သြဂုတ် ၁၀ ရက်တွင် ကျရောက်ခဲ့သော ၀တ်မှုန်ရွှေရည် ၏ မွေးနေ့တွင် ၎င်း၏ ပရိသတ် များဖြစ်သည့် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့်အတူ အမျိုးသမီးလူမှုဖူလုံရေး ကျောင်း၌ တစ်ရက်စာ အာဟာရ နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပြီး မွေးနေ့ကို ပရိသတ် များနှင့် ဖြတ်သန်းခဲ့ရသောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ၎င်းကပြော သည်။ ‘‘ဘ၀မှာ မွေးနေ့ကို ပရိ သတ်တွေနဲ့ ဖြတ်သန်းတာ ပထမ ဆုံးပဲ။ ကစ်အတွက် အမှတ်တရ ဖြစ်သလို ပျော်လည်းပျော်ပါ တယ်’’ ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။ မွေးနေ့နံနက်တွင် မှော်ဘီ၊ အောင်ဇမ္ဗူတောရကျောင်း၌ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး We Love Wut Hmone Shwe Yi အဖွဲ့သားများနှင့် အမျိုးသမီး လူ မှုဖူလုံရေးကျောင်းတွင် တစ်ရက် စာ အာဟာရအလှူနှင့် အသုံးအ ဆောင်ပစ္စည်းများ လှူဒါန်းခဲ့ သည်။ ထို့နောက် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့် Escape Gastero Bar တွင် မွေးနေ့ပွဲ ဆက်လက်ကျင်းပခဲ့ ပြီး ပရိသတ်များက လက်ဆောင် များပေးခဲ့သလို ပရိသတ်များကို လည်း ၎င်း၏ ပုံပါသော ခေါင်းအုံး လေးများကို အမှတ်တရအနေဖြင့် ပြန်လည်ပေးခဲ့သည်။ ‘‘ပရိသတ်တွေကို ပေးခဲ့တဲ့ ခေါင်းအုံးလေးတွေက ကစ်အ မှတ်တရ Collection အနေနဲ့ ထုတ်ရောင်းဖို့ စီစဉ်ထားတာပါ။ အခုလောလောဆယ်ကတော့ ကြော်ငြာထားရုံပဲ ရှိသေးတယ်။ ဘယ်အချိန်ရောင်းမယ်ဆိုတာကို လည်း ပြန်ပြီး ပြောပေးပါမယ်။ ဒီနေ့ကတော့ ပရိသတ်တွေကို အ မှတ်တရအနေနဲ့ ပေးဖြစ်တာ’’ ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။ ၎င်း၏ ပရိသတ်များအတွက် အမှတ်တရပစ္စည်းများကို Limited Edition အနေဖြင့် ရောင်းချသွား ရန် အစီအစဉ်ရှိပြီး ပထမဆုံးအ နေဖြင့် ၎င်း၏ ပုံပါသော ခေါင်း အုံးများကို စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု ၎င်းက ဆို သည်။
7day daily
အပြည့်အစုံသို့ »
မိုးရေစက်များက စီတန်းနေသော ရောင်စုံထီးများဆီသို့ အရှိန်ပြင်းပြင်းဖြင့် ကျရောက်နေသည်။ ထီးရောင်စုံများအောက်တွင်တော့ တောင်ကိုရီးယားဂီတဗီဒီယိုများတွင် မြင်တွေ့ရလေ့ရှိသော ဖက်ရှင်ခပ်လန်းလန်းများ ဝတ်ဆင်ထားသည့် လူငယ်များက ဖျော်ဖြေရေးစင်မြင့်ရှိရာ ဝင်ပေါက်သို့ တိုးဝှေ့ဝင်ရောက်နေကြသည်။ ၎င်းတို့လက်ထဲတွင် နာရီပိုင်းအတွင်း စတင်တော့မည့် ကေပေါ့ပ်ဖျော်ဖြေပွဲလက်မှတ်များကိုလည်း အဆင်သင့်ကိုင်ဆောင်ထားကြသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ကဆိုလျှင် စိတ်ကူးတောင်မယဉ်ခဲ့ဖူးသည့် ကမ္ဘာ့စင်မြင့်များထက် အောင်မြင်နေသည့် နာမည်ကျော်ကေပေါ့ပ်အဖွဲ့ဖြစ်သည့် 2NE1 အဖွဲ့ကို ကိုယ်တိုင်မြင်တွေ့ရတော့မည်ဟူသော အတွေးများဖြင့် ထိုလူငယ်များ၏ သွင်ပြင်မှာ မိုးသည်းနေသည်ကိုပင် မေ့လျော့ကာ တက်ကြွရွှင်လန်းလျက်။ ထိုလူငယ်တို့မှာ သြဂုတ် ၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားမှ နာမည်ကျော် 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်ရန် တန်းစီစောင့်ဆိုင်းနေသူများပင် ဖြစ်ပါသည်။ ယင်းဖျော်ဖြေပွဲသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးစာရင်းဝင် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ဖူးသမျှ နိုင်ငံတကာဖျော်ဖြေပွဲများတွင် လက်မှတ်ဈေးအကြီးဆုံး ဖြစ်ခဲ့သည်။ လက်မှတ်များကို အနိမ့်ဆုံး ငွေကျပ်နှစ်သောင်းခွဲမှ ကိုးသိန်းအထိ ရောင်းချခဲ့ရာ အားလုံးနီးပါး ရောင်းကုန်ခဲ့ပြီး ရုံပြည့်ခဲ့သည်။ အောင်မြင်ခဲ့သည့် 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံတွင် ကိုရီးယားယဉ်ကျေးမှုလှိုင်းဂယက် မည်မျှကြီးမားလွှမ်းမိုးနေသည်ဆိုသည်ကို မြင်တွေ့နိုင်သည့် အကောင်းဆုံးသာဓကတစ်ခုပင် ဖြစ်သည်။ ဂီတအနုပညာရေစီးကြောင်းသာမက ကိုရီးယားဖက်ရှင်ဒီဇိုင်းများ၊ အစားအသောက်၊ ယဉ်ကျေးမှုများမှစ၍ လူ့အသုံးအဆောင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများအထိ ကိုရီးယားနိုင်ငံ၏ အသွင်အပြင် ဓလေ့စရိုက်များသည် ၂၀၀၀ ပြည့်နှစ်အလွန်တွင် မြန်မာနိုင်ငံသို့ သိသိသာသာ ဝင်ရောက်စီးဆင်းလာသည်မှာ ငြင်းဆန်၍မရသော အချက်ပင်ဖြစ်သည်။ ကိုရီးယားဒရာမာကားတိုင်းလိုလိုတွင် ဇာတ်ဝင်ခန်းအဖြစ် ပါဝင်တတ်သော အင်္ကျီဆင်တူများ ဝတ်ဆင်ကာ ခေါင်းတွင် တဘက်ဖြူပတ်ပြီး အပန်းဖြေရင်း ချွေးထုတ်ကြသည့် ချွေးထုတ်ခန်း၊ ချွေးပေါင်းခန်းကို ရာသီဥတုပူအိုက်သည့် ရန်ကုန်မြို့လိုနေရာမျိုးတွင် လာရောက်ဖွင့်လှစ်ခြင်းကလည်း မြန်မာနိုင်ငံသို့ ရိုက်ခတ်လာသော ကိုရီးယားယဉ်ကျေးမှု လှိုင်းဂယက်များထဲမှ တစ်ခုပင်ဖြစ်သည်။ ယင်းချွေးထုတ်ခန်းများကို မိသားစုလိုက်၊ လူငယ်များက အဖွဲ့လိုက်၊ နှစ်နှစ်ခြိုက်ခြိုက် သွားရောက်ကာ ဒရာမာကားများတွင် တွေ့ရသည့် တောင်ကိုရီးယားလူမျိုးတို့၏ နေထိုင်မှုပုံစံအတိုင်း စုဝေးထိုင်ကာ ကြက်ဥပြုတ်စား၊ အအေးထိုင်သောက်ကာ အဖွဲ့လိုက် စကားထိုင်ပြောနေကြသည့် မြင်ကွင်းများက ရန်ကုန်မြို့ပြ၏ ကိုရီးယားရေစီးကြောင်းထဲမှ တစ်ခုပင်။ တောင်ကိုရီးယားလူမျိုးတို့သည် ၎င်းတို့၏ယဉ်ကျေးမှုကို နိုင်ငံတကာမှ သိမြင်အောင် ပြုလုပ်ရေးသည် အမျိုးသားရေးမူဝါဒတစ်ခုအဖြစ် ချမှတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုရီးယားယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင်သာမက ဒေသတွင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် စီးဝင်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကပြောသည်။ ‘‘ခုနောက်ပိုင်း ကမ္ဘာမှာ နိုင်ငံတစ်ခုကတစ်ခုကို ဝင်ရောက်တဲ့အခါ Soft Power ကိုပဲသုံးပြီးတော့ ဝင်ကြတော့တယ်။ Hard Power ကိုသုံးတာ နည်းသွားပြီ’’ ဟု ဒေါက်တာအောင်ထွန်းသက်ကဆိုသည်။ နိုင်ငံတစ်နိုင်ငံက ၎င်းတို့၏ ယဉ်ကျေးမှုဓလေ့များ၊ ရိုးရာအစားအသောက်များ၊ နိုင်ငံ၏ ဒေသအလှအပများ၊ ဘာသာစကား၊ ဖက်ရှင်တို့ကို နိုင်ငံတကာက သိမြင်လာအောင် ဈေးကွက်မြှင့်တင်ရာ၌ ယင်းနိုင်ငံက ဖန်တီးထားသော အနုပညာမှတစ်ဆင့် ပျံ့နှံ့အောင်ဆောင်ရွက်နိုင်ကြောင်း စာရေးဆရာမ ပုညခင်က ကိုရီးယားယဉ်ကျေးမှုများ ပြည်တွင်းသို့ စီးဝင်လာမှုနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားသည်။ ‘‘ဂီတရုပ်ရှင်အနုပညာတွေကို နိုင်ငံအရပ်ရပ်က လက်ခံလာတာနဲ့အမျှ သူတို့ယဉ်ကျေးမှုဟာ တခြားနိုင်ငံတွေကို စီးဆင်းလွှမ်းမိုးသွားနိုင်ပါတယ်။ အထူးသဖြင့် အနုပညာကိုယ်ခံအားမကောင်းတဲ့ နိုင်ငံတွေကို ပိုပြီးစီးဆင်းလွှမ်းမိုးနိုင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အနုပညာဖန်တီးမှုတွေ အားနည်းလေလေ သူ့နိုင်ငံရဲ့ အနုပညာလွှမ်းမိုးဝါးမျိုမှုကို ခံရလေလေပါ’’ဟု ဆရာမပုညခင်က ကိုရီးယားယဉ်ကျေးမှု စီးဝင်လာမှုနှင့် ပတ်သက်ပြီး ပြောသည်။ ‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’ဟု အမည်ရသည့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲ စတင်ပြသခဲ့သည့် ၂၀၀၃ ခုနှစ်နောက်ပိုင်း တစ်စိမ့်စိမ့်စီးဝင်ခဲ့သည့် ကိုရီးယားယဉ်ကျေးမှု လှိုင်းဂယက်မှာ ယခုအခါ မြန်မာနိုင်ငံတွင် အတော်ပင်အားကောင်းနေလေပြီ။ ‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’ဇာတ်လမ်းတွဲမှ ဇာတ်လိုက်ကျော်များဖြစ်သည့် အွန်စော၊ ဂျွန်စော၊ ထယ်စောက်တို့မှအစပြုကာ ဒါရိုက်တာရင်၊ ဂျူမုံ၊ ချန်ဂင်၊ ဆန်းမီ စသည့် ဇာတ်ကောင်အမည်များဖြင့် ကိုရီးယားဇာတ်လမ်းတွဲများကို မြန်မာပရိသတ် သည်းသည်းလှုပ်ခဲ့သည်မှာ ယနေ့တိုင်ပင်။ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲများ နောက်တွင်တော့ အဖွဲ့လိုက်သီဆိုကာ ဖက်ရှင်နှင့် အကကို ဦးစားပေးသည့် ကေပေါ့ပ်ဟုခေါ်သည့် ကိုရီးယားဂီတမှာလည်း အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံရှိ လူငယ်ထုအကြား အရှိန်အဟုန်ဖြင့် လွှမ်းမိုးလာခဲ့သည်။ ကေပေါ့ပ်သီချင်း ယဉ်ကျေးမှုကြောင့် မြန်မာလူငယ်များ၏ ဝတ်စားဆင်ယင်မှုပုံစံမှာလည်း ပြောင်းလဲလာခဲ့သည်။ အရောင်တောက်တောက်၊ စကတ်တိုပြတ်ပြတ်နှင့် ရှုပ်ရှုပ်ထွေးထွေးဝတ်ဆင်သောပုံစံ (သို့မဟုတ်) ခပ်ပွပွနှင့် အတိုအကျပ် တွဲဝတ်ကြသည်က ယနေ့ခေတ်၏ တွေ့မြင်နေကျ ဝတ်စားဆင်ယင်မှုများ ဖြစ်လာသည်။ အချို့သောသူများကတော့ ထိုသူများကို ကိုရီးယားရူးနေသူများ၊ ကိုရီးယားကိုသာ အကောင်းထင်နေသူများဟူ၍ စသဖြင့် ကိုရီးယားယဉ်ကျေးမှု နှစ်သက်သူများကို အမျိုးမျိုးဝေဖန်မှုများလည်းရှိသည်။ ‘‘ဒါကတော့ ရိုးရိုးသာမန်ပါပဲ။ သူများနိုင်ငံက ဘောလုံးပွဲတွေကို ကြိုက်သလိုပေါ့။ ကိုရီးယားမှ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ နာမည်ကြီးအဆိုတော်တွေနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေကိုတော့ သုံးမှာပဲ၊ ဝယ်မှာပဲလေ။ ဒါက သာမန်ပါပဲ။ ကိုရီးယားကြိုက်တဲ့သူက ကိုရီးယားပေါ့’’ဟု အသက်(၂၀)ဝန်းကျင်ရှိ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။ လက်ရှိ ခေတ်စနစ်အရ ဘယ်အရာကိုမှ တံခါးပိတ်ထား၍မရပါဘဲ တိုင်းတစ်ပါးနိုင်ငံများ၏ အနုပညာယဉ်ကျေးမှုများ မိမိတို့ နိုင်ငံအတွင်းသို့ ဝင်မလာအောင် မတားဆီးနိုင်သကဲ့သို့ နိုင်ငံတွင်းမှ ပြည်သူများလည်း မခံစား၊ မနှစ်သက်ရဘူးဟူ၍ တားမြစ်၍မရနိုင်ကြောင်း စာရေးဆရာမပုညခင်က သုံးသပ်သည်။ ‘‘ကိုရီးယားမှမဟုတ်ပါဘူး။ ဘယ်နိုင်ငံက အနုပညာကို ခံစားတဲ့နေရာမှာဖြစ်ဖြစ် ကောင်းတာတွေကိုသာ အတုယူပြီး မကောင်းတာတွေ အတုမယူမိဖို့ အရေးကြီးပါတယ်’’ဟု ၎င်းကဆိုသည်။ ဒရာမာဇာတ်လမ်းတွဲများတွင် အများဆုံးပါလေ့ရှိသော ပဲခေါက်ဆွဲ၊ ကင်ချီ၊ ကြက်ဥလိပ်ထမင်းကြော်၊ တော့ပိုကီ စသည့် ကိုရီးယားအစားအသောက်များကိုလည်း စွဲလမ်းစွာ စားသုံးလာကြပြီး ရန်ကုန်မြို့တွင်သာမက အချို့မြို့ကြီးများအထိပါ ကိုရီးယားစားသောက်ဆိုင် အများအပြား ခြေဆန့်လာလေပြီ။ ကိုရီးယားဇာတ်လမ်းတွဲများတွင် ၎င်းတို့၏ ရိုးရာအစားအသောက်များကို စားချင်စဖွယ် ပြင်ဆင်ထားသောကြောင့် စိတ်ဝင်စားခဲ့ကာ ကိုရီးယားစားသောက်ဆိုင်များတွင် သွားရောက်စားဖြစ်ခဲ့ရာမှ ကိုရီးယားအစားအစာများကို ကြိုက်နှစ်သက်ခဲ့ကြောင်း အသက်(၂၅)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။ ‘‘ကိုရီးယားအစားအသောက်တွေက ပူပူစပ်စပ်တွေ၊ ချဉ်ချဉ်စပ်စပ်တွေ များတာဆိုတော့ မြန်မာပါးစပ်နဲ့လည်း အကြိုက်တွေ့တယ်။ နောက်ပြီး အခုနောက်ပိုင်းမှာ ကိုရီးယားစာရောင်းတဲ့ဆိုင်တွေလည်း အရမ်းများလာတယ်။ ဆိုင်ကြီးတွေမှ မဟုတ်ဘူး။ တချို့ကော်ဖီဆိုင်တွေဆိုရင်တောင် ကိုရီးယားစာကို တွဲရောင်းလာတယ်’’ဟု ၎င်းကပြောသည်။ ‘‘ကိုရီးယားဆိုရင် ကင်ချီယဉ်ကျေးမှုက နိုင်ငံတကာကို ထိုးဖောက်တယ်။ ထိုင်းလည်း အတူတူပဲ။ ထိုင်းအစားအသောက်တွေကို ပရိုးမိုးရှင်းလုပ်တယ်။ ဒါကြောင့် မြန်မာ့အစားအသောက်တွေကို ဘယ်အရာတွေက လုပ်လို့ရတယ်ဆိုတာတွေကိုတော့ လေ့လာပြီး လုပ်သင့်တယ်’’ဟု ဒေါက်တာအောင်ထွန်းသက်က လမ်းညွှန်ပြောသည်။ ကိုရီးယားတို့သည် နိုင်ငံတကာ၏ စီးပွားရေးစစ်မျက်နှာပြင်များသို့ ၎င်းတို့ ရိုးရာအစားအသောက်များ ရောင်းချသော စားသောက်ဆိုင်များဖြင့် ဝင်ရောက်လာသလို ကိုရီးယားနည်းပညာသုံး လူ့အသုံးအဆောင်များကလည်း ကမ္ဘာတစ်ဝန်းတွင် ဝင်ဆံ့နေပြီဖြစ်သည်။ ကိုရီးယားနိုင်ငံသည် နည်းပညာဆိုင်ရာ အားကောင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာရှတွင် ဂျပန်ကဲ့သို့ ကိုရီးယားထုတ်ကုန်များဖြစ်သည့် ဥပမာ-ဆမ်ဆောင်းစမတ်ဖုန်းများ၊ ဟွန်ဒိုင်းမော်တော်ကားများသည် ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက်နိုင်သည့် အောင်မြင်မှုရရှိနေပြီဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏ ထူးချွန်အောင်မြင်သော ချန်ပီယံလုပ်ငန်းရှင်များကို ထိန်းသိမ်းထားနိုင်ပြီး နိုင်ငံတကာသို့ ထိုးဖောက်မည်ဆိုပါက နိုင်ငံ၏ချန်ပီယံများ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ ‘‘မြန်မာတွေက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အတုယူတတ်ဖို့လိုတယ်။ ကျန်တာတွေကိုတော့ လိုက်ပြောနေလို့မရဘူး။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာပါ။ သူတို့မှာ ကောင်းတာတွေ အများကြီး ရှိပါတယ်’’ဟု ဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောသည်။ [2NE1 အဖွဲ့မှ မြန်မာပရိသတ်များကို အမှတ်တရလက်မှတ်ရေးထိုးပေးနေစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)] လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုရီးယားနှင့်ပတ်သက်သော အဝတ်အစားဖက်ရှင်များ၊ အလှပြင်ပစ္စည်းများ၊ အစားအသောက်များသာမက ကိုရီးယားနိုင်ငံထုတ် မော်တော်ကားများ၊ ကိုရီးယားနိုင်ငံထုတ် ဆမ်ဆောင်းအမှတ်တံဆိပ်၊ အယ်လ်ဂျီကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် ဝယ်ယူ၍ရနေပြီဖြစ်သည်။ မြန်မာနှင့် ကိုရီးယားနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ငါးနှစ်ကျော်ကာလ ၂၀၀၆-၀၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်သာရှိနေခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်မူ ကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိနေခဲ့သောကြောင့် ခြောက်နှစ်အတွင်း လေးဆကျော်မြင့်တက်လာခဲ့သည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၃ နှစ်ကုန်တွင် ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၌ လုပ်ငန်းပေါင်း ၈၄ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသုံးဘီလီယံကျော် (၃၀၄၅ ဒသမ ၂၂၄ သန်း) ရင်းနှီးမြှုပ်နှံထားခဲ့ပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် အဆင့်(၅)နေရာ၌ ရှိနေခဲ့သည်။ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုများ တိုးတက်လာသလို အခြားကဏ္ဍအသီးသီးတွင်လည်း တဖြည်းဖြည်း လွှမ်းမိုးလာသည့် အခြေအနေကို ထိန်းချုပ်နိုင်မည့်သူများမှာ မြန်မာနိုင်ငံသားများပင် ဖြစ်သည်။ လက်ရှိအချိန်တွင် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေသော်လည်း ဖွံ့ဖြိုးသည့်နိုင်ငံများကဲ့သို့ပင် နိုင်ငံတကာဖျော်ဖြေပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဆိုသည့် အင်အားက အနာဂတ် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ တစ်ချိန်က တရုတ်ဇာတ်လမ်းတွဲထဲတွင် မျောပါကာ တရုတ်နိုင်ငံက ထွက်ကုန်အမျိုးမျိုး၏ စီးပွားရေးအချက်အချာ နယ်မြေတစ်ခုဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် မကြာမီအချိန်အတွင်း ကိုရီယား၏ စီးပွားရေးဈေးကွက်တစ်ခု ဖြစ်မည်၊ မဖြစ်မည်ကိုမူ မည်သူမျှခန့်မှန်းနိုင်မည် မဟုတ်ပေ။ ။ 7day daily
အပြည့်အစုံသို့ »
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ မြန်မာပြည်သူတို့ကြားတွင် ပြောစရာ အကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွားသည်။ ယနေ့ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်များနှင့် ပတ်သက်ပြီး အများပြည်သူကြား ပြောစရာဖြစ်နေသည်က သရဖူ ရုပ်သိမ်းခံရသည့်ကိစ္စ ဖြစ်နေ သည်။ နိုင်ငံတကာတွင် ကိုယ်စားလှယ်အဖွဲ့ အစည်း၏ စည်းမျဉ်းများကို လိုက်နာမှုမရှိသော အလှမယ်များ ကိုသရဖူရုပ်သိမ်းခြင်းများ ရှိတတ်သည်။ သို့သော် သတ်မှတ် စည်းမျည်းများက ရှင်းလင်းပြတ်သားသည်။ သို့သော် မြန်မာနိုင်ငံတွင်တော့မယ်များကို သရဖူ ရုပ် သိမ်းခြင်း၊ သရဖူလွှဲခွင့်ပိတ်ပင်ခြင်းစသော ကိစ္စများသည် မည် သည့်အချက်များအပေါ်တွင် မူတည်သည်ကို ရှင်း ရှင်းလင်း လင်း မသိရသေးသည့် အခြေအနေတွင် ဖြစ်နေသေးသည်။ Miss Supranational Myanmar ၂ဝ၁၃ အလှမယ် ခင်ဝင့်ဝါနှင့်Miss Grand International Myanmar ၂ဝ၁၃ အလှမယ်ထားထက်ထက်တို့ကို သရဖူလွှဲပေးခွင့် ပိတ်လိုက် ကြောင်း ၄င်းတို့၏ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သောMiss Golden Land Myanmar Organization က ပြီးခဲ့သည့်လ အတွင်းကထုတ်ပြန်ကြေညာ ရာတွင်တိကျရေရာသောအကြောင်း ပြချက်မပါရှိသည်ကို တွေ့ရသည်။ ”ကျွန်တော်တို့ထားထက်ထက်နဲ့ ခင်ဝင့်ဝါကို သရဖူသိမ်း တာ မဟုတ်ဘူး။ လွှဲပေးခွင့် မပေးတာပါ။ စည်းမျဉ်းစည်း ကမ်းကို ချိုးဖောက်သလို ဖြစ်သွားတဲ့အတွက် နောက် လူတွေ ဒီလိုမဖြစ်အောင် အပြစ်ပေးတဲ့သဘောပါ” ဟူ၍သာ Miss Golden Land Myanmar Organization မှ ဦးဝေယံ အောင်ကပြောခဲ့ပြီး မည်သည့်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည် ဆိုသည့်အချက်ကိုမူ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။ ”ဘာပြစ်ချက်ကြောင့် လွှဲခွင့်မပေးတာလဲဆိုတာ မသိပါ ဘူး။ ညီမတို့ဘက်က ပျက်ကွက်တာမျိုးမရှိသလို အကျိုးအမြတ် ခံစားခွင့် ၃ဝ ရာခိုင်နှုန်းကိစ္စကိုလည်း အမြဲတမ်းေ ပးနေတာပဲ လေ”ဟု ခင်ဝင့်ဝါက ပြောသည်။ ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့သည်Miss Golden Land Myanmar Organization နှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုပြီး ပရဟိတလုပ်ငန်းများကို ပူးတွဲ လုပ်ဆောင် နေသူများလည်း ဖြစ်သည်။ သို့ရာတွင် အဖွဲ့အစည်းကိုယ်တိုင် က ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒါလုပ်မယ်ဆို ပြီး ညီမတို့ကိုမခေါ်ဘူး။ဘာလုပ်မယ် ဆိုတာလည်း မပြောဘူး။ တစ်နှစ်သက်တမ်းအတွင်း နှစ်ကြိမ်မျှသာ ပါဝင်ပူးပေါင်းခွင့်ရခဲ့ သည်ဟု ခင်ဝင့်ဝါက ဆိုသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့သည့်Miss Grand International Myanmar ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့်ထားထက်ထက်က ”ဘာကြောင့် လွှဲပေးခွင့် မပေးတာလဲ မသိဘူး။ ညီမတို့ဘက်က စာချုပ်ပါအတိုင်းပဲ သွားခဲ့တာပါ။ဒီလိုတစ်နှစ်ပြည့်ဖို့အလိုလေးမှာ ဒီလို ကြေညာ ခံရတော့ အရမ်းစိတ်မကောင်းဖြစ် မိတယ်”ဟု ပြောသည်။ ထို့အတူ Miss Globe Myanmar ၂ဝ၁၄ အလှမယ် ဂျူးစံသာကိုလည်း သူမ၏ National Director ဖြစ်သူ မလှနု ထွန်းကMiss Globe Myanmar အဖြစ်မှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို ဇူလိုင်လ ၂၄ ရက်နေ့ညက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။ အဆိုပါ ကြေညာချက်တွင်ဂျူးစံသာ၏ ကိုယ်စားလှယ် ဖြစ်သူ မလှနုထွန်းက အကြောင်းတရားသုံးခုကို ဖော်ပြခဲ့သော် လည်း အဓိကအချက်မှာ သုံးနှစ်သက်တမ်းရှိ စာချုပ်ကြောင့် ဖြစ်မည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။ ”အမှန်ဆို နိုင်ငံတကာစည်းမျဉ်းအရMiss တစ်ဦးကို တစ်နှစ်ပဲ စာချုပ်ချုပ်ရမယ်။ တစ်နှစ်ထက်ကျော်ပြီး ချုပ်ရင် ဒီ Miss ကို မွေးထုတ်ပြီးအမြတ်ထုတ်တယ်လို့ မြင်တယ်” ဟု ဦးဝေယံအောင်က ပြောသည်။ သရဖူလွှဲပေးသည့်ကိစ္စ၊ သရဖူပြန်သိမ်းသည့်ကိစ္စက အလှ မယ်တစ်ဦး ထမ်းဆောင်ရမည့်တာဝန်နှင့် ဝတ္တရား ပျက်ကွက် ခြင်းလား၊ နိုင်ငံတကာ ကျင့်ထုံးနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပေ လော။ မော်ဒယ်အေးဂျင့် ကိုနှစ် ၂ဝကြာ ထူထောင်ထားသည့် မတင်မိုးလွင်က ”အခု မြန်မာမှာ ဖြစ်တဲ့ ပြဿနာက နှစ်ဦး နှစ်ဖက် နားလည်မှုအားနည်းလို့ ပဋိပက္ခတွေ ပေါ်လာတာ ပါ။ နှစ်ဦးနှစ်ဖက် ကိုယ့်လိုအပ်ချက်ကို ပြန်ရှာဖို့ အရေးကြီးတယ်” ဟု ပြောသည်။ ”နှစ်ဦးနှစ်ဖက်က ညှိလို့မရတော့တဲ့ ကိစ္စဆိုရင် ပြီးခဲ့တာ တွေ မပြောကြတော့ဘဲ နောက်ထပ်အကောင်းဆုံးကိုပဲ ရွေး ချယ်ကြပါ”ဟု တင်မိုးလွင်က ပြောသည်။ မြန်မာနိုင်ငံ၏ သရဖူသိမ်းသည့် ကိစ္စ၊ လွှဲပေးခွင့် မပေး သည့်ကိစ္စမှာ Miss နှင့် Organization ကြားက ပရဟိတစိတ်၊ အတ္တဟိတစိတ်နားလည်မှုတစ်စုံတစ်ရာ လွဲခြင်း လည်းဖြစ်နိုင် သည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Star and Talent မော်ဒယ် အေဂျင်စီတည်ထောင်သူ ဂျွန်လွင်က ”မသွားခင်ကတည်းက စာချုပ်ကိုသေသေချာချာချုပ် သင့်တယ်။ အောင်မြင်ပြီး ပြန် လည်းပြန်လာရော စာချုပ်မချုပ်ချင်ကြတော့ဘူး။ အဓိကက ကော်မရှင်မပေးချင်ကြတာပါ” ဟု ပြောသည်။ ”အော်ဂနိုင်ဇေးရှင်းဘက်ကလည်း အဲ့ဒီ Miss တွေ ဆီကရတဲ့ ကော်မရှင်ကိုပရဟိတဒါတွေ လုပ်ပါတယ်ဆိုပြီး ကြေညာခဲ့တာရောရှိလား” ဟု မေးခွန်းထုတ်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံတကာသို့ စေလွှတ်ရန် ရွေး ချယ်ထားသည့် အလှမယ်တစ်ဦးကို တာဝန်မှရပ်စဲပြီး သွား ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပစ်သည့်ပထမ ဆုံးဖြစ်ရပ် သည် မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့ပါပြီ။ ”မြန်မာနိုင်ငံကMiss ပြိုင်ပွဲနဲ့ အလှမ်းဝေးသွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီး အခုကျမှ တစ်နှစ် နှစ်နှစ်အတွင်း ပြန်ခေတ်စားလာတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ နား လည်မှုပိုင်းမှာ လိုတာဖြစ်မှာပါ” ဟု ဦးဝေယံအောင်က ပြော သည်။ တစ်ခေတ်ဆန်းမြန်မာ့အလှမယ် လောက၏ ပိုင်အိုးနီး ယားဟုဆိုရမည့် အလှမယ်နန်းခင်ဇေယျာက နိုင်ငံတကာ ဆုတံဆိပ်ရ အလှမယ်များအနေနှင့် ပရဟိတအလုပ် များကို အများထက်အာရုံစိုက်ကာ လုပ်ဆောင်သင့်ကြောင်း တိုက် တွန်းသည်။ နှစ် ၅ဝ ကြာမှ ပြန်လည်စေလွှတ်ယှဉ်ပြိုင်ခွင့်ရသည့် နိုင်ငံအလှမယ်ပြိုင်ပွဲကို ရှေ့ဆက်မှာလည်း ပြဿနာပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ နှစ်ဦးနှစ်ဖက်ပြေလည်သည့် သဘော တရားများကို ဆောင်ရွက်နိုင်စေရန်အတွက် ယခုပဋိပက္ခက စံပြဖြစ်မည်လော။ ”တစ်ခဏတာကိုပဲကြည့်ပြီး စာချုပ်ချုပ်မယ်။ ပြန်လာ တော့ မမျှော်လင့်တဲ့ ဆွဲဆောင်မှုတွေကမ်းလှမ်းလာရင် ခံနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ ပါးစပ်နဲ့မပြောကြဘဲ စာချုပ် စာတမ်းနဲ့ ဖြစ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာ ဖြစ်လာနိုင်တယ်”ဟု မော်ဒယ်မိခင်ကြီးတင်မိုးလွင်က ပြောသည်။ အမြင်ဆန်းနေသေးသော်လည်း နားလည်လက်ခံထားရ မည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသည် လူမှုရေးရော သော စီးပွားရေးပုံစံတစ်မျိုးသာ ဖြစ်သည် ကိုပင် ဖြစ်သည်။ အောင်မြင်မှုအတွက် လှေကားထစ်များသာ ဖြစ်သည်။ ထို့ ကြောင့်စီးပွားရေးဆိုသည့်အတိုင်း စနစ်တကျ ဖြစ်စေသင့် သည်ဟုဆိုသူများလည်း ရှိသည်။ ”စာချုပ်စာတမ်းနဲ့ဆို ပိုပြီးသင့်တော်တယ်။ နှစ်ဖက်စလုံး အတွက် ပိုအဆင်ပြေပါလိမ့်မယ်”ဟု တင်မိုးလွင်က ဆိုသည်။ Popular jopurnal
အပြည့်အစုံသို့ »
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် “အောင်ဆန်း” ရုပ်ရှင်ကား ရိုက်ကူးရေးဟာ မစတင်နိုင်ဘဲ အချိန်တွေကြာမြင့်ခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၃ရက်မှာ ဗိုလ်ချုပ်ရဲ့မွေးနေ့ နှစ် ၁ဝဝပြည့်မယ့် ရာပြည့်အတွက် ရည်စူးရိုက်ကူးမယ့် ဒီဇာတ်ကား ဘယ်တော့တကယ်စတင်နိုင်မှာလဲ။ ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက်ကူးမယ့်ရက်ကို အများပြည်သူတွေကို ဆွဲဆောင်မှုရှိစေဖို့အတွက် ရုပ်ရှင်ကားထဲက အကောင်းဆုံး ဇာတ်ဝင်ခန်းတစ်ခန်းကို ပထမဆုံးရိုက်ကူးထုတ်လုပ်ပြီး တစ်နိုင်ငံလုံးကို တပ်လှန့်အသိပေးမယ်လို့ လူရွှင်တော် ဇာဂနာက သြဂုတ် ၃ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ဘယ်ဇာတ်ဝင်ခန်းကို စရိုက်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ သြဂုတ် ၉ရက်နေ့နောက်ပိုင်းမှ အသေးစိတ်ပြောမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကို အချိန် ၂နှစ် ၃နှစ်အတွင်း အပြီးသတ်ရိုက်ကူးဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ပေမယ့် လာမယ့်နှစ် ဗိုလ်ချုပ်ရဲ့ ရာပြည့်မွေးနေ့အမီ ပိတ်ကားပေါ်တင်နိုင်ဖို့ မဖြစ်မနေ ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်နေပြီး ပြည်တွင်းက အနုပညာသမားတွေနဲ့ချည်း ရိုက်ကူးမှာမို့ မြန်မာလူမျိုးတွေ ဒီကားကြောင့် တစ်သက်လုံး ဂုဏ်မငယ်စေရဘူးလို့ ဇာဂနာက အာမခံလိုက်ပါတယ်။ မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို နှစ်အတန်ကာ ဖျောက်ဖျက်ထားပြီး ဗိုလ်ချုပ်မရှိခဲ့သယောင် ဖန်တီးထားတဲ့ အခြေအနေတွေကြောင့် နိုင်ငံ့ဖခင်ကြီးနဲ့ပတ်သက်တဲ့ သမိုင်းအထောက်အထား၊ မှတ်တမ်းအဖြစ် ချန်ထားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကို ၂ဝ၁၁ ဒီဇင်ဘာ ၃ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကနဦး စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီရုံးခန်းကိုတော့ ၂ဝ၁၂ ဖေဖော်ဝါရီ ၁၃မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြည်ပ ရုပ်ရှင်ပညာရှင်တွေကို တာဝန်ပေး ရိုက်ကူးစေမယ်ဆိုတဲ့ မူလရည်ရွယ်ချက်ဟာ ဒီကော်မတီရေးသားတဲ့ ဇာတ်ညွှန်းဟာ ရုပ်ရှင်မဆန်ဘဲ မှတ်တမ်းကားဆန်တာကြောင့် နိုင်ငံတကာ ကျွမ်းကျင်သူတွေက ရိုက်ကူးဖို့ မဖြစ်တော့လို့ ကော်မတီဝင်တွေနဲ့ပဲ ရိုက်တော့မယ်ဆိုတဲ့အခြေ ရောက်ခဲ့ပါတယ်။ အနုပညာအရ ပရိသတ်စိတ်ဝင်စားအောင် Drama ဆန်ဆန် ရိုက်တာထက် သမိုင်းဆိုင်ရာ နှုန်းစံတန်ဖိုးအရ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်ကိုထူးခြားတဲ့ စရိုက်တွေပေါ်အောင် ရိုက်ချင်တာကြောင့် နိုင်ငံတကာက လက်ခံနိုင်တဲ့ ရုပ်ရှင်ကားဖြစ်လာဖို့ စိန်ခေါ်မှုက သိပ်ကြီးမားပါတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။ kamayut media
အပြည့်အစုံသို့ »
ခင်ဆွေသက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဟစ်ဟော့ အဆိုတော်တစ်ယောက်နဲ့ သတင်းတွေ ထွက်နေခဲ့တဲ့ နာမည်လေးလုံးပိုင်ရှင် မော်ဒယ်လ်မင်းသမီးချောလေး သဉ္ဖာဇာနွယ်ဝင်းနဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သူမရဲ့လှုပ်ခတ်နေတဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး မေးကြလိုက်တဲ့ အခါမှာတော့ သူမက “အချစ်ရေးက မဖြေတော့ဘူးအစ်မ။ ရည်းစားတော့မရှိပါဘူး။ ဒါပေမဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မဖြေတော့ဘူးလို့ဆုံးဖြတ်ထားလို့ပါ။ ဘာမှလဲ စိတ်ဝင်စားစရာလဲ မကောင်းဘူးဆိုတော့လဲ။ အခုသဉ္ဖာကဘယ်လိုဖြစ်သွားလဲဆိုတော့ ကိုယ့်ကိုကိုယ်တောင် ချစ်လို့မ၀တော့ တခြားသူကိုလဲ မချစ်ချင်ဘူး။ ပြီးတော့ ဒီအနုပညာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဆို စိတ်ကမပြတ်သားဘူး။ အလုပ်ချိန်မှာ အလုပ်ပဲ ခေါင်းထဲထည့်ထားချင်တယ်။ ရည်းစားတွေထားရင် အဲ့ဒီဖက်ကို စိတ်ရောက်နေမှာစိုးလို့အရွယ်ကလဲ ငယ်တဲ့အခါကျတော့ အိမ်ထောင်ဖက်တွေ ဘာတွေကို ရွေးချယ်ရတဲ့အရွယ် မဟုတ်သေးဘူး။ အချစ်နဲ့ ပတ်သတ်ပြီး ပြောလို့အမှားပါသွားရင်လဲ ပရိသတ်တွေက တစ်မျိုးမြင်မှာလဲ စိုးလို့ပါ”တဲ့။ အဆိုတော်တစ်ယောက်နဲ့အသံတွေ ထွက်ခဲ့တဲ့အဖြစ်ကိုလည်း “ရည်းစားမရှိတာ တော်တော်ကြာပါပြီ။ ရည်းစားလဲထားဖို့ အစီအစဉ် မရှိသေးဘူး။ အမှန်အတိုင်းပြောရရင် ဖုန်းတော့ပြောတယ်။ လူငယ်ကတော့ စိတ်ဝင်စားတာ ဘာညာရှိတာပေါ့နော်။ အိမ်ကတော့ လုံးဝမကြိုက်ဘူး ။ အရင်က အလုပ်မှာ အရမ်းအားစိုက်ပြီး အခုနောက်ပိုင်း အားစိုက်တာ နဲနဲလျော့တယ်လို့ သူတို့ဖက်က ထင်နေတယ်။ ညီမကတော့ ခုရည်းစားမရှိတဲ့အတွက် ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ မိဘတွေကကျတော့ အရမ်းတင်းကျပ်တဲ့အတွက် တကယ်လို့ ကိုယ်ကြိုက်ခဲ့တယ်ဆိုရင်တောင် ရည်းစားထားလို့မရဘူး။ ကိုယ်မအောင်မြင်သေးဘူး။ အကောင်းဆုံးနေရာ မရခင်မှာ ရည်းစားထားတာတို့စိတ်ရှုပ်စေတဲ့ ဘယ်ကိစ္စကိုမဆို မလုပ်ချင်ဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ အဆက်အသွယ်ရှိပါတယ်” လို့ ပြောပါတယ်။ Trend Myanmar
အပြည့်အစုံသို့ »
မြန်မာနိုင်ငံမှာ သူ့ရဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသမှု အတွက် ရောက်ရှိနေတဲ့ လိုင်လာခမ်းက မြန်မာနိုင်ငံက ရုပ်ရှင်များ၊ အနုပညာရှင်များကို သူ့ရဲ့အမြင်များနဲ့ အိန္ဒိယနိုင်ငံ ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ တိုးတက်နေမှုများကို သုံးသပ်လို့ မဇ္စျိမကို ပြောပြခဲ့ ပါတယ်။
မေး။ ။ မြန်မာနိုင်ငံ ရုပ်ရှင်လောကနဲ့ ဘောလိဝုဒ်ရဲ့ ရိုက်ကူးမှုကအစ ကွာခြားချက်က
ဖြေ။ ။ ဟိုမှာ က VCD ၊ DVD ဆိုတာမရှိဘူး။ ရုပ်ရှင်တကားရိုက်ကူးတော့မယ်ဆိုရင် မင်းသမီး ၊ မင်းသားတွေက ဘာမှ ယူစရာမလိုဘူး။ မိတ်ကပ် ၊ အဝတ်အစား ၊ ဆံပင်အစအကုန်လုံး သူတို့ တွေဘဲ လုပ်ပေးသွားတာ။ ဆံပင်ကအစ ခြေသည်းနီအထိ ၊ လက်ဝတ်လက်စား အကုန်သူတို့ဘဲ ဆင်ပေးတာ။ အဲဒါကို ပရီပရိုဒက်ရှင်းလို့ ခေါ်ပါတယ်။ ရုပ်ရှင်မစခင်ပေါ့။ ရိုက်ကွင်းတစ်ကွင်းမှာလည်း အလုပ်လုပ်တဲ့ လူနှစ်ရာကျော်၊ သုံးရာကျော် ရှိပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံမှာ သွားရိုက်ရင်လည်း မီးကိုင်တဲ့လူ ၊ မိုက်ကိုင်တဲ့လူတွေက အစခေါ် သွားတယ်။ ဟိုကလူတွေကို မခေါ်ပါဘူး။ အက ကတဲ့ လူတွေဆိုရင် ဟိုနိုင်ငံကလူတွေကို ခေါ်တယ်။ တစ်ကားရိုက် ကူးပြီဆိုရင် အနည်းဆုံး ၆ လကနေ ၈ လအထိကြာတယ်။ တစ်ခါတစ်လေ တစ်နှစ်လောက်ကြာတယ်။ ကျွန်မ အခုရိုက်ကူးနေတဲ့ ကားဆိုရင် တစ်နှစ်ရှိပြီ။ အခုမှ ၅ဝ ရာခိုင်နှုန်းဘဲ ပြီးသေးတယ်။ ပရီပရိုဒက်ရှင်းက သုံးလလောက်ကြာတယ်။ ရူတင်ကာလက တစ်နှစ်လောက်ကြာတယ်။ Post Production ပို့စ်ပရိုဒက်ရှင်းကတော့ မြန်သွားပြီ။ တည်းဖြတ်တာ ၊ အသံဖျောက်တာ ၊ စာတမ်းထိုးတာတို့ သူတို့တွေက ရုံတင်ရက်ကြတော့ ချက်ခြင်းရတယ်။ အိန္ဒိယမှာ ရုံတင်ပြီဆိုတာနဲ့ တစ်ကမ္ဘာလုံးမှာ တန်းပြီးတော့ ရုံတင်တယ်။ တစ်ကားရိုက်ကူးပြီဆိုရင် တစ်နှစ်ခွဲလောက် အချိန်ယူတယ်။ တချို့မင်းသား ၊ မင်းသမီးဆိုရင် တစ်ခါတည်း လေးငါးကားရိုက်ကူး နိုင်ကြတယ် တချို့ နာမည်ကြီး မင်းသားတွေဆိုရင် ပိုက်ဆံကို မကြည့်တော့ဘူး။ တစ်ကားဆိုရင် တစ်ကားဘဲ ရိုက်တယ်။ အရူးအခန်းရိုက်ကူးတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို အခန်းတစ်ယောက်နဲ့ တူအောင် လေ့ကျင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး သိပ်အများကြီး မကွာဘူး။ နည်းပညာအပိုင်းလေးဘဲ ကွာတာပါ။ ပိုက်ဆံငွေသုံးနိုင်တာရယ် ၊ နည်းပညာအပိုင်းရယ် ၊ အဲ့လောက်ဘဲကွာခြားတာပါ။
မေး။ ။ မြန်မာနိုင်ငံက အနုပညာရှင်တွေအပေါ် မြင်မိတာက။
ဖြေ။ ။ ကျွန်မတို့မြန်မာက လည်းမညံ့ပါဘူး။ ဒီလောက်ငွေလေးနဲ့ ဒီလောက်လုပ်နိုင်တာ မညံ့ပါဘူး။ ဒီမှာရိုက် လိုက်တဲ့ ရုံတင်ကားတစ်ကားရဲ့ငွေက ဟိုမှာ သီချင်းတစ်ပုဒ်တောင် မပြီးဘူး။ ဒီငွေလေးနဲ့ ဘယ်သူမှလည်း မရိုက်ကူးနိုင်ဘူး။ ပင်ကိုယ်အရည်အသွေးက ကို မညံ့ပါဘူး။ ဟိုမှာက ပင်ကိုယ်အရည်အသွေး ၊ ပိုက်ဆံ ၊ နည်းပညာပိုင်းဆိုင်ရာ အစစအရာရာ အကုန်ရှိ တော့နံပါတ် တစ် ဖြစ်သွားတာပေါ့။ ဒီမှာက ပင်ကိုယ်အရည်အသွေးရှိတယ်။ နည်းပညာပိုင်း ကြတော့ နည်းနည်းကွာတာပေါ့နော်။ ဒီက ရုပ်ရှင်တွေက နိုင်ငံတကာ မသွားတော့ ပိုက်ဆံလည်း သိပ်သုံးစရာမလိုဘူး။ သုံးရင်လည်း ပိုက်ဆံပြန်မရဘူးလေ။ စီးပွားရေး သမားတစ်ယောက်က ပိုက်ဆံအဝင်အထွက် ကြည့်မယ်လေ။ အထွက်ဘဲရှိပြီး အဝင်မကြည့်ဘူးဆိုရင် ပိုက်ဆံဘယ်ထည့် တော့မလဲ။ဟိုနိုင်ငံမှာက တစ်ကျပ်ထည့်ရင် တစ်သိန်းရတယ်ဆိုတော့ အပြိုင်အဆိုင် ငွေထည့်ကြတယ်။ ဒီမှာကြတော့ အဲဒါကွာတာပေါ့။ ကိုယ်ပိုင် အရည်အသွေးအပိုင်းကြတော့ ဒီမှာက တော်ကြပါတယ်။ ဦးမျိုးနဲ့လည်း အလုပ်လုပ်ကြည့်တော့ ဦးမျိုးလည်း အရမ်းတော်ပါတယ်။ အိန္ဒိယမှာ ရိုက်လာပြီး မြန်မာနိုင်ငံမှာ ရိုက်ရတာဆိုတော့ စကားပြောရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်တယ်။ မြန်မာစကားနဲ့ အထိအတွေ့က ကွာတာအရမ်းကြာနေပြီလေ။ ဟိုမှာက စကားပြောတာ အင်္ဂလိပ်လိုပိုများတယ်။
မေး။ ။ဒီကဒါရိုက်တာတွေ ရဲ့ ရိုက်ကူးနေတာကို ဘယ်လို မြင်လဲ
ဖြေ။ ။ ဦးမျိုးတို့ကို ဝါရင့် ဒါရိုက်တာနဲ့ လူငယ်ပိုင်း ဒါရိုက်တာ ဝိုင်းတို့လိုတော်တဲ့ လူတွေ တွေ့နေရ တယ်။ ကိုဝိုင်းရိုက်ကူးတဲ့ ကားတွေကို လူတွေ တော်တော် ကြိုက်တယ်လို့ကြားပါတယ်။ ကျန်တဲ့ဒါရိုက်တာ တွေကိုတို့ ကျွန်မမသိဘူး။ ကန်တော့ပွဲမှာမှာ တိုက်ဆိုင်မှုရှိလျှင်နဲ့ နင်စေရင် ဇာတ်ကား နှစ်ကားကို တစ်ပြိုင်တည်း ကန်တော့ပွဲ လုပ်တယ်။ အဲဒီတုန်းက စိုးမြတ်သူဇာနဲ့ ဖွေးဖွေးတို့တွေ ရိုက်ကူးထားတဲ့ “လက်ပံ”ရုပ်ရှင်က ကိုဝိုင်းရဲ့ ရိုက်ကူးချက်လို့ သိရတယ် တစ်ခန်းကြည့်ရင် ဒီဒါရိုက်တာ ဘယ်အဆင့်လည်းဆိုတာကို သိပါတယ်။ ကိုဝိုင်း ရဲ့ကားကိုကြည့်လိုက်တော့ အရမ်းသဘောကျသွားတယ်။ မဆိုးဘူး တော်တော်ကောင်းတယ်ပေါ့။ ဖွေးဖွေးက တော့ အခုလက်ရှိ တက်သစ်စ အနုပညာရှင်တွေ ၊ပြီးတော့ ကျွန်မအကြိုက်ဆုံး မစိုးမြတ်သူဇာတို့ ဒွေးတို့ပေါ့။ ဖွေးဖွေးတို့လို အသစ်ဆီကတောင် ဒီလိုအရည်အသွေးမျိုးထုတ်နိုင်တယ်ဆိုတာ ကိုဝိုင်း တော်ပါ တယ်။
ဒီလိုမျိုးဒါရိုက်တာတွေနဲ့ အလုပ်လုပ်ရရင်ကောင်းတာပေါ့နော်။
မေး။ ။ ထပ်ပြီးမြန်မာနိုင်ငံက ဒါရိုက်တာတွေကမ်းလှမ်းလာတာရှိလား ။
ဖြေ။ ။ ဗီဒီယို ရိုက်ဖို့ အများကြီးကမ်း လှမ်းတယ်။ အဲဒီတုန်းက ကျွန်မအခြေအနေနဲ့ လုပ်ရတာ အရမ်း ကသိကအောက်ဖြစ်တယ်။ တစ်ချို့ဗီဒီယိုတွေ ကျွန်မကြည့် ဖြစ်တယ်။ သိပ်အဆင်မပြေဘူး။ ဆိုဖာ တစ်ခုတည်းမှာတောင် ရုပ်ရှင်အစအဆုံးပြီးတဲ့ ကားတောင်ရှိတယ် အဲဒီလိုမျိုးဆိုရင် မလုပ်ချင်ဘူးဆိုတဲ့ စိတ်က ဝင်သွားတယ်။ ရုပ်ရှင်တစ်ကားကို သုံးရက်နဲ့ပြီးအောင် ရိုက်သွားတာလည်း ကြားဖူးတယ်။ ကျွန်မစဉ်းစားမိလိုက်တဲ့ အချက်က ဘာလဲဆိုတော့ မြန်မာပြည် အခြေအနေနဲ့ ရုံကားဘဲ ရိုက်ကူးမယ်ဆိုရင် မင်းသားမင်းသမီးတွေ ထမင်းငတ်သွားမယ်။ အရည်အသွေးကောင်းတဲ့ ဗီဒီယိုဆိုရင် တော့ ကျွန်မ စဉ်းစားမယ်ပေါ့နော်။
မေး။ ။ မြန်မာနိုင်ငံရဲ့ရုပ်ရှင်စနစ်ကိုဘယ်လိုမြင်လဲ
ဖြေ။ ။ ၂ဝ၁၁ခုနှစ် မှာ ရိုက်ထားတဲ့ ကားက အခု ၂ဝ၁၄ ခုနှစ်စက်တင်ဘာမှ ရုံတင်မယ်ဆိုတော့ တော်တော် လေးကိုကြာသွားပြီ။ ဒီကားကို ဦးမျိုး ကရက်ပေါင်း ၂ဝ တည်းနဲ့ ပြီးအောင် ရိုက်သွားတာတော်တယ်။ ဒီက ရက်၂ဝ ကဟိုမှာ သီချင်းတစ်ပုဒ် မပြီးဘူး ရက်ပေါင်း ၂ဝ တည်းနဲ့ အားလုံး အဆင်ပြေအောင် ရိုက်ကူး သွားနိုင်ပြီး ရုံရက်ကြတော့ မရဘူးဆိုတော့ အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ ဟိုမှာလိုဘဲ ထင်ပြီးတော့ ၂ဝ၁၁ မှာ ရိုက်တယ်။ ၂ဝ၁၂ ဆိုရင်တော့ တင်ပြီးပေါ့လို့ ထင်ထားတာ။ အခုတော့ အဲဒီလို မဟုတ်ဘူး။ ထားလိုက်၊ စိတ်လျှော့လိုက်ပေါ့။ ဦးမျိုးက သမီးဒီမှာက ရုံရက်ရဖို့ နှစ်နှစ် ၊ သုံးနှစ် စောင့်ရတယ်လို့ပြောတယ်။ မင်းသား ၊ မင်းသမီးအကျီင်္တွေ ဘယ်လိုလုပ်မလဲ ။ အကုန်ဟောင်းကုန်ပြီ။ ခေတ်တွေလည်း နောက်ကျကုန်ပြီ။ ဒီမှာက ရုပ်ရှင် စနစ်ကိုပြောင်းဖို့ အရမ်းလိုနေပြီ ဒီနှစ်မှာရိုက်ကူးပြီး နောက်သုံးလေးနှစ်ကြာမှ အကယ်ဒမီရမယ် ဆိုရင် လူတွေက ဘာလုပ်ထားလဲ ၊ ဘယ်လိုငိုလဲ ၊ ဘယ်လိုရယ်လဲ ဘာမှမမှတ်တော့ဘူး။ အဲဒါကြောင့် မြန်မာပြည်ရဲ့ ရုပ်ရှင်လောကကြီးက နောက်ကိုရောက်နေတာ။up to date မဖြစ်တော့ဘူး။
မေး။ ။ အကယ်ဒမီပေးတာကိုကော ဘယ်လိုမြင်လဲ
ဖြေ။ ။ နောက်တစ်ခု စနစ်မကျတာက အကယ်ဒမီ ဘယ်လိုရလဲ၊ ဘာလဲ စနစ်မရှိဘူး။ ဘယ်သူက ဘယ်လိုလုပ်လဲ ။ဘာလဲပေါ့ ။ ရုပ်ရှင်ကလည်း ရုံမတင်သေးဘူး။ ဘာမှမဖြစ်သေးဘူး။ သူအကယ်ဒမီရမယ် ဆိုတော့ အံ့သြပြီးတော့ ဘယ်သူက ကြည့်ပြီးလို့လဲ ဘယ်တုန်းက ရုံတင်သွားလို့လဲပေါ့ဆိုပြီး မေးလိုက်တော့ ရုံတင်တဲ့ကားက နှစ်ခုဘဲရှိတယ်။ မင်းသမီးကလည်း နှစ်ယောက်ဘဲရှိတယ်။ တစ်ယောက်က ရပြီးသွားပြီ။ တစ်ယောက်က မရသေးဘူး။ အဲဒါကြောင့် အဲဒီတစ်ယောက်ကရမှာတဲ့။ အရမ်းအံ့သြတယ် ကိုယ့်နိုင်ငံက စနစ်ကို မကောင်းဘူးပြောနေတာ မဟုတ်ဘူး။ ပြောင်းလဲသင့်နေပြီ။ ကျွန်မတို့အိမ်မှာတင်ပစ္စည်းတစ်ခုက ဟောင်းနေပြီဆိုရင် ၊သိနေတယ်ဆိုရင် ကိုယ့်ဟာကိုယ် ပြောင်းလဲဖို့ လိုနေပြီ။ပြည်ပက ရုပ်ရှင်ကားကြီးတွေ အကယ်ဒမီပေးပြီဆိုရင် ဒီဇင်ဘာမှာ ရုံတင်တဲ့ကားဆိုရင် ဒီဇင်ဘာမှ အကယ်ဒမီရှိရင် အဲဒီအကယ်ဒမီမှာ အဲဒီကားပါတယ်။ ဟိုမှာ ဘယ် award မဆို ပရိသတ်သာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ရုပ်ရှင်ကြည့်တာ ပရိတ်သတ်ဘဲ ကြည့်တယ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာလည်း ပရိတ်သတ်ဘဲ ဆုံးဖြတ်တယ်။ ဒီအနုပညာရှင် ကိုကြိုက်တယ် မကြိုက်ဘူးဆိုတာကလည်း ဒီပရိတ်သတ်ဘဲဆုံး ဖြတ်တယ်။ ဒါကို ဒီမိုကရေစီလို ခေါ်တာလေ။ မင်းသား ၊မင်းသမီးကြီးတွေ ၊ ဒါရိုက်တာ အကြီးတွေကြတော့ နိုင်ငံပိုင်းဆိုင်ရာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လူကြီးတွေက ဆုံးဖြတ်တယ်။ ဟိုနိုင်ငံမှာ ရှာရွတ်ခမ်း အကယ်ဒမီ ၁၇ နှစ်ဆက်တိုက်ယူခဲ့တယ်။ သူ့အိမ်မှာထား စရာနေရာတောင်မရှိတော့ဘူး။ သူ လောက်တော်တဲ့သူလည်းမရှိသေးဘူးလေ။ ဒါကိုလည်း ပရိသတ်တွေ ဘဲပေးနေတာလေ။ တရားမျှတဘူးတို့ ၊ ဘာတို့ ၊ ခင်မင်ရင်းနီးတာတို့ ၊ ပိုက်ဆံနဲ့ဝယ်တာတို့ ဘာမှမရှိဘူး။
မေး။ ။ ဘာတွေကို ပြုပြင်သင့်တယ်လို့ ထင်လဲ။
ဖြေ။ ။ ပရိတ်သတ်တွေ အမြင်ကိုတော့ ကျွန်မ အမြင်လေး ပြောပြချင်တယ်။ အိန္ဒိယမှာဆိုရင် ကျွန်မသည် မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်နေတဲ့ မိန်းကလေး တစ်ယောက်ပါ။ နိုင်ငံခြားတိုင်းကနေပြီးတော့ လာရောက် အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ အများကြီးပါဘဲ။ အိန္ဒိယ ပရိတ်သတ်ရဲ့ စိတ်ဓာတ်ကို ကျွန်မ ကြိုက်နှစ်သက်တာက ခွဲခြားမှု လုံးဝမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောသွားပါသေးတယ်။ မြန်မာတွေ နောက်ကျနေတာ စိတ်ဓာတ် နည်းနည်းလေး ပြုပြင်ရမယ်လို့ပြောသွားပါတယ်။ ကျွန်မလည်း နိုင်ငံတွေ တော်တော်များများကို သွားဖူးပါတယ်။ အဲဒီတော့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားကမှန်ပါလား ဆိုတာ ကျွန်မသဘောပေါက်လာတယ်။ အော်ဟုတ်တယ်။ ငါတို့မြန်မာနိုင်ငံက စိတ်ဓာတ်ပြုပြင်ဖို့ အရမ်းလို နေတယ် စိတ်ဓာတ်လေးသာပြုပြင်လိုက် ကျွန်မတို့မြန်မာနိုင်ငံက ဒုန်းကနဲဆို တက်သွားမှာ။ ကျွန်မ သူများနိုင်ငံမှာ အလုပ်လုပ်တယ်။ ဘယ်သူနာမည်ရလဲ မြန်မာနိုင်ငံဘဲ နာမည်ရတယ်။ ကျွန်မကို ဟိုမှာဆိုရင် လိုင်လာခမ်း လို့နောက်မှပြောတယ်။ ဒါမြန်မာနိုင်ငံက ဆိုပြီးတော့ အရင်ပြောတယ် အဲဒီတော့ ကိုယ့်မြန်မာပြည် ဂုဏ်တက်တာပေါ့။ ကျွန်မကြားလိုက်တယ် မယ်တစ်ယောက်ဝိုင်းပြောကြတာ။ သူက တရုတ်မလို့ ဘာလို့ပြောတာလဲ။ သူဟာမြန်မာပြည်ကို သိက္ခာကျအောင် လုပ်မှာ မဟုတ်ပါဘူး။ သူသည်မြန်မာပြည်ကို ဂုဏ်တက်အောင်သွား လုပ်မှာလေ။ ဘာဖြစ်လို့ တရုတ်မလို့ ပြောနေကြတာလဲ။ သူ့ကိုအားပေးကြပါ။ ကိုယ့်ရဲ့လူကို ကိုယ်တွေက နှိပ်ကွပ်မယ်ဆိုရင် တစ်ခြားလူကလည်း နှိပ်ကွပ်မှာဘဲ။သူက အဲဒီလိုသွားပြိုင်တဲ့ အခါကြတော့ ကိုယ့်နိုင်ငံဘဲ နာမည်ရမှာလေ။ အဲဒီလိုအမူအကျင့်က အိန္ဒိယ နိုင်ငံမှာ လုံးဝမရှိဘူး စိတ်ဓာတ်လေးတွေပြောင်းလဲဖို့ လိုပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဗီဒီယိုဇာတ်လမ်းတွေက
ဖြေ။ ။ ဒီမှာ ရုံကားရိုက်တော့ ဗီဒီယိုရိုက်တဲ့ မင်းသမီးတွေဆိုရင် ဘာလို့ရိုက်တာလဲ။ Level ကလည်း အရမ်းနိမ့်တယ်။ မင်းသား ၊မင်းသမီးတွေလည်း မရိုက်သင့်ဘူး။ ဒါရိုက်တာတွေလည်း မရိုက်သင့်ဘူး။ ပိုက်ဆံတစ်ခုအတွက်နဲ့ ကိုယ့်ကိုယ် ကိုယ် Level အဲဒီလောက်အထိ မနှိမ့်သင့်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့်ပြန်မှ အတွေးတွေ ပြောင်းလိုက်တယ်။ ရုံကားက လေးနှစ်ကြာသွားတော့ အတွေးတွေ ပြောင်းလဲလိုက်တယ်။ မင်းသား ၊ မင်းသမီးတွေ ထမင်း ဘယ်ငတ်ချင်တော့မလဲ လူတစ်ယောက်က တစ်ချိန်လုံး မမြင်နေရင် မေ့သွားတယ်လေ။ ဝတ်မှုန်ရွှေရည်ဆိုရင် တီဗီမှာ အမြဲတမ်း မြင်နေရတယ်။ သူ့ထက်တော်တဲ့လူလည်း ရှိရင်ရှိမယ်။ လှတဲ့လူလည်း ရှိချင်ရှိမယ်။ သူ့ကို အမြဲမြင်နေရတယ်။ အလုပ်က အမြဲရှိနေတာ အရမ်းအရေးကြီးတယ် ဒီလိုမျိုး ရိုက်ကူးတာဟာ မင်းသား၊ မင်းသမီး ၊ ဒါရိုက်တာတွေက စီးပွားရေး ကဏ္ဍကတစ်ခု ၊ ကိုယ့်ရဲ့ပညာ သံချေးမတက်သွားအောင်က တစ်ခု၊ လူတွေနဲ့ အဆက်အသွယ် မပြတ်သွားအောင်က တစ်ခု။ မလုပ်ချင်ပေမယ့်လည်း ဒီဗီစီဒီတို့ ဒီဗီဒီတို့ကို လုပ်ရတော့မယ်။ ရွေးချယ်ခွင့် မရှိတော့ဘူးလေ။ ဒီနိုင်ငံရဲ့ စနစ်က မင်းသား၊ မင်းသမီး ၊ ဒါရိုက်တာတွေကို ရွေးချယ်ခွင့် မပေးတော့ဘူးလေ။ ဒီရုံကား လေးနှစ်တစ်ခါ ၊ လေးနှစ်တစ်ခါ ဘယ်ထိုင်စောင့်တော့မလဲ။
မေး။ ။ အနုပညာကြေးကိုကော အစ်မဘယ်လိုယူလဲ။
ဖြေ။ ။ ကျွန်မ အနုပညာကြေး ယူကတော့ အတိအကျတော့ မပြောတော့ဘူးနော်။ ဦးစိန်ဌေးကတော့ ငိုတယ်ပေါ့။ ဟိုနိုင်ငံမှာ ယူသလိုတော့ လုံးဝမရဘူးလေ။
မေး။ ။ အစ်မရဲ့ ရည်ရွယ်ချက်က အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာလား။
ဖြေ။ ။ ကျွန်မ မင်းသမီးလုပ်မယ်လို့ဘဲ မတွေးထားမိဘူး။ အိန္ဒိယကိုသွားတာလည်း မင်းသမီးလုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်ကို ကံတရားက ခေါ်သွားလိုက်တာဘဲ။ ကျွန်မ ဒူဘိုင်းမှာ အလုပ်လုပ်တယ်။ GM အနေနဲ့ အလုပ်လုပ်တော့ အဲဒီကိုလာတဲ့ ဒါရိုက်တာတွေက နင်ဘာလို့ ဒီမှာ အလုပ်လုပ်နေတာဘဲ။ ဒီလောက်လှတာ အိန္ဒိယ မှာလာပြီးတော့ အလုပ်လာလုပ်ပါလားလို့ ပြောတယ်။ ကိုယ်လည်း တစ်ခါမှ မစဉ်းစားဖူးတော့ ဒီလိုဘဲနေလိုက် တယ်။ ဒါပေမယ့်လာတဲ့ ဒါရိုက်တာတိုင်းကပြောနေတော့ ဟုတ်လားဆိုပြီးတော့ ထလုပ်လိုက်တာပါ။ ဓာတ်ပုံတွေ ဘာတွေရိုက်တော့ ပို့စ်တွေက သူ့ဟာသူထွက်လာတယ်။ ကိုယ်လည်း တစ်ခါမှမသင်ဖူးဘူး။ တစ်ခုသိလာတာက ငါလုပ်နိုင်ပါလားလို့သိလာခဲ့တယ်။ နောက်တော့ လည်း သရုပ်ဆောင်မှုအပိုင်း ၊ အကအပိုင်းတို့က သူ့ဟာသူ ဖြစ်လာ တာဘဲ။ ဘဝမှာက ကိုယ်စီစဉ်ထားတဲ့ အတိုင်းလည်း ဖြစ်ချင်မှဖြစ်မှာလေ။
မေး။ ။ ပြည်ပက နည်းပညာပိုင်းကိုကော မြန်မာနိုင်ငံမှာ ပြန်လည်ချပြပေးဖို့ အစီအစဉ်ရှိလား။
ဖြေ။ ။ ဟိုမှာတတ်လာခဲ့တဲ့ နည်းပညာပိုင်းတွေကော တစ်ခြားဟာတွေကိုဒီမှာ လုပ်ပေးချင်ပါတယ်။ ကျွန်မကို လက်တွဲခေါ်မယ်ဆိုရင် ကျွန်မကတော့ အမြဲတမ်း ကြိုဆိုပါတယ်။ ကူညီပေးဖို့လည်း အသင့်ပါဘဲ။ ကျွန်မက ဒါလုပ်ပေးချင်တယ် ဟိုဟာလုပ်ပေးမယ် သွားပြောလို့ မရဘူးလေ။ အစိုးရ အပိုင်းဘဲဖြစ်ဖြစ် ၊ ကောင်စီ ကဘဲဖြစ်ဖြစ် ၊ မော်ဒယ်အေဂျင်စီကဘဲ ဖြစ်ဖြစ်ပေါ့ သင်ပေးပါလို့ အကူအညီတောင်းရင် လုပ်ပေးဖို့အ ဆင်သင့်ပါဘဲ။
မေး။ ။ အောင်မြင်ကျော်ကြားသူဖြစ်ဖို့အတွက် ခံယူချက်က
ဖြေ။ ။ အောင်မြင်ကျော်ကြားသူဖြစ်ဖို့အတွက်ခံယူချက်နဲ့ စိတ်ထားကတော့ ပထမဆုံးက အောက်ခြေမ လွတ်ဖို့ဘဲ အေ၇းကြီးတယ်။လူတစ်ယောက်က ဘယ်တော့မှ အောက်ခြေမလွတ်ရဘူး။ အောက်ခြေလွတ်သွားတဲ့နေ့ လူတွေကစမုန်းပြီ လူတွေရဲ့ အမုန်းတရားကို ရသွားရင် ဘယ်တော့မှ မအောင်မြင်တော့ဘူး။ ငါသည်မင်းသမီး ၊ မင်းသားဆိုပြီး ဘဝင်မြင့်လို့ မရဘူး။ဘာဖြစ်လို့လဲဆိုတော့ နင်မင်းသမိး ၊မင်းသားဖြစ်တာ ဘယ်သူ့ကြောင့်လဲ ။ပရိသတ်တွေကြောင့်။ ပရိတ်သတ် လက်မခံရင် မင်းသမီး ၊ မင်းသားဖြစ်လာစရာအကြောင်း လုံးဝမရှိဘူး။ မင်းသား ၊ မင်းသမီးတွေ တစ်ချို့တွေကို ကျွန်မ ဒီမှာ သတိထားမိတဲ့ အရာတစ်ခု ရှိတယ်။ နာမည်တော့ မပြောပြချင်ဘူး။တစ်ချို့ဆို ထောင်ထောင်ထောင်နဲ့ ဆရာကြီးစတိုင်နဲ့ မီဒီယာကိုလည်း လူမထင်၊ ပရိတ်သတ်တွေကိုလည်း ရပါတယ်ဆိုတဲ့ ပုံစံမျိုးတွေတွေ့ရတယ်။ ကျွန်မကလည်း မွေးကတည်းက တတ်လာတာ မဟုတ်ပါဘူး။ အင်ဂျလီနာဂျိုလီတို့ တစ်ခြားမင်းသား ၊ မင်းသမီးတွေ အများကြီး လာတယ်။ သူတို့ကို ကျွန်မလေ့လာတာက သူတို့က ကိုယ့်ထက်မြင့်တဲ့ လူတွေလေ အမြဲတမ်း ကိုယ့်ထက်မြင့်တဲ့ လူဆီက သင်ရတယ်လေ။ ကိုယ်ကဆရာကြီး ဆိုပြီးတော့ ထိုင်နေလို့မရဘူး။ ကိုယ့်ထက် ဆရာကြီးတွေ အများကြီးရှိတယ်လေ။ နင်ဆရာကြီးဆိုရင် နင့်ထက်ဆရာကြီး အယောက် တစ်ရာလောက်ရှိတယ် သဘောကိုပြောပြတာပါ အင်ဂျလီနာဂျိုလီတောင် လူတွေအားလုံးကို ဆက်ဆံတာတစ်ပုံစံတည်းဘဲ သွားတယ်။ ငါ့ကဆရာကြီး ဆိုပြီးတော့ မျက်နှာထား တင်းမာတာတို့ မရှိဘူး။ သူဆရာကြီး ဆိုတာ တစ်ကမ္ဘာလုံးသိတယ်။ ဘာကိုထပ်ပြရမှာလဲဆိုတဲ့ စိတ်ထားမျိုး သူ့မှာရှိတယ်။ အဲဒီစိတ်ဓာတ်သည် လူ တစ်ယောက်ကို အမြင့်ဆုံး သယ်ဆောင်သွားတဲ့ စိတ်ဓာတ်ဘဲ။ ကိုယ့်ဘယ်လောက်ဘဲ အမြင့်ရောက်နေနေ အဲဒီ စိတ်ဓာတ်မရှိရင် အောက်ကို ပြန်ပြုတ်ကျမှာဘဲ။ စိတ်ကောင်းထားရမယ်။ လူတိုင်းအပေါ်ကို စိတ်ကောင်းထားရပါမယ် အမြင်မှန်ရမယ် အဲဒါကအောင်မြင်မှုရဲ့ နံပါတ်၁ အချက်ပေါ့။ နောက်နှစ်အချက်က လုပ်မယ်ဆိုရင်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အချက်ပေါ့။ နောက်သုံးအချက်က ကိုယ်လုပ်မယ့်အရာ တစ်ခုကို ၁ဝဝ ရာခိုင်နှုန်း ယုံကြည်ချက်ထားပါ။
မေး။ ။ အစ်မရဲ့အချစ်ရေးကိုပြောပြပေးပါဦး
ဖြေ။ ။ ကျွန်မရဲ့အချစ်ရေးကတော့ မြန်မာကလည်းမဟုတ်ဘူး။ အိန္ဒိယနိုင်ငံကလည်း မဟုတ်ဘူး။ ပြောထားတဲ့လူတွေကို စဉ်းစားတော့မှာပါ။ နိုင်ငံခြားမှာနေလာလို့လား မသိဘူး။ မြန်မာမှလို့ဘာမှလို့မရှိဘူး။ ကျွန်မချစ်ရင်တော့ကျွန်မရွေးချယ်မှာပါ။
Mizzima Burmese
အပြည့်အစုံသို့ »
Miss Globe Interna-tional 2014 ပြိုင်ပွဲသို့ သရဖူအ သိမ်းခံရသော အလှမယ် ဂျူးစံသာအစား အလှမယ်လှယဉ်ကျေးကိုစေလွှတ်ယှဉ်ပြိုင်ရန် ရွေးချယ်လိုက်ကြောင်း Miss Globe My-anmar Organization မှ မလှနုထွန်းကပြောသည်။
အဇာဘိုင်ဂျန်နိုင်ငံတွင် သြဂုတ် ၁၁ ရက်၌ စတင် ကျင်းပပြုလုပ်မည့် Miss Globe Inter-national 2014 ပြိုင်ပွဲသို့ မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ် လှယဉ်ကျေးက သွားရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ရန် ဆယ်ရက်အလိုတွင် ရွေး ချယ်လိုက်ရသောကြောင့် နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ရာတွင် လွဲချော်မှုမရှိ အောင် အလှမယ်အား စနစ်တကျ လေ့ကျင့်ပေးနေကြောင်း မလှနု ထွန်းက ပြောသည်။
‘‘လှနု ထရိန်နင်ပိုင်းကို တာဝန်ယူပါတယ်ရှင့်။ သူ့ကို လှနု လုပ်လို့ရတယ်။ ဆန်ခါတင် တစ်ဆယ်ထဲဝင်မလား၊ နှစ်ဆယ်ထဲဝင်မလားမသိနိုင်ပေမယ့် ရုပ်ဆိုးပန်းဆိုးမဖြစ်အောင်တော့ လှနုထရိန်လုပ်ပေးပါမယ်။ အဲဒါတော့ လှနုကိုယုံပါ။ မြတ်နိုးတုန်းကလည်းထရိန်ပဲလုပ်ခဲ့တာပါ’’ဟု မလှနုထွန်းကပြောသည်။
လှယဉ်ကျေးသည် အသက် (၂၇) နှစ်ရှိပြီး အရပ် ၁၇၀ စင်တီမီတာရှိသည်။ ၎င်းသည် အီးမေဂျာဖြင့် ကျောင်းပြီးထားသည့်အတွက် အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး ကိုရီးယားဘာသာစကားကိုလည်း လေ့လာနေသူဖြစ်သည်ဟုဆိုသည်။
၎င်းသည် လက်ရှိတွင် အနုပညာအလုပ်များကို လုပ်ကိုင်နေ ပြီး အင်္ဂလိပ်စကားပြောဖြင့် သရုပ်ဆောင်ရသော ‘‘မုဒြာရဲ့ခေါ်သံ’’ရုပ်ရှင်ကား၏ အဓိကသရုပ် ဆောင်မင်းသမီးလည်းဖြစ်သည်။
မလှနုထွန်းနှင့် အလှမယ် လှယဉ်ကျေးတို့သည် ဇူလိုင် ၃၁ ရက်က နှစ်ဦးသဘောတူသုံးနှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်တွင် ဂျူးစံသာနှင့် ချုပ်ဆိုမည့် စာချုပ် ပါအကြောင်းအရာများထဲမှ စည်း ကမ်းချက်အနည်းငယ်ကို ပြောင်း လဲထားသည်။ စာချုပ်သက်တမ်း သုံးနှစ်အတွင်း လှယဉ်ကျေးရရှိ သော အနုပညာကြေးများထဲမှ ၃၀ ရာခိုင်နှုန်းကို မလှနုထွန်းအား ပေးရမည်ဖြစ်ပြီး လှယဉ်ကျေးက ၇၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။
အလှမယ်ပြိုင်ပွဲများ၏ လုပ် ထုံးလုပ်နည်းများအရ သရဖူ အသိမ်းခံရသော အလှမယ်အစား 1st runner up ကို သရဖူလွှဲ ပြောင်းပေးရသော်လည်း Miss Globe Myanmar ပြိုင်ပွဲ၏ First runner up၊ second runner up၊ third runner up ဆုရှင်များသည် အခြားပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ရခြင်း၊ အလုပ်ကိစ္စ၊ စာမေးပွဲများရှိနေသည့်အတွက် ယခုကဲ့သို့ အလှမယ်အသစ်ကို ရွေး ချယ်လိုက်ခြင်းဖြစ်ကြောင်း မလှ နုထွန်းကဆိုသည်။
7day daily
အပြည့်အစုံသို့ »
ဓာတ်ပုံ−အေးဇော်မိုး(စက်မှု)
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှုပုံသဏ္ဌာန်ကို သရုပ်ဖော်ရိုက်ကူးခဲ့သော နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာ ဂီတဗီဒီယိုထွက်ရှိလာခဲ့သည်။ မရှေးမနှောင်းတွင်ပင် မဂ္ဂဇင်းတစ်ခု၏မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုဟန်ပန်နှင့် ယုသန္တာတင်၏ ဓာတ်ပုံများ မြင်တွေ့ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ခပ်ဆင်ဆင်တူသည်အထိ နီးစပ်ခဲ့သဖြင့် စုသန္တာတင်ဟု ချစ်စနိုးခေါ်ဝေါ်ကြသူများပင်ရှိသလို လူ့သဘာဝအတိုင်း ဝေဖန်မှုများကိုလည်း လက်ခံခဲ့ရသည်။ စူပါစတားမင်းသားများစင်တင်သည့် အနုပညာပျိုးခင်း၏ မင်းသမီးတစ်လက်လည်းဖြစ်သော ယုသန္တာတင်နှင့် သူမ၏ဓာတ်ပုံများအကြောင်း၊ အနုပညာခြေလှမ်းများအကြောင်း တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး- မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အသွင်တူအောင် ရိုက်ထားတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံစရိုက်ဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ စဉ်းစားခဲ့သေးလား။ ချက်ချင်းလက်ခံခဲ့တာလား။ ရိုက်ဖြစ်ခဲ့တဲ့အကြောင်း မျှဝေပေးပါဦး။
ဖြေ- သူတို့က ညီမကို ကာဗာရိုက်ဖို့ ပြောထားတယ်။ နောက်ပြီး ဇူလိုင်လအတွက် ကာဗာဆိုတော့ ၁၉ဇူလိုင်(အာဇာနည်နေ့)ရှိတဲ့အတွက်ပါ။ အန်တီစုရဲ့ ပုံစံတစ်ထပ်တည်းတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီစုက အရမ်းတော်တဲ့ အမျိုးသမီးတစ်ယောက်လေ။ ညီမတို့နဲ့ ဘယ်လိုမှယှဉ်လို့မရဘူးလေ။ အဲဒါကြောင့် အန်တီစုရဲ့ဖက်ရှင်ကိုယူပြီး ငယ်ငယ်တုန်းက ဖက်ရှင်ရယ်၊ အခုဖက်ရှင်ရယ်ပုံစံနဲ့ ရိုက်ဖြစ်တာပါ။ ၁၉ ဇူလိုင်အတွက်လည်း အမှတ်တရဖြစ်အောင် ရိုက်ဖြစ်ခဲ့တာပါ။
မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ အသွင်တူအောင် ဖန်တီးယူတဲ့အခါ စိတ်ထဲမှာ မ၀ံ့မရဲဖြစ်မိတာမျိုး၊ စိုးရိမ်ပူပန်တာမျိုး ဖြစ်မိလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို အသုံးချတယ်လို့ ဝေဖန်တဲ့သူတွေကိုကော ဘယ်လိုတုံ့ပြန်ချင်သလဲ။
ဖြေ- လူတစ်ယောက်နဲ့တစ်ယောက်က အမေတစ်ယောက်တည်းက မွေးတာတောင် မတူနိုင်ဘူးလေ။ နောက်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ညီမပုံတွေကို အများလက်မခံမှာတော့ စိုးရိမ်စိတ်ဖြစ်တယ်။ အဲဒါကြောင့် အန်တီစုရဲ့ ဖက်ရှင်နဲ့တူအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ရိုက်ပေးခဲ့တယ်။ ထွက်လာတဲ့အခါမှာ ညီမရဲ့ဖက်ရှင်ကို အန်တီစုနဲ့တူတယ်ဆိုပြီး လက်ခံပေးကြတယ်။ ကြိုက်တဲ့သူတွေလည်းရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ခံတဲ့သူ များတဲ့အတွက် ကျေနပ်ပါတယ်။ ဒီဓာတ်ပုံရိုက်ဖြစ်ခဲ့တာက တခြားဘာပုဂ္ဂိုလ်ရေးမှမပါဘူး။ ညီမရဲ့ အနုပညာဖန်တီးမှုတစ်ခုအနေနဲ့ပဲ ရိုက်ပြခဲ့တာပါ။
မေး- ပရိသတ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တူတယ်ဆိုပြီး မှတ်ချက်ပြုတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။
ဖြေ- အဲဒီလိုပြောကြတာလည်း အဲဒီဖက်ရှင်တွေချုပ်ပေးတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ဆရာနဲ့ ဓာတ်ပုံရိုက်ပေးတဲ့သူတွေ တော်လို့ပါ။ ဒီလိုရိုက်ရတာက ကိုယ့်အတွက် တာဝန်လည်းကြီးပါတယ်။ ရင်လည်းခုန်ပါတယ်။ ဒါပေမဲ့ ကာဗာထွက်လာတဲ့အချိန်မှာ တော်တော်များများ အားပေးခဲ့တဲ့အတွက် ပျော်ပါတယ်။
မေး- မြန်မာဝတ်စုံတွေ ၀တ်လေ့ရှိပေမယ့် ဒီလိုဖက်ရှင်က ပထမဆုံးအကြိမ်ရိုက်ဖြစ်တာဆိုတော့ ရိုက်ကူးခဲ့ရတဲ့အပေါ်မှာကော ကျေနပ်လား။
ဖြေ- ဒီလိုရိုက်ကူးရတာကိုလည်း သဘောကျပါတယ်။ ကျေနပ်မှုလည်းရှိပါတယ်။
မေး- အနုပညာပျိုးခင်းကနေ နောက်ထပ်သရုပ်ဆောင်အသစ်တွေ ရွေးတော့မှာဆိုတော့ အနုပညာပျိုးခင်းက စင်တင်ပေးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မျိုးဆက်သစ်တွေအတွက် ဘာတွေပံ့ပိုးပေးဖို့ စဉ်းစားထားလဲ။
ဖြေ- အဲဒါနဲ့ပတ်သက်ပြီး ဘာမှတော့ မသိသေးပါဘူး။ ဒါပေမဲ့ နောက်ထပ်တက်လာမယ့် အသစ်တွေကိုတော့ ညီမတို့က လက်ကမ်းကြိုဆိုနေပါတယ်။
မေး- ညီမကို အနုပညာပျိုးခင်းက တင်ခဲ့တာဆိုတော့ ဒီလိုအခြေအနေထိရောက်အောင် အနုပညာပျိုးခင်းဘက်က ဘယ်လောက်ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့လဲ။
ဖြေ- အများကြီး အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ညီမတို့ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်မြင်ခွင့်ရအောင် အနုပညာပျိုးခင်းအစီအစဉ်က ရာနှုန်းပြည့် ထောက်ပံ့ပေးခဲ့တာပါ။
မေး- အနုပညာပျိုးခင်းနဲ့ ချုပ်ထားတဲ့စာချုပ် ပြည့်သွားပေမယ့် အစ်ကိုမင်းသားတွေနဲ့ ဆက်တိုက်ရိုက်နေရတာဆိုတော့ ကိုယ်တိုင် ဈေးကွက်ဝင် မင်းသမီးတစ်ယောက် ဖြစ်ပြီလို့ပြောလို့ရသလား။
ဖြေ- ဒါကတော့ ပရိသတ်တွေပေးတဲ့နေရာပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။
မေး- ဇာတ်ရုပ်တွေက ရွေးချယ်ခံနေရတဲ့ သရုပ်ဆောင်ရတဲ့ဘ၀ကနေ ဇာတ်ရုပ်တွေကို ရွေးချယ်ခွင့်ရဖို့ ဘာတွေကြိုးစားရဦးမယ်လို့ ထင်သလဲ။
ဖြေ- အဲဒါကိုတော့ ညီမ မပြောတတ်ဘူး။ ဒါပေမဲ့ ညီမအနေနဲ့ကတော့ အခုအချိန်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်လက်ခံနိုင်မယ့် ဇာတ်ရုပ်တွေပဲ ရိုက်သွားဖို့ရှိပါတယ်။
မေး- ဇာတ်ကားရိုက်ကူးတဲ့အပိုင်းမှာ အချိန်ပေးပြီးမရိုက်တာက အနုပညာအရည်အသွေး ကျဆင်းတဲ့အချက်တစ်ချက်လို့ ဝေဖန်တာတွေရှိတော့ ဇာတ်ကားတစ်ကားရိုက်ရင် အချိန်ဘယ်လောက်ပေးဖြစ်လဲ။ တစ်လကို ဘယ်နှကားလောက် လက်ခံရိုက်ကူးဖြစ်သလဲ။
ဖြေ- ညီမကတော့ သူတို့သတ်မှတ်ထားတဲ့ ရိုက်ရက်အတိုင်း အပြည့်အ၀ပေးပြီး ရိုက်ဖြစ်တာပဲရှိပါတယ်။
မေး- လက်ရှိအချိန်အထိ ရိုက်ကူးခွင့်ရတဲ့ ဇာတ်ကားတွေမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ပေးဆပ်ထားနိုင်ပြီလို့ ယုံကြည်ထားလဲ။ ပရိသတ်တွေအတွက် ဇာတ်ရုပ်ထူးထူးခြားခြားနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေရောရှိလား။
ဖြေ- ညီမရိုက်ထားတဲ့ဇာတ်ကားတိုင်းမှာတော့ အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေတော့ အများကြီးရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပရိသတ်လက်ထဲကို ရောက်လာမှာပါ။
မေး- ပြီးခဲ့တဲ့ရက်ကသွားခဲ့တဲ့ တရုတ်ခရီးစဉ်ကကော ဘာအတွက်သွားခဲ့တာလဲ။ အဲဒီခရီးစဉ်အကြောင်းလေး ပြောပြပေးပါလား။
ဖြေ- အဲဒီခရီးစဉ်က ညီမ သံတမန်အဖြစ် တာဝန်ယူထားတဲ့ Golden City ကုမ္ပဏီရဲ့ ကြော်ငြာရိုက်ရင်း သူတို့ဆီက အခန်းဝယ်ထားတဲ့သူတွေအတွက် စီစဉ်ပေးတဲ့ နိုင်ငံခြားခရီးစဉ်မှာ လိုက်သွားဖြစ်တာပါ။ ခရီးက ငါးရက်ကြာခရီးပါ။ တရုတ်နိုင်ငံစီချွန်း(Sichuan)ပြည်နယ် ချန်ဒူး(Chengdu)မြို့နားမှာရှိတဲ့ ဘုရားတွေရောက်ဖြစ်တယ်။ နောက်ပြီး အော်ပရာတွေ သွားကြည့်ဖြစ်တယ်။ ပြည်ပခရီးတွေ သွားဖြစ်ပေမယ့် ဒီတစ်ခေါက်က ကိုယ်မရောက်ဖူးတဲ့ နေရာတွေ ရောက်ခဲ့တာဆိုတော့ အထူးအဆန်းတွေမြင်ရတယ်။ ကိုယ်မဖူးဖူးတဲ့ ဘုရားတွေ ဖူးခွင့်ရခဲ့တဲ့အတွက် ပျော်ပါတယ်။
မေး- အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။
ဖြေ- ညီမရိုက်ထားတဲ့ ဇာတ်ကားလေးတွေ ၂၀၁၄ မှာ ထွက်လာဖို့ရှိပါတယ်။ နောက်ပြီး အသစ်ရိုက်ထားတဲ့ ကြော်ငြာတွေလည်းရှိတဲ့အတွက် ထွက်လာတဲ့ ဗီဒီယိုကားတွေ၊ ကြော်ငြာတွေကို ပရိသတ်ကြီးတွေ အားပေးကြပါဦး။
ကျေးဇူးတင်ပါတယ်။
7day daily
အပြည့်အစုံသို့ »
မေသန်းနုက မင်းသန့်မောင်မောင်ရဲ့ ကြော်ငြာ စတင်ရိုက်ကူးမှုကို အမေ တစ်ယောက် အနေနဲ့ ရိုက်ကွင်းကို လိုက်ပါပြီး စီစဉ်ပေးဖြစ်နေ ပါတယ်။ “သား ကကြော်ငြာ ရိုက်ပြီဆိုတော့ မေမေ လိုက်ရမယ် ဆိုတာနဲ့ သူ လိုအပ်တာတွေ ပံ့ပိုးပေးရအောင် လိုက်ဖြစ်တာ။ သားက အား ငယ်တတ် တော့ အနားရှိတော့ သူအား ရှိတာပေါ့။ သူ့ကို ထွေထွေ ထူးထူးကြီး အိုက်တင်သင် ပေးရတာတော့ မရှိပါဘူး။
အခုခေတ် ကလေးတွေကို သူတို့စတိုင်နဲ့ သူတို့အိုက်တင် နဲ့လေ။ မဆင့်တို့က အန်း တိတ်ဖြစ်နေပြီ။ ငယ်လည်း ငယ်သေးတယ်၊ အတွေ့အကြုံက လည်းနည်းသေးတော့ လိုအပ်တာတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ သူ့ကို ခွင့်လွှတ် နားလည်ပေးစေချင် တယ်။ အခုတော့ ကြော်ငြာကို စပြီး လုပ်ဖြစ်တာပါ။ ဇာတ်ကား ကတော့ မရိုက်သေးဘူး။ ကြော်ငြာ အတွက် လိုအပ်တာတွေ ကို ဒါရိုက်တာ ပြောတဲ့ အတိုင်း လုပ်ပေးထားတယ်။ ကိုယ်တွေ အလှည့်တုန်းက အဝတ်အစားက အစ အကုန် စီစဉ်ရတာ။
အခု သားကိုလည်း လိုက် လုပ်ပေးရတာပေါ့။ သားက အနုပညာ အလုပ်လုပ်ပြီ ဆိုတော့ ကိုယ်က ရာထူး တိုးပြီပေါ့။ သားကလည်း ကြိုးစားတော့ ကြော်ငြာအနေ နဲ့တော့ မဆိုးပါဘူး” လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ မေသန်းနုက ပြောပြပါတယ်။ အနုပညာသမား တစ်ယောက် အနေနဲ့ သားအတွက် ဆုံးမဖြစ်တာ ကိုလည်း မေသန်းနုက “မဆင့်ကတော့ အမေ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ အနုပညာ သမား တစ်ယောက် အနေနဲ့ ပြောပြတယ်။ အနုပညာ သမား တစ်ယောက်က ကြိုးစားတိုင်း လည်း မအောင်မြင်ဘူး။
လူတစ်ယောက် ရဲ့စိတ်က အားငယ် သွားမယ်လေ။ အနုပညာ သမား အချင်းချင်းတောင် အောင်မြင်တဲ့ အနုပညာ သမားနဲ့ မအောင်မြင်တဲ့သူ နဲ့နေရာပေးတာ ချင်းလည်း မတူဘူး။ ကိုယ်ကဒီ လောက မှာဖြတ်သန်း လာတာ ကောင်းကောင်း သိတယ်။ ခံစား ရတာမျိုး မဖြစ် စေချင်ဘူး။ လုပ်မယ် ဆိုရင် အဆုံးထိ အကောင်းဆုံး လုပ်လို့ပြော ထားတယ်” လို့ ပြောပြခဲ့ပါ တယ်။
Popular News
အပြည့်အစုံသို့ »
ဇွဲဉာဏ်၊ အိဖြူလွင်
နိုင်ငံတကာတွင် ထိပ်တန်း ရောက် အောင်မြင်နေပြီး မြန်မာကေပေါ့ပ်ပရိသတ်များ အကြိုက်ဖြစ်သော တောင်ကိုရီးယားကေပေါ့ပ် 2NE1 အဖွဲ့သည် ဇူလိုင် ၃၁ ရက်ညက ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ အခြားအမျိုးသမီးကေပေါ့ပ်အဖွဲ့များကဲ့သို့ အနုအရွအလှအပကို ဦးစားပေးသည့် ပုံစံမှ ခွဲထွက်ကာ တစ်မူထူးခြားသည့် ဖက်ရှင်နှင့် ကွဲပြားသော ဂီတဖန်တီးမှုများကြောင့် နိုင်ငံတကာ ဂီတရေစီးတွင် အောင်မြင်နေသော 2NE1 သည် ယနေ့ညတွင် မြန်မာပရိသတ်များကို Myanmar Event Park တွင် ဖျော်ဖြေတော့မည်ဖြစ်သည်။ ဖော်ရွေပြီး နှစ်လိုဖွယ်အပြုံးများဖြင့် ပြုံးပြတတ်သည့် အဖွဲ့ဝင် CL၊ Minzy၊ Dara၊ Bom တို့ လေးဦးဖြင့် ဖွဲ့စည်းထားသော 2NE1 အဖွဲ့ကို 7Day Daily က သီးသန့်တွေ့ဆုံခွင့်ရခဲ့သည်။ မေးမြန်းသော မေးခွန်းအများစုကိုအဖွဲ့ခေါင်းဆောင် CL က ဖြေကြားပေးခဲ့သည်။
မြန်မာနိုင်ငံကို လာပြီး ဖျော်ဖြေ မယ်ဆိုတော့ 2NE1 အဖွဲ့ရဲ့ ပရိ သတ်တွေ မြန်မာနိုင်ငံမှာ ဘယ် လောက်ရှိမယ်လို့ မျှော်မှန်းထား ခဲ့လဲ။
မြန်မာမှာ ဒီလိုအားပေးတဲ့ ပရိသတ်တွေရှိမယ်ဆိုတာ မသိခဲ့ ဘူး။ ညက လေယာဉ်ကွင်းမှာ လာ ပြီးကြိုတဲ့ပရိသတ်တွေ အရမ်း များတာကြောင့် ငိုမလိုတောင်ဖြစ် မိပါတယ်။
ဒီက ပရိသတ်တွေ အနေနဲ့က 2NE1 မြန်မာပရိသတ်တွေများ တာဆိုတော့ မြန်မာပရိသတ်တွေကို 2NE1 အဖွဲ့အနေနဲ့ ဖျော်ဖြေ ပေးချင်တဲ့ သီချင်းက ဘာများဖြစ် မလဲ။
ပထမဆုံးအကြိမ်လာရောက် ဖျော်ဖြေတာဖြစ်တဲ့အတွက် ပရိ သတ်တွေအားလုံးကလည်း နား ထောင်ချင်မယ်ဆိုရင် သီချင်းအ သစ်တွေ ဖျော်ဖြေပေးချင်တယ်။
မြန်မာနိုင်ငံကိုလာပြီး ဖျော်ဖြေရ မယ်လို့ သိလိုက်ရတဲ့အချိန်မှာ အ ဖွဲ့သားတွေရဲ့ အတွေးထဲကို အ ရင်ရောက်လာတဲ့ အရာက ဘာ များဖြစ်မလဲ။
လေဆိပ်မှာတော့ ပရိသတ် တွေအများကြီး တွေ့ခဲ့ရတယ်။ ဘုရားကို အရင်ဆုံး သွားကြည့် ချင်တယ်။ ပွဲပြီးရင်လည်း သွားဖို့ အစီအစဉ်ရှိပါတယ်။
ရွှေတိဂုံစေတီကို ကိုရီးယားမှာရှိတဲ့အချိန်ကတည်းက သိခဲ့တာလား။
ဘုရားကိုအရင်က ဓာတ်ပုံ တွေထဲမှာ တွေ့ဖူးပါတယ်။ အ ရမ်းကို သပ္ပာယ်ပါတယ်။ အရမ်း လည်းသွားချင်ခဲ့တာဆိုတော့ အ ခွင့်အရေး ရတဲ့အချိန်မှာ သွားပါ မယ်။
မြန်မာပရိသတ်တွေက 2NE1 အ ဖွဲ့ကို ကြိုက်တာက သူများတွေနဲ့ မတူတဲ့ ကွဲပြားနေတဲ့ ဖက်ရှင် ဒီဇိုင်းကြောင့် ကြိုက်ကြတယ်။ ဒီမှာလည်း 2NE1 ရဲ့ဖက်ရှင်တွေကို လိုက်ဝတ်ကြတာဆိုတော့ မြန်မာ ပရိသတ်တွေကို ဖက်ရှင်နဲ့ပတ် သက်ပြီး ဘယ်လိုအကြံပေးချင် လဲ။
အမြဲတမ်း သူများနဲ့မတူ အောင် ၀တ်ဖြစ်တယ်။ ဒီဖျော် ဖြေပွဲမှာလည်း ဒီထက်ဖက်ရှင်ကျ တဲ့ ဒီဇိုင်းတွေကို ပြပေးသွားပါ မယ်။ သူများနဲ့မတူတဲ့ ဒီဇိုင်းတွေ ကို ၀တ်ရတာကလည်း စိတ်ဝင် စားဖို့ ကောင်းပါတယ်။
အဖွဲ့ရဲ့ You are the best, Do youLove Me, Come back home ဆိုတဲ့ သီချင်းတွေကို ဒီက ပရိသတ်တွေက အရမ်းကြိုက်ကြတယ်။ တစ်ဖွဲ့လုံးအနေနဲ့ရော ဘယ်လိုသီချင်းကို အကြိုက်တူကြလဲ။
2NE1 အဖွဲ့ရဲ့ သီချင်းတွေ အများကြီးရှိတာဆိုတော့ တစ်ပုဒ် တည်းကို ရွေးရမယ်ဆိုရင် နည်း နည်းတော့ခက်တယ်။
အခုလို ဆမ်ဆောင်းနဲ့တွဲပြီးတော့ အနုပညာအလုပ်တွေ လုပ်သွားဖို့ ရှိလား။ ဆမ်ဆောင်းနဲ့တွဲပြီး ဘယ် လိုခြေလှမ်းတွေ ဆက်လုပ်ဖို့ ရှိ လဲ။
မြန်မာပြည်မှာ ပထမဆုံး လုပ်တဲ့ ဖျော်ဖြေပွဲမှာ ဆမ်ဆောင်း နဲ့လက်တွဲပြီး လုပ်ရတယ်။ ပရိုမိုး ရှင်းပွဲတွေလည်း လုပ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်ပိုင်းမှာ လည်း ဆမ်ဆောင်းနဲ့ လက်တွဲပြီး လုပ်ဖို့ အစီအစဉ်တွေလည်းရှိ ပါတယ်။ လုပ်လည်းလုပ်ချင်ပါ တယ်။
ကျေးဇူးတင်ပါတယ်။
7Day Daily
အပြည့်အစုံသို့ »
2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်
K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။
2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။
ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။
2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။
2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don’t Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။
Eleven Media
အပြည့်အစုံသို့ »
ခင်ဆွေသက်
အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ချစ်သူ ယွန်းမီမီကျော် Miss Universe Myanmar မှာ first runner up ရရှိသွားတဲ့အပေါ်ခံစားချက်နဲ့ သူတို့နှစ်ဦးကို ဝေဖန်ပြောဆိုနေကြသူတွေအတွက် သူပြောချင်တဲ့စကားတစ်ချို့ကို ခုလိုဖွင့်ဟသွား ပါတယ်။ “အချစ်ရေးကတော့အဆင်ပြေပါတယ်။ သူဆုရတာနဲ့ ပတ်သတ်ပြီး ကျွန်တော့်စိတ်ခံစားချက် အမှန်အတိုင်းပြောရင် သူက miss လိုချင်တယ်။ ကျွန်တော်ကတော့ သူရခဲ့ရင်တောင် တစ်ဝက်လောက်ပဲပျော်မှာဗျ။ ခု သူfirst runner up ရတဲ့တွက် ကျွန်တော်အရမ်းပျော်တယ်။ သူဒီပွဲမပြိုင်ခင် ဖူးခတ်သွားတဲ့ တစ်ပတ်လောက် ကျွန်တော်နဲ့ အဆက်အသွယ် ပြတ်နေတယ်။ ဖုန်းတွေလဲ သိမ်းထားတော့ကျွန်တော်နဲ့အဆက်အသွယ်မရဘူး။ သူဖျားနေတဲ့ရက်တွေလဲ ရှိတယ်။ သူဘာလုပ်လို့ လုပ်နေမှန်းလဲမသိဘူး။ သီချင်းလဲသွားဆိုမရ၊ ဘာမှလုပ်လို့မရတဲ့ရက်တွေ အများကြီးပဲ။ အခုသာ သူmiss ရလို့ အမေရိကားသွားရင် ၂လလောက်သူနဲ့အဆက်အသွယ်ပြတ်နေမှာ။ ကျွန်တော် ဘယ်လိုက်ဖမ်းလို့ဖမ်းရမှန်း သိမှာမဟုတ်ဘူး။ အခု ဘာပြောပြော first runner up ရတယ်ဆိုတော့ ပျော်တယ်ပေါ့နော်။ အဲ့ပွဲကို ပြိုင်ခဲ့တာကလဲ သူ့မိဘတွေကို စိတ်ချမ်းသာအောင် ၀င်ပြိုင်ပေးတာပေါ့။ ပြီးတော့ ကျွန်တော့ကို ခွင့်တောင်းတယ်။ ဗမာပြည်မှာကလဲသိတဲ့တိုင်း ရည်းစားရှိတဲ့သူဆိုရင် ဒီလိုပွဲတွေ မပြိုင်သင့်ဘူးဆိုပြီး အတွေးခေါင်တာမျိုး ရှိတယ်။ နိုင်ငံခြားမှာ တကယ့် miss universe ပြိုင်ပွဲတွေမှာဆို ကြည့်ဖူးတဲ့သူ သိပါလိမ့်မယ်။ လေယာဉ်ကွင်းကို လိုက်ပို့တဲ့အချိန်၊ လိုက်ကြိုတဲ့အချိန်တွေမှာတောင် သူတို့ရဲ့ ရည်းစားတွေ နမ်းကြတယ်။ အဲ့ဒါတွေကို ရုပ်သံတွေမှာလွှင့်ပြကြတယ်။ အဲလိုလေး အမြင်ကျယ်စေချင်ပါတယ်။သူသည် အသက် ၂၁ ပြည့်ပြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့သဘောနဲ့သူတောင် လုပ်ချင်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဘာတစ်ခုမှ မဟုတ်တာမလုပ်ပါဘူး။ ဗမာ အယူအရမ်းကြီးပြီး သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်မယ်ဆိုရင် ဗမာစကားတစ်ခုလောက် ပြန်ပြောပြချင်တယ်။ သုံးနှစ်သုံးမိုးစောင့်မှ ယောကျာ်းကောင်း တစ်ယောက်ရမယ်ဆိုရင် ဥပမာ ခုချိန်မှာ သူမထားရဘူးဆိုရင် အသက် ၃၀ လောက်မှာမှ တွဲပြီး နောင်၃နှစ်ကြာမှ သာ လက်ထပ်ရမှာလားပေါ့။ လူတိုင်းမှာတော့ လင်မရှိတဲ့မယား မတင့်တယ်ဘူးဆိုသလိုပေါ့။ မိန်းကလေးတစ်ယောက်ကအချိန်တန်ရင် ယောက်ျားတစ်ယောက်တော့ ရှိဖို့လိုတယ်။ အဲ့ဒီအတွက် သူကျွန်တော့ကို လေ့လာချင်လို့ ရည်းစားထားတာဖြစ်တဲ့အတွက် သူမမှားဘူးလို့ကျွန်တော်ထင်ပါတယ်။ အဲဒါကိုလဲ ပရိသတ်တွေသိပြီးနားလည်ပေးမယ်လို့ထင်ပါတယ်။” လို့ ချစ်သူ ယွန်းမီမီကျော်နဲ့ သူ့အချစ်ရေးအကြောင်း ဖွင့်ဟသွားပါတယ်။
Trend Myanmar
အပြည့်အစုံသို့ »
နာဂတိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မာရီနာဟာ ပရိသတ်တွေကြားထဲမှာတော့ ဆွဲဆောင်မှုပြင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပိုသိကြပါတယ်။ ဇာတ်ကားတွေမှာ တွေ့လာရသလို၊ ကြော်ငြာ၊ MTV တွေမှာလည်း ဆက်တိုက်တွေ့နေရတဲ့ မာရီနာရဲ့ လတ်တလော အနုပညာအကြောင်းကနေစပြီး ပြောပြပေးချင်ပါတယ်။“သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားက နိုင်ငံခြားမှာ ပြသမဲ့ကားပါ။ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ဖို့တော့ရှိပါတယ်။ ဒါပေမယ့် မသေချာသေးဘူး။ မာရီနာ ဒရာမာဇာတ်ကားကိုမှ ရင်ထဲမှာနင့်နေအောင် ခံစားရတဲ့ ဇာတ်ရုပ်ပုံစံမျိုး ရိုက်ချင်တယ်။ ကာရိုက်တာ ထူးထူးခြားခြား လုပ်ချင်တယ်။ သဘာဝကျကျ ပီပီပြင်ပြင်ပဲ သရုပ်ဆောင်ချင်တယ်။ ကာရိုက်တာပီပြင်ဖို့ပဲ ဦးစားပေးသွားမယ်။ လူလှနေဖို့ မလိုအပ်ဘူး။ အဓိက ကိုယ်ရဲ့ သရုပ်ဆောင်ချက်နဲ့ ကာရိုက်တာနဲ့ အံကိုက်ဖြစ်နေရမယ်။” လို့ မာရီနာက ပြောပါတယ်။
နောက်ပိုင်းမှာ ကိုယ့်အတွက် ကာရိုက်တာ ဆန်းဆန်းလေးတွေ ထူးခြားတယ်ဆိုရင် လက်ခံရိုက်ကူးဖြစ်သွားမယ်လို့ဆိုတဲ့ သူမက “ကိုယ့်အတွက် ခက်ခဲတဲ့ ကာရိုက်တာက ဘယ်လိုပုံစံဖြစ်မလဲဆိုတော့ ညီမက အပြင်မှာ ခပ်တည်တည် ခပ်တန်းတန်း နေတတ်တဲ့ သူတစ်ယောက်ဆိုတော့ အရမ်းချစ်စရာကောင်းပြီး ဆက်ကော့ လက်ကော့ နေတတ်တဲ့ ပုံစံမျိုးတွေနဲ့တော့ လိုက်မယ်မထင်ဘူး”တဲ့။
အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း “အေးဆေးပါပဲ။ အလုပ်ကိုပဲ ဦးစားပေးပြီး အချိန်ပြည့်လုပ်နေပါတယ်။ ညီမရွေးချယ်သွားမယ့် အိမ်ထောင်ဘက်က ပိုက်ဆံချမ်းသာဖို့မလိုဘူး။ အဓိက သူ့မှာ အရည်အချင်းရှိဖို့ပဲ။ ယောင်္ကျားပီသတဲ့စိတ်ဓာတ်ရှိဖို့အရေးကြီးဆုံးပါပဲ။ ကိုယ့်ရှေ့ဘက်က မားမားမတ်မတ် ရပ်တည်နိုင်တဲ့ယောင်္ကျားဆိုရင်လုံလောက်ပါပြီ။ မိန်းကလေးတစ်ယောက်အပေါ်မှာ မညှာတာ၊ကိုယ်ချင်းစာစိတ်မရှိတဲ့ယောင်္ကျားမျိုးကိုမုန်းတယ်။ မိန်းကလေးတစ်ယောက်လောက်မှ အရည်အချင်းမရှိတဲ့၊ အစွမ်းအစမရှိတဲ့ ယောင်္ကျားမျိုးတွေဆို အထင်လည်းမကြီးဘူး။ လေးလည်း မလေးစားဘူး။ ညီမယူဖြစ်မယ်ဆိုရင်တော့ ယောင်္ကျားပီသပြီးယောင်္ကျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေနဲ့ စိတ်ဓာတ်မြင့်မြတ်တဲ့သူကိုပဲယူသွားမယ်”လို့ သူမက ဆိုပါတယ်။
Trend Myanmar
အပြည့်အစုံသို့ »
အဆိုတော် ထူးအယ်လင်းက ဇနီးဟောင်း အဆိုတော် မီးမီးခဲနှင့် လွန်ခဲ့သော လေးနှစ်ကျော်က တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာသို့ တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင် သွားမည်ဖြစ်ကြောင်း မီးမီးခဲ က ပြောသည်။
‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင်တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေ အတွက်လည်း လုံးဝခွင့်မလွှတ်နိုင်ဘူး။ တရားဝင်လည်း ကွဲပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီပုံက အစ်မနဲ့လည်း မဆိုင်ဘူး။ သူ့ဘာသာလျှောက်တင် တဲ့ ကိစ္စကို အခု သတိပေးလိုက်ခြင်းပဲ။ ဒီထက်လွန်လာရင် အစ်မ တရားရုံး ထပ်တက်ဦးမှာ’’ ဟု အဆိုတော် မီးမီးခဲက ဓာတ်ပုံနှင့်ပတ်သက်၍ တုံ့ပြန်သည်။
မီးမီးခဲ သုံးသည်ဟု ယူဆရသော ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုတွင်လည်း ထူးအယ်လင်း ဓာတ်ပုံတင်ခြင်း ကိစ္စနှင့်ပတ်သက်၍ ပြန်ပေါင်းရန် အစီအစဉ် လုံးဝမရှိကြောင်းစသည့် စကားများဖြင့် ၎င်း၏ခံစားချက်များကို ပြတ်ပြတ် သားသား ရေးသားထားသည်။
ထူးအယ်လင်းသည် ၎င်း၏ပါးပြင်ကို မီးမီးခဲ အနမ်းပေးနေသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ခြင်းကြောင့် ပရိသတ်များက ပြန်ပေါင်းသွားပြီဟု ယူဆခဲ့ကြပြီး မီးမီးခဲအား ‘‘ပြန်အဆင်ပြေသွားပြီလား’’ ဟု အသိမိတ်ဆွေများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်း နေကြသည့်အတွက် ထိုလုပ်ရပ်ကို လက်မခံနိုင် ကြောင်း မီးမီးခဲ က ပြောသည်။
အဆိုပါ ဓာတ်ပုံသည် လွန်ခဲ့သော လေးနှစ်ကျော်က ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး၏ သမီးဘာဘီ(ခေါ်) ဖြူဖြူစင်စင်လင်းသည် အသက်ငါးနှစ် ပြည့်တော့မည်ဖြစ်၍ မီးမီးခဲက အုပ်ထိန်းခွင့် ရရှိထားကြောင်း သိရသည်။
မီးမီးခဲသည် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်၊ ရပိုင်ခွင့်၊ သမီးအုပ်ထိန်းခွင့်များရရန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး ၂၀၁၄ ဧပြီ ၃၀ ရက်က တရားဝင် ကွာရှင်းခွင့် ရခဲ့ခြင်းဖြစ်သည်။
7day daily
အပြည့်အစုံသို့ »
ခင်ဆွေသက်
တေးရေးတွေ ရပိုင်ခွင့်နဲ့ပတ်သတ်ပြီးလုပ်တဲ့ စုပေါင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၉.၇.၁၄ ရက်နေ့က ဂီတအစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာ တေးရေးတစ်ဦးလဲဖြစ်သလို တေးဆိုတစ်ယောက်လဲဖြစ်တဲ့ နိုင်းဝမ်းနဲ့ တွေ့ဆုံခိုက်ပြောဖြစ်သမျှကတော့ “အဓိကကတော့ ပြီးခဲ့တဲ့ သတင်းစာမှာ ကြေညာခဲ့သလို စတိတ်ရှိုးတွေ၊ ဇာတ်တွေ၊ သဘင်တွေ၊ စင်တင်တွေမှာအစ ဆိုတဲ့ သီချင်းတွေနဲ့ပတ်သတ်ပြီး တေးရေးက ခံစားခွင့်ရှိတယ်ဆိုပြီး ကြေညာထားတာကို အားလုံးက ကန့်ကွက်ကြတာကို ပြင်ဆင်ချက်ပြန်ထုတ်လိုက်တဲ့ သဘောပေါ့နော်။ ပြန်ဖျက်လိုက်ကြတယ်ပေါ့နော်။ အဲ့ဒါလဲ မှန်ပါတယ်။ သဘာဝလဲကျပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ တေးရေးသမားတွေကတော့ လိုချင်လို့ဝင်ပြီးတောင်းတဲ့ သဘောပေါ့နော်။ ဒါကို ကျွန်တော်လဲ ကိုယ်ချင်းစာပါတယ်။ ခုချိန် နီနီခင်ဇော်နဲ့ ကျွန်တော်နဲ့ဆိုထားတဲ့သီချင်းကို ကျွန်တော်မပါပဲ ရှိုးတွေမှာလိုက်ဆိုရင် သွားပြီးတော့ ပိုက်ဆံတောင်းဆို ကျွန်တော်တောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်က တစ်ခါပဲ ရေးရတာလေ။ ဒါပေမဲ့ စတိတ်ရှိုးတစ်ခါဆိုရင် အဆိုတော်တွေက ဒီအသံထွက်ဖို့ကို တစ်ခါထပ်အော်ရတယ်။ အတီးသမားတွေလဲ စီဒီနဲ့မို့ မသိသာတာပေါ့။ အိုင်စီရှိုးတွေမှာဆို သူတို့ကို တီးပေးတဲ့အတီးသမားတွေလဲ နောက်တစ်ခေါက် ထပ်တီးရတာပေါ့။ အဲ့တော့ အရေးသမားက နောက်တစ်ခေါက် ထပ်မရေးရဘူး။ ဒါပေမဲ့ တချို့ကြော်ငြာတွေ၊ ရုပ်ရှင်တွေမှာပါရင် အရေးသမားပဲ အများဆုံးယူဖြစ်တာများတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူပဲဆိုဆို နားလည်မှုနဲ့လိုက်မတောင်းကြပါဘူး။ ဒါကြောင့် ဒီနေ့ အဲ့ကြေညာချက်ကို ပြန်ဖျက်လိုက်တာပါ။ အဲ့ဒါမှန်ပါတယ်။” လို့ နိုင်းဝမ်းက ပြောပါတယ်။
Trend Myanmar
အပြည့်အစုံသို့ »
စန္ဒီ
ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း ညီမရဲ့အနုပညာကြေးထဲက ၃၀ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေးခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ ကြားထဲက အခုလိုမျိုးဖြစ်လာတယ်ဆိုတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ တစ်ချို့သတင်းတွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့် မပေးတော့တာပေါ့။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့အညီ မနေထိုင်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး”တဲ့။
ညီမဘက်ကရော မြန်မာ့ဂုဏ်ဆောင်အလှမယ် တစ်ယောက်အဖြစ် ပီသစွာ နေထိုင်ခဲ့သလားဆိုတာ မေးမြန်းကြည့်လိုက်တဲ့အခါ “ညီမရဲ့ ကိုယ်ကျင့်တရားကိုရော၊ အပြောအဆို၊ အနေအထိုင်ကအစ ညီမနဲ့ အရင်တုန်းက လက်တွဲလုပ်ဖူးခဲ့တဲ့ လူတွေ၊ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေ၊ မီဒီယာတွေ အကုန်လုံး သိကြတယ်။ ညီမကိုMiss Myanmar တစ်ယောက်ရဲ့ ဝတ္တရားနဲ့ အညီ မနေထိုင်ခဲ့ဘူးလို့ သူတို့ဘက်က ဘာကြောင့်ပြောခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။ ညီမအနေနဲ့ အချိန်အားရင် အားသလို ရတာနဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပရဟိတအလုပ်တွေ လက်တွဲပြီး လုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ပရဟိတ မလုပ်ဘူးဆိုတဲ့ အချက်ရယ်၊အနုပညာအလုပ်တွေ လက်ခံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘူးဆိုပြီး ညီမကို စွပ်စွဲထားတာတွေ ဂျာနယ် စာစောင်တွေမှာ တွေ့ရတယ်။ ညီမလည်း ဖတ်ရပါတယ်။ ညီမဘက်က မှန်တယ်၊မှားတယ် ဆိုတာ ပရိသတ်ကြီးသိမှာပါ။ လူတွေအကုန်လုံးလည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဘက်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုတွေ ပြောခဲ့လဲဆိုတာ ညီမမသိဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။ ကိုယ်က ကောင်းအောင်နေနေတဲ့ ကြားထဲက စာချုပ်တစ်နှစ်ပြည့်ခါနီး တစ်လအလိုမှာ အခုလိုမျိုးဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ သူမက ပြောပါတယ်။
ခင်ဝင့်ဝါဟာ လတ်တလော မှာ စိုင်းစိုင်းခမ်းလှိုင်၊ စုမြတ်နိုးဦး၊ သူရိယတို့နဲ့ အတူ တကယ်လိုအပ်တဲ့အရာဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကား ရိုက်ပြီးသွားရင်လည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ နောက်ထပ်တစ်ကားရိုက်ဖို့ရှိနေတယ်လို့ သိရပါတယ်။
Trend Myanmar
အပြည့်အစုံသို့ »
Justin Bieber ဟာ သူရဲ့ရည်းစားဟောင်း Selena Gomez နဲ့ မော်ဒယ်လ် Cara Delevingne တို့ တပူးတတွဲဖြစ်နေတာကို မနာလိုလိုဝန်တိုဖြစ်နေတယ်လို့ ခုတလော အသံတွေကြားနေရပါတယ်။ အကောင်းဆုံး မိတ်ဆွေသစ်တွေကတော့ ဒီအတောအတွင်း holidays တွေ အတူသွား ၊ shopping တွေအတူထွက်၊ ရေချိုးတာတောင် နှစ်ယောက်အတူယှဉ်တွဲသွားနေပြီဆိုတော့ ခုတလော အတော်လေးကို အတွဲညီ နေကြတယ်လို့ ပြောရမှာပေါ့။ သူတို့တွေ ရိုးရိုးသားသား လက်တွဲဖြစ်နေတဲ့အချိန်မှာ Justin ကို စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ပြောလိုက်သူက Cara ပဲ ဖြစ်ပါတယ်။ အသက် (၂၀) အသက် ပေါ့ပ်အဆိုတော်လေးက သူမဆီကို မနက်စောစော ဖုန်းခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေကို သိချင်လို့ Justin က Cara ကို တစ်ကြိမ်ထက်မက ဖုန်းခေါ်ဆိုခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ခုက Daily Mirror ကို ပြောပြခဲ့ပါတယ်။
Justin Bieber ကတော့ အရက်သောက်ထားတယ်ဆိုတာတော့ သေချာသွားပြီ။ Cara ရဲ့ သရုပ်ဆောင်အလုပ် အောင်မြင်နေတဲ့အချက်ကြောင့် လက်ရှိအခြေအနေက ရှင်းသွားမှာတော့ မဟုတ်ပါဘူး။ မကြာသေးမီအချိန်က အသက်(၂၁) အရွယ် Cara ဟာ မင်းသမီး Michelle Rodriguez နဲ့ အဆက်အသွယ်ပြတ်တောက်ဖြစ်နေတဲ့အချိန်မှာပဲ Selena တစ်ယောက်ကတော့ အီတလီ စီးပွားရေးလုပ်ငန်းရှင် Tommy Choiabra နဲ့ အချိတ်အဆက်တွေရထားပါတယ်။ ရှုပ်ယှက်ခတ်နေတာပဲ။
Ref:ok.co.uk
အပြည့်အစုံသို့ »
မလှနုထွန်း၏ သတင်း ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး ဂျူးစံသာက ဇူလိုင် ၂၆ ရက်နေ့၊ ညနေ ၄နာရီက Park Royal ဟိုတယ်မှာ စာနယ် ဇင်းရှင်းလင်းပွဲ ပြု လုပ်ခဲ့ ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျူးစံသာ က “ဆရာမ လှနုထွန်းက သမီးကို Crown သိမ်းတာက အချက် ၃ချက် နဲ့ သိမ်းတယ် လို့ ပြောခဲ့ပါတယ်။ ဆရာမ နဲ့ ဆရာနဲ့ မမမြတ်နိုး အတွက် ကိုရီးယားကို သွားတဲ့အချိန်မှာ တစ်လ နီးပါး သင်ကြားပေးခဲ့တဲ့ ဖိလစ်ပိုင်က သမီးတို့ ထရိန်နင် ကိုသာ ဦးစားပေး ပြီး လေ့ကျင့်ဖို့ပြောခဲ့ တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သမီး တခြား Organization နဲ့ မဆက်သွယ်ဖို့ ဆိုတာ မပြောခဲ့ပါဘူး။ အကူအညီ တောင်းခြင်း၊ ဖုန်းလက်ခံ ပြောဆို ခြင်း မပြုလုပ်ဖို့ မှာ ကြားခဲ့တယ်ဆို တာ မဟုတ်ပါဘူး။ ပွဲလည်း တအား ကပ်နေပြီး ဖြစ်တဲ့အတွက် သိတဲ့တတ် တဲ့သူတွေ ဆီမှာ အကူအညီတောင်းပါ လို့ ပြောပါတယ်။ သမီး ဘယ်လိုမှ အကူ အညီတောင်းလို့မရတဲ့အဆုံး ဆရာမ တို့နဲ့ လည်း မိသားစု လိုဖြစ်နေတဲ့ ဆရာ ဟန်ဇော်လတ်တို့၊ ဆရာဝေယံ အောင် တို့ကို သတိရခဲ့ပါတယ်။ ဆရာ တို့က သမီးကို ဂျူးစံသာ တစ်ယောက် အနေနဲ့ မမြင်ဘဲနဲ့ Miss Globe Myanmar တစ်ယောက်၊ မြန်မာ နိုင်ငံရဲ့ Crown ဆောင်းထားတဲ့ မြန်မာ့ ဂုဏ်ဆောင် တစ်ယောက် အနေ နဲ့ ကူညီပေးပါမယ် ဆိုပြီး ကူညီ ပေးပါတယ်။ သမီးက Organization နှစ်ခု အချင်းချင်း ကြားမှာ ခလောက် စံတာ၊ သွေးထိုး စကားတွေလည်း မပြောခဲ့ပါဘူး။ ပြိုကွဲအောင် လည်း မလုပ်ခဲ့ပါဘူး။ သမီးက တီချယ်လှနုထွန်း Crown ဆောင်းပေးထားတဲ့ Miss Myanmar တစ်ယောက်ပါ။ ဒါပေမဲ့ သမီးကို မလို အပ်တော့ပါဘူး။ ကိုဟန်ဇော် လတ် တို့၊ ကိုဝေယံအောင် တို့က ပိုအရေးကြီး ပါတယ်တဲ့။ သမီး ဘာဆက်လုပ်ရမှန်း မသိတော့ ပါဘူး။ သမီးက ဆရာသမားကို တအား ချစ်ပါတယ်။ လေးလည်းလေး စားပါတယ်။ အခုလိုပြောတော့ သမီး ရင်ထဲမှာ တအား ပူလောင်ပြီး ၃ ရက်လောက် အိပ်ရာထဲ လဲခဲ့ပါတယ်။ စိတ်ထဲမှာ တအား ဝမ်းနည်းစွာနဲ့ တီချယ့်ကို စာလေး တစ်စောင် ပို့ခဲ့မိ ပါတယ်။ တီချယ် သမီးကို ပြောရက် တယ်။ သမီးကို ဘာမှ မလုပ်ပေးဘဲနဲ့ လုပ်ရက်လိုက်တာလို့ ပြောမိခဲ့ပါ တယ်။ အဲဒီ အတွက်လည်း တီချယ် လှနု ရှေ့မှာရော၊ ဆရာ ဟန်ဇော်လတ် ရှေ့မှာရော အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ သမီး မပို့ခဲ့သင့်ပါဘူး။ မှားသွားပါတယ် လို့ တောင်းပန်ခဲ့ပါ တယ်။ နောက် တစ်ချက် က စာချုပ် ချုပ်ဖို့ အတွက် သူ့ Organization ကို မလာဘဲ တခြား Organization ကို သွားတယ် လို့ ပြောပါတယ်။ သမီးက Miss Golden Land Myanmar Organization မှာ Volunteer အနေနဲ့ သွားလုပ်ပေးတာပါ။ တီချယ် ဆီက ခွင့်ပြုချက် ယူပြီးမှ သွားလုပ် ပေးတာပါ။ သမီး လက်ထဲ စာချုပ် ရောက်တာ ၂၄ နာရီ မပြည့်သေးပါ ဘူး။ အိမ်မှာ သမီးအဖေက တကယ် နေမကောင်းပါဘူး။ အိပ်ရာထဲ လဲ နေပါတယ်။ အမေက အဖေ့ကိုဆေး ခန်း ပြပေးနေပါတယ်။ သမီးတို့ အိမ် မှာ အားလုံး အဖေ့ အတွက် စိတ်ပူ ပန်နေ ကြရပါတယ်။ သမီး ရှင်းပြခဲ့ပါ တယ်။ သမီး အသက် ၁၇နှစ်ပဲ ရှိပါ သေးတယ်။ ၁၈နှစ် မပြည့်သေးတဲ့ အချိန်မှာ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိ သေးပါဘူး။ သမီးကိုယ်တိုင် စာချုပ်ကိစ္စ မပြောပါဘူး။ သမီးအမေ နဲ့ သမီး အစ်မနဲ့က စာချုပ် ကိစ္စ ဆက် လက် ဆွေးနွေးပါမယ် လို့ ပြောပါ တယ်။ ဒါပေမဲ့ အခုလို ဖေ့စ်ဘုတ်ပေါ် ကြေညာ လိုက်တယ်။ တအားလည်း ဝမ်းနည်းတယ်။ ပြိုင်ပွဲက ရက်လည်း တအား ကပ်နေပြီး။ အားလုံးလည်း ပြင်ဆင်ပြီးနေမှ အခုလို လုပ်တာ သမီး ဘာဆက်လုပ် ရမှန်းမသိတော့ ပါဘူး”လို့ ပြောပါတယ်။ Miss Golden Land Myanmar Organization က ကိုဟန်ဇော်လတ် က နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဖြေ ရှင်းသင့် ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။
Popular Myanmar
အပြည့်အစုံသို့ »
သြဂုတ် ၂ ရက် တွင် ပြုလုပ်မည့် ကိုရီးယား အဆိုတော် 2NE1 အဖွဲ့ ဖျော်ဖြေ မည့် စင်မြင့် တည်ဆောက်မှုသည် ငွေကျပ်သိန်းနှစ်ထောင် နှင့် နှစ်ထောင့် ငါးရာဝန်း ကျင်ခန့် ကုန်ကျသည်ဟု LivingSoundEntertainmentမှCEO JawMaranက ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီက တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်သည့် 2NE1 In Myanmar Galaxy Stage စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျန်တဲ့ ကုန်ကျမှုတွေလည်း အများကြီးပါဘဲ။ တိတိကျကျတော့ မပြောချင်သေးပါဘူး။ သောက်ရေသန့်ကအစ သူတို့ အတွက် သီးသန့် စီစဉ်ပေးရပါတယ်။ တော်တော်လေး အကုန်အကျခံပြီး ကြိုးစား ပြီးတော့လုပ်ဆောင် ထားပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းပွဲ၌ စပွန်ဆာ ပေးထားသည့် SKY NET ရုပ်သံလိုင်းကို ယင်းရှိုးပွဲ၌ 2NE1 သီဆို ဖျော်ဖြေမှု ကို သုံးပုဒ်သာ ရိုက်ကူးခွင့်ပြုမည်ဖြစ်ပြီး တစ်ခြားမီဒီယာများ အနေနှင့်လည်း သတ်မှတ်ထားသည့် အချိန်တွင်းသာ ဓာတ်ပုံများ ရိုက်ကူးရမည် ဖြစ်သည်။
အဆိုပါ ပွဲကို လာရောက် ကြည့်ရှု ကြည့် ပရိသတ်များ အနေဖြင့် ဓာတ်ပုံ ရိုက်ကူး ခွင့်ပြုမည် မဟုတ်ပဲရိုက်ကူး သည်ကို တွေ့ရှိပါကပစ္စည်းများကို သိမ်းယူ သွားမည် ဖြစ် ပြီး ရှိုးပွဲ ပြီးဆုံး သွားပါကယင်းရှိုးပွဲ အကြောင်း ကိုဗီဒီယို အဖြစ် ထွက်ရှိမည် မဟုတ်ပေ။
ကိုရီးယား အဆိုတော် 2 NE1 အဖွဲ့သည် ဇူလိုင် ၃၁ ရက် ညပိုင်းတွင် ကိုရီယားလေကြောင်း လိုင်းဖြင့် ရောက်ရှိ မည် ဖြစ်ပြီး သြဂုတ် ၁ ရက်တွင် SKY NET Studio ၌အမေး ၊အဖြေ ကဏ္ဍကိုလုပ်ဆောင် သွားမည်ဖြစ်သည်။ယင်းအပြင်မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ Myanmar Event Park တွင် စာနယ်ဇင်း ရှင်းလင်းပွဲကို ပြုလုပ် သွားမည် ဖြစ်သည်။
သြဂုတ်၁ရက်ည ၈ နာရီ မှ၁၁ နာရီ အထိ တွင်ကိုရီးယား အဆိုတော် 2 NE1 အဖွဲ့ကိုPre Welcome Party အနေဖြင့် တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ် သွားမည် ဖြစ်သည်။ သြဂုတ် ၂ ရက် တွင် Myanmar Event Park ၌ ၇နာရီမှ ၉နာရီထိ ဖျော်ဖြေပြီးပါက ၎င်းအဖွဲ့သည် မြန်မာနိုင်ငံမှပြန်လည် ထွက်ခွာ မည်ဖြစ်သည်။
Mizzima Burmese
အပြည့်အစုံသို့ »
ကမ္ဘာ့ထိပ်တန်းအလှမယ် ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်ရန် မယ်စကြ၀ဠာ မြန်မာအလှမယ် အဖြစ် အသက် (၂၀) အရွယ် သျှားထွဋ်အိန္ဒြာ ရွေးချယ်ခံခဲ့ရ သည်။ နှစ်ပေါင်း ၅၀ ကျော် ကြာမှ မြန်မာနိုင်ငံမှ ပြန်လည်ယှဉ်ပြိုင်မှုအနေဖြင့် ၂၀၁၃ ခုနှစ်၌ မိုးစက်ဝိုင်က ရုရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်မူ ဒုတိယမြောက်ပြန်လည်ယှဉ် ပြိုင်မှုအဖြစ် အမေရိကန်နိုင်ငံ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မမျှော်လင့်ဘဲ မယ်စကြ၀ဠာ (မြန်မာ)သရဖူကို ရခဲ့သည်ဆို သော သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံ ကာ သူမ၏ ရင်ခုန်သံများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
တစ်ကမ္ဘာလုံးမှာ အကြီးဆုံး အလှ မယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မယ်စကြ ၀ဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ခွင့်ရခဲ့ပြီဆို တော့ ကိုယ့်ကိုယ်ကိုယ်ဘယ် လောက်ယုံကြည်ထားလဲ။
ညီမပြိုင်ပွဲနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်အ၀ထည့်ထား ပါတယ်။ နောက်ပြီးညီမကို နောက်ကနေ ကူညီပံ့ပိုးပေးတဲ့ ညီမရဲ့ မိ သားစု၊ Organization နဲ့ ပူးပေါင်းပြီး အစစအရာရာလိုလေသေးမရှိ အောင်၊ အဆင်ပြေအောင် ညီမ တို့နိုင်ငံရဲ့ သယံဇာတတွေ၊ ယဉ် ကျေးမှုအမွေအနှစ်တွေကို ဖော် ထုတ်နိုင်အောင် ပြင်ဆင်ထား ပါတယ်။
ဒီနှစ်ကို ပြီးခဲ့တဲ့နှစ်က သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်မိုးစက် ၀ိုင်နဲ့ နှိုင်းယှဉ်ပြီး အားမရဘူးဆို တဲ့ ဝေဖန်မှုတွေရှိခဲ့တာဆိုတော့ ပရိသတ်တွေရဲ့ အမြင်နဲ့ ပတ် သက်ပြီး ဘယ်လိုဖြေရှင်းချက် ပေးချင်လဲ။
ညီမခုချိန်ထိ Perfect မဖြစ် သေးဘူး။ အဲဒါကြောင့် ညီမကို အကြံပေးနိုင်ပါတယ်။ ဝေဖန် ပြောဆိုနိုင်ကြပါတယ်။ အဲဒီအကြံဉာဏ်တွေကို လက်ခံပြီး လိုအပ် ချက်တွေကို ဖြည့်ဆည်းသွား မယ်။ နောက်ပြီးဟိုမှာ သွားပြိုင် ရင်လည်း တခြားနိုင်ငံက အလှ မယ်တွေထက် မသာရင်တောင်မှ မနိမ့်အောင် အကောင်းဆုံးယှဉ် ပြိုင်သွားပါမယ်။
သွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ကြီးမှာရော ပြီးခဲ့တဲ့နှစ်က ယှဉ် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် မိုးစက်ဝိုင်ရဲ့ ဘယ်လိုအားနည်းချက်၊ ဘယ်လို အားသာချက်တွေကို အတုယူပြီး အကောင်းဆုံးပြင်ဆင်သွားမလဲ။
အစ်မ(မိုးစက်ဝိုင်)ကလည်း ညီမကို သင်ကြားပြသပေးတယ်။ အစ်မမှာကတော့ အားနည်းချက် ဆိုတာ မရှိပါဘူး။ သူက အရမ်း Perfect ဖြစ်တယ်။ ဒါပေမဲ့ ပြဿနာလေးတွေ ကြုံခဲ့ရတာဆို တော့ အဲဒီလိုပြဿနာတွေမကြုံ ရအောင် ကြိုးစားသွားပါမယ်။
မိုးစက်ဝိုင်တုန်းက ပြိုင်ပွဲမှာ လမ်း လျှောက်တာနဲ့ ပတ်သက်ပြီး အားနည်းချက်ရှိတယ်လို့ ထောက်ပြတာတွေရှိတော့ ညီမအတွက် ရော အဓိကလိုအပ်ချက်က ဘာ ဖြစ်မယ်လို့ထင်လဲ။
အဓိကလိုအပ်ချက်အနေနဲ့ ကတော့ အရပ်ကလေးဒီထက်ပို ထွက်ချင်တယ်။
မယ်စကြ၀ဠာပြိုင်ပွဲဆိုတာ ကမ္ဘာ မှာလည်း အကြီးဆုံးပြိုင်ပွဲတစ်ခု ဖြစ်တယ်။ လာရောက်ယှဉ်ပြိုင် မယ့်နိုင်ငံတွေကလည်း အများ ကြီးဆိုတော့ ညီမအတွက် ဘယ် လောက်စိန်ခေါ်မှုရှိတဲ့ ပြိုင်ပွဲတစ် ခုလို့ ပြောလို့ရလဲ။
ဒီပြိုင်ပွဲကြီးကို သွားပြိုင်ဖို့ အများကြီးမှန်းထားတယ်။ ညီမရဲ့ စိန်ခေါ်မှုအနေနဲ့ကတော့ ညီမရဲ့ အောင်မြင်မှုလမ်းကြောင်း တစ်ခု အနေနဲ့ မြန်မာနိုင်ငံကို အများကြီး ပေးဆပ်သွားချင်တယ်။ အဲဒီအ တွက် ဆုတစ်ခုတော့ ရအောင် ယူလာခဲ့မယ်။ တကယ်ကို ကြိုး ကြိုးစားစားနဲ့ သွားပြီး လိုလေသေးမရှိအောင် ယှဉ်ပြိုင်သွားမယ်။
မယ်စကြ၀ဠာစင်မြင့်က ညီမရဲ့ ငယ်ဘ၀အိပ်မက်တစ်ခုလို့ရော ပြောလို့ရနိုင်မလား။ ကိုယ့်ကိုယ် ကိုယ်ရော ဒီလိုပြိုင်ပွဲကြီးမှာပါဝင် ခွင့်ရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ မျိုးရှိလား။
ပြောလို့ရပါတယ်။ ငယ်ငယ် ကတည်းက ကိုယ့်နိုင်ငံကို ကိုယ် စားပြုပြီး ပြိုင်တဲ့ ကိုယ့်နိုင်ငံအ တွက် ပြန်ပေးဆပ်နိုင်တဲ့ အလှ မယ်တစ်ယောက်ဖြစ်ချင်ခဲ့တာ ပါ။ အဲဒါကြောင့် ညီမရဲ့ရည်မှန်း ချက်တွေကို ဖော်ထုတ်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင် တယ်။
အခုနောက်ပိုင်းမှာ အလှမယ်တွေ နဲ့ ပွဲကျင်းပတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ မပြေလည်မှုတွေ ကြားနေရတယ်။ ညီမပြိုင်ရမှာက ပရိသတ်အားပေးမှုအများဆုံးရရှိ နေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲရဲ့ နိုင်ငံကိုယ်စားပြု အလှမယ်တစ် ယောက်ဖြစ်တဲ့အတွက် အနေအ ထိုင်အပြုအမူတွေကို ဘယ်လိုနေ ထိုင်သွားမယ်လို့ ဆုံးဖြတ်ထား လဲ။
ညီမတို့ Miss တွေကိုမွေး ထုတ်ပေးတဲ့ Organization က ညီမတို့ရဲ့ ကျေးဇူးရှင်ပါ။ အဲဒီ ကျေးဇူးရှင်တွေနဲ့ အစစ၊အရာရာလက်တွဲသွားမယ်။ ကျေးဇူးရှင် ကိုပြန်ပြီး ကျေးဇူးဆပ်သွားမယ်။ အခုချိန်မှာ ညီမကနိုင်ငံကိုယ်စား ပြုအလှမယ်တစ်ယောက်ဖြစ်တဲ့ အတွက် အစစ၊အရာရာအသွား အလာ၊ အနေအထိုင်တွေ ဆင် ခြင်သွားပါမယ်။
ပြည်ပမှာ သွားပြိုင်ရမှာဆိုတော့ ဘာသာစကားပိုင်းနဲ့ ပတ်သက် ပြီး ဘယ်လိုပြင်ဆင်ထားလဲ။
ဘာသာစကားပိုင်းနဲ့ ပတ်သက်ပြီး တော့လည်း လက်ရှိအခြေအနေ ထက်ကောင်းအောင် လေ့လာ နေပါတယ်။ General Know-ledge (အထွေထွေဗဟုသုတ) ကောင်းအောင်လည်း လေ့လာနေပါတယ်။
မယ်စကြ၀ဠာဆုရခဲ့ပေမယ့် ပရိ သတ်ရဲ့ အားပေးမှုအပြည့်အ၀မရ သေးဘူးဆိုတော့ ပြိုင်ပွဲကြီးသွား ပြိုင်တဲ့အခါ ပရိသတ်တွေရဲ့အား ပေးမှုအပြည့်အ၀ရရှိဖို့ ဘယ်လို ကြိုးစားသွားမလဲ။
ညီမကို ဘယ်လိုပဲပြောပြော လက်ခံနိုင်ပါတယ်။ ညီမကို ဝေ ဖန်ပေးကြပါ။ အကြံပေးနိုင်ပါ တယ်။ ပရိသတ်တွေ လက်ခံနိုင် တဲ့ အလှမယ်ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။
အလှမယ်နဲ့ ပရဟိတက ဆက်စပ် နေတာဆိုတော့ ဆုရတဲ့ဆု ကြေးထဲကနေ ပရဟိတအလှူ လုပ်သွားဖို့ရော အစီအစဉ်ရှိလား။
ပရဟိတကို ညီမ Miss ဖြစ်မှလုပ်မှာ မဟုတ်ပါဘူး။ အရင်က တည်းကလည်း လုပ်ဖြစ်ပါတယ်။ အခုတော့ Organization နဲ့ လက် တွဲပြီး ပရဟိတလုပ်ငန်းတွေ လုပ် သွားဖို့ရှိပါတယ်။ ဆုရတဲ့ ဆုကြေးထဲကလည်း လိုအပ်တဲ့နေရာ တွေကို လိုက်ပြီး ဖြည့်ဆည်းသွား ဖို့အစီအစဉ်ရှိပါတယ်။
7daydaily
အပြည့်အစုံသို့ »