Showing posts with label accident. Show all posts
Showing posts with label accident. Show all posts

လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ


ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား အငှားယာဉ် အရှိန်လွန်ကာ ထိုးကျစဉ်(ဓာတ်ပုံ-တင့်ဇော်ထူး)

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်းအငှားယာဉ်တစ်စီးသည် ချောင်းဝဆိပ်ကမ်းအနီးလမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာမရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။လင်မယားနှစ်ယောက်လို့တော့ သိထားတယ်။ ဒဏ်ရာအပြင်းအထန် မရကြဘူးလို့ အနီးကလူတွေပြောပြချက်အရ သိရတယ်။ ယာဉ်မောင်း ဘယ်သူဆိုတာ စုံစမ်းပြီး ဥပဒေအရ အရေးယူသွားမှာပါ” ဟု ယာဉ်မှုစစ်ရဲအုပ်နိုင်ထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။

Eleven Media
အပြည့်အစုံသို့ »

တရုတ်တွင် မူကြို ကျောင်းကား တိမ်းမှောက်ပြီး လူ(၁၁)ဦး သေဆုံး


တရုတ်နိုင်ငံတွင် မူကြို ကျောင်းကားတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ ကလေးအများစု အပါ
အဝင် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဇူလိုင်(၁၀)ရက် ညနေပိုင်းတွင် ဟူနန်၌


မီနီဘတ်စ်ကားတစ်စင်း တိမ်းမှောက်ကာ လမ်းဘေးရေကန်ထဲ ကျဆင်းသွားခြင်းဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ကျောင်းကားပေါ်တွင် လိုက်ပါလာသူ (၁၁)ဦး ရှိခဲ့ရာ အားလုံး သေဆုံးခဲ့ပြီး ယင်းတို့အနက် (၈)ဦးသည် မူကြိုကျောင်းသူကျောင်းသားများ၊ (၂)ဦးသည် ဆရာမများနှင့် ကျန်(၁)ဦးမှာ ဘတ်စ်ကား ဒရိုင်ဗာတို့ ဖြစ်ကြောင်းလည်း Xinhua က ဆိုသည်။

ဟူနန်၏ မြို့တော်ဖြစ်သည့် ချန်ရှာအနီး တောင်ထူထပ်သည့် နေရာတစ်ခုတွင် ကျောင်းကား ဖြတ်သန်းသွားစဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံ မီဒီယာများက ကျောင်းကားမှောက်သည့် နေရာမှာ လမ်းကျဉ်းတစ်ခုတွင်ဖြစ်ပြီး နံဘေးတွင် အကာအရံ အတားအဆီး မရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။

သေဆုံးသူများ၏ မိသားစုများက ယခုတစ်စင်း အပါအဝင် အဆိုပါ ဒေသရှိ ကျောင်းကားများတွင် လူဦးရေကို သတ်မှတ်ပမာဏထက် ပိုမိုတင်ဆောင်လေ့ရှိကြောင်း Xinhua သို့ ပြောကြားခဲ့သည်။ ရေကန်ထဲ နစ်နေသည့် မော်တော်ကားကို ဆယ်ယူရန် (၃)နာရီမျှ အချိန်ယူ လုပ်ဆောင်ခဲ့ရပြီး ဒေသစံတော်ချိန် ဇူလိုင်(၁၁)ရက်၊ နံနက် (၃)နာရီမှ ပြန်လည် ဆွဲတင်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: Xinhua
7Day News Daily
အပြည့်အစုံသို့ »

အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အား ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ



၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်
တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊


မိုင်တိုင်အမှတ်(၇၈/၀)နှင့်(၇၈/၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ အောင်နိုင်ဦး(၃၆)နှစ်မောင်းနှင်လာသော ၈ဈ/xxxx ““ရွှေစင်စင်္ကြာ”” ခရီးသည်တင်မှန်လုံယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်း ဒေသကြီး၊

 မြောက်ဒဂုံမြို့နယ်နေ ဦးမောင်မောင်အေး(၅၀)နှစ်မောင်းနှင်နေသော BB/xxxx ပရိုဘောက် အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းမပေါ်၌ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ဦးမောင်မောင်အေးမှာ ဦးခေါင်းငယ်ထိပ်ပိန်ချိုင့်ပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ နား/နှာခေါင်း/ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး BB/xxxx ပရိုဘောက်ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ကိုဝင်းနိုင်(၄၅)နှစ်တွင် ယာမျက်ခုံး/ယာပါး/နဖူးယာဘက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်နိုင်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
အပြည့်အစုံသို့ »

ဆိုးဆိုးဝါးဝါး ယာဉ်တိုက်မှု ဖြစ်ခဲ့ပေမယ့် အရေးယူခြင်း မခံရတဲ့ ရဲတပ်သား



အေသင်အောင်
တရုတ် ရဲတပ်သားတစ်ဦးဟာ ဆိုးဆိုးဝါးဝါး ယာဉ်တိုက်မှု ဖြစ်ခဲ့ပေမယ့် အရေးယူခံရခြင်း ကနေ ကင်းလွတ်ခွင့်ရသွား ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိ ပက်ဟီအမည်ရ ရဲတပ်သားတစ်ဦးဟာ တာဝန်ထမ်းဆောင်ပြီး ရဲစခန်းကို ပြန်လာရာမှာ ရုတ်တရက်ထွက်လာတဲ့ ကားကို ရှောင်လိုက်ရတာမို့ အတားအဆီးကို ကျော်ဖြတ်သွားကာ သုံးထပ်တိုက် နံရံကို တိုက်မိသွားပါတယ်။ အောက်ကနေ ကြည့်လိုက်ရင် ကားဟာ လမ်းမပေါ် ရောက်နေပြီး တိုက် နံရံနဲ့ ချိတ်နေတာ အံ့အားသင့်ဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ့်ကို ဆိုးဝါးလှတဲ့မြင်ကွင်း ဖြစ်ပေမယ့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အားလုံး ထိခိုက်မှု မရှိအောင် မောင်းနှင်ခဲ့ရတာမို့ အခုလိုဖြစ်သွားရကြောင်း၊ ထို့အတွက် မည်သည့် အရေးယူမှုကိုမှ ပြုလုပ်သွားမည် မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ၎င်းက လူတိုင်းဟာ အမှားအယွင်းရှိ တတ်ကြောင်း၊ သို့သော် ယခုဖြစ်စဉ် အတွက် ယာဉ်မောင်းကို သင်တန်းပြန် တက်ခိုင်း ရမည်ဖြစ်ကြောင်း ဆက်လက်ဆိုခဲ့ပါတယ်။ ကံကောင်းတာက ဒီဖြစ်စဉ်ကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရခဲ့ခြင်း ဖြစ်ပါတယ်။ ရဲကားကို ကရိန်းတွေ အကူအညီယူပြီး အောက်ကို ပြန်လည်ချခဲ့ရပြီး အပျက်အစီးတွေကို ချက်ချင်း ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

messneger
အပြည့်အစုံသို့ »

လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီးဝင်တိုက်

ဓာတ်ပုံ−အောင်သစ်လွင်


ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။

ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများက
ပြောသည်။ ကုမ္ပဏီသုံးကားဖြစ်ပြီး ယင်းကား၏နောက်မှ အသိအကျွမ်းဖြစ်ဟန်တူသည့် ကားတစ်စီးပါလာကာ ဒဏ်ရာရသူများအား ဆွဲထုတ်၍ ဆေးရုံသို့ ခေါ်ဆောင်
သွားကြောင်းသိရသည်။


‘‘အမျိုးသမီးတစ်ယောက်ကိုတော့ ကားထဲက ဆွဲထုတ်သွားရတယ်။ သူတို့မှောက်ပြီး ၅ မိနစ်လောက်အကြာမှာ နောက်ကားတစ်စီးရောက်လာပြီး
အကုန်လုံးကို တင်သွားတာ။ ကားကိုတော့ ဒီအတိုင်း ထားခဲ့တာပဲ’’ ဟု ယာဉ်တိမ်းမှောက်မှုကို လာကြည့်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ကားတိုက်မှုကြောင့် လမ်းလယ်ကျောက်တုံးအချို့ ၁၅ ပေခန့်အထိ လွင့်စဉ်သွားခဲ့ပြီး ကားမှာလည်း တံတားအဆင်းတွင် ပိတ်ရပ်ထားသကဲ့သို့
ုဖြစ်နေသောကြောင့် ရောက်လာသည့် ရဲအချို့က လမ်းရှင်းလင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။

ကားမှာ  ထရပ်ကား အမျိုးအစားဖြစ်ပြီး ကားဘော်ဒီတွင် Taw Win Family ကုမ္ပဏီဟု ရေးထားသည်။ အဆိုပါနေရာသို့ ရောက်လာသည့် ရဲက
ယာဉ်တိုက်မှုသတင်းကြောင့်သာ ရောက်လာခြင်းဖြစ်ပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။

7day
အပြည့်အစုံသို့ »

ဗောတံတားတွင်ရပ်တန့်ထားသောယာဉ်ကို အရက်မူးနေသူမှ တက်ရောက် မောင်းနှင်သဖြင့် အရှိန်လွန်ကာ မြစ်ထဲသို့ကျသွားခဲ့ပြီး ဒဏ်ရာရ



၂၉.၆.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင် အမှတ်(၅)ဗောတံတား ပေါ်မှ ယာဉ်တစ်စီး ရန်ကုန်မြစ်အတွင်းပြုတ်ကျခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့အလုပ်သမားဖြစ်သူ ကျော်ဇင်(ခ)
ကျော်ဇင်စိုးသည် ပြုပြင်ဆဲ ဆူဇူကီးအမျိုးအစား မီးခိုးရောင်ယာဉ်အားမောင်းနှင်
လာပြီး အဆိုပါဗောတံတားတွင်ရပ်တန့်ကာ အပန်းဖြေနေစဉ် အနီးရှိအရက်မူး
နေသူ သာကေတမြို့နယ်နေ သန်းဇော်ဦး၊(၂၁)နှစ်မှ ၎င်းယာဉ်ကို တက်ရောက်
မောင်းနှင်းခဲ့သဖြင့် အရှိန်လွန်၍ မြစ်အတွင်းသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ မြစ်အတွင်းကျသွားခဲ့သဖြင့် ယာဉ်အနည်းငယ်ပျက်စီးပြီး သန်းဇော်ဦးတွင်
ပွန်းပဲ့နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် အတွင်းလူနာ
(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် သန့်ဇော်ဦးအား ဆိပ်ကမ်းမြို့မရဲစခန်းယာဉ်
(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
အပြည့်အစုံသို့ »

အရှိန်မထိန်းနိုင်ဘဲ ယာဉ်နှစ်စီးချိတ်မိရာမှ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


ကျောက်တံခါး ဇွန် ၂၇

 ဇွန် ၂၀ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်၊ ရန်ကုန် မန္တလေး ပုံမှန်လမ်း၊ မိုင်တိုင် ၁၁၉/၁ နှင့် ၂ ကြား ကျောက်တံခါး မြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သံချောင်းများ တင်ဆောင်လျက် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၂၂ ဘီး အနက်ရောင် ယာဉ်မှာ လမ်းဘေးတွင် ရပ်ထားခဲ့စဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ် (စုံစမ်းဆဲ) စားအုန်းဆီပီပါများ တင်ဆောင်လာသည့် ၂၂ ဘီး အဖြူရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးမှဝင်ရောက် ချိတ်မိခဲ့၍ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယာဉ်မောင်းနှစ်ဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ ပြီးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မနရမှူး (ကျောက်တံခါး) ရဲမှူး၊ကျောက် တံခါးမြို့မရဲစခန်းမှ စခန်းမှူး၊ ဦးစီးတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ် တပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ်ယာဉ်သုံးစီးနှင့် ရွာသူ၊ ရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

လူ၊ တိရစ္ဆာန်များထိခိုက် သေဆုံးမှုမရှိဘဲ မီးလောင်မှုကြောင့် အနက်ရောင်ယာဉ်မှာ ကိုယ်ထည်အင်ဂျင်နှင့် သံချောင်းများသာ ကျန်ရှိပြီး ယာဉ်၏ကျန် အစိတ်အပိုင်း အားလုံး မီးလောင်ဆုံးရှုံးခဲ့၍ ခန့်မှန်းကျပ်ငွေသိန်း ၁၅၀ ခန့်ရှိပြီး စားသုံးဆီပါများ တင်ဆောင်လာသော၂၂ ဘီး အဖြူရောင် ယာဉ်မှာ လည်းဘော်ဒီ၊ ဖရိန်နှင့် အင်ဂျင်သံထည်များသာ ကျန်ရှိပြီးယာဉ်ပေါ်ပါစား သုံးဆီများနှင့် ကျန်ယာဉ် အစိတ်အပိုင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ခန့်မှန်းငွေကျပ် သိန်း၂၅၀ ခန့်ရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးစလုံးအား အရေးယူ ပေးရန် ရဲအုပ်သန်းဝင်းအောင်မှ တရားလိုပြုတိုင်တန်းသဖြင့် ဇွန် ၂၁ ရက်နံနက် ၅ နာရီ ၁၅မိနစ်က ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၄ ပြစ်မှု ပုဒ်မ၂၈၅/၂၇၉/၂၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက်ကာအမှုအား ရဲအုပ်သန်းဝင်းအောင်မှ စစ်ဆေး၍ တရားခံယာဉ်မောင်းနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar
အပြည့်အစုံသို့ »

ရန်ကုန်-ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီးဆင့်တိုက်မှု မွန်းလွဲတစ်နာရီခွဲအထိ အမှုမဖွင့်ရသေး


ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့ ဆူးလေဘက်သွားမည့် ယာဉ်ကြောတွင် ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက်၊ နံနက် ၁၀နာရီခွဲခန့်က ဖြစ်ပွားစဉ် (ဓာတ်ပုံ- ရဲဟိန်း၊မဇ္ဈိမ)

ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်း လွှတ်တော်ရုံးအရှေ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ဆူးလေးဘက်သို့ သွားသည့်ယာဉ်ကြော၌ ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက် နံနက် ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲ တစ်နာရီခွဲသည်အထိ အမှုဖွင့်နိုင်ခြင်း မရှိသေးဟု ဒဂုံမြို့မ ရဲစခန်းက တာဝန်ကျရဲတပ်သား တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ဆီက စခန်းမှူးနဲ့တာဝန်မှူး ဖြစ်တဲ့နေရာကို သွားပြီးစစ်ဆေးနေပါတယ်။ သူတို့ ပြန်မရောက်သေးတော့ အမှုမဖွင့်ရသေးပါဘူး။ ယာဉ်တိုက်မှုကြောင့် လူသေတာတော့မရှိပါ
ဘူး"ဟု ဒဂုံမြို့မရဲစခန်းက တာဝန်ကျရဲတပ်သားတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပုံမှာ လင်ခရူဆာဆိုက်ကနက်စ် ကိုယ်ပိုင်ယာဉ်တစ်စီးသည် အရှိန်လွန်ကာ ရှင်စောပုမီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်ထားသည့် ယာဉ်ရှစ်စီးကိုဆင့်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မီးပွိုင့်တွင်ရပ်ထားသည့်ကိုယ်ပိုင်ယာဉ်ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်ဆီသွားခဲ့ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဒဂုံမြို့မရဲစခန်းက ယာဉ်မဆင်ခြင်မောင်းနှင်သူ လင်ခရူဆာ ဆိုက်ကနက်စ် ကိုယ်ပိုင်ယာဉ်မောင်းကို စစ်ဆေးလျှက်ရှိသည်ဟု အထက်ပါရဲစခန်းကသိရသည်။

ဖြိုးဝေလင်း
Mizzima - News in Burmese
အပြည့်အစုံသို့ »

မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး


မုံရွာ၊ ဇွန် ၂၈

 မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဗညားဒလ လမ်းဆုံနေရာတွင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်မှ ပြောပြသည်။

မုံရွာ - တင်တိန်ရံ လူစီးအဆန်ရထား စက်ခေါင်းအမှတ် (DMG – 206) ရထားအား စက်ခေါင်းမောင်း ဦးသန်းကြွယ်မှ မောင်နှင်လာစဉ် LUOJIAI 125 အမျိုးအစား၊ ယာဉ်အမှတ် ၂၉ယ/ ၁၇…. ဆိုင်ကယ်သည် ဗညားဒလလမ်းအတိုင်း အရှေ့မှ အနောက်သို ဦးဝင်းမောင် အသက်(၅၀)နှစ်ဆိုသူမှ စီးနင်းလာစဉ် ရထား အား တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်း၏ သေမှုသေခင်းဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုင်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ ဦးဝင်းမောင်မှာ ၀ဲဘက်ခြေထောက် ပေါင်အရင်းမှ ပြတ်တောက်သွားခဲ့ပြီး၊ ညာဘက်ခြေသလုံးကြေမွသွားကာ ၀ဲဘက်ပါးပြင်တွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ သည်။ ၎င်းဒဏ်ရာများကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းက အဆိုပါ လူသေဆုံးခဲ့မှုအား သေမှုသေခင်းအမှတ်စဉ် ၁၇/ ၂၀၁၄ အရ အမှုဖွင့်ဆောင်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း

အပြည့်အစုံသို့ »

ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွား


ရန်ကုန်- ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး  စုစုပေါင်းရှစ်စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရှင်စောပုလမ်းနှင့် အလုံလမ်းကြား ပြည်လမ်းပိုင်းကို ၄၅ မိနစ်ခန့် ပိတ်ခဲ့ကာ ယခုအခါ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်သည်။

ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့သော ဆိုက်ကနက်စ်ကားမောင်းသူကို ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

(နောက်ဆက်တွဲ ဖြစ်စဉ်များကို ဆက်လက်ဖော်ပြပါမည်။)

7day daily




အပြည့်အစုံသို့ »

ရာဇာမင်းယာဉ်တိမ်းမှောက်မှု ဒဏ်ရာရရှိသူ ၂၁ ဦး အာမခံကြေး ကျပ် ၈၂ သိန်းကျော် ရရှိ



နန်းမြင့်| သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

၂၀၁၄ ခုနှစ် မေ ၁၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သောရာဇာမင်း ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ၂၁ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး စုစုပေါင်း ၈၂ သိန်းကျော် ပေးအပ်ခဲ့သည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

အဆိုပါ အာမခံလျော်ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လျော်ကြေးပေးအပ်ရာတွင် ဆေးရုံတွင်ရှိ နေသူ တစ်ဦးနှင့် စာရွက်စာတမ်း မပြည့်စုံသူလေးဦး ကျန်ရှိနေသေးသည်ဟုလည်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။

အဆိုပါ ဖြစ်စဉ်သည် မေလ ၁၂ရက် ရန်ကုန်-မန္တလေးအမြန်လမ်း (၁၉၇/၆)မိုင်အနီးတွင် ရာဇာမင်း ယာဉ်လိုင်းမှ ယာဉ်အမှတ် (၅ဃ/ ၁၂၅၇) ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၆ ဦး ရှိခဲ့သည်။

ဇွန် ၂၆ ရက်က မြန်မာ့အာမခံလုပ်ငန်းမှ ဒဏ်ရာရှိသူ ၂၁ ဦးအတွက် ခရီးသွားအာမခံအကျိုးခံစားခွင့် ကျပ် ၆၆ သိန်း ကျော်နှင့် သူတစ်ပါးထိခိုက်မှု အကျိုးခံစားမှု အတွက် ၁၅ သိန်းကျော် စုစုပေါင်းကျပ် ၈၂၀၀,၀၀၀ ကျော် ပေးလျော်ခဲ့ခြင်းဖြစ် သည်။

အထူးအဝေးပြေး ခရီးသွားအာမခံလုပ်ငန်းကို တစ်ဦးလျှင် ကျပ် ၃၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ လျှင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးပေးပြီး ဒဏ်ရာရရှိသူ များကို ဒဏ်ရာရရှိမှုပေါ်မူတည်ပြီး ငါးရာ ခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးခြင်း ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူ ဒေါ်စန္ဒာဌေးက “ ဆေးစာရွက်မှတ်တမ်းမှာတော့ လက်ဖျံရိုးကျိုးတယ်။ နံရိုးနှစ်ချောင်းကျိုး သွားတယ်။ အဆုပ်ထိခိုက်တာပါတယ်။ နေပြည်တော်ဆေးရုံမှာ ငါးရက်တက်ခဲ့တယ်။ အာမ ခံလျော် ကြေးပေးတဲ့ထဲမှာ လက်ဖျံရိုးကျိုးတာပဲပါတယ်” ဟု ပြောသည်။

ယင်းဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သူ ၁၆ ဦးအတွက် နေပြည်တော်တွင် အာမခံ လျော်ကြေးပေးအပ်ခဲ့ပြီးဖြစ်ကာ တစ်ဦးလျှင် သူတစ်ပါးထိခိုက်မှုအာမခံအတွက် ကျပ် ငါးသိန်း၊ အထူးအဝေးပြေး ခရီးသွား အာမခံအတွက် ကျပ်သိန်းကုမ္ပဏီတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိမှုအတွက် ကျပ် ၁၀ သိန်းနှင့် ရာဇာ မင်းယာဉ်လိုင်းမှ ကျပ် ၁၅သိန်း ပေးလျော်ခဲ့သဖြင့် တစ်ဦးလျှင် ကျပ်သိန်း ပေါင်း ၆၀ အထိ ပေးလျော်ခဲ့သည်။

Mizzima Burmese
အပြည့်အစုံသို့ »

ယာဉ်တိုက်ခံရသူကို ကူညီသူအား တရားစွဲရန် ပြင်ဆင်နေ၍ အကူအညီတောင်းခံ


အောင်ကိုဦး| ကြာသပတေးနေ့၊ ဇွန်လ ၂၆ ရက်၊ ၂၀၁၄ ခုနှစ်။

မန္တလေးမြို့တွင် ၇၃လမ်း၊ ၃၀လမ်း နှင့်၃၁လမ်းကြားတွင် ဇွန် ၁၇ရက်၊ ည ၁၀ နာရီခန့်က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် အတိုက်ခံရသူကို ကူညီဆောင်ရွက်ပေးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားသည်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်သို့ အကူအညီတောင်းခံသွားမည်ဟု မိသားစုဝင်များက ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

“တိုက်တာ မှားတယ်။ မှန်တယ် မငြင်းပါဘူး။ ဒဏ်ရာရနေတဲ့သူကို ကူညီဖို့ လူနာတင်ယာဉ်ခေါ်ပြီး ကူညီပေးတာကို လူနာတင်ယာဉ်ပြန်လွှတ်ပြီး မင်းက ဘာကောင်မို့ လူနာတင်ယာဉ်ခေါ်တာလဲဆိုပြီး ပြဿနာရှာတယ်”ဟု အခင်းဖြစ်ပွားမှုကို ကူညီသူ ကိုနိုင်လင်းက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားရခြင်းမှာ လမ်းကြောင်းပြောင်းပြန်စီးလာသောကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အတိုက်ခံရသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ တိုက်သည့်သူမှာ မန္တလးတိုင်းရဲတပ်ဖွဲ့ မော်တော်ယာဉ်ဌာနမှ တပ်သားတစ်ဦးဖြစ်သည်။

“ကျွန်တော်နဲ့အတူပါတဲ့ သူငယ်ချင်းက ဖုန်းနဲ့ ဓာတ်ပုံရိုက်တာကို ရဲက ဖုန်းကိုလုတော့ ကျွန်တော်တို့ ပြန်လုတယ်။ ဒါပဲရှိတယ်။ ၀တ္တရားနှောင့်ယှက်တာ မရှိဘူး။ မှားတာဆိုလို့ ကျွန်တော်တို့ နည်းနည်း မူးတာပဲရှိတယ်။ ကျွန်တော်တို့ မမိုက်ရိုင်းဘူး။ သူတို့က တစ်ဖက်သတ်ကို လုပ်သွားတာပါ”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာတွင် ကူညီသူကို လက်ထိတ်ခတ်ဖမ်းဆီးမှုနှင့် ပတ်သက်၍ နယ်မြေခံအမှတ် (၃) ရဲတပ်ဖွဲ့ကို မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် “ဇွန် ၁၇ရက် ညက ဖြစ်တာ ဟုတ်တယ်။ အဲဒီညီလေးလည်း ယာဉ်တိုက်မှုဖြစ်ပြီးမှ ရောက်လာတာပါ။ အဲဒီလိုရောက်လာပြီး ယာဉ်တိုက်မှုကို လာရောက်ကူညီနေတဲ့ ရဲတွေကို မချေမငံပြောဆိုမှုတွေ လုပ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုလုပ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ ဒု-ရဲအုပ် အောင်စိုးက တရားလိုပြုလုပ်တိုင်ကြားလို့ ကျွန်တော်တို့ တစ်ည အချုပ်ထဲထည့်ထားပြီး မနက်ကျတော့ အာမခံနဲ့လွှတ်ပေးခဲ့ပါတယ်”ဟု ရဲအုပ် ထိုက်လင်းစိုးက ပြောသည်။

အဆိုပါ ညတွင် စခန်းသို့ လက်ထိတ်ခတ်ခေါ်ဆောင်လာသည်မှာ ဟုတ်ကြောင်း၊ မူးယစ်နေသဖြင့် လိုအပ်သည့် အချက်အလက်များ စစ်ဆေးမရသောကြောင့်သာ အချုပ်ခန်းတွင် ထည့်ထားပြီး မနက်လင်းသောအခါ ကျင့်ထုံးပုဒ်မ-၁၇၀(၁)နှင့် အာမခံပေးခဲ့သည်။

ဝတ္တရားနှောင့်ယှက်မှု ပြစ်မှုဆိုင်ရာ ပုဒ်မ -၅၃၅ ဖြင့် တရားစွဲဆိုနိုင်ရန် ဥပဒေ အကြံပေးထံ တင်ထားဆဲဖြစ်သောကြောင့် တရားစွဲဆိုထားခြင်း မရှိသေးကြောင်း၊ ရဲအုပ် ထိုက်လင်းစိုးက ဆက်ပြောသည်။

“တိုင်းရဲတပ်ဖွဲ့ကလည်း ညပိုင်းမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတာဆိုတော့ ဖမ်းခွင့်တော့ရှိပါတယ်။ တိုင်းရဲတပ်ဖွဲ့က ဒု-ရဲအုပ်အောင်စိုးက တရားလို ပြုတိုင်ထားတာပါ။ ကျွန်တော်တို့ကတော့ ဥပဒေအကြံပြုချက်အတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ ဒီလောက်ပဲ ပြောလို့ရပါတယ်”ဟု ရဲအုပ် ထိုက်လင်းစိုးက ပြောသည်။

ရဲမှတ်တမ်းတွင် ရေးသားထားသည်များမှာ မှားယွင်းနေသည်ဟု ကိုနိုင်လင်းမှ ငြင်းဆိုထားပြီး အမှုမှန်ပေါ်ပေါက်စေရန် ရှေ့နေများကွန်ရက်ကို အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ပြောသည်။

Mizzima Burmese
အပြည့်အစုံသို့ »

ကျောက်တံခါးမြို့၌ ၂၂ ဘီးတွဲ ယာဉ်နှစ်စီး မီးလောင်မှု ဖြစ်ပွား


ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းဟောင်း မိုင်တိုင်အမှတ် (၁၁၉/၁)နှင့် (၁၁၉/၂)အကြားတွင် ဇွန် ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) ယာဉ်အမှတ် ၂ခ/..... ၂၂ ဘီးတွဲယာဉ်သည် သံချောင်းများတင်ဆောင်၍ မောင်းနှင်နေစဉ် ၎င်း၏ယာဉ်နောက်မှ (ယာဉ်မောင်း စုံစမ်းဆဲ)၂၂ ဘီးတွဲယာဉ်က စားအုန်းဆီများတင်ဆောင်၍ မောင်းနှင်လာပြီး နောက်မှဝင်တိုက်မိ၍ ယာဉ်နှစ်စီးလုံး ယင်းနေရာတွင် မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွန့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိကြပြီး မီးငြှိမ်းသတ်နိုင်ရေးအတွက် ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်း၊ တောကျွဲအင်းမြို့မှ မီးသတ်ယာဉ်များလာရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခွဲတွင် မီးညွန့်ကျိုး၍ နံနက် ၄ နာရီခွဲတွင် မီးလုံးဝငြိမ်းခဲ့ပြီး ယာဉ်များ နံနက် ၆ နာရီတွင် ပုံမှန်ပြေးဆွဲ သွားလာနိုင်ကြောင်း သိရသည်။

MOI Webportal Myanmar
အပြည့်အစုံသို့ »

အရှိန်မထိန်း နိုင်သည့်ဆိုင်ကယ် ရပ်ထားသည့် ကုန်တင်ယာဉ်နောက်တွဲကို ဝင်တိုက်မိပြီးသေဆုံး


ရေတာရှည် ဇွန် ၁၈

ရေတာရှည်မြို့နယ်၊ ဆွာမြို့တောင်ဘက် (၄) မိုင်ခန့်အကွာ မှန်စီကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းတွင် စက်ချို့ယွင်း၍ လမ်းဘေးချ ရပ်ထားသည့် ကုန်တင် ၂၂ ဘီးယာဉ်၏ နောက်တွဲကို ဆိုင်ကယ် တစ်စီးက အရှိန်လွန်ကာ ဝင်ရောက် တိုက်မိခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူမှာ ဆွာတိုက်နယ် ဆေးရုံ အရောက်တွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ (၁၂) ရက်နေ့၊ ည (၉) နာရီခွဲ အချိန်ခန့်က ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၁၉၇/၃နှင့် ၁၉၇/၄အကြား မှန်စီကျေးရွာ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆွာနယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ် သန်းနိုင် နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ကားလမ်းအတိုင်း မြောက်မှတောင်သို့ ရဲလေး ၂၈နှစ်၊ ပိန်းအင်းကျေးရွာနေ သူ မောင်းနှင်လာသည့် ကန်ဘို ၁၂၅ (လိုင်စင်မဲ့) ဆိုင်ကယ်သည် အခင်းဖြစ်နေရာ အရောက် ကားလမ်း၏ နောက်ဘက် ဘေးလမ်းပေါ်တွင် စက်ပြုပြင်ရန် ရပ်တန့်ထားသော နီဆန်း (၂၂) ဘီး ကုန်တင်ယာဉ်၏ နောက်တွဲ ဝဲဘက်ခြမ်းကို တိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။ ယာဉ် တိမ်းမှောက်မှုကြောင့် ရဲလေးတွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ ရရှိပြီး ဆွာတိုက်နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့ရာ ဆေးရုံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင် သေဆုံးသွားခဲ့ သည်။ အဆိုပါဖြစ်စဉ်အား ဆွာနယ်မြေ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar
အပြည့်အစုံသို့ »

၄၈ ယာဉ်လိုင်းက စက်ဘီးတွန်းလာသူကို နောက်မှဝင်တိုက်ပြီး မောင်းပြေး (လူတစ်ဦးသေ)


ဖြိုးဝေလင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ လမ်းလယ်ကျွန်းဘေးမှကပ်၍ စက်ဘီးတွန်းလာသူကို ၄၈ အထူးယာဉ်လိုင်းမှ
ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေး သွားသည့်ဖြစ်စဉ်တစ်ခု မေ ၁၇ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က
လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။

"တိုက်သွားတုန်းက ကျွန်တော့်ကားက အဲ့ဒီ ၄၈ ကားနောက်မှာ တိုက်ပြီး မသိသလိုဘဲ မောင်းသွားတာ။ ၄၈ ကားက ၂၂၆ ကားကို
ကျော်ရင်းနဲ့ တိုက်မိသွားတာ။ တိုက်ပြီး စက်ဘီးတွန်းလာတဲ့သူကို နောက်ဘီးနဲ့လည်း ကြိတ်မိသွားသေးတယ်" ဟု လှိုင်မြို့နယ် သံလမ်းမှတ်အနီးရှိ တက္ကစီဂိတ်မှ မျက်မြင်တွေ့ရှိခဲ့သည့် တက္ကစီမောင်းသမားတစ်ဦးက ဆိုသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-အင်းစိန်လမ်းမအတိုင်း သမိုင်းဘက်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသည့် ၄၈ အထူးယာဉ်သည် ဘာတာ
မှတ်တိုင်မှ စတင်ထွက်လာသည့် ၂၂၆ ယာဉ်ကို ကျော်တက်ရာ လမ်းအလယ်တွင် စက်ဘီးတွန်းနင်းလာသည့် ကိုကျော်သူရဆိုသူကို
နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ကိုကျော်သူရမှာ ယာချိုစောင်းနှင့် ယာခြေသလုံးတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသော်လည်း မျက်မြင်တွေ့ရှိသူများက ၄၈ ယာဉ်၏ နောက်ဘီးဖြင့်
ပေါင်ရင်းကို ကြိတ်မိခဲ့သည်ဟု ပြောဆိုကြသည်။

Mizzima Burmese
အပြည့်အစုံသို့ »

မလေးရှားတွင် ယာဉ်တိမ်းမှောက်၍ မြန်မာသုံးဦးသေဆုံး

တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်ယာဉ်ကိုတွေ့ရစဉ် (ဓာတ်ပုံ - astroawani)


မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့နှင့် ကီလိုမီတာ ၁၃၀ ကျော် ကွာဝေးသော တေမာလိုအနီး အရှေ့ဘက်ကမ်းရိုးတန်း အဝေးပြေးလမ်းပေါ်တွင် ဇွန်လ ၁၆ ရက် နံနက် ၄ နာရီ ၂၉ မိနစ်တွင် မော်တော်ယာဉ် တိမ်းမှောက်ရာ လူလေးဦးသေဆုံးပြီး ခုနစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ဘနားမားက လာသည့် သတင်းအရ သိရသည်။

  သေဆုံးသူများမှာ ကား မောင်းသူနှင့် မြန်မာနိုင်ငံသား ခရီးသည် သုံးဦးဖြစ်ပြီး ၎င်းတို့တွင် ကိုယ်ရေးအထောက်အထား တစ် စုံတစ်ရာ မပါရှိကြောင်း ရဲအရာ ရှိများက ပြောဆိုသည်။ သေဆုံး သူများမှာ ကားမှောက်သည့် နေ ရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြ သည်ဟု ရဲအရာရှိက ပြောသည်။ —Ref: Astroawani

ခင်မေဇော်
7day daily
အပြည့်အစုံသို့ »

ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးပျက်စီးပြီး လူ (၇)ဦးဒဏ်ရာရ


ရန်ကုန်၊ ဇွန် ၁၅

၁၄.၆.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၄က/----
အပြည့်အစုံသို့ »

ရန်ကုန်-လားရှိုး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၊ တစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ


တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ခရီးသည်ယာဉ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မိုးထက်)
ရန်ကုန်နှင့် လားရှိုးပြေး ဆွဲသည့် တက်လမ်းခရီးသည်တင်ယာဉ်သည် သီပေါမြို့အနီးတွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည် အမျိုးသားတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သီပေါမြို့မရဲစခန်းမှ သတင်းရရှိ သည်။

 လားရှိုးမြို့မှ ရန်ကုန်သို့ ထွက်လာစဉ် ပြည်ထောင်စုလမ်း မကြီးပေါ်၌ မေလ ၁၁ ရက် နံနက် က အိမ်စီးကားတစ်စီးအား ၀င် တိုက်ကာ အရှိန်လွန်၍ လမ်းဘေး သို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်း အပါအ၀င် ခရီးသည် ခြောက်ဦးဒဏ်ရာရ ခဲ့ကာ အမျိုးသားတစ်ဦးသေဆုံး ခဲ့ကြောင်း သီပေါမြို့မရဲစခန်း မှူး ဒုရဲမှူးသိန်းလှိုင်က ပြော သည်။

‘‘မောင်းတဲ့ အရှိန်များပြီး အိမ်စီးကားကို ၀င်တိုက်တာ။ အိမ်စီးကားကတော့ ဘာမှမဖြစ် ဘူး။ ဒီဘက် ကားလမ်းတွေက လမ်းဘေးတွေမှာ ချောက်တွေ များတော့ တက်လမ်းက ချောက် ဘက်ကျပြီး အခြေအနေဆိုးသွား တာ။ ယာဉ်မောင်းလည်း ဒဏ်ရာ ပြင်းလို့ ဆေးရုံမှာပဲ ရဲအစောင့်အ ရှောက်နဲ့ ထားတယ်’’ ဟု ၎င်းက ပြောသည်။

 ဒဏ်ရာရသူ ခြောက်ဦးအနက် ဒဏ်ရာပြင်းထန်သည့် ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦးမှာ မန္တလေးဆေးရုံကြီးတွင် ကုသနေပြီး အဆိုပါအမှုကို သီပေါမြို့နယ်ရဲစခန်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day daily
အပြည့်အစုံသို့ »

လှည်းတန်းခုံးကျော်တံတားမှ ဘလောက်တုံးများကို ယာဉ်တစ်စီး အရှိန်ဖြင့်တိုက်မိ၊ ထိခိုက်ဒဏ်ရာရသူမရှိ



လှည်းတန်းခုံးကျော် တံတားပေါ်မှ အရှိန်ဖြင့်ဆင်းလာ သည့် ကားတစ်စီးသည် လမ်း
လယ်မှ  ဘလောက်တုံးများကို အရှိန်ဖြင့်ဝင်တိုက်ခဲ့သော်လည်း ကားပေါ်ပါသူများ
 ဒဏ်ရာမရရှိခဲ့ ကြောင်း သတင်းရရှိသည်။



  ကမာရွတ်မြို့နယ်၊ ပြည် လမ်းမပေါ် လှည်းတန်းခုံးကျော် တံတားအဆင်းတွင် အရှိန်ဖြင့် မောင်းနှင်လာသည့် မစ်ဆူဘီရှီ ဒယ်လီကာ အမျိုးအစားကုန်တင်ယာဉ်တစ်စီးသည် ဇွန်လ ၁၄  ရက်နံနက် ၁၁ နာရီက လမ်းကြောကာထားသည့် ကွန်ကရစ်ဘလောက်တုံးငါးတုံးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

‘‘ပုံးကားက အရှိန်နဲ့မောင်း လာပြီး ဝုန်းဆိုတိုက်လိုက်တာ ကွန်ကရစ်တုံးတွေ လွင့်ထွက်ကုန် တယ်။ ကားကတော့ မမှောက် ဘူး။ လမ်းအလယ်မှာ ကန့်လန့် ကြီးဖြစ်နေတယ်။ ကားပေါ်ပါလာ တဲ့ လူနှစ်ယောက်စလုံး ဘာမှမဖြစ်လို့တော်သေးတယ်’’ဟု ယာဉ်တိုက်မှုကိုတွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ချိန်တွင် အသက်ကယ်လေအိတ် ထွက်လာ ပြီး ယာဉ်မောင်းကို ဒဏ်ရာမရ အောင်ကာကွယ်လိုက်နိုင်သကဲ့ သို့ ခေါင်းခန်းတွင်လိုက်ပါလာသူ အမျိုးသားနောက်တစ်ဦးမှာ လည်းဒဏ်ရာမရခဲ့ပေ။

   ၂၀၁၃ ခုနှစ် ဧပြီ လှည်း တန်း ခုံးကျော်တံတားဖွင့်ချိန်မှ စ၍  ယခုတစ်နှစ်ကျော်အတွင်း ယာဉ်တိုက်မှု (၁၀)ကြိမ်ခန့်ဖြစ် ပွားခဲ့ပြီး တံတားအတက်လမ်း ညွှန်ဆိုင်းဘုတ်ကို ကားတစ်စီးကဝင်တိုက်မိ၍ပျက်စီးခဲ့သော်လည်း ငါးလခန့်ကြာသည့်တိုင် ပြန်လည် မပြင်ဆင်နိုင်သေးကြောင်း တွေ့ ရှိရသည်။

7Day News daily

အပြည့်အစုံသို့ »

ရိုးရိုးလေးမှန်လုံယာဉ် လမ်းကူးသူနှစ်ဦးကိုတိုက်မိယာဉ်မောင်းထွက်ပြေး တိမ်းရှောင်၍ အမှုဖွင့်ထား



မင်းစစ်သူ၊ ပဲခူး၊ ဇွန်-၁၁

ဇွန် ၈ ရက် ည ၁၁ နာရီခွဲခန့်ကပဲခူးမြို့နယ် ဥဿ မြို့သစ် ရပ်ကွက်ကြီး (၉)
နယ်မြေ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၄၃/၃ တွင် ကိုစောဝင်း
နိုင်(၃၈)နှစ်၊ ကိုသာထူး(၃၂)နှစ်တို့ နှစ်ဦးသည်ကားလမ်းမကြီး၏ အရှေ့ခြမ်းမှ
အနောက်ခြမ်းသို့ လမ်းကူးဖြတ်စဉ် ရန်ကုန်ဘက်မှပဲခူးဘက်သို့မောင်းနှင်လာ
သည့် မှန်လုံခရီးသည်တင် အပြာရောင်(ရိုးရိုးလေး)ယာဉ်အမှတ် YGN 8G/9062
ယာဉ်မှ တိုက်မိမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်း (စုံစမ်းဆဲ)မှာထွက်ပြေးတိမ်းရှောင်
သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် စောဝင်းနိုင် (ပန်းတနော်)မြို့နယ်မှဝဲမျက်လုံး ၊နား ပေါက်ပြဲ
သွေးထွက်ဒဏ်ရာ၊ ၀ဲမျက်စိအောက်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ သာထူး
(ပန်းတနော်မြို့နယ်)မှာဝဲဘက်နောက်စေ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။
ယာဉ်အမှတ် YGN 8G/9062 ရိုးရိုးလေးခရီးသည်တင်မှန်လုံယာဉ်၏ ၀ဲဘက်ရှေ့မျက်နှာခြမ်း အချက်ပြမီးကြီးတစ်လုံးနှင့်မီးအသေးနှစ်လုံး၊ ရှေ့
ဘန်ဘာ အပေါ်ဘက် အလှဆင်မှန်ကြေမွပျက်စီးမှုရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားသော ယာဉ်မောင်းအား အမြန်ဆုံးဖမ်းဆီးရမိရေးအမှုစစ်ဒုရဲအုပ်လှဝေက
ပဲခူး အမှတ်(၃)နယ်မြေရဲစခန်းမှ ယာဉ် (ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၀၂
အရ အမှုဖွင့်အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
အပြည့်အစုံသို့ »