ကျောင်းသားတွေ နိုင်ငံရေး လှုပ်ရှားမှုတွေ မပါဝင်ဖို့ ရမည်းသင်းတက္ကသိုလ် ပိတ်ပင်


ကျောင်းသားတွေ နိုင်ငံရေးဆူပူမူမှာ ပါဝင်ပတ်သက်ပါက ကျောင်းထုတ်တဲ့အထိ အရေးယူမယ်လို့  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စက်မူနှင့် သက်မွေးပညာဦးစီးဌာန နည်းပညာတက္ကသိုလ် ရမည်းသင်းက ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်ဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကပြုလုပ်တဲ့ ၀န်ကြီးဌာနရဲ့ စီမံခန့်ခွဲမူကော်မတီ အစည်းအဝေး ၈/၂၀၁၄ သဘောတူ ဆုံးဖြတ်ချက်အရ ၀န်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်သိပ္ပံရှိ ကျောင်းသားကျောင်းသူတွေအတွက် ထုတ်ပြန်လိုက်တာလို့ ကြေငြာထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ရမည်းသင်း နည်းပညာတက္ကသိုလ် မော်ကွန်းထိန်း ဒေါ်ခိုင်ခိုင်ရှိန်ကို မေးကြည့်တဲ့အခါမှာ ခုလိုပြောပါတယ်။

"ကျနော်တို့ကျောင်းက ထုတ်တာမဟုတ်ဘူး၊ ဦးစီးကထုတ်တာပါ၊ အဲဒီနေ့ကမှစာထုတ်တော့ ကပ်ပေးပါဆိုလို့ ကပ်ပေးတာပဲရှိတယ်"

ကြေငြာချက်မှာ ဆူပူလှုပ်ရှားမူများမှာ အထိမ်းသိမ်းခံရပြီး တရားရုံးက အပစ်ပေးခံခြင်း၊ လှုပ်ရှားမူမှာ ခေါင်းဆောင်အဖြစ်ပါဝင်တာ၊ နောက်လိုက်အဖြစ် ပါဝင်တာအပြင် လှုံ့ဆော်သူများကို ကျောင်းထုတ်တဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားသလို ခြိမ်းခြောက်ဆွဲဆောင်မူကြောင့် လှုပ်ရှားမူမှာပါဝင်သူကို ပြင်းထန်စွာသတိပေးမယ်လို့ ဆိုပါတယ်။ ဒီကြေငြာချက်ဟာ လတ်တလော ရမည်းသင်း နည်းပညာတက္ကသိုလ်တခုထဲမှာဘဲ ကြေငြာတာဖြစ်တယ်လို့ ရမည်းသင်းနည်းပညာ ဗကသအတွင်းရေးမှူး ကိုအောင်ထက်နိုင်က ပြောပါတယ်။

"ကြော်ငြာသင်ပုန်းမှာလည်းကပ်တယ်၊ တချို့စာသင်ခန်းထဲအထိ စည်းကမ်းချက်တွေကို ကပ်ပြပြီးတော့ ကျောင်းသားတွေကို သတိပေးတာမျိုးရှိတယ်၊ စည်းကမ်းချက်ထဲမှာ ရေးထားတာက နိုင်ငံရေးဆူပူမှုလို့ပြောတယ်၊ ကျနော်တို့ယူဆတဲ့ ဆူပူမှုဆိုတာက သူတပါးပစ္စည်းတွေကို ဖျက်ဆီးတယ် နောက်မီးရှို့တယ်၊ ရိုက်တယ်၊ နှက်တယ်၊ ဒါတွေကို ဆူပူမှုလို့ ကျနော်တို့ကယူဆတယ်၊ အဲလိုမဟုတ်ပဲနဲ့ နိုင်ငံရေးလုပ်ရင်ကိုပဲ ကျောင်းကနေထုတ်ပယ်နိုင်တဲ့ သဘောမျိုးသူတို့ရှင်းပြတာရှိတယ်"

ဒီထုတ်ပြန်တဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဟာ ကျောင်းသားတွေကို နိုင်ငံရေးကင်းရှင်းဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာပြည်တွင်းထုတ် စာနယ်ဇင်းတွေကို ကိုးကားပြီး ထိုင်းနိုင်ငံမှာ ဒီနေ့ထုတ်ဝေတဲ့ Bangkoko Post သတင်းစာမှာလည်း ရေးသားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

နားဆင်ရန်

RFA

အပြည့်အစုံသို့ »

သတ်မှတ်ကာလအတွင်း ဖယ်မပေး၍ စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံရှစ်ဆယ်ခန့် အင်အားသုံးဖယ်ရှားခံရ



 စော်ဘွားကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပိုင်မြေနေရာကို နှစ်ရှည်ငှားရမ်းကာစီးပွားရေးလုပ်ကိုင်နေသော လူနေအိမ်၊
ကုမ္ပဏီနှင့် စားသောက်ဆိုင်ကြီးများ    အပါအ၀င်အ ဆောက်အအုံ ၈၀ ခန့်ကို ယင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံးဖယ် ရှားခဲ့သည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနက ခေါ်ယူထားသော တာဝန်လက်ပတ်ဖြင့်သူများနှင့် ရဲ  တပ်ဖွဲ့အင်အား ၅၀၀ ခန့် သည် လူနေအိမ်အဆောက်အအုံများ နှင့် စားသောက်ဆိုင်ကြီးများကို ၀င်ရောက်ဖယ်ရှားရာ နစ်နာဆုံး ရှုံးမှုများစွာ  ရှိခဲ့ကြောင်း ဖယ်ရှား ခံရသူများက ပြောသည်။

အင်းစိန်မြို့နယ် စော်ဘွား ကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၂၀ ၀န်းကျင်    မြေနေရာများ ကို ယင်းဝန်ကြီးဌာနက ၁၉၉၅ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းရှင် များအား မြေနေရာငှားရမ်းခဲ့ သည်။ လက်ရှိအချိန်တွင် မြေနေ ရာပေါ်မူတည်၍ တစ်ဧကလျှင် တစ်လ ကျပ်ကိုးသိန်းထိ ငှားရမ်း လုပ်ကိုင်ရကြောင်း ထိုမြေနေရာ တွင် စီးပွားရေးလုပ်ကိုင်နေသူများ က ပြောသည်။

ထိုမြေနေရာတွင် ငှားရမ်း လုပ်ကိုင်သူ အများစုသည် အ ဆောက်အအုံများ ဆောက်လုပ် ပြီး ကုမ္ပဏီများ၊ စားသောက်ဆိုင် ကြီးများနှင့် မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ကြသည်။ ထိုသို့ ငှားရမ်းနေသူများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် နိုဝင်ဘာမှစပြီး ဖယ်ရှား ပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ဖယ်ရှားပေးရန် အကြောင်းကြားစာ အနည်းဆုံးရှစ် ကြိမ်ထက်မနည်း ပေးပို့သော် လည်း  ဖယ်ရှားခြင်းမရှိ၍  အင်အားသုံးကာ ဖယ်ရှားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖျက်ပေးပါ့မယ်။  ကိုယ့် ဟာကိုယ်လုပ်မယ်လို့ပြောတာ မရဘူး။ သူတို့က အတင်းဝင်ဖျက် တယ်။ ဒီမြေနေရာမှာ သူတို့က ငှားမယ်ဆိုလို့ ငှားနေတာပါ။ သူ တို့က ဖယ်ခိုင်းတော့ အတင်းဖယ်ခိုင်းတယ်။ ဒီမှာဆောက်ထားတာ က တန်ဖိုးက မနည်းဘူး’’ ဟု အဆိုပါ မြေနေရာတွင် ၂၀၀၂ ခုနှစ်မှစ၍ မြေငှားရမ်းကာ    Mermaid ဘီယာစားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး က ပြောသည်။

‘‘၀န်ကြီးဌာန အမိန့်နဲ့ လုပ် တာပါ။ သူတို့ကို ဒီနေရာကနေ ဖယ်ပေးဖို့ အကြိမ်ကြိမ်စာပို့ပေး ပြီးသားပါ။ သူတို့က ဖယ်မပေး တာပါ။ အဲဒါကြောင့် ၀င်ရောက် ဖယ်ရှားရတာပါ’’ ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးဒေါက်တာမြင့်ဆွေက ပြော သည်။

လာရောက်ဖယ်ရှားသော အာဏာပိုင်များသည် နံနက် ၄ နာရီဝန်းကျင်ကတည်းက လာရောက်၍ နံနက် ၆ နာရီအချိန်တွင် အပြီးဖယ်ရှားပေးရန် ပြောဆိုခဲ့ ကြောင်း ထိုမြေနေရာတွင် ယာဉ် ရပ်နားစက်ပြင်ကားဝင်းတည် ဆောက်လုပ်ကိုင်နေသော မီနာမီ ကုမ္ပဏီမှ ကိုနေဇော်မြတ်က ပြော သည်။

7Day News daily

အပြည့်အစုံသို့ »

ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲ ဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ပီနန်ဆရာတော်ကြီး မိန့်ကြား


ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ဇွန် ၁၄ ရက်တွင် The Daily Eleven သတင်းစာအား ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

ပီနန်ဆရာတော်ကြီးက မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး တိုင်းသံဃာ့မဟာနာယကအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ဖြေရှင်းသွားမည်ဟုလည်း ဆက်လက်မိန့်ကြားသည်။

“ တိုင်းသံဃ့ာနာယကအဖွဲ့က အာဏာရှိတဲ့သူတွေဆိုတော့လုပ်ကြပေါ့။ ဘုန်းဘုန်းက ဘာအာဏာမှမရှိတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုပဲ စောင့်ကြည့်ပြီးတော့ ဖြေရှင်းမယ်။ မြန်မာနိုင်ငံကိုလည်း ဒီပြသနာတွေ ဖြေရှင်းဖို့အတွက် ပြန်ကြွလာမှာပါ။ဘယ်နေ့ပြန်ကြွမလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ မနက်ဖြန်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဘယ်နေ့ဆိုတာပြောဖို့ခက်တယ်” ဟုဆရာတော်ဦးပညာဝံသ(ပီနန်ဆရာတော်)က မိန့်ကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံ သံဃာတော်များမှာ ဦးဥတ္တရ(အင်္ဂလန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ရခိုင်ဆရာတော်တစ်ပါး (ဘွဲ့အမည်မသိရသေး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံး မှာ အာဂန္တုအနေဖြင့် လာရောက်သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားသည်။

သံဃာ့မဟာနာယကအဖွဲ့မှ ယခုကဲ့သို့ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခြင်းနှင့်ပတ်သက်၍ ပီနန်ဆရာတော်က မိန့်ကြားရာတွင် “သံဃာ့ဝိနိစ္စရုံးက ဒီအမှုကို လူဝတ်လဲသင့်သလား၊ မလဲသင့်လားဆိုတာကို စိစစ်ရမယ်။ အခုလို မစိစစ်ဘဲလုပ်လိုက်တာက တရားတော်ဝိနည်းတော်၊ သံဃာ့တော်ဥပဒေတွေနဲ့လည်း ဆန့်ကျင်တယ်။ အခုလိုလုပ်ရပ်က ပြည်တွင်း ပြည်ပဗုဒ္မဘာသာဝင်တွေအတွက် နှလုံးမသာမယာ ဖြစ်ခဲ့ရတယ်။ ပြီးတော့ သူတို့ရဲ့ အမိန့်က သံဃာငါးသိန်းကို ကိုယ်စားပြုတဲ့ (၄၇) ပါးရဲ့ အမိန့်ဆိုတော့ ၄၇ပါးသော သံဃာများရဲ့ သဘောထား တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုလည်း တပည့်တော်အနေနဲ့ လျှောက်ထားလိုပါတယ် ဘုရား”ဟု မိန့်ကြားခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်းဦးဥတ္တရ(အင်္ဂလန်ဆရာတော်) အပါအ၀င် သံဃာတော်ငါးပါးကို တိုင်းသံဃာ့နာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀။၉၀၊ ပုဒ်မ-၂၉၅(က)ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း ဇွန် ၁၃ ရက်တွင် သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာရေးဦးစီးဌာနမှ ရှင်းလင်းပြောကြားရာတွင် အဆိုပါသံဃာတော်များမှာ ၀ိနည်းတော်နှင့် အညီ နေထိုင်ခြင်း မဟုတ်ကြောင်း၊ ကျူးကျော်နေထိုင်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးအကြံပေး ဦးအံ့မောင်က ပြောကြားသည်။

“လူဝတ်လဲပြီးတော့ ဖမ်းဆီးထားတဲ့ ဆရာတော်တွေက အာဂန္တုအနေနဲ့ပဲ နေကြတာပါ။ ဆရာတော် ဦးဥတ္တရ(လန်ဒန်)ဆရာတော်ကလည်း ဒီမှာအမြဲနေတာမဟုတ်ဘဲ လန်ဒန်ကို ပြန်ကြွလိုက်၊ မြန်မာပြည်ကို ပြန်လာလိုက်နဲ့ အာဂန္တုအနေနဲ့ နေတာပါ။ဦးပညာဝရ(လန်ဒန်)ကလည်း သူ့ရဲ့ဆရာတော် ပျံတော်မူလို့ မြန်မာပြည်ကို ခဏလာတာပါ။  ဦးသုန္ဒရကကျတော့ ဆရာတော်ကြီးကို ကူညီဖို့ကြွလာတာပါ။ သူကတော့ သွားလိုက်လာလိုက်ပေါ့။ ဆရာတော်ဦးနန္ဒိယက ကျတော့ ဆရာတော်ကို ပြုစုဖို့ခေါ်ထားတာပါ။ တစ်လလောက်ပဲ ရှိပါသေးတယ်။နောက်တစ်ပါးကကျတော့ ရခိုင်ကိုယ်တော်တစ်ပါးကလည်း ခဏကြွလာတဲ့ ဆရာတော်ပါပဲ။ အကုန်လုံးကတော့ အာဂန္တုအနေနဲ့ လာကြတာပါပဲ။ ဆရာတော် ခရီးကြွနေတုန်း ဆရာတော်ကြီးရဲ့ တာဝန်ပေးချက်အရ ၀ိုင်းကူစောင့်ရှောက်ပေးတာပါ”ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိသီတင်းသုံးနေသည့် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

ပီနန်ဆရာတော် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မည်ဆိုပါက ပြန်လည်ကြွရောက်နိုင်ပြီး ဗီဇာပိတ်ထားခြင်းမရှိကြောင်း သာသနာရေးဦးစီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ပီနန်ဆရာတော်ကြီးမှာ ဂျပန်နိုင်ငံသို့ သာသနာပြုရန် သွားရောက်နေစဉ် အတွင်းတွင် ယခုကဲ့သို့ အင်အားသုံးကာ ဖြေရှင်းခဲ့သည့်အတွက် အများပြည်သူအကြားတွင် မေးခွန်းထုတ်စရာဖြစ်နေပြီး ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ မဟာသန္တိသုခကျောင်းတိုက်ကို ညအချိန်တွင် အင်အားသုံး ၀င်ရောက်စီးနင်း၍ ချိပ်ပိတ်ခဲ့ပြီး အင်္ဂလန်ဆရာတော်အပါအ၀င် သံဃာငါးပါးကို ခေါ်ဆောင်၍ လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့မှုကို အဓိကညွှန်ကြားသူဟု သတင်းထွက်ပေါ်လျက်ရှိသော တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလသည် သင်္ဃန်းကျွန်း  Junction ဇ၀န အနီး မူလဆယ်တောင်ပြည့်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။

“ညီတော်၊ နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာယကပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာတာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့လုပ်ဖို့ အထူးမှာချင်ပါတယ်။ ကမ္ဘာကစိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့မှတ်တမ်းတင်မှာပဲ”ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့်ရရှိထားသော အသံဖိုင်အရသိရသည် ဟူ၍ ဇွန် ၁၆-၂၂၊ ၂၀၁၄ ရက်စွဲပါ The Voice Weekly  ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် “ပါလာတဲ့ကားတွေ အပြင်(တိုင်းရုံး)မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည်သဘောမျိုးနဲ့ ၀င်မယ်။ သတ္တိရှိရှိနဲ့ သတိထားဆောင်ရွက်ပါ။ အဲဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြ၀တီ၊ ကော့သောင်းဘက်က အလင်းဝင်တဲ့ကောင်တွေကို ၀တ်ပေးထားတယ်လို့ ကြားတယ်”ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေးအသေးစိတ်အား အထပ်ထပ်ရှင်းလင်းမှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌဆရာတော်က မိန့်ကြားနေသည်ဟူ၍လည်း The Voice Weekly ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

News Eleven

အပြည့်အစုံသို့ »

ပါးစပ်ထဲမှ မိုဘိုင်းဖုန်း ပြန်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ် ( ရုပ်။သံ)


ကြံကြံဖန်ဖန် ဖြစ်ပွားခဲ့တဲ့ ပါးစပ်ထဲကနေ ဖုန်းကို ခက်ခက်ခဲခဲ  ပြန်ထုတ်ခဲ့ရတဲ့  ဖြစ်ရပ်တစ်ခု အာဖရိက မှာ ဖြစ်ပွားခဲ့ပါတယ်။


ပါးစပ်ထဲ ဖုန်းဝင်သွားတဲ့ အမျိုးသားကိုတော့ ဘယ်သူဘယ်ဝါ လို့ အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် ဒါဟာ တောင်အာဖရိကနိုင်ငံ၊ Klerksdorp ရဲ့ ဆေးရုံတစ်ခုမှာ ဆရာဝန်တွေ ကြိုးစားပြီး ပြန်ထုတ်ပေးခဲ့ရတဲ့ တကယ့် ဖြစ်ရပ်ပါ။

ကြားရသူ တစ်ချို့ကတော့ ရယ်ကြပါတယ်။ အကြောင်းကတော့ ဖုန်းကို  ပါးစပ်ကနေ ဆွဲထုတ်ဖို့အတွက်  သတ္တု ပစ္စည်းတွေကို သုံးခဲ့ရပါတယ်။ ဘယ်လို ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရတယ်ဆိုတာကိုတော့ ဒီ ရုပ်သံမှာ ကြည့်နိုင်ပါတယ်။

အဆိုပါ ရုပ်သံဟာ Edwin Shingo ကနေ၂၀၁၂ ခုနှစ်တုံးက ရိုက်ကူးထားခြင်း  ဖြစ်ပြီး ဒီတစ်ပတ်အတွက် ရုပ်သံအဖြစ် LiveLeak ကနေ ပြန်တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

စမတ်ဖုန်း တစ်ခုလုံး ပါးစပ်ထဲ ဘယ်လို  ရောက်သွားတယ် ဆိုတာကိုတော့  သေချာ  ရှင်းရှင်းလင်းလင်း ပြောပြထားခြင်း မရှိပါဘူး။

၂၀၀၅ ခုနှစ်တုံး ကတော့ အမေရိကန် အမျိုးသား တစ်ဦးကိုတော့ သူ့ရဲ့ ချစ်သူဟောင်းနဲ့ စကားများနေစဉ် အတွင်း  သူမရဲ့ လည်ချောင်းထဲကို ဖုန်းဝင်သွားအောင် ပြုလုပ်ခဲ့တဲ့အတွက် ပြစ်ဒဏ်ပေးခဲ့ဖူးပါတယ်။

World Myanmar News

ref: metro.co.uk

အပြည့်အစုံသို့ »

အနုပညာအလုပ်တွေကြောင့် ကလေးကို ဂရုမစိုက်နိုင်မှာစိုးတဲ့အတွက် ကလေးမယူသေးဘူးလို့ဆိုတဲ့ သက်မွန်မြင့်



ခင်ဆွေသက်

ဒါရိုက်တာဝိုင်းရဲ့ ညွှန်ကြားမှုအောက်မှာ သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နဲ့အတူ ချစ်လှစွာသောအမုန်းဆိုတဲ့ ဇာတ်ကားကြီးရိုက်ကူးနေတဲ့ သက်မွန်မြင့်ဟာ အနုပညာအလုပ်တွေကို မနားတမ်းဆက်တိုက်လုပ်ဆောင်နေသလို အိမ်ထောင်ရှိတာ၊ မရှိတာနဲ့ သရုပ်ဆောင်လုပ်တာ ဘာမှကွာခြားမသွားဘူး။ အရင်အတိုင်းလို့ ဆိုခဲ့ပါတယ်။ သူမနဲ့တွေ့ဆုံခိုက် သူမရဲ့ အိမ်ထောင်ရေးအကြောင်း မေးမြန်းကြည့်တဲ့အခါ “သူမရဲ့ အိမ်ထောင်သည်ဘ၀ဖြတ်သန်းမှုကိုလဲ အရင်အတိုင်းပါပဲ။ ကလေးဆန်နေတုန်းပဲ။ ကလေးကယူဖို့ အဆင်မပြေသေးဘူး။ နှစ်ယောက်လုံးက ကလေးချစ်တတ်ပါတယ်။ သူကတော့ လိုချင်တယ်။ ကိုယ်က ဒီအလုပ်လုပ်နေတဲ့တွက် အတင်းယူမယ်ဆိုပြီးတော့ သူမပြောပါဘူး။ ဒီအလုပ်လုပ်နေတယ် ဆိုတော့ ကလေးကို ဂရုမစိုက်နိုင်မှာ စိတ်ပူတယ်။ လောလောဆယ်တော့ မယူသေးရင် ကောင်းမလားပေါ့။ ဒါပေမဲ့ ကလေးဆိုတာလဲ ရတနာတစ်ပါးပဲ။ ကိုယ့်ရဲ့ကံပေါ့။ ဘုရားပေးသလိုပဲပေါ့။ ခုလောလောဆယ်က ယူမယ်မယူဘူးကို ကိုယ်လဲ သိပ်မဆုံးဖြတ်နိုင်သေးဘူး။ သက်မွန်ရဲ့ အမျိုးသား ကိုယ်တိုင်လဲ ရုပ်ရှင်ဝါသနာပါတယ်။ သိပ်ပြီး အခက်အခဲမရှိဘူး။ ရုပ်ရှင်လဲ အများကြီးကြည့်တဲ့သူ တစ်ယောက်ဆိုတော့ သူကဝေဖန်တတ်တယ်။ ကိုယ်ကတော့ အားတစ်ခု ပိုရတာပေါ့နော်။ အပြင်စီးပွားရေးတော့လုပ်ဖို့ စိတ်ကူးရှိတယ်။ ဒါပေမဲ့သက်မွန်က အာရုံများလို့မရဘူး။ ဒီအလုပ်ကိုလဲ ကိုယ်က သေသေချာချာလုပ်ချင်တဲ့တွက် လောလောဆယ်တော့ မလုပ်ဖြစ်သေးပါဘူး”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar


အပြည့်အစုံသို့ »

(၃)ရက်နဲ့ တစ်ပတ်အတွင်း ၀က်ခြံ၊ အမာရွတ် ပျောက်နိုင်တဲ့နည်း


ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ – နှစ်ခန် တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှားပါးလွန်းတဲ့ အသားအရေ ကံထူးရှင် တွေလို့ ဆိုနိုင်ပါတယ်။ အသင့်အတင့် ၀က်ခြံ ပေါက်ပြီး နောက် ၃ – ရက် နဲ့ ၁ – ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန် နေရစ် ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံးနည်းလမ်း ( ၅ ) သွယ်ထဲက တစ်ခုခု နဲ့  အဆင်ပြေသွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်

နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေအေးမြတဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ် ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ်ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီပေါ့ရှင်။

( ၃ ) သခွားသီး

အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။

( ၅ ) ရေ

တစ်နေ့ ကို သောက် ရေဖန်ခွက် ၈ – ခွက် စာထက်မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်းက ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ ၊ အမာရွတ်တွေကို ဖယ်ရှား သန့် စင် စေပေးတယ် လေ။



Daily Health

အပြည့်အစုံသို့ »

၁၄ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

ဖတ်လိုသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ။ 





အပြည့်အစုံသို့ »