လမ်းမတော်မှာ အသက် ၈ဝအရွယ် အဖိုးအိုတစ်ဦးကို ကားနဲ့လာပြီး စွန့်ပစ်ခဲ့



သက်ကြီးရွယ်အို ဘိုးဘွားတွေကို တန်ဖိုးထား လေးစားတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ သေသည့်တိုင် ပြုစုစောင့်ရှောက်ကြတာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၈ဝအရွယ် အဖိုးအိုတစ်ယောက်ကို လမ်းမတော် စံပြရုံဘေးမှာ ဇူလိုင် ၃ရက်နေ့ညက စွန့်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။

လမ်းမတော် ၁၂လမ်းထိပ်နဲ့ အနော်ရထာထောင့်မှာ အိမ်ကားတစ်စီး ခဏရပ်ပြီး လူအသွားအလာရှင်းချိန် ၁၁နာရီလောက်မှာတော့ အဖိုးအိုကို စောင်နဲ့ နွားနိုတစ်ထုပ်ချပေးပြီး အရှိန်နဲ့မောင်းထွက်သွားတာကို မြင်တွေ့ခဲ့ရတဲ့ ဦးကျော်စိုးနိုင်က ဒီမြင်ကွင်းဟာ သိပ်ကို ကြေကွဲဖို့ကောင်းတယ်လို့ ပြန်ပြောပြပါတယ်။

မိဘဘိုးဘွားတွေအပေါ် သားသမီးတွေ တန်ဖိုးမထားကြတဲ့ လုပ်ရပ်ဟာ လူသားမဆန်ဘူးလို့လည်း ဆိုပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်ကတော့ စွန့်ပစ်ခံ အဖိုးအိုဟာ စကားကောင်းကောင်း မပြောနိုင်ဘဲ အားပြတ်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရ ဒီလိုစွန့်ပစ်တာ လုံးဝ မဖြစ်သင့်သလို ဘာသာတရားရဲ့ အဆုံးအမဖြစ်တဲ့ မေတ္တာနဲ့ လွဲချော်နေတာမို့ ဒီလိုဖြစ်ရပ် ကြုံခဲ့ရင် အကူအညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လမ်းမတော် ၅ရပ်ကွက်က ပြည်သူတွေရဲ့ အကူအညီနဲ့ အားပြတ်နေတဲ့ အဖိုးအိုကို လိုအပ်တဲ့ ကုသမှုတွေပေးနိုင်ဖို့ ဆေးရုံတင်နိုင်ခဲ့ပါတယ်။


Kamauyut Media

အပြည့်အစုံသို့ »

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ


မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။

Marn Htan Myo အမည် ဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ကင်မရာကို ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းများ ဖြန့်ဝေခဲ့ပြီး မန္တလေးတွင်ရောက်ရှိနေသည့် သတင်းထောက်များ၏ ကင်မရာများကိုဖျက်ဆီးပစ်ကြရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။

‘‘ကင်မရာကို ကွမ်းတံတွေး နဲ့ ထွေးတာ၊ တံတွေးနဲ့ ထွေးတာ၊ သဲနဲ့ မှန်ဘီလူးထဲထည့်လိုက်တာ ဒါတွေကတော့ စနစ်တကျလုပ် ထားတယ်လို့ပဲ ယုံကြည့်လို့ရတဲ့ အချက်အလက်တွေ။ ဒါမှမဟုတ်  သူ့မှာ အတွေ့အကြုံရှိပြီးသား။ ဒီ လိုမျိုးတော့ ယေဘုယျယူဆလို့ရ တာပေါ့’’ဟု မဇ္ဈိမသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ ဦးမျိုးသန့်က  ပြောသည်။

ထို့အပြင် သတင်းရယူနေ သည့် သတင်းထောက်များကို စနစ်တကျ မှတ်တမ်းတင်ခဲ့ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်များ တွင်သတင်းထောက်များကို ဓာတ်ပုံနှင့်တကွတင်ပြီး တိုက်ခိုက်ကြရန် လှုံ့ဆော်ခဲ့ကြသည်။

‘‘ဖေ့စ်ဘွတ်ခ်ထဲမှာ ကျွန် တော်တို့ ဓာတ်ပုံဆရာရဲ့ဓာတ်ပုံ ကို ဖြန့်ပြီးတော့ ဒီလူကိုတွေ့ရင် တော့ ၀ိုင်းပြီးတော့ တွယ်လိုက် ကြ၊ နှက်လိုက်ကျလို့ သဘော ရောက်စေတဲ့ အရေးအသားတွေ ဖြန့်ပါတယ်’’ဟု ဧရာဝတီသတင်း ဌာန၏ တာဝန်ခံအယ်ဒီတာဦးရဲ နည်ကပြောသည်။

အခင်းဖြစ်ပွားရာနေရာများ သို့ သွားရောက်သတင်းရယူရာ တွင် ရဲတပ်ဖွဲ့နှင့်အတူ သတင်း လိုက်ယူနေရသည့် အခြေအနေ တွင်ရှိကြောင်း၊ ရဲတပ်ဖွဲ့မရှိသည့် နေရာများတွင် လိုက်လံသတင်း ယူသည့်အခါ လူအုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုမျိုးရှိကြောင်း ဦးရဲနည်ကပြောသည်။

‘‘ရဲတပ်ဖွဲ့အနေနဲ့ သတင်း ထောက်တွေရဲ့ လုံခြုံရေးကို သူတို့နဲ့ အတူတကွရှိနေတဲ့အချိန်မှာ ကာကွယ်ပေးပါတယ်။ အဲဒါကိုကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်။ တာဝန်သိတဲ့အ တွက် လေးလည်းလေးစားပါတယ်’’ ဟု ဦးရဲနည်ကပြောသည်။

အကြမ်းဖက်မှုလုပ်နေသည့် အဖွဲ့အစည်းများက ၎င်းတို့ မဖော်ပြစေချင်သည့်ပုံများကို မီဒီယာများက ဖော်ပြမည် စိုးရိမ်သဖြင့် မီဒီယာကို ပစ်မှတ်ထားကာ ခြိမ်းခြောက်လာကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကပြောသည်။

‘‘အဓိကခြိမ်းခြောက်တာက တော့ သူတို့မကြိုက်တဲ့ သတင်း တွေ ဖော်ပြနေလို့ပဲ။ ကျင့်ဝတ် ညီတယ်၊ မညီဘူးသူတို့ပြောနေ တာမဟုတ်ဘူး။ သူတို့လည်း နားမ လည်ဘူး။ မီဒီယာကျင့်ဝတ်ဆို တာ ဘာလဲဆိုတာ စွပ်စွဲနေတဲ့သူ တွေက မသိဘူး။ ဒါပေမဲ့ သူတို့ စွပ်စွဲနေတာက ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေက ဒီလိုမျိုးဖော်ပြနေ တာ သူတို့မကြိုက်ဘူး’’ဟု ဦးနေ သန်မောင်ကပြောသည်။

သတင်းမီဒီယာများကို ခြိမ်းခြောက်သူများသည် ဖေ့စ်ဘွတ်ခ်တွင်သာမက အီးမေးလ်၊ ဖုန်းစသည်တို့ဖြင့်လည်း ခြိမ်း ခြောက်မှုများ ပြုလုပ်လျက်ရှိ သည်။

ရန်ကုန်အခြေစိုက် 7 Day သတင်းဌာနကိုလည်း အီးမေးလ်မှတစ်ဆင့် မန္တလေးမြို့ခံ အယောင် ဆောင်ကာ ခြိမ်းခြောက်သည့် စာ များပေးပို့ခဲ့သည်။

‘‘မီဒီယာကျင့်ဝတ်တွေ၊ သတင်းစာကျင့်ဝတ်တွေ၊ ဘာတွေလာမပြောမနေနဲ့။ မင်းတို့ သတင်းထောက်တွေ သတ္တိရှိရင် ညဘက်ကျုံးဘေးလာခဲ့။ ကုလားဘက်ပါမယ်တော့မကြံနဲ့။ မန္တလေးသားတွေ အကြောင်းသိစေရမယ်’’ဟု မန္တလေးမှပေးပို့သည့် ပုံစံဖြင့် [email protected] အမည်ဖြင့် အီးမေးလ်ပေးပို့ကာ ခြိမ်းခြောက်ခဲ့သည်။ အုပ်စုတစ်စုက နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ များကို အီးမေးလ်ဖြင့်ဖြစ်စေဖေ့စ် ဘွတ်ခ်မှ တစ်ဆင့်ဖြစ်စေ မကြာ ခဏရေးသားပေးပို့မှုများ လက်ခံ ရှိကြောင်း ကမာရွတ်မီဒီယာမှ ဦး နေသန်မောင်ကပြောသည်။

‘‘ဒီကိစ္စက မြန်မာပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကိုလည်း အကြီးအ ကျယ်ခြိမ်းခြောက်နေတာဖြစ် တယ်။ ပြည်သူအားလုံးရဲ့ သတင်းရပိုင်ခွင့်ကိုလည်း ခြိမ်းခြောက် တာဖြစ်မယ်။ အဲဒီခြိမ်းခြောက် နေတဲ့ လူတစ်စုက တစ်စုတည်း ပဲ။ မြန်မာပြည်မှာ အဲဒီဟာ အစိုး ရသိတယ်။ သူတို့ဖော်နိုင်တယ်။ အဲဒီတစ်စုတည်းကမျိုးစုံပတ်ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတာ။ ဒါအန္တရာယ်ရှိတယ်’’ဟု ဦးနေသန်မောင်ကပြောသည်။

သတင်းမီဒီယာများအား ရည်ရွယ်ချက်ရှိရှိစနစ်တကျတိုက် ခိုက်ခြိမ်းခြောက်မှုများကို နိုင်ငံ တကာရှိသတင်းထောက်များနှင့် မီဒီယာလွတ်လပ်ခွင့် အကာအ ကွယ်ပေးသည့်အဖွဲ့အစည်းများ သို့ အကြောင်းကြားထားကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည် ကပြောသည်။

‘‘ပြည်တွင်းမှာရှိတဲ့ သတင်း စာနဲ့ စာနယ်ဇင်းကိစ္စလုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က လည်း ဒီကိစ္စတွေကို အသိအမှတ် ပြုပြီး သတင်းထောက်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးလုပ် ဖို့မျှော်လင့်ပါတယ်’’ဟု ဦးရဲနည်ကပြောသည်။

မန္တလေးပဋိပက္ခအပါအ၀င် ပဋိပက္ခဖြစ်စဉ်အချို့တွင် သတင်း မီဒီယာများကို သေချာပြင်ဆင် ထားသည့်၊ အကြမ်းဖက်မှုများ စနစ်တကျလေ့ကျင့်ထားသည့် အဖွဲ့အစည်းအချို့က ပြုလုပ်နေသည့်ပုံစံအချို့ကိုတွေ့ရကြောင်း၊ ယင်းကိစ္စများအား အစိုးရအနေဖြင့် ဖိဖိစီးစီးအရေး ယူကိုင်တွယ်သင့်ကြောင်း မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးသီဟစောကပြောသည်။

‘‘အထူးသဖြင့် အကြမ်းဖက် အုပ်စုက သတင်းထောက်တွေကို အတော်ငြိုးနေကြတယ်။ သတင်းထောက်တချို့ကို ဓာတ်ပုံ မှတ်တမ်းရိုက်ယူထားတာမျိုးရှိတဲ့ အတွက် နောက်တစ်ကြိမ်တွေ့ တာနဲ့ ဒုက္ခပေးကောင်းပေးလာ နိုင်တယ်။ ရှေ့တန်းစစ်မြေပြင်လို စွန့်စားသတင်းယူပြီး ပြည်သူကို အဖြစ်မှန်တင်ပြပေးဖို့ ကြိုးစားနေ ကြတဲ့ ကျွန်တော်တို့ရဲ့လုပ်ဖော် ကိုင်ဖက်သတင်းထောက်တွေ အထူးဂရုစိုက်ကြပါ။ ကိုယ့်ကိုယ် ကိုယ်လုံခြုံမှုရှိဖို့က နံပါတ်တစ်ဆို တာ မမေ့ကြဖို့လိုပါတယ်’’ဟု The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ကမာရွတ်မီဒီယာမှ တင်ပြ ထားသည့် သတင်းများ၏ အောက်တွင် လူမျိုးရေး၊ ဘာသာရေး၊ လိင်စသည့်အကြောင်းအရာ များကို အကြောင်းပြုပြီး အမုန်း တရားများ ဖြန့်ဖြူးခြင်း၊ ခြိမ်းခြောက်မှုများပြုလုပ်ခြင်းစသည်တို့ကို ပြုလုပ်သူများကို မှတ်တမ်းတင်ထားခြင်း၊ သုံးစွဲသူ စာရင်းမှ ပယ်ဖျက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းတို့ကို စာရင်းပြုစုပြီး လုံလောက်သည့်အချိန်တွင် အရေးယူနိုင်ရန် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကမာရွတ်မီဒီယာမှ ဦးနေသန်မောင်က ပြောသည်။

7day daily

အပြည့်အစုံသို့ »

အမြန်လမ်းတွင် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း မရှိတော့ဟု ယာဉ်မောင်းများပြော



အမြန်လမ်းတစ်နေရာ (ဓာတ်ပုံ – မျိုးမင်းဦး)
အမြန်လမ်းတစ်လျှောက်ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးမှုများကို ယခုနှောင်းပိုင်းတွင် စစ်ဆေးခြင်းမရှိတော့ကြောင်း ခရီးသည်တင်ယာဉ်လိုင်းများမှ သတင်းရရှိသည်။

မေလ ၂၄ ရက်မှစတင်၍ အမြန်လမ်းပေါ်တွင်  မောင်းနှင် နေသော ယာဉ်များ ယာဉ်ကြံ့ခိုင် မှုနှင့် ကိုက်ညီမှုရှိ၊မရှိစစ်ဆေး အရေးယူများကို ဆောင်ရွက်ခဲ့သော်လည်း ဇွန်လအတွင်း  စစ်ဆေးမှုမရှိတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများကပြောသည်။
‘‘အခုနောက်ပိုင်းစစ်ဆေး တာတွေမရှိတော့ဘူး။   ယာဉ် မောင်းကလည်း  ဆင်ခြင်လာတဲ့ အတွက် မစစ်တော့တာဖြစ်နိုင် တယ်’’ဟု JJ (ဂျေဂျေ)မော်တော်ယာဉ်လိုင်းမှ အထွေထွေမန်နေဂျာဦးမြင့်ဦးကပြောသည်။

နေပြည်တော်မှ ရန်ကုန်ပြေး ဆွဲနေသော ယာဉ်လိုင်းများမှာ ယခင်က ယာဉ်ကြံ့ခိုင်မှုများကို  စစ်ဆေးခြင်းကြောင့်  ရန်ကုန်အ ထွက် အမြန်လမ်းထိပ်နှင့် နေပြည်တော် အမြန်လမ်းဂိတ်တို့တွင် ယာဉ်များ တန်းစီစစ်ဆေးခံရ ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်ကြံ့ခိုင်မှုရှိ၊မရှိစစ်ဆေးရာတွင် အမြန် လမ်းရဲတပ်ဖွဲ့၊  မော်တော်ယာဉ် ထိန်းသိမ်းရေးအဖွဲ့၊  ယာဉ်စည်း ကမ်းကြီးကြပ်ရေးကော်မတီများ က စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် စစ် ဆေးခြင်းမရှိတော့ပေ။

‘‘စစစ်ဆေးတဲ့ရက်ပိုင်းက ဆိုရင် သူတို့စစ်ဆေးနေတဲ့နေရာ မှာ ကားတွေ တန်းစီပြီးစောင့်ရ တယ်။  တချို့လည်းငွေပေးပြီး မောင်းသွားကြတယ်။  အခုစစ် ဆေးနေကြတဲ့ ရုံးတွေမရှိတော့ တာ  တစ်ပတ်ကျော်ကြာရှိသွား ပြီ။ စစ်ဆေးတဲ့ဂိတ်တွေမရှိတော့ ဘူးဆိုပေမယ့် ငွေပေးရတယ်၊ မပေးရဘူးဆိုတာကိုတော့  မပြောလိုတော့ပါဘူး။ အရင်စစ်တယ်ဆို တာကလည်း စစ်တဲ့နေရာတွေက ကျဉ်းနေတဲ့အတွက် ကားသမား တွေ အခက်အခဲဖြစ်တယ်’’ဟု ရန်ကုန် – နေပြည်တော်အမြန် လမ်းတွင် မောင်းနှင်နေသော အမည်မဖော်လိုသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် ခရီးသည်များကားပေါ်တွင် အန္တရာယ်ကြုံလာပါက သိထားသင့်သော အ ကြောင်းအရာများကို ယာဉ်ပေါ် ရှိ တာဝန်ရှိသူများက ပြောပြပေး ခြင်းမရှိတော့ကြောင်း ခရီးသည် များက ပြောသည်။

ယာဉ်မောင်းများနှင့်ယာဉ်ပိုင်ရှင်များအားပေးထားသည့် သတိပေးစာတွင် ကားမထွက်မီတွင် တာဝန်ရှိတဲ့သူတစ်ဦးက အန္တရာယ်ကြုံလာလျှင်မှန်ကိုမည်သို့ခွဲရမည်နှင့် ခါးပတ်များကို ပတ်ထားရန် သတိပေးပြောကြားပေးရမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။

ယာဉ်အန္တရာယ်ဖြစ်ပွားမှုများမရှိတော့သည့်နောက်ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ခြင်းမရှိတော့ကြောင်း၊ မိုးတွင်းကာလရောက်ရှိနေပြီ ဖြစ်၍ စစ်ဆေးရန် နေရာများအခက်အခဲကြောင့် ဆောင်ရွက်မှုမရှိခြင်းသာဖြစ်ကြောင်း ယာဉ်ပိုင်ရှင် အချို့ကသုံးသပ်ကြသည်။

‘‘နေပြည်တော်မှာ နေ့တိုင်းစစ်ဆေးနေပါတယ်။ ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိဆိုတာကို ရန်ကုန်မှာကတော့ မသိပါဘူး။ ကားမထွက် ခင်ကားမှာ လူဘယ်နှယောက်ဆံ့လဲဆိုတာကိုပါ စစ်တာပါ’’ ဟု နေပြည်တော်(မထသ)  ဥက္ကဋ္ဌ ဦးဝင်းဆွေကဆိုသည်။

7day daily

အပြည့်အစုံသို့ »

ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး အရှင်လတ်လတ် မီးရှို့ခံရပြီးနောက် ပဋိပက္ခများဖြစ်ပွား



ရဲတပ်ဖွဲ့၏ထိန်းသိမ်းခံရစဉ် ရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရသည်ဟု စွပ်စွဲထားသော ပါလက်စတိုင်း−အမေရိကန်ဆယ်ကျော်သက်လူငယ် တာရစ်အဘူခဒါကို မိခင်ဖြစ်သူက ပွေ့ဖက်ထားစဉ် (AHMAD GHARABLI/AFP)
ပါလက်စတိုင်း သား ဆယ်ကျော်သက်တစ်ဦး ဖမ်း ဆီးခေါ်ဆောင်ခံရကာ အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခံရ ကြောင်း အလောင်းခွဲစိတ်စစ် ဆေးမှုရလဒ်များက ဖော်ပြထား စဉ် ၎င်းသတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဂျေရုဆလင်မြို့ အရှေ့ပိုင်းမှ အစ္စရေးနိုင်ငံ မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ဖြစ်ပွားခဲ့သည်။

သိမ်းပိုက်ထားသော ဂျေရု ဆလင်မြို့အရှေ့ပိုင်း ရှူအာဖတ် ဒေသတွင် ဇူလိုင် ၂ ရက် စော စောပိုင်းက မိုဟာမက်အဘူခါဒါ (၁၆) နှစ် ဖမ်းဆီးခံထားရပြီး မကြာမီ ဂျေရုဆလင်မြို့အနောက် ဘက်တောအုပ်အတွင်း မီးလောင် ကျွမ်းထားသော ၎င်း၏ အ လောင်းကို တွေ့ရှိခဲ့သည်။

၎င်းသေဆုံးမှုကြောင့် ဖြစ် ပွားသော ပဋိပက္ခများမှာ အစ္စရေး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ ဖြစ်ပွားခဲ့ပြီး ယင်းမြို့များတွင် လမ်းများပိတ်ထားကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရ သည်။

၎င်း၏ ရုပ်အလောင်းကို ခွဲ စိတ်စစ်ဆေးရာတွင် အဆုပ်ထဲ၌ မီးခိုးများ တွေ့ရှိခဲ့သဖြင့် မီးရှို့ ခံရစဉ် အသက်ရှင်လျက်ရှိသေး ကြောင်း ပညာရှင်များက ဆုံးဖြတ် ခဲ့ကြသည်ဟု ပါလက်စတိုင်းသ တင်းဌာန Maan က ဖော်ပြသည်။

ယင်းကဲ့သို့ ပါလက်စ တိုင်းနှင့် ဆက်ဆံရေး တင်းမာနေ စဉ် အစ္စရေးရဲတပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားဆယ်ကျော်သက်တစ် ဦးကို ရိုက်နှက်ခဲ့သည်ဆိုခြင်းအ ပေါ် အမေရိကန်နိုင်ငံက ရှုတ်ချ လိုက်သည်။

အရှင်လတ်လတ် မီးရှို့ သတ်ခံရသူ၏ ညီဝမ်းကွဲ တာရဇ် အဘူခါဒါ (၁၅) နှစ်သည် ရှုအာ ဖတ်ဒေသတွင် ဇူလိုင် ၄ ရက်က ရဲတပ်ဖွဲ့၏ ရိုက်နှက်ဖမ်းဆီးခြင်း ခံရသည်ဟု မိဘများက အေအက်ဖ် ပီသတင်းဌာနအား ပြောသည်။

—Ref: AFP

7day daily

အပြည့်အစုံသို့ »

ကျေးဇူးပြု၍ ပစ်မထားပါနှင့်ခင်ဗျား... - ဖိုးစမ်းချောင်း (GG)



ချမ်းအေးလှသော ဒီဇင်ဘာ ည ၁၀နာရီခန့်တွင် ဖိုးစမ်းချောင်း တစ်ယောက် စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ အမရပူရမြို့အ၀င် ဖြစ်သော ရတနာဂူ အောက်နန်းမရောက်ခင် တပြခန့် အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦး လဲနေသည် ထင်ပြီး ကျော်သွားသည်။ နာရီ ကြည့်တော့ ၁၀နာရီ ၁၅မိနစ်ရှိလေပြီ။ ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီး ဟောင်နေသဖြင့် သတိပေးရန် နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ ဆိုင်ကယ်မှာ ဒူးကာများ ကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွား ပျက်စီးနေကာ တိုက်ခံရသော လူမှာလည်း သတိမေ့နေသည်။ ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ၊ သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ... သေပြီလားဟု တွေးမိသည်။ အနားလည်း အရမ်းကြီး မကပ်ရဲ... ဆိုင်ကယ်မီး ထိုးကြည့်သည်။ ရွှေဆွဲကြိုးတစ်ကုံး ၀တ်ထားသည်။ အနွေးထည် အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တစ်အိတ်ကို တွေ့သည်။

သူစဉ်းစားသည်...ရဲကို ဖုန်းဆက်ခေါ်ရမည်။ ဖုန်းက ဘက်ထရီကုန်နေသည်။ ဘယ်လိုမှ ဆက်မရ။ သို့နှင့် လာသမျှကားကို လက်တားသည်။ တစ်စီး.. နှစ်စီး ဆယ်စီးကျော်သွားပြီ...ဘယ်သူမှ ရပ်မပေး။ ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။ သို့သော် အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြှင့်၍ မောင်းထွက်သွားသည်။ သူဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသော လူနားတွင် ရပ်ထားလိုက်သည်။ စိုးရိမ်သည်က တခြားမဟုတ် ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ အနည်းငယ် လမ်းလျှောက်သွားပြီးနောက် မီးလင်းနေသည့် တိုက်အိမ်တစ်အိမ်သို့ ၀င်နှိုးသည်။ ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတစ်ယောက် ဆိုင်ကယ် တိုက်ခံရသဖြင့် ဖုန်းတစ်ချက်လောက် ဆက်ခွင့်ပေးပါ။ ဖုန်းမရှိ လျှင် မီးပလပ်ပေါက် ခဏသုံးပါရစေ... ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။ တံခါးဖွင့်မပေးပါ။ ဘာတဲ့.. ကိုယ့်ပြဿနာကိုယ် ရှင်းပါလို့တောင် အပြောခံလိုက်ရသည်။ ကဲကွာ...ဟု ရေရွတ်ရင်း နောက်ထပ် ဘာမှ ဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ ဖုန်းဘက်ထရီ ဖြုတ်သည်။ ပြန်တပ် ကြည့်သည်။ အားနည်း နည်းပေါ်လာသည်။ ထုံးစံအတိုင်း ၁၈၇၆ ရတနာပုံ တယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ အပိုတွေ မပြောပါနဲ့။ “အမရပူရ ရဲစခန်းဖုန်း နံပါတ်၊ ယာဉ်ထိန်းရုံး ဖုန်းနံပါတ်နဲ့ ချမ်းမြသုခ အသင်း ဖုန်းနံပါတ်ကို အမြန်ရှာပေးပါ။ သေရေးရှင်ရေး ကိစ္စမို့ပါ”ဟု ပြောရသည်။ နို့မို့ဆိုလျှင် ယင်းဖုန်းဖြေသူများက အပိုတွေ ပြောလွန်းသည်ကိုး။ ဟိုဖက်ကလည်း နားလည်ရှာသည်။ အစ်ကို... ခဏစောင့်ဟု ပြောပြီး ဖုန်းနံပါတ် ချက်ချင်းရှာပေးသည်။ တစ်မိနစ်သာ ကြာသည်။ နာရီ ကြည့်လိုက်တော့ ၁၁နာရီ ၁၆မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈သို့ ဖုန်းဆက်သည်။ ချက်ချင်း ကောက်ကိုင်သည်။ အကျိုးအကြောင်း ပြောပြတော့ ခဏစောင့်ပါ။ ယာဉ်ထိန်းရုံးနှင့် ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ လူမှုကူညီရေး အသင်း ဖြစ်သော ချမ်းမြသုခ ဖုန်း ၀၂၅၉၁၆၄သို့ ဖုန်းဆက်သည်။ ချက်ချင်းလာခဲ့မည်ဟု ပြောသည်။

ထိုသို့ သူအလုပ်များနေခိုက် ကုန်တင်ကားတစ်စီး မောင်းလာသည်။ ထုံးစံအတိုင်း သူတားသည်။ မှတ်မှတ်ရရ အစီးသုံးဆယ်မြောက် မရပ်ပေးပါ... သူတားသည့် နေရာမှ တော်တော်လေး ကျော်သွားသည်။ ပြီးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ ဘာဖြစ်တာလဲဟု မေးပြီး ထိုလူနားတွင် နေပေးသည်။ တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ ကားတစ်စီး ရပ်ပေးတယ်။ ဘာဆက်လုပ်ရမလဲဟု မေးရာ ခဏစောင့်ပါ...သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ ခဏအကြာ ပွမ်ပွမ်ဖြင့် ချမ်းမြသုခ အရေးပေါ်တင်ကား ရောက်လာချေပြီ။ ရောက်ရောက်ချင်း လူနာတင်ကား ယာဉ်မောင်းက လူနာလဲကျနေသည့် ပုံစံကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူ ဓာတ်ပုံရိုက်သည်။ ထို့နောက် မိမိနှင့်ညှိသည်။ ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။ လူနာအား ဆေးရုံကြီးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ၀ိုင်းဝန်း သဘောတူလိုက်သည်။ ဘေးဒရိုင်ဘာက တားသည်။ မင်းအမှုပတ် လိမ့်မည်တဲ့...ကိစ္စမရှိဟု ပြောလိုက်သည်။

ထိုစဉ် ရဲတစ်ယောက် အရက်မူးပြီး ရောက်လာသည်။ အရပ်ဝတ်ဖြင့် ဆိုင်ကယ်အား ဒယိမ်းဒယိုင် မောင်းလာသည်။ မိမိတို့အား ပေါက်တက်ကရ လာမေးသည်။ လူတွေ ရုံးစုရုံးစုဖြစ်ခိုက် ယင်းအခင်း ဖြစ်နေရာ ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်း စသည့်လူများ ထွက်လာသည်။ ထိုရဲက တာဝန်ဖြင့် မဟုတ်။ ဆေးခွင့်ယူထားသည်ဟု မိမိတို့ မေးမြန်းချက်အရ သိလိုက်ရသည်။ ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအား အဖက်မလုပ်၊ လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီး ကားပေါ်တင်သည်။ မိမိလည်း လျှိုလို့မရတော့...ဂျာနယ်တစ်ခုမှ သတင်းထောက်ပါဟု အသိပေးလိုက်သည်။ ထိုအရပ်ဝတ် နှင့်ရဲ ပြန်လှည့်သွားသည်။ အဖြစ်အပျက်ကား မြန်လွန်းပေစွ။ ငါးမိနစ်ခန့်သာ ကြာမည်။ ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှူးရုံး သို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့် တွန်းလာခဲ့သည်။ ဘီး သုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ ဆိုင်ကယ်သုံးစီး အမြန်မောင်းလာသည်ကို တွေ့ရသည်။ မှန်ပါ့ တောင်မြို့ ရဲစခန်းမှ စခန်းမှူးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ ဒုရဲအုပ်လည်းပါသည်။ တခြားအဆင့် လည်းပါသည်။ မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။ အကြောင်းစုံပြောသည်။ ဆိုင်ကယ် တူးဘောက်အား ဖွင့်ကြည့်မှ ထိုဆိုင်ကယ် အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ လိုအပ်သည်များ မေးမြန်းပြီး မိမိအား ချက်ချင်း ပြန်လွှတ်လိုက်သည်။ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ပြောသည်။ ဘေးကလူများအား နာမည်နှင့် လိပ်စာ မေးသော အခါ ပြဿနာ စလေပြီ။ ထိုလူများကား တစ်ယောက်နှင့် တစ်ယောက် နာမည် လွှဲချနေသည်။

မိမိစိတ်မကောင်းမိ။ သူတို့ကိုလည်း အပြစ်မပြောလို။ သူတို့သည်လည်း ရဲ၊ ယာဉ်ထိန်းရဲများ နှင့်ပတ်သက်၍ ဇာတ်လမ်းမျိုးစုံ ကြားဖူးပေလိမ့်မည်။ တရားရုံးနှင့် မပတ်သက်လိုသည်ကိုလည်း ကောင်းကောင်း နားလည်သည်။ မြန်မာနိုင်ငံအနှံ့တွင် သူတို့ကဲ့သို့ လူပုဂ္ဂိုလ်များ အများအပြား ရှိပါလိမ့်မည်။ လမ်းဘေးတွင် ယာဉ်မတော်တဆမှု တစ်ခုခုကြောင့် သွေးထွက်သံယိုဖြစ်ကာ ဒုက္ခ ရောက်နေသော လူများကိုတွေ့လျှင် မြန်မာ လူမျိုးတိုင်းလိုလို ကူညီချင်ကြပါသည်။ သို့သော်လည်း ယင်းသို့သော်သည် အရေးကြီးပါသည်။ ယင်းသို့သော်ကြောင့် မဆုံးရှုံးသင့်သော အသက်များစွာ နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေရပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဒုက္ခရောက်နေသည့် လူတစ်ယောက်ကို ကိုယ်ရောစိတ်ပါ ကူညီရန် ဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန် ခက်ခဲ့သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ နောက်တစ်ချက်မှာ ပြောင်းလဲလာသော လူနေမှုစနစ်ကြောင့်လည်း ဖြစ်နိုင်သည်။ ယနေ့ မြန်မာ့လူ့ဘောင်တွင် ကိုယ်နှင့်မဆိုင်လျှင် မသိသလို နေတတ်သော၊ မသိချင်ယောင်ဆောင်နေ တတ်သည့် အကျင့်ဆိုးတစ်ခု တဖြည်းဖြည်းနှင့် အမြစ်တွယ်လာသည်ဟု သုံးသပ်လျှင် လွန်အံ့မထင်။ ထိုကဲ့သို့ နေထိုင်ရခြင်းကို အသားကျနေသော လူများကိုလည်း အပြစ်မတင်လို။ ယခင် စစ်အစိုးရ လက်ထက်တွင် ဘာသိဘာသာ မနေတတ်သူများ၊ အများအကျိုး အတွက် သူရဲကောင်း လုပ်သူများ ဒုက္ခပွေရသည်ကို ကြားရမြင်ရသည်မှာလည်း များလှပြီ မဟုတ်ပါလော။ သို့သော် စာရှုသူ သတိချပ်ပါ။ မြန်မာနိုင်ငံသည် အပြောင်းအလဲများ စတင်လုပ်ဆောင်နေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ ယခင် ခေတ်ကဲ့သို့ အရာရာကို ကြောက်အားပိုကာ မဆိုင်လျှင် မျက်နှာလွှဲ မနေပါနဲ့တော့။ အင်တာနက် ခေတ်တွင် အစိုးရ၀န်ထမ်းများလည်း ယခင်ကကဲ့သို့ ခြိမ်းခြောက် မာန်မောင်းမှုများနဲ့ သွားပါချေပြီ။ အသက်တစ်ချောင်း ကယ်ကောင်းပါသည်။ လမ်းဘေးတွင် သွေးသံရဲရဲနှင့် အချိန်မီ ဆေးရုံပို့ရန် လိုအပ်နေသော လူနာတွေ့လျှင် ပစ်မထားပါနှင့်။ ထိုအသက်တစ်ချောင်း ကယ်လိုက်သောကြောင့် ရဲများက သင့်ကိုအနည်းငယ် မေးကောင်း မေးနိုင်ပါလိမ့်မည်။ ယာဉ်ထိန်းအရာရှိက ဖြစ်စဉ် ပြောကောင်း ပြောခိုင်းပါလိမ့်မည်။ အလွန့်အလွန် လိုအပ်လှပါမူ တရားရုံးတွင် အချိန်တစ်ရက်ခန့် ပေးကာ သက်သေထွက်ဆိုရကောင်း ထွက်ဆိုရနိုင်ပါသည်။ သို့သော် ထိုကဲ့သို့... ထိုကဲ့သို့သော အနည်းငယ် ကြုံတွေ့ရကောင်း၊ ကြုံတွေ့နိုင်မည့် နောက်ဆက်တွဲ ဒုက္ခများနှင့် မိမိကယ်တင် လိုက်သော လူတစ်ယောက်၏ ရရန်ခက်ခဲလှသော ဘ၀တစ်ခု ရှင်သန်သွားမည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ် ကြည့်လိုက်ပါလျှင် ထိုကိစ္စရပ်များသည် ပမွှားမျှသာ ဖြစ်ပါသည်။

ကား၊ ဆိုင်ကယ်ဈေးနှုန်းများ ကျဆင်းလာသည်နှင့်အမျှ အလွှာ ပေါင်းစုံမှ လူအသီးသီးသည်လည်း ယာဉ်များကို ပေါပေါများများ စီးလာနိုင်ကြသည်။ မန္တလေးမြို့ပေါ်တွင် ၂၀၁၃ နှစ်ကုန်ပိုင်းအထိ မှတ်ပုံတင်ထားသည့် ဆိုင်ကယ် နှစ်သိန်းခန့်၊ မော်တော်ယာဉ် ခုနစ်သောင်းခန့်ရှိသည်ဟု ကုန်းလမ်း ပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းစာရင်းတွင် သောင်းနှင့် ချီရှိနိုင်သော လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၏ အရေအတွက်ပါ ထည့်ပေါင်းဖို့ လိုပါသေးသည်။ နောက်တစ်ချက်မှာ ယာဉ်မောင်းလိုင်စင် လွယ်လွယ်ကူကူ ရခြင်း၏ အကျိုးဆက် အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မသိနားမလည်စွာ မောင်းနှင် သကဲ့သို့ သိသိကြီးနှင့် မိုက်ရူးရဲဆန်ဆန် မောင်းနှင်သူ အရေအတွက်လည်း တိုးပွားလာသည်။ မိမိဘက်မှ လမ်းမှန်နည်းမှန်အတိုင်း စီးနင်းသော်လည်း စည်းကမ်းမဲ့စွာ မောင်းနှင်သူတစ်ဦးနှင့် တွေ့ဆုံမိလျှင် ယာဉ်တိုက်မှုနှင့် ကြုံတွေ့ရဖို့ လက်တစ်ကမ်း အကွာတွင် ရှိပါသည်။ ယခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း ယာဉ် တိုက်မှုပေါင်း ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး ၁၃၀ ဦးရေ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကာ ၄၆ဦး သေဆုံးခဲ့သည်ဟု ကိုးလုံးတကာ ယာဉ်ထိန်းရုံးထံမှ သိရသည်။ ထို့အတူပင် ယခုနှစ် မန္တလေးသင်္ကြန်တွင်း ယာဉ်တိုက်မှု လူနာဦးရေကို ကြည့်လျှင် သင်္ကြန် လေးရက်အတွင်း ယာဉ်တိုက်မှု လူနာ ၉၀၀နီးပါး (၈၈၀)ရောက်လာ သည်ကို တွေ့နိုင်သည်။

ယင်းပမာဏမှာ ယမန်နှစ် လူနာဦးရေထက် ၂၀၀ နီးပါး ပိုသကဲ့သို့ သေဆုံးသည့် ဦးရေမှာလည်း ပိုများပါသည်။ ဆေးရုံဆေးခန်း ရောက်မလာဘဲ မန္တလေးထုံးစံအတိုင်း မိမိဘာသာ တိုးတိုးတိတ်တိတ် ကြိတ်ဖြေရှင်းကြသည့် ယာဉ်တိုက်မှုပမာဏမှာလည်း မနည်းလှပါ။ ထိုကိန်းဂဏန်းများကိုကြည့်လျှင် လမ်းပေါ်တွင် ယာဉ်စီးနင်းနေသည့် မည်သည့် ပုဂ္ဂိုလ်မဆို ယာဉ်မတော်တဆဖြစ်မှုနှင့် အချိန်မရွေး ကြုံတွေ့နိုင်သည်ဆိုသည့် အချက်အား မမေ့ထားအပ်ပေ။

ယာဉ်တိုက်မှု ဖြစ်ပွားသည်ကို တွေ့လျှင် တတ်အားသမျှ ကူညီသင့်ပြီး နီးစပ်ရာ ယာဉ်ထိန်းရုံး၊ ရဲစခန်း၊ နာရေးကူညီမှုအသင်း စသည်တို့အား ဖုန်းဆက်အကြောင်း ကြားသင့်ကြောင်း၊ လူနာသွေးထွက် လွန်နေပါက သွေးတိတ်စေရန် တစ်ခုခုနှင့် စည်းနှောင်ပေးသင့်ပြီး မကြောက်လန့်စေရန် အားပေး သင့်ကြောင်း၊ ထို့အတူ မော်တော် ပီကယ်များ၊ ရဲများနှင့် ပတ်သက် ဆက်နွှယ်ရမည်ကို တွေးကြောက်ကာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရနေသူအား ပစ်မထားစေလိုကြောင်း၊ ထိုကဲ့သို့ ကူညီပေးမှုကြောင့် ရဲ၊ ယာဉ်ထိန်း တစ်စုံတစ်ဦးမှ ပြဿနာရှာပါက မိမိ ဖုန်းနံပါတ် ၀၉၂၀၀၉၃၀၆သို့ အချိန်မရွေး ဆက်ကာ အကြောင်းကြား စေလိုကြောင်း၊ အခင်းဖြစ်ပွားရာ ဒေသရှိ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း ချိတ်ဆက်ကာ ယင်းကဲ့သို့ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဖြေရှင်း ပေးသွားမည်ဟု အမရပူရ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အတည်ပြု ပြောကြားပါသည်။ မိမိတို့အနေဖြင့် မိမိမြို့နယ် မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များအား ယခုထက်ပို၍ အလုပ်ပေးရန်၊ အသိပေးရန်၊ အပူကပ် ရလိုပါသည်။ ၄င်းတို့ကလည်း ကူညီရန် အသင့်ရှိကြပါသည်ဟု ပြောလိုပါသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများအား ကူညီပြီး ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးသည့် ပြည်သူများ၊ ယာဉ်မောင်း ပိုင်ရှင်များအား အခင်းဖြစ်ပွားသည့် နေရာတွင်သာ မေးမြန်းလေ့ရှိပြီး ယာဉ်ထိန်းရုံး၊ ရဲစခန်း၊ တရားရုံးစသည်များသို့ ဆင့်ခေါ်မေးမြန်းမှု ပြုလုပ်လေ့ မရှိပါကြောင်း၊ အမှားအမှန် ခွဲခြားရန် ခဲယဉ်းသည့် အမှုမျိုးအား တရားတဘောင် ရင်ဆိုင်ရသည့် အခါမှသာ မျက်မြင်သက်သေများကို တရားရုံးသို့ တစ်ကြိမ်မျှ ရုံးချိန်း ခေါ်ကြောင်း၊ သို့သော်လည်း ထိုကဲ့သို့ သက်သေကို ရုံးခေါ်သည့်ကိစ္စများမှာ ရှားပါးလှသည်ဟု မန္တလေးမြို့ ကိုးလုံးတကာ ယာဉ်ထိန်းရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက ပြောသည်။

“ဒဏ်ရာ မကြီးကျယ်ဘူးဆိုရင်တော့ တာဝန်ရှိသူ တစ်ဦးဦး လာတဲ့အထိ စောင့်ပေးသင့်ပါတယ်။ ဒဏ်ရာက သွေးထွက် အရမ်းလွန်နေပြီး ဆေးရုံကို အမြန်ဆုံးပို့သင့်တဲ့ အခြေအနေဆိုရင်တော့ ကျွန်တော်တို့ကို ဖုန်းဆက် အကြောင်းကြားပြီး လူနာတင်ကားနဲ့ ပို့သင့်ပါတယ်။ အခင်းဖြစ်နေရာကို ဓာတ်ပုံလေး ရိုက်ထားနိုင်ရင်တော့ ပိုကောင်းတာပေါ့”ဟု ၄င်းအရာရှိမှ အကြံပြုသည်။

ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းကျန်းမာရေး ဦးစီးဌာနအောက်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းများတွင် စစ်ဆေး ကုသပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပို့ဆောင်ပေးရပါကြောင်း၊ အရေးပေါ် အခြေအနေများတွင် ရဲတပ်ဖွဲ့ဝင်များ မရောက်ရှိသေးမီမှာ လူနာ၏ အသက်အန္တရာယ် ဘေးကင်းရေး အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင် ကုသပေးရပါကြောင်း၊ ဒဏ်ရာမှာ ကြီးကျယ်ပြီး သေမည်/ ရှင်မည်ကို မသိနိုင်သည့်အခါ လူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ရန်လည်း အခက်အခဲ ရှိသည့်အခါ အခင်းဖြစ်ပွားရာ အရပ်တွင် လက်မှတ်ရ ဆရာဝန် သို့မဟုတ် ကျန်းမာရေးမှူး ရှိလျှင် ၄င်းတို့ကို လူနာအား အရေးပေါ် ကုသပေးရန် တောင်းဆိုရမည်။ ထို့နောက် ယင်းလူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း စသည်တို့ကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းမှ ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကို၏ အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြန်လှန်ဖြေကြားခဲ့ သော်လည်း အပြင်တွင်မူ ထိုသို့ လုပ်ဆောင်ရန် ခဲယဉ်းတုန်းပင် ဖြစ်သည်။

ကိုယ်ရည်သွေးသည်ဟုပြောလျှင် ခံပါမည်။ မိမိအနေဖြင့် ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွင်းမှာပင် ယာဉ်တိုက်မှုဖြစ်ကာ ဒဏ်ရာရနေသော လူများအား ၀င်ရောက် ထူမပေးခြင်း၊ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်း၊ ယာဉ်ထိန်းရဲသို့ ဖုန်းဆက် အကြောင်းကြားပေးခြင်းတို့အား ကြုံလျှင်ကြုံသလို လုပ်ဆောင်ခဲ့သည်မှာ ခြောက်ဦး၊ ခုနစ်ဦးခန့် ရှိလာပြီဖြစ်သည်။ ယနေ့အချိန်ထိ မည်သည့် ယာဉ်ထိန်းရဲကမှ စခန်းသို့ ခေါ်ယူ စစ်ဆေးခြင်းမရှိပါ။ လုပ်ထုံးလုပ် နည်းအတိုင်း မိမိနာမည်၊ လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကိုသာ တောင်းယူခြင်းတော့ ရှိပါသည်။ ကျန်သည့် နောက်ဆက်တွဲ ပြဿနာ အရှုပ်အရှင်း ဘာတစ်ခုမှ မကြုံရသေးပါချေ။ ၀န်ခံရလျှင် မိမိကြောင့်လည်း ဆိုင်ကယ်တိုက် ခံရသည့် လူနာတစ်ဦး ပိုက်ဆံအိတ် ပျောက်ဖူးပါသည်။ သို့သော်လည်း ယင်းလူနာ သတိရလာသောအခါ မိမိကို အပြစ်လုံးဝမဆိုပါ။ သူ့အသက်ရှင်သည့် အတွက်သာ ထပ်ခါ ထပ်ခါ ကျေးဇူးတင် စကားဆိုပါသည်။

သေချာ စဉ်းစားကြည့်လျှင် မည်သူမဆို ပစ္စည်းပစ္စယထက် သူ့အသက်ကိုသာ နှမြောမည် ဖြစ်ပါသည်။ စေတနာ အရိုးခံဖြင့် ကူညီသောကြောင့် တစ်စုံတစ်ခု လွဲချော်သွားလျှင်လည်း ပစ်ပစ်ခါခါပြောမည် မဟုတ်ပါ။ မိမိကတော့ ရှင်းသည်။ ပြောလျှင်လည်း ခေါင်းငုံ့ခံပါမည်။ ထိုကဲ့သို့ အပြောခံရခြင်းထက် အသက်တစ်ချောင်း ကယ်လိုက်ရသော ကုသိုလ်အကျိုးကို ဗုဒ္ဓဘာသာ တစ်ဦးပီပီ ပိုတန်ဖိုးထားပါသည်။ တကယ်တော့ သူ့အနေဖြင့်လည်း ယခုကဲ့သို့ ကူညီခဲ့သည်မှာ သိပ်တော့ မကြာသေးပါ။ သူနှင့် ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး ယမန်နှစ် ၀ါဆိုလပြည့်နေ့တွင် ပြင်ဦးလွင် ခြောက်ထပ်ကွေ့ အနီး၌ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ရာမှ သွေးလွန်ကာ သေဆုံးရှာသည်။ အသက် ၂၀ကျော်သာ ရှိသေးသည့် တက္ကသိုလ် ကျောင်းသား လူငယ်တစ်ဦး ဖြစ်ပါသည်။ ယင်းနေ့တွင် မန္တလေး-ပြင်ဦးလွင် လမ်းတစ်လျှောက် သွားလာနေသည့် ဆိုင်ကယ်၊ ကားအစင်းများစွာ ရှိသော်လည်း တာဝန်သိသိဖြင့် ၀င်ရောက် ကူညီကာ ဆေးရုံပို့ပေးမည့် ပြည်သူ တစ်ဦးရဖို့ အတွက် အချိန်များစွာ စောင့်လိုက်ရသောကြောင့် ယခုကဲ့သို့ ကြွေလွင့်သွားရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ကြုံတွေ့ရပြီးနောက် မိမိသူငယ်ချင်းကဲ့သို့ အဖြစ်ဆိုးများ အခြားလူများလည်း မကြုံတွေ့စေချင်သော စေတနာဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ စာရှုသူများကိုလည်း တစ်ခု တောင်းဆိုချင်ပါသည်။ ဟုတ်ကဲ့...ကျေးဇူးပြု၍ ပစ်မထားပါ နှင့်ခင်ဗျား...။ ။

ဖိုးစမ်းချောင်း(GG)

http://tomorrow.com.mm/?q=articles%2F703



အပြည့်အစုံသို့ »

ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်။



ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန်အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

News Eleven

အပြည့်အစုံသို့ »

သင့်ရဲ့လက်ကိုင်ဖုန်းကြောင့် သင်တို့ရဲ့ချစ်သူဘဝ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာများ


လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို  စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Ref:seventeen.com

Trend Myanmar

အပြည့်အစုံသို့ »