မြန်မာလုပ်သား ၂၀ ကျော် ထိုင်းတွင်လစာမရ၍ သစ်ရွက်ပြုတ်စားနေရသည်ဆိုသော သတင်းကို အေဂျင်စီနှင့် လုပ်သားများ ပြန်ရှင်း


ထိုင်းနိုင်ငံရောက် မြန် မာအလုပ်သမား ၂၀ ကျော် လုပ် ခလစာမရ၍ သစ်ရွက်များ ပြုတ် စားနေသည်ဟု အင်တာနက် ၀က်ဘ်ဆိုက်များတွင် ပျံ့နှံ့ခဲ့သည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါ အလုပ်သမားများနှင့် ပို့ဆောင်ခဲ့သည့် အေဂျင်စီတို့မှ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်ခန့်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆောက် လုပ်ရေးကုမ္ပဏီသို့ တရားဝင်စေ လွှတ်ခဲ့သော အလုပ်သမား ၂၆ ဦးသည် အလုပ်ရှင်က လစာမပေး သောကြောင့် စားစရာမရှိ၍ ဟင်း သီးဟင်းရွက်များ ပြုတ်စားနေရ ပြီး အစိုးရ ပိတ်ပင်ထားသည့် မွတ်စလင်သောင်းကျန်းသူများရှိသော နေရာများတွင် အလုပ်လုပ်ကိုင်နေရကာ အေးဂျင့်များက ၀န်ဆောင်ခနှုန်းထားကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပြီး ပတ်စ်ပို့စာအုပ်များ ကိုင်ဆောင်ခွင့်မရကြောင်း စသည်ဖြင့် အင်တာနက် ၀က်ဘ်ဆိုက်များတွင် မမှန်မကန်ဖော်ပြခဲ့ပြီး ဇူလိုင် ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကလည်း ဖော်ပြခဲ့သည်။

အဆိုပါ သတင်းများမှာ မှန် ကန်မှုမရှိဘဲ သတင်းအမှားသာ ဖြစ်ကြောင်း ပို့ဆောင်ခဲ့သည့် ရေရွှည်ဖြိုးအောင်အေဂျင်စီနှင့် ယင်းအလုပ်သမား ၂၀ ခန့်က သြ ဂုတ်လ ၁ ရက်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘ငြင်းတာမဟုတ်ပါဘူး။ သ တင်းအမှန်ကို ချပြတာပါ။ နောက် ကျွန်တော်တို့သာ ဆက်သွယ် ရင် ချက်ချင်းဖြေရှင်းပေးမှာပါ’’ ဟု ရွှေရည်ဖြိုးအောင် ကုမ္ပဏီ ဒါ ရိုက်တာ ဦးမိုးကျော်က ပြောကြားသည်။

ဖြစ်စဉ်မှာ အဆိုပါ ထိုင်း တောင်ပိုင်းစတုံမြို့သည် အစိုးရ လုပ်သားစေလွှတ်ခွင့်ပြုထား ပြီး လုပ်ခလစာ မရရှိခြင်းမှာ နိုင်ငံ ရေးအခြေအနေကြောင့် လစာ ပေးရန် နောက်ကျခဲ့ခြင်းသာ ဖြစ် ပြီး သစ်ရွက်များ ပြုတ်စားနေရ သည်မှာ အလုပ်သမားများ အနေဖြင့် ခြိုးခြံချွေတာခြင်းသာဖြစ် ကြောင်း ၎င်းတို့က ပြန်လည်ချေပခဲ့သည်။

‘‘ကျွန်တော်တို့က ဟိုမှာဆို လက်ထဲမှာ ပိုက်ဆံသိပ်မထား ဘူး။ စုမိတာနဲ့ အိမ်ကိုပို့တယ်။ ဒါပေမဲ့ ဒီလမှာ ကျွန်တော့်အလုပ် ရှင်က လစာပေးဖို့ နောက်ကျ တော့ ကျွန်တော်တို့ ပိုက်ဆံမရှိ လို့ ဟင်းရွက်တွေ သုပ်စားတာပါ။ ကျွန်တော်တို့ လစာမရသေးတာ။ ကိုယ်စားလှယ်ကို ပြောတယ်။ သူ က အေးဂျင့်ကိုပြောတော့ မသိခဲ့ တာ’’ ဟု မကွေးတိုင်းတွင်နေထိုင် သော အလုပ်သမား ကိုဟန်အေး  ကပြောသည်။

ထို့အပြင် အဆိုပါ လုပ်သား များ ကြုံတွေ့နေသည့်ဖြစ်စဉ်ကို ထိုင်းရှိ မြန်မာအဖွဲ့အစည်းတစ်ခု က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ ပြီးနောက် အရွက်များ သုပ်နေ သည်ကို ပြုတ်စားနေရသည်ဟု ဆို၍ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းဖေ့စ်ဘွတ်ခ်စာ မျက်နှာ အမည်မှာ ရွှေလုပ်သား၊ သစ်ထူးလွင်နှင့် ရွှေမြန်မာဝက်ဘ် ဆိုက်တို့တွင် ဖော်ပြခဲ့ခြင်းဖြစ် သည်။

‘‘အဲဒီအဖွဲ့အစည်းက တစ် ဖက်နိုင်ငံမှာ ဖြစ်နေတဲ့အတွက် သွားအရေးယူလို့  မရပါဘူး။ ကျွန်တော်တို့က ထိုင်းက အဖွဲ့အ စည်းတွေ အားလုံးကို ဖိတ်ခေါ် တယ်။ မတူတာဖယ်ပြီး တူရာ ပူး ပေါင်းဆောင်ရွက်မယ်။ ဦးတည် ချက်ချင်းတူပါတယ်။ အလုပ်သ မား ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ သူတို့ကို အရေးယူဖို့ဆိုတာ သက်ဆိုင်ရာ နိုင်ငံအစိုးရကိုပဲ အရေးယူလို့ရတာပါ’’ ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

လက်ရှိ အဆိုပါ လုပ်သား များသည် လုပ်ခလစာ ၁၅ ရက် စာ ရရှိထားပြီး ကျန် ၁၅ ရက် လုပ်ခလစာကို သြဂုတ်လ ၂ ရက် တွင် အပြီးရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအလုပ်သမား များသည် တစ်ရက်လျှင် ဘတ် ၃၀၀ ဖြင့် လုပ်ခလစာ ရရှိကြ ကြောင်း သတင်းရရှိသည်။

7day daily

အပြည့်အစုံသို့ »

လေးပွင့်ဆိုင်တွေ့ဆုံရေး အဓိက ကျကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော



အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ အဓိကကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီလေးပွင့်ဆိုင် ဆိုတာ လေးယောက်ထိုင်ပြီးတော့ စကားပြောတာ ပြီးတော့ ထမင်းစားချင်လို့ ဘာလို့ မဟုတ်ဘူး၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာတွေကို နောက်ဆုံး ကျတော့ ဘယ်လိုဘက်ကနေ လှည့်ပတ်ကွေ့ကောက် ပြီး ပြောပြော၊ မညှိနှိုင်းပဲနဲ့ ဘယ်တော့မှ သဘော တူညီချက်မရဘူး၊ အဲဒီလို ဆွေးနွေးညှိနှိုင်းတိုင်ပင် ပြီးတော့ရတဲ့ သဘောတူညီချက်အရသာ နိုင်ငံတစ်နိုင်ငံမှာ တကယ့် ပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့် ပဋိပက္ခများ ပြေငြိမ်းရေးကို လုပ်နိုင်မယ်၊ ဒါဟာ အတွေ့အကြုံအရ ပြောနေတာ၊ စိတ်ကူးယဉ်ပြီးပြောနေတာ မဟုတ်ဘူး"

ဒါ့အပြင် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA

အပြည့်အစုံသို့ »

ဝန်ကြီးသစ်နှစ်ဦး ခန့်အပ်ရေး လွှတ်တော် အတည်ပြု



လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနအတွက် ဒုတိယ၀န်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန အတွက် ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင် တို့ကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ နာယက သူရဦးရွှေမန်းက အခုလိုကြေညာခဲ့ပါတယ်။

"လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ရာထူးနေရာတွင် ယင်းဌာန၏ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ရာထူးနေရာတွင် ယင်းဌာန၏ ဒုတိယ ဝန်ကြီး ဒေါက်တာ သန်းအောင်တို့ကို ခန့်အပ် တာဝန်ပေးခြင်းကိစ္စနဲ့ စပ်လျဉ်းပြီး နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့်ကွက်ချက် တစုံတရာမရှိတဲ့ အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရဲထွဋ် အား၎င်း၊ ကျန်းမာရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ သန်းအောင် တို့အား၎င်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပြီးခဲ့တဲ့ ၃ ရက်က နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာခဲ့ပြီး ဒုတိယ၀န်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဒေါက်တာ သန်းအောင်တို့ကို အစားထိုးခန့်အပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ထံ အဆိုပြုတင်ပြခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

အတိုးနှုန်းသက်သာသော နိုင်ငံများမှ မကြာမီ ငွေချေးယူနိုင်တော့မည်



 မြန်မာနိုင်ငံက ဥရောပ သမဂ္ဂနိုင်ငံများ အပါအ၀င် အတိုး နှုန်းသက်သာသော နိုင်ငံများမှ ချေးငွေများကို မကြာမီ ချေးယူ နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ၏ စီးပွားရေး အကြံ ပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦးက ပြောကြားသည်။

‘‘နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က စောင့်ကြည့်တာ တစ်နှစ်ပြည့်သွားပြီ။ မကြာခင်မှာ အတိုးနှုန်း သက်သာတဲ့ ချေးငွေ တွေ ချေးနိုင်တော့မှာပါ’’ ဟု အ ထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံကို ချေးငွေပေး ရန် ပါရီကလပ်က အကြွေးငွေ လျော်ပြီးသည့်အချိန်မှစ၍ ဆွေးနွေးခဲ့ပြီးနောက် ချေးငွေများပေးရန် ထပ်မံစောင့်ကြည့်လေ့လာခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်သည်ရေရှည်ခိုင်မာမှု ရှိနိုင်မည်ဟု သုံးသပ်ချက်များ၊  မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံကို ငွေချေးနိုင်သော နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံများ အပါအ၀င် နိုင်ငံတကာမှ ချေးငွေ များကို မကြာမီ ချေးယူနိုင်မည်ဖြစ်သည်။ သို့သော် အစိုးရသည် တရုတ်နိုင်ငံမှ ချေးငွေများကိုသာ အတိုးနှုန်းပိုများသော်လည်း ချေးယူနေသည်။

တရုတ်နိုင်ငံမှ ချေးငွေများရယူနေမှုသည် ၀န်ကြီးဌာန တစ်ခုချင်းစီမှ ချေးယူသည့် ပုံစံဖြစ်သည်။ ပါရီကလပ်မှ လက်ကျန်အကြွေးများ ရှင်းပြီးသော်လည်း မြန်မာနိုင်ငံမှ ပေးဆပ်ရန် အကြွေးမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံခန့်ရှိကြောင်း  သိရသည်။

အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံမှ ချေးငွေရယူသုံးစွဲ နေသော ၀န်ကြီးဌာနများ၌ သမ၀ါယမ၀န်ကြီးဌာနမှာ အများဆုံးဖြစ်ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် (Ex−am Bank) မှ ချေးငွေ အမေရိကန်ဒေါ်လာသန်းတစ်ရာ ရယူထားသည်။ ထို့အပြင် သမ၀ါယမ ၀န်ကြီးဌာနက ယင်းတရုတ်ဘဏ်မှပင် အမေရိကန်ဒေါ်လာ သန်းခုနစ်ရာ ချေးယူရန် ကြိုးပမ်းနေသည်။

အစိုးရ၀န်ကြီးဌာနများ အ နေဖြင့် ပြည်ပ  ချေးငွေများကို ရယူသုံးစွဲရာတွင် လွှတ်တော်၏ သဘောတူညီမှုကို ရယူပြီးမှသာ ချေးယူနိုင်သည်။ လက်ရှိအချိန် တွင် တရုတ်နိုင်ငံမှ ချေးငွေရယူ သုံးစွဲမှုကို ၀န်ကြီးဌာနများအနေ ဖြင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိသဖြင့် ပမာဏ မည်မျှရယူထားသည်ကို အတိအကျမသိရကြောင်း လူမှုအခြေပြုအဖွဲ့အစည်းအချို့က ဝေဖန်နေကြသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေး ဘဏ်တို့မှ အကြွေးများ၊ဂျပန်နိုင်ငံမှ ချေးငွေများ၊ ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှ အကြွေးများကို ပြန်ဆပ်ခြင်း၊ စာရင်းရှင်းလင်းခြင်းများ ပြုလုပ်ကာထုတ်ပြန်သော်လည်း တရုတ်နိုင်ငံမှ အကြွေးများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လေ့မရှိပေ။

7day daily

အပြည့်အစုံသို့ »

မြင်သမျှ ကြားသမျှ



ဘီလျံနာတဲ့လား

အခုတလော ထွက်ပေါ်နေတဲ့ သတင်းကလည်း အံ့သြစရာပါပဲ။

နှစ်ရှည်ထောင်ဒဏ်ကျပြီး ပြန် လွတ်လာတဲ့ အာဏာရှင်တစ်ဦးရဲ့ မြေး က ဘဏ်တစ်ခုထဲက ရှယ်ယာအများဆုံး ကို ဝယ်ယူလိုက်တယ် ဆိုတာပါပဲ။

ဘယ်အချိန်မှာ ဘာစီးပွားရေး တွေ လုပ်ပြီး ဘာတွေ ဘယ်လိုပိုင်ပြီး ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ  ကတော့ စဉ်းစားစရာပါပဲ။

ထောင်က ပြန်ထွက်လာပြီး ဘယ် လောက်မှ မကြာခင်မှာ ဒေါ်လာ ဘီလျံ နဲ့ချီပြီး ဘဏ်လုပ်ငန်းကို ထည့်ဝင်တယ် ဆိုတာ ကတော့ ဘယ်လိုနားလည်ရ မှန်းကို မသိေ လာက်အောင်ပါပဲ။ မျိုးရိုး စဉ်ဆက်ကပဲ ပိုချမ်းသာလို့လား။ ဒါမှ မဟုတ် ရွှေအိုးကြီးပဲတူးမိတာလား ဆို တာ ပြောမပြတတ်တော့အောင်ပါပဲ။

ကျွန်တော် ရေးဖူးပါတယ်။ သူတို့ တွေဟာ မျိုးရိုးစဉ်ဆက် ချမ်းသာတာ၊ ဒါမှမဟုတ် ရတနာသိုက် တူးမိတာမှ မဟုတ်ရင် ဒီလောက်များတဲ့ ငွေကြေးဆို တာ ဘယ်လို နည်းနဲ့မှကို မရနိုင်ပါဘူး။

ဆိုပါတော့ဗျာ။ စစ်ဗိုလ်ချုပ်ရဲ့လစာ က ဘယ်လောက်များ ရှိတာတုန်း။ ရတဲ့ လခကို ဘာမှမစားမသုံးနဲ့ဦး။ တစ်သက် တာလုံးစု၊ ပြီးရင် သားသမီးတွေကို အဲဒီ အမွေပေး ဦး၊ အဲဒီအမွေအားလုံးနဲ့ လက်ဖက်ရည်ဆိုင်ကြီးကြီး တစ်ဆိုင် တောင် ဖွင့်နိုင်မှာမဟုတ်ပါဘူး။

အဲဒီ လက်ဖက်ရည်ဆိုင်တောင်  ကောင်းကောင်း မဖွင့်နိုင်တဲ့သူရဲ့ သား သမီးတစ်လှေကြီးကို အမွေပြန်ခွဲရင်၊ ကွမ်းယာဆိုင် ဖွင့်ရင်တောင် ပစ္စည်းစုံ အောင် တင်နိုင်မှာ မဟုတ်ပါဘူး။ ကွမ်း ယာဆိုင်ဖွင့်ရုံမျှနဲ့တော့ ဒေါ်လာဘီလျံချီ ချမ်းသာလာမှာလည်းမဟုတ်ပါဘူး။

အခုဟာက အလုပ်ဆိုလို့ ကွမ်း ယာဆိုင်တောင် ဖွင့်သံ မကြားဖူးတဲ့ သူ တွေက ဘဏ်ဖွင့်မယ်ဆိုတော့ စဉ်းစား သာကြည့်။ ဘယ်ကရခဲ့တဲ့ ငွေကြေး တွေလဲ။ ဒါဟာ   ထောင်နှစ်ရှည်ကျပြီး ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်နီးပါးကအာဏာရှိခဲ့တဲ့လူတစ်ယောက်ရဲ့ မြေး ပိုင်ဆိုင်မှု တစ်ခုပါပဲ။

ကဲ..ဒါဆို ထောင်မကျသေးတဲ့ အာဏာရှိ လူအများရဲ့ သားတွေ မြေး တွေပါ ပေါင်းလိုက်ရင် သူတို့တွေ လက် ထဲက ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ဖြစ်နေမလဲ။

ဒါတွေ ဘယ်ကရထားကြတာလဲ။

မြန်မာပြည်ကြီး ဆင်းရဲမွဲတေပြီး ဟိုလူ့ဆီက ပိုက်ဆံချေး၊ ဒီလူ့ဆီက ပိုက် ဆံချေးနဲ့ လုပ်နေရတဲ့အချိန်မှာ ကွက်ပြီး ချမ်းသာနေတဲ့သူတွေ ဘယ်လောက် တောင်များနေ သလဲ။

တွေးလိုက်မိတိုင်း မမျှတမှုတွေကို  နာကြည်းနေရုံမှတစ်ပါး ဘာများ တတ် နိုင်ကြမှာလဲ။

သိပ်လည်း မပြောရဲပါဘူး။ နိုင်ငံ တော်လျှို့ဝှက်ချက် ပေါက်ကြားလို့ဆို ပြီး လာဖမ်းနေရင် ဒုက္ခ။

မမျှတမှုတွေ

ရဲတစ်ယောက်က မိန်းကလေး တစ်ယောက်ကို မုဒိမ်းကျင့်မှုနဲ့ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်ဆိုတဲ့ သတင်း ကိုလည်း ကြားရပြန်ပါတယ်။

အမှန်တော့ ပြည်သူတွေကို အကာ အကွယ်ပြုဖို့ တာဝန်ယူထား ဥပဒေတွေ သင်ထားပြီး ပြည်သူတွေက လစာပေး ထားရတဲ့ ပြည်သူ့ရဲတစ်ယောက်က ဒီလို ပြစ်မှုမျိုး ကျူးလွန်တာ လွန်လွန်းလှပါ တယ်။ ပြစ်ဒဏ်လည်း ကျထိုက်ပါတယ်။ ဒါပေမဲ့သတင်းတစ်ပုဒ်ကြောင့် ထောင် ဒဏ်ဆယ်နှစ်ကျခံရတဲ့ မီဒီယာသမား နဲ့စာရင် နည်း နည်းလေးပါ။

ဒီထက်ပိုဆိုးတာက မုဒိမ်းမှု ကျူး လွန်တာကို ဝင်ကယ်ခဲ့တဲ့သူတွေကို ရဲ က တရားပြန်စွဲပြီး ထောင်ထဲမှာ ဆယ် လကျော်နေပြီးမှ အပြစ်မရှိကြောင်း အမိန့်ချပြီး ပြန် လွှတ်ပေးလိုက်သတဲ့။

ကဲဗျာ။ အပြစ်ရှိသူကို လေးနှစ်၊ အပြစ်မရှိသူက ဆယ်လဗျာ။ ဒါ့အပြင် အဓမ္မပြုကျင့်စဉ် ရှိနေတယ်လို့ ယူဆရတဲ့ အခြားရဲဝန်ထမ်းနှစ်ဦးကို ထောင်ဒဏ် ခြောက်လစီချ မှတ်သတဲ့။ ကဲ ပြန်စဉ်းစား ကြည့်ပါဗျာ။ ဝင်ကယ်သူက ဆယ်လ၊ အလိုတူ အလိုပါက ခြောက်လဗျာ။

ဘယ်လိုမှကို စဉ်းစားလို့ မရတော့ ပါဘူးဗျာ။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ တရားဥပဒေဆိုတာ ဘာလဲဗျာ။ ကဲ.. သိရင် ပြောကြပါဦး။

ဘယ်သူက ဒီလိုထင်သလို ဥပဒေ ချမှတ်ရအောင် တရားဥပဒေ ဘယ်သူ ကများ စိုးမိုးထားတာလဲ ခင်ဗျာ။

ဆက်စပ်ပြီး ပြောပါရစေ…

ဒီကြားထဲ လွှတ်တော် နာယက ကနေပြီး မီဒီယာကိစ္စကို သမ္မတရုံးကို တင်သွင်းရာမှာ ဒီကိစ္စတွေဟာ တရား ရေးမဏ္ဍိုင်နဲ့ပဲဆိုင်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ မသက်ဆိုင်ဘူး ဆိုတာကြောင့်လည်း ဘယ်လို စဉ်းစားရမှန်းမသိ ဖြစ်ရပြန်ပါ တယ်။

အစက ပြောခဲ့တာက မဏ္ဍိုင်ကြီး လေးရပ် ဒေါက်တိုင်သဖွယ် အမှီသဟဲ ပြုရမယ်လို့ဆိုခဲ့ပြီး အခုကျမှ ဒီဒေါက် တိုင်တွေ တို့နဲ့မဆိုင်ဘူး ဆိုလာပြန်တော့ နေတတ် လိုက်၊ ပြောတတ်လိုက်တာလို့ပဲ ဆိုရမလားပဲ ခင်ဗျာ။

ဒီဒေါက်တိုင်တွေ အချင်းချင်း ညီ ညွတ်မှ နိုင်ငံတစ်နိုင်ငံ တိုးတက်မယ်လို့  တရားဝင်ဆိုခဲ့ပြီး အခုလိုဖြစ်မှ ချက်ချင်း သူစိမ်းဆန်လိုက်တာကတော့ ရုပ်ရှင် ထဲမှာလို အက်ဆီးဒင့်ဖြစ်ပြီး ခေါင်းကို ထိ၊ ချက်ချင်းများ အတိတ်မေ့သွား တာလားလို့တောင်ထင်လိုက်မိပါတယ်။ နောက်ထပ် စဉ်းစားမိတာက ဒီဒေါက် တိုင်တွေကမှ မညီညွတ် ရင်ကျန်တာတွေ ညီညွတ်ဖို့ဆိုတာ ပြောမနေပါနဲ့တော့ ဗျာ။

ဒီထက် ပြောစရာကတော့

ဒီလို ထောင့်လေးထောင့်က ပြော စရာ ရှိနေရတဲ့ကြားထဲ အသိရခက် လှတဲ့ တရားစီရင်ရေး မဏ္ဍိုင်က လုပ် သမျှကို ဘယ်သူ့ကိုမှ သိခွင့်မပေးတာ လည်း အံ့သြစရာပါပဲ။

တစ်နိုင်ငံလုံး စိတ်ဝင်စားကြတဲ့ တရားစီရင်မှုတွေမှာ တရားရုံးတွေက သတင်းထောက်တွေ၊ စတုတ္ထမဏ္ဍိုင် တွေ ဝင်ပြီး သတင်းယူဖို့ မပြောပါနဲ့။ တရားခံရဲ့ မိသားစုတွေ ကိုတောင် ပေး မတွေ့ဘူးဆိုတာကြောင့် တရားကို တံ ခါးပိတ်ပြီး စီရင်တာလားလို့တောင် ပြောရမလိုပါပဲ။

အများပြော၊ အမြဲပြောနေကြတဲ့ ပွင့်လင်းမြင်သာမှုဆိုတာ တရားစီရင် ရေးမဏ္ဍိုင်မှာ မရှိဘူးလားလို့ စဉ်းစားမိ ပြန်ပါတယ်။

တရားစီရင်တာဗျာ။ ဘယ်သူမဆို ကြားချင်နာချင်ကြမှာပဲ။ ဒါကို မိဘ အသိုင်းအဝိုင်းကတောင် နားမထောင် ရဘူးဆိုတော့ အမှန်တရားဆိုတာ ဘယ် သူတွေက သိနိုင်ေ တာ့မှာလဲ။

ဒါကို ပွင့်လင်းမြင်သာမှု ဆိုရင် ဘယ်လို စကားမျိုးနဲ့ ပြောရမှာလဲ။ အံ့ သြစရာတော့ အကောင်းသား။

ဒီကြားထဲ မိုးသည်းထန်နေမှ ဓာတ်ကြိုးတွေလည်း အတော်ပြတ်ကျပြီး မှ ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေကို ပြင် ဆင်ဖို့ ကြိုးစားနေပြီ ဆိုတာကြောင့် လည်း ရယ်စရာများ လုပ်နေတာလား လို့ပဲ မေးချင်တယ်။ ဒါပေမဲ့ပေါ့လေ။ ဒီ နှစ်ပြင်ရင် နောင်နှစ်ပြီးနိုင်တာမို့ နောက်နှစ်မိုးတွင်းမှာ စိတ်ချမ်းသာရ မယ် ဆိုတာလောက်ပဲ တွေးပြီး ကြည်နူး ရပါတယ်။ ဒါတောင် အပြည့်အဝ ကြည်နူးရတာ မဟုတ်ပါဘူး။ ဟိုနိုင်ငံ ဒီနိုင်ငံက ဒီအတွက်ကို ငွေလှည့်ချေး ရဦးမယ်ဆိုတာကြောင့် ဘယ်လိုမှကို မစဉ်းစားတတ်အောင် ပါပဲ။ ခုနက အပေါ်မှာ ရေးခဲ့သလို ထောင်ကထွက် လာတဲ့ လူဟောင်းကြီးရဲ့ မြေးက တောင် ဘီလျံချီပြီး ချမ်းသာနေတာကို တို့အစိုးရက သူတို့လောက်တောင် မချမ်းသာ ဘူးလားလို့ မေးကြည့်ချင်ပါ တယ်။ မကြာသေးခင်ကလည်း ဝန်ကြီး တစ်ယောက်ရဲ့ မိသားစုတွေထဲက တစ် ယောက် နိုင်ငံခြားမှာ အဲဒီလိုပဲ ဘီလျံ ချီပြီး ငွေစုထားတယ် လို့လည်း သိထားရ တာကြောင့် အစိုးရထက် စာရင်တောင် အစိုးရသားသမီးတွေက ပိုပြီးများ ချမ်း သာနေသလားလို့ပဲ မေးကြည့်ချင်ပါ တယ်ဗျာ။

ကျေးဇူးပါ။

အကြည်တော်

Popular journal

အပြည့်အစုံသို့ »

ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ချမှတ်ခံရသူ အမေရိကန် ရောက်ရှိ


ပြီးခဲ့တဲ့ဇွန်လက ဆူဒန်နိုင်ငံမှာ ဘာသာပြောင်းလဲကိုးကွယ်မှုနဲ့ သေဒဏ်ချခံခဲ့ရတဲ့ မရ်ယမ် ယာရ်ယာ အီဗရာဟင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က အမေရိကန်နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။

နယူးဟတ်ရှိုင်းယားပြည်နယ် မန်ချက်စတာမြို့လေဆိပ်ကို ဆိုက်ရောက်လာချိန်မှာ အီဗရာဟင်ရဲ့ ဆွေမျိုးတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

မန်ချက်စတာလေဆိပ်မှာ အီဗရာဟင်ရဲ့ အမျိုးသားကို ဘယ်လိုခံစားရလဲလို့ မေးမြန်းခဲ့ရာ ဘယ်လိုမှ ဖော်ပြလို့ မတတ်နိုင်အောင်ပါပဲ လို့ ပြောဆိုပါတယ်။

အစ္စလာမ်ဘာသာကို စွန့်လွှတ်လိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ပေးခဲ့တဲ့အမှုဟာ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရပြီး ကမ္ဘာ့တ၀န်း အကြီးအကျယ် ပြစ်တင် ဝေဖန်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆူဒန်အစိုးရဟာ အီဗရာဟင်ကို သေဒဏ်ကနေ လွှတ်ပေးလိုက်ပေမယ့် ဆူဒန်နိုင်ငံက အထွက်မှာ ခရီးသွားလက်မှတ်အတုကိုင်ဆောင်မှုနဲ့ တခါ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် အီဗရာဟင်နဲ့ သူမိသားစုဟာ ဆူဒန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထဲမှာ ၁ လ ကြာ ခိုလှုံခဲ့ပါတယ်။

ဆူဒန်နိုင်ငံက ထွက်ခွာလာပြီး ပထမဆုံး အီတလီနိုင်ငံကို သွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အီဗရာဟင်ရဲ့ မိတ်ဆွေတဦးက လွတ်လပ်ခွင့်ကို ရရှိသွားတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား




2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်

K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။

2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။

ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။

2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။

2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don’t Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။

Eleven Media

အပြည့်အစုံသို့ »