Showing posts with label Myanmar-news. Show all posts
Showing posts with label Myanmar-news. Show all posts

အပစ်ရပ်ရေးကို နောက်အစိုးရနဲ့ ဆွေးနွေးမယ်။


အပစ်ရပ် လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့တို့ ၃ရက်ကြာ ဆွေးနွေးခဲ့ကြ

တနိုင်ငံလုံး အပစ်ရပ် လက်မှတ် မထိုး ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရွေးကောက်ပွဲ အပြီး တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ နိုဝင်ဘာလ ၃ရက်နေ့က ဆုံးဖြတ်လိုက်ကြပါတယ်။
NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့က UWSA ဝပြည် သွေးစည်း ညီညွှတ်ရေး ဌာနချုပ်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့အပြီးမှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် အစိုးရသစ် အနေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖေါ်ပေးရမယ်၊ ဖွဲ့စည်းပုံ ပြင်ပေးရမယ်၊ လက်ရှိ ကာလမှာလည်း အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်ဆိုင်းရမယ်၊ စတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
နောင်တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ကိုလည်း လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေ စုပေါင်းပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့မှာ အရင်က တခြားအဖွဲ့တွေမှာ မပါခဲ့တဲ့ ဝတပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့ တို့ ပါဝင်မယ်လို့ သိရပါတယ်။
တာဝန်ပေးရင် ဝတပ်ဖွဲ့က ဦးဆောင် ဖွဲ့မယ်လို့ ဝတပ်ဖွဲ့က ပြောတဲ့အကြောင်း AA ရခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
အခု ရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရမယ် ဆိုတာကို အစည်းအဝေးမှာ ခန့်မှန်း ပြောဆိုတာမျိုး မရှိပဲ ဦးသိန်းစိန် အစိုးရပဲ ဆက်ရှိနေနေ ၊ NLD အစိုးရ တက်လာတက်လာ ဖြစ်လာတဲ့အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ဒေါက်တာ ညိုထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

http://www.bbc.com/burmese/burma/2015/11/151103_uwsa_nca_statement
အပြည့်အစုံသို့ »

သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်လိုက်ပြီဟုဆို


ရန်ကုန်၊နိုဝင်ဘာ ၎

မကြာသေးခင်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားခံထားရတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို
ဒီနေ့မှာတော့ ပါတီကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ညကပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်တွေသာ ပြုလုပ်တဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်သူတစ်ဦးက ပြောတာဖြစ်ပါတယ်။

မကြာမီပြုလုပ်မယ့် ၂၀၁၅ ရွှေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ အကြီးအကျယ်ရှုံးနိမ့်မယ်လို့ သူရဦးရွှေမန်းဟာ အခုလို ပါတီကနေ
ထုတ်ပယ်ခြင်းမခံရမီ ရက်ပိုင်းအလိုက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်

https://www.facebook.com/popularnewsjournal/
အပြည့်အစုံသို့ »

နောက်ဆုံး မဲစာရင်း ဆက်လက် မှားယွင်း

နောက်ဆုံး မဲစာရင်း ဆက်လက် မှားယွင်းလျက် ရှိနေပါတယ်
ရွေးကောက်ပွဲ မဲပေးခွင့် ရှိသူ တွေရဲ့ နောက်ဆုံး အတည်ပြု စာရင်းတွေကို စစ်ရာမှာ အမှား အယွင်းတွေ ဆက်လက် ရှိနေပါတယ်။

ပထမအကြိမ် မဲစာရင်းဟာ အိမ်ထောင်စု ဇယားကို အခြေခံ ထုတ်ပြန်တာဖြစ်ပြီး၊ ဒုတိယ အကြိမ်မှာတော့ အက္ခရာစဉ် အလိုက် ထုတ်ပြန်ခဲ့ပါတယ်။

အခုနောက်ဆုံး မဲစာရင်းမှာတော့ မဲရုံအလိုက် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး ပုံစံ အပြောင်းအလဲကြောင့် မဲစာရင်း စစ်ရတာ အခက်အခဲ ရှိသလို မဲစာရင်း အမှားအယွင်း တွေလည်း ရှိနေပါတယ်။

ထုတ်ပြန်လိုက်တဲ့ မဲစာရင်းမှာ အသက်ပြည့်ပေမဲ့ မဲပေးခွင့်စာရင်းမှာ မပါပဲ ကျန်နေခဲ့သူတွေ၊ မဲ ဆန္ဒရှင် တစ်ဦးတည်းက သက်သေခံ မဲလက်မှတ် အပို ရနေတာတွေ ရှိနေပါတယ်။

မဲစာရင်းကို စစ်လို့ ကို မဖြစ်နိုင်လောက်အောင် အခက်အခဲ ဖြစ်နေကြောင်း၊ ပထမစာရင်းနဲ့ ဒုတိယစာရင်း အခုတစ်ခါ နောက်ဆုံး စာရင်းတွေဟာ ပုံစံ မတူတော့တာကြောင့် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟို အလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဒုတိယအကြိမ် မဲစာရင်းမှာ မပါခဲ့ သူတွေကို ပုံစံ(၃) နဲ့ အတိအကျ ပြန်လည် လျှောက်ထား ဆောင်ရွက် စေခဲ့တာကြောင့် မပါတာ မဖြစ်နိုင်ကြောင်း၊ သာသနာ့ဝန်ထမ်းနဲ့ ထောင်ကျ နေသူများ နောက်ဆုံး မဲစာရင်းမှာ ပါမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။

ကော်မရှင်အနေနဲ့ နောက်ဆုံး အတည်ပြု ထုတ်ပြန်တဲ့ မဲစာရင်း ဖြစ်တာကြောင့် နာမည် စာလုံးပေါင်း အမှားအယွင်း နဲ့ နေရပ်လိပ်စာ အမှားတွေလောက်တော့ ပြန်လည် ပြင်ပေးမဲ့ အကြောင်းနဲ့ ကြိုတင်မဲ ပေးခဲ့ရာမှာ တံဆိပ်တုံး ထုရမဲ့ အစား အမှန်ခြစ် ခဲ့တာတွေ အတွက် ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်မှာ မဟုတ်ကြောင်း ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။


Credit-->http://www.bbc.com/burmese/burma/2015/11/151103_final_voter_lists
အပြည့်အစုံသို့ »

မြန်မာ့စီးပွားရေးကို ခရိုနီများက ဆက်လက် ချုပ်ကိုင်ဦးမည်

လာမယ့်  ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်း လုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်း တစ်ရပ်က မနေ့က ဖော်ပြလိုက်ပါတယ်။

မြန်မာ့စီးပွားရေးဟာ ကမ္ဘာမှာ စတုတ္ထမြောက် အမြန် တိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ် အဖွဲ့က ပြောနေပေမဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ကျေနပ်လက်ခံနိုင် တဲ့ အနေအထားမှာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ မြန်မာစီးပွားရေးသုတေသီ ဦးစိန်ဌေးကတော့ စည်းမျဉ်းစည်းကမ်း လိုအပ်ချက်လို့  ပြောပါတယ်။

"ဒီတိုင်းပဲ ဒီစနစ်နဲ့သွားရင်တော့ သူတို့ကအသာရနေမှာပဲ၊ တကယ်လို့ အဲ့လိုမဟုတ်ဘူး၊ တကယ့်ဒီမိုကရေစီတွေမှာ ကျင့်သုံးတဲ့ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားရင်တော့ ကျနော်တို့မှာ စည်းမျဉ်း၊ စည်းကမ်းတွေရှိတယ်၊ ဒီတိုင်းသွားရမယ်၊ သူတို့ကို နှိပ်ကွပ်ပြီး မတရားမလုပ်ဖို့မဟုတ်ဘူး၊ စည်းမျဉ်းစည်းကမ်းဘောင်ထဲ ကသွားရင်တော့ တစ်ဘက်က တိုင်းပြည်အကျိုးရှိမယ်၊ တစ်ဘက်ကလည်းသူတို့က စည်းနဲ့ကမ်းနဲ့ သွားတဲ့ဟာမျိုးကိုမြင်တယ်"

ဒါပေမဲ့ ခရိုနီတွေကို အစိုးရက အထူးအခွင့်အရေးပေးထားတယ်လို့ AFP က ဖော်ပြပါတယ်။ သူတို့ဟာ လုပ်ငန်းကြီးတွေကို ချုပ်ကိုင်ထားနိုင်တဲ့အပြင် စီးပွားရေးယှဉ်ပြိုင်မှုတွေမှာ အစိုးရက အကာအကွယ်ပေးထားတာမို့ အသာစီးရမြဲရနေတယ်လို့ မြန်မာ့စီးပွားရေးဆိုင်ရာ ပညာရှင် Sean Turnell ကပြောပါတယ်။

အာဏာသိမ်းဖို့ကြံရွယ်မှုနဲ့ အကျဉ်းကျခံရပြီး ပြန်လွှတ်လာတဲ့အခါ ဦးနေ၀င်းရဲ့ မြေး ဦးအေးနေ၀င်းဟာ ဆောက်လုပ်ရေး၊ ဟိုတယ်နဲ့ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပြီး တော့ ၊ ဘိန်းဘုရင်လော်စစ်ဟန်ရဲ့သား Steven Law ဟာ Asia World ကုမ္ပဏီ ထူထောင်ထားပြီး ခရီးသွားလုပ်ငန်း၊ သင်္ဘောလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြင် ရန်ကုန်နိုင်ငံတကာ လေဆိပ်အဆင့်မြှင့်ရေး စီမံကိန်းအတွက် အစိုးရဆီက ကန်ထရိုက်ရထားတယ်လို့ ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲရှိမယ့် အရိပ်လက္ခဏာ ပြလာတာနဲ့ နိုဝင်ဘာ ၈ ရက် ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် အနိုင်ရ မယ့် အလားအလာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တချို့ လုပ်ငန်းရှင်ကြီးတွေ က ချဉ်းကပ်လာတာရှိတယ်လို့ ပြောပါတယ်။

Max Myanmar ဦးဇော်ဇော်၊ ထူးကုမ္ပဏီ ဦးတေဇ၊ Skynet မီဒီယာ ဦးကျော်ဝင်းတို့ဟာ NLD ကို ငွေကြေး အများအပြား လှူဒါန်းထားတာတွေရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံ စီးပွားရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ်နေထိုင်နေတဲ့ စီးပွားရေး သုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။






Credit-->http://www.rfa.org/burmese/news/crones-control-myanmar-economy-11022015214807.html
အပြည့်အစုံသို့ »

အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြသူနှစ်ဦး စစ်ခွေးတိုက် ပို့ခံရ

ရြန်ကုန်မြို့၊ အင်းစိန်ထောင် အဝင်ဝကို တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့အတွက် အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကို ထောင်တွင်းပြစ်ဒဏ်ပေးတဲ့ စစ်ခွေးတိုက်ကို ဒီနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ၇ ယောက် အစာငတ်ခံတိုက်ပွဲဝင်နေတဲ့အတွက် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်နဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့လည်း ပါဝင်လာတာလို့ သိရပါတယ်။

သူတို့ကို စစ်ခွေးတိုက်ဆီ ပို့လိုက်တယ်လို့ သိရတဲ့အကြောင်း ကိုနိုင်ဇော်ကြည်ဝင်းရဲ့ မိခင် ဒေါ်ခင်ကြည်က RFA ကိုပြောပါတယ်။

"ကိုတင်ထွဋ်ပိုင်က ၂ ရက်နေ့ အရင်စဝင်တယ်၊ အင်းစိန်ထောင်က စစ်ခွေးတိုက်ကို ခေါ်သွားတယ်တဲ့၊ ဒီနေ့မနက် ၇ နာရီမှာ ကျမသားအငယ်ကောင် နိုင်ဇော်ကြည်ဝင်းကို ခေါ်သွားတယ်၊ ဒီအတိုင်းကြီးပေါ့နော် ခါးဝတ်ခါးစားနဲ့ပဲ သူတို့နေတဲ့တိုင်ကနေပြီးတော့ အဲ့ဒီ စစ်ခွေးတိုက်ကို မနက်က ၇ နာရီက ခေါ်သွား တယ်ပေါ့နော်"

ကိုတင်ထွဋ်ပိုင်ဟာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်းကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ပစ်လို့ သေဆုံးသွားရတဲ့ကိစ္စအတွက် အမှုမှန်ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ အတွက် နှစ်ရှည်ထောင် ချခံထားရတာဖြစ်ပါတယ်။

ကိုနိုင်ဇော်ကြည်ဝင်းက အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြတာတွေမှာ ကူညီခဲ့တဲ့အတွက် တရားစွဲခံနေရတာ ဖြစ်ပါတယ်။

သာယာဝတီထောင်မှာ အစာငတ်ခံတိုက်ပွဲဝင်နေတဲ့ ဗကသများအဖွဲ့ချုပ်ဝင်တွေကတော့ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမျိုးမြတ်စံ၊ ကိုဖြိုးဓန၊ ကိုဆွေလင်းထွန်း၊ ကိုမာနော်၊ ကိုကျော်စွာလင်းတို့ ဖြစ်ပါတယ်။ သူတို့ကိုလည်း တစ်ယောက်တစ်နေရာစီ သီးခြားခွဲထားတယ်လို့ သိရပါတယ်။

Credit --> http://www.rfa.org/burmese/news/two-students-dog-cell-11032015101627.html
အပြည့်အစုံသို့ »

Redlink မသုံးသင့်တဲ့ အကြောင်းရင်းများ

မှတ်ချက်
အရင်ဦးဆုံး ပြောချင်တာက သူများမကောင်းကြောင်း ပြောချင်လို့ ဒီ post ကို ရေးတာမဟုတ်ပါဘူး။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို ရေးခြင်းသာဖြစ်ပါတယ်။ ဒီ post ကို နည်းပညာနဲ့ ပတ်သတ်တဲ့ အကြံပေးချက် တစ်ချက်လို့လည်း ယူဆနိုင်ပါတယ်။

Myanmar နိုင်ငံရဲ့ လက်ရှိ အင်တာနက် အခြေအနေ
အခုဆို ဖုန်းအင်တာနက်တွေ ရပြီးလို့ ဖုန်း company တွေလည်း အသစ်တွေ ရောက်နေပါပြီ။ အော်ရီဒူးကဒ် ထွက်ပြီးလို့ တယ်လီနောတောင် အခု စက်တင်ဘာလထဲ ထွက်တော့မယ့်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့အင်တာနက်တွေ ဘယ်လောက်မြန်မြန် ဖုန်းအင်တာနက်နဲ့တော့ ဘယ်သူမှ အလုပ်လုပ်မယ်လို့ မထင်ပါဘူး။ လုပ်ငန်းတွေမှာ သုံးဖို့အတွက်ဆိုရင်တော့ အင်တာနက်ကို မြန်တဲ့အင်တာနက်ကို ရွေးသုံးကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အင်တာနက် ဝန်ဆောင်မှုပေးတဲ့ company က သိပ်ပြီး ရွေးချယ်စရာမရှိပါဘူး။

အရင်တုန်းက မြန်မာ့ အင်တာနက်
ကျွန်တော် မှတ်မိသလောက် ဟိုးအရင်တုန်းက MPT ကနေ ADSL လိုင်းတွေ ဝယ်သုံးရပါတယ်။ ADSL internet ဆိုတော့ ကြိုးဖုန်းတစ်လုံးရှိဖို့လိုပါတယ်။ လိုင်းကလည်း အတော်ကလေး ဆိုးပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်း ရှိတာဆိုတော့ သူ့ကိုပဲ လူတိုင်း ကြိတ်မှိတ်ပြီး သုံးကြပါတယ်။ ဖုန်းလိုင်းနဲ့ဆိုတော့ နေရာတော်တော်များများမှာ သုံးနိုင်ပါတယ်။ Dial up card လေးတွေတောင် ရှစ်ထောင်တန်လောက်ကစပြီး ရောင်းပါတယ်။

နောက်ပိုင်း Yatanarpon ADSL ထွက်ပါတယ်။ ပုံစံအတူတူပါပဲ။

Redlink Internet အကြောင်း
အဓိက ပြောချင်တာက Redlink ပါ။ Redlink အင်တာနက်လိုင်းက အားသာချက်တစ်ခုရှိပါတယ်။ ကြိုးဖုန်း မလိုတဲ့အားသာချက်ပါ။ အင်တာနက်လိုင်းလည်း သူ့အရင်ထွက်ခဲ့တဲ့လိုင်းတွေထက် နည်းနည်းပိုကောင်းပါတယ်။ နည်းနည်လေးပါပဲ။ Redlink ကြော်ငြာတွေကိုလည်း နေရာတော်တော်များများမှာ သုံးတဲ့အတွက်ကြောင့်မို့လို့ လူသိများပါတယ်။ ဒါပေမယ့် ဝယ်သုံးဖို့ မလောပါနဲ့ဦး၊ ကိုယ်တွေ့ဖြစ်ရပ်ကလေး တစ်ခုပြောပြပါမယ်။ ပိုပြီးတော့ သဘာဝကျသွားအောင် redlink ရဲ့ facebook page မှာ ရေးထားတဲ့ review တွေကိုပါ ပူးတွဲ ဖော်ပြပေးပါမယ်။

Redlink portable wimax (သူတို့ ပြောတာတော့ mobile wimax ပေါ့) ကို အနိမ့်ဆုံးဖြစ်တဲ့ silver plan ကနေ စသုံးကြည့်ပါတယ်။ စဝယ်တုန်းကတော့ အနိမ့်ဆုံး plan အင်တာနက် အမြန်နှုန်းလေးက မဆိုးပါဘူး။ ဒါပေမယ့် Bandwidth limit က လဝက်လောက်ပဲ ခံပါတယ်။ ဒါနဲ့ အမြန်နှုန်းလေးလဲ သဘောကျတာနဲ့ တိုးရင်းတိုးရင်းနဲ့ နောက်ဆုံး plan ဖြစ်တဲ့ silver plus plan ကို သုံးဖြစ်သွားပါတယ်။ အဲဒီ plan မှာ ပါတာက 12GB bandwidth ပါပါတယ်။ အဲဒီ ၁၂ ဂစ် ကုန်သွားရင် တစ်ဂစ်ထပ်သုံးတိုင်း ၁၀ ဒေါ်လာယူပါတယ်။ စုစုပေါင်း ဒေါ်လာ ၁၈၀ ကျော်ရင်တော့ ၁၈၀ ပဲယူပါတယ်။ ကျွန်တော် လတိုင်း $180 ဆောင်ရပါတယ်။ ဒါပေမယ့် အမြန်နှုန်းကို ကျေနပ်တဲ့အတွက် ပြဿ        နာမရှိပါဘူး။ စဝယ်ကာစက လိုင်းမိတဲ့အားက တိုင်ပြည့်ကို တစ်တိုင်ပဲ လျော့ပါတယ်။

ဒါပေမယ့် နှစ်လလောက် ကြာတဲ့အခါကျတော့ လိုင်းဆွဲအားက နှစ်တိုင်ပဲ တက်ပါတော့တယ်။ အင်တာနက် အမြန်နှုန်းလည်း သိသိသာသာကို ကျသွားပါတယ်။ ဖုန်းဆက်ကြည့်တော့လည်း router ထဲက result တွေကို screenshot နဲ့ ပို့ခိုင်းပါတယ်။ ပို့လိုက်ပါတယ်။ ဒါပေမယ့် ဘာမှ မထူးလာပါဘူး။ ဘာမှထပ်မပြောတော့ဘဲ ရသလောက်လေးနဲ့ပဲ ဆက်သုံးနေပါတယ်။

အရင်တုန်းက လိုင်းကောင်းပြီး တဖြည်းဖြည်းနှေးလာတယ်ဆိုတဲ့ facebook ပေါ်က redlink review လေးတစ်ခု

တစ်လလောက်ပဲ ကော်နက်ရှင်ကောင်းတယ်ဆိုတဲ့ redlink review တစ်ခု

အပြည့်အစုံသို့ »

ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်



Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅ဝ) ကျပ်နှုန်းနှင့် Ooredoo မှ တစ်မိနစ် (၃၅) နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။

“ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅) ကျပ်ပဲ ကောက်ခံမယ်။ Sim ကတ်နဲ့ ငွေဖြည့်ကတ်ဒ်တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြန်သွားမယ်” ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။

Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅ဝဝ) ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ ယင်း Sim ကတ်ဒ်များမှ မိုဘိုင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများ ဖြစ်သည့် Video Call ၊ Voice mail ၊ အင်တာနက် စသည် တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

“MPT အနေနဲ့ ကလည်း ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ လျှော့ချဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ အားလုံး အဆင်ပြေစေမယ့် ဈေးနှုန်း ဖြစ်မှာပါ။ မကြာခင်တော့ အကောင်အထည် ဖော်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ဆိုသည်။

Telenor မှ ရောင်းချမည့် Sim ကတ်ဒ်များမှာ 2G ကွန်ရက်ဖြစ်၍ မည်သည့် ဟန်းဆက်မဆို အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်ဒ်များ စတင် ရောင်းချချိန်တွင် ဆင်းမ်ကတ်ဒ် သန်း (၃ဝ) ရောင်းချပေး သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။

Credit : Messenger
အပြည့်အစုံသို့ »

နိုင်ငံတော်သို့ ပေးသွင်းရန် ရွှေစင်ကြွေးကျန် လုံးဝမရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တရားဝင်ငြင်းဆို


အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်အား ပေးဆောင်ရန် အကြွေး မရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က Tomorrowသို့ တရားဝင် ပြောကြားလိုက်သည်။

“ဒီအပေါ်မှာ ပြောချင်တာက အကြွေးပေးစရာ မကျန်ပါဘူး။ ကြိုက်တဲ့နေရာမှာ သွားစစ်ဆေးကြည့်ပါ။ ရတယ် ကြိုက်တာနဲ့စစ်”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က သြဂုတ်လ(၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၊ ရွှေမိုးယံ ကုမ္ပဏီနှင့် အာရှကမ္ဘာမြေ ကုမ္ပဏီတို့မှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀နီးပါးအထိ ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ဆိုသည့် သတင်းအပေါ်တွင် ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီအစီရင်ခံစာ အဖွဲ့တွေကို သေချာပြန်စိစစ်ပေးပါလို့ ပြောချင်တယ်။ မီဒီယာတွေကလည်း အမြဲတမ်း မှန်အောင်ရေးဖို့လိုတယ်။ သတင်းတစ်ခုကို ရတယ် ဆိုတာနဲ့ ရေးဖို့မသင့်ဘူး”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တန်ပြန် ပြောဆိုခဲ့သည်။

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ရွှေမိုးယံနှင့် အာရှ ကမ္ဘာမြေ ကုမ္ပဏီ၃ခုတို့သည် နိုင်ငံတော်သို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ကျော် ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ် မတ်လ ၁၇ ရက်အထိ ရွှေစင် ၄၆ပိဿာကျော်သာ ပေးသွင်းသည့် အတွက် ရွှေစင်ပိဿာချိန် ၉၆၀နီးပါး ကြွေးကျန် ရှိနေပြီး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ အနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာမှု မရှိသည့် အပြင် ရွှေကြွေးကျန်များ ရှိသော်လည်း အထက်ပါ ကုမ္ပဏီများနှင့် ငါးနှစ်အထိ ထပ်မံ စာချုပ်ချုပ်ဆိုထားခြင်းကြောင့် နိုင်ငံတော် အနေဖြင့် များစွာနစ်နာလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ တစ်ခုမှ ထပ်မံရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

tomorrow
အပြည့်အစုံသို့ »

မန္တလေး ပဋိပက္ခဖြစ်စေသည့် သတင်းကိုငွေပေးကာ ဖြန့်ခိုင်းသည်ဆိုသည့် သတင်းအပေါ် ဆရာတော် ဦးဝီရသူ ပြန်လည်ချေပ



မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး သစ်ထူးလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသော သတင်းမှာ ဆရာတော် ဦးဝီရသူမှ ယင်းသတင်းတင်လျှင် ၂၅သိန်းပေးကာ တင်ခိုင်းထားခြင်းဖြစ်သည် ဆိုသော သတင်းနှင့် ပတ်သတ်၍ ဆရာတော်မှ လုံးဝမဟုတ်ကြောင်းနှင့် ၄င်းသတင်းဓာတ်ပုံမှာလည်း ပြန်လည်ပြုပြင်ထားပြီး တင်ထားသည့်ပုံ ဖြစ်ကြောင်းကို မိန့်ကြားခဲ့သည်။

သစ်ထူးလွင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဆရာတော် ဦးဝီသူရမှ သစ်ထူးလွင်အား နေဆန်းညီနောင်၊ မုဒိမ်းမှု သတင်းအား တင်ပေးပါက ငွေကျပ် ၂၅သိန်းပေးမည်ဖြစ်သည့်အပြင် သတင်း ပေါက်သွားပါက နောက်ထပ် ၁၀သိန်းပေးမည်ဟု ဖုန်းဖြင့် ကမ်းလှမ်းသဖြင့် မတင်ပြန်ရင်လည်း အပြစ်တင်ခံရမည် ဆိုးသောကြောင့် တင်ပေးခဲ့ရာ ယခုလို အခြေအနေ အထိ ဖြစ်သွားကြောင်းကို သစ်ထူးလွင် ဖေ့စ်ဘုတ်တွင် ကိုဒီဆိုသော သူမှ ရေးသားတင်ထားခြင်း ဖြစ်သည်။

“သစ်ထူးလွင်ဆိုတာ ဖြူသလား မည်းသလားဆိုတာလည်း မသိဘူး။ သူကနိုင်ငံခြားမှာ နေတာဆိုတော့ ဘယ်လို ဆက်သွယ်လို့ရမယ် ဆိုတာလည်း မသိဘူး။ ပြီးတော့ အဲဒီမှာ ရေးထားတဲ့ ကိုဒီဆိုတာကိုလည်း မသိဘူး။ ရှင်းရှင်းပြောရရင် ဦးဇင်းက ငွေကုန်ခံပြီး ဒီသတင်းကို သူတို့ကို တင်ခိုင်းမလား။ ဦးဇင်းမှာလည်း ဖေ့စ်ဘုတ်ရှိတာပဲ။ ကိုယ်ဟာကို တင်ရင်တောင် သူထက်ပိုပြီး တစ်နိုင်ငံလုံး ပျံ့နှံ့သွားမှာပါ။ သူတို့ကို ဘာလို့တင်ခိုင်းမလဲ။ ငွေလည်းကုန်တယ်။ အလုပ်လည်း ရှုပ်တယ်။ ပြီးတော့ သူတို့တင်ထားတဲ့ ဦးဇင်းနဲ့ ပတ်သက်တဲ့ သတင်းကိုလည်း တွေ့တယ်။ တင်ထားတဲ့ ဓာတ်ပုံက ပြန်ပြုပြင်ထားတဲ့ ဓာတ်ပုံကြီး ဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဦးဇင်းကို မလိုလားတဲ့ သူတစ်ဦးက တိုက်ခိုက်ခြင်း ဖြစ်ပါတယ်”ဟု ဆရာတော် ဦ၀ီရသူမှ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းကို ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း အပေါ် ဆရာတော်အား မလိုလားသော လူတစ်စုမှ မကြာခဏ ဆိုသလို လုပ်ကြံဖန်တီးမှုများ ရှိနေသည်မှာ အကြိမ်ပေါင်း မနည်းကြောင်း ၄င်းကိစ္စများကိုလည်း အချိန်ယူဖြေရှင်းလျှင် ရှေ့ဆက်သွားရမည့် ခြေလှမ်းများ နှေးကွေးတတ်၍ ပြန်လည် ဖြေရှင်းခြင်းကို မပြုလုပ်ကြောင်း အများအမြင်မှာ မည်သူတွေ မည်သို့ပင် လုပ်ဆောင်ပါစေ ဆရာတော် အနေဖြင့် ဂရုမစိုက်ကြောင်းကို ထပ်မံမိန့်ကြားခဲ့သည်။

tomorrow

အပြည့်အစုံသို့ »

ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောင်း)၏ အိမ်ထောင်ရေး နောက်ဆက်တွဲ သတင်းများစွာ ထွက်ပေါ်



“ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေတာတော့ တပည့်တော် ရင်နာတယ် ဘုရား” လူမှုရေး စာမျက်နှာ တစ်ခုမှ စတေးတပ်တစ်ခု


မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ဘ၀မှ လူဝတ်လဲကာ အိမ်ထောင်ပြုသွားသော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်နှင့် ပတ်သတ်၍ နောက်ဆက်တွဲ ကောလဟာလများစွာ ပေါ်ထွက်လျက် ရှိနေကြောင်း သိရသည်။

အဆိုပါ ကောလဟာလများမှာ လူမှုရေး စာမျက်နှာ အချို့တွင် ပျံ့နှံ့လျှက်ရှိနေကာ ယင်းနှင့်ပတ်သတ်၍ ဦးစိုးမြင့်နှင့် ယင်း၏ မိသားစုဝင်များအား Tomorrowဂျာနယ်မှ ဆက်သွယ်သော်လည်း အဆက်သွယ် မရခဲ့ပေ။

“လူမှုရေး စာမျက်နှာတွေမှာ ပထမဆုံး တတ်လာတဲ့ စာသားက “ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေလို့ တပည့်တော် ရင်နာတယ် ဘုရား”ဆိုတဲ့ စာသားပါ၊ အဲ့ဒီစကား မြင်ရတာ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်၊ အားလုံးလည်း ၀ိုင်းပြီး ပြောထားကြပါတယ်။ အဲ့ဒီ စတေးတပ် တင်သူဟာ ပရိုဖိုင်းပုံ အမှန်နဲ့ အမေရိကန်ကားမှာ နေထိုင်သူ ဖြစ်ပါတယ်”ဟု အဆိုပါ လူမှုရေး စာမျက်နှာအား တွေ့ရှိခဲ့သူ   အွန်လိုင်း အယ်ဒီတာ ကိုကျော်က ပြောကြားခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ အတည်ပြုနိုင်ခြင်း မရှိသေး သော်လည်းယင်း ကိစ္စများ မှာ လူမှုရေး စာမျက်နှာများတွင် လူသိရှင်ကြား ဖြစ်နေကြောင်း ယင်းကောလဟာလများတွင် ယနေ့ အချိန်ထိ အိမ်ထောင်ဘက် အမျိုးသမီးအား လူသိရှင်ကြား ထုတ်ဖော်မပြခြင်း စသည့် အကြောင်းအရာများ အပေါ်လည်း သံသယ အနေဖြင့် ရှိနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။

ယင်းနှင့်ပတ်သတ်၍ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀တွင် ယုံကြည် ကိုးကွယ်ခဲ့သည့် တပည့် တစ်ဦးမှလည်း “ထူးဆန်းတယ်ပေါ့နော်၊ ကိုယ်တွေက ယုံကြည်ပြီး ကိုးကွယ်လာတာဆိုတော့ မယုံကြည်နိုင်ဘူး၊ ဒါပေမယ့် ပထမတုန်းက ပြောတာ လည်ချောင်း ပြဿနာ၊ ခါးပြဿနာတွေကြောင့် လူဝတ်လဲတယ်လို့ ကြားတယ်၊ သူများတွေက ပြောတယ် အိမ်ထောင်ပြုတယ်ဆိုတာ၊ ကိုယ်တွေ မယုံဘူး၊ အခုဆို ကြားရတာ အတော်လေး စိတ်ညစ်ရတယ်၊ ယူတဲ့ အမျိုးသမီးမှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ ဘာပြောရမှန်း မသိအောင်ကို နှမြောမိပါတယ်၊ ဒီသတင်း မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်”ဟု ပြောပြခဲ့သည်။

tomorrow
အပြည့်အစုံသို့ »

ဖုန်းယဉ်ကျေးမှု



ဆက်သွယ်ရေးဝန်ကြီးဌာန၏ အစီအမံကြောင့် မြန်မာပြည်သူများ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ အချိန်မရွေးနေရာတိုင်းတွင် တယ်လီဖုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ လူမှုရေး ကိစ္စ၊ စီးပွားရေးကိစ္စများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ကြပါပြီ။ ယခုလက်ရှိ အနေအထားအရ မြန်မာ့ဆက်သွယ်ရေး ဖုန်းများသည်မည်သည့် နေရာကပြောနေသည်။ ပြောသူ၏ဥပဓိရုပ်ပုံသည် မည်သို့ရှိသည်ကို တိတိကျကျ ပုံဖော်နိုင်စွမ်းမရှိသေးပါ။ အသံဖြင့် အလုပ်လုပ်နေရသောအခါတွင် ပြောဆိုသူတို့၏ စကားအရာ ပါးနပ်မှု၊ ယဉ်ကျေးချိုသာမှုသည် အထူးအရေးကြီးလှပါသည်။

တစ်ယောက်စကား တစ်ယောက်နားမှာ

မခါးရအောင် သတိဆောင်၍ျ

မောင်တို့ဆိုလေ ပျားသကာသို့

ချိုလှစေ။ (ရှင်မဟာရဋ္ဌသာရ)

ကိုယ်တွေ့ အဖြစ်အပျက်တို့ကို တင်ပြလိုပါသည်။ ၂၀၀၆ ခုနှစ်၊ ကျွန်တော် ကျောင်းအုပ်ကြီးဘဝဖြင့် နယ်မြို့ကြီး၌ တာဝန်ထမ်းဆောင်နေစဉ် မကွေးတိုင်းပညာရေးမှူးရုံးမှ ဖုန်းဝင်လာရာ ဖုန်းလက်ခံသူ ဝန်ထမ်းငယ်၏ အပြောအဆို မယဉ်ကျေးမှုကြောင့် ဆရာကြီးခမျာ တော်တော်မျက်နှာပူခဲ့ရပါသည်။

နောက်အဖြစ်အပျက်တစ်ခုမှာ ကျောင်းရုံးခန်းနှင့် ဆရာကြီးအိမ်ခန်းကို လိုင်းခွဲဖြင့် ဆက်သွယ်ထားပါ သည်။ တစ်ခုသော ညနေ ၆ နာရီခန့်တွင် Phone Duty ဝန်ထမ်းအား ပြန်နားစေ၍ ဖုန်းဝင်လာပါက ဆရာကြီးလက်ခံပါသည်။ ထိုစဉ်ဝင်လာသော ဖုန်းမှာ . . . . . . “ဟုတ်ကဲ့အမိန့်ရှိပါ။ ဟုတ်ကဲ့ပါ အ.ထ.က (၂) ကပါ။ အခုဖုန်းကိုင်တာဘယ်သူလဲ။ ဟုတ်ကဲ့ ဘာအတွက်ပါလဲခင်ဗျာ၊ အေးငါကဘယ် သူကွ၊ သင်္ဃန်းကျွန်းကဆက်နေတာ ကျောင်းစောင့်အိမ်က တစ်ပေတက်နဲ့ စကားပြောချင်လို့ အခုခေါ် ပေးပါ။” အသံကအပေါ်စီးက မာရေကျောရောနဲ့ ကျွန်တော်လည်း တော်တော်တင်းသွားတယ်။ “ဟုတ် ကဲ့အခုဖုန်းကိုင်တာ ကျောင်းအုပ်ကြီးပါ။ ရုံးချိန်မဟုတ်တဲ့အတွက် အနားမှာခိုင်းစရာလူလည်းမရှိပါဘူး။ နောက်ဒီအချိန်ဆက်လည်း ခေါ်မပေးပါဘူး။ ရုံးချိန်ဆက်ရင်တော့ ဝန်ထမ်းတွေခေါ်ပေးကောင်းခေါ် ပေးပါလိမ့်မယ်” ဆိုပြီးဖုန်းချလိုက်တော့တယ်။ ကျောင်းစောင့်ကိုလည်း ခေါ်ပြီးသတိပေးလိုက်ရပါ တယ်။

အငြိမ်းစားယူပြီးနောက် ရန်ကုန်မှအဖြစ်အပျက်တစ်ခုကို တင်ပြလိုပါသည်။ ည ၉ နာရီခန့်မှာ သမီးဖုန်း သို့ဖုန်းအမှားတစ်ခုဝင်ပါသည်။ တစ်ဖက်ကပြောသော စကားကိုလုံးဝနားမထောင်၊ မူးနေသောအသံ ဖြင့် သူပြောချင်တာတွေ ဇွတ်ပြောနေသည်။ သမီးက ဖုန်းမှားနေပါတယ် ပြောရလည်းမရပါ။ နှစ်မိနစ်၊ သုံးမိနစ်ခြားတစ်ခါ သုံးကြိမ်လောက် ထပ်ဆက်နေပါသည်။ ကြားသော ဖအေလုပ်သူက မကြား ယောင်ပြု၍ မရတော့။ “ကဲ လူလေးမင်းကို ဖုန်းမှားနေတယ်လို့ပြောနေတာ၊ ဘာကြောင့်ခဏခဏ ထပ်ဆက်နေတာလဲ၊ ကဲမင်းကိုသတိပေးလိုက်မယ် ဒီဖုန်းပိုင်ရှင်ဘယ်သူလဲဆိုတာ ငါနာရီဝက်အတွင်း ရှာနိုင်တယ်။ မင်းဘယ်နေရာက ဆက်နေတယ်ဆိုတာ ၄၅ မိနစ်အတွင်းသိအောင်လုပ်နိုင်တယ်။ ဒီတစ်ခါ သည်းမခံတော့ဘူး” ဟု ပြောလိုက်မှ ဖုန်းသံတိတ်သွားပါသည်။

“နှုတ်ချို သျှိုတစ်ပါး” ဖြစ်ပါသည်။ ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်းဖြင့် မိမိတွင်ဘာမျှ မနစ်နာနိုင်ပါ။ လူချစ်လူခင်ပေါများ၍ မိမိ၏အလုပ်အကိုင်များသာ ချောချောမွေ့မွေ့ ပြီးစီးနိုင်မည်သာ ဖြစ်ပါသည်။

‘နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ’ ပါသည်။ ‘အမိယုတ်က နှုတ်သရမ်း၏’ မိမိ၏မယဉ်ကျေးမှု ကြောင့် မွေးမိခင်ပါအစစ်ပါရတော့သည်။

အချို့ဖုန်းပြောသူတို့သည် နားထောင်ရသည်မှာ နားဝင်ချိုလှပေစွ။ တောင်းခံသည့် အကူအညီဖြစ်ပါက ချက်ခြင်းဆောင်ရွက် ပေးချင်စိတ်များပေါ်လာအောင် ‘နှုတ်မှုစွမ်းရည်’ ဖြင့် ပါးပါးနပ်နပ်ပြောဆိုနိုင်ကြ ပါသည်။

ယခုအခါ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး တောရောမြို့ပါ Hand Phone များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ နိုင်ငံကြီးသားပီပီ တရားတော်၏ အဆုံးအမတို့နှင့်အညီ ပီယဝါစာ ပြောဆိုကြမည်ဆိုပါလျှင် . . . .

ကြေးမုံသတင်းစာ

သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်
အပြည့်အစုံသို့ »

အူရီးဒူးဂယက်ကြောင့် ဟန်းဆက် အချို့ ဈေးတက်



အူရီးဒူးကုမ္ပဏီမှ မိုဘိုင်း ဆင်းမ်ကတ် များ ရောင်းချပြီးနောက် မိုဘိုင်းဖုန်းဆိုင် များတွင် ဟန်းဆက်များ ဝယ်ယူမှု မြင့်တက် လာပြီး ဟန်းဆက် အမျိုးအစား အချို့ ကျပ်နှစ်သောင်း ဝန်းကျင်ဈေးနှုန်းမြင့်တက် သွားကြောင်း သတင်း ရရှိသည်။

ဇူလိုင်လကုန်မှ စ၍ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များ ထည့်သွင်း အသုံးပြုရန် မိုဘိုင်းဟန်းဆက် ဝယ်ယူမှုမြင့်တက် လာပြီး ကျပ်ငါးသောင်းမှ တစ်သိန်းခွဲကြားရှိ 3G ဟန်းဆက် များကို ဝယ်ယူမှု များပြား လာကြောင်း မိုဘိုင်းဖုန်းဆိုင် များမှ စုံစမ်း သိရသည်။

‘‘ဟန်းဆက်က အရင်ကထက် ပိုပြီး အရောင်း ပွင့်တယ်။ အူရီးဒူး အတွက် ဆိုပြီး သပ်သပ်ဝယ်ကြတာ များတယ်။ အဓိကကတော့ ငါးသောင်းနဲ့ တစ်သိန်းကြားကို အဝယ် များလာတယ်’’ ဟု Mr.Fone မှ အထွေထွေ မန်နေဂျာ ကိုထက်လင်းကျော် က ပြောသည်။

မိုဘိုင်းဟန်းဆက် အချို့မှာ နာမည်ကြီး တံဆိပ် အမျိုးအစားဖြစ်သော်လည်း အူရီးဒူး၏ မိုဘိုင်း အင်တာနက်လိုင်းကို အပြည့်အဝ မသုံးစွဲနိုင်ဘဲ လိုင်းပျောက်ခြင်း၊ ဖုန်းပိတ်သွားခြင်း များရှိခြင်းကြောင့် မိုဘိုင်းဖုန်းဆိုင် များသို့ လာရောက် လဲလှယ်ခိုင်းခြင်းများ လည်း ရှိကြောင်း သိရသည်။

အူရီးဒူးဆင်းမ်ကတ် သုံးစွဲနိုင်ပြီး Video Call ခေါ်ဆိုမှု ရရှိနိုင်မည့် Huawei အမှတ်တံဆိပ် ဟန်းဆက် အချို့ကို ဝယ်ယူမှု များပြား လာကာ ရောင်းအားကောင်းသည့် မိုဘိုင်းဟန်းဆက် အချို့မှာ ကျပ်နှစ်သောင်း ဝန်းကျင် ခန့် ဈေးနှုန်းမြင့်တက် သွားကြောင်း မိုဘိုင်းဖုန်းဆိုင် များမှ သိရသည်။

‘‘Huawei Honor 3C ဆို တော်တော် ရောင်းရတယ်။ ပစ္စည်း လည်း ပြတ်တယ်။ ဒီမှာ တချို့ ဟန်းဆက်တွေ တအား ရောင်းရတော့ တရုတ်ဘက်က ကို ဈေးမြင့် လိုက်တယ်။ မဖြစ်သင့် တဲ့ဈေးတွေ၊ တခြား အမျိုးအစားတွေရောပဲ တစ်လ မပြည့်သေး ဘူး။ တစ်သောင်း ကနေ နှစ်သောင်းကျော် အထိ ဈေးကတက် သွားတယ်’’ ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုတင်ဝင်းလှိုင် က ပြောသည်။

လက်ရှိတွင် အူရီးဒူး ကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ် များကို သြဂုတ် ၂ ရက်မှစ၍ ကနဦး စမ်းသပ်ကာလ အဖြစ် တရားဝင် ရောင်းချပေးနေပြီး မိုဘိုင်းဖုန်းဆိုင် များ၌ ဆင်းမ်ကတ် သီးသန့် ဝယ်ယူနိုင်သော်လည်း အချို့ ဆိုင်များတွင် ဟန်းဆက် ဝယ်ယူမှသာ လက်ဆောင် အဖြစ် အဆိုပါ ဆင်းမ်ကတ် များပေးခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Credit : 7Day
အပြည့်အစုံသို့ »

ဒဏ်ကြေဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် အမျိုးသမီးနှစ်ဦး အသားပုပ်၍ ဆေးရုံရောက်



ရန်ကုန်၊ သြဂုတ် ၅

တိုင်းရင်းဒဏ်ကြေဆေး အလွန် အကျွံသုံးခြင်းကြောင့် ပဲခူးတိုင်းဒေသ ကြီး မိုးညိုမြို့နယ်အတွင်းရှိအမျိုးသမီး နှစ်ဦး အသားများ ပုပ်သွားကာ မြို့ နယ်ဆေးရုံသို့ တင်ထား လိုက်ရကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှစကာ ယခုလ လဆန်းရက်အထိ ဒဏ်ကြေ လိမ်းဆေးကြောင့် ဆေးရုံသို့ အမျိုးသမီး နှစ်ဦး တက်ရောက်လာခဲ့ပြီး ယခုအချိန် အထိ ကုသ မှုပြုနေရဆဲဟု မိုးညှင်းမြို့ နယ် ဆေးရုံအုပ်ကြီးက Popular News သို့ ပြောသည်။

”လူနာကို တော်တော်ကြာကြာ ကု သမှု ပြုရမယ့် အခြေအနေ ရှိနေပါ တယ်” ဟု ၄င်းက ပြောသည်။

အမည်မသိ အကောင်ကိုက်ခြင်း ကို ဒဏ်ကြေဆေးလိမ်းရာမှ တစ်ဆင့် ယခုကဲ့သို့ အသားများ ပုပ်သွားခြင်းဟု ရောဂါဇစ်မြစ်ကို ပြောဆို၍ ရသော် လည်း အမှန်စင်စစ် တွင် ဒဏ်ကြေဆေး ကြောင့်သာ ဖြစ်သည်ဟု မိုးညှင်းပြည်သူ့ ဆေးရုံအုပ်ကြီးကမှတ်ချက်ပြုသည်။

”ပူရင် ကောင်းတာပဲလို့ တစ်လွဲထင် တဲ့ပြည်သူအချို့ကို အသိပညာရစေချင် တယ်။ ဘယ်ဆေးမဆို တန်ဆေး၊ လွန် ဘေးပဲ။ ကျေးလက်တွေမှာ ဒဏ်ကြေ ဆေးကို အလွန်အကျွံ လိမ်းရုံမက လိမ်း ထားတဲ့ နေရာကိုပါ ပတ်တီးတွေ စည်း လိုက်တော့ပိုဆိုးသွားတယ်” ဟု ၄င်းက ဆက်ပြောသည်။

ဆေးရုံ တက်ရောက်နေသည့် အသက် ၄ဝ ကျော်အရွယ် အမျိုးသမီး တစ်ဦးမှာ လက်မောင်းအလယ်မှစကာ လက်ဖမိုးအထိ အသားများ လောင်ကာ ပုပ်နေပြီးကျန်အ သက်  ၃ဝကျော်အရွယ် နောက်ထပ်အမျိုးသမီးတစ်ဦးမှာမူ ခြေ ဖမိုးအသား နှစ်လက်မကျော်ပုပ်နေ သည်ဟု ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံတက် လူနာတို့၏ ဆေးရုံ ထံပြောပြမှုအရ¤င်းတို့လိမ်းခဲ့သည့်ဆေး မှာ နာမည်ကြီးဒဏ်ကြေလမ်းဆေးများ ဖြစ်နေသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီး ဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသ) က ”တိုင်းရင်း ဆေး ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ဆေးတွေမှာ ဒီလိုမျိုးပြဿနာတွေ ရှိ တာ နည်းပါတယ်။ မှတ်ပုံမတင်ထားတဲ့ ဆေးတွေကတော့အတိုင်းအဆမရှိ တော့ ပြဿနာဖြစ်ရင်လည်း ဖြစ်နိုင် တယ်” ဟု ပြောသည်။

သို့သော်မှတ်ပုံတင် ပြုလုပ်ထား သော်လည်းအလွန်အကျွံသုံးစွဲပြီး အချိန် ကြာမြင့်စွာ ပတ်တီးစီးမည်ဆိုပါလျှင် အသားလောင်သည့်ပြဿနာ ရှိလာနိုင် သည်ဟု ၄င်းက ပြော သည်။

”ဘာဆေးမှ မလိမ်းဘူး။ ဒီအတိုင်း ပတ်တီးတင်းနေအောင် စည်းထားရင် တောင် ကြာလာရင် ပြဿနာ ရှိလာနိုင် ပါတယ်” ဟု ၄င်းကပြောသည်။

ခြေဖမိုးပေါ်ရှိ အသားအချို့ ပုပ် ကာ ဆေးရုံတက်နေသည့် အမျိုးသမီး မှာလည်း ဆူးစူးမိသဖြင့် ဒဏ်ကြေဆေး လိမ်းပြီး ပတ်တီးစည်းရာမှ တစ်ဆင့် ဖြစ်ခဲ့သည် ဟု   ဆေးရုံမှတ်တမ်းများအရ သိရသည်။

မိုးညှင်းမြို့နယ် ဆေးရုံအုပ်ကြီးက တိုင်းရင်းဒဏ်ကြေလိမ်းဆေးများအနေ ဖြင့် သုံးစွဲနည်းကို ဆေးဘူးများပေါ်တွင် မြင်သာအောင်ရိုက်သင့်ကြောင်း ထောက် ပြပြော ဆိုသည်။

PN-051

popular journal
အပြည့်အစုံသို့ »

နောက်တခါပြန်လာမဲ့ ကမ္ဘာကျော်မင်းသမီး မလုံးနဲ့ တွေ့ရင်ဆိုပြဖို့ ဂျက်စတင်ဘီဘာသီချင်း အလွတ်ကျက်နေသော လပြည့်ဝန်း



ထိုးထိုးထောင်ထောင် ခေါင်းတုံးဆံပင်ပေါက်၊ သနပ်ခါးပါးကွက်ကျား ထူပိန်းပိန်းနှင့် လပြည့်ဝန်းတစ်ယောက် သူ၏ သေးညှက်ညှက် ခန္ဓာကိုယ်ထက်က တစ်ပတ်နွမ်းဂါဝန်လေးကို သပ်ရပ်အောင် မကြာခဏဆွဲဆန့်နေသည်။ လက်ထဲက ပို့စကတ်အတွဲလိုက်ကို ပခုံးပေါ်လွှားတင်ဆွဲဖြန့်ထားရင်း ဗိုလ်ချုပ်ဈေးအလယ်ရုံကြီးထဲက ခမ်းနားသော ဆိုင်ကြီးတွေရှေ့မှာ လွန်းကလေးလို ပြေးလွှားလှုပ်ရှားနေသည်။

သူမျှော်နေသည်က ဈေးထဲကို လာကြမည့် နိုင်ငံခြားသားဧည့်သည်များ ဖြစ်သည်။
သိပ်မကြာလိုက်ပါ။ နိုင်ငံခြားသားတစ်သိုက် ဈေးထဲဝင်လာချိန် လပြည့်ဝန်းနှင့် ဘ၀တူ ပို့စကတ်ရောင်းသူ ကြီးကြီးငယ်ငယ်အချို့ ဧည့်သည်ဆီ ပြေးကပ်သွားသည်။ နှုတ်က ဘာရှာလဲ၊ ဘယ်သွားမလဲဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စကားဖြင့် ခပ်သွက်သွက်နှုတ်ဆက်ပြီး ပို့စကတ်တွေကို ရောင်းဖို့ကြိုးစားသည်။

အပြင်မှာ မိုးတွေသဲသဲမဲမဲရွာနေသော်လည်း ဈေးအပြိုင်ရောင်းရသည့် အရှိန်ဖြင့် လပြည့်ဝန်းပါးပြင်က သနပ်ခါးများက ချွေးနှင့်ရော၍ ပျက်ပြယ်စပြုနေသည်။ အသက်(၁၃)နှစ်ဆိုပေမယ့် သေးကွေးလွန်းသည့် ခန္ဓာကိုယ်လေးကြောင့် လပြည့်ဝန်းကို ဧည့်သည်တွေက သနားချစ်ခင်ကြသည်။

ထိုကလေး လပြည့်ဝန်းမှာ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သော The Hunger Games 2 ထဲမှ မင်းသမီးဂျီနာမဲလုန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တခမ်းတနားနေရာပေး ချစ်ခင်မှုကို ရထားသူလေးလည်း ဖြစ်သည်။

မင်းသမီးက လပြည့်ဝန်းနှင့် ရန်ကုန်မြို့တွင် တစ်နေ့တာ ကုန်ဆုံးခဲ့ပုံအကြောင်း အသေးစိတ်ရေးသားခဲ့သည်။ နောက်တစ်ကြိမ် မြန်မာပြည်ကိုလာလျှင် သူ ပထမဆုံးလုပ်မည့်အလုပ်က ဗိုလ်ချုပ်ဈေးသို့သွား၍ လပြည့်ဝန်းကို နှုတ်ဆက်ထွေးပွေ့မည့်အကြောင်းကို သူမနှင့် လပြည့်ဝန်းတို့ တွဲရိုက်ထားသည့်ပုံနှင့်အတူ ဖေ့စ်ဘွတ်ခ်တွင် တင်ထားခဲ့တာဖြစ်သည်။

‘‘သူက ရုပ်ရှင်မင်းသမီးလား (အလွန်အံ့သြသွားဟန်ဖြင့်) သမီး မသိပါဘူး။ သူနဲ့စတွေ့တော့ သမီးက ယပ်တောင်လေးသွားပြတာ။ သူ့မှာရှိပြီးသားတဲ့။ နောက်နေ့ထပ်လာတော့ သူက အင်္ကျီအမည်းဝမ်းဆက်လေးနဲ့။ သမီးက ဘာရှာလဲလို့ သွားမေးတာ။ ငါ သိန်းတစ်ရာဆိုတဲ့ စားသောက်ဆိုင်ကို ရှာနေတာတဲ့။ အဲဒါနဲ့ သူ့ကိုခေါ်သွားတယ်။ ဆိုင်မှာ သူက လက်ဖက်ရည်၊ ပဲပလာတာ၊ အအေး၊ လက်ဖက်သုပ်၊ နန်းကြီးသုပ်တွေ စားသွားတယ်။ သမီးကိုလည်းကျွေးတယ်။ သူက သမီးကို အရမ်းခင်တာပဲတဲ့’’ဟု လပြည့်ဝန်းက မင်းသမီးဂျီနာမဲလုန်းနှင့် ဆုံတွေ့ပုံကို သတိတရပြောပြသည်။

ရန်ကုန်မြို့၏ အသည်းနှလုံး ဗိုလ်ချုပ်ဈေးသည် နိုင်ငံခြားသားခရီးသွားတိုင်း လာတတ်သည့်နေရာဖြစ်ပြီး ဈေးနှင့်အနီးတစ်ဝိုက်ကို အမှီပြု၍ လပြည့်ဝန်းလို ကလေးတွေ ကျင်လည်ကျက်စားတတ်သည်။ ဧည့်သည်တွေကို စကားဝေေ၀ဆာဆာပြောပြီး မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေ၊ အထိမ်းအမှတ်တွေကို အမြတ်တင်ရောင်းချရင်း သူတို့ဘ၀ရပ်တည်နေသည်။ မင်းသမီးဂျီနာမဲလုန်းလို နိုင်ငံခြားဧည့်သည်တစ်ယောက်ကို တကပ်ကပ်လုပ်ခွင့်ရလိုက်ပြီဆိုလျှင် လပြည့်ဝန်းတို့အတွက် ပွပေါက်တိုးပြီ ဖြစ်သည်။

ဒါပေမဲ့ မင်းသမီးကိုတော့ လပြည့်ဝန်းက ဘာမှအမြတ်တင် ရောင်းချခဲ့ပုံမရ။ မင်းသမီးပေးသည့် ပိုက်ဆံတွေကိုလည်း မယူဘူးဟု ငြင်းသည်။ ထို့ပြင် ကျပ်ငါးရာတန်သည့် ဖန်စီလက်စွပ်လေးကိုပင် သူ့ကို လပြည့်ဝန်းက လက်ဆောင်ပြန်ပေးခဲ့သည်ဟု ဂျီနာမဲလုန်းက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘ဒီပတ်ဝန်းကျင်က သမီးတို့ကို ဧည့်သည်ဆီက တောင်းစားတယ်လို့ပဲ ထင်တာကို မခံချင်ဘူး။ တကယ်တော့ သမီးတို့က ပစ္စည်းတွေကိုပဲ ဈေးတင်ရောင်းတာပါ။ နောက်ပြီး အဲဒီနေ့က သမီးသူငယ်ချင်းကိုလည်း သူက မုန့်ဖိုးငါးထောင်ပေးတယ်။ သမီးကိုထပ်ပေးတော့ မယူချင်တော့ဘူး။ အဲဒါကြောင့် ငြင်းတာ။ ဒါပေမဲ့ သူက တစ်သောင်းခွဲ အတင်းပေးသွားတယ်’’ဟု လပြည့်ဝန်းကပြောသည်။

ဧည့်သည်ဆီမှ ပိုက်ဆံကို အလကားမယူလိုသော်လည်း ဧည့်သည်ကျလောက်အောင်တော့ လပြည့်ဝန်းက ကရုဏာသက်ဖွယ် ပြောခဲ့ပုံရသည်။ မင်းသမီးဖေ့စ်ဘွတ်ခ်တွင် လပြည့်ဝန်းက အဖေဆုံးပြီး ကလေးငါးယောက်နှင့် ကိုယ်ဝန်သည်အမေကို သီလရှင်ထွက်ပြီး လုပ်ကျွေးနေရသည်ဟု ရေးထားသည်။ တကယ်တမ်း လပြည့်ဝန်းမှာ အဖေရောအမေပါ ရှိသေးသည်။ အဖေက စပါးတွဲကို အိမ်မှာလုပ်ပြီးရောင်းသည်။ တစ်မိသားစုလုံး၏ စားဝတ်နေရေးက ဖခင်၏ စပါးတွဲအလုပ်ကို မှီခိုခဲ့ရသည်။ အခုတော့ လပြည့်ဝန်း၏ ပို့စကတ်၊ ပန်းချီကား၊ ၀ါးယပ်တောင်လေးတွေရောင်းရင်း ဧည့်သည်ကို ဈေးထဲတစ်ဝိုက် လမ်းညွှန်ပေးသည့်အလုပ်က ၀င်ငွေဖြောင့်နေသည်။

နှစ်တန်းနှင့် ကျောင်းထွက်ပြီး အသက်ရှစ်နှစ်ကတည်းက လှည်းတန်း၊ အင်းလျားမြိုင်တစ်ခွင်မှာ လပြည့်ဝန်း စပါးတွဲရောင်းခဲ့ရသည်။ စရောင်းရောင်းချင်း မသွားတတ်၊ မလာတတ်မို့ အမေက အဖော်လိုက်ပေးသည်။ လွန်ခဲ့သည့်နှစ်ကတော့ ဖခင်ဖြစ်သူက ဗိုလ်ချုပ်ဈေးတွင် ပြောင်းရောင်းဖို့ခေါ်လာသည်။ အဖေ့အစီအမံဖြင့် စပါးတွဲရောင်းရင်းက ဗိုလ်ချုပ်ဈေးတစ်ခွင်တွင် လပြည့်ဝန်းနာမည်ပျောက်၍ ‘စပါးတွဲ’ဟု လူသိများလာသည်။

ဈေးနားတစ်ဝိုက် စပါးတွဲရောင်းရင်း တစ်ရက် နိုင်ငံခြားသားဧည့်သည် လာစကားပြောသည်ကို ပြန်မပြောနိုင်ခဲ့။ ဘေးမှ ပို့စကတ်ရောင်းသည့် သူငယ်ချင်းက သူ့ကို ၀င်ကူပြောပေးရင်း ပို့ စကတ်ရောင်းဖို့ အကြံပေးသည်။ အဲဒီသူငယ်ချင်းကပဲ သူ့ကို ဘာသာစကားလေးမျိုးကို ကြက်တူရွေးနှုတ်တိုက်သင်ပေးခဲ့ခြင်း ဖြစ်သည်။

‘‘စလုပ်လုပ်ချင်းတော့ ဧည့်သည်ကို စကားတစ်ခွန်းပြောရဖို့ တအားခက်ခဲတယ်။ သူငယ်ချင်းကပဲ အင်္ဂလိပ်၊ ဂျပန်၊ ထိုင်းဘာသာတွေကို သင်ပေးတာ။ သူပြောတဲ့စကားတစ်ခွန်းကို သမီးက စိတ်ထဲမှာရော ဦးနှောက်ထဲမှာပါမှတ်ပြီး ညဘက်ကျရင် ပြန်ပြောတယ်။ နောက်တော့ အလိုလိုတတ်သွားတယ်။ အခု သမီးအကျွမ်းဆုံးက အင်္ဂလိပ်နဲ့ ဂျပန်’’ဟု လပြည့်ဝန်းက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်ဆိုသည်။

မနက် ၇ နာရီ အိပ်ရာထ၊ စားသောက်ပြီးသည်နှင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာရှိ သူ့အိမ်ကနေ ကြည့်မြင်တိုင်ဘူတာကို သမ္မန်ဖြင့်ကူးသည်။ မနက် ၉ နာရီခွဲ ရထားစီးပြီး ဗိုလ်ချုပ်ဈေးသို့ ရောက်သည်နှင့် သူဖောက်သည်ယူသော ပန်းချီ၊ ပို့စကတ်ဆိုင်ကို ကူခင်းပေးသည်။ နေ့လယ်ပိုင်း ဧည့်သည်ကျချိန်တွင် ဈေးအလယ်ရုံကြီးနှင့် ပက်ဆန်ကုန်တိုက်ရှေ့ အနီးတစ်ဝိုက် ဈေးရောင်းရင်း၊ ဧည့်သည်ရှာရင်း၊ စားလိုက်၊ သောက်လိုက်၊ ကစားလိုက်နှင့် လပြည့်ဝန်းတို့ အလုပ်လုပ်သည်။

တစ်နေ့တည်း ပို့စကတ်ပန်းချီကားတွေကို ငွေသောင်းနှင့်ချီ ရောင်းရသလို လုံးဝမရောင်းရဘဲ အိမ်ပြန်ရသည့်နေ့လည်း ရှိသည်။ သူ့ဝင်ငွေက ကလေးငါးယောက်၊ ဗိုက်ထဲမှာတစ်ယောက်နှင့် အဖေတို့၊ အမေတို့အတွက် အနည်းငယ်တော့ အသက်ရှူချောင်သည်။ ရပ်ကွက်ထဲ ရွယ်တူသူငယ်ချင်းများ ကျောင်းတက်တာ မြင်တိုင်းအားကျသော်လည်း မိသားစုက တော်တော်ဆင်းရဲ၍ အလုပ်ပဲလုပ်ချင်သည်ဟု လပြည့်ဝန်းခေါ် စပါးတွဲက ပြောသည်။

သွက်သော လပြည့်ဝန်းကို မင်းသမီးဂျီနာမဲလုန်းတင်မဟုတ်။ ဧည့်သည်တော်တော်များများက ချစ်ကြသည်။ မျက်စိမကောင်းဘူးဟုပြော၍ သြစတြေးလျမှ ဧည့်သည်အန်တီကြီးက ရွှေဘုံသာလမ်းထဲခေါ်ပြီး ချက်ချင်းမျက်မှန်လုပ်ပေးသည်။ အင်္ကျီအ၀တ်အစားနှင့် အသုံးအဆောင်လေးတွေ ၀ယ်ပေးသွားသူလည်းမရှား။ သူ့ဆီက ဘာမှမ၀ယ်ဘဲ အပြောကောင်းလို့ မုန့်ဖိုးအဖြစ် ဒေါ်လာလေးငါးဆယ် ပေးသွားသူများလည်း ရှိသည်။

ငယ်ငယ်လေးနှင့် ငွေရှာနိုင်သော လပြည့်ဝန်းတို့လေးတွေမှာ ပိုက်ဆံကိုတော့ သုံးလည်းသုံးသလို ဖြုန်းလည်းဖြုန်းတတ်နေသည်ကတော့ ရင်လေးစရာ။ လက်ထဲပိုက်ဆံရသည်နှင့် မုန့်တွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်စား၊ တန်မတန်မချင့်ချိန်ဘဲ အ၀တ်အစားအသုံးအဆောင်တွေဝယ်နှင့် လပြည့်ဝန်းတစ်ယောက် နည်းနည်းတော့ အလှမက်ချင်ပုံရသည်။

တကယ်တော့ သူတို့လို ပို့စကတ်ရောင်းသူများကို ဈေးတာဝန်ရှိသူတွေက တရားဝင်ခွင့်ပြုမထား။ နိုင်ငံခြားသားဧည့်သည်များကို လုယက်ရောင်းချရာကနေ ဆူညံပူညံဖြစ်ပြီး ဧည့်သည်တွေ စိတ်ငြိုငြင်မှာကို ဈေးတာဝန်ရှိသူတွေက စိုးရိမ်သည်။ လပြည့်ဝန်းတို့အတွက်ကျတော့လည်း ဒီဈေးကိုတည်မှီပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေခြင်း ဖြစ်သည်။

တချို့ ဧည့်သည်တွေကျတော့လည်း သူတို့နား ပေကပ်ကပ်ရပ်ပြီး အတင်းရောင်းတတ်သော လပြည့်ဝန်းတို့ကို စိတ်မရှည်။ အော်လွှတ်သည်။ ဒါပေမဲ့ လပြည့်ဝန်းတို့က မဖြုံ။ ခပ်တည်တည်ပင်။

‘‘ဧည့်သည်နားရောက်ရင် ဟဲလိုဘာညာနဲ့ ဖောရှောလုပ်ပြီး ရောင်းရလည်း မရောင်းရသေးဘူးပဲပြောပြီး ရောင်းတယ်။ သူတို့အော်လည်း စိတ်မညစ်ပါဘူး’’ဟု လပြည့်ဝန်းက သွက်သွက်လက်လက်ပြောသည်။

အခုတော့ လပြည့်ဝန်းက ဈေးရောင်းရင်းတစ်ဖက်နှင့် အားလပ်ချိန်မှာ ဂျပ်စတင်ဘီဘာရဲ့ ကမ္ဘာကျော် Baby သီချင်းကို အလွတ်ကျက်ဖို့ အလုပ်တစ်ခုပိုလာသည်။ အကြောင်းက ဂျီနာမဲလုန်းနှင့်တွေ့စဉ်က သူအကြိုက်ဆုံး အဆိုတော်က ဂျပ်စတင်ဘီဘာဟု ပြောထား၍ ဖြစ်သည်။

‘‘သူက သီချင်းဆိုတဲ့အဆိုတော်တွေထဲမှာ ဘာကြိုက်လဲလို့ပြောတော့ သမီးက ဂျပ်စတင်ဘီဘာ ကြိုက်တယ်လို့ ပြောတယ်။ သူက တအားရယ်ပြီးတော့ ငါလည်း ကြိုက်တယ်ဆိုပြီး မုန့်ဆိုင်မှာ သမီးကို အဲဒီဘေဘီသီချင်း ဆိုပြတယ်။ ကလည်း ကပြတယ်။ (ရယ်လျက်) နောက်တစ်ခေါက် သူပြန်လာရင် အဲဒီခွေ လက်ဆောင်ယူခဲ့မယ်။ နင်က အဲဒီကျရင့် ငါ့ကို သီချင်းဆိုပြတဲ့’’ဟု လပြည့်ဝန်းကပြောသည်။

တစ်သက်လုံး ဒီအလုပ်ကို သူလုပ်ဖို့ ရွေးထားပုံရသည်။ သူတို့မိသားစုထဲက တစ်ဦးတည်းသော ကျောင်းသားဖြစ်သည့် ဒုတိယတန်းရောက် မောင်လေးကို ဆယ်တန်းအောင်ပါက အင်္ဂလိပ်ဘာသာလေ့လာပြီး ဧည့်လမ်းညွှန်လုပ်စေချင်သည်ဟု ဆိုသည်။

မေးသမျှ ဖြေနေရင်းကနေ ဧည့်သည်တစ်သိုက် ဈေးထဲဝင်လာတော့ သူလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ကျွန်မကို ခပ်လောလောတစ်ချက်ကြည့်ရင်း ဈေးရောင်းဖို့ အချိန်မရှိတော့လို့ သူသွားတော့မည်ဟု နှုတ်ဆက်သည်။ ရိုးသားမှုရှိသော်လည်း ကလေးငယ်ဘ၀ဖြူစင်ခြင်းတို့ထက် စောစီးစွာ အရွယ်ရောက် ရင့်ကျက်သွားသော လပြည့်ဝန်းတစ်ယောက် ပက်ဆန်ကုန်တိုက်ရှေ့ကနေ ဈေးထဲဝင်သွားချိန်တွင်တော့ ဇူလိုင်လကုန်ပိုင်း မိုးရေစက်များက သည်းထန်စွာ ရွာချလိုက်ပါတော့သည်။ ။

Credit : 7Day Daily
အပြည့်အစုံသို့ »

ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုး လေဆိပ်၌ စစ်ဆေးရာတွင် အခက်အခဲအချို့ရှိဟု ၀န်ကြီးဌာနဆို


အာဖရိကနိုင်ငံများတွင် ပျံ့နှံ့နေသော ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုးရှိ မရှိကို လေဆိပ်မှဝင်လာသော ခရီးသွားများကို စစ်ဆေးရာတွင် အခက်အခဲတချို့ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက မဇ္ဈိမကို ပြောသည်။

“ဗိုင်းရပ်စ်ပိုးက အာဖရိက,က စလာတာဆိုတော့ အာဖရိကကို သွားတဲ့ ခရီးသွားတွေကို အဓိက စစ်ဖို့ လိုတယ်။ မြန်မာနိုင်ငံကို အာဖရိကက လာမယ်ဆိုရင်လည်း ခရီးသွားတွေအတွက် transit က လာတာများတော့ စစ်ရတဲ့အခါ အခက်အခဲနည်းနည်းရှိတယ်။ ဘာလို့လဲဆိုတော့ အာဖရိက ကလာတဲ့ ခရီးသွားရဲ့သမိုင်းကြောင်းကို သေချာမသိတော့ အကယ်၍ ရောဂါ ပါလာမယ်ဆိုရင်တောင် ကြန့်ကြာနိုင်တာပေါ့။ ကျန်တာတော့ အခက်အခဲမရှိပါဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပမှ ၀င်ရောက်မည့် ခရီးသည်အားလုံးကို လေဆိပ်များတွင် စစ်ဆေးလျက်ရှိပြီး ယနေ့အချိန်ထိ သံသယရှိသူ တစ်ယောက်မျှ မတွေ့ရှိသေးကြောင်း ၎င်းက ဆိုသည်။

“စစ်ဆေးတဲ့နေရာမှာ ဗိုင်းရပ်စ်ရဲ့ အဓိကလက္ခဏာဖြစ်တဲ့ အဖျားကြီးတာကို ရှိမရှိ အဓိက စစ်ဆေးတယ်။ ကိုယ်ခန္ဓာအပူချိန်ကို စောင့်ကြည့်စစ်ဆေးတဲ့ သဘောပေါ့” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အနောက်အာဖရိက လေးနိုင်ငံ(Guinea, Liberia, Nigeria နှင့် Sierra Leone) တွင် အီဘိုလာဗိုင်းရပ်စ် အကြီးကျယ်ဆုံး ပျံ့နှံ့နေသောကြောင့် ယင်းရောဂါပိုး နိုင်ငံတကာသို့ ပျံ့နှံလာနိုင်သည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

အီဘိုလာဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံတွင်လည်း စစ်ဆေးနေသကဲ့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) တို့ကလည်း အလေးထားစောင့်ကြည့်နေကြသည်။

“အီဘိုလာဗိုင်းရပ်စ်မှ မဟုတ်ဘူး။ ကူးစက်မြန်တဲ့ ဘယ်ရောဂါကိုမဆို ၂၀၀၉ ခုနှစ်ကတည်းက အမြဲတမ်း လေဆိပ်အ၀င်တွေမှာ စောင့်ကြည့်ခဲ့တာပါ။ ဘယ်တော့မှလည်း ရပ်သွားဖို့ မရှိပါဘူး။ အခုလည်း WHO  က ညွှန်ကြားထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်။ အကယ်၍ သံသယရှိသူ တစ်စုံတစ်ရာ တွေ့မယ်ဆိုရင်လည်း သူ့ရဲ့သမိုင်းကြောင်းကို မေးပြီး သတ်မှတ်ထားတဲ့ ဆေးရုံကို ပို့ဆောင်သွားမှာပါ”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် လည်ပင်းနာခြင်းတို့ကို ရုတ်ခြည်း ခံစားရမည်ဖြစ်ပြီး အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ကျောက်ကပ်နှင့် အသည်းချို့ယွင်းခြင်း၊ အချို့လူနာများတွင် ခန္ဓာကိုယ်တွင်းနှင့် ခန္ဓာကိုယ်ပြင်ပသို့ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် ပြသဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်အထိ အချိန် ၂၁ ရက်ကြာပြီး အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြမီ အခြားသူ တစ်ဦးထံ ရောဂါကူးစက်ခြင်း မရှိကြောင်း သိရသည်။

အာဖရိကတွင်၂၀၁၄ မတ်လမှစ၍ လက်ရှိ လေးလတာကာလအတွင်း ရောဂါကူးစက်သူ ၁,၃၀၀ ကျော်နှင့် သေဆုံးသူ ၇၂၉ ဦး ရှိနေပြီဟု နိုင်ငံတကာ သတင်းဌာနများက ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သြဂုတ် လ ၄ ရက်၊ ညနေ ငါးနာရီခွဲခန့်က ပြန်လည်ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက လေဆိပ်တွင် ရောဂါပိုးနှင့် ပတ်သက်သည့် မည်သည့် စစ်ဆေးမှုကိုမှ ပြုလုပ်ခြင်း မခံရကြောင်း ပြောသည်။

Mizzima
အပြည့်အစုံသို့ »

ဘားမားကမ်ပိန်းအဖွဲ့ ရေးသား ချက် မြန်မာအစိုးရ ချေပ




နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ်

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေ ဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့  သမ္မတ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

Burma Campaign UK အဖွဲ့ရဲ့ မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာကနေ အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ (၈) လေးလုံး ဒီမိုကရေစီအရေးအခင်းကာလအတွင်း ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ (၅၅) ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ်နဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ အရေးအခင်းကာလအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက်၊ ခြေလျင်တပ်ရင်း  (၈၉) မှာ တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသ တည်ငြိမ်ရေးကို ညင်ညင်သာသာ ကိုင်တွယ်ခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

အမေရိကန် သံတမန်လျှို့ဝှက် ကြေးနန်းစာတွေကို ဖွင့်ချနေတဲ့ Wikileaks အင်တာနက်စာမျက်နှာမှာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ကြေးနန်းကို ဖော်ပြထားပြီး ဒီကြေးနန်းစာမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကို တပ်မ ၅၅ ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က နှိမ်နင်းခဲ့တယ် လို့ ရေးသားဖော်ပြထားပါတယ်။ ဒီဖော်ပြချက်ကို ကိုးကားပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နှစ်ပတ်လည်အချိန်ကာလ မှာ ၈၈ အရေးအခင်းအပါအ၀င်  ဦးသိန်းစိန်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်ပေးဖို့၊ Burma Campaign UK က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၈၈ အရေးအခင်းကာလမှာ ကလေးမြို့မှာတာဝန်ကျပြီး ဒေသတည်ငြိမ်ရေးကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ စစ်တပ်က အာဏာသိမ်းအပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ဦးစီးမှူးနဲ့ စစ်ဆင်ရေးမှူး တာဝန်များထမ်းဆောင်ခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး၊ သမ္မတရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ဒီကနေ့ နေ့စွဲနဲ့ သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ ထုတ်ပြန်ကြေညာထားပါတယ်။

RFA
အပြည့်အစုံသို့ »

ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား


အောင်ထက်ခိုင်
ငလျင်လှုပ်ခတ်မှုကြောင့် အနည်းငယ်တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား တွေ့ရစဉ်
ဩဂုတ် ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေးလေးရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်းအတွင်းရှိ တိုက်အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုကြောင့် တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား စည်ပင်သာယာနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

“တိုက်တွေကတော့ ဆောက်လုပ်ပြီးတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ တိုက်တွေကတော့ လူနေထိုင်ခွင့်ပါမစ် မရသေးပါဘူး။ ဒါပေမဲ့ နားလည်မှုနဲ့အိမ်ထောင်စုငါးစုလောက် နေနေကြပါတယ်။ သက်ဆိုင်ရာကတော့ လာကြည့်သွားပါတယ်၊ အခုဘယ်တိုက်က စောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်” ဟု အဆိုပါရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူမှ ဆက်လက်၍ “တိုက်က တစ်တိုက်နဲ့တစ်တိုက်ကြားထဲမှာ တစ်ပေ ကျော်ကွာနေပါတယ်။ ငလျင်လှုပ်တော့ အပေါ်ပိုင်းက လုံးလုံးကိုထိသွားတာပါ။ တိုက်က တဖြည်းဖြည်းနဲ့ လဲသွားတာကို လူတွေက ဝိုင်းကြည့်နေကြပါတယ်” ဟု ဆိုသည်။

အဆိုပါအထပ်မြင့်တိုက် ၁၁၉ တွင် နေထိုင်သူတစ်ဦးက “ ညနေ ၄ နာရီထိုးကာနီးမှာ မူးကနဲ ဖြစ်သွားတယ်။ အောက်ကနေသူတွေက တိုက်ပြိုတော့မယ်လို့ပြောတော့ အောက်ကိုဆင်းပြေးရတယ်။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့” ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ  ကန်ထရိုက်အဆောက်အအုံ ၅ဝဝ ခန့်မှာ မြို့နယ်စည်ပင်သာယာ၏ တားမြစ်ခြင်းခံထားရကြောင်း သိရသည်။

အဆိုပါ အထပ်မြင့်တိုက်နှစ်လုံးသည် ခြောက်လွှာအမြင့်ရှိပြီး သံလွင်ဆောက်လုပ်ရေး Pile foundation မှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း လူနေထိုင်ခွင့်ပါမစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ထားကြောင်း သိရသည်။

အဆိုပါလှုပ်ခဲ့သော ငလျင်သည် ညနေ ၃ နာရီ ၄၁ မိနစ်က ရန်ကုန်မြို့ကို ဗဟိုပြု၍ အင်အားရစ်ချက်ရ်တာစကေး လေးအဆင့်ရှိပြီး ရန်ကုန်မြို့နေရာအနှံ သိသာစွာသက်ရောက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

news-eleven
အပြည့်အစုံသို့ »

Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်




Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့အတွက် ဘာတွေသိသင့်လဲ ဘာတွေလိုအပ်လဲ ဆောင်ရန်ရှောင်ရန်လေးပါ။

Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစားဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ Ooredoo Sim Card ကိုအသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့သိပ်အဆင်မပြေကြောင်းသိရပါတယ်။ Samsung တွေနဲ့ဆိုရင်တော့ အိုခေတယ်လို့ပြောကြပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက်ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေးထားတဲ့ default ဖုန်းဆိုတာကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲဖြစ်ပါတယ်ခဗျာ … ဖုန်းအဝင်အထွက်ဈေးနှုန်းတွေကတော့ ၂ မျိုး ရှိကြောင်းသိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ဖုန်း၁ခုပဲရှိသေးကြောင်းသိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှိကြောင်းသိရပါတယ်။ ထို Keypad အမျိုးအစားဖုန်းမှာ ၂ သောင်း ၂ ထောင်ကျပ် သာရှိကြောင်းသိရပါတယ်။

Ooredoo Sim Card အားဝယ်ယူရန် မှတ်ပုံတင် ရယ် Sim Card ဖိုး ၁၅၀၀ ရယ် ငွေဖြည့်ကတ်ဖိုး ၃၀၀၀ ရယ်ယူလာရပါမယ်။ စုစုပေါင်း ၄၅၀၀ ကြပါမယ်ခဗျာ။

Ooredoo Sim Card ဝယ်ပြီးလို့ မီမိလက်ထဲကို ရောက်လာပြီဆိုပါတော့ … မိမိဝယ်ယူလာသော ဖုန်းနာပတ် နှင့် လိုင်းကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကတော့ လွယ်ကူပါတယ် … Ooredoo/ QRdroid/Barcode scanner ထို Apk ၃ ခုလိုပါတယ် … အသုံးခုကို install ပြုလုပ်ပြီးပါက Ooredoo Sim Card ကို စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် … Ooredoo/ QRdroid/Barcode scanner apk ၃ ခုလုံးမှာ Ooredoo Activation APK တစ်ခုထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။ အဓိအနေဖြင့် Ooredoo Activation ကို install ပြုလုပ်ပြီး အဆင့်ဆင့်လုပ်သွားဖို့ပါပဲ …

Ooredoo ရဲ့ အင်တာနက် Setting အနေနဲ့ကတော့ Sim Card ကို မိမိ၏ ဟန်းဆက်ထဲထည့်လိုက်တာနဲ့ အင်တာနက် setting ချိန်ပြီးသားဖြစ်ပါတယ်။ name နဲ့ apn မှာ internet ဖြစ်ပြီး username password မလို Authentication type မလို apn type မှာ default ပဲဖြစ်ပါတယ်ခဗျာ … အခြားသောအပိုင်းများအား စာရေးသူ ထပ်မံသိရှိရပါက ဆက်လက်ဝယ်မျှပါဦးမည်။

Credit: mmdailystar
အပြည့်အစုံသို့ »

MPT အချင်းချင်း ခေါ်ဆိုမှု တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချရန် စီစဉ်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)က ယင်းတို့၏ မို ဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို  တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ်လျက်ရှိပြီး အတည်ပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိ သည်။

‘‘တစ်မိနစ်ကို ၂၅ ကျပ် အထိ လျှော့ပေးဖို့အတွက်

စဉ်းစားနေတာကတော့ ကြာပါပြီ။ ဘယ်တော့လောက်စပြီး ပေးဖြစ်မယ်ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောသည်။

လက်ရှိတွင်  ပြည်ပဆက် သွယ်ရေးကုမ္ပဏီဖြစ်သည့် အူရီး ဒူးဆင်းကတ်များကို ဇူလိုင်လ ၂၉ ရက်က မန္တလေးနှင့် နေပြည် တော်တို့တွင် စတင်ရောင်းချပေး ခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့သို့ စတင်ရောင်းချပေးခဲ့သည့် အူရီးဒူးဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အ ခြားကွန်ရက်သို့ ခေါ်ဆိုပါက တစ် မိနစ်လျှင် ၃၅ ကျပ်နှုန်း ကျသင့် မည်ဟု ထုတ်ပြန်ထားသည်။

‘‘ကျွန်တော်တို့အနေနဲ့ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင် ပြီး လုပ်ရမှာဖြစ်တဲ့အတွက် အ ရည်အသွေးရော ဈေးနှုန်းကိုပါ သူတို့ထက်သာအောင် လုပ်သွား ဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု နှင့် လက်မှတ်ရေးထိုးပွဲတွင် ဖြေ ကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် အူရီးဒူးဆင်းမ်ကတ် များ စတင်မရောင်းချမီ ရက်ပိုင်း အတွင်း မိမိ၏ မိသားစုဝင်၊ သူ ငယ်ချင်း (သို့) နှစ်သက်သော ဖုန်းနံပါတ် သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်သည့် Friends and Family Service ၀န်ဆောင်မှုကို စတင်၍ ပေးခဲ့သော်လည်း တစ်လလျှင် ၂၅၀၀ ကျပ် ပေးရမည်ဖြစ်သောကြောင့် အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုသူ အများစု နှစ်သက်မှုမရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုမှု လျှော့ချရန်အတွက်ပင် ညှိနှိုင်းနေ ဆဲဖြစ်ပြီး အခြားအော်ပရေတာ ဖုန်းလိုင်းများနှင့် ခေါ်ဆိုမှုကို မည် မျှသတ်မှတ်မည်ကို မသိရသေး ပေ။

7daydaily
အပြည့်အစုံသို့ »

ရှေးခေတ်က လူသေအလောင်းများထည့်ထားသည့် ကျတ်ဂူတွေ့ရှိ


ဂူဆီသို့သွားရာလမ်းတွင် ခရီးသွားများကို တွေ့ရစဉ်။

ကယားပြည်နယ်၌ ယခုနှစ်အစောပိုင်းက ရှေးဟောင်းကျောက်ဂူ သင်္ချိုင်းတစ်ခု ထပ်မံ တွေ့ရှိ
ထားကာ ဂူထဲတွင် ရှေးဟောင်း အခေါင်း ၁၅ လုံးခန့် တွေ့ရှိခဲ့ရကြောင်း သွား ရောက်လေ့လာ
ခဲ့သည့် သုခမိန်ပြည်တွင်း ခရီးသွားလုပ်ငန်းက ဦးမျိုးက ပြောသည်။ လွိုင်ကော်မြို့မှ ၁၀ မိုင်ခန့်
အကွာတွင် တည်ရှိသော ၎င်းကျောက်ဂူထဲတွင် ရှေးဟောင်း လူသေအလောင်းများထည့်သည့်
အလျားကိုး ပေခန့်အရှည်ရှိသော အခေါင်းများကို တွေ့ရှိ ရသည့်အတွက် ဒေသခံများက
‘ကျတ်ဂူ’ ဟု အမည်ပေးထားကြောင်း ၎င်းက ပြောသည်။

သို့သော် ရှေးဟောင်းသုတေသနဌာနက သုတေသနလုပ်ငန်းများ မပြုလုပ်ရသေးသည့်အတွက်
၎င်းကျတ်ဂူ၏ သက်တမ်း၊ တွေ့ရှိရသည့် အခေါင်းများထဲတွင်ရှိသည့် လူမျိုးများသည် မည်သည့်
လူမျိုးများဖြစ်နိုင်ကြောင်း၊ ဘာကြောင့်၎င်းကျောက်ဂူထဲတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်းအစရှိသည်
များကို မည်သူမှ တိတိကျကျ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

“စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်နိုင်ငံ မှာ ဒီလိုရှေးဟောင်းအမွေအနှစ်ဂူတွေ ရှိနေသေးတယ်
ဆိုတာ ၀မ်းသာဂုဏ်ယူဖို့ ကောင်း ပါတယ်။ ရှေးဟောင်းသုတေသနဌာနက သေသေချာချာလေ့
လာဆန်းစစ်မှုတွေ ပြုလုပ် ပြီးသွားရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုဖြစ်လာနိုင်တယ်
လို့ထင်ပါတယ်”ဟု ဦးမျိုးက ပြောသည်။

ပင်လယ်ရေမျက်နှာပြင်မှအထက် ပေ ၁၀၀ ခန့်တွင် တည်ရှိနေသော ၎င်းကြပ်ဂူ၏ အ၀င်ဝသည်
ေ ပ ၈၀ ခန့်အကျယ်ရှိပြီး အမြင့် မှာ ပေ ၃၀ မှ ၃၅ ပေခန့် အထိရှိကြောင်း သိရ သည်။

လာရောက်လေ့လာသူ နည်းနေသေး သော ကြပ်ဂူတွင် လျှပ်စစ်မီးတပ်ဆင်ထားခြင်း မရှိသေး
သည့်အတွက် သစ်သားဖြင့် ပြုလုပ်ထားသော အခေါင်းများကို ဓာတ်မီး အလင်းရောင်ဖြင့်သာ
ကြည့်ရှုလေ့လာခဲ့ရကြောင်း ဦးမျိုးက ပြောသည်။

မြန်မာလူမျိုးများ၏ ရှေးဟောင်းသမိုင်း ၀င်အမွေအနှစ် နေရာများနှင့် ပစ္စည်းများ အပေါ် စိတ်ပါဝင်
စားမှုအားနည်းခြင်း၊ အသိ ပညာပေးမှုအားနည်းခြင်းတို့သည် ရှေးဟောင်း သမိုင်းဝင်နေရာများ
ပျက်စီးရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမျိုး က ပြောသည်။

“ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက မရောက်ဖူးတဲ့ နေရာဒေသတစ်ခုမို့ လာရောက်ခြင်း
သာဖြစ်ပြီး သမိုင်းနဲ့ပတ် သက်ပြီး လေ့လာမှုအားနည်းတာ ၀မ်းနည်း စရာ ကောင်းပါတယ်။
နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တစ်ခုအပေါ် လေ့လာမှုအားနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် လိုက်မမီဘူး
လို့ ထင်ပါ တယ်”ဟု ၎င်းက ပြောသည်။

Credit: Myanmar Times
အပြည့်အစုံသို့ »