငံသားများအဖြစ် ခံယူထားကြသည်။ စုစု ပေါင်း ၅၂၉၀ စတုရန်းပေမျှသာ ကျယ်ဝန်းသည့် နေရာလေးသို့ ကမ္ဘာလှည့် ခရီး
သည်များက ရေလမ်းခရီးမှ လာရောက်လည်ပတ်ကြသည်။ ထိုအခါ ဆီးလန်းနိုင်ငံ က ၎င်းတို့၏ပတ်စ်ပို့တ်တွင် တံဆိပ်တုံးထုပေးလေ့ရှိသည်။ ဆီးလန်း၏ လက်ရှိ ဘုရင်မှာ မင်းသားကြီး မိုက်ကယ်ဖြစ်သည်။ ၎င်း၏ ခမည်းတော် ရွိုင်းဘိတ်စ်သည်
အဆိုပါ ကမ်းလွန်ဆိပ်ခံကို နိုင်ငံအဖြစ် စတင်သတ်မှတ်ကာ ဘုရင်အဖြစ် ပထမဆုံး အုပ်ချုပ်စိုးစံခဲ့သူဖြစ်သည်။


ဆီးလန်းတွင် နေထိုင်သူများသည် ခံတပ်ဆိပ်ခံ အနီးတဝိုက်တွင် ငါးနှင့်ပုစွန်များ ရှာဖွေဖမ်းယူ အသက်မွေးကြသည်။ ထို့အပြင် သောက်ရေကိုလည်း ကိုယ်တိုင် ဖန်တီး ထုတ်ယူနိုင်ကြသည်။ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်တော်ဝင် မိသားစုနှင့် ဟန်ကျပန်ကျရှိလှသဖြင့် ဆီးလန်းသူ၊ ဆီးလန်းသားများအနေဖြင့် တစ်စုံတစ်ရာ မျက်နှာငယ်စရာ မရှိချေ။ သေချာသည့် အချက်တစ်ခုမှာ ဆီးလန်းနိုင်ငံသား ၂၂ ဦး စလုံးက မိမိတို့သည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်စွာ ခွဲထွက်ရပ်တည်နေပြီဟု အခိုင်အမာ ခံယူယုံကြည်ထားခြင်းဖြစ်သည်။ ဆီးလန်း၏ အဓိက စီးပွားရေးလုပ်ငန်း များတွင် ဒေသထွက် အမှတ်တရပစ္စည်းလေးများကို အင်တာနက်မှတစ်ဆင့် ရောင်း ချခြင်းလည်း ပါဝင်သည်။

ထူးထူးခြားခြားရောင်းချမှုမှာ ဆီးလန်းတွင် မိမိပိုင် သတ်မှတ်နေရာအဖြစ် တစ် စတုရန်းပေ အကျယ်အဝန်းကို ပေါင်စတာလင် ၂၀ မျှဖြင့် ဝယ်ယူထားနိုင်ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ဘိတ်စ်ကွယ်လွန်ပြီးနောက် အသက် ၆၃ နှစ်ရှိ မိုက်ကယ်က ဆီးလန်း၏ဘုရင်ဖြစ်လာသည်။ ၎င်းသည် လက်ရှိအချိန်ထိ မိသားစုများ၊ မိတ်ဆွေများနှင့်အတူ ဆီးလန်းတွင်ပင်နေထိုင်လျှက်ရှိသည်။ မိုက်ကယ်က မိမိ၏တိုင်းပြည်ကို ပြင်သစ်နှင့် ဂျာမနီတို့က အသိအမှတ် ပြုထားကြောင်း နှင့် စကော့တလန်ကလည်း ဗြိတိန်လက်အောက်မှ မိမိတို့၏ရုန်းထွက်နိုင်မှုကို အား ကျလေးစားနေကြောင်း ကြွားဝါလေ့ရှိသည်။

“ရပ်တည်ရတာတော့ ခက်ခဲလွန်းပါတယ်။ စကော့တွေကတော့ ကျွန်တော်တို့ကို အားပေးကြတယ်။ အဲဒီလိုပဲ ဗြိတိန်ကနေ စကော့တလန် ခွဲထွက်ဖို့ကိုလည်း ကျွန် တော်တို့က ထောက်ခံတယ်။ စကော့တွေက ကြီးကျယ်ခမ်းနားပြီး လွတ်လပ်မှုကို
အင်မတန် တောင့်တတဲ့လူမျိုးတွေပါ” ဟု မိုက်ကယ်ကဆိုသည်။ ၂၀၀၆ ခုနှစ်က ဆီးလန်းတွင် လျှပ်စစ်မတော်တဆမှုကြောင့် မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ထိုစဉ်က ဗြိတိသျှတော်ဝင်လေတပ်မှ ရဟတ်ယာဉ်တစ်စင်းက ဆီးလန်းမှ ဒဏ်ရာရသူ တစ်ဦး
အား ဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ရဖူးသည်။ ဆီးလန်းနိုင်ငံသားများသည် ရံဖန်ရံခါ ဘောလုံးကစားလေ့ရှိပြီး လက်ရွေးစင်ဘောလုံးအသင်းတစ်သင်း ဖွဲ့စည်း လိုသော်လည်း လူမပြည့်သဖြင့် အထမမြောက်သေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network



အပြည့်အစုံသို့ »

မိန်းကလေးများ ချင့်ချိန်ပြီးမှ ယုံကြပါ


ဒီအဖြစ်အပျက်လေးကတကယ့်အဖြစ်အပျက်လေးပါ.
သူငယ်ချင်းတွေအားလုံးသင်ခန်းစာယူသင့်တယ်ထင်လို့ မျှဝေပေးတာပါကျောင်းသင်ခန်းစာဆိုတာကိုယ်တိုင်ကအချိန်အကုန်ခံပြီး လေ့လာသင်ယူကျက်မှတ်ရပါတယ်.
ဘ၀နဲ့ ပက်သက်တဲ့ သင်ခန်းစာကိုတော့ မိမိပတ်ဝန်းကျင်မှာ တွေ့ နေ မြင်နေရတဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်တိုင်က အဲ့ ဒီလိုအမှားမျိုးမဖြစ်အောင် သတိနဲ့ ဆင်ခြင်နိုင်ရင်တော့..ကိုယ့်ဘ၀အတွက် အရင်းအနှီး စိုက်ထုတ်စရာမလိုပဲနဲ့ အလကားရတဲ့ အမြတ်ပေါ့နော်…ဒီခေတ်ကြီးထဲမှာအလကားရတယ်ဆိုတာခပ်ရှားရှားရယ်..
မနှစ်ထိုင်းနိုင်ငံမှာနာမည်ကြီး
ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ
ကောင်မလေးကတက္ကသိုလ်ကျောင်းသူတစ်ဦးပါ နယ်ကနေလာပြီးဘန်ကောက် မြို့ ပေါ်မှာကျောင်းလာတက်ရင်းနဲ့ Online ပေါ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်..နောက်တော့ချစ်သူအမေရိကနိန်င်ငံသားကဘန်ကောက်ကိုအလည်ရောက်လာပါတယ်..အတူသွ
ားအတူ
အတူတူနေပြီးသိပ်မကြာခင်မှာဘဲ ဗီဇာသက်တန်းကုန်တော့အမေရိကားကိုပြန်ရတော့မှာမို့ ကောင်မလေးက မပြန်ခင်သူမကို တရားရုံးမှာ ဇနီးမယားအဖြစ်လက်မှတ်ထိုးသွားပါလို့ တောင်းဆိုတော့ ကောင်လေးက သူလက်မှတ် မထိုးပေးနိုင်ပါဘူးတဲ့ သူ့ မှာဇနီးရှိပါတယ် လို့ ပြောတော့ကောင်မလေးက နင်ငါ့ကိုတရားရုံးမှာ လက်မှတ်မထိုးပေးဘူးဆိုရင် အခုချက်ချင်းရဲ ကိုကြောင်းကြားပြီး ငါ့ကိုမတရားစော်ကားပါတယ်ဆိုပြီး တိုင်မယ်ပြောတော့ အဲ့ ဒီနိုင်ငံခြားသားလဲ ကြောက်လို့ နှူတ်ပိတ်တဲ့ အနေနဲ့ သတ်ပစ်လိုက်ပါတယ်..
သူ့ စိတ်ထဲမှာဘယ်သူမှ မသိနိုင်မမြင်နိုင်ဘူးလို့ ထင်ပြီး အလောင်းကို တစ်စစီ ခြေ လက် တွေ အကုန် အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး အမှိုက်ထဲ့ တဲ့ ပလပ်စတစ်အိတ်အမဲထဲထည့်ပြီးမြစ်ထဲသွားမျှောပါတယ် ရေကကျနေတာမို့ အလောင်းကမမြောဘဲနဲ့ ဒီအတိုင်းကျန်နေနေတာပေါ့ နောက်နေ့ အမှိုက်တွေ လိုက်ကောက်တဲ့ သူကအလောင်းကိုတွေ့ တော့ ရဲကိုအကြောင်းကြားပြီးရဲကအမှူစ်တော့ကောင်မလေးနေခဲ့တဲ တိုက်ခန်းပိုင်ရှင်ကိုမေးတာ ကောင်မလေးဆီကို နိုင်ငံခြားသားတစ်ယောက်အမြဲလာကြောင်း သက်သေအနေနဲ့  တိုက်ခန်းရဲ့ လူသွားတဲ့ စင်္ကြန်တိုင်းမှာဗွီဒီယိုကင်မရာ
တပ်ထားတော့လူသတ်ရားခံကို လွယ်လွယ်နဲ့ ပဲ ပြန်ဖမ်းမိခဲ့ပါတယ်..
အဲ့ဒီနိုင်ငံခြားသားဟာ အဲ့လိုမျိုးဆိုဒ်တွေမှာ နိုင်ငံပေါင်းစုံက အမျိုးသမီးတွေနဲ့ ရင်းနှီးအောင်မိတ်ဆွေဖွဲ့ ချစ်ရေးဆိုပြီးအမျိုးသမီးတွေကိုဖျက်ဆီးနေတဲ့  ကမ္ဘာလှည့်ကြာကူလီလူလိမ်တစ်ယောက်ပါ..
နောက်ထပ်သတင်း.တစ်ခုက အလယ်တန်းကျောင်းသူလေးပါ..
ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီး၃ ရက်လောက်သွားချင်တယ်ဆိုပြီးမိဘတွေဆီမှာခွင့်တောင်းပါတယ် မိဘတွေကလည်းကျောင်းနေဘက်သူငယ်ချင်းတွေနဲ့ သွားမယ်ထင်ပြီး ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးလိုက်ပါတယ်..နောက်၃ ရက်လောက်ကြာတော့ သမီးဖြစ်တဲ့ သူအိမ်ကိုပြန်မရောက်သေးလို့  ကျောင်းနေဘက်သူငယ်ချင်းတွေဆီလိုက်မေးတာသူငယ်ချင်းတွေအကုန်လုံး တစ်ယောက်မှ လေ့လာရေးခရီးမသွားရပါဘူးတဲ့…ဒါဆိုရင်ဘယ်သူနဲ့ သွားတယ်ဆိုတာသိကြလားဘို့ မေးတော့ တိတိကျကျတော့မသိပါဘူး Online ပေါ်က သူငယ်ချင်းတွေနဲ့ ပဲ ဖြစ်လိမ့်မယ်တဲ့  Online ပေါ်ကသူငယ်ချင်းတွေ ဘယ်မြို့ ဘယ်ရွာကလဲဆိုတာ မိဘတွေရော ငယ်သူငယ်ချင်းတွေရော တစ်ယောက်မှ မသိကြပါဘူး အဲဒါနဲ့ မိဘတွေကTV ကနေတဆင့် ဓါတ်ပုံနဲ့ တကွ လူပျောက်ကြော်ငြာ တင်ပါတယ်..သူတို့ ရဲ့ သမီးလေး Online ပေါ်က ခင်တဲ့ သူငယ်ချင်းနဲ့ လေ့လာရေးခရီး၃ ရက်သွားတာ ယခုအချိန်ထိ အိမ်ပြန်မရောက်သေးကြောင်း..တွေ့ ရှိက အကြောင်းကြားပါရန် ဆိုပြီး TV ကနေလွှင့်ပေးပါတယ် ဒါပေမယ့် ယခုအချိန်ထိ ကောင်မလေး အိမ်ပြန်မရောက်ခဲ့ပါဘူး သေလားရှင်လားတောင်မသိခဲ့ရပါဘူး.
………………..
ကဲ သူငယ်ချင်းတို့ ရေ..ဒီအဖြစ်အပျက်လေး၂ ခု ကိုကြည့်ပြီးတို့ တွေ သုံးသပ်ရအောင်နော်..
Online ပေါ်မှာက လူပေါင်းစုံ မို့  လူ ကောင်းလားလူလိမ်လားဆိုတာမသိနို
င်ပါဘူး လူကောင်းတွေရှိသလို ရုပ်လေးဗန်းပြပြီး မဟုတ်တာ လုပ်နေတဲ့လူလိမ်တွေလဲ ရှိပါတယ်…
တစ်ချို့ က ချမ်းချမ်းကို ဝေဖန်အပြစ်တင်ကြပါတယ်.အွန်လိုင်းပေါ်က လူတွေကို မယုံကြည်တာဟာ သဘောထား သေးသိမ်တာပဲတဲ့..
စေချာစဉ်းစားကြည့်ရင်..
မိန်းကလေးနဲ့ ယောင်္ကျားလေးယှဉ်လို့ မရဘူး..မိန်းကလေးဆိုတာ အစစအရာရာ သတိထားပြီးဆင်ခြင်ပါမှာ တော်ရာကျပါလိမ့်မယ်..
တစ်ကယ်လို့ ချမ်းချမ်းကို အွန်လိုင်းပေါ်က သူငယ်ချင်းတွေအယုံအကြည်မ၇ှိဘူး လို့ ပြောလာရင် လဲ စိတ်မဆိုးဘူး.
အင်း ငါ့အကြောင်း သူမသိသေးလို့  ငါ့ကိုအယုံအကြည်မရှိတာပဲ..သူမမှားပါဘူး.တစ်နေ့ ငါ့အကြောင်းသိရင်တော့ ငါ့ကိုနားလည်ပါလိမ့်မယ်ဆိုပြီး ဒီလိုပဲ ခံယူထားတယ်..အကြောင်းမသိတဲ့ လူတစ်ယောက်ကို လွယ်လွယ် လေးယုံကြည့်လိုက်တာထက်
သေချာလေ့လာပြီးမှ ယုံကြည်သင့်ပါတယ်..
ချမ်းချမ်း စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဘူးပါတယ်
…………….
မိန်းကလေးတစ်ယောက်ဟာ မိမိရဲ့ တန်ဖိုး ဘ၀ သိက္ခာနဲ့ ပက်သက်လာရင် အားမနာတတ်တာအကောင်းဆုံးပါ တဲ့ .
အရာရာကို အသိလေးနဲ့ စဉ်းစာဆင်ခြင်ပြီးချင့်ယုံပါလို့ ဆန္ဒပြုလျှက်

Written…By….ချမ်းချမ်း(ရွာသူလေး)
K.K(ကနောင်)

အပြည့်အစုံသို့ »

လယ်သစ်အရှေ့ကျေးရွာမှ မိန်ကလေးမွေးဖွားပြီး (၂)လအကြာ ဖိုအင်္ဂါ ထွက်ပေါ်လာ


တနင်္သာရီ ဇွန်(၄) ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု-လယ်သစ် အရှေ့ရွာနေ ဦးမင်းစိုး+ဒေါ်ရင်မူ တို့၏ ပထမသမီးဦး ရတနာကို မြိတ်ပြည်သူ့ဆေးရုံတွင် မတ်လ(၂၄)ရက်၌ မွေးဖွား ခဲ့စဉ်က မိန်းခလေးစင်စစ် မွေးဖွားလာခဲ့ပြီး အသက်(၂)လ အရွယ်ရောက် လာသည့် အခါ သူ့အလိုလို (ဖို)အင်္ဂါ တစ်ခုထွက်ပေါ်လာပြီး (ဖို+မ) အင်္ဂါ ယှဉ်တွဲပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အား ရပ်နီးရပ်ဝေးမှ သတင်းကြား၍ လာရောက်ကြည့်ရှုသူများ လေ့လာသူများနှင့် စည်ကားလျက်ရှိသည်။ ၎င်းသမီးလေးကို (နာမည်မမှည့်ရသေး)ကြောင်းနှင့် သူမသည် အပေါ့သွားသည့် အခါတွင် မိန်းမအင်္ဂါဖြင့် ဆီးသွားကြောင်း သိရှိရသည်။

၎င်း မိန်းမလေး၏ ကျန်းမာရေး အနေအထားအရ ကြင်နာဂရုဏာထားသော အားဖြင့် ကူညီထောက် ပံ့လိုပါက လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှရင်မှတစ်ဆင့် ဖုန်းနံပါတ် Ph: 09876 3692သို့ ဆက်သွယ် လှူဒါန်း/ကူညီမှု ပေးနိုင်ပါကြောင်း သိရှိရသည်။


MOI Webportal Myanmar

အပြည့်အစုံသို့ »

သီတဂူဆရာတော်ကြီး ပြည်ပတွင်အရေးပေါ် မျက်စိခွဲစိတ်ကုသမှုခံယူခဲ့ရ။


အင်္ဂလန်နိုင်ငံ ရောက်နေသော သီတဂူဆရာတော်ကြီးသည် မမျော်လင့်ဘဲ မျက်လုံးနှစ်လုံး ခွဲစိပ်ကုသမှု ခံယူခဲ့ရပါသည်။ ယနေ့ပဲ အောင်မြင်စွာ ကုသနိုင်ခဲ့သည်။

နဂိုကညာဘက်မျက်လုံးကခပ်ဝါးဝါးပဲမြင်ရတာကိုအားလုံးစိတ်ပူမှာစိုးလို. မပြောပဲနေတာ၊ နိပေါလ် မှာအစည်းဝေးလုပ်တော့ လုမ္ပဏီထဲမှာ ဖိနပ်
စီးခွင့်မရှိတဲ့အတွက်အပူမိသွားတယ်။ ညနေဟော်တယ်ပြန်ရောက်တော့
ရေချိုးအပြီးမှာဘယ်တဖက်ပါမမြင်ရတော့ဘူးဖြစ်သွားတယ်။ အင်္ဂလန်ရောက်ရောက်ချင်းဆရာတော်နှင့်အတူမျက်စိလိုက်ခွဲပေးနေတဲ့
ဆရာဝန်တွေကအားချင်းခွဲဖို့ ပြင်ဆင်ပေးကြတယ်။ လေဆာနှင့်ခွဲလို. အတော်သက်သာတယ်လို့ ပြောပါတယ်။ ခုဆိုအဝေးကြည့်မျက်မှန်
မလိုတော့ပါဘူးတဲ့။

ငါးသောင်းကျော်သော မျက်စိဝေဒနာရှင်တွေကို ကုသခဲ့သော
ဆရာတော်ကြီး အောင်မြင်မှုများ မလွဲမသွေ ရရှိမှာ ဖြစ်ပါသည်။

သတင်းဓါတ်ပုံ- သီတဂူစတား၊ ကိုထွန်းဝေ(ဂျပန်)

Tomorrow  News Journal

အပြည့်အစုံသို့ »

စမတ်ဖုန်း၊ laptop နှင့် Tablet မှ အလင်းရောင် တစ်မျိုးကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်


စမတ်ဖုန်းများ၊ Tablet နှင့် laptop ကွန်ပျူတာများမှ ထွက်ရှိသည့် အလင်း ရောင်တစ်မျိုးသည် လူအများ ကိုယ်အလေးချိန်တိုးပွားမှုနှင့် သွယ်ဝိုက်ဆက်နွယ်နေ ကြောင်း သိရှိရသည်။


သုတေသီများက စမတ်ဖုန်းကဲ့သို့ ကိရိယာများမှ ထွက်ရှိလာသည့် အပြာရောင် အလင်းများသည် နာရီပေါင်းအတော်များများ ဆက်တိုက်ထိတွေ့သည့်အခါ လူ တစ်ဦး၏ ဆာလောင်စိတ်ကို လှုံ့ဆော်ပေးလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
လူတစ်ဦးသည် အစာရေစာလုံလောက်စွာ စားသောက်ထားသည့်တိုင် ယင်းအပြာ ရောင်အလင်းနှင့် ရေရှည်ထိတွေ့ချိန်၌ သာမန်ထက်မြန်ဆန်စွာပြန်လည်ဆာလောင် လာတတ်ကြောင်း သိရသည်။ ထိုအခြေအနေက သာမန်ထက် အစာပိုစားပြီး ကိုယ်
အလေးချိန်တိုးပွားလာစေရန် တွန်းအားတစ်ရပ်သဖွယ်ဖြစ်လာသည်။အမေရိကန်မှ ပညာရှင်များသည် စမတ်ဖုန်းများမှထွက်ရှိသည့် အလင်းရောင်က ဆာလောင်မှုကို လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိထားသည့်တိုင် အဘယ်ကြောင့် ယင်း ကဲ့သို့ဆက်စပ်မှုမျိုး ဖြစ်ပေါ်နေသည်ဆိုခြင်းကိုမူ မဝေခွဲနိုင်သေးချေ။ အပြာရောင် အသားပေးထားသည့် အလင်းရောင် ထုတ်လွှင့်မှုနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှင့်မှုများ နှိုင်းယှဉ်စမ်းသပ်ချက်အရ လူတစ်ဦး၏ဆာလောင်စိတ်မှာ အပြောင်း အလဲဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များကတွေ့ရှိခဲ့သည်။ ၁၅ မိနစ်မျှကြာအောင် အပြာရောင်အလင်းနှင့် ထိတွေ့နေပြီးနောက် ယင်းသက်ရောက်မှု စတင်ဖြစ်ပေါ်လာ ပြီး ၂ နာရီမျှထိ ဆက်လက်တည်မြဲနေတတ်ကြောင်း သုတေသီများက ယုံကြည်ထား သည်။

ချီကာဂိုရှိ အနောက်မြောက်ပိုင်းတက္ကသိုလ်မှ ဦးဆောင်သုတေသီအိုင်ဗီချောင်က “အပြာရောင် အဓိကပါဝင်တဲ့ အလင်းတွေက ခန္ဓာဗေဒစနစ်တွေမှာ ဆာလောင် မွတ်သိပ်မှုကို လှုံ့ဆော်ပေးတာအမှန်ပါပဲ။ ဒီတွေ့ရှိချက်က အရေးကြီးပါတယ်။ ဒါ ဟာ ကျွန်တော်တို့ပတ်ဝန်းကျင်က အလင်းရောင်ရင်းမြစ်တွေနဲ့ ကိုယ်အလေးချိန် တိုးပွားမှု ဆက်နွယ်နေတာကို ခြေရာခံမိစေတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ဒီလို ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အပြာရောင် အလင်း တွေနဲ့ ရေရှည်ထိတွေ့နေရင် ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာမယ်။ ပိုပြီးဆာလာ မယ်၊ ပိုပြီးစားသောက်မယ်၊ အဲဒီတော့ ပိုပြီးဝလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

သုတေသီများသည် ယခုစစ်တမ်းအတွက် ကျန်းမာသန်စွမ်းသူ ၁၀ ဦးကို အသုံး ပြုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၄ ရက်ကြာ စမ်းသပ်မှုများအတွင်း မှိန်ဖျော့ဖျော့ အလင်း ရောင်နှင့် ပုံမှန်ထိတွေ့သူများထက် အပြာရောင်အလင်းနှင့် ပိုမိုထိတွေ့ဖြစ်သူများက
ယခင်ထက် အစားအသောက်ပိုများလာကာ ကိုယ်အလေးချိန်လည်း အတန်ငယ် တိုးလာကြောင်း သိရှိရသည်။

Planet Myanmar Network

အပြည့်အစုံသို့ »

ရေခဲမုန့် ဝယ်စားရာမှ မကျေနပ်မှုကြောင့် အရေးပေါ်နံပါတ်သို့ ဖုန်းဆက်တိုင်ကြား


ဗြိတိသျှ ရဲတပ်ဖွဲ့သည် ရေခဲမုန့် ဝယ်စားရာမှ အငြင်းပွားမှုကို အရေးပေါ် ဖုန်းနံပါတ် 999 သို့ ခေါ်ဆိုတိုင်ကြားမှု တစ်ခုကို ထုတ်ပြန်ပြသလိုက်သည်။

အလွန်အရေးကြီးသည့်အခြေအနေ များတွင်သာ ယင်းနံပါတ်ကို ခေါ်ဆိုပါရန် ရဲတပ်ဖွဲ့က အကြိမ်ကြိမ် တိုက်တွန်း
နေသော်လည်း  ယခုလို အသေးအမွှား ကိစ္စများကို တိုင်ကြားမှုများစွာ ရှိနေဆဲ ဟု ဝက်စ်မစ်ဒ်လန်းစ် ရဲတပ်ဖွဲ့က လက်တွေ့ပြသခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဖုန်းခေါ်ဆိုသည့် အမျိုးသမီး၏  အမည်ကိုမထုတ်ပြန်ခဲ့သော်လည်း သူမ၏ ၁ မိနစ်ကြာမျှ ဖုန်းခေါ်ဆိုမှု အပြည့်
အစုံကိုမူ ဖော်ပြထားခဲ့သည်။ ထိုအသံ ဖိုင်ကို ထုတ်လွှင့်ခဲ့ပြီးနောက် 999 နံပါတ်ကို ပေါ့ပေါ့တန်တန် ဖုန်းခေါ်မှုမျိုး မပြုလုပ်ရန်လည်း ရဲများက ထပ်မံပန်ကြားခဲ့သည်။

ဖုန်းခေါ်ဆိုမှုကို ဖမ်းယူထားသည့် အသံဖိုင် အတွင်း၌ အမျိုးသမီးက “ကျွန်မက ရေခဲမုန့်မှာတော့ ဆိုင်ရှင်က ရေခဲမုန့်ကို တစ်ဖက်ပဲ ဖြည့်ပေးတယ်။ တစ်ဖက်မှာ ဘာမှပါမလာဘူး။ ကျွန်မ က ပိုက်ဆံပြန်အမ်းဖို့ တောင်းတော့ လည်း သူက ငြင်းတယ်။ မကျေနပ်ရင်
ကြိုက်သလိုရှင်းလို့ ရတယ်လို့လည်း စိန်ခေါ်သေးတယ်” ဟု တတွတ်တွတ် တိုင်ကြားထားသည်။ ရဲအရာရှိ တစ်ဦး ဖြစ်သည့် ဂျင်မ်အန်ဒရိုနော့ဗ်က “ထား ပါတော့၊ အဲဒီအမျိုးသမီး ဖုန်းခေါ်နေတဲ့ အချိန်မှာတခြားလူတစ်ယောက်ယောက် က သေရေးရှင်ရေး ကိစ္စတစ်ခုအတွက် ဖုန်းလှမ်းဆက်နေရင်ဘယ်လိုလုပ်မလဲ။ ၁ မိနစ်ဆိုတာ ဘေးကျပ်နံကျပ် ဖြစ်နေ တဲ့ လူတစ်ယောက်အတွက် စောင့်ရ
တာ အင်မတန်ကြာတယ်။ 999 နံပါတ် ကို ခုလို ပေါ့ပေါ့တန်တန် ဖုန်းခေါ်နေ တာမျိုးတွေ အတွက်တော့ ကျွန်တော် တို့လည်း အရမ်းကို စိတ်ပျက်မိပါတယ်” ဟု ပြောကြားသွားသည်။


Planet Myanmar Network

အသံဖိုင်
 credit> metro.co.uk
image: bbc.co.uk

အပြည့်အစုံသို့ »

တက္ကသိုလ်၊ ကောလိပ်ဆရာ၊ဆရာမများ နေရာအပြောင်းအရွှေ့ ထွက်မလာသေး၍ မကျေနပ်မှုဖြစ်



တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များရှိ ဆရာ၊ ဆရာ များ၏ နေရာအပြောင်းအရွှေ့နှင့် ရာထူးတိုးများ ထွက်ပေါ်လာမှု မရှိသေး၍ ဆရာ၊ဆရာမများ၏ မကျေနပ်မှုများ မြင့်တက်လာနေကြောင်း သတင်းရရှိသည်။

ဇွန်လ ၃ရက် ညပိုင်းတွင်နေ ရာအပြောင်းအရွှေ့နှင့် ရာထူးတိုး ကြေညာမည့် သတင်းထွက်ပေါ် လာ၍ ဆရာ၊ဆရာမများစောင့်ဆိုင်းနေခဲ့သော်လည်း ကြေညာချက်မှာ  နောက်ဆုတ်သွားကြောင်းတက္ကသိုလ်ဆရာ၊ဆရာမများက ပြောသည်။

‘‘မနေ့ညက ကြေညာချက် ထွက်မယ်ဆိုလို့ အစ်မတို့အားလုံး စောင့်နေတာ မထွက်လာဘူး။ မ နက်ကျတော့ ကျောင်းအုပ်ဆရာ  ကြီးက တက္ကသိုလ်ဆရာ၊ ဆရာမ တွေကို အစည်းအဝေးခေါ်တွေ့ တယ်။ ကြေညာချက်မထွက်သေး ဘူးလို့ပြောတယ်။  နေရာအပြောင်းအရွှေ့နဲ့ ရာထူးတိုးမူဝါဒ တွေပြပြီးတော့ သဘောတူ၊ မတူ တစ်ခါတည်းမေးတယ်’’ဟု ရေနံ ချောင်းဒီဂရီကောလိပ်မှ ဆရာမ တစ်ဦးကပြောသည်။

တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များ၏ ပညာသင် နှစ်များ ပြန်လည်စတင်နေပြီဖြစ် သော်လည်း နေရာအပြောင်းအ ရွှေ့နောက်ကျနေမှုအပေါ်ဆရာ၊ ဆရာမများ၏ စိတ်မကျေနပ်မှု များ မြင့်တက်နေခြင်းဖြစ်သည်။

‘‘ညက ကြေညာချက်ထွက် မယ်ဆိုလို့ စောင့်နေတာ။ ဆရာ၊ ဆရာမတွေအကုန်လုံးပဲ။ အခု ကြေညာချက်ထွက်မလာတော့ စိတ်တိုနေကြတယ်။ မကျေမနပ်လည်းဖြစ်နေကြတယ်’’ဟု ဒဂုံတက္ကသိုလ်ဆရာ၊ဆရာမများအသင်းမှ ဆရာမတစ်ဦးကပြောသည်။

တက္ကသိုလ်ဆရာ၊ဆရာမ များအတွက် ရာထူးထိုးနှင့် နေရာ အပြောင်းအရွှေ့ ထုတ်ပြန်မှုနှောင့်နှေးနေ၍ နယ်မြို့များတွင် တာဝန် ကျနေသော ဆရာ၊ဆရာမများ၏ မကျေနပ်မှုများကြောင့် ယခုရက် ပိုင်းတွင် ကြေညာချက်ထွက်မည့် သတင်းထွက်ပေါ်ခဲ့သော်လည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

  ယခင်ပညာရေးဝန်ကြီး ဒေါက်တာမြအေးလက်ထက်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုးနှင့် နေရာအပြောင်းအ ရွှေ့သည် တစ်နှစ်အတွင်းဖြစ်ပေါ် ခဲ့သည်။ ယခုအခါတစ်နှစ်ခွဲခန့် ကြာမြင့်ပြီဖြစ်သော်လည်း ရာထူး တိုးနှင့် နေရာအပြောင်းအရွှေ့ ကြေညာချက် ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

နေလင်းထွန်း
7day daily

အပြည့်အစုံသို့ »