Showing posts with label china-news. Show all posts
Showing posts with label china-news. Show all posts

တရုတ်နိုင်ငံ ဘိုးဘွားရိပ်သာတစ်ခုတွင် လူလေးယောက် ကျားအင်္ဂါများ အဖြတ်ခံရ


တရုတ်နိုင်ငံ Heilongjiang ပြည်နယ် ဘိုးဘွားရိပ်သာတစ်ခုက လူလေးယောက်ရဲ့ ဝှေးစေ့များကိုဖြတ်မှုနဲ့ အသက် ၄၆ နှစ်အရွယ် လူတစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ Oriental Daily က ဖော်ပြခဲ့ပါတယ်။


ဇူလိုင် ၂၃ ရက်နေ့မှာ ကုတင်သုံးလုံးဟာ သွေးများပေနေတာကြောင့် ဂေဟာက တာဝန်ရှိသူ လာရောက်ကြည့်ရှုတဲ့အခါ လူသုံးယောက်ဟာ ကျားအင်္ဂါများ ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ်လူတစ်ဦးနဲ့ ၈၀ အရွယ်လူတစ်ဦးဟာ ကျားအင်္ဂါတစ်လုံးစီ ဖြတ်ခံခဲ့ရတာဖြစ်ပြီး ၆၀ အရွယ်လူတစ်ဦးကတော့ နှစ်လုံးစလုံးဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။

နောက်ထပ်လူတစ်ဦးကိုလည်း ဖြတ်ခံထားရကြောင်း တွေ့ရှိခဲ့တာကြောင့် ယနေ့မှာ ဆေးရုံကိုပို့ခဲ့ပါတယ်။

အဖြတ်ခံရသူများအားလုံးက တရားခံဟာ ဂေဟာမှာ အလုပ်လုပ်သူဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂေဟာဝန်ထမ်းတွေရဲ့ အဆိုအရ ဒီလူဟာ စိတ်ပုံမှန်မဟုတ်ဘူးလို့ဆိုပါတယ်။



Qinggang ခရိုင်နဲ့ ခရိုင်အဆင့်ရှိ Suihua မြို့မှ ဒေသဆိုင်ရာအစိုးရက လက်ရှိကိစ္စကို ကိုင်တွယ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။
ယခုအခါမှာ အဖြတ်ခံခဲ့ရသူ လေးယောက်ဟာ အခြေအနေ ပုံမှန်အတိုင်း ဖြစ်နေပြီ လို့ဆိုပါတယ်။

photo & video >> liveleak

Phothutaw
အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားကို သပိတ်မှောက် ဆန့်ကျင်တဲ့ တရုတ်အမျိုးသမီးများ



တရုတ်နိုင်ငံသား ဘောလုံးအသည်းစွဲတွေရဲ့ ဇနီးတွေနဲ့ ရည်းစားတွေရဲ့ သွေးဆူတဲ့ အချိန် ပြန်ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ “Anti- World Cup” လို့ခေါ်တဲ့ ကမ္ဘာ့ဖလား ဆန့်ကျင်ရေးသူများ အဖွဲ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အဆိုပါ ဆန္ဒပြပွဲမတိုင်မီ ကမ္ဘာ့ဖလားပွဲ စတင်ခဲ့တဲ့ အချိန်ကလည်း အခြား အမျိုးသမီး အဖွဲ့ဟာ သူမတို့ရဲ့ အတွင်းခံ ဘယာကို လေထဲ လွှင်ပစ်ပြီး ဆန့်ကျင် ဆန္ဒပြခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်မှာတော့ အမျိုးသမီး ၁၂ ယောက်ဟာ ရှန်ဟိုင်း လမ်းမကြီးပေါ်မှာ ကမ္ဘာ့ဖလား ဆန့်ကျင် ဆန္ဒပြတဲ့ စာတမ်းတွေ၊ လက်ကိုင် စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တစ်ခုသော စာတမ်းမှာတော့

ဘောလုံးပွဲအကြောင်း အလုပ်မှာ ပြောတဲ့ ယောက်ျားတွေဟာ ယောကျာ်းမပီသသူ /ယောကျာ်း စံချိန် မမီတဲ့သူ (Sissy) လို့ ရေးသားထားပါတယ်။ နောက်ထပ်စာတမ်းတစ်ခုမှာတော့

ရှင့်ဘောလုံးပွဲလောင်းကြေးရှုံးလို့ ရှင်နဲ့ အတူ သေကြောင်းကြံရတဲ့သူ မဖြစ်ရပါစေနဲ့ လို့လည်း ရေးထားပါသေးတယ်။ သူတို့ရဲ့ ယခုလို ဆန္ဒပြခြင်းဟာ အကြောင်းမညီညွတ်ဘူး၊ နောက်ပြီး ပြဿနာရှာသူတွေလို့ ပြောဆိုခံရရုံသာမ လူတကာရဲ့ အာရုံစိုက်ခံရဖို့ လုပ်နေသူတွေလို့ ပြောဆိုတဲ့ netizen တွေနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။

ဒါပေမယ့်လည်း အခုလို ပြုလုပ်ခြင်းဟာ အကျိုးအကြောင်း ညီညွတ်မှု ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယခု ဆန္ဒပြကြတဲ့ အမျိုးသမီးများထဲက ကိုယ်ဝန်သည် တစ်ယောက်ဆိုလျှင်  သူမရဲ့ ခင်ပွန်းဟာ ဘောလုံးပွဲကိုပဲ စိတ်ရောက်နေတဲ့အတွက် သူမရဲ့ ကိုယ်ဝန် စမ်းသပ်စစ်ဆေးဖို့အတွက် ဆေးရုံကို တစ်ယောက်တည်း သွားခဲ့ရပါတယ်။ ဒါ့ကြောင့် အလွန့်ကို စိတ်တိုခဲ့ရတယ်လို့ ပြောပါတယ်။

ဒါတင်မကပါဘူး။ အချို့အမျိုးသားတွေဟာ မိသားစု ဘ၀ပျက်လောက်တဲ့အထိ ဘောလုံးပွဲလောင်းကြသူတွေလည်း ရှိပါတယ်။ အချို့အမျိုးသားတွေဆိုရင် မအိပ်၊ မစားဘဲ ဘောလုံးပွဲ စွဲနေတာကြောင့် အသက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်သာဓကတွေလည်း မနည်းပါဘူး။ အချို့ဆိုရင် ဘောလုံးပွဲလောင်းပြီး ရှုံးနိမ့်ခဲ့တာကြောင့် သတ်သေခဲ့ကြသူတွေလည်း မနည်းပါဘူး။

World Myanmar News (world-myanmar.com)

ref: sgstomp
အပြည့်အစုံသို့ »

တရုတ်တွင် မူကြို ကျောင်းကား တိမ်းမှောက်ပြီး လူ(၁၁)ဦး သေဆုံး


တရုတ်နိုင်ငံတွင် မူကြို ကျောင်းကားတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ ကလေးအများစု အပါ
အဝင် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဇူလိုင်(၁၀)ရက် ညနေပိုင်းတွင် ဟူနန်၌


မီနီဘတ်စ်ကားတစ်စင်း တိမ်းမှောက်ကာ လမ်းဘေးရေကန်ထဲ ကျဆင်းသွားခြင်းဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ကျောင်းကားပေါ်တွင် လိုက်ပါလာသူ (၁၁)ဦး ရှိခဲ့ရာ အားလုံး သေဆုံးခဲ့ပြီး ယင်းတို့အနက် (၈)ဦးသည် မူကြိုကျောင်းသူကျောင်းသားများ၊ (၂)ဦးသည် ဆရာမများနှင့် ကျန်(၁)ဦးမှာ ဘတ်စ်ကား ဒရိုင်ဗာတို့ ဖြစ်ကြောင်းလည်း Xinhua က ဆိုသည်။

ဟူနန်၏ မြို့တော်ဖြစ်သည့် ချန်ရှာအနီး တောင်ထူထပ်သည့် နေရာတစ်ခုတွင် ကျောင်းကား ဖြတ်သန်းသွားစဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံ မီဒီယာများက ကျောင်းကားမှောက်သည့် နေရာမှာ လမ်းကျဉ်းတစ်ခုတွင်ဖြစ်ပြီး နံဘေးတွင် အကာအရံ အတားအဆီး မရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။

သေဆုံးသူများ၏ မိသားစုများက ယခုတစ်စင်း အပါအဝင် အဆိုပါ ဒေသရှိ ကျောင်းကားများတွင် လူဦးရေကို သတ်မှတ်ပမာဏထက် ပိုမိုတင်ဆောင်လေ့ရှိကြောင်း Xinhua သို့ ပြောကြားခဲ့သည်။ ရေကန်ထဲ နစ်နေသည့် မော်တော်ကားကို ဆယ်ယူရန် (၃)နာရီမျှ အချိန်ယူ လုပ်ဆောင်ခဲ့ရပြီး ဒေသစံတော်ချိန် ဇူလိုင်(၁၁)ရက်၊ နံနက် (၃)နာရီမှ ပြန်လည် ဆွဲတင်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: Xinhua
7Day News Daily
အပြည့်အစုံသို့ »

တရုတ်နိုင်ငံ၊ စင်ကျန်ဒေသတွင် အကြမ်းဖက်မှု ဗွီဒီယိုများ ပေးပို့ခြင်း၊ ဒေါင်းလုတ်ရယူခြင်းများနှင့် ပတ်သက်၍ လူ ၃၂ အား ထောင်ဒဏ်ချမှတ်


 တရုတ်အစိုးရမှ အနောက်ပိုင်း စင်ကျန်ဒေသနေ အကြမ်းဖက် ဝီဂါမူဆလင် ၃၂ ဦးအား အကြမ်းဖက် ဗွီဒီယိုများ ပေးပို့ခြင်း နှင့် ဒေါင်းလုတ်ရ


ယူခြင်းများနှင့် ပတ်သက်၍ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

လူသုံးဦးကို ထောင်ဒဏ်တစ်သက် နှင့် ၂၉ ဦးကို ထောင်ဒဏ် ၄ နှစ်မှ ၁၅ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသော မေ ၂၃ နောက်ပိုင်း၌ တရုတ်အစိုးရမှ စင်ကျန်ပြည်နယ်အတွင်း မူဆလင်အကြမ်းဖက်ဂိုဏ်း ၄၀ ကျော်ကို ဖြိုခွင်းခဲ့ပြီး မူဆလင်အကြမ်းဖက် နှင့် ခွဲထွက်ရေးသမား ၄၀၀ ကျော်အား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။

မတ်လအတွင်းက တရုတ်ပြည်အနောက်ပိုင်း ခွေမင်စီးတီး၌ မူဆလင်အကြမ်းဖက်သမားများ၏ ဓားကိုင်ရမ်းကားအကြမ်းဖက်မှုကြောင့် လူ ၂၉ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း စင်ကျန်ဒေသတွင်း ဝီဂါမူဆလင်တို့၏ အကြမ်းဖက်မှုများကြောင့် လူ ၂၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။

မူရင်းလင့်
မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။
အပြည့်အစုံသို့ »

အမျိုးသမီးလေးဦး ခန္ဓာကိုယ်တွင်စာများရေး၍ တရုတ်အစိုးရအား ကိုယ်တုံးလုံးချွတ်ဆန္ဒပြ


တရုတ်နိုင်ငံ ဘေဂျင်းမြို့ကအမေရိကန်သံရုံးရှေ့မှာ တရုတ်အမျိုးသမီးလေးဦးဟာ အုပ်စုလိုက် ကိုယ်တုံးချွတ် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ ဒီလိုဆန္ဒပြရတဲ့အဓိက အကြောင်းရင်းက အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို မခံနိုင်တော့လို့ဖြစ်ပြီး တစ်ဦးခြင်းဆီမှာလည်း ဒီ့ထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။

ဒီအကြောင်းရင်းကို သိချင်တယ်ဆိုရင်တော့ ကိုယ်တုံးချွတ်ထားတဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေကို အားစိုက်ကြည့်ဖို့ လိုအပ်တယ်။
ခန္ဓာကိုယ်တွေပေါ်မှာ စာတွေရေးပြီး သူတို့ကဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

“အကျင့်ပျက်ချစားတဲ့ အရာရှိတွေကို ထုတ်ပစ်“၊ ”အကျင့်ပျက်ခြစားမှု ကျဆုံးပါစေ” အစရှိတဲ့ စာသားတွေ အပါအဝင်  “ကျွန်မသမီး Guo Hailing ဟာ အစိုးရကိုခြိမ်းခြောက်စာပို့တယ် ဆိုတဲ့အမှုနဲ့ အကွက်ဆင်ပြီး အကျင့်ပျက်အရာရှိတွေက ဖမ်းဆီထားပါတယ်” ဆိုတဲ့စာတွေကိုလည်း ရေးသား ဆန္ဒပြခဲ့ကြပါတယ်။

ဒီ့အပြင် “ကျွန်မသား မဟုတ်တာလုပ်ခံရပါတယ်။ မမျှတဘူးထင်လို့ အသနားခံစာတင်ခဲ့တာနဲ့ သူ့ကိုထောင်ဒဏ် ၁၈ နှစ်ချလိုက်တယ်။ ဝန်ခံချက်ပြောဖို့ နှိပ်စက်ကြတာ သူ မသန်စွမ်း ဖြစ်ခဲ့ရတယ်” ဆိုတဲ့ စာသားတွေလည်း ပါဝင်ပါတယ်။

ဒီဆန္ဒပြသူ မိန်းမတွေရဲ့အသက်ဟာ ၆၅၊၆၆၊၆၈၊၇၃ ဆိုတဲ့ အသက်ကြီးပိုင်းအရွယ်တွေဖြစ်ပြီး Henan ပြည်နယ်ကလာတဲ့ ဒီထဲက နှစ်ယောက်ကို ရဲများက အတင်းဓမ္မခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီအဘွားအိုအဖွဲ့ဟာ မေလ ၂၅ ရက်နေ့တုန်းကလည်း တီယန်မင်ရင်ပြင်မှာ ကိုယ်တုံးချွတ်ဆန္ဒပြနေတာကြောင့် ရဲများက ဖမ်းဆီးခဲ့ပါသေးတယ်။


credit: phothutaw
အပြည့်အစုံသို့ »

လက်မရှိလို့ ခြေထောက်နဲ့ကားမောင်းနေတဲ့ မသန်စွမ်းကို တရုတ်ရဲများ ဖမ်းဆီး


လက်မရှိလို့ ခြေထောက်နဲ့မောင်းနေတဲ့ ကားမောင်းသမား တစ်ဦးကို တရုတ်ရဲများက ဖမ်းဆီးခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ Wo Guo ဆိုတဲ့ ဒီလူဟာ သူ့ကိုယ်သူနဲ့ အခြားလမ်းအသုံးပြုသူများကို အန္တရယ် ဖြစ်စေနိုင်တယ်လို့ပြောကြားပြီး ရဲများက ကားကိုသိမ်းယူ သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Wo Guo ရဲ့ ကားမောင်းသက်တမ်းဟာ မိုင်ပေါင်း တစ်သိန်းလောက်ရှိပါပြီ။
သူက ကားမောင်းဖို့ ခြေထောက်သက်သက်ကိုသာ အသုံးပြုတာဖြစ်ပြီး ဘယ်ခြေနဲ့ စတီယာရင်ကိုထိန်းကာ ညာခြေနဲ့ ဘရိတ်ကို ထိန်းပါတယ်။

သူရဲ့အဆိုအရတော့ သူမောင်းခဲ့တဲ့ မိုင်ပေါင်းတစ်သိန်းမှာ ဘာအမှားအယွင်းမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Guo ဟာ အသက် ၇ နှစ်အရွယ်မှာ မြင်းစာကျွေးဖို့ မြက်ရိတ်ရင်း မြက်ရိတ်ဓားနဲ့ ဗို့အားမြင့်ဝါယာကြိုးကို မတော်မဆထိမိတာကြောင့် လက်တွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

လက်တွေကို ဖြတ်တောက်ခဲ့ရပြီးနောက်ပိုင်းမှာ  မျက်နှာသစ်၊ သွားတိုက်၊စာရေး အစရှိတဲ့ကိစ္စတွေကို ခြေထောက်သုံးပြီး ဆက်လုပ်ပါတယ်။
နောက်ပိုင်းမှာ အိမ်ထောင်ကျခဲ့ပြီး ကောလိပ်တက်နေတဲ့ သားတစ်ယောက်ရှိပါတယ်။ သစ်သီးရောင်း အသက်မွေးပြီး ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သစ်သီးများလိုက်ပို့ရာမှာ ကားကိုအသုံးပြုရမှာဖြစ်တာ ကြောင့် သူက
“အော်တိုကားတွေကိုမောင်းရတာ အခက်အခဲမတွေ့ပါဘူး။ တစ်ပတ်အတွင်း ကားမောင်းတတ်အောင် ကျွန်တော့်သူငယ်ချင်းက သင်ပေးခဲ့တယ်။ ကျွန်တော်က မသန်စွမ်းဆိုတော့ လိုင်စင်မရဘူး။ ဒါကြောင့် တိတ်တိတ်လေးလုပ်ရတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရဲများကတော့ ဒရိုင်ဘာဌားပြီး အလုပ်လုပ်မယ်ဆိုရင် သိမ်းထားတဲ့ကားကို ပြန်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။


Credit: phothutaw
အပြည့်အစုံသို့ »

တရုတ်ပြည်ရဲ့ ရေကန်ကြီးအောက်က ရှေးဟောင်း ရေအောက်မြို့ တော်







ခြင်္သေမြို့ တော် (Lion City) ဟာ ၁၉၅၉ ခုနှစ်က ရေလွှမ်းမိုးခံခဲ့ရပြီးနောက် Qiandao ရေကန်အောက်မှာ မပျက်မစီးတည်ရှိနေခဲ့တာ နှစ်ပေါင်း တော်တော်ကြာပါပြီ။

ဖောဖော်ဝါရီလက တရုတ်နိုင်ငံ National Geographic မဂ္ဂဇင်းက ခြင်္သေမြို့ တော်လို့ လည်းခေါ်ဆိုတဲ့ Shicheng မြို့ ရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးခဲ့ပြီးနောက် ကမ္ဘာတစ်လွှား ထင်ရှားခဲ့ပါတယ်။ ဒီမြို့ တော်ဟာ သက်တမ်း ၁၃၃၉ နှစ်ရှိပြီးဖြစ်ပြီး တရုတ်ပြည်အရှေ့ ပိုင်း Zhejiang နယ်အတွင်းမှာ တည်ရှိပါတယ်။ ၁၉၅၉ ခုနှစ်မှာ Xin’an မြစ် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ဖို့ အတွက် ဒီမြို့ တော်ကို တရုတ်ကွန်မြုနစ် အစိုးရ ဟာ ရေအောက်မြှပ်နှံပစ်ခဲ့ပါတယ်။

Shi Cheng ခြင်္သေ့မြို့ တော်ကို အေဒီ ၂၅ ရာစုကနေ အေဒီ ၂၀၀ အထိ အုပ်စိုးခဲ့တဲ့ အရှေ့ ပိုင်းဟန်မင်းဆက် ကာလအတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး Wu Shi တောင်တန်း (ခြင်္သေ့ငါးကောင်တောင်တန်း) အခြေမှာ တည်ရှိတာကြောင့် ခြင်္သေ့မြို့ တော်လို့ ခေါ်တွင်စေခဲ့ပါတယ်။ ရှေးဟောင်းမြို့ တော် Shi Cheng အပါအ၀င် အနီးနားက တောင်ကြားဒေသ တစ်ခုလုံးကို ၁၉၅၉ ခုနှစ်မှာ တရုတ်အစိုးရဟာ Xin’an မြစ်ရေကာတာ စီမံကိန်းအတွက် ရေကန်ကြီးတစ်ခု ဖန်တီးပေးဖို့ အတွက် ရေလွှမ်းမိုးပစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ခြင်္သေ့မြို့ တော်ဟာ Qiandao ရေကန်ရဲ့ အောက်ခြေ အနက် ၈၅ ပေကနေ ၁၃၁ ပေ အနက် မှာ လဲလျောင်းနေပြီး မကြာသေးမီကပဲ တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာတစ်ခု အဖြစ် ဒီ Shi Cheng ရေအောက်မြို့ တော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ရှေးဟောင်းမြို့ တော် Shi Cheng မှာ ဂိတ်တံခါးကြီးငါးခု နဲ့ မျှော်စင် ငါးခုရှိပါတယ်။ မြို့ ရဲ့ အရွယ်အစားဟာ ဘောလုံးကါင်း ၆၂ ကွင်းစာ အရွယ်အစားရှိပြီး မြို့ တစ်ခုလုံးကို ဆက်သွယ်ထားတဲ့ လမ်းမကြီး ခြောက်ခုလည်း ပါရှိတယ်လို့  Property Guru ရဲ့ ကလောင်ရှင် Christopher Chitty က ရေးသားခဲ့ပါတယ်။

လူလုပ် Qiandao ရေကန်ကြီးဟာလည်း ၅၇၃ km2 ကျယ်ဝန်းပြီး ကျွန်းစုပေါင်း ထောင်ချီရှိပါတယ်။ သူ့ ရဲ့ အဆင်သင့်သောက်သုံးနိုင်တဲ့ သန့် ရှင်းတဲ့ရေ၊ နာမည်ကျော် Nongfu Spring တံဆိပ် သတ္တုဓာတ်ပါဝင်တဲ့ ရေသန့် တို့ ကြောင့် လူသိများပါတယ်။

ခြင်္သေ့မြို့ တော်ဟာ ကမ္ဘာမှာ တရုတ်ပြည်ရဲ့အတ္တလန်တစ်မြို့ တော် လို့ လည်း နာမည်ကြီးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က တည်ဆောက်ခဲ့တဲ့ မြို့ ဖြစ်သည့်တိုင် မြို့ နံရံ၊ လှေကားစောင်းတန်း၊ ရှေးဟောင်းအိမ်တွေ၊ နဲ့ ဗိသုကာမြောက် အခုံးတွေဟာ မူလအခြေအနေမှာ တည်ရှိနေခြင်းက အချိန်ရဲ့ တိုက်စားမှုကို ကြံကြံခံနိုင်တဲ့ မြို့ အဖြစ် နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်တွေကြားမှာ အံ့သြစရာ တစ်ခုအဖြစ် တည်ရှိနေမြဲဖြစ်ပါတယ်။









Qiandao ရေကန်

Ref: wikipedia.com

trend myanmar
အပြည့်အစုံသို့ »

ဆံပင်ပုံစံကို ၈ စင်တီမီတာလောက်ရှိတဲ့ အတုံးကြီးတစ်တုံး လုပ်ထားတဲ့ လူတစ်ယောက်အကြောင်းကို ထိုင်ဝမ် တီဗီသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။



CRI.CN ရဲ့အဆိုအရWu Guo Ren လို့ခေါ်တဲ့ ဒီအမျိုးသားဟာ ထိုင်ဝမ်တက္ကသိုလ်တစ်ခုက ဆေးရုံတစ်ခုမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ငြင်းဆိုခြင်းကို ခံခဲ့ရချိန်ကစပြီး ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Wu ဟာ ဒီဆံပင်ပုံစံကို ထားခဲ့တာ လို့ဆိုပါတယ်။

ဒီဆံပင်ပုံစံကို ထိန်းထားဖို့ အချိန်သာမက ပိုက်ဆံလည်း ကုန်ပါတယ်။
တစ်ခါပြင်တိုင်း ဆံပင်ဖြန်းဆေးနှစ်ဗူးကုန်ပြီး ဒီလို တောင့်တောင့်မတ်မတ်ဖြစ်နေဖို့ အချိန် ၂ နာရီလောက် ယူရတယ် လို့ဆိုပါတယ်။

ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုကတော့ ၈ စင်တီမီတာအမြင့်နဲ့ ၉၀ ဒီဂရီကျကျ ထောင်နေစေဖို့ ပြုလုပ်ရတာဖြစ်ပါတယ်။
Wu ဟာ လက်ရှိအချိန်ထိ တစ်ကိုယ်တည်းရပ်တည် နေတယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။

photo ref: scmp
phothutaw
အပြည့်အစုံသို့ »

ဟောင်ကောင်မှာ ဆန္ဒပြသူ ၅၀၀ ကျော် ဖမ်းဆီးခံရ


 ဒီမိုကရေစီ လိုလားတဲ့ အကြီးအကျယ် ဆန္ဒပြပွဲအပြီး တညလုံးထိုင်ပြီး ဆန္ဒပြတဲ့သူ အယောက် ၅၀၀ ကျော်ကို ဟောင်ကောင်ရဲက ဖမ်းဆီးလိုက်ပါတယ်။ မနက် ၈ နာရီအထိ မြို့ရဲ့ငွေကြေးဈေးကွက်ရှိတဲ့ ရပ်ကွက်မှာ ထိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆန္ဒပြသူတွေဟာ တရားမဝင်စုရုံးမှု၊ ရဲ ဝတ္တရား နှောင့်ယှက်မှုတွေနဲ့ စွဲဆိုခြင်းခံနေရပါတယ်။

ဆန္ဒပြသူ အများစုကတော့ ရုန်းကန်ခြင်း မရှိကြပါဘူး။ တချို့ ကန်ကျောက်၊ အော်ဟစ်သူတွေကိုတော့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ရပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က Mabel Au ကတော့ ဒီလိုဖမ်းဆီးတာဟာ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက တရားမဝင်တာ ဘာမှ မလုပ်ပါဘူးလို့ ပြောသွားပါတယ်။ နောက်ပြီး ဖမ်းဆီးခံရသူတွေ သူတို့ရဲ့ ရှေ့နေတွေကို တွေ့ခွင့်မရတာကို လုံးဝ လက်မခံနိုင်ပါဘူးလို့လည်း ပြောသွားပါတယ်။


ဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်နဲ့ ပြန်လည် ပေါင်းစည်းတဲ့ ဒီ ၁၇ နှစ် ပြည့် အခမ်းအနားမှာ လုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို လူ ၅ သိန်း ၁ သောင်း တက်ရောက်တယ်လို့ စီစဉ်သူတွေက ပြောပေမဲ့ ရဲတွေကတော့ လူ ၁ သိန်းအောက်လောက်ပဲ တက်ရောက်တယ်လို့ ဆိုပါတယ်။

ဟောင်ကောင် နေထိုင်သူတွေ သူတို့ခေါင်းဆောင် သူတို့ ရွေးခွင့်ရှိဖို့ တရုတ်အစိုးရကို ဖိအားပေးတဲ့ လှုပ်ရှားမှုတွေထဲက ဒီနှစ်စဉ် ဆန္ဒပြမှုဟာ ဒီနှစ်မှာ ထူးထူးခြားခြား ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီပေးဖို့ တောင်းဆိုတဲ့ ဆိုင်းပုဒ်တွေ၊ တရုတ်ဆန့်ကျင်ရေး ဆောင်ပုဒ်တွေ ကြွေးကြော်တဲ့ ဆန္ဒပြသူတွေဟာ Victoria ပန်းခြံကနေ ငွေကြေးဈေးကွက်ရှိတဲ့ ရပ်ကွက်ကို ချီတက်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အပြည့်အစုံသို့ »

ပါးစပ်မှာကိုက်ပြီး ဆော့ရာကနေ ဦးနှောက်ထဲထိ တူစိုက်သွား



ပါးစပ်ကနေတစ်ဆင့် ဦးနှောက်ထိရောက်အောင် တူတစ်ချောင်းဟာ ဖောက်ဝင်သွားတာကြောင့် တရုတ်နိုင်ငံက ကလေးတစ်ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

ဒီကလေးဟာ တူကို ပါးစပ်မှာကိုက်ထားရင်း ပြေးလွှား ဆော့ကစားရာကနေ ချော်လဲခဲ့တာ ဖြစ်ပါတယ်။
ခေါင်းက ရှေ့ကို အရင်စိုက်ကျသွားတာကြောင့် တူဟာ ပါးစပ်အခုံးကိုဖောက်ပြီး ဦးနှောက်ထဲထိ တစ်လက်မ နစ်ဝင်သွားခဲ့ပါတယ်။

တူကို ဖယ်ရှားခဲ့အပြီးမှာ ကံကောင်းစွာနဲ့ပဲ Li Kaiyi လို့ခေါ်တဲ့ ဒီကလေးဟာ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ဆိုပါတယ်။

“တူ က ၂ စင်တီမီတာလောက် ဦးနှောက်ထဲဝင်သွားတယ်။ ကံကောင်းစွာနဲ့ပဲ အဓိကနာဗ်ကြောကြီးတွေကို မထိခဲ့ပါဘူး” လို့ ခွဲစိတ်ဆရာဝန် Liu Jinfang က ပြောကြားခဲ့ပါတယ်။

ဆေးရုံကနေ မကြာခင် ဆင်းနိုင်ဖွယ်ရှိပေမဲ့ ဆရာဝန်တွေက အပြည့်အဝ ပြန်လည်ကောင်းမွန်လာတဲ့အထိ နေသင့်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်
အပြည့်အစုံသို့ »

ဂျိမ်းစ်ဘွန်း အရှုံးပေးရသည့် တရုတ်ကျောင်းသားများ၏ စာခိုးချ ကိရိယာများ


တရုတ်ကျောင်းသားတွေရဲ့ ဘဝမှာတော့ စိတ်ပင်ပန်းဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်ဟာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတဲ့အချိန်ပါ။


လူသန်းပေါင်းများစွာဟာ ဒီစာမေးပွဲအတွက် အချိန်ယူပြင် ဆင်ကာ ဖြေဆိုကြပါတယ်။
အချို့ကလည်း ဒီစာမေးပွဲမှာ အကြံဖန်လုပ်ဖို့ အဆင့်မြင့် ကိရိယာပေါင်းများစွာကို တီထွင်ကြပါတယ်။
ဒီလိုကိရိယာတွေထဲက တစ်ခုကတော့ ကင်မရာပါတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး Liaoning ပြည်နယ် Shenyang မြို့က စာမေးပွဲခန်းတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။


စာမေးပွဲခိုးချသူဟာ ကြွေစေ့ပြားသေးသေးလေးတစ်ခုကို အသုံးချပြီး ဒီကိရိယာကို ထိန်းချုပ်မှာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းကို ဖြူမည်းဓာတ်ပုံရိုက်ပြီး အပြင်ဘက်ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က လက်ခံသူဟာ အဖြေတွေကို ပြန်ပို့ပေးရမှာဖြစ်ပေမဲ့ အဖြေတွေပြန်ပို့နည်းကိုတော့ သတင်းက မဖော်ပြခဲ့ပါဘူး။

တရုတ်အာဏာပိုင်တွေဟာ ဒီနှစ်မှာ စာမေးပွဲခိုးချသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေမဲ့  China News နဲ့ China Radio International တို့ကတော့ ကျောင်းသားတွေသုံးခဲ့တဲ့ ကိရိယာတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
Sichuan ပြည်နယ်မှာတော့ ကျောင်းသား အယောက် ၄၀ ဟာ အဆင့်မြင့်ဘောပင်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဘောပင်ဟာ မေးခွန်းကို ပို့ပေးသွားမှာဖြစ်ပြီး အလွန်သေးငယ်တဲ့ နားကြပ်ဖူးလေးနဲ့ အဖြေကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။

အခြားပြည်နယ်တစ်ခုမှာ ဖမ်းမိခဲ့တဲ့ပစ္စည်းကတော့ အင်္ကျီတစ်ထည်ဖြစ်ပါတယ်။
ဝါယာကြိုးများ၊ ပလပ်များ၊ နိုကီယာ ဖုန်းအဟောင်းများနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ Guangzhou ပြည်နယ် Fuzhou မြို့မှာတော့ ပိုက်ဆံအိတ်နဲ့ပြုလုပ်ထားတဲ့ ကိရိယာကို စာမေးပွဲဖြေသူ ယောကျာ်းလေးတစ်ဦးဆီကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကိရိယာ က ကင်မရာအသေးလေးတစ်လုံးနဲ့ ပူးတွဲအလုပ်လုပ်မှာပါ။ ကင်မရာကိုတော့ ရေသန့်ဘူးထဲမှာ ထည့်ထားပါတယ်။ အဖြေပြန်လည်လက်ခံမယ့် ပစ္စည်းကိုတော့ ချိုင်းခြားမှာ ထားထားတယ် လို့ဆိုပါတယ်။
အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲတွေဟာ တရုတ်ကျောင်းသားတွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ တက်ရမဲ့တက္ကသိုလ်တွေကို ဒီစာမေးပွဲတွေက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။


စာမေးပွဲကျင်းပရာ နေရာတွေမှာ ရဲတွေကိုအစောင့်ချထားပြီး အနီးအနားမှာ ဆူဆူညံ့ညံ့အသံထွက်ပါက ထွက်တဲ့လူကို ဒဏ်တပ်သွားမှာ ဖြစ်ပါတယ်။

photo>> kotaku.com

Phothutaw
အပြည့်အစုံသို့ »

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရပ်တွေ မှာ တရုတ်ဖက် မြန်မာရပ်မည်ဟု ဦးသိန်းစိန်ပြော


သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်မြန်မာအိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်း အမှတ်ပွဲတွေကို တက်ရောက်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအကြား ဆက်ဆံရေး တိုးမြင့်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ တရုတ်အစိုးရထုတ် တရုတ်ပြည်သူ့နေ့စဉ်သတင်း မှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် စဉ်ဆက် မပြတ် ထောက်ခံအားပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားကိစ္စရပ်တွေမှာ တရုတ်ဖက်က ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတွေ ဆက်ပြီးထားရှိမယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိတွေ အပြန်အလှန် ချစ်ကြည်ရေးခရီးတွေ တိုးမြင့်စေလွှတ်ဖို့၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက အာဏာရ ကြံ့ခိုင်ရေးပါတီတို့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေ့အကြုံဖလှယ်တာတွေ လုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုနဲ့ နယ်စပ်မှုခင်းတွေ အတူတကွ တိုက်ဖျက်ဖို့ စတာတွေကို တရုတ်သမ္မတက အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

၁၉၅၄ ခုနှစ်က မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း ၃ နိုင်ငံအကြားနယ်မြေနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အပြန်အလှန်လေးစားရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ပူးတွဲ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

RFA Burmese
အပြည့်အစုံသို့ »

Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum နဲ့တူတဲ့ ထူးဆန်းသဏ္ဍန်ရှိတဲ့ သတ္တ၀ါကို တရုတ်ပြည်တောင်ကုန်းတွေကြားမှာတွေ့ရှိ


တရုတ်ကမ္ဘာလှည့်ခရီးသည်တစ်ဦးက Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum ရုပ်နဲ့တူတဲ့ သတ္တ၀ါတစ်ကောင်ဟာ ဘေဂျင်းမြို့ မြောက်ဘက် Huairou အရပ်ကကျောက်ဆောင်တွေကြားထဲ ခိုအောင်းနေတယ်လို့ဆိုပါတယ်။ အဲဒီ့အရာကို သက်သေပြဖို့အတွက်လည်း သူကဓာတ်ပုံတစ်ပုံကိုပြပါတယ်။

‘ကျွန်တော်အပေါ့သွားဖို့ သွားတဲ့အချိန်မှာ မကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့တော့တာပဲ။ ကျွန်တော်သူ့ရဲ့ဓာတ်ပုံကိုလဲရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ကြောက်လန့်နေတယ်’ လို့အဆိုပါတွေ့ရှိခဲ့သူဆိုပါတယ်။

အင်တာနက်မှာပြန့်နှံ့နေတဲ့ ဒီဓာတ်ပုံကို မြင်လိုက်ရတဲ့သူတစ်ဦးက မှတ်ချက်ပေးတဲ့နေရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။

‘ပြီးခဲ့တဲ့တစ်ပါတ်တုန်းက ကျွန်တော်/ကျွန်မနဲ့ သူငယ်ချင်းတွေ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားငယ်တစ်ကားရိုက်ကူးဖို့ တောင်ကြားတွေထဲကို သွားခဲ့ပါတယ်။ ကျွန်တော်/ကျွန်မ အပေါ့သွားနေတုန်းမှာ လူတစ်ယောက်ယောက်လာပြီး ကျွန်တော်/ကျွန်မ ကိုဓာတ်ပုံရိုက်သွားပြီး ထွက်ပြေးသွားတယ်’ ဆိုပြီးဖြစ်ပါတယ်။

Ref:dangerousminds.net
Trend Myanmar
အပြည့်အစုံသို့ »

သမ္မတဦးသိန်းစိန် ခရီးစဉ်အတွင်း တရုတ်မှ အကူအညီပေးမည့် သဘောတူစာချုပ်လေးခု လက်မှတ်ရေးထိုး


ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများ သဘောတူညီမှု နှစ်(၆၀)ပြည့်အခမ်းအနားတွင် တရုတ်သမ္မတ စီကျင်းပင်၊ ဝန်ကြီးချုပ် လီကီကျန်း၊ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဒုတိယသမ္မတ ဟာမစ်အန်ဆာရီတို့ကို ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)
သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံသို့ လေးကြိမ်မြောက် ခရီးစဉ်တွင် တရုတ်နိုင်ငံမှ အကူအညီပေးရေး သဘောတူစာချုပ် လေးခု လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံ တရုတ်ဆက်ဆံရေး မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်လုံခြုံရေးတို့ကို တရုတ်သမ္မတ စီကျင်းပင်နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်က မြန်မာသို့ အကူအညီပေးရေး လက်မှတ်ရေးထိုးမှုတွင် မြန်မာ-တရုတ် ယဉ်ကျေးမှုစင်တာ အပြန်အလှန်ထူထောင်မှုဆိုင်ရာ နားလည်မှုသဘောတူညီချက်၊ ယဉ်ကျေးမှုအမွေ အနှစ် အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေဖော်ထုတ်ရေး ကဏ္ဍများတွင် သဘောတူညီချက်၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာ တက္ကသိုလ် ရတနာပုံဆိုက်ဘာ စီးတီးအတွက် ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ပစ္စည်းများ အ ကူအညီပေးရေးစသည့် အချက် လေးချက်တို့ကို သဘောတူ လက် မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။

ထို့ပြင် တရုတ်သမ္မတ စီကျင်းပင်နှင့် သမ္မတဦးသိန်းစိန်တို့ ၏ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍ၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော် ရေး၊ မြန်မာစိုက်ပျိုးရေးတွင် တရုတ်က နည်းပညာအကူအညီပေးရေး၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတိုးမြှင့်ရေး နှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သမ္မတ၊ ခရီးစဉ်တွင် အတူလိုက်ပါသွားသည့် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ကမ္ဘာ့နိုင်ငံများ အနက် တရုတ်နိုင်ငံသို့ လေးကြိမ်မြောက်အဖြစ် အကြိမ်အများဆုံး သွားရောက်ထားပြီး ယခုခရီးစဉ်မှာ တရုတ်-မြန်မာ-အိန္ဒိယသုံးနိုင်ငံက သဘောတူချမှတ်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူဝါဒငါးရပ် နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဘေဂျင်းမြို့သို့သွားရောက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေး မူဝါဒငါးချက်ကို ၁၉၅၄ ခုနှစ်က အိန္ဒိယ၀န်ကြီးချုပ် နေရူး၊ မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့က တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး၊ လေးစားရေး၊ နိုင်ငံများတန်းတူညီရေး၊ ကျူးကျော်ခြင်း မပြုရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဖြင့် စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၇ ရက်မှ စတင်ခဲ့သည့် လေးရက်ကြာ တရုတ်နိုင်ငံ သို့ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော ဦးကျော်ဆန်း၊ ဦးဇေယျာအောင်၊ ဦးဝင်းရှိန်နှင့် ဒုဝန်ကြီး ဦးရဲထွဋ်၊ ဒေါ်စန္ဒာခင်တို့ လိုက်ပါသွားသည်။

7day daily
အပြည့်အစုံသို့ »

အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး


တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ်တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက်ကျွံပြီး ပြန်မထွက်နိုင် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။ ဒီလို သွားရာမှာ အသုံးမပြုတော့တဲ့ ဓာတ်လှေကား ပေါ်က အိမ်ခေါင်မိုးပေါ်ကို တက်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ ယီဖူဟာ ကံမကောင်းခဲ့ဘဲ ဓာတ်လှေကား အပေါက်ဝမှာ ခြေကျွံကျသွား ခဲ့ပါတယ်။ ကိုယ်အလေးချိန်ဒဏ်က အရမ်း များတာမို့ ခြေကျွံကျသွားမှုကို ပြန်လည် ဆွဲထုတ်လို့ မရဘဲ တစ်ညလုံး ငိုကြွေး နေခဲ့ရပါ တယ်။ နံနက် မိုးလင်းတဲ့အခါ အိမ်ရှင်ဖြစ်သူက ငိုသံကြားပြီး တက်ကြည့်တော့ ယီဖူရဲ့ အဖြစ်ကိုတွေ့ပြီး တာဝန်ရှိသူတွေထံ အကြောင်း ကြားပြီး ကယ်တင်မှု ပြုလုပ်ပေး ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ယီဖူဟာ အပေါက်ကျွံမှု ကို (၈)နာရီကြာ ခံစားခဲ့ရပြီး ငိုကြွေးမှုကို ဘယ်သူမှ မကြားခဲ့ဘူးလို့ ပြောသွား ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်သားရဲ့ ကယ်ဆယ်ပေးမှုကြောင့် အ၀လွန်တဲ့ သူခိုးဟာ အပေါက်ကျွံမှု ကနေ လွတ်မြောက် သွားခဲ့ခြင်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကိုယ်အလေးချိန်ကို လျှော့ချဖို့လိုကြောင်း ဟာသနှော ပြောဆိုသွား ပါတယ်။

Messenger News Journal
အပြည့်အစုံသို့ »

တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် ရုပ်ချင်းဆင်သည့် ပေါင်မုန့် ဆိုင်ရှင်တစ်ဦး ပေါ်လာ


သန်းထိုက်စိုး

ချန်ရှား ၊ ဇွန် ၆

တရုတ်သမ္မတ ရှိကျင်းဖျင်သည် ၂၀၁၂ ခုနှစ်၌ သမ္မတဖြစ်ပြီးနောက် ပေကျင်းမြို့ထဲရှိ မုန့်ဆိုင် တစ်ဆိုင်တွင် ပြည်သူများ အကြားတန်းစီ ၀ယ်ယူပြီးနောက် ဆိုင်မှာပင် ထိုင်စားပြခဲ့သဖြင့် ထိုလုပ်ရပ်အတွက် ရေပန်းစားခဲ့သည်။ ယခုအခါ စားသောက်စရာ နှင့် ပတ်သက်ပြီး တရုတ်သမ္မတရှီသည် ထပ်မံနာမည်ကြီး လာပြန်ပြီဖြစ်သည်။

ယခုအခေါက်တွင်ကား သမ္မတရှီနှင့် ရုပ်ချင်းဆင်တူသည့် ပေါင်မုန့်ဆိုင်ရှင် တစ်ဦး တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့တွင် ပေါ်ပေါက် လာခြင်းဖြစ်သည်။ သမ္မတရှီနှင့် ရုပ်ချင်းလွန်စွာ ဆင်တူသူ ရောင်းချသည့် ပေါင်မုန့်ကို စားချင်သူများ သည် ပေါင်မုန့် ဆိုင်ငယ်ရှေ့တွင် လူတန်းကြီး ဖြစ်အောင်တန်းစီ စောင့်ဆိုင်း နေကြရကြောင်း သိရသည်။

ပေါင်မုန့်ဆိုင်ရှင် ရှကျင်းဟွာသည် ချန်ရှားမြို့ တက္ကသိုလ်အနီး အသီးအရွက်နှင့် အသားများ ညှပ်ထားသော ပေါင်မုန့်များကို ဆိုင်ငယ်လေးဖြင့် ရောင်းချနေသူဖြစ်သည်။ ပေါင်မုန့် ဆိုင်လာသူများသည် ပေါင်မုန့် ၀ယ်စားချင်ရုံ သက်သက် မဟုတ်ဘဲ သမ္မတ ရှီနှင့် ရုပ်ချင်းဆင်သော ပေါင်မုန့်ဆိုင်ရှင်နှင့် ဓာတ်ပုံ တွဲရိုက် သောကြောင့်လည်း ပါသည်။

ရှကျင်းဟွာနှင့်  ပေါင်မုန့်ဝယ်သူများ တွဲရိုက်ထားသည့် ဓာတ်ပုံများ တရုတ်ဆိုရှယ် မီဒီယာများတွင် ပြီးခဲ့သည့် ရက်ပိုင်းက တက်လာပြီးနောက် ၄င်း၏ သတင်းသည် ဟိုးလေး တစ်ကျော်ကျော် ဖြစ်သွားခဲ့ပြီး ၄င်းကို မြင်ချင်သောကြောင့် ပေါင်မုန့် လာဝယ်သူလည်း အလွန်များပြား ခဲ့သည်။ ရှကျင်းဟွာကမူ ၄င်း၏ ပေါင်မုန့်ကို ကြိုက်ကြခြင်း ကြောင့်သာ လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။ တစ်ရက်ကို ပေါင်မုန့် အလုံး ၁၆၀၀ ခန့် ရောင်းချရကြောင်း သိရသည်။ ရှကျင်းဟွာ၏ ပေါင်မုန့်များ အရည်အသွေး ကောင်းကြောင်းကို စားသုံးသူများက အမှတ် ကောင်းကောင်း ပေးကြကြောင်း လည်း အစားအစာ လမ်းညွှန် Dianping.com ၏ ဖော်ပြချက်အရ သိရသည်။

 Source: BBC
the messenger
အပြည့်အစုံသို့ »

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ


ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)အနက် (၂၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ပြီး စူပါကွန်ပျူတာ နည်းပညာ နယ်ပယ်တွင် တရုတ်၏ ခြေလှမ်းကျဲကျဲ ဝင်ရောက်လာမှုကို ထင်ဟပ်စေသည်။ သို့သော်လည်း ကမ္ဘာ့မြန်နှုန်း အမြင့်ဆုံး စူပါကွန်ပျူတာများ စာရင်းကို အမေရိကန်က အဓိက လွှမ်းမိုးထားဆဲဖြစ်ပြီး အဆိုပါ (၅၀၀)စာရင်းတွင် အမေရိကန်မှ စူပါကွန်ပျူတာ (၂၃၃)လုံးထိ ပါဝင်နေသည်။

အဆင့်မြှင့် မွမ်းမံမှုများ ဆက်တိုက်ပြုလုပ်နေသည့်နောက် Tianhe-2သည် တစ်နှစ်တာအတွင်း အမြန်ဆုံး စူပါကွန်ပျူတာများ စာရင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ Tianhe-2 ကွန်ပျူတာ၏ တွက်ချက်မှု စွမ်းရည်သည် 33.86 petaflop/s (quadrillions of calculations per second)ထိ ရှိနေကြောင်းလည်း သိရသည်။

Tianhe-2ကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်တွင် သုတေသနနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် တပ်ဆင်ထားရှိသည်။ လွန်ခဲ့သည့် (၅)နှစ်က IBM၏ Roadrunner စူပါကွန်ပျူတာက တွက်ချက်မှုစွမ်းရည် 1 petaflop/sထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း စူပါကွန်ပျူတာများ၏ မြန်နှုန်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ Roadrunnerသည် စွမ်းအင်သုံးစွဲမှု များပြားလွန်းသဖြင့် (၂၀၁၃)ခုနှစ်တွင် ရပ်နားသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည် အမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)တို့၏ စုစုပေါင်း တွက်ချက်နိုင်သည့် စွမ်းရည်မှာ 274 petaflop/sထိ ရှိနိုင်မည် ဖြစ်သည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ (၇၆)လုံး၊ ဗြိတိန်မှ အလုံး(၃၀)၊ ပြင်သစ်မှ (၂၇)လုံးနှင့် ဂျာမနီမှ (၂၃)လုံးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

7daydaily
အပြည့်အစုံသို့ »

တရုတ်နိုင်ငံမှာ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးကို လက်အောက်ငယ်သားက ကုန်းပိုးပြီး ရေအိုင်တခုကို ကျော်လွှား ချီပို့ပေးနေတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့အပြီးမှာ အဲဒီ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။



ဂျန်ဇီ ပြည်နယ်မှာ မြစ်ရေလျှံမှုတွေ ဖြစ်ခဲ့စဉ် ကလေးငယ် ၃ဦး မြစ်ထဲမျောပါသွားခဲ့တာကို ကူရှာပေးဖို့ ရောက်ရှိလာတဲ့ အဲဒီပုဂ္ဂိုလ်ဟာ သူစီးလာတဲ့ သားရေ ရှူးဖိနပ် ရေစိုသွားမှာ စိုးရိမ်ခဲ့ပုံ ရပါတယ်။
အခုလို လက်အောက်ငယ်သားက ကုန်းပိုး ချီပို့ပေးရတာဟာ မလျော်ကန်တဲ့ လုပ်ရပ်အဖြစ် သူ့ရဲ့ အထက်အရာရှိတွေက ဆုံးဖြတ်ခဲ့ပြီး အခုလို အလုပ်ထုတ်လိုက်တာပါ။

အင်တာနက်ပေါ်မှာ အဲဒီ ဓာတ်ပုံတွေ ပျံ့နှံ့သွားအပြီးမှာ လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ ဒေသန္တရ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို အင်တာနက်တွေပေါ်ကနေ ထောက်ပြ ဝေဖန်လေ့ ရှိပါတယ်။

BBC Burmese
အပြည့်အစုံသို့ »

တောင်နံရံ ကျောက်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်းတော်


တရုတ်နိုင်ငံ ဒန်တောင် အနီးမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းတော်ကြီးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်ငါးရာကျော်အချိန်အတွင်း ဟမ်းတောင်ရဲ့ ကျောက်ကမ်းပါးနံရံ ဘေးမှာကပ် ပြီးဆောက်ထားတဲ့ ဘုရားကျောင်းတော် ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ထင်ရှားကျော်ကြားတဲ့ ဘုရားကျောင်းတော်တွေကြားမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဒီ Xuan Kong Si Hanging Templ ကကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်တွေအတွက် တစ်ခါမှ မကြုံ ဖူးမမြင်ဖူးတဲ့ ကျောင်းတော်ရာ တစ်ခုလည်းဖြစ်ပါတယ်။


မြေပြင်အမြင့် ၂၄၆ပေ (၇၅မီတာ)အမြင့် ကျောက်ကမ်းပါးရံမှာ တွဲလဲခိုထားသလို ဖြစ်ပြီး ထောက်တိုင်တွေကို အသုံးပြုကာ ဘုရားကျောင်းတော်အထပ်တွေကို ကပ် ဆောက်လုပ်ထားတာပါ။ တရုတ်နိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာကထွန်းကားခဲ့တဲ့ ကိုး ကွယ်မှု ဘာသာသုံးမျိုးဖြစ်တဲ့ Buddhism, Taoism, and Confucianism တို့ရဲ့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော ဘုရားကျောင်း တစ်ခုလည်းဖြစ်ပါတယ်။

ဒီဘုရားကျောင်းရဲ့တည်ဆောက်ပုံမှာ ဝေဟင်ပေါ်မှာ ထီးထီးမတ်မတ်ရှိနေတဲ့အပြင် လေဒဏ်၊မိုးဒဏ် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် အကာအကွယ်တွေနဲ့ အခိုင်ခံ ဆုံးတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဘုရားကျောင်းတော်ရာပေါင်း ၄၀ ရှိပြီးတော့ အဲ့ဒီ တစ်ခန်းစီကို လျှောက်လမ်းလေးတွေ၊လှေကားငယ်လေးတွေနဲ့ ဆက်သွယ်ပေး ထားပါတယ်။


တောင်နံရံ ကို ဆောက်တွေနဲ့ဖောက်ထွင်းပြီးတော့ သစ်သားတိုင် ချောင်းတွေ စိုက်ထူထားကာ သံကြိုးအခိုင်အမာတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။
ကျောင်းတော် ၄၀ မှာ ကြေးနဲ့ သွန်းလုပ်ထားတဲ့ ဘုရားရုပ်တုနဲ့ ရွံ့နဲ့ထုလုပ်ထားတဲ့ ဘုရားဆင်တုတော် ပေါင်း၈၀ ကျော်တည်ထားကိုးကွယ်ထားသည်ကို တွေ့ရှိရပါတယ်။

ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းလာတဲ့ဒီကျောင်းတော်ရာက တရုတ်နိုင်ငံကိုလာ ရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားမှုအရှိဆုံး ဗုဒ္ဓအမွေအနှစ် တွေပဲဖြစ်ပါတယ်။


Credit phothutaw
အပြည့်အစုံသို့ »

တရုတ်လမ်းသရဲ ၁၃ ဦးကို ရဲက ပစ်သတ်ဟု အစိုးရ ရုပ်သံ ဆို


တရုတ်နိုင်ငံ တောင်ပိုင်းက မငြိမ်မသက် ဖြစ်နေတဲ့ ရှင်ကျန်း ပြည်နယ်မှာ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လမ်းသရဲ ၁၃ ယောက်ကို ရဲက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ အစိုးရ ရုပ်သံက ဆိုပါတယ်။

ရဲက ပစ်သတ်လိုက်တဲ့အဖွဲ့ဟာ ကက်ခ်ျဂါ ရဲစခန်းကို ကားနဲ့ ၀င်တိုက်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းကို ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ရဲ ၃ ယောက်ဒဏ်ရာ အနည်းငယ် ရရှိတာကလွဲလို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စီစီတီဗွီက ဆိုပါတယ်။

အခြေအနေကို ဆက်လက်စုံစမ်းနေပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်စွန်း ရှင်ကျန်း ပြည်နယ်မျာ အခုနောက်ပိုင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပေါ်ပေါက်နေလို့ အစိုးရကလည်း ဆက်တိုက် နှိမ်နင်းနေရပါတယ်။

ဒီလအစောပိုင်းမှာပဲ တောင်ပိုင်းဒေသမှာ ဆိုးသွမ်းတိုက်ခိုက်သူ တဒါဇင်နဲ့ ဘေဂျင်းမြို့လယ် တီယန်နန်မင် ရင်ပြင်ကို တိုက်ခိုက်တဲ့ တခြားသုံးယောက်ကို အစိုးရက ကွပ်မြက်ခဲ့ပါတယ်။

မေလ ၃၁ ရက်နေ့က ရှင်ကျန်း ပြည်နယ်ထဲက ဥရန်ကျီ မြို့မှာ တိုက်ခိုက်ရေးသမားတွေက ဈေးတခုထဲကို ဖောက်ခွဲရေးပစ္စည်း ပစ်သွင်းဖောက်ခွဲခဲ့လို့ လူ ၃၁ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ ဒီနှစ်တွေအတွင်း တရုတ်ပြည်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

dvb burmese
အပြည့်အစုံသို့ »