စစ်တပ်က ပြန်ပေးမြေ အငြင်းပွားမူကြောင့် မင်းပြား- ဗလိပေါက်ရွာတွင် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေ ရှိနေ


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်(ပုလဲပေါက်) ကျေးရွာတွင် စစ်တပ်က ပြန်ပေးသော
 လယ်မြေများနှင့် ပတ်သက်ပြီး ရွာသားများအကြား အငြင်းပွားမူ ပေါ်ပေါက်နေကာ
ရွာသားများ အကြား တစ်ဘက်နှင့် တစ်ဘက် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေသို့ ရောက်ရှိနေသည်ဟု သိရသည်။

“ အခု စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ အကုန်လုံးကို ပြန်ပေးပါတယ်။ စုစုပေါင်း လယ် ၄၂၃ ဧက ဖြစ်ပါတယ်။ ရွာသားတွေကို တစ်အိမ်ထောင်ကို ၁ ဒသမ ၃၅ ဧကစီ ခွဲဝေပေးပါတယ်။ အဲသလို ခွဲဝေပေးနေတဲ့ အချိန်မှာ စစ်တပ်က အရင် သီးစားချခဲ့တဲ့ ရွာသား ၉ ဦးက ဒီလယ်တွေပေါ်မှာ အတင်းအဓမ္မ တက်ထွန်တဲ့ အတွက် ရွာသားတွေအကြားမှာ ပြသနာတွေ ပေါ်ပေါက်နေပါတယ်” ဟု အမည်မဖေါ်လိုသူ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေမှ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဗလိပေါက်ကျေးရွာရှိ ၎င်းမြေများအား လယ်သမားများအားခွဲဝေပေးရန် ညွှန်ကြားခဲ့ကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ၎င်းမြေများကို မြို့နယ် မြေစာရင်း ဦးစီးဌာနမှ လ၀က မှ သတ်မှတ်ထားသော အိမ်ထောင်စု အလိုက် တောင်သူများကို တစ်အိမ်ထောင် ၁ ဒဿမ ၃၅ ဧကစီ ဖြင့်ခွဲဝေပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ထိုသို့ ခွဲဝေပေးသည်ကို မကျေနပ်သော ဗလိပေါက်ကျေးရွာမှ ဦးစံလှထွန်း၊ ဦးစံရွှေမြ၊ ဦးထွန်းသိန်းမောင်၊ ဦးမောင်မောင်စော၊ ဦးငလုံးချေ၊ ဦးနီအောင်ကျော်၊ ဦးဝိဇ္ဇာအောင်နှင့် တုတ်ပင်လယ်ကျေးရွာမှ ဦးမဲအောင်၊ ဦးကျော်သိန်းလှတို့က ၎င်းသဘောဖြင့် ၎င်းတို့ လယ်မြေများကို တက်ရောက် ထွန်ယက်နေသည်ဟု ယင်းလယ်သမားက ဆိုသည်။

“ သူတို့က စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့ကို (၆) ဧကစီ ပေးရမယ်ဆိုပြီး တောင်းဆိုပါတယ်။ သူတို့ကို ၁ ဒသမ ၃၅ ဧက ပေးတာကို မကျေနပ်တဲ့ အတွက် လယ်မြေတွေကို ခွဲဝေပေးနေတဲ့ အချိန်အတွင်းမှာဘဲ လယ်တွေပေါ်မှာ လယ်တက်ထွန်နေကြတာ ဖြစ်ပါတယ်။  ဒီမြေတွေက စစ်တပ် မသိမ်းခင်က ရွာသားတွေ ဘုံပိုင်တဲ့ မြေတွေဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။

လာမည့် အဂါင်္နေ့တွင် ကျန်နေသော ရွာသားများကလည်း ၎င်းလယ်မြေများပေါ်တွင် လယ်ထွန်ကြမည်ဖြစ်သဖြင့် တုတ်ဆွဲ-ဓါးဆွဲ ဖြစ်ကြမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။

“ အခုက ပြသနာက ကြီးလာတယ်။ အရင်စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူက စုစုပေါင်း ရွာသား (၁၁) ဦးရှိတယ်။ သူတို့ကို တစ်ယောက်ကို ၆ ဧကနုန်းနဲ့ ပေးရမယ်ဆိုရင် ဧက (၇၀) နီးပါးပေးရမယ်။ ရွာသားတွေက မပေးလိုဘူး။ လာမယ့် အင်္ဂါနေ့မှာ ရွာသားတွေလည်း ထွန်တုံးတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့ အတွက် တစ်ဘက်နဲ့ တစ်ဘက် ပြသနာ ဖြစ်မှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ရွာကျောင်းဆရာတော်ကလည်း နိရဉ္စရာသို့ မိန့်ကြားသည်။

ယခုကဲ့သို့ ပြသနာ ဖြစ်ပွားနေသဖြင့် ကျေးရွာ မြေယာခန့်ခွဲရေး ကော်မီမှ မင်းပြားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် တိုင်တန်းရာ မြို့နယ် စီမံခန့်ခွဲရေး ကော်မီတီ ဥက္ကဌ ဦးအောင်နိုင်မှ  တောင်းဆိုနေသော လယ်သမား  (၁၁)ဦးအား လယ်  ၆ ဧကစီ ပေးအပ်ရန် ပြောဆိုသည်ဟု ဆိုသည်။

ဦးအောင်နိုင်မှ ထိုကဲ့သို့  ၆ ဧကစီ ခွဲဝေပေးရန် ပြောကြားခြင်း အပေါ် ရွာသားများက မကျေမနပ် ဖြစ်နေပြီး ဦးအောင်နိုင်မှာ ၎င်းလယ်သမား (၁၁) ဦးနှင့် နားလည်မူယူကာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ပြောဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။

နိရဉ္စရာသတင်းဌာန

အပြည့်အစုံသို့ »

ပင့်ကူ တစ်ကောင် နိမ်နင်းဖို့ အတွက် အိမ်မီးရှို့မိသွားခဲ့



အမေရိကန် ပြည်ထောင်စု Kansas ပြည်နယ်က Hutchinson မြို့မှာ ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ သောကြာနေ့ညက အမျိုးသမီး တစ်ဦးက ပင့်ကူကို သတ်ဖို့ ကြိုးစားရင် အိမ်မီးရှို့မိသလို ဖြစ်သွား ပါတယ်။


မီးစနဲ့ အိပ်ယာ အနီးနားမှာ ရှိနေတဲ့ ပင့်ကူ တစ်ကောင်ကို သတ်ဖို့ ကြိုးစားရင်း ခန်းဆီး လိုက်ကာတွေ  မီးစလောင် ပါတယ်။ ဒီလိုနဲ့ လိုက် နိမ်နင်းရင် အိပ်ယာ တို့ကနေ တစ်အိမ်လုံး နီးပါး မီးစာ တို့ထား ပြီးသလို ဖြစ်သွားပြီး မီ တောက်လောင် ပါတော့တယ်။ ဒါကြောင့်မို့ မီးသတ်ကို ဖုန်းဆက်ခေါ် မီးငြိမ်း လိုက်ရပြီး ဘယ်သူမှ ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိ ပါဘူး။

သို့ပေမယ့် ပုရွက်ကို အမြောက်နဲ့ ပစ်ဖို့ ကြိုးစားသလို၊ ပင့်ကိုကို သတ်ဖို့ အိမ်မီးရှို့ သလို ဖြစ်သွားတဲ့ သူမ ကတော့ တရားရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanamr.com)

အပြည့်အစုံသို့ »

အိန္ဒိယမှာ ဆောက်လက်စ အထပ်မြင့် အဆောက်အအုံပြိုကျ



အိန္ဒိယနိုင်ငံတောင်ပိုင်းက တမီးနာဒူးပြည်နယ်မှာ စနေနေ့ညပိုင်းက ဆောက်လက်စ ၁၁ ထပ်တိုက်ပြိုကျခဲ့လို့ လူ ၉ ဦးမကသေဆုံးပြီး အပြိုအပျက်တွေ အောက်မှာ လူအများကြီးပိတ်မိနေဆဲဖြစ်ပါတယ်။

မိုးတွေသည်းသည်းထန်ထန်ရွာသွန်းပြီး မိုးကြိုးတွေပစ်လို့ ဆောက်လုပ်ရေးလုပ်သားတွေ အဆောက်အဦးထဲမှာ မိုးခိုတုံး ပြိုကျတာဖြစ်ပါတယ်။ အခုထိတော့ အလုပ်သမား အယောက် ၃၀ လောက်ကို ကယ်တင်နိုင်ခဲ့ပြီး ရှာဖွေမှုတွေ ဆက်လုပ်နေတုန်းပဲလို့ ရဲကပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေကို ရဲက စစ်မေးနေပါတယ်။ စနေနေ့ အစောပိုင်းက နယူးဒေလီမြို့တော်မှာလည်း ဆင်းရဲသားအိမ်ယာ ၄ ထပ် အဆောက်အဦးတခု ပြိုကျခဲ့လို့ လူ ၁၁ ဦး သေဆုံး

ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

သင့် စမင်နှင့် ကျန်းမာရေး အခြေအနေ



မပြောရင်လည်း မပြောလို့ . ပြောပြန်ရင်လည်း ရှက်စရာလိုလို၊ ရွံစရာလိုလို ဖြစ်နေတာက မစင် ဆိုင်ရာ လူ့ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စကို အချင်းချင်း ပြောကြဆိုကြမှု နည်းတာကြောင့် ဝမ်းနဲ့ ဆိုင်ရာ ရောဂါ အမျိုးမျိုး ဖြစ်တတ် ကြပါတယ်။ ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်အောင် ရေးသား ဖော်ပြ လိုက်ရ ပါတယ်။

၁။ မြေပဲစံ ကဲ့သို့ မာမာ၊ အတုံးခဲခဲ များ
(Separate hard limps, like nuts)
ယင်းကဲ့သို့ မစင်ဟာ ရေဓာတ်နဲ့ အမျှင်ဓာတ် ချို့ယွင်းနေတဲ့ လူ့ကျန်းမာရေး အခြေအနေကို ပြသပြီး ရေများများ သောက်ရန် နှင့် အသီးအရွက် များများ စားရန် လိုအပ် ပါတယ်။

၂။ ပျော့ပြောင်းချောမွေ့၍ ဝက်အူချောင်း ပုံသဏ္ဍာန်
(Sausage shaped, smooth and soft)

ကျန်းမာရေး ကောင်းသူ တစ်ယောက်၏ မစင် ဖြစ်သည်။

၃။ ရေကဲ့သို့ အရည်များ၊ အတုံးအခဲ မပါ
(Watery, no solid pieces, all liquid)

ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသော ကျန်းမာရေး အခြေအနေကို ပြသပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ရေများကို အစာအိမ်က ဆုပ်ယူနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ ဖြစ်နေစဉ် အချိန်အတွင်း ရေများများ သောက်ဖို့ရန် လိုအပ် ပါတယ်။ မဟုတ်ရင် အားအင်ကုန်ခမ်းပြီး ကျန်းမာရေး ပိုမို ဆိုးရွား သွးပါ လိမ့်မယ်။

၎။ ဝက်အူချောင်းကဲ့သို့၊ သို့သော် မရှည်လျား
(Sausage shaped, but lumpy)

အမျှင်ဓာတ်နှင့် ရေဓာတ် အင်မတန် နည်းတဲ့ ပထမ အမျိုးအစားလောက် မဟုတ်သော်လည်း ရေ နှင့် အသီးအရွက် ဦးစားပေး စားရန် လိုအပ်သော ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။

၅။ အနားညီညာသော အရည်ပျစ် အတုံး အစက်
(Soft blobs and clear-cut edges)

ယင်း မစင် အမျိုးအစား ဖြစ်ပါက ကျန်းမာရေး ကောင်းသော်လည်း တစ်နေ့ကို တစ်ကြိမ်သာ အိမ်သာတက်ခြင်းဖြင့် မလုံလောက်ပါ။

၆။ ဖောင်းကြွကြွ မညီမညာ ဝက်အူချောင်း ပုံစံ
(Sausage shaped, but with cracks on surface)

ပုံမှန် ဖြစ်သော်လည်း ရေများများ သောက်ရန် လိုအပ်နေသေးသော အခြေအနေ

၇။ အနားမညီညာ အစွန်းထွက် အမျှင်ပါဝင်သော ဈေးပျစ်ပျစ် အတုံးများ
(Fulffy pieces with ragged edges, a mushy tool)

ကျန်းမာရေး ကောင်းနေသော်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လာနိုငတော့မည် အခြေအနေ

၈။ နူးညံ့ပြီး ကပ်စေးသော မစင်
(Soft and stick to the side of the bowl)

မစင်တွင် အဆီဓာတ် များနေသည်ကို ပြသပြီး တစ်နည်းအားဖြင့် ခန္ဓာကိုယ်က အဆီဓာတ်ကို မဆုပ်ယူကြောင်းကို ပြသခြင်း တစ်မျိုး ဖြစ်ပါတယ်။ အဆီဓာတ် မဆုပ်ယူခြင်းကြောင့် ယင်း မစင်ပိုင်ရှင်ဟာ ပိန်တဲ့သူ အများစု ဖြစ်ပါတယ်။ မပိန်ရင်တောင် ပိန်ဖို့ အတွက် အလားအလာ များပြီး အစာရှည်ရန် ထုတ်ပေးသော ဂလင်း မထွက်ရှိခြင်း ကြောင့်လည်း ဖြစ်သည်။ သို့သော် အဆီများသော အာလူးကြော်၊ အသင့်ကြော် ဆီများ အစားအစာ ရှောင်ရန် လိုအပ်နေသေးပြီး အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ တို့ကို မျှမျှ တတ စားပေးရန် လိုအပ်သည်။
.
Ref: Healthdigest

အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

လာဖမ်းသော ရဲကို ဓားဖြင့်ထိုးသည့် ရဲဘက်ပြေး ၀ိုင်းဝန်းဖမ်းဆီး


လာရောက်ဖမ်းဆီးသည့် ရဲကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသော ရဲဘက်ပြေးတစ်ဦးကို တိုင်းအဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားဖြင့် ဖမ်းဆီးမှသာ ဓားနှင့်အတူ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။


ဗဟန်းမြို့နယ်အတွင်း လက်ဝတ်ရတနာများ ခိုးယူ၍ ပြစ်မှုဆိုင်ရာပုဒ်မ-၃၈၀/၇၅ ဖြင့် ပြစ်ဒဏ် ငါးနှစ်ကျခဲ့ပြီး ရဲဘက်စခန်းတွင် ရောက်နေရာမှ ရန်ကုန်မြို့သို့ထွက်ပြေးလာသော ဒလမြို့နယ်နေ အသက်(၂၅)နှစ်အရွယ် ရဲဘက်ပြေး အမျိုးသားတစ်ဦးသည်ဇွန်လ ၂၄ ရက် ညဥ့်သန်းခေါင်အချိန်က ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ရောက်နေ၍ ဆိပ်ကမ်းရဲက သွားရောက်ဖမ်းဆီးခဲ့သည်။

 ရဲဘက်ပြေးက ပြန်လည်ခုခံကာ ဓားဖြင့် ထိုးလိုက်သဖြင့် ရဲတပ်ကြပ်တစ်ဦး ၀မ်းဗိုက်တွင် ဓားဒဏ်ရာတစ်ချက်ရခဲ့ပြီး  ရဲဘက်ပြေးလည်း ထွက်ပြေးလွတ်မြောက်သွားသည်။ ထို့ကြောင့် ဆိပ်ကမ်းမြို့မ ရဲစခန်း၌  ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၃  ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်းဆောင်နေစဉ် ဟန့်တားရန် အပြင်းအထန်နာကျင်စေမှုဖြင့်  ထပ်မံအမှုဖွင့်ခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရဲကို ဓားဖြင့် ထိုးခဲ့သည့် ရဲဘက်ပြေး ဖမ်းမိရေးအတွက် အင်အားသုံး၍ ထပ်မံဖမ်းခဲ့ရာ ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရဲဘက်ပြေး၏အိမ်၌ ဖမ်းမိခဲ့ကြောင်း တိုင်းဒုစရိုက်နှိမ်နင်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင်လည်း ရဲဘက်ပြေးက ဆယ်လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ပြန်လည်ခုခံခဲ့ပြီး ယင်း ဓားဦးချွန်မှာ ရဲကိုထိုးခဲ့သော ဓားဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက  ပြောသည်။ ထို့ကြောင့် ဆိပ်ကမ်းမြို့မရဲစခန်းမှ လက်နက် ပုဒ်မ-၁၉(င)ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

  ‘‘အဲဒီလူက နောက်တစ် ယောက်နဲ့ ဗဟန်းအပိုင်မှာ လက်ဝတ်ရတနာတွေ ခိုးတာ တရားစွဲပြီး ထောင်ကျလို့ ရဲဘက်ရောက်နေတဲ့လူပဲ။ အခု သူ့ကို သွားဖမ်းတာတော့ ဆိပ်ကမ်းရဲနဲ့ တိုင်းရဲတွေပူးပေါင်းဖမ်းကြရင်း ဖြစ်တာဗျ’’ ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇွန်လ ၂၈ ရက်တွင် ပြောသည်။

7day daily

အပြည့်အစုံသို့ »

ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး


သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။
aငွဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကိုယ်ပိုင်တက္ကသိုလ်များ မှတ်ပုံတင်ရာတွင် မတည်ငွေရင်း၊ ကျောင်းတည်နေရာ၊ သင်ကြားမည့် ဘာသာရပ်များနှင့် တက္ကသိုလ်နှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိခြင်း လိုအပ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းကို ၅ နှစ်အထိ ပေးမည်ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရန် ရှိ၊ မရှိ အကြောင်းကြားရန် သတ်မှတ်ထားကြောင်း ဒေါက်တာတင်မေထွန်းက ဆိုသည်။
အဆိုပါ ပုဂ္ဂလိက ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် အမျိုးသားပညာရေး ကော်မရှင်က တာဝန်ယူရန် လျာထားကြောင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံခြားသားများ အတွက်လည်း အကျုံးဝင်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။
“အမျိုးသားပညာရေး ကော်မရှင်ကိုလည်း အသစ်ပြန်လုပ်နေပါတယ်။ အရင်အဟောင်းအတိုင်း သွားမှာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေထဲမှာ အတည်ပြုရင် အဲဒီအတိုင်းပဲ ဖွဲ့စည်းသွားမှာ” ဟု အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က The Voice သို့ ဆိုသည်။
အမျိုးသားပညာရေး ကော်မရှင် တစ်ခုတည်းမှ တက္ကသိုလ်မှတ်ပုံတင်နှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူ လုပ်ကိုင်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်း၊ တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် မြို့နယ်အလိုက် ကွန်ရက်များ ဖြန့်ကြက်ထားမှသာ လုပ်ငန်းပြီးစီးမှု လျင်မြန်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းက ပြောဆိုသည်။
“နောက်ပြီး သိန်း ၅၀၀၊ ၁၀၀၀ ပြစ်ဒဏ်မျိုး မကြားဖူးဘူး။ ကျောင်းမှတ်ပုံတင်တဲ့ သူတွေအတွက် ဒီလောက်များရင် ဘယ်သူမဆို အခက်အခဲတော့ ရှိနိုင်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ ရေးဆွဲထားပြီးသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) တွင် အခန်း ၁၃ ခန်း ပါဝင်သည်။
သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုယ်ပိုင်တက္ကသိုလ်များ မှတ်ပုံတင်ရာတွင် မတည်ငွေရင်း၊ ကျောင်းတည်နေရာ၊ သင်ကြားမည့် ဘာသာရပ်များနှင့် တက္ကသိုလ်နှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိခြင်း လိုအပ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းကို ၅ နှစ်အထိ ပေးမည်ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရန် ရှိ၊ မရှိ အကြောင်းကြားရန် သတ်မှတ်ထားကြောင်း ဒေါက်တာတင်မေထွန်းက ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် အမျိုးသားပညာရေး ကော်မရှင်က တာဝန်ယူရန် လျာထားကြောင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံခြားသားများ အတွက်လည်း အကျုံးဝင်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“အမျိုးသားပညာရေး ကော်မရှင်ကိုလည်း အသစ်ပြန်လုပ်နေပါတယ်။ အရင်အဟောင်းအတိုင်း သွားမှာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေထဲမှာ အတည်ပြုရင် အဲဒီအတိုင်းပဲ ဖွဲ့စည်းသွားမှာ” ဟု အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က The Voice သို့ ဆိုသည်။

အမျိုးသားပညာရေး ကော်မရှင် တစ်ခုတည်းမှ တက္ကသိုလ်မှတ်ပုံတင်နှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူ လုပ်ကိုင်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်း၊ တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် မြို့နယ်အလိုက် ကွန်ရက်များ ဖြန့်ကြက်ထားမှသာ လုပ်ငန်းပြီးစီးမှု လျင်မြန်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းက ပြောဆိုသည်။

“နောက်ပြီး သိန်း ၅၀၀၊ ၁၀၀၀ ပြစ်ဒဏ်မျိုး မကြားဖူးဘူး။ ကျောင်းမှတ်ပုံတင်တဲ့ သူတွေအတွက် ဒီလောက်များရင် ဘယ်သူမဆို အခက်အခဲတော့ ရှိနိုင်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရေးဆွဲထားပြီးသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) တွင် အခန်း ၁၃ ခန်း ပါဝင်သည်။

The VoiceWeekly

အပြည့်အစုံသို့ »

တာဝန်လစ်ဟင်းရင် နှုတ်ထွက်ပေး တဲ့ စနစ် ရှိသင့်



ဒီမိုကရေစီစနစ်မှာ အစိုးရတာဝန်ရှိသူတွေဟာ တာဝန် မကျေပြွန်တဲ့အခါ နှုတ်ထွက်ပေးကြတဲ့ ယဉ်ကျေးမှု ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း အဲဒီလို ယဉ်ကျေးမှု မျိုးဖြစ်လာအောင် ပြည်သူတွေ အားလုံးက ကြိုးစားရ မှာဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဒီနေ့ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောပွဲမှာ ဒီမိုကရေစီစနစ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်တဲ့အကြောင်း ပြောစဉ်အခုလို ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာဖြစ်ကြောင်း နဲ့ ကာကွယ်ရေးဝန်ကြီးဆိုတာလည်း အရပ်သား သာ ဖြစ်ရမှာဖြစ်ကြောင်းလည်း လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။

ဒီ ဟောပြောပွဲကို ဒေသခံတွေ တစ်ထောင် နီးပါး တက်ရောက်နားထောင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ရှေ့နေ ဦးဌေးဦးတို့ကလည်း ဘာကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရေးကြီးကြောင်းကို ရှင်းပြခဲ့ကြပါတယ်။

RFA

အပြည့်အစုံသို့ »