Showing posts with label IT-news. Show all posts
Showing posts with label IT-news. Show all posts

"Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်ထံ Color Change malware ပျံ့နှံ့နေ ဟု ဆို"



Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည် သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက် ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေး သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ phishing ဆိုက်သည် သုံးစွဲသူ များအား နည်းလမ်း နှစ်မျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ဆိုသည်။ ပထမ နည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီ အသုံးပြုခွင့် ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်း များထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။ သုံးစွဲသူက Android ထုတ်ကုန် တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက် အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက် ခံနေရကြောင့် သတိပေးချက် တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက် တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည် Facebook အခြေခံ app များ အတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ် ရှိသည့် code များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း Mashable က ဖော်ပြခဲ့သည်။

INternet Journal
အပြည့်အစုံသို့ »

Viber က မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာရုပ်ပုံများကို အခမဲ့ဖြန့်မည်ဟုဆို


Viber ကုမ္ပဏီမှ မြန်မာ့ ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာ ရုပ်ပုံလေးများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်တထောင် မြို့နယ် 50 Street Bar ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Crystal Lee ကပြောသည်။

စတစ်ကာတွေကို မြန်မာ့ရေခံမြေခံ ယဉ်ကျေးမှုကို အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီစတစ်ကာတွေကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျွန်မတို့ ကြိုးစားနေပါ တယ်။ လအနည်းငယ်အတွင်း ရနိုင်အောင် စီစဉ်ပါမယ်။ အဲဒီစတစ်ကာတွေဟာ မြန်မာပြည် တစ်ပြည်လုံး ယဉ်ကျေးမှုအရလည်း အသုံးပြုလို့ရတဲ့ ရုပ်ပုံလေးတွေဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။

၎င်းစတစ်ကာ၏ နမူနာရုပ်ပုံတွင် I Love Myanmar ဟူသော စာသားများနှင့် မြန်မာ အပျိုလေးတစ်ဦး ဆံထုံးတွင် ပန်းပန်ကာ ပါးပြင်တွင် သနားခါးလူးထားသော ပုံ၊ နောက်ခံတွင် ဆုလစ်မွန်းချွန်နှင့် ထန်းပင် ထန်းလက်များ ရေးဆွဲထားကြောင်း သိရသည်။ ယခုကဲ့သို့ ဒေသခံတိုင်းပြည်၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အိနိ္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင်လည်း Viber က ပြုလုပ်ခဲ့ကာ အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Viber စတစ်ကာကို ပထမ အခမဲ့ပေးပါမယ်။ နောက်တစ်ဆင့်မှာတော့ အခမဲ့နဲ့ ၀ယ်ယူခြင်းတွဲပြီး ထွက်လာမယ်ဟု Crystal Lee က ပြော သည်။ Viberသည် နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် သုံးစွဲသူ သန်းပေါင်း (၃၇၀) ကျော်ရှိပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိနိ္ဒယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘီလာရုစ် နိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့၌ Viber သုံးစွဲသူပေါင်း ငါးသန်းရှိ နေပြီ ဖြစ်ကြောင်း Viber က ကြေညာခဲ့သည်။
See More: http://messengernewsjournal.com/News/Local/detail.php?id=19888

Messenger News Journal
အပြည့်အစုံသို့ »

Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး



Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။

Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။

Ref:cosmopolitan.com

 Trend Myanmar
အပြည့်အစုံသို့ »

အမေရိကန်မှာရှိတဲ့ Facebook အသုံးပြုသူတွေဟာ တစ်နေ့ကို ပျမ်းမျှ မိနစ် ၄၀ သာ Facebook ကို အသုံးပြုဟုဆို


အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိနေကြတဲ့ Facebook အသုံးပြုသူတွေဟာ တစ်နေ့ကို မိနစ် ၄၀ ခန့် Facebook ကို အသုံးပြုကြောင်း သိရသည်။ မက်ဇူကာဘက် က Facebook ရဲ့ ဒုတိယ ၄ လပတ်အစည်းအဝေးမှာ ပြောကြားရာမှာ ” အမေရိကန်နိုင်ငံမှာ ရှိတဲ့ Facebook ပေါ်က သူတွေဟာ တစ်နေ့ကို မိနစ် ၄၀ လောက်ပဲ မိမိတို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုကြတယ်” လို့ ပြောကြားခဲ့သည်။ CDC ရဲ့ အကြံပြုချက်များအရ အမေရိကန်လူမျိုးတွေဟာ တစ်နေ့ကို ၂၂ မီနစ်လောက် လေးကျင့်ခန်းလုပ်ကြပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝတယ်လို့ ဆိုသည်။

ဇူကာဘက်က ပြောကြားရာမှာ မိနစ် ၄၀ အသုံးပြုတဲ့အချိန်အတွင်းမှာ တကယ်တမ်း မိုဘိုင်းဖုန်းပေါ်ကနေ အသုံးပြုတာက Facebook အကောင့် တစ်ခုအတွက် ၅ မီနစ်ပဲ ရှိတယ်လို့ ဆိုသည်။ ဒါကြောင့် Facebook ရဲ့ CEO ဖြစ်တဲ့ ဇူကာဘက်ကပြောတာကတော့ အမေရိကန်က သူတွေဟာ ပျမ်းမျှ တစ်နေ့ကို ၉ နာရီလောက်ရှိတဲ့ အချိန်တွေကို ဒီဂျစ်တယ်မီဒီယာတွေ ဖြစ်တဲ့ တီဗီ ၊ ဖုန်း နှင့် ကွန်ပျူတာတွေအပေါ်မှာ သုံးစွဲတယ်လို့ ဆိုသည်။ ဒါဟာ လူတွေကို ဝေမျှဖို့အတွက် အကြီးမားဆုံး တိုးတက်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ဆိုသည်။ အမေရိကန်နှင့် ကနေဒါနိုင်ငံ နှစ်ခုပေါင်းမှာရှိတဲ့ ပြည်သူတွေထဲက ၂၄ မီလီယံဟာ Facebook ကို အသုံးပြုနေကြကြောင်း သိရသည်။

Yangon Media Group
အပြည့်အစုံသို့ »

Post များကို bookmark များအဖြစ် သိမ်းဆည်းထားနိုင်မည့် Save feature သစ်ကို Facebook မိတ်ဆက်


Facebook သုံးစွဲသူများသည် အချိန်မရသောကြောင့် မကြည့်ရှုနိုင်သော post များကို Save ဟုခေါ်သည့် feature သစ်ဖြင့် အသုံးပြုကာ အားလပ်သည့်အချိန်တွင် ဖတ်ရှုနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်တော့မည် ဖြစ်သည်။

Facebook သုံးစွဲသူများသည် ၎င်းတို့၏ timeline ပေါ်တွင် story ၏ ညာဘက်ထိပ်ကို နှိပ်ခြင်းဖြင့် save ပြုလုပ်နိုင်မည် ဖြစ်သည်။ Save စာရင်းတွင် places, movies, TV နှင့် အခြားသော အရာများ ပါဝင်ကြောင်း Facebook က ပြောကြားခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ saved item များကို စမတ်ဖုန်း သို့မဟုတ် tablet ပေါ်ရှိ “more” tab အောက်တွင် ကြည့်ရှုနိုင်သည်။ ထို့အပြင် ၎င်းကို ကွန်ပျူတာပေါ်တွင် Web browser ဖြင့် အသုံးပြုရာတွင်လည်း တွေ့မြင်နိုင်သည်။

Save feature သစ်သည် ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်၏ စိတ်ဝင်စားစရာ အပြောင်းအလဲတစ်ခု ဖြစ်လာသည်။ အဆိုပါ Facebook ၏ အပြောင်းအလဲသည် Instapaper နှင့် Pocket ကဲ့သို့သော အခြားဝန်ဆောင်မှုများကို ယှဉ်ပြိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Save feature သစ်ကို လာမည့် ရက်အနည်းငယ်အတွင်း iOS, Android နှင့် Web သုံးစွဲသူများထံ အသုံးပြုခွင့်ပေးမည်ဟု Facebook က ပြောကြားခဲ့သည်။



Ref: CNET

Internet Journal
အပြည့်အစုံသို့ »

သင့်ဖုန်းရဲ့ lock screen မှာ အရေးပေါ် ခေါ်ဆိုနိုင်မယ့် ဖုန်းနံပါတ်များကို မြင်ရအောင်လုပ်ဆောင်ခြင်း(ANDROID )



ကျွန်တော်တို့အနေဖြင့် သင့်ရဲ့ Android device များကို passcode နဲ့ ခံထားဖို့ အလေးအနက်တိုက်တွန်းပါတယ်။ ယင်းကဲ့သို့ပြုလုပ်ထားခြင်းဖြင့် အခြားသူများက သင့်ရဲ့ဖုန်းကိုတွေ့ရှိတဲ့အခါမှာ အသုံးမပြုနိုင်အောင်ကာကွယ်တားဆီးထားနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် အဆိုပါဖုန်းကို တွေ့ရှိရတဲ့သူတစ်ယောက်က သင့်ကိုပြန်ပေးဖို့အတွက် သင့်ရဲ့ ဖုန်းက lock ချထားတယ်ဆိုလျှင် သူတို့က သင့်ဖုန်းရဲ့ Contacts ကို မမြင်နိုင်လို့ ပြန်လည်ဆက်သွယ်နိုင်မှာမဟုတ်ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ သင့်ရဲ့ Android lock screen မှာ emergency message ကိုထားရှိဖို့ပါပဲ။
ယင်းကိုလုပ်ဆောင်ရန်အတွက် Settings->Security ကနေ ‘Owner info’ ကို တို့ထိပါ။ ‘Show owner info on lock screen’ ကို အမှန်ခြစ်ပြီး သင့်ရဲ့ lock screen မှာပေါ်ချင်တဲ့ message ကိုရိုက်ထည့်ထားပါ။

===========================

Nyein Chan (TSJ Tech Team)

Computer Active Issue 427 မှ
===========================

TechSpace Journal
အပြည့်အစုံသို့ »

Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားသည့် အီရန်လူငယ်(၈)ဦး ထောင်ဒဏ်များ ချမှတ်ခံရ


Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေးဆိုင်ရာ ရေးသားလှုံ့ဆော်မှုများအတွက် အီရန်လူငယ်
 (၈)ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း
သိရှိရသည်။

ဇူလိုင် (၁၄)ရက်တွင် အီရန်တရားရုံးတစ်ခုက အမည်ဖော်မပြသော လူငယ်(၈)ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၎င်းတို့သည် အမျိုးသား လုံခြုံရေးကို ထိပါးခြင်း၊ အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုများ လုပ်ဆောင်ခြင်း၊ အီရန်နိုင်ငံ ခေါင်းဆောင်များ၏ ဘာသာရေးဆိုင်ရာ စံနှုန်းတန်ဖိုးများကို စော်ကားခြင်းတို့အတွက် ပြစ်ဒဏ်ချမှတ် ခံရခြင်းဟု ဆိုသည်။

တဟီရန်၊ ယာ့ဇ်၊ ရှီရက်ဇ်၊ အေဘာဒန်၊ ကာမန်မြို့များမှ လူငယ်များသည် ထောင်ဒဏ် (၁၁)နှစ်မှ (၂၁)နှစ်ထိ အသီးသီး ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး အဆိုပါ စီရင်ချက်များကို အယူခံဝင်ရန် တရားရုံးက ခွင့်ပြုထားကြောင်းလည်း သိရသည်။

အီရန်အစိုးရသည် Twitter နှင့် Facebook တို့ကဲ့သို့ Social Media ဝက်ဘ်ဆိုက်များပေါ်တွင် အစိုးရကို ဆန့်ကျင်ခြင်း၊ ဘာသာရေးကို ဆန့်ကျင်ခြင်းစသော ရေးသားဖြန့်ဝေမှုများအား လိုက်လံစိစစ် အရေးယူလေ့ ရှိသည်။ အီရန်သမ္မတ ဟူစိန်ရိုဟာနီသည် မိမိကိုယ်ကိုယ် အစွန်းမရောက်သူ တစ်ဦးဟု ကြေညာကာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာ ကဏ္ဍများတွင် ယခင်ထက် လွတ်လပ်ခွင့် ပေးအပ်သွားမည်ဟူသော ကတိဖြင့် ကွန်ဆာဗေးတစ်တို့ကို အနိုင်ရလာသူ ဖြစ်သည်။

သို့သော်လည်း ၎င်း၏ အစိုးရအဖွဲ့သည် ရှေးရိုးစွဲ ဝါဒီများနှင့် ကွန်ဆာဗေးတစ်တို့၏ အတိုက်အခံ ပြုမှုများကြောင့် တရားစီရင်ရေး အပါအဝင် အရေးပါသော အပြောင်းအလဲများကို လက်တွေ့ အကောင်အထည်ဖော်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ မေလအတွင်းကလည်း အီရန်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော် ရေးသားမှုများအတွက် လူ(၈)ဦးကို ထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day News Daily
အပြည့်အစုံသို့ »

အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည့် TV panel ကို LG Display မိတ်ဆက်





တောင်ကိုရီးယား ကုမ္ပဏီ LG Display သည် သတင်းစာတစ်စောင်ကဲ့သို့ လိပ်ထားနိုင်မည့် ၁၈ လက်မ flexible TV panel သစ်တစ်မျိုးနှင့် ထွင်းဖောက်မြင်တွေ့နိုင်သည့် ၁၈ လက်မ OLED pnael တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် အဆိုပါ နည်းပညာ အသုံးပြုထားသည့် တယ်လီဗွီးရှင်းများကို နေအိမ်နှင့် ရုံးနံရံများတွင် အလွယ်တကူ ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။



LG ၏ အဆိုအရ flexible panel သည် 1200x810 high-definition resolution ဖြင့် ဖော်ပြပေးနိုင်ပြီး display ၏ လုပ်ဆောင်ချက်ကို ထိခိုက်မှုမရှိစေဘဲ အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်မည်ဟု သိရသည်။



ထွင်းဖောက်မြင်နိုင်ပြီး ခေါက်ထားနိုင်သည့် display များကို ထုတ်လုပ်နေသည်မှာ LG ကုမ္ပဏီတစ်ခုတည်း မဟုတ်ပေ။ Samsung, Nokia နှင့် Apple တို့သည် ပြောင်းလွယ်ပြင်လွယ်ရှိသည့် စမတ်ဖုန်းနှင့် tablet screen များအတွက် နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း LG ၏ နောက်ဆုံးပေါ် အဆင့်မြင့် panel ဖွံ့ဖြိုးတိုးတက်မှုက ဦးဆုံးဖြစ်ပေါ်လာခဲ့သည်။ LG သည် G Flex ဟုခေါ်သော flexible စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သလို ၇၇ လက်မ flexible OLED TV ကိုလည်း ဇန်နဝါရီလက ကျင်းပခဲ့သော CES ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။

Ref: CNET
Internet Journal
အပြည့်အစုံသို့ »

Facebook ပေါ်တွင် စူးစမ်းဆင်ခြင်မှု အားနည်းသူ အများအပြား ရှိနေကြောင်း ပေါ်လွင်သွားစေသည့် ဓာတ်ပုံ


Social Media သုံးစွဲသူများတွင် စူးစမ်းဆင်ခြင်မှု အားနည်းလွန်းသူ အများအပြား ရှိနေခြင်းကို နာမည်ကျော် ဟောလီးဝုဒ် ဒါရိုက်တာ စတီဖန် စပီးလ်ဘာ့ဂ်၏ ဖြစ်ရပ်က သက်သေခံနေသည်။

စပီးလ်ဘာ့ဂ်သည် (၁၉၉၃)ခုနှစ်က ၎င်းရိုက်ကူးခဲ့သည့် ကမ္ဘာကျော် Jurassic Park ရိုက်ကွင်းနေရာမှ ဓာတ်ပုံတစ်ပုံကြောင့် မည်သည့် အမှားအယွင်းမျှ မရှိဘဲ Facebook ပေါ်တွင် အကြီးအကျယ် ဝေဖန် ရှုတ်ချ ထိုးနှက်မှုများ ခံနေရသည်။

တက္ကဆက်စ်ရှိ Cheerleader မိန်းကလေး တစ်ဦးဖြစ်သော ကန်ဒေါလ်ဂျုံးစ်သည် လှပချောမောသော်လည်း တိရစ္ဆာန်များကို အပျော်သဘော အမဲလိုက်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဓာတ်ပုံများကြောင့် Facebook ပေါ်တွင် လူပြောများခဲ့သည်။ ထို့ကြောင့် Facebook ပေါ်တွင် နောက်ပြောင်ကျီစယ်သည့် Post များ တင်လေ့ရှိသည့် ဂျေးဘရန်စ်ကွမ်းဘ်က (၁၉၉၃)ခုနှစ်တွင် စပီးလ်ဘာ့ဂ်က ဇာတ်ဝင်ခန်းတွင် အသုံးပြုသည့် ထရိုင်စီယာတော့ပ်စ် ဒိုင်နိုဆော အသေကောင် အရုပ်ကြီးကို နောက်ခံထား ရိုက်ကူးထားသည့် ဓာတ်ပုံကို လွှင့်တင်ခဲ့သည်။

၎င်းက အဆိုပါ ဓာတ်ပုံသည် အကြင်နာမဲ့သူတစ်ဦးက ထရိုင်စီယာတော့ပ်စ် တစ်ကောင်ကို ရက်စက်စွာ သတ်ဖြတ်ပြီး အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံဟု ပုံညွှန်းစာ ရေးသားခဲ့သည်။ Jurassic Park ဇာတ်ကားကို ကြည့်ဖူးသူများနှင့် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာကြီးကို သိရှိသူ အများစုက ဘရန်စ်ကွမ်းဘ်၏ နောက်ပြောင်လိုရုံ ရည်ရွယ်ချက်ကို သိရှိသော်လည်း Facebook ပေါ်တွင် အဆိုပါ ဓာတ်ပုံကို အမှန်ဟု ထင်သွားသူ အမြောက်အမြား ရှိလာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

အထူးသဖြင့် ထရိုင်စီယာတော့ပ်စ်များသည် ကမ္ဘာကြီးပေါ်မှ မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း မစူးစမ်း၊ မတွေးတောနိုင်ဘဲ ဓာတ်ပုံထဲတွင် ရှိနေသူက ဆဲရေးသူများ၊ ဝေဖန်ရှုတ်ချသူများ၊ ဒေါသတကြီး အပြစ်တင်သူများ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။

အချို့ကလည်း ယင်းဓာတ်ပုံ ပိုင်ရှင်သည် စပီးလ်ဘာ့ဂ် ဖြစ်နေမှန်း သိသည့်တိုင် ထရိုင်စီယာတော့ပ်စ်မှာ အစစ်အမှန်ဟု ယူဆပြီး ၎င်းရိုက်ကူးသည့် ဇာတ်ကားများကို လုံးဝ အားမပေးတော့ဟု ခြိမ်းခြောက် Commentများ ရေးခဲ့ကြသေးသည်။ Commentရေးသူ တစ်ဦးက စပီးလ်ဘာ့ဂ်အား “လူမဆန်တဲ့ p****ကောင်၊ တိရစ္ဆာန်သတ်တဲ့ကောင်” စသဖြင့် ပျစ်ပျစ်နှစ်နှစ် ဩဘာပေးသွားခဲ့သည်။ ကျန်တစ်ဦးကလည်း “စတီဖန် စပီးလ်ဘာ့ဂ်၊ ရှင့်ကိုကျွန်မ စိတ်ကုန်သွားပြီ။ တိရစ္ဆာန်တွေကို အကြင်အနာမဲ့ သတ်ဖြတ်တဲ့ လူတစ်ယောက်ရဲ့ ရုပ်ရှင်တွေကို ဘယ်တော့မှ မကြည့်တော့ဘူး”ဟု ဆိုသည်။

အခြားတစ်ဦးကမူ “ဓာတ်ပုံထဲကကောင် ဘယ်သူလဲတော့ မသိဘူး။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကိုတော့ မသတ်သင့်ဘူး”ဟု မှတ်ချက်ပြုထားသေးသည်။ ဇူလိုင် (၁၁)ရက်နေ့ထိ ဘရန်စ်ကွမ်းဘ် လွှင့်တင်ထားသည့် ပုံကို Shareခဲ့သူ (၃၀၀၀၀)ကျော်နှင့် Commentရေးသူ (၅၀၀၀)ကျော်ထိ ရှိခဲ့ပြီး ဖြစ်သည်။

ထရိုင်စီယာတော့ပ်စ်များသည် ကမ္ဘာဦးခေတ်က အသက်ရှင် နေထိုင်ခဲ့သည့် ဒိုင်နိုဆောများအနက် လူသိများသည့် မျိုးစိတ်တစ်ခု ဖြစ်သည်။ အဆိုပါ အသီးအရွက်စား ဒိုင်နိုဆောများသည် ခရီတေးယှက်ယုဂ် ကာလအတွင်းက မြောက်အမေရိက ဒေသတွင် အဓိက ကျင်လည်ကျက်စားခဲ့ပြီး မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း (၆၈)သန်းမျှ ရှိနေပြီဖြစ်သည်။

_Ref: Dailymail

7 Day Daily
အပြည့်အစုံသို့ »

Apple ၏ iphone 6 အား လုံးဝထိခိုက်ကွဲရှခြင်းမရှိသည့် နီလာဖန်သားဖြင့် ထုတ်လုပ်မည်



Apple ကုမ္ပဏီမှ ထုတ်လုပ် မည့် iPhone 6 အား ၁၀၀ ရာခိုင် နှုန်းနီးပါး အကြမ်းခံနိုင်သည့်နီလာ ဖြင့် ပြုလုပ်မည်ဟု သိရသည်။

You Tube ပေါ်မှ ဗီဒီယိုတစ် ခုအရ iPhone 6 သည် ဓားဖြင့် ခုတ်လျှင်ပင် ကွဲကြေသွားမည်မဟုတ် ဘဲယင်းကို လိမ်ချိုး၍လည်း မရဟု သိရသည်။ ထို့အပြင် iPhone 6 သည်တစ်စုံတစ်ရာနှင့် ထိခိုက်မိလျှင် တောင်မှ အစင်းရာခြစ်ရာများလုံးဝ ပေါ်လာမည် မဟုတ်ဟု သိရသည်။

ထိုဗီဒီယိုဖိုင်အား You Tube ပေါ်တွင် နာမည်ကြီးဗီဒီယိုများ ဖန် တီးသူ မားကွတ်ဘရောင်းလီက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး Apple ကုမ္ပ ဏီ၏ အတွင်းလူတစ်ဦးထံမှရရှိလာ သော iPhone 6 တွင် အသုံးပြုမည့် မှန်အား နည်းလမ်းမျိုးစုံဖြင့် စမ်းသပ် ပြခဲ့သည်။

ဘရောင်းလီ၏ အဆိုအရ ဖန် သားပြင်သည် စာရွက်တစ်ရွက်လောက် သာတူသည်ဟုလည်း သိရသည်။

iPhone 6 ၏ ထောင်လိုက် အလျားသည် ၄ ဒသမ ရ လက်မရှိ သည်ဟုလည်း လီက ဆိုသည်။ အချို့သော သတင်းများအ ရ Apple ကုမ္ပဏီက နီလာဖန်သားပြင်နှင့် ဖုန်းအား လွန်ခဲ့သော နှစ်ကတည်းက စတင်တီထွင်နေသည်ဟု သိရသည်။

Apple ကုမ္ပဏီကလည်း အရီ ဇိုးနားတွင် နာမည်ကျော်သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီတစ်ခုနှင့် ပူး ပေါင်းကာ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်နေ သည်ဟု ကြေညာထားသည်။

ယင်းကြောင့် Apple ၏သတ္တု တူးဖော်ရေးကုမ္ပဏီတွင် အလုပ်သ မား ၇၀၀ ခန့် ခန့်အပ်သွားနိုင်ပြီး ၎င်း တို့ကလာမည့် အနာဂတ်မျိုးဆက်၊ iphone များတွင် အသုံးပြုရန်နီလာ ဖန်သားပြင်များကို ထုတ်လုပ်ပေး မည်ဟုဆိုသည်။

Apple ကုမ္ပဏီ ရှယ်ယာရှင် တစ်ဦးကလည်း ရှယ်ယာရှင်အစည်း အဝေးတွင် Apple ကုမ္ပဏီသည် စက်ရုပ်အ လုပ်သမား များနှင့် ခေတ် ရှေ့ပြေးနည်းပညာများ အသုံးပြု သည့် ပထမဆုံးကုမ္ပဏီဖြစ်လာနိုင် သည်ဟုဆိုသည်။ သူ၏ ပြောစကား အရ
Apple ကုမ္ပဏီသည် iPhone 6 အပါအဝင် ၎င်းတို့အနာဂတ် ဖုန်းအသစ်များကို လူအစားစက်ရုပ် အလုပ်သမားများဖြင့် ထုတ်လုပ်နိုင် ဖွယ်ရှိနေသည်။

သို့သော် ဘရောင်းလီက သူ၏ ဗီဒီယိုတွင် Apple သည် i Phone 6 တွင် စက်ရုပ်နှင့် လူသားအလုပ်သ မားများ၏ ပေါင်းစပ်စွမ်းအား ကို အသုံးပြုကာ ထုတ်လုပ်သွားမည်ဟု အခိုင်အမာဆိုသည်။

လက်ရှိအချိန်တွင် i Phone 6 ဟုဆိုကာ အင်တာနက်ပေါ်သို့ တင်ထားသည့် ဓာတ်ပုံအများအ ပြား ပေါ်ပေါက်လျက်ရှိသည်။
၎င်းတို့အားလုံးသည် ပါးလွှာ ပြီး အနက်ပေါ်တွင် အဖြူရောင်အစင်း ကြောင်းများ ပုံဖော်ထားသည့် မျဉ်း ကွေးပုံစံများပင်ဖြစ်သည်။ သို့သော် ဂျပန်သတင်းဌာန တစ်ခုက i Phone 6 သည် အင်တာနက်ပေါ်မှ ဓာတ်ပုံများ ကဲ့သို့ မဟုတ်ဟု ဆိုပြန်သည်။

Apple ကုမ္ပဏီသည် မကြာ သေးမီက ထုတ်လုပ်လိုက်သော၎င်း တို့၏ i Phone 5 S တွင် Home ခလုတ်နှင့် ကင်မရာမှန်ဘီလူးတို့ တွင် နီလာဖန်သားဖြင့် ဖန်တီးထား သည်ဟုလည်း သိရသည်။

Ref:#DailyMail
#Democracytoday

Yangon Media Group
အပြည့်အစုံသို့ »

ဖုန်းထဲ မဟုတ်တာထည့်ထားသူတွေသတိထား၊ Android ဖုန်းများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အပြီးသတ် ဖျက်ပေးနိုင်ခြင်း မရှိဟုဆို


Android တွင် default အနေဖြင့် ပါဝင်သည့် အချက်အလက် ဖျက်နိုင်သော tool များသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးနိုင်ခြင်း မရှိကြောင်း လုံခြုံရေးဆော့ဖ်ဝဲ ကုမ္ပဏီ Avast ၏ လေ့လာဆန်းစစ်မှု တစ်ရပ်အရ သိရသည်။

Android စမတ်ဖုန်း အဟောင်းများကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် လှူဒါန်းခြင်းတို့ ပြုလုပ်ရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးသည့် Android ၏ factory reset option ၏ ထိရောက်မှု မရှိခြင်းအပေါ် Avast က မေးခွန်းထုတ်ခဲ့သည်။

Windows, Mac နှင့် Android အတွက် နာမည်ကျော် လုံခြုံရေးဆော့ဖ်ဝဲများကို ထုတ်လုပ်ပေးသည့် Avast သည် eBay မှ Android စမတ်ဖုန်း အလုံး ၂၀ ကို ဝယ်ယူခဲ့ပြီးနောက် ၎င်းဖုန်းများတွင် အမျိုးသားများ၏ ဝတ်လစ်စလစ် selfie ဓာတ်ပုံ ၂၅၀ အပါအဝင် ဓာတ်ပုံ ၄၀,၀၀၀ ကျော်နှင့်အတူ email နှင့် text message ၇၅၀ နှင့် ဆက်သွယ်မှုနံပါတ် ၂၅၀ တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပြဿနာသည် Android သုံးစွဲသူများက စမတ်ဖုန်းပေါ်မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို factory reset ပြုလုပ်ပြီး ရှင်းလင်းသော်လည်း ၎င်း option သည် application layer ကိုသာ ရှင်းလင်းပေးခြင်းကြောင့် ဖြစ်ကြောင်း Avast မိုဘိုင်းဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဂျုဒ်မက်ခ်ကိုလ်ဂန်က ပြောကြားခဲ့သည်။

ထို့အပြင် Avast ၏ အစီရင်ခံစာ၌ ကုမ္ပဏီ၏ ကိုယ်ပိုင် Android security app တွင် ပါဝင်သော deletion tool သည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပစ်ရာတွင် Android ၏ reset option ထက် ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

Credit : Internet Journal

အပြည့်အစုံသို့ »

အီးမေးလ် ဟတ်ခံရခြင်း မှ..


ကျတော်တို့ ပြည်တွင်းမှာ အသုံးများတဲ့ မေးလ် အနေနဲ့ ဂျီမေးလ်ကိုတွေ့ရသည့် နည်းတူစွာ အီးမေးလ် ဟတ်ခံရခြင်းနောက် ဘာတွေ
ပြန်လုပ်ဖို့ လိုသလဲဆိုတာ။ မြင်တွေ့နေရတဲ့ အတိုင်းပဲ Facebook အကောင့်တွေကိုလည်း ဂျီမေးလ်တွေနဲ့ အများဆုံး ၀င်ကြတာမို့
အကောင့်တစ်ခုကို ဆုံးရူံးတာနဲ့ နောက်တစ်ကောက်ကိုပါ ပါနိင်ပြီး လက်လွယ်စပယ် ဆုံးရူံးရတာဟာ ဘယ်ဘက်ကကြည့်ကြည့်
ကောင်းတာကို မတွေ့ရတာမို့ ဟတ်ခံနေရတဲ့ အနေအထားမှာ ကျရောက်နေတဲ့သူတွေအတွက် အတတ်နိင်ဆုံး ပြန်လည်
လုပ်ဆောင် ရယူနိင်မဲ့နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

အကောင့်ကို ပြန်လည် ရယူပါ။

တကယ်လို့ မိတ်ဆွေရဲ့ အကောင့်ကို ဟတ်ခံလိုက်ရပြီးဆိုရင် ဟတ်တဲ့သူတွေဟာ ကိုယ်ရဲ့ အချက်အလက်တွေလောက်ပဲ ရယူသွားမှာ ဖြစ်ပြီး အကောင့် Password ကိုတော့ အမြဲတမ်းတော့ ချိန်းသွားမှာ မဟုတ်ပါဘူး။ ဒီတော့ ပြန်လည် အကောင့်ကို ရယူဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့ "Forgot your password?" ဆိုတဲ့ နေရာကနေပဲ Password ကို reset ကျဖို့ နဲ့
အကောင့်ကို ပြန်ယူဖို့ သုံးရမှာ ဖြစ်ပါတယ်။ ဒီအခါ လုံခြုံရေး မေးခွန်းတွေနဲ့ အီးမေးလ် လိပ်စာကို backup အနေဲ့ အသုံးပြုတဲ့ recover မေးလ်တွေကိုတော့ ပြန် ဖြေဖို့ ရှိပါတယ်။ အဲလိုမှာ ပြန်လုပ်လို့မရရင်တော့ အကောင့်ကို ပြန်ရဖို့ သိပ်မသေချာတော့ပါဘူး။

လွယ်ကူတဲ့ Passwords တွေ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

ဒီအချက်ကတော့ လူတိုင်း သိပြီးကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တကယ်လို့ အဲလို လုပ်ထားပြီးသိတိုင်းအောင် စိတ်ထဲမှာ မကျေနပ်သေးရင် စာလုံးတွေ အများကြီးသုံးပြီး စာလုံးအကြီးတွေရော၊ စာလုံးအသေးတွေရော၊ သင်္ကေတတွေရော၊ စပေ့ဘားတောင် သုံးပြီး ထပ် ထည့်နိင်ပါသေးတယ်။

Setting ကို စစ်ဆေးကြည့်ပါ။

ဟတ်ကာတွေဟာ ကိုယ်ရဲ့ setting တစ်စုံတစ်ရာကို မပြောင်းလဲ နိင်စေဖို့အတွက် ဖြစ်ပါတယ်။ ထိုသို့မှာ မဟုတ်ဘူးဆိုရင်
နောက်တွင် ကိုယ်ရဲ့ အကောင့်ထဲကို သူတို့တွေဟာ လွယ်ကူစွာ ၀င်ရောက် ရရှိနေဦးမှာ ဖြစ်ပါတယ်။ secondary (recovery) ကို တိကျအောင် လုပ်သင့်ပါတယ်။ forward စည်းမျဉ်းတွေကို သုံးထား မထားကိုလည်း စစ်ရပါဦးမယ်။ သို့မဟုတ်ရင်တော့ ကိုယ်ကို ပို့သမျှအီးမေးတွေဟာ သူတို့ဆီကို ရောက်ရှိပြီး ပါသွားနိင်ပါတယ်။

Active login ကို ဖယ်ရှားပါ။

မိတ်ဆွေရဲ့ အကောင့်ကို အခုလက်ရှိ ဘယ်က သုံးနေတယ် ( IP address ) ကို ကြည့်လို့ရတဲ့ Active login ဟာ mail.google.com ရဲ့ အကောင့်ဝင်လိုက်တာနဲ့ ညာဖက် အောက်ဆုံး မှာ ရှိပါတယ်။ Details လိုရေးထားတာကို တွေ့ရပါလိမ့်မယ်။ ဒီ နေရာကို ကလစ်ထောက်လိုက်တာနဲ့ သင့်ဝင်ထားသမျှ တည်နေရာတွေနဲ့ အချိန်တွေ၊ လက်ခံဝင်ရောက်တဲ့ ပုံစံ တွေကိုပါ တွေ့နိင်ပါမယ်။ထို ဇယားပေါ်ရှိ Sign out all other session ဆိုတာကို နှိပ်ပြီး ကိုယ် အကောင့်ကို တစ်ခြားနေရာမှ ၀င်ရောက်နေခြင်း မရှိစေဖို့ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဟာ Password ချိန်းပြီးသွားပြီးဆိုရင်တော့ ပြသနာ ရှိတော့မှာ မဟုတ်ပါဘူး။

အဆင့်ဆင့် ထားရှိခြင်း

တကယ်လို့ သင့်ရဲ့ မေးလ်ဟာ ဟတ်ခံရပြီးဆိုရင် ကာကွယ်ခြင်း ဖြစ်စေဖို့ အကောင့်ကိ ၀င်ဖို့ Password ရိုက်ပြီး ၀င်ပြီးတာနဲ့ ကုဒ်က ဖုန်းကို ပို့တယ်။ ထိုမှ တစ်ဆင့် နောက်ထပ် ကုဒ် ထပ်ထည့်ပြီး ၀င်တဲ့ စနစ်တွေကို လည်း ထောက်ကူနိင်ပါတယ်။ ထို အတွက် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ထားဖို့တော့ လိုပါမယ်။ ဒါဆိုရင်တော့ ဟတ်ကာတွေဟာ သင့်ရဲ့ ဖုန်းကို ရမှာပဲ ဟတ်နိင်တော့မှာ ဖြစ်ပါတယ်။ အခြား ဆိုဒ်တွေကို ကြည့်ပါ။
ကိုယ်ရဲ့ Password ကို အခြား ဆိုဒ်တစ်ခုမှာ ထပ်ပြီး မသုံးထားနိင်စေဖို့ ဖြစ်ပါတယ်။ Facebook လိုမျိုး ဆိုရှယ်ဆိုဒ်မှာ အီးမေးလ် အကောင့်ရဲ့ Password တစ်ခုတည်းကို သုံးထား ရင်တော့ ဟတ်ကာတွေဟာ သင့်ရဲ့ အီးမေးလ် Password ကို အလွယ်တကူ ရှာဖွေနိင်မှာ ဖြစ်ပါတယ်။

မော်လ်ဝဲလ် Scan တွေကို သုံးပါ။

ဟတ်ကာတွေဟာ မောလ်ဝဲတွေကိုသုံးကာ အီးမေးလ်ကို ဟတ်ဖို့ အသုံးပြုနိင်ပါတယ်။ ဒါမှမဟုတ် အတု အယောင် အီးမေးလ် ကိုပဲဖြစ်ဖြစ်သုံးပြီး ဟတ်လာနိင်ပါတယ်။ ဒီအတွက် Avast, Malwarebytes, နဲ့ BitDefender တို့လို ပေါ်ပြူလာ ဖြစ်တဲ့ Scanner တွေလည်း ရှိနေပါတယ်။

Ref: Cnet

အောင်ဟိန်း ( ရိုးရာလေး )
အပြည့်အစုံသို့ »

တွစ်တာ သိပ်သုံးလွန်းလေ အိမ်ထောင်ရေး ပြဿနာ ပိုများလေဟုဆို


ဝါရှင်တန်၊ ဇူလိုင် ၎

မြတ်ဆုကို

တွစ်တာ သိပ်သုံးသူများသည် အိမ်ထောင်ရေး၊ အချစ်ရေးမှာ ပြဿနာ ပိုကြုံရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

ယခင် စစ်တမ်းတစ်ရပ်ကလည်း ဖေ့စ်ဘွတ်ခ် များများသုံးလေ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ပိုတက်လေဟ ဖော်ပြခဲ့ပြန်ရာ ဆိုရှယ်မီဒီယာ အသုံးများလွန်းခြင်းသည် ဆက်ဆံရေးများကို ပျက်ယွင်းစေသလား မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။ တွစ်တာ စစ်တမ်းကို ““ဆိုင်ဘာ စိတ်ပညာနှင့် အပြုအမူများ ဆိုင်ရာဂျာနယ်””တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ မစ်ဇူရီတက္ကသိုလ်မှ ပါရဂူ ဘွဲ့သင်တန်းသား ရပ်ဆဲကလေတန်က သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ သုတေသနအတွက် တွစ်တာသုံးသူ (၅၈၁) ဦးကို မေးမြန်းခဲ့သည်။ ထိုသူများ တွစ်တာသုံးနှုန်း၊ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ကြုံတွေ့ရနှုန်းများကို စစ်တမ်းကောက်သည်။ ထိုအခါ တွစ်တာကို အချိန်ကြာကြာ သုံးသူဖြစ်လေ လင်မယား အဆင်မပြေ၊ အိမ်ထောင်ပျက်၊ အိမ်ထောင်ကွဲ စသည့် အိမ်ထောင်ရေး အချစ်ရေးပိုင်း အဆင်မပြေမှုများ ပိုဖြစ်ပွားလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဆိုရှယ် မီဒီယာများကို အသုံးလွန်ခြင်းကြောင့် လူမှုဘ၀ ထိခိုက်နိုင်ပုံကို ယခုစစ်တမ်းက စတင်မီးမောင်း ထိုးပြလိုက်ပြီ ဖြစ်ရာ ဆက်လက်ပြီး ကျယ်ကျယ် ပြန့်ပြန့် လေ့လာနိုင်အောင် အားထုတ်ကြရမည်ဖြစ်ကြောင်း ဂျာနယ် အယ်ဒီတာချုပ် ဘရန်ဒါဝိုက်ဒါဟိုးက မှတ်ချက် ပေးထားသည်။

Source: AFP

The messenger
အပြည့်အစုံသို့ »

Facebook ဟာ သင့်အတွက် အမှန်တကယ် အကျိုးရှိနေခြင်း အကြောင်းပြချက်များ



အခုချိန်မှာ Facebook ကိုဝေဖန်မယ်ဆိုရင် လူနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။ ပထမကတော့ အချိန်းဖြုန်းခြင်း အတွက် အကောင်းဆုံးအကြောင်းပြချက်ဆိုပြီး ပြောနိုင်တယ်။ ဒုတိယကတော့ Facebook ကို မုန်းနေရတဲ့ ခံစားချက်ကို နှစ်သက်နေလို့ပါပဲ။ နှစ်သစ်ကူးမှာ Facebook လုံးဝမသုံးတော့ဘူးဆိုပြီး ဆုံးဖြတ်ထားတဲ့ သူတွေလည်း အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးက Facebook ကို တိတ်တဆိတ် သဘောကျနေကြတဲ့ သူတွေချည်းပါပဲ။ အဲဒါကြောင့် အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့။ ဒီကွန်ယက်ဟာ ထောင်ချောက်မဟုတ်ပါဘူး။ သင့်ကိုယ်ပိုင် အကျိုးဖြစ်ထွန်းဖို့ ဒီလူမူကွန်ယက်ကို အသုံးချရမယ့် နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန်လျော့ကျစေတယ်။

ပေါင်ချိန်ကျဖို့အတွက် အကောင်းဆုံး လမ်းညွှန်ချက်တွေရနိုင်တာ လူမှုကွန်ယက်လောက် ဘယ်နေရာမှ မရှိပါဘူး။ Facebook မှာ ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစီအစဉ် သီးသန့်ပြုလုပ်ထားတဲ့နေရာကို သင် အချိတ်အဆက်လုပ်ထားတယ်ဆိုရင် သင်ပိုပြီးတော့ အလေးချိန် သိသိသာသာလျော့ကျနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ သင့်ရဲ့ လိုအပ်ချက်တွေ သင်လိုချင်တဲ့ အကြောင်းအရာတွေကိုလည်း အွန်လိုင်းပေါ်ကနေ တဆင့် ဆွေးနွေးတိုင်ပင်ခြင်းတွေ လုပ်လို့ရတယ်လေ။

၂။ အတွေးအခေါ်ပိုပြီး မြင့်တတ်လာတယ်။

ဒါမဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် လေ့လာတဲ့ ပညာရှင်တွေက အလုပ်သမားတစ်ဦး ၁၀မိနစ် အားလပ်ချိန်မှာ Facebook သုံးတဲ့သူဟာ ဘယ်လိုလူမှုကွန်ယက်နဲ့မှ ချိန်ဆက်ထားခြင်း မရှိတဲ့သူထက်တော့ ပိုပြီး တွေးခေါ်နိုင်တာကို တွေ့ရှိထားပါတယ်။ ခေါင်းစားတဲ့ဂိမ်းတွေ မဆော့သရွှေ့တော့ Facebook က သင်နဲ့ အလုပ်ကြားမှာ အထောက်အကူအပြုဖို့ အဆင်သင့် စောင့်နေပါတယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိစေတယ်။

ထူးဆန်းတဲ့နေရာ၊ အပန်းဖြေစရာနေရာတွေ အကြောင်းကို သင်လေ့လာနိုင်ပါတယ်။ မရောက်ဖူးပေမယ့် အကြောင်းသိထားတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ပိုရှိတာပေါ့။ Facebook ကို ဖွင့်ကြည့်လိုက်၇င် ကိုယ့်သူငယ်ချင်း သွားရောက်လည်ပတ်ထားတဲ့ ဓါတ်ပုံတွေကို သင်တွေ့လိုက်တာနဲ့ သင့်အနေနဲ့ ရောက်ချင်စိတ်လေးတွေ တိတ်တဆိတ်ရှိလာမှာပဲ။ သင့်အားလပ်ရက်ခရီးထွက်ဖို့ နေရာကို ခေါင်းစားခံပြီး ရွေးချယ်စရာ မလိုတော့ပါဘူး။ သင်နှစ်သက်တဲ့နေရာကို အတိအကျရွေးချယ်နိုင်ဖို့ အကူအညီပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

၎။ ပိုပြီးညဏ်ကောင်းစေပါတယ်။

Facebook က သင့်ကို ရူးသွပ်သွားအောင် ဘယ်တော့မှ မလုပ်ဘူးဆိုတာတော့ သင်ယုံကြည်ဖို့ လိုပါတယ်။ သုတေသနပြုလုပ်ချက်အရ Facebook အသုံးပြုတဲ့ လူကြီးတွေဟာ မှတ်ညဏ် ၂၅ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရှိထားပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ သင်ရဲ့ Facebook Profile ကို Update လုပ်တဲ့အချိန်မှာ သင့်ဦးနှောက်က တချိန်တည်းမှာပဲ အချက်အလက်အများကြီး စနစ်တကျ လုပ်ဆောင်ပေးနေတာကို သင်သတိထားမိကောင်း ထားမိပါလိမ့်မယ်။

၅။ လတ်တလောသတင်းတွေကို အမြဲသိရှိနိုင်တယ်။

Facebook ကို အချိန်များများပေးနိုင်လေ သင် သတင်းစာကို ကောက်ယူဖို့ မလိုတော့ပါဘူး။ သင့်ပတ်ဝန်းကျင် သာမက ကမ္ဘာတဝန်းမှာရှိနေတဲ့ ဖြစ်ရပ်ဆန်းတွေအကုန် Facebook မှာ အချိန်နဲ့တပြေးညီ ဖတ်လို့ရနေပါပြီ။ အဲဒါကြောင့် လူမူကွန်ယက်ကနေ သတင်းအစုံအလင် ရနိုင်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ရမယ်မထင်ပါဘူး။

Ref:mensxp.com

Trend Myanmar
အပြည့်အစုံသို့ »

Apple ဖခင်ကြီး Steve Jobs မုန်းခဲ့တဲ့ လူတစ်ယောက်



အခန်း (၁)

“ လဲသေလိုက် လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” လို့
စတိဗ် ဂျော့ဘ် က အင်တာဗျူး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် …
စာဖတ်နေတဲ့လူ အံ့သြသွားလိမ့်မယ်။
အခန်း (၂)

ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။
အဲဒီလို အချိန်မျိုးမှာ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။
ကျွန်တော်တို့ ခင်ဗျားတို့ သိတဲ့အတိုင်း စတိဗ်ဂျော့ဘ် ဆိုတာ နူးညံ့သိမ်မွေ့တဲ့လူ ၊ ကွန်ပျူတာသမား ဆိုတာထက် အနုပညာသမား လို့ ပြောနိုင်ရင်လဲ ရနိုင်တဲ့ လူ၊ ကမ္ဘာလောကတခုလုံး ကို ပြောင်းလဲစေနိုင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ၊ …။
ဒီလို လူတယောက်ရဲ့ အရှက်တရား ကို ထိန်းချုပ်မှုကင်းမဲ့သွားရလောက်အောင် ဘယ်လို အကျိုးတရား က စေ့ဆော်ခဲ့တာများလဲ ..။

အခန်း (၃)

ဖြစ်ချင်တော့ ..
ခုန စတိဗ်ဂျော့ဘ် ပြောတဲ့ လူက သူနဲ့ ရုပ်ချင်းဆင်တယ်။ ကျစ်လစ်တဲ့ ခန္ဓာကိုယ် ရှိတာချင်း တူသလို မျက်မှန်တပ်တာချင်းလည်း တူပါတယ်။ အကျီအနက်ရောင် ကြိုက်တာချင်း တူသလို ယုတ်စွအဆုံး .. ပြောရရင် ထိပ်ပြောင်တာချင်း က အစ တူပါတယ်။
ဒါပေမဲ့ အဲဒီလူ ဟာ ..
စတိဗ်ဂျော့ဘ် ရဲ့ ညီအကိုတော်သူ မဟုတ်ပါဘူး။
ဆွေမျိုးသားချင်း မဟုတ်သလို သူငယ်ချင်း အပေါင်းအသင်း လဲ မဟုတ်ပါဘူး။
တကယ်တမ်းပြောရရင် ..
တိတိကျကျ ဖွင့်မပြောခဲ့ပေမဲ့ စတိဗ်ဂျော့ဘ် အလွန် မုန်းတီးခဲ့တဲ့ လူတယောက်ပါ။
တိတိကျကျ ပြောရရင် သူဟာ .. Android OS ကို ရေးသားခဲ့တဲ့ လူတယောက် ပါ။
သူ့ အမည် က …အန်ဒီရူဘင် တဲ့ ။

အခန်း (၄)

ငယ်ငယ်ကလေးတည်းကစပြီး အခုအချိန်အထိ မူပိုင်ခွင့် တဆယ့်ခုနှစ် ခု လောက်ကို ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ အန်ဒီရူဘင် (Andy Rubin) ကို နယူးယောက်မြို့ရဲ့ မထင်မရှား ဆင်ခြေဖုံး ရပ်ကွက် တခုမှာ မွေးဖွားခဲ့တာပါ။
သူ့အဖေက ပထမတော့ စိတ်ပညာရှင် အနေနဲ့ အသက်မွေးပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးပိုင်း အခြေအနေ သိတ်မကောင်းလို့ ကုမ္ပဏီ တခုမှာ ဥပဒေ အကြံပေး ၀င်လုပ်ပါတယ်။ အန်ဒီရူဘင် ကို ငယ်ငယ်ကလေးကတည်း က တီထွင်ချင်တဲ့ စိတ်ရှိလာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေထဲမှာ သူ့အဖေ ရော၊ ကုမ္ပဏီ ပါ ထိပ်ဆုံးက ကျေးဇူးရှိနေပါတယ်။ သူ့အဖေ ဟာ ကုမ္ပဏီ က ထုတ်လုပ်တဲ့ အီလက်ထရောနစ် ဂက်ဂျက် ကလေးတွေရဲ့ ဓါတ်ပုံတွေကို တနင်္ဂနွေအားရက်တိုင်း သားဖြစ်သူဆီကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။
ကျောင်းနေတော့ စာသင်ခန်းထဲမှာ သတိထားမိအောင် သိတ်ပြီး လက်စွမ်းပြတာမျိုး မရှိခဲ့သလို ကျောင်းအားချိန်မှာ ခုံအလွတ်တခုပေါ်မှာ စဉ်းစားနေတာ ဟာ အန်ဒီရူဘင့် ရဲ့ အကျင့်တခု ဖြစ်လာပါတယ်။

အခန်း (၅)

၂၀၀၃ ခုနှစ်၊ နွေနှောင်းရာသီ ရဲ့ ရက် တရက် မှာ Linux Kernel ကို အခြေခံထားတဲ့ Opertion System တခု ကို တည်ထောင်ဖို့ T-Mobile က သူငယ်ချင်းတယောက်ရယ်၊ ဒီဇိုင်း ကုမ္ပဏီ က သူငယ်ချင်းတစ်ယောက်ရယ်၊ ဆက်သွယ်ရေးလောက က သူငယ်ချင်းတယောက် ရယ်၊ နည်းပညာ ပြင်ပ ကာလဖိုးနီးယားနယ် က စီးပွားရေး သမားတယောက် ရယ် ပူးပေါင်းပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
အဲဒီ OS ဟာ ပရိုဂရမ်သမားတွေ ဘက် က ကြည့်ရင် လွယ်ကူတဲ့ ပရိုဂရမ်မင်း ဖြစ်တဲ့ C++ ကို သုံးစွဲထားသလို ရှုပ်ရှုပ်ထွေးထွေး တွေ အရမ်းကြီးပါဝင်တာ လဲ မရှိတဲ့အတွက် ဆက်သွယ်ရေး လိုင်း ကို အကောင်းဆုံး ဖြစ်စေတဲ့ အထောက်အပံ့ တွေ လဲ ပါရှိပါတယ်။ ဒီဇိုင်းသမားတွေ အကြိုက် GUI စနစ် ကို အပြည့်အ၀ လိုက်နာပါတယ်။ ပြီးတော့ ဈေးကွက် ကို ချပြနိုင်စေဖို့ အတွက် လူတကာ သုံးစွဲရလည်း လွယ်ကူစေပါတယ်။
ကုမ္ပဏီ ကိုလဲ Android Inc. လို့ ခေါ်ခဲ့ သလို အဲဒီ စက်လည်ပတ်ရေး စနစ်ကို Android OS လို့ ခေါ်ဆို သမုတ်ခဲ့ပါတယ်။
အဲဒီ အစုအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အန်ဒီရူဘင် တယောက် သိတ်မကြာခင်မှာပဲ ထူးထူးခြားခြား အသံတွေ ကြားလိုက်ခဲ့ရပါတယ်။
တခြားအသံ တော့ မဟုတ်ပါ။
……………………………………
သူရဲကောင်း ခရာ တွေ ပြိုင်တူ ဟစ်ကြွေးလာနေတဲ့ စစ်ချီသံတွေပါ။
အခန်း (၆)

Andriod OS ကို လွှင့်ထုတ်ခဲ့ပြီး သိတ်မကြာခင်မှာပဲ မိုဘိုင်း စစ်မြေပြင်မှာ တိုက်ပွဲကိုယ်စီ ၀င်ကြတော့မဲ့ သူရဲကောင်းတွေရဲ့ စစ်ချီခရာသံတွေ နဲ့ စစ်မြေပြင် ရဲ့ ရနံ့၊ ရှုခင်းတွေနဲ့ ခက်ထန်တဲ့ သင်္ကေတတွေကို သူ ခံစားလိုက်မိတဲ့ အကြောင်း ကို နောက်ပိုင်းမှာ အင်တာဗျူးတခု မှာ အန်ဒီရူဘင် က အခုလို ပြောကြားသွားခဲ့ပါတယ်။
“ ကျွန်တော် အခု နှစ်ခု တွဲကိုင်ထားရပါတယ်။ တခု က အနာဂတ်မှာ ဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတဲ့ ရိုဘော့နည်းပညာ၊ နောက်တခု ကတော့ အခု လတ်တလော ဘ၀ ထဲက Google Chrome, Google Phone တွေနဲ့ ပတ်သက်တဲ့ Project တွေ ပါ။ အခု လက်ရှိဘ၀ မိုဘိုင်း လောက ကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ .။ ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ မနေ့တနေ့ကမှ စထောင်တဲ့ ကုမ္ပဏီ ငယ်ကလေး က နေ့ချင်း သူဌေးဖြစ်သွားနိုင်သလို နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကြီး တခု ကလဲ ချက်ချင်းလဲ ပြိုကွဲသွားနိုင်ပါတယ်။ အဲဒီအထဲမှာ စစ်မြေပြင်မှာ စစ်သည်တော်တွေ အသိထားသလိုမျိုး အမြဲသတိရှိဖို့ လိုပေမဲ့ ပြိုင်ဆိုင်မှုကိုတော့ ကျွန်တော်တို့ လက်ကမ်းကြိုဆိုရမှာပဲ မဟုတ်လား။ ပြိုင်ဆိုင်မှု ဆိုတာ ကိုက ကျွန်တော့် တို့ ဒီနေ့ခေတ်အတွက် စိန်ခေါ်မှု ပဲလေ.။ “
CNet အယ်ဒီတာတွေ က ၂၀၀၉ ခုနှစ်မှာ အန်ဒီရူဘင် ကို အင်တာဗျူးပြီးတဲ့အချိန်အထိ သူ့ကို ဘယ်သူမှန်း မသိသေးပါဘူး။ Android ကို လက်ခံရကောင်းမှန်း နဲ့ ကြိုက်ရကောင်းမှန်းလဲ မသိကြသေးပါဘူး.။
တဖြည်းဖြည်း နဲ့ အချိန်တွေ ကုန်လွန်ခဲ့ပါပြီ။
ဆယ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာ အတွင်းမှာ Android က စတင် ဖူးပွင့်ခဲ့ပါပြီ။ ကွန်ပျူတာလောက မှာ လုံးလုံးနေရာမရခဲ့ပေမဲ့ ခေတ်လွန်ပလက်ဖောင်းမှာတော့ Andriod ရှဲု့ ချိုသာတဲ့ ဈေးကွက် ဖြစ်ထွန်းခဲ့ပါတယ်။ အစပိုင်းမှာ လူတောမတိုးလှပေမဲ့ တတိယကမ္ဘာ့ နိုင်ငံတွေရဲ့ အားပေးမှုတွေက ပေါင်မုန့် တစ်လုံးကို ခဏလေးနဲ့ တ၀က်ကျော်ကျော် သယ်မသွားနိုင်တဲ့ ပုရွက်ဆိတ်ကလေးတွေလိုပါပဲ. ။
အဲဒီအချိန်အထိ အန်ဒီရူဘင် ကိုေ၀၀ါးနေကြဆဲပါပဲ ..။
အခန်း (၇)

၂၀၁၃ ခုနှစ် မှာတော့ ဆီလီကွန် တောင်ကြားတခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ စကားတခွန်း ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီ စကားကို ထုတ်ဝေခဲ့တဲ့ business insider မဂ္ဂဇင်း တခု ထည့်သွင်းခဲ့တာပါ.။ ပြီးတော့ ကျွန်တော့်တိုရဲ့ ချစ်လှစွာသော စတိဗ်ဂျော့ဘ် က ပြောခဲ့ပါတယ်။
“ အဲဒီကောင် က .. ၀ မရှိပဲ ၀ိ လုပ်နေတဲ့ကောင် “ (မူရင်းမှာတော့ .. big arrogant လို့ သုံးပါတယ်။)

ဒီ စကားကတော့ နည်းနည်းတော့ များတယ် လို့ ဆိုရမှာပါ။
ဆီလီကွန်တောင်ကြားမှာ လုပ်နေတဲ့ လူအချင်းချင်း အဲဒီလောက် ရည်ရွယ်ပြီး မပြောသင့်ဘူး လို့ ကျွန်တော် ထင်မိပါတယ်။ နောက်ပြီးတော့ ဘယ်သူမို့လို့ အဲဒီလောက် သူ ပြောရတာလဲ ..။ ဘီလ်ဂိတ် နဲ့များ ပြန်ပြီး ရန်ဖြစ်နေပြန်ပြီလား ..လို့ အားလုံး စိတ်ထဲ က ယူဆပြီး လေ့လာလိုက်တဲ့အခါ မှာတော့ လူတိုင်းအံ့သြသွားစေနိုင်တဲ့ လူတယောက် ကို ရှုာဖွေ တွေ့ရှိသွားပါတယ်။
အန်ဒီရူဘင် ဟာ Google 45 ထဲမှာ မပါဝင်ပါဘူး.။ Google 45 ဆိုတာ က Google ရဲ့ အကောင်းဆုံး ပရိုဂရမ်မာ ၄၅ ယောက်ပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ နှစ်ခြိုက်တဲ့ လက်ရှိ သုံးစွဲနေတဲ့ Gmail ကို ဖန်တီးခဲ့တဲ့ လူ တောင် ပါဝင်ပါသေးတယ်။ လူတော်တော်များများ က အန်ဒီရူဘင် ကို မသိကြပေမဲ့ Google ကတော့ သူတို့ရဲ့ တီထွင်ပါရဂူ ကို ဂူးဂဲလ်ရူဘင် (Google’s Rubin) လို့ ခေါ်ဆိုပြီး ချီးမြှောက်ခဲ့ပါတယ်။
နည်းပညာလောက ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တယ် ဆိုပေမဲ့ စတိဗ် ဂျော့ဘ် ရဲ့ စကားကို ကြားပြီးတဲ့အချိန်မှာတော့ အံ့သြစရာကောင်းလှပြီး အရမ်းပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ အရင် ဆယ်စုနှစ်တွေ က မန်ချက်စတာယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်း နဲ့ ပြိုင်ဆိုင်ခဲ့သလိုမျိုး၊ မိုက်ခရိုဆော့ဖ် နဲ့ အက်ပဲလ် နဲ့ ပြိုင်ဆိုင်ခဲ့သလိုမျိုး၊ အဲဒီ လိုမျိုး ဘက်နှစ်ဖက် ကွဲပြားသွားခဲ့ပါတယ်။
တချို့ က သူတို့ရဲ့ Apple iOS ဘက်မှာ ရပ်တည်ခဲ့ပြီး တချို့ကတော့ Google Android ဘက်မှာ ရပ်တည်ခဲ့ပါတယ်။
အခြေအနေတခု ကို ရုတ်ချည်း နှစ်ခြမ်းကွဲသွားအောင် ဘယ်သူကမှ ပြုမူခဲ့တာ မဟုတ်ပေမဲ့ ပစ္စက္ခလောကမှာတော့ အငြိုးကြီးမားတဲ့ ရန်သူတွေလို ရင်ဆိုင်ခဲ့ကြရပါပြီ။ business insider စာအုပ်ထဲမှာ ပါတဲ့ နောက်ထပ် လူသိနည်းတဲ့ အချက်တချက်ကတော့ Google Android ဟာ Apple iOS ရဲ့ နည်းပညာပိုင်း ကို တထပ်ထည်းကျအောင် လိုက်ပြီး တုပထားပြီး kernel သုံးစွဲမှုတွေက အစ ထပ်တူညီတယ် လို့ စတိဗ်ဂျော့ဘ် က စွပ်စွဲထားတဲ့ အချက်ပါပဲ။ စတိဗ်ဂျော့ဘ် ဟာ ဖြစ်တောင့်ဖြစ်ခဲ ဒေါသတရားတွေကို Android ပေါ်ကို စုစည်းစေခဲ့ပါတယ်။ စာထဲမှာ ဖော်ပြဖို့ မသင့်တော်လှတဲ့ ညစ်ညမ်း စကားလုံး နဲ့ ဆဲဆိုမိတဲ့ အထိပါပဲ။
“ Andriod က iOS ကို တော်တော့် ကို ခိုးချထားတာပဲ .။ အရာရာအားလုံးကို သောက် ….ပဲ “ လို့ ဆဲဆိုခဲ့ကြောင်း business insider မှာ ပါဝင်ခဲ့ပေမဲ့ အန်ဒီရူဘင် က ဘာတခု မှ မတုံ့ပြန်ခဲ့ပါဘူး။ စတိဗ်ဂျော့ဘ် ပေါက်ကွဲမယ်ဆိုရင်လဲ ပေါက်ကွဲချင်စရာပါ။. ဘာလို့လဲ ဆိုတော့ AndyRubin ဟာ ကမ္ဘာကျော် Apple Inc. ကုမ္ပဏီကြီးမှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ အင်ဂျင်နီယာ အလုပ်နဲ့ တာဝန်ယူဖူးတဲ့ အတွက်ပါပဲ ..။ “ အဲဒီ မပြေးသော် ကန်ရာရှိ “ နေတဲ့ အချက်ကို လေ့လာသူတွေ ထပ်ပြီးတွေ့ခဲ့ကြပါတယ်။
အခုအချိန်မှာ Google ကနေ ရိုဘော့တက္ကစီတွေ ထုတ်လုပ်မဲ့ စီမံကိန်း ရှိနေပါတယ်။ လူတွေရဲ့ နေအိမ်တွေကို အင်တာနက် အခမဲ့ စီမံကိန်းလဲ ရှိနေသလို အဲဒီအိမ်တွေမှာ သုံးစွဲမဲ့ နည်းပညာတွေကိုလဲ ရိုဘော့နည်းပညာတွေကို သုံးစွဲဖို့ နဲ့ ရိုဘော့တွေကိုယ်တိုင် လူတွေကို ကူညီမဲ့ အစီအစဉ်တွေအတွက် အသေးစိတ် သတ်မှတ်ချက်တွေ လျာထားနေပါပြီ။
အဲဒီ project တွေဟာ အန်ဒီရူဘင် ရဲ့ စိတ်ကူး အပိုင်းအစတွေကနေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ သူကိုယ်တိုင် လဲ ဦးဆောင်နေပါတယ်။ အဲဒီအတွက် လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိထားပါတယ် လို့လဲ အန်ဒီရူဘင် က ၀န်ခံခဲ့ပါတယ်။
ဒါပေမဲ့ စီမံကိန်း တော်တော်များများ ဟာ Apple ရဲ့ Secret Projects တွေနဲ့ တိုက်ဆိုင်နေလေ့ရှိပါတယ်။ အခု ၂၀၁၄ ခုနှစ် မှာ မော်တော်ကားတွေပေါ်မှာ သုံးစွဲမဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး Apple နဲ့ Google Android တို့ ထိပ်တိုက်တွေ့စရာ အကြောင်း ရှိနေပါတယ်။
အင်း .. ပြောရမယ် ဆိုရင် ..
အန်ဒီရူဘင် နဲ့ စတိဗ်ဂျော့ဘ် ၀ိညာဉ် တို့ နောက်ထပ် နယ်ပယ် တခုမှာ
ထပ်ပြီး တိုက်ခိုက်ကြဦးမယ် ထင်ပါရဲ့ ။

အခန်း (၈)

ဒါကြောင့် …ဒီတခါမှာတော့
“ ကျုပ်ကတော့ ကမ္ဘာမြေဆုံးသွားတဲ့ အထိ၊ ကျုပ်သေတဲ့ အထိ ခွင့်လွှတ်မှာ မဟုတ်ဘူး .. ”
…. လို့

မီးစာကုန်၊ ဆီခမ်းတဲ့အချိန် … စတိဗ် ဂျော့ဘ် သေခါနီးအထိ စစ်ကြေငြာခဲ့တယ် လို့ ပြောလာခဲ့မယ် ဆိုရင် …
ကျွန်တော် အံ့သြသွားမှာ မဟုတ်တော့ပါဘူး။

TechSpace Journal
အပြည့်အစုံသို့ »

ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းများ မြင့်တက်လာ


ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းသည် ပုံမှန် မြင့်တက်လာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်း cloud ဝန်ဆောင်မှု ကုမ္ပဏီ Akamai က ဖော်ပြခဲ့သည်။
အပြည့်အစုံသို့ »

Apple Q & A


ကျွန်တော် အသုံးပြုနေတာကတော့ New iPad ကိုအသုံးပြုနေတာပါ။ ကျွန်တော့် iPad မှာအစက iPad ကိုလက်ငါးချောင်းနဲ့ ဆွဲလိုက်ရင် အသုံးပြုနေတဲ့ App စနစ်တွေပိတ်သွားတာတို့ အောက်ကနေ လက်ငါးချောင်းနဲ့ ဆွဲတင်လိုက်ရင် အသုံးပြုပြီးသားစနစ်တွေ ပေါ်လာပြီးဖျက်လို့ရတဲ့ စနစ်မျိုးတွေကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမဲ့ ခုအဲဒီစနစ်တွေ တစ်ခုမှအသုံးပြုလို့ မရတော့ပါဘူး။ Home Key ကိုနှိပ်မှပဲ အသုံးပြုနေတဲ့ စနစ်ကိုပိတ်လို့ရပါတယ်။ ပြီးတော့အသုံးပြုပြီးသား App တွေကိုလည်းပြန်ရှာလို့ မရဘူးဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲခင်ဗျာ။

ဒါကတော့ iPad မှာ အသုံးပြုနေတဲ့ Gesture Sensor စနစ် ပိတ်သွားလို့ ဒါမှမဟုတ်ရင် ပျက်သွားလို့ ဖြစ်နိုင်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ iPad ထဲမှာရှိနေတဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ General ဆိုတဲ့ထဲကို ဝင်လိုက်ပါ။ General ထဲမှာ Multitasking Gesture ဆို တဲ့စနစ်ရှိပါတယ်။ အဲဒီစနစ်နေရာ မှာ On ဖြစ်နေသလား Off ဖြစ်နေ သလားဆိုတာကို ကြည့်လိုက်ပါ။ Off ဖြစ်နေတယ်ဆိုရင်တော့ On လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Multitasking Gesture ဆိုတဲ့နေရာမှာ On ဖြစ်နေပြီး Multi Touch စနစ်တွေက အသုံးပြုလို့မရတာ ဆိုရင်တော့ ပထမဆုံး Touch Screen ကိုစစ်ဆေးရပါလိမ့်မယ်။ Touch Screen က Multitouch စနစ်ကို အသုံးပြုဖို့အတွက် Gesture Sensor စနစ်တွေမကောင်းတော့ တာဆိုရင်တော့ ဒါက Hardware ပိုင်းက ဖြစ်တာဖြစ်နိုင်တဲ့အတွက် ပြန်လည်ပြင်ဆင်တာမျိုး ဒါမှမဟုတ် OS က Multitasking စနစ်ကိုအထောက်အပံ့ မပေးနိုင်တော့တာမျိုး ဖြစ်ခဲ့တာဆိုရင်လည်း OS ကိုအသစ်ပြန်လည် တင်တာမျိုးတွေပြုလုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ ပထမဆုံးတော့ Setting ထဲမှာသွားပြီးတော့ Multitasking Gesture စနစ်ကိုအရင် ဆုံးစစ်ဆေးကြည့်လိုက်ပါ။


-ကိုသက်
Internet Journal
အပြည့်အစုံသို့ »

ရေဘဝဲပေါလ်နှင့် အပြိုင် ကမ္ဘာ့ဖလား ရလဒ်များ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့် Microsoft Cortana


၂၀၁၀ ကမ္ဘာ့ဖလား တွင် ရေဘဝဲပေါလ်သည် ကမ္ဘာ့ဖလား ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သူ ဖြစ်ခဲ့သလို ယခုနှစ် ကမ္ဘာ့ဖလားတွင်လည်း Microsoft ၏ Cortana assistant က ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် လေးပွဲကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြောင်း သိရသည်။

Apple ၏ Siri ကဲ့သို့ လုပ်ဆောင်ချက်တူညီသည့် Microsoft Cortana သည် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်များတွင် ဘရာဇီးလ်၊ ကိုလံဘီယာ၊ နယ်သာလန်နှင့် ကော်စတာရီကာ တို့၏ ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းပေးနိုင်ခဲ့သည်။


ထို့အပြင် လက်ရှိတွင်လည်း Cortana သည် ဂျာမနီနှင့် ပြင်သစ်တို့ကို ကွာတားဖိုင်နယ်သို့ တက်ရောက်မည့် အသင်းများအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

အဆိုပါ ရလဒ်များသည် The Voice, Dancing With the Stars နှင့် American Idol တို့တွင် ဆုရရှိသူများကို ခန့်မှန်းရာတွင် အသုံးပြုခဲ့သည့် Microsoft Bing predictions engine ဖြင့် ခန့်မှန်း ဖော်ပြခြင်း ဖြစ်သည်။

Microsoft ၏ ခန့်မှန်းချက်များသည် ကမ္ဘာ့ဖလား  ပြိုင်ပွဲဝင် အသင်းများ၏ အနိုင်၊ အရှုံး၊ သရေ ရလဒ်များအပြင် ပွဲချိန်၊ ရာသီဥတု အခြေအနေ၊ အိမ်ကွင်း အားသာချက် စသည်တို့ကို အခြေခံကာ တွက်ချက်ပေးခြင်း ဖြစ်သည်။

အချို့သောသူများကမူ Cortana သည် ဘယ်လ်ဂျီယံနှင့် အမေရိကန်ပွဲတွင် ဘယ်လ်ဂျီယံကို ရွေးချယ်ထားသောကြောင့် ၎င်း၏ ခန့်မှန်းချက်များ ၁၀၀ ရာခိုင်နှုန်း မမှန်ကန်နိုင်ကြောင်း သုံးသပ်လျက်ရှိသည်။

Ref: TheVerge

Internet Journal
အပြည့်အစုံသို့ »

လေထက်ပေါ့ပြီး ပိုပေါ့သော်လည်း ပိုမာတဲ့ ပစ္စည်းရုပ်ဝတ္တုကို တွေ့ရှိ


မကြာသေးတဲ့ ရက်အနည်းငယ်မှပဲ US မက်ဆချုဆက်ပြည်နယ်မှာတည်ရှိတဲ့ နည်းပညာကျောင်းတစ်ကျောင်းနဲ့ အမျိုးသားလုံးခြုံရေး ဓာတ်ခွဲခန်းမှ သုတေသနပညာရှင်တို့ရဲ့အောင်မြင်စွာရရှိလာတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ထို ရုပ်ဝတ္တု ပစ္စည်းမှာ လေထက်ပေါ့ပါးကာ ဂျဲလ်မှထုတ်ယူထားတဲ့ အလွန်ပေါ့ပါးတဲ့
Aerogel ထက်ပင်ပိုပြီး အကြိမ် (၁ထောင်) သန်မာပါတယ်။ Frozen smoke လို့ အမည်ပေးထားပြီး ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သတ္တိတွေနဲ့ ထူးခြားတဲ့ လက္ခဏာတွေ ရှိကာ လေဟာနယ်နဲ့ ကားလုပ်ငန်း နယ်ပယ်တွေမှာ အလွန် အသုံးဝင်နိင်ကြောင်း သိရပါတယ်။

ထို သုတေသနထဲတွင်ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ Xiaoyu Rayne Zheng ရဲ့ ပြောကြားချက်အရ သဘာဝကို ဖန်တီးပြုလုပ်ထားတဲ့ ဒီ Metamaterial တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ရှိမူတွေထက် ပိုပြီး အကြိမ် များစွာ အကျိုးပြုနိင်ပါတယ်။ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေထဲမှာ ထို သဘာဝကို ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ဝတ္တုပစ္စည်းတွေကို ပြုလုပ်ရတာ ဖြစ်ပြီး သဘာဝထဲမှာတော့ သူတို့ကို တွေ့နိင်မှာ မဟုတ်ပါဘူး။ ဒီပစ္စည်းတွေဟာ အလွန်မာကြောကြပြီး တစ်ချိန်တည်းမှာ 3D ပုံဖော်ခြင်းတွေကိုလည်း လုပ်ဆောင်ရရှိနိင်ပါတယ်။

ထိုကြောင့် အသစ်တွေ့ရှိထားတဲ့ ရုပ်ဝတ္တုဟာ ကမ္ဘာ့မှာ ရှိတဲ့ သိပ္ပံဂျာနယ်တွေမှာ ပါတဲ့ အရာတွေထက် အဆ ၁၀၀ မာကြောနေကြောင်း သိရပါတယ်။

အောင်ဟိန်း ( ရိုးရာလေး)
အပြည့်အစုံသို့ »

လူ့ကျင်ငယ်ရည်မှ တဆင့် လျှပ်စစ်ထုတ်ရန် ကြိုးပမ်းနေ


တစ်ကမ္ဘာလုံးကနေ တစ်နေ့ ကို ကျင်ငယ်ရေ လီတာပေါင်း ၁၀.၅ ဘီလီယံ ထွက်ရှိပါတယ်။ ဒီပမာဏဟာ အိုလံပစ်ရေကူးကန် ပေါင်း ၄၂၀၀ ကို ဖြည့်နိုင်တဲ့ ပမာဏပါ။ ကျွန်တော်တို့ အများစုဟာ ကျင်ငယ်ရေကို စွန့်  ပစ်ပစ္စည်းအနေနဲ့ သာ ခေါင်းစဉ်တပ်ကြမှာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီကျင်ငယ်ရေတွေကနေ အိမ်တွေ၊ ကားတွေနဲ့ မြို့ တွေအထိပါ လျှပ်စစ်စွမ်းအင်ပေးနိုင်အောင်လို့ ကြံဖန်နေကြပါပြီ။

ကိုရီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုဟာ ကျင်ငယ်ရေတွေကနေ ပြန်လည်ထုတ်ယူနိုင်တဲ့ ကာဗွန်အက်တမ်တွေကို အသုံးပြုပြီး ဈေးသက်သာတဲ့ လျှပ်စစ်စွမ်းအင်ရရှိဖို့ အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။

အခုလက်ရှိ fuel cells တွေမှာအသုံးပြုထားတဲ့ ဈေးမြင့်မားတဲ့ ပလက်တီနမ်နေရာမှာ လူသားတို့ ရဲ့ ကျင်ငယ်ရေကနေ သဘာဝအလျောက်ပါဝင်တဲ့ ကာဗွန်ကိုအသုံးပြုဖို့ ရည်မှန်းထားတာပါ။ Fuel Cells တွေဆိုတာ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ပြုခြင်းဖြင့် ရရှိလာတဲ့ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ စက်၊နည်းပညာတစ်ခုဖြစ်ပါတယ်။

Fuel cell အတွင်းမှာအသုံးပြုတဲ့ ဓာတ်ကူပစ္စည်းဖြစ်တဲ့ ပလက်တီနမ်သတ္တုဟာ ဈေးနှုန်းကြီးမားပြီး ဒီနည်းပညာတိုးတက်မှုကို ဈေးကွက်အခြေအနေအရ နှောင့်နှေးစေနိုင်တာကြောင့် ကိုရီးယားသိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ရရှိနိုင်တဲ့ ကာဗွန်ကို အစားထိုးနိုင်ဖို့  မျှော်လင့်နေကြပါတယ်။ ကာဗွန်ဟာ ပလက်တီနမ်နဲ့ ဓာတ်သတ္တိတူညီမှုတွေရှိပြီး ဒီအတွက်ကြောင့် fuel cells တွေ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်ဖွယ်ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ထုတ်ယူမယ့် လျှပ်စစ်စွမ်းအင်နဲ့ ကားတွေ၊အိမ်တွေအထိပါ လျှပ်စစ်စွမ်းအင် ကျယ်ပြန့် စွာပေးနိုင်လိမ့်မယ်လို့ ခန့် မှန်းထားကြပါတယ်။

Ref: Dailymail.co.uk
Trend Myanmar
အပြည့်အစုံသို့ »