ကျောက်တော်သကြားစက် စက်မှုဌာနမှူး ဂျင်ဂလိဖြင့်ပစ်ခတ်ခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့ သကြားစက်မှ ဌာနမှူးတစ်ဦးအား စက်ရုံအနီးအနားမှ လူတစ်စုမှ ဂျင်ဂလိ လက်နက်ဖြင့် ပတ်ခတ်သဖြင့် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားသူမှာ ကျောက်တော်သကြားစက်မှ စက်မှုဌာနမှူး ဦးသာနိုးအောင်ဖြစ်ကြောင်း သိရသည်။

အဆောင်မှ ဆိုင်ကယ်စီး၍ ထွက်လာစဉ်  စက်မူဌာနမူအား ဘင်္ဂါလီကုလားများက ဂျင်ဂလိဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဌာနမှူး၏ ပြောစကားကို ကိုးကား၍ သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကျောက်တော်မြို့မှ ဦးမောင်ကျော်သာက နိရဉ္စရာသို့ ပြောသည်။

“ဌာနမှူး သူ့အဆောင်ကနေ ဆိုင်ကယ်စီပြီး ထွက်လာတဲ့အချိန်မှာ ဘင်္ဂလီတွေက ဂျင်ဂလိနဲ့ လှမ်းပစ် လိုက်တာပါ။ ညာဘက်နို့အုံကို ထိသွားတယ်။ ပစ်တာက အသေပစ်သတ်တာ။ ဒါပေမယ့် ကံကောင်းတော့ ဂျင်ဂလိ မျှားစူးက ချော်ထွက်သွားလို့ နို့အုံကို လာထိတဲ့ အတွက် ဆေးရုံမှာ နှစ်ချက် ခြုပ်လိုက်ရပါတယ်။ခု ပြင်ပ လူနာအဖြစ်နဲ့ ဆေးကုနေပါတယ်” ဟု ဆိုသည်။

စက်ရုံမှူးအား ပစ်ခတ်သူများမှာ သကြားစက်ရုံအနောက်ဘက်ရှိ ဘင်္ဂါလီရွာများမှ ရွာသားများ ဖြစ်နိုင်ကြောင်း ဦးမောင်ကျော်သာက ဆက်လက်ပြောဆိုသည်။

“ ကျောက်တော် သကြားစက်က ဘင်္ဂလီရွာနဲ့ မြစ်တစ်ခုပဲခြားတယ်။ ဒီလိုသာဆိုရင် စက်ရုံကလူတွေ ဆက်ပြီး ဒုက္ခရောက်နိုင်တယ်။ တစ်ဘက်ကမ်းမှာ အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ဘင်္ဂလီရွာကြီး(၃)ရွာ ရှိနေတယ်။အခု စက်ရုံမှူးကိုပစ်တဲ့ ဘင်္ဂါလီကုလားတွေဟာလည်း ဒီရွာတွေကပဲဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာစက်ရုံမှ တာဝန်ရှိသူ တစ်ဦး ဂျင်ကလိဖြင့် ပစ်ခတ်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်။

“ပစ်တာတော့မှန်တယ်။ ဘယ်သူဘယ်ဝါ ပစ်တယ်ဆိုတာ ပြောလို့မရဘူး။ ဖြစ်တဲ့နေရာကို လူတွေ လိုက်သွားတော့ သူတို့က ပြေးသွားပြီ။ တရားလိုဘက်က အမှုလာဖွင့်တာမရှိသေးဘူး။ ဒီနေ့တော့ အမှု ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာသိရအောင် တရားလိုဘက်ကို ပြန်ခေါ်ထားပါတယ်” ဟု ပြန်လညf ဖြေကြား ပြောဆိုသည်။

ယင်းအမှုအား အမြန်ဆုံးစစ်ဆေးဖော်ထုတ်ကာ တရားခံများအား အရေးယူရန် ဒေသခံများကလည်း လိုလား နေကြသည်ဟု ဆိုသသည်။

နိရဉ္စရာ

အပြည့်အစုံသို့ »

တကယ်လိုအပ်နေတာက - ဟာသ



နိုင်ငံတော်သမ္မတကြီး ကွင်းဆင်းမည်ဖြစ်ရာ သက်ဆိုင်ရာနယ်မြေအကြီးအကဲတို့က
တွေ့ဆုံမည့်သူတို့ကို မေးခွန်းမေးလျင်ဖြေဆိုဖို့ အသေအချာသင်ပေးထားသည်။
“ဟုတ်ကဲ့ သမ္မတကြီးခင်ဗျား၊ ကျွန်တော်တို့ အလုပ်သမားတွေ
သက်သာချောင်လည်ပါတယ်။ တစ်နေ့ကို နှစ်ထောင် ၀င်ငွေရရင်
အားလုံးအဆင်ပြေပါတယ်။ တစ်မိသားစုလုံး ထိုင်စားလို့ရပါတယ်။
ကိုယ်ပိုင်အိမ်နဲ့လည်း နေနိုင်ပါတယ်။ ကျွန်တော့်အိမ်မှာ နိုင်ငံတော်က
ချပေးတဲ့တန်ဖိုးနည်းဖုန်းတွေ မိသားစုဝင်တိုင်းတစ်ယောက်တစ်လုံး
ကိုင်နိုင်နေပါပြီ။ ဒါဟာ သမ္မတကြီးရဲ့ အမြော်အမြင်ကြီးမှုကြောင့်ပါခင်ဗျ”
ဒေသခံလူတစ်ဦးဖြေဆိုချက်ကိုကြားလိုက်ရ၍ သမ္မတကြီး ပြုံးရွှင်သွားသည်။
“အင်း၊ ကြားရတာ ၀မ်းသာစရာပါလား၊ အခုလောလောဆယ် လိုအပ်ချက်အနေနဲ့ ဘာရှိလဲကွဲ့”
“အခုကျွန်တော် သူများဖိနပ်ကို ခဏငှားစီးလာတာပါ၊ အဲဒါ ဖိနပ်တစ်ရံလောက်
တကယ်ကို လိုအပ်နေပါတယ်၊ တကယ်ပြောနေတာပါ သမ္မတကြီးခင်မျ”

ရဲစတိုင်း

The Myanma Age

အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည် နီပေါ ရောက်

နီပေါနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြ။ (ဇွန် ၁၃၊ ၂၀၁၄)





အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိ သွားခဲ့ပြီး၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပါတယ်။

နီပေါ ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ လေကြောင်းကနေ မွန်းလွဲပိုင်း မှာ ရောက်လာခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နီပေါအစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေ သာမက ထောက်ခံသူ ရာပေါင်းများစွာလည်း ကြိုဆိုခဲ့ကြတာပါ။

နီပေါနိုင်ငံမှာ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည် ဟာ ၀န်ကြီးချုပ် Sushil Koirala သမ္မတ Ram Baran Yadav တို့အပြင်

အပြည့်အစုံသို့ »

မြင်သမျှ… ကြားသမျှ



လာပြန်ပေါ့ နောက်တစ်ခါ
မနေ့တစ်နေ့ကမှ တရားဝင်ထုတ်ပြန်လိုက်တဲ့ သတင်းပါပဲ။ လာဘ်ပေးလာဘ်ယူမှုဟာ အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်းနှင့် လာဘ်ပေးလာဘ်ယူမှုကြောင့် ပတ် ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်မှုများကိုပါပျက်စီးနေစေကြောင်း စသည်ဖြင့် ထုတ်ပြန်ပါတယ်။မှန်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာတိုင်းပြည်တစ်ပြည် တိုးတက်ဖို့ ကို အနှောင့်အယှက်ပြုနှောင့်နှေးစေပြီး ပေးသူနဲ့ယူသူ နှစ်ယောက်တည်းအကျိုး ရှိတာမို့
တိုင်းပြည်တစ်ခုအတွက် မကောင်းမှုများဆီ တွန်းပို့နေခြင်းသာ ဖြစ်ပါတယ်။ ကျန်းမာရေးမှာ လာဘ်ပေးလာဘ်ယူ ပြုတယ်။ ပညာရေးမှာ လာဘ်ပေး လာဘ်ယူ ပြု တယ်။ ဒီမှာ ဖြတ်ပြောပါရစေဦး။ ပညာရေးအတွက် ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်တစ် ခုရဲ့ ကြော်ငြာမှာ ကျောင်း သားတွေ ကျောင်း အပ်ပြီးတာနဲ့ အောင်စာရင်းကို အခမဲ့ကြည့် ရှုနိုင်ပါပြီဆို လို့ အံ့သြယူရပါတယ်။ စာမေးပွဲဖြေဖို့ မပြောနဲ့ ကျောင်းအပ်တာနဲ့ကို အောင် စာရင်း အခမဲ့ကြည့်ရှုနိုင်ပြီဆိုတော့ တစ်မျိုး ဖြစ်နေမလား။ ထားပါ။ တရား စီရင်ရေးမှာ လာဘ်ပေး လာဘ်ယူ လုပ်ကြတယ်ဗျာ။ ကဲ…ကုန်ပြီ။ပိုဆိုးတာက တရားစီရင်ရေးဟာ လာဘ်ပေးလာဘ်ယူ အများဆုံးဆိုတာ ကြောင့် ကမ္ဘာ့ အကျင့် အပျက်ဆုံး လာဘ်အစားဆုံး နိုင်ငံစာရင်းထဲမှာပါ ဝင်နေတာ
အထူးအဆန်းတော့ မဟုတ်ပါဘူး။ နောက်ပြီး လာဘ်ပေးလာဘ်ယူမှု ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်မှုများ ပျက်စီးလာတယ်လို့ ဆိုပါတယ်။ဒါ က လည်း ဟုတ်ပါတယ်။ လာဘ်ပေးသူ၊ လာဘ်ယူသူတို့ လက်ဝါးချင်းရိုက်ပြီး သစ်တောတွေ ခုတ်လာတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးရုံမျှမက ရာသီဥတုပါ ဖောက်ပြန် တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါကဘာလို့လဲ၊ သစ်ပင်သစ်တောတွေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ပြုန်းတီးလို့ပေါ့။ ဒါပေမဲ့ဗျာ။ ရိုးရိုးလေးပဲ တွေး ကြည့်။ လာဘ်ပေး လာဘ် ယူကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ ပျက်စီးသတဲ့။ ဟုတ်ပြီ။ ရိုးရိုးလေးပဲ တွေးကြည့်ပါဗျာ။
သစ်တောခုတ်ဖို့ လာဘ်ပေးချင်ရင် ဘယ်သူ့ကို ပေးရမလဲ။ ကဲ..ရိုးရိုး လေးပြန်တွေးကြည့်။ တိုင်းပြည်တစ်ခုက သစ်တောတွေ ဘယ်သူက ပိုင်သလဲ။ ဒီတော့ လာဘ်ပေး ချင်ရင် ဘယ်သူ့ကို ပေးရမလဲ။  ဒီလောက်တစ်နိုင်ငံလုံး သစ်တောတွေကို ခုတ်ဖို့ ဘယ်သူက လာဘ်ပေးနိုင်တာလဲ။ ရှင်းရှင်းလေးပဲ။ လာဘ်ပေးသူကိုရော လာဘ်ယူသူ ကိုရော တစ်နိုင်ငံလုံး သိတယ်။ ဒါပေမဲ့ ဖမ်းမမိတာပဲ ဆိုးတယ်။ တစ်ခါမှဖမ်းမိတယ်ဆိုတဲ့ သတင်းမကြားဖူးဘူး။ ကြားဖူးကြလား။ ဒီတော့ ဒီစကား ခဏခဏ ကြားနေကြ ရတာ ဟာသများလားလို့။
မိန်းမကိုယ်စား တောင်းပန်တဲ့သူ
ဒီသတင်းကလည်း ရယ်စရာတော့ အကောင်းသားပါဗျာ။ အင်တာနက် ပေါ်မှာ ကျွန်တော့်မိန်းမပြောခဲ့တဲ့ စကားအတွက် တောင်းပန်ပါတယ်ဆို ပြီး ထုတ်ပြန်တယ်ဗျာ။ လူ တစ်ယောက်ဟာ ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမတစ်ယောက်ကိုတောင် အမှားမဖြစ်အောင် အကြံမပေးနိုင်ရင် သူများကို ဘယ်လိုများ အကြံပေးမလဲ ခင်ဗျာ။ ကိုယ့်မိ သားစု ကိုတောင် နှုတ်အာ မကြမ်းမိအောင် အကြံမပေးနိုင်ရင်သူများကို ဘယ်လိုများ အကြံပေးချင်ရတာလဲ သိချင်မိပြန်ပါတယ်။ ဒါမှမဟုတ် သတင်းမှန်သမျှ ထုတ်ပြန်နေ ကျဖြစ် လို့အကျင့်ပါပြီး ကိုယ့်မိန်းမသတင်းကိုပါ ယောင်ပြီး ထုတ်ပြန်နေမိတာလားဆိုတာလည်း သိချင်ပြန်ပါတယ်။ အမှန်တော့ အင်တာနက်ဆိုတာ လူတကာ လက်ဆော့ ခွင့်ရ တဲ့ နေရာဆို ပေမယ့် လူကြီးတွေအနေနဲ့တော့ လက် မဆော့မိစေဖို့တော့ လိုပါတယ်ခင်ဗျာ။ ဒါက နောင်တစ်ခေတ်ရဲ့သမိုင်းဖြစ်တာကြောင့် သတိပေးရတာပါ။
တကယ်ရော တည်ငြိမ်ပြီတဲ့လား
အခြေအနေတင်းမာနေတဲ့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နှစ်နိုင်ငံသင့်မြတ်ရေးအတွက် အလံတင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ် ကွတ်ခိုင်နဲ့ တာမိုးညဲလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး မြန်မာ့တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးကြောင်း သတင်းလည်း ကြားရပါတယ်။ဆူပူမှုတွေ၊ ပစ်ခတ်မှုတွေ၊ ဆန္ဒပြ မှုတွေ အများအပြားနဲ့ နေနေရတဲ့ဘဝ မှာ တကယ်ရောအေးချမ်းရဲ့လား ဆို တာကလည်း စိုးရိမ်စရာတစ်ခုဖြစ်လို့ လာပါပြီ။ဒီကြားထဲ မြို့ကြီးနေရာတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှု၊ လူစုလူဝေး များနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေကိုလည်း တထိတ်ထိတ်နဲ့ ကြားနေရပါသေးတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ချောက် ထဲကျနေ တာ လား၊ ချောက်ထဲ ကျလုဆဲ ဖြစ်နေတာလား မသိတဲ့နယ်မြေလေးဟာ စုန်းစုန်းလည်း မြုပ်သွားနိုင်ပါတယ်။ ဘယ်နေရာက သတင်းကြားကြား ဆူပွက် ပူလောင်နေ တာေ ကြာင့် ရင်လေး စရာချည်းပဲလို့လည်း မြင်မိပါတယ်။ လိုချင်တာကို လုပ်ပေးဖို့ခက်ရင် စဉ်းစားပါ။ ဆွေးနွေးပါ။ ရပါတယ်။ ဒါ ပေမဲ့ တည်ငြိမ်မှုကိုတော့ လုပ်ပေးဖို့၊ လူတွေ စိတ် လက်ချမ်းသာဖို့ကတော့ အဓိကပိုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
ဘယ်သူ့ကို အပြစ်ပြောရမလဲ
အခုကြားနေရတဲ့ သတင်းကလည်း ရယ်ပဲရယ်ရမလား၊ ငိုပဲငိုချလိုက်ရမလား မသိဘူးဖြစ်နေမိပါတယ်။ မကြာခင် အခကြေးငွေသက်သာစွာဖြင့် ချပေးမယ့် တယ်လီဖုန်း ကုမ္ပဏီကို ဆန့်ကျင်ဖို့ လှုံ့ဆော်နေတာမျိုးပါ။  ဒီဖုန်းကိုသုံးရင် ဘယ်နေရာကို ငွေဝင်ပြီးဘာတွေဖြစ်မယ်ပေါ့ဗျာ။ ကောင်းပါတယ်။ စိတ်ပါသူတွေ လုပ်ကြပါ။ ဒါပေမဲ့ဗျာ။ အဲဒီ လို ပြောနေသူတွေ က တရုတ်ဖုန်းကြီးကိုင်ပြီး ပြောနေတာတော့ မြင်ရတာ တစ်မျိုးကြီးဗျာ။ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ နိုင်ငံကို လူမှုရေး၊ စီးပွားရေး ဝင်ေ ရာက် ခြယ်လှယ်တာ ဘယ်နိုင်ငံများလဲ။ ကဲ..အဲဒီဖုန်းကို ကိုင်တော့ရော ကိုယ့်နိုင်ငံ ကရေတွေ၊ မြေတွေ သူတို့ ပြန်ဝယ်နိုင်ဖို့ ကိုယ်ကပဲ အဲဒီပိုက် ဆံတွေ ပြန် စိုက် ပေးေ နရတယ် မဟုတ်လား။ ကိုရီးယား ဖုန်းကိုင်တော့လည်း ကိုရီးယားကို ပိုက် ဆံပေးရတာပဲလေ။ ကဲ…ဒီလို ပြော မယ်ဆို ကိုယ့်နိုင်ငံက အဲဒါမျိုး ဘာ ထွက်လို့လဲ။
ကိုယ်စီးရတဲ့ ကားကိုက ဂျပန်ကား။ ကိုယ့်နိုင်ငံကထွက်တယ်ဆို အခြားအားမကိုးနဲ့ ကိုယ့်လူမျိုးကိုယ် အားပေးကြပေါ့။ အခုတော့ ကိုယ့်နိုင်ငံကလည်း ဘာမှမထွက်ပဲ ဘယ် လိုလုပ် ကြရမှာလဲ။ ကျွန်တော် ဘယ်သူ့ကိုမှ ဘာမှလိုက်ပြောနေတာ မဟုတ်ဘူးနော်။  မျိုးချစ်တာတော့ ကျွန်တော်လည်း ချစ်တာပဲ။ ဒါပေမဲ့ ကိုယ့်ဆီကဟာတွေ မှ အား ကိုးမရတာ။ ကဲ..ဘယ်လိုလုပ်ကြမလဲ။
နောက်ဆုံးသတင်းကတော့ ထုံးစံပါပဲ
လမ်းတွေမှာ ရေမြောင်းတွေလုပ်မယ်ဆိုပြီး လမ်းဖျက်ထားတာ အခုတစ်ပတ်ပါဆို ငါးပတ်ရှိပါပြီ။ မိုးအကုန်လောက် လမ်းတွေ ပြန်ကောင်းဖို့ ဆုတောင်းရမှာပဲ။
နောက်တစ်ပတ်ပေါ့ဗျာ။
အကြည်တော်

Popular News journal

အပြည့်အစုံသို့ »

ယူကရိန်း သူပုန်တွေကို ရုရှား လက်နက်ကြီးတွေထောက်ပံ့



ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးသမားတွေအတွက် တင့်ကားတွေနဲ့ လက်နက်ကြီးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ လွန်ခဲ့တဲ့သုံးရက်ကပဲ ယူကရိန်းနယ်စပ်က Snizhne မြို့အနီးနယ်စပ်မှာ T-64 တင့်ကားသုံးစင်း၊ ဒုံးလက်နက်တွေနဲ့ အခြား စစ်ဖက်ယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်း ရုရှားဖက်က ၀င်ရောက်လာတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က သောကြာနေ့က ပြော ပါတယ်။ ဒါဟာ လက်ခံလို့ မရတဲ့ လုပ်ရပ်လို့လည်း ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း နေတိုး အတွင်းရေးမှုးချုပ် Anders Fogh Rasmussen က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအနေနဲ့ တင့်ကားတွေနဲ့ သံချက်ကာကားတွေအပါအ၀င် လက်နက်ကြီးတွေကို ရုရှားထံကနေ ရရှိတယ်ဆိုတာကို သောကြာနေ့က ကြေညာထားပါတယ်။ ဒီအခြေအနေဟာ ယူကရိန်းအရှေခြမ်းက အကြပ်အတည်းကို ပိုပြီး ဆိုးဝါးစေတယ်လို့ ဆိုပါတယ်။ ရုရှားဖက်ကတော့ သူတို့အနေနဲ့ယူကရိန်းပိုင်နက်ကို နောက်ထပ် ကျူးကျော်တာမျိုးတွေ မလုပ်ပါဘူးဆိုတာကိုတော့ အထပ်ထပ်ပြောနေတာပါ။

တချိန်တည်းမှာတော့ ယူကရိန်းနိုင်ငံ အရှေ့ခြမ်း donestk ဒေသက Mariupol ဆိပ်ကမ်းမြို့ကို ယူကရိန်းလုံခြုံရေးတပ်ကနေ ပြန်သိမ်းယူလိုက်ပြီလို့ ယူကရိန်းအစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။ မြို့တော်ခမ်းမပေါ်မှာ ယူကရိန်းအလံကို ယူကရိန်းတပ်တွေက လွှင့်တင်လိုက်တယ် လို့ ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။

အစောပိုင်းတုန်းကတော့ လုံခြုံရေးတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲဒီမြို့ကို ၀ိုင်းထားတာပါ။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကတော့ ဒီတိုက်ပွဲမှာ သူတို့ဖက်က ငါးဦးကျဆုံးတယ်လို့ ကြေညာပါတယ်။  ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံတွေကို စစ်ဖက်တင့်ကားတွေ အပါအ၀င် လက်နက်ကြီးတွေ တင်ဆောင်ယူလာတာကို ရုရှားဖက်က ခွင့်ပြုခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ကြာသာပတေးနေ့တုန်းက ရုရှားကို စွတ်စွဲအပြစ်တင်ခဲ့ပါတယ်။

အခုလို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကို လက်ခံလို့မရဘူးဆိုတာကို ယူကရိန်းခေါင်းဆောင်က ရုရှားသမတ ဗလာဒီမီယာပူတင်ကို ဖုံးကတဆင့် ပြောခဲ့တယ်လို့လည်း သမတ Petro Poroshenko ရဲ့ပြောခွင့်ရသူက ပြောပါတယ်။  ယူကရိန်း အရှေ့တောင်ဖက်က အခုလို မငြိမ်သက်မှုတွေ ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ကို မစ္စတာ Poroshenko ဖက်က မစ္စတာပူတင်ကို ရှင်းပြခဲ့တယ်လို့ ရုရှားဖက်က ကြေညာပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ


ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် လူသေ အလောင်း တစ်လောင်းကို ဒေသခံ ရွာသားများမှ တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းအလောင်းအား စစ်တွေမြို့နယ် ဆတ်ရိုးကျချောင်း အနီးရှိ သာယာကုန်းရွာ(အရှေ့ဘက်) တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သေဆုံးသူမှာ ကျောက်တော်မြို့နယ်မှ ဖြစ်ကြောင်း စစ်တွေ အမှတ်(၂) ရဲစခန်းမှ စခန်းမှူး ဦးကျော်သာမောင်က သူကနိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ကျောက်တော်မြို့နယ် ဇနိမ့်ချောင်းကျေးရွာမှ (ဘ) ဦးထွန်းမောင် (အမိ) ဒေါ်လှလှတို့ရဲ့သား မောင်သန်းထွန်း အသက်(၂၆)နှစ်ဖြစ်ပါတယ်။ စကားမပြောတတ်သူ တစ်ဦး ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။”

သေဆုံးသူ မောင်သန်းထွန်းသည် ဇွန်လ ၁၀ ရက်နေ့က  ကျောက်တော်မှ စစ်တွေသို့ ကျောက်စရစ်ခဲများ လာပို့စဉ် ရေထဲကျသွားခဲ့ခြင်း ဖြစ်ဟန်တူကြောင်း စခန်းမှူး ဆက်လက် ပြောဆိုသည်။

“ ဘယ်နေရာမှာ ဘယ်လိုကျန်နေခဲ့ပြီး ဘယ်လိုသေဆုံးမှန်းတောမသိဘူး။ ကျနော်ကို ဇွန်လ ၁၂ရက် ညနေ(၃) နာရီလောက်မှာ စစ်တွေ သာယာကုန်းရွာ(အရှေ့ဘက်) အုပ်ချုပ်ရေးမှူးမှ ကျနော်တို့ ရွာချောင်းမှာ လူသေအလောင်း တစ်လောင်းတွေ့ရတယ်လို့ လာအကြောင်းကြားတယ်။ လိုက်သွားတော့ အဲဒီအလောင်းကို တွေ့ရတာပါဘဲ” ဟု ဆိုသည်။

ခန္ဓာကိုယ်မှာတော ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရဟု သူက ဆက်ဆိုသည်။

သာယာကုန်းရွာ အုပ်ချုပ်ရေးမှုအားဆက်သွယ်မေးမြန်းရာ အလောင်းအား တွေ့ရှိခဲ့ပုံကို သူက ယခုလိုပြောသည်။

“ကျနော်တို့ရွာနားကို လူသေလောင်းတစ်လောင်းမျှောပါလာတာကို ရွာသားတွေကမြင်တော့ ကျနော်ကိုလာအကြောင်းကြားပါတယ်။ ကျနော်သွားကြည့်တော့ ခန္ဒာကိုယ်ကဖူးရောင်နေပြီး မျက်နှာကိုလည်း မမှတ်မိတောဘူး။ မျက်နှာမှာ ကဏန်းတွေ ငါးတွေစားထားလို့ ရုပ်ကပျက်နေပါပြီး ဒါကို ကျနော်က အမှတ်(၂) ရဲစခန်းကို အကြောင်းကြားပါတယ်။ ရဲကတော့ ချက်ချင်းလိုက်လာပြီး စစ်ဆေးမူတွေ ပြုလုပ်ပါတယ်”ဟုဆိုသည်။

သေဆုံးသွားသူ မောင်သန်းထွန်း၏ အမူအား စစ်တွေအမှတ်(၂) ရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ခိုင်ခိုင်ဇံ
Narinjara

အပြည့်အစုံသို့ »

မီးရှို့ခံတိုင်းရင်းသားကျေးရွာများ၏ ကျေးရွာလုံခြုံရေးလမ်းတွင် ဘင်္ဂါလီများ သွားလာနေ မှုကြောင့် တိုင်းရင်းသားများစိုးရိမ်နေ


 ဇွန် ၈ရက်က ဆူပူအကြမ်းဖက်မှု ကြောင့်မီးရှို့ခြင်းခံခဲ့ရသည့် မောင် တောမြို့
နယ်တောင်ပိုင်း တိုင်းရင်းသား ကျေး ရွာများအတွက် ကျေးရွာလုံခြုံ ရေးလမ်းကို ဖောက်
လုပ်ပေးခဲ့ရာ အဆို ပါလမ်းမှ ဘင်္ဂါလီ များ သွားလာနေ မှု ကြောင့် တို
င်းရင်းသားများ စိုးရိမ်နေ ကြကြောင်း မီးရှို့ခံကျေး ရွာများမှ ရွာ ခံများက ပြောကြားသည်။

''တိုင်းရင်းသားကျေးရွာတွေအချင်းချင်း အလွယ်တကူ ချိတ်ဆက် သွားလာနိုင်ဖို့နဲ့ ဘင်္ဂါလီကျေးရွာ အများစုကို ဖြတ်သန်း သွား လာ ရတဲ့ မောင်တော-အလယ် သံကျော် ကား လမ်းကို အသုံးပြုစရာမလိုအောင် ဝေသာလီကနေ ဥဒေါင်းအထိ အ သစ်ဖောက် လုပ်ပေးခဲ့ တဲ့ ကွန်ကရစ် လမ်းမှာ အခုဆိုရင် ဘင်္ဂါလီတွေ ကား၊ ဆိုင်ကယ်တွေနဲ့ သွားလာနေတာ တွေ့ ရပါတယ်။ အဲဒီလိုမျိုး ဘင်္ဂါလီတွေ သွားလာနေတဲ့အတွက် တိုင်းရင်းသား ကျေးရွာအတွက် လုံခြုံရေး စိုးရိမ်နေ ရပါတယ်''ဟု သရေကုန်ဘောင်ကျေး ရွာမှ ရွာခံတစ်ဦးကပြောသည်။

မောင်တောနယ်စပ်ဒေသ၌ ဆူ ပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည် မှာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်သော်လည်း ကျေးရွာအသီးသီးနှင့် နယ်စပ်ဒေသ များတွင် တိုင်းရင်းသားများ တိုက်ခိုက် ခံနေရသေးကြောင်း၊ ယခုအခါ တိုင်း ရင်းသားများကိုသာမက လက်နက် ကိုင် တပ်ဖွဲ့ဝင်များကိုပါ တိုက်ခိုက်လာသည့် အတွက် တိုင်းရင်းသားကျေးရွာလုံ ခြုံရေးဖောက်လုပ်ပေးထားသည့်လမ်း မှ ဘင်္ဂါလီများဖြတ်သန်းသွားလာနေမှု အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ က အခြားနည်းစီစဉ်ပေး သင့်ကြောင်း ဗောဓိကုန်းကျောင်း ဆရာတော်က မိန့်ကြားသည်။

-Democracy today Daily Newspaper
Yangon Media Group

အပြည့်အစုံသို့ »