မလေးရှားတွင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရဟုဆို



မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် တရာမဝင် အထောက် အထားမဲ့ မြန်မာဟု ဆိုသူ ၂၂ ဦး အပါအဝင် နိုင်ငံခြား သား ၂၇ ဦးကို ဖမ်းဆီး လိုက်ကြောင်း မလေးရှား သတင်း များတွင် ဖော်ပြသည်။ ၎င်းတို့ကို ပီနန်ပြည်နယ် ဘာတာဝတ်မြို့ရှိ Kampung Bagan Lebai Tahir အရပ်တွင် ဇွန်လ ၂၆ ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖမ်ဆီးခံရမှုတွင် ၄၀ ရက်သား ကလေးငယ် တစ်ဦး ပါဝင်ကြောင်း The Star သတင်း တစ်ရပ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူ ၂၇ ဦးတွင် မြန်မာဟုဆိုသူ ၂၂ ဦးနှင့် အင်ဒိုနီးရှား ငါးဦး ပါဝင်ပြီး Kampung Bagan Lebai Tahir တွင် တရားမဝင် နိုင်ငံခြားသားများ အလွန်များပြားလာသည်ဟု ဒေသခံများက တိုင်ကြား၍ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Hasbullah Abdul Rashid က The Star ကို ပြောဆို ထားသည်။

ဖမ်းဆီး ခံရသူများမှာ မြန်မာဟု မလေးရှား သတင်းများတွင် ဖော်ပြထားသော်လည်း အမှန်တကယ် မြန်မာ ဟုတ်မဟုတ် အတည်ပြု ဖော်ပြသည်ထားခြင်း မတွေ့ရပေ။ လူပေါင်း ၁၁၁ ဦးကို စစ်ဆေးခဲ့သည့်အနက် တရားဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အချို့ လုပ်သားများသည် အိပ်ရာအောက်တွင် ပုန်းအောင်း နေကြောင်း Hasbullah Abdul Rashid က ပြောဆိုထားသည်။

ယင်းဖမ်းဆီးမှုတွင် အမျိုးသားမှတ်ပုံ တင်ဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ရေးလာခေါ် မီးသတ်စသည့် ဖမ်းဆီးသူ အင်အား ၁၄၅ ဦး အသုံးပြုကာ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပီနန်ပြည်နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ရွှေပန်းထိမ်ဆိုင်တွင် အလုပ်သမားတစ်ဦး ဖြစ်သည့် မြန်မာတစ်ဦး ဆိုင်မှ အပြန်တွင် ပစ္စည်းလု ခံရကာ အသတ်ခံခဲ့ရကြောင်း ပီနန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုမြက ပြောကြားသည်။
သို့သော်လည်း ယခု အဖမ်းအဆီးသည် လူသတ်မှု ဖြစ်စဉ်များကြောင့် အထူးစီမံချက်ချကာ တရားမဝင် လုပ်သားများ ဖမ်ဆီးခြင်း မဟုတ်နိုင်ကြောင်း၊ ပုံမှန် ပြုလုပ်နေသည့် အဖမ်းအဆီးသာ ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

Credit : The Voice

အပြည့်အစုံသို့ »

အချစ်ရေးနဲ့ပတ်သတ်ပြီး စဉ်းစားနေပါပြီလို့ ဖွင့်ဟလိုက်တဲ့ မိုးယုစံ


ခင်ဆွေသက်

သက်တန့်ရောင်နှလုံးသားဆိုတဲ့ ဗီဒီယိုကားကို ပြေတီဦး ဒါရိုက်တာနေပိုင်တို့နဲ့ ရိုက်ကူးနေတဲ့ မိုးယုစံက ဒီဇာတ်ကားရိုက်ပြီးရင်တော့ ခဏနားပြီး လလယ်လောက်မှ ပြန်ရိုက်မယ်လို့ ဆိုလာပါတယ်။ ချစ်စဖွယ်အပြုံးပိုင်ရှင် မိုးယုဟာ အနုပညာလောကထဲမှာ ချစ်ရေးချစ်ရာ ဘယ်သူဘယ်ဝါဆိုတာ မကြားရသူမို့ သူမရဲ့ အချစ်ရေးအကြောင်းကို ခုလို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ ခုချိန်မှာ ကြည်ကြည်လင်လင်ပါပဲ။ စဉ်းစားသင့်တဲ့ အရွယ်လဲ ရောက်လာပြီဆိုတော့ စဉ်းစားနေတယ်ပေါ့နော်။ ဒါပေမဲ့လဲ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို စဉ်းစားတဲ့အခါမှာ မိုးယုကိုယ်တိုင်ကလဲ အများကြီး စဉ်းစားတတ်တဲ့ လူထဲမှာပါတဲ့အတွက် လွယ်လွယ်နဲ့လက်မခံတတ်ဘူး။ အပြင်လောကက လူမှ ၊ အနုပညာအသိုင်းအ၀ိုင်းထဲကမှဆိုပြီး သတ်မှတ်ထားတာမျိုးမ ရှိပါဘူး။ ဖူးစာပါရင်တော့ နီးနီးပဲဖြစ်ဖြစ် ဝေးဝေးပဲဖြစ်ဖြစ် မဆုံနိုင်ဘူးထင်ပေမဲ့လဲ ဆုံနိုင်တာပဲ။ အဓိက က ကိုယ့်ကိုတကယ်ချစ်ဖို့ပဲ လိုပါတယ်”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

အပြည့်အစုံသို့ »

ဇာဂနာ ဘာမှမသိရပါဖူး


ဇာဂနာ

ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေလိုပေါ့ခင်ဗျာ။
ပထမရာသီဝက် ပြီးဆုံးသွားတဲ့အခါဒုတိယ ရာသီဝက် ဆက်လာတာကတော့ ဇာဂနာ့ ဆောင်းပါးတွဲများပါပဲ။
စောစောတုန်းကတော့ ကိုယ့်ကိုယ်ကို အထင်တွေ ကြီးပြီး သိသားပဲ သိသားပဲ နဲ့ လုပ်ခဲ့တာ ခုတော့မှဘာမှ မသိမှန်း အဖြေပေါ်ပြီပေါ့ခင်ဗျာ။

တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။
ဇာဂနာ ဟာ တုံးပါတယ်။ အ လဲ အ ပါတယ်။ နုံလဲ နုံပါတယ်။
ပါးစပ်ထဲ လက်ညှိုးလာထည့်တာတောင် နို့ သီးခေါင်းမှတ်ပြီး စုပ်နေတတ်တာပါခင်ဗျာ။

တစ်ညက သန်းခေါင်လောက်ကြီးမှာ သူငယ်ချင်းတွေ အိမ်ရောက်ချလာပြီး ဘုန်းကြီးကျောင်းရဲ ၀ိုင်းတယ် လို့ လာပြောတယ် ခမျ။
ပြီးတော့ ဘာလုပ်မယ် ညာလုပ်မယ်ပေါ့လေ။
ကြေညာချက် ရေးမယ်၊မိုးလင်းတာ နဲ့ အားလုံးပျံ့ စေရမယ်၊ဆန္ဒပြမယ် ဆိုတာလဲ ပါတယ်။
ဇာဂနာ တော့ အကြောင်သား နဲ့ နားထောင်နေရတာပါ။

ဟုတ်သလေ၊သူတို့ပြောတာ ဘုန်းကြီးကျောင်း။
ဇာဂနာ သိတာကတော့ မင်္ဂလာဆောင်တို့ မွေးနေ့ တို့ လုပ်တဲ့နေရာပဲ။
ရုပ်ရှင်ပွဲတော် လဲ လုပ်တယ် ခမျ၊ ရုပ်ရှင်တွေ ဗီဒီယို တွေလဲ ရိုက်တယ်။
ဇာ၈နာ့ သူငယ်ချင်းကြီးဇော်သက်ထွေးတို့ မင်္ဂလာ ဆောင်တာ လဲ အဲသည်မှာ။
ဝသန် ရုပ်ရှင်ပွဲတော် လုပ်တာလဲ အဲသည်မှာ။

ဇာဂနာ့  ညီလေး သန့် ဇင်အောင် ထောင်အကြောင်းရုပ်ရှင်ရိုက်တော့လဲ အဲသည်မှာ ဆက်တင် ကြီးတွေတောင် ဆောက်လို့ ရယ်။ကဲ ဘုန်းကြီးကျောင်းဆို ဒါမျိုးလုပ်လို့ ရပါ့မလား။

နစ္စ ဂိတ ၀ါဒိတ လေ။
ဒါပေမဲ့ သူငယ်ချင်းတွေကတော့ ဒါဟာ ၂၀၀၁ ခုနှစ်ကထဲက ဘုန်းကြီးကျောင်းဆိုတော့ မခက်လား။
ဒါကြောင့်ပြောတာပေါ့၊ဇာ၈နာ ဘာမှ မသိရပါဖူး လို့ ။
ဘုန်းကြီးကျောင်း ကို မင်္ဂလာခန်းမ ထင်မိတာ တော် တော် အ တာပဲနော် ဗျာ။

တစ်ခါ ဇာ၈နာ့  သူငယ်ချင်း မင်းထင်ကိုကိုကြီးက လူ့ အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဆိုတာကြီးလုပ်သဗျ။အဲသည်မှာ open sky ဆိုတဲ့ ရုပ်ရှင် ကိုပြဖို့  လုပ်ထားတာတဲ့။
မြန်မာလူငယ်လေးတွေ ဖန်တည်းထားတဲ့ လက်ရာကောင်းလက်ရာသန့် လေးပါ။
ဘာသာတရား ကိုးကွယ်မှု မတူတဲ့မိသားစုနှစ်ခုကြားက သံယောဇဉ် ကိုဖော်ကျူးတာပါတဲ့။
ဇာဂနာက ရုပ်ရှင်တွေ လူ့ အခွင့်အရေးတွေ ဘာမှ မသိပါဖူးခင်ဗျာ။
ပြရင်လဲ ကြည့်မှာပေါ့။

ရုပ်မြင်သံကြားမှာလဲ ဟင်ဒီရုပ်ရှင်၊အစ္စလာမ်ရုပ်ရှင်၊ခရစ်ယန်ရုပ်ရှင်တွေလာနေတာပဲဟာ။
ဘာဆန်းလို့ လဲဗျာနော့။ဒီဇာတ်ကားပြရုံနဲ့ တော့တိုင်းပြည်ကြီးမပျက်လောက်ပါဖူး။
ဒီအတိုင်းလဲ သူ့ ဖာသာသူပျက်နေတာပဲဟာဗျာ။
ဒါကိုပြရင် အမျိုးဘာသာ သာသနာ သစ္စာဖောက် ဖြစ်သွားမယ် တဲ့။
ကြောက်စရာကြီးဗျနော်။

ဘုန်းကြီးတွေ က ရုပ်ရှင် ကို မပြရသေးခင် ကြိုသိနေတာလဲ အံ့စရာပဲ။
တန်ခိုးရှင်တွေ ဆိုတော့ အာရုံပြုလိုက်တာ နဲ့အားလုံးကိုထွင်းဖောက်မြင်တာနေမှာပေါ့နော်။
သေသေချာချာတော့မသိပါဖူး။
ရုပ်ရှင်ပြလိုက်ရုံနဲ့ တိုင်းပြည်ကြီးမီးဟုန်းဟုန်းတောက်သွားမယ် ဆိုတာ အစကမသိခဲ့တာ ဇာဂနာ တော်တော် အ တာပဲ နော်။
ဒီလိုမှန်း သိရင် တစ်နှစ်ကိုဆယ့်နှစ်ကားလောက် ရိုက်ထားပါတယ်ဗျာ။

ဟော၊ပြောရင်းဆိုရင်း သာသနာရေးဝန်ကြီး ခမျာ တာဝန် ကနေ ရပ်စဲခံလိုက်ရပါရော။
တစ်ချို့ ကလဲ သမ္မတ ကိုကျော်လို့ တဲ့။တစ်ချို့ကလဲ လာဘ်စားလို့ တဲ့။
တစ်ချို့ကလဲဘုန်းကြီးတွေကို ၇န်တိုက်ပေးလို့ တဲ့။

ဒါကိုဇာဂနာ ကို လာမေးတယ်ဗျာ။ကိုဇာ၈နာ ကြီး ခင်ဗျာ။
သာသနာ ရေးဝန်ကြီး ကို ရာထူးကနေ ထုတ်ပစ်လိုက်တာ ဘယ်လို မြင်ပါသလဲတဲ့။
ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ က သတင်းစာ လဲနေ့ တိုင်းမဖတ်ဖူးခမျ။
သတင်းစာကလဲ ကြော်ငြာတွေချည်းပဲ ပါတာဆိုတော့ မဖတ်ဖြစ်ဖူးလေ။
တီဗီ လဲ မၾကည့္ဖူးခင္မ်။
ကြည့်ရအောင် မီးကလဲ မလာဖူးလေ။
သာသနာရေးဆိုတာ နာမည် ကြားရုံနဲ့ ဇာ၈နာ က လန့်နေတာ။

၂၀၀၇တုန်း က ဇာဂနာ့ ကို ဘုန်းကြီးဆွမ်းကပ်လို့ ဆိုပြီးဖမ်းတယ်ဗျ။
ပြီးတော့ သာသနာ ညှိုးနွမ်းအောင်လုပ်ပါတယ် ဆိုပြီး ထောင် ၂ နှစ်ချထားတာလေ။
ဗုဒ္ဓဘာသာ နိုင်ငံတော် ကြီးမှာ ဘုန်းကြီးဆွမ်း ကပ်တာကို သာသနာ ညှိုးနွမ်းအောင်လုပ်တယ် ဆိုတော့ ဇာဂနာ ဘယ်လိုမှ နားမလည် နိုင်တော့ပါဖူး။
ဒါကြောင့် သာသနာရေးကိစ္စတော့ ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။
ဇာ၈နာ က အူကြောင်ကြောင်ရယ်ပါဗျာ။

တစ်နေ့က လမ်းထဲမှာ မိတ်ဆွေ ဆရာမ တစ်ယောက် တွေ့ လို့  ပြောစရာ စကားကလဲမရှိတာနဲ့ ဆရာမ ၄၃၆ လက်မှတ်ထိုးပြီးပြီလားလို့ မေးလိုက်မိတယ်။
သူက ဘာပြန်ဖြေတယ် ထင်လဲ။
ကျွန်မတို့ က လက်မှတ်ထိုးလို့ မရဖူးလေ။
ဘာလို့ လဲဆိုတော့ ကျွန်မတို့ က ၉၆၉ တဲ့။
အမ်။
ဇာဂနာ ဘာပြန်ဖြေရမှန်း ကို မသိပါဖူး။
၄၃၆ နဲ့ ၉၆၉ ကို ဘောလုံး အသင်းတွေလို တစ်သင်းစီ များမှတ်နေလား မသိ။

ဒါကြောင့်ပြောရတာပေါ့။
ဘုမသိ ဘမသိ လျောက်မေးမိနေတာကိုကဇာဂနာ့အမှား။
ကြောင်ကိုကြောင်ပါတယ်ဗျာ။

ခု ကန်နေတဲ့ ကမ္ဘာ့ဖလားမှာ မက္ကဆီကို အသင်းတစ်ဂိုးသွင်းတိုင်း မော်ဒယ် ရာကွယ်ပွမ်ပလန် ကအ၀တ်အစားတွေကို တလွှာချင်းချွတ်ပြမယ်တဲ့။
ကံ က ဆိုးချင်တော့ မက္ကဆီကိုကလဲ တစ်ဂိုးမှ မသွင်းနိုင်၊ရာကွယ် ပွမ်ပလန် လဲ ခုထိ တစ်လွှာမှ မချွတ်ရရှာဖူးပေါ့။

ဇာ၈နာ တို့ မြန်မာ ဘောလုံး အသင်း နဲ့ ဇာဇာထက်တို့ ဇွန်သဉ်ဇာတို့ ကျတော့သဘောတူညီမှုက တစ်မျိုးဗျ။
မြန်မာ အသင်း တစ်ဂိုး အသွင်းခံ၇တိုင်း သူတို့ တလွှာချွတ်မယ်ပေါ့ဗျာ။
ဟော ခုဆိုကြည့်၊ကလေးမလေး ၂ယောက် ခမျာ အကျီ်ကို မကပ်တော့ဖူး။
ဒါလဲ ဟုတ် မဟုတ်တော့ ဇာဂနာမသိပါဖူး။
သူများပြောသံကြားနဲ့ လိုက် ဖော နေတာပါ။
တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ
( ပဲ့တင်သံထဲကဆောင်းပါးပါ )

အပြည့်အစုံသို့ »

ဂျိမ်းစ်ဘွန်း အရှုံးပေးရသည့် တရုတ်ကျောင်းသားများ၏ စာခိုးချ ကိရိယာများ


တရုတ်ကျောင်းသားတွေရဲ့ ဘဝမှာတော့ စိတ်ပင်ပန်းဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်ဟာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတဲ့အချိန်ပါ။


လူသန်းပေါင်းများစွာဟာ ဒီစာမေးပွဲအတွက် အချိန်ယူပြင် ဆင်ကာ ဖြေဆိုကြပါတယ်။
အချို့ကလည်း ဒီစာမေးပွဲမှာ အကြံဖန်လုပ်ဖို့ အဆင့်မြင့် ကိရိယာပေါင်းများစွာကို တီထွင်ကြပါတယ်။
ဒီလိုကိရိယာတွေထဲက တစ်ခုကတော့ ကင်မရာပါတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး Liaoning ပြည်နယ် Shenyang မြို့က စာမေးပွဲခန်းတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။


စာမေးပွဲခိုးချသူဟာ ကြွေစေ့ပြားသေးသေးလေးတစ်ခုကို အသုံးချပြီး ဒီကိရိယာကို ထိန်းချုပ်မှာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းကို ဖြူမည်းဓာတ်ပုံရိုက်ပြီး အပြင်ဘက်ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က လက်ခံသူဟာ အဖြေတွေကို ပြန်ပို့ပေးရမှာဖြစ်ပေမဲ့ အဖြေတွေပြန်ပို့နည်းကိုတော့ သတင်းက မဖော်ပြခဲ့ပါဘူး။

တရုတ်အာဏာပိုင်တွေဟာ ဒီနှစ်မှာ စာမေးပွဲခိုးချသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေမဲ့  China News နဲ့ China Radio International တို့ကတော့ ကျောင်းသားတွေသုံးခဲ့တဲ့ ကိရိယာတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
Sichuan ပြည်နယ်မှာတော့ ကျောင်းသား အယောက် ၄၀ ဟာ အဆင့်မြင့်ဘောပင်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဘောပင်ဟာ မေးခွန်းကို ပို့ပေးသွားမှာဖြစ်ပြီး အလွန်သေးငယ်တဲ့ နားကြပ်ဖူးလေးနဲ့ အဖြေကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။

အခြားပြည်နယ်တစ်ခုမှာ ဖမ်းမိခဲ့တဲ့ပစ္စည်းကတော့ အင်္ကျီတစ်ထည်ဖြစ်ပါတယ်။
ဝါယာကြိုးများ၊ ပလပ်များ၊ နိုကီယာ ဖုန်းအဟောင်းများနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ Guangzhou ပြည်နယ် Fuzhou မြို့မှာတော့ ပိုက်ဆံအိတ်နဲ့ပြုလုပ်ထားတဲ့ ကိရိယာကို စာမေးပွဲဖြေသူ ယောကျာ်းလေးတစ်ဦးဆီကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကိရိယာ က ကင်မရာအသေးလေးတစ်လုံးနဲ့ ပူးတွဲအလုပ်လုပ်မှာပါ။ ကင်မရာကိုတော့ ရေသန့်ဘူးထဲမှာ ထည့်ထားပါတယ်။ အဖြေပြန်လည်လက်ခံမယ့် ပစ္စည်းကိုတော့ ချိုင်းခြားမှာ ထားထားတယ် လို့ဆိုပါတယ်။
အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲတွေဟာ တရုတ်ကျောင်းသားတွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ တက်ရမဲ့တက္ကသိုလ်တွေကို ဒီစာမေးပွဲတွေက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။


စာမေးပွဲကျင်းပရာ နေရာတွေမှာ ရဲတွေကိုအစောင့်ချထားပြီး အနီးအနားမှာ ဆူဆူညံ့ညံ့အသံထွက်ပါက ထွက်တဲ့လူကို ဒဏ်တပ်သွားမှာ ဖြစ်ပါတယ်။

photo>> kotaku.com

Phothutaw

အပြည့်အစုံသို့ »

ဘီကီနီ ၀တ်ဆင်ထားသော အကမယ်လေးများနှင့် စက်ရုပ်များ ပူးတွဲဖျော်ဖြေမည့် Tokyo’s Robot


ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ စက်ရုပ်စားသောက်ဆိုင် (Tokyo’s Robot Restaurant) တစ်ခုဟာ ညို့အားပြင်းတဲ့ အကမယ်လေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှု အတွင်းပိုင်းက တောက်ပလွန်းလှတဲ့ မီးရောင်စုံတွေကြောင့် နာမ်မည်ကျော်ကြားတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။


ဒီနိုက်ကလပ်ကို ၂၀၁၂ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီးတော့ ဒေါ်လာ၁၀သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်မှာ စက်ရုပ်တွေနဲ့ အကမယ်လေးတွေရဲ့ ပူးတွဲဖျော်ဖြေမှုက အဓိဖြစ်ပေမယ်လို့ စက်ရုပ်လက်ဝှေ့ထိုးပွဲနဲ့ Tron ဆိုင်ကယ်ပေါ်က အကမယ်လေးတွေရဲ့ စက်ရုပ်အကကိုလည်း ရှု့စားနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်တွေထက် တကယ်တမ်းလာရောက်စားသုံးသူတွေကို ဆွဲဆောင်ထားနိုင်တဲ့အရာကတော့ ညို့အာပြင်းတဲ့ အကမယ်လေးတွေရဲ့ ပေါင်တံလှလှလေးတွေနဲ့ ရင်နှစ်မြွှာကြားအလှ ဖြစ်တာကြောင့် ဒီဂျပန်စားသောက်ဆိုင်ဟာ နာမ်မည်ဆိုးနဲ့ ကျော်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ကဲဘာတွေများ ထူးခြားလဲဆိုတာ ရုပ်သံကြည့်လိုက်ရအောင်နော်။



swesonemedia

အပြည့်အစုံသို့ »

အမျိုးသားနှင့် အမျိုးသမီး အကြား စိတ်ဝင် စားဖွယ်ရာ စိတ်အခြေ အနေများ


အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှု ရှိရုံသာမက စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေ တာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိ ထားပါတယ်။



(၁) အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ် ပါတယ်။ အမျိုးသမီး အများစုက အမျိုးသား အများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာ တတ်ပါ တယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ် ထားပြီးသား အရာ တစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) အိုင်ကျူ စစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှု တစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသား တွေ ထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိ တတ်ကြပါတယ်။ (၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီ တတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့ အခါမှာ ပိုပြီး အဆိုးမြင် တတ်ကြပါတယ်။

(၆) အမျိုးသမီး အများစုက တချို့အလုပ် ကိစ္စတွေမှာ တော်တယ်လို့ ယုံကြည်ကြပေမယ့် အရာရာ တိုင်းကို ကောင်းအောင် မစွမ်းဆောင်နိုင် ကြပါဘူး။

(၇) အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကြောက်ရွံ့တတ်၊ စိုးရိမ်ပူပန် တတ်ကြ ပါတယ်။

(၈) အမျိုးသမီး တွေက အမျိုးသားတွေထက် နှစ်ဆပိုပြီး စကားများ ကြပါတယ်။ တစ်နေ့မှာ အမျိုးသား တွေက ပျမ်းမျှအားဖြင့် စကားလုံး ၁၂၅,၀၀ လုံး ပြောကြပြီး အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၂၅၅,၀၀ လုံးပြောလေ့ ရှိကြပါတယ်။

(၉) အမျိုးသား အများစုက ပျမ်းမျှအားဖြင့် ခုနစ်စက္ကန့် ကြာတိုင်း Sex အကြောင်း စဉ်းစားလေ့ ရှိကြပါတယ်။

(၁ဝ) အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ မျက်နှာ အမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ရာမှာ ပိုပါးနပ် တတ်ပါတယ်။ အမျိုးသားတွေက မိန်းမတွေရဲ့ မျက်ရည်ကို တွေ့တဲ့အခါကျမှ သူတို့ လုပ်ရပ် မှားသွားမှန်း တကယ် သဘောပေါက် သွားတယ်လို့ တချို့ အမျိုးသမီးတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက (အမျိုးသား တွေထက်) နာကျင်ဝမ်းနည်း တဲ့အခါ လေးဆ ပိုပြီး ငိုကြွေး တတ်တာပါ။

Good health News

အပြည့်အစုံသို့ »

ဇာတ်ကားများ ရိုက်ကူးရာတွင် ခန္ဓာကိုယ် အသားပေး ဇာတ်ကားများ မရိုက်ကူးဟု ဘေဘီမောင် ပြော


ခန္ဓာကိုယ် အလှဓာတ်ပုံများကို အသားပေး လှစ်ဟဖော်ပြရာတွင် နာမည်ကြီးနေသည့် ဘေဘီမောင်က ဇာတ်ကားများ ရိုက်ကူးရာတွင် လိင်အသားပေး ဇာတ်ကားမျိုးကဲ့သို့ (Sexy) ဆန်ဆန် ဇာတ်ကားများကို ရိုက်ကူးရန် အစီအစဉ်မရှိဟု ၎င်းက မဇ္စျိမကိုပြောကြားလိုက်သည်။

“အရင်ကတော့ ခန္ဓာကိုယ် အသားပေး အနေနဲ့ ရိုက်ကူးတဲ့ Sexy Photo တွေ ရိုက်ကူးခဲ့တာ မျိုးတွေတော့ ရှိတယ်။ ဒါက ဓာတ်ပုံ ရိုက်ကူးတဲ့ အတွက် ပုံကောင်း ရရှိပါစေ ဆိုတဲ့ စိတ်နဲ့ ရိုက်ကူးခဲ့တာပါ။ ဇာတ်ကား ရိုက်ကူးမှု အပိုင်းမှာတော့ ပရိသတ်အတွက် ခန္ဓာကိုယ် အသားပေး၊ လိင် အသားပေးတဲ့ ဇာတ်ကားတွေ လုံးဝရိုက်ကူးဖို့ အစီအစဉ် မရှိပါဘူး”ဟု ၎င်းကပြောသည်။

သရုပ်ဆောင် ဘေဘီမောင်သည် လက်ရှိတွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေသည့် ‘ အကြံတူ ရန်သူ’ ဗီဒီယို ဇာတ်ကားတွင် ကျော်ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ စသည့်ဝါရင့် သရုပ်ဆောင်များနှင့် အတူ တွဲဖက်ပြီး ခေါင်းဆောင် မင်းသမီးအနေဖြင့် သရုပ်ဆောင်ခြင်းသည် ပထမဆုံးဖြစ်သည်။

ဘေဘီမောင်သည် လက်ကီးပဲလေ့၊ သင်္ကေတနှင့် စိတ္တ အာရုဏ် ဗီဒီယို ထုတ်လုပ်ရေး သုံးခုနှင့်ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ကူးရန် စီစဉ်ထားသော်လည်း စာချုပ် ချုပ်ဆိုထားခြင်း မရှိပဲ လွတ်လပ်စွာ နားလည်မှုဖြင့် ရိုက်ကူးမည် ဖြစ်ပြီးဒါရိုက်တာနှင့် မင်းသားများကို ပြောင်းလဲ ရိုက်ကူးမည်ဖြစ်သည်။

သရုပ်ဆောင် ဘေဘီမောင်သည် ၂ဝဝ၉ ခုနှစ်တွင် Star & Model International သင်တန်းတွင် တက်ရောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဂျာနယ်၊ မဂ္ဂဇင်းများတွင် Sexy Photo များနှင့် နာမည်ကြီးလာသည့် မော်ဒယ်လ် တစ်ယောက် ဖြစ်ကာ လက်ရှိ အခြေအနေတွင် ဇာတ်ကားများကို ရိုက်ကူးရန် သရုပ်ဆောင်လောကကို ခြေချဝင်ရောက် လာသူဖြစ်သည်။

Mizzima

အပြည့်အစုံသို့ »