Showing posts with label complaint-letter. Show all posts
Showing posts with label complaint-letter. Show all posts

ကျောင်းအပ်စဉ် ငွေကောက်ခံခဲ့သော မူလွန်တွဲဖက်အလယ်တန်းကျောင်းကို အရေးမယူသေး


မန္တလေးစက်မှုဇုန် (၂) အတွင်းရှိ မူလွန်တွဲဖက်အလယ် တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းအပ်လက်ခံကာလက ငွေကောက်ခံခဲ့သဖြင့် သက်ဆိုင် ရာ   မြို့နယ်ပညာရေးမှူးရုံးသို့ တိုင်စာပို့ခဲ့သော်လည်း   အရေး ယူခြင်းမျိုးမရှိသေးကြောင်း စက် မှုဇုန်(၂)တွင် နေထိုင်သူကျောင်း သားမိဘတစ်ဦးက ပြောသည်။

‘‘ကိုယ်ကြိုက်တဲ့ ဆရာမ အတန်းပိုင်လုပ်မယ့်အခန်းရဖို့ ကျောင်းသားတစ်ဦးကို ငွေတစ် သောင်းပေးရတယ်။ အမှတ်နဲ့ခွဲ တာမဟုတ်ဘဲ ပိုက်ဆံနဲ့ခွဲတာ။ ဒီကျောင်းက အစဉ်အလာလိုဖြစ် နေပြီ။ မြို့နယ်ကိုတော့ စာတင် ထားတယ်’’ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့အတွင်းရှိ နာ မည်ကြီးအခြေခံပညာကျောင်း များတွင်မူ ကျောင်းအပ်ကာလ အတွင်း ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း ချမ်း အေးသာစံမြို့နယ်နေ ကျောင်း သားမိဘတစ်ဦးဖြစ်သူ ကိုထိန် ဝင်းက ပြောသည်။

မန္တလေးတိုင်းအတွင်းမှ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံ   ကာလ၌ ငွေကြေးကောက်ခံမှုများ ရှိခဲ့ပါက တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း  ပြောကြား ထားသည်။

ယခုနှစ်မှစတင်၍    အခမဲ့ အလယ်တန်းအဆင့်ပညာရေးကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းအချို့တွင် ကျောင်းအပ် ကာလအတွင်းက    ငွေကြေး ကောက်ခံမှုတစ်စုံတစ်ရာရှိခဲ့ပါ က အမည်၊ လိပ်စာ အတိအကျ နှင့် မန္တလေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးထံ တိုက်ရိုက်တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားမှုမှန်ကန် ပါက ထိုက်သင့်သည့် အရေးယူမှု များ အမှန်တကယ်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း ပညာရေး မှူးရုံးမှ တာဝန်ရှိသူက ပြော သည်။

‘‘သူငယ်တန်းကနေ    ရှစ် တန်းအထိ ဘာကြေးမှမကောက် ရဘူးလို့   စာတွေထုတ်ထားပြီး သား။    ကောက်တယ်လို့တိုင်ရင် အရေးယူမှာ။    တိုင်ရင်လည်း တိတိကျကျတော့တိုင်ရမှာပေါ့။  ဒါပေမဲ့ အခုအချိန်ထိ ပိုက်ဆံ ကောက်လို့ တိုင်တာမျိုးတစ်ခုမှ မရှိသေးဘူး’’ဟု အဆိုပါတာဝန်ရှိ သူက ပြောသည်။

7day daily
အပြည့်အစုံသို့ »

တွံတေးမြို့နယ်မှ မြို့ နယ်အုပ်ချုပ်ရေးမှူး လဘ်စားမှု


တွံတေးမြို့   နယ် အထွေထွေ အုပ်ချုပ်ရေးမှူး  ဦးသန်းဇော်ဟန် သည် ယစ်မျိုးလိုင်စင်  (-စီ  ) CS 2-A   အတွက် ယစ်မျိုးခွန်ကို ကောက်ခံရာတွင် သတ်မှတ် ကြေး  ကျပ် ငါးသောင်း ကောက်ခံရမည့်  အစား
အပြည့်အစုံသို့ »

ပါတီကြီးတစ်ခု၏ ကျူးကျော်ဆိုင်းဘုတ် ဖြုတ်သိမ်းပေးရန် – ပေးစာ


ကျွန်တော်များ နေထိုင်ရာ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်သည် ၁၉၉၂ ခုနှစ်စတင်၍ ပြောင်းရွှေ့ နေထိုင် ခဲ့ကြသူများ ဖြစ်ပါသည်။ ရပ်ကွက်ရှိ ဓမ္မာရုံမှာလည်း ရပ်ကွက်နေ ပြည်သူများနှင့် ၀ါတွင်းကာလ ဆွမ်းလောင်းအဖွဲ့ ၃ ဖွဲ့မှ ပိုလျှံသော ငွေကြေးဖြင့် ဆောက်လုပ် လှူဒါန်းပြုပြင်ထားသော ဓမ္မာရုံ ဖြစ်ပါသည်။

ယခုအခါ ပါတီကြီး တစ်ခုမှ ရပ်ကွက် စည်းရုံးရေးမှူး (ဥက္ကဋ္ဌ)ဖြစ်သူသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်းဝါးရိုက်၍ သံဃာ့နုဂ္ဂဟ အသင်းဥက္ကဋ္ဌ အမည်ခံကာ ရပ်ကွက် ပြည်သူအများပိုင် ဓမ္မာရုံအား သံဃာ့နုဂ္ဂဟ အသင်းဆိုင်းဘုတ်ကို မတရားသဖြင့် ကျူးကျော်၍ တပ်ဆင်ထားခြင်းအတွက် ပြန်လည်ဖြုတ်သိမ်းပေးပါရန်။ (ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၏ ပါတီစည်းရုံးရေးကို ဘာသာရေး ခုတုံးမလုပ်ဟုဆိုခြင်း အပေါ်၌ မယုံကြည်စရာ ဖြစ်ပါသည်။) စည်ပင်ပိုင် ပလပ်မြေများသည် ပြည်သူပိုင်၊ အများပိုင်မြေများ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီမှ ကျွန်တော်များ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၊ ပန်းခြံ ၂၆ ရှိ ပလပ်မြေကို ပါတီသစ်ပင် စိုက်ခင်းအဖြစ် လည်းကောင်း၊ အ၀ီစိတွင်းတူးရာတွင် လွှတ်တော် ကိုယ်စားလှယ်က လူလုံးပြ အကာအကွယ် ပေးခြင်းများ တရားမ၀င် ပြုလုပ်ခဲ့ပါသည်။ သို့ပါ၍ အများပိုင်မြေ၊ ပြည်သူပိုင်မြေ ပေါ်တွင် ပါတီစိုက်ခင်းအဖြစ် ဆိုင်းဘုတ် တင်ထားခြင်းကို တားမြစ်ဖြုတ်သိမ်းပါရန် တင်ပြအပ်ပါသည်။ (သစ်ကုလားအုပ် ပုံပြင်မှ ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနှင့် တူနေပါသည်။)

သူရိန်(တမာမြေ)
မြန်မာသံတော်ဆင့်
အပြည့်အစုံသို့ »

လာရှိုးမှာ ခုံဖိုးတောင်းတဲ့ကျောင်းက စာသင်ဖို့ ကိုယ့်ဖျာကိုယ်ယူပြီး လာရသတဲ့ - ပေးစာ


မြန်မာနိုင်ငံ မှာ ပညာရေးနဲ့ပတ်သတ်ပြီး ဘယ်လောက် ဆိုးဆိုးရွားရွားဖြစ်နေလဲဆိုတာ ယခုတင်ပြမယ့် ပေးစာက ထင်သာမြင်သာရှိအောင် ပြောပြပါလိမ့်မယ်။ ဟိုတစ်လောကလည်း ရန်ကင်း TTC မှာ
အပြည့်အစုံသို့ »

ကောက်ရ ဆင်းကဒ်အလွတ်ကို ရဲစခန်းသို့ လာရောက်အပ်နှံသည့် အသက်မပြည့်သူအား ရဲများက ဖမ်းဆီးချုပ် နှောင်ကာ ရိုက်နှက်ထား ဟု ဆို


သို့
ပြည်နယ်ရဲတပ်ဖွဲ့မှူး
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
စစ်တွေမြို့


ရက်စွဲ - ၂၀၁၄ ခုနှစ် ဇွန်လ (၃) ရက်
အကြောင်းအရာ။ ။ မဟုတ်မမှန် စွပ်စွဲပြီး ချုပ်နှောင်ထားသည့်အတွက် ဥပဒေနှင့်အညီ ဖြစ်နိုင်ရေး ကူညီဆောင်ရွက် ပေးပါရန် အသနားခံ တင်ပြခြင်း။
ရိုသေစွာဖြင့် -

၁။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်သည် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ ကျောင်းတက်လမ်းရပ်ကွက်၊ အိမ်အမှတ် (၂၉၄) တွင်နေထိုင်သူဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ မြေးတော်စပ်သူ အောင်ဆန်းဝင်း (ခေါ်) ညီချေ (ဘ) ဦးကျောက်သီးအောင် လည်းနေထိုင်လျက်ရှိပါသည်။ ၂၉-၅-၂၀၁၄ ရက်နေ့ ညနေ (၃) နာရီ နှင့် (၄)နာရီကြားတွင် အောင်ဆန်းဝင်း (ခေါ်) ညီချေ သည် ဆိုင်ကယ်ဖြင့်သွားစဉ် မင်းဘာကြီးလမ်း နှင့် ကုန်သည်လမ်းထောင့် မှ ဖုန်း ဆိမ်းကဒ် အလွတ်တစ်ခု ကောက်ရခဲ့ကြောင်း သိရှိရပါသည်။

၂။ ထို့ကြောင့် ၄င်းဆိမ်းကဒ်မှာ ဆက်သွယ်၍ ရမရ သိရှိနိုင်ရေးအတွက် အခြား ဟန်းဆက် တစ်ခုတွင် ထည့်လိုက်သည်နှင့် တစ်ဘက်မှ ဆက်သွယ်လာရာ အမှတ် (၁) ရဲစခန်းမှ ဆိမ်းကဒ် ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်း ဆိမ်းကဒ်ကို အမြန်ဆုံး လာရောက်ပေးကပ်ရန် အကြောင်းကြား၍ ချက်ချင်းပင် အမှတ်(၁) ရဲစခန်းသို့ အောင်ဆန်းဝင်း (ခေါ်) ညီချေ ကိုယ်တိုင် သွားရောက်အပ်နှံသောအခါ မဟုတ်မမှန် စွပ်စွဲလျက် ဖမ်းဆီးချုပ်နှောင်ခံရကြောင်း သိရှိရပါသည်။ အုပ်ထိန်းသူ ဖြစ်သည့် ကျွန်တော်တို့အား အသိပေးခြင်း မရှိဘဲ ယနေ့တိုင် တွေ့ဆုံရခြင်းလည်း မရှိသေးပါ။ ထို့ပြင် ဖမ်းဆီးခံရသည့်နေ့မှစ၍ တရားနည်းလမ်းမကျသည့် ကိုယ်ထိလက်ရောက် သတ်ပုတ်ရိုက်နှက်ခြင်းများ ပြုလုပ်ခံရကြောင်းလည်း ကြားသိရပါသည်။

၃။ အောင်ဆန်းဝင်း (ခေါ်) ညီချေ မှာ တိုင်းပြည်အတွက် လူမှုအဖွဲ့အစည်းများဖြစ်သည့် အရံမီးသတ် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အခြားလုံခြုံရေးသင်တန်းများကို တက်ရောက်၍ လည်းကောင်း တက်ကြွစွာပါဝင် ဆောင်ရွက်နေသူလည်း ဖြစ်ပါသည်။ ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦးဖြစ်ကြောင်းကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အား ပူးတွဲတင်ပြအပ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ကောက်ရထားသည့် ပစ္စည်းအား ရိုးသားစွာအပ်နှံပေးခဲ့သူကို ယခုကဲ့သို့ မဟုတ်မမှန်စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် ပတ်သက်၍ ဥပဒေ နှင့် အညီ ဖြစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် အသနားခံတင်ပြ လျှောက်ထားအပ်ပါသည်။
လေးစားစွာဖြင့် -

(ဦးဦးထွန်းသာ)
ဖုန်း - ၀၉၄၂၁၇၆၆၂၆၉
ကျောင်းတက်လမ်းရပ်ကွက်၊ စစ်တွေမြို့။
=======================
အယ်ဒီတာ့ မှတ်ချက်။ ။ အောင်ဆန်းဝင်း (ခေါ်) ညီချေ မှာ အသက် (၁၇) နှစ်မျှသာ ရှိသေးသည် ဟု သိရပါသည်။

စစ်တွေ ၊ ၀၃ ဇွန်လ ၂၀၁၄ ၊ Coral Arakan News ၊ [ တိုင်စာ ]
အပြည့်အစုံသို့ »

တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ


ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။
ယင်းကော်စက်ရုံသည် ကော် ပုံများထုတ်လုပ်လျက်ရှိပြီး စက်ရုံ မှ အသံများကြောင့် ညစဉ်အိပ် ရေးပျက်ခြင်းကိုလည်းကြုံတွေ့နေရ ကြောင်း ဒေသခံများက ပြော သည်။ အဆိုပါစက်ရုံကို စက်မှုဇုံ တစ်ခုခု၌ တည်ဆောက်သင့်ပြီး လူနေရပ်ကွက်၌  ဆောက်ထား သဖြင့် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပြောင်းရွှေ့ဖယ်ရှားပေးရန်လက်မှတ် ထိုးတိုင်ကြားထားကြောင်း သိရ သည်။
“ဒီစက်ရုံက ကျွန်မတို့အိမ်ရဲ့ နောက်ဘက်မှာဆိုတော့ ညှော်နံ့ တွေကိုအမြဲရှူနေရတယ်။ လူကြီး တွေလည်း ခေါင်းကိုက်တယ်။ ကျွန်မသားလေးခဏခဏတရှောင် ရှောင်ဖျားနေတော့ ဆေးခန်းပြပြီး ဆေးစစ်ကြည့်လိုက်တော့ အဆုတ် ရောဂါဖြစ်နေတယ်လို့သိရတယ်။ ကျွန်မသားလေးကိုဆေးတိုက်တာ (၆)လရှိသွားတော့ ဆေးကိုတော့ ရပ်လိုက်ပြီ”ဟုမိခင်ဖြစ်သူဒေါ်အေး မွန်စိုးက ပြောသည်။
ယခုကာလတွင်  ကလေး တချို့တွင်အဆုတ်ရောဂါများခံစား နေရကြောင်းနှင့် အဆုတ်ရောဂါ ပျောက်ဆေးများကိုသောက်နေရ ကြောင်း သိရသည်။
“လူကြီးတွေလည်းအသက်ရှူ ကျပ်လို့ ဆေးခန်းကိုပြနေရတယ်။ ကျွန်မတို့အနေနဲ့ ဒီစက်ရုံကိုပြောင်း ရွှေ့တာကိုပဲလိုချင်တယ်။ သူတို့က စီးပွားရေးလုပ်ပေမဲ့ပတ်ဝန်းကျင်ကို ထိခိုက်တာတော့မကောင်းဘူး။ ကျွန်မတို့ လူနေရပ်ကွက်ဖြစ်နေတဲ့ အတွက် ဒီစက်ရုံတွေကိုမဆောက် သင့်ဘူး။စက်မှုဇုန်ထဲမှာပဲဆောက် သင့်ပါတယ်”ဟု ၎င်းက ထပ်မံ ပြောသည်။
 ရပ်ကွက် ပြည်သူများက လက်မှတ်ထိုးတိုင်ကြားထားသည့် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး က စက်ရုံပိုင်ရှင်ကိုခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သိရသည်။
“ကျွန်တော်စက်ရုံပိုင်ရှင်တွေ ကိုခေါ်ပြီးတော့ပြောပြထားပါတယ်။ သူတို့လုပ်နေတဲ့နောက်ကျောမှာ ရှိတဲ့ ဘုမ်္မာ ၁၂ လမ်း၊ ၁၃ လမ်း မှာရှိတဲ့လူတွေနဲ့ နောက်ဖေးချင်း ပေါက်နေတယ်။ တိုင်သူတွေရှိ တော့ စက်ရုံပိုင်ရှင်ကို ခေါ်ပြီး သဘောထားကို မေးမြန်းတယ်။ ကျွန်တော်တို့ကစက်ရုံကိုဆက်မလုပ် ဖို့ပြောတဲ့အခါကျတော့ ညှော်နံ့ တွေကင်းအောင်လေစုပ်ပန်ကာ တွေ၊ ခေါင်းတိုင်တွေကိုခပ်မြင့်မြင့် ကိုတပ်ပေးမယ်လို့ပြောတယ်။ ဒီလို ဆောင်ရွက်ပေးလို့မှမရရင်လည်း တိုင်ချင်ရာ တိုင်ကြပါလို့ ပြောပါ တယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမျိုးဆွေက ပြောသည်။
ရပ်ကွက်နေပြည်သူများနှင့် ၎င်းင်းစက်ရုံဖယ်ရှားပြောင်းရွှေ့ရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်း၌ အသံဆိုး၊ အနံ့ဆိုးထွက်သော လုပ်ငန်းများကိုတားမြစ်ကာရွှေ့ ပြောင်းခြင်းများပြုလုပ်လျက်ရှိ သော်လည်း လူနေရပ်ကွက်များ တွင် အသံဆိုး၊ အနံ့ဆိုးထွက် သောလုပ်ငန်းအချို့ဆက်လက်ရှိ နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ တို့က ဆိုသည်။    

မျိုးကျော်
BY HOTNEWS
အပြည့်အစုံသို့ »

သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက် ၌ပျက်စီးနေသော (SlowDown)များအား အသစ်ပြုပြင်ပေးပါရန်


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်၊ ပျက်စီးနေသော (SlowDown)များအားအသစ်ပြုပြင်ပေးပါရန် ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ လက်တွဲလျှက်  ၄င်းတို့၏ ရပ်ကွက်အတွင်းဖြစ်ပျက်နေသော လမ်းများကိုကြည့်ရှုပြီးတင်ပြထားရှိပါသည်။
“ကျွန်တော်တို့ရပ်ကွက်ရဲ့ အလယ်ဖြတ်လမ်းဖြစ်တဲ့ ထန်းပင်ကုန်းအတွင်းလမ်းမကြီးကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့က လမ်းခင်းစဉ်(SlowDown)များကိုဆောင်ရွက်ပေးခဲ့စဉ်ကာလက။ဒီ(SlowDown)အပြင် (ရပ်၊ ကြည့် ၊သွား) ဆိုင်းဘုတ်များကိုဆောင်ရွက်ပေးခဲ့ပါတယ်။ဒါပေမယ့် မသမာသူများက ညပိုင်းဆိုလျှင် ရိုက်ချိုးဖျက်ဆီး မှုများကြောင့်။ကျွန်တော်အပါအဝင် ရပ်ကွက်နေပြည်သူများလည်းစိတ်မချမ်းမြေ့မှုတွေနေ့စဉ်ကြုံတွေ့နေရပါတယ်”ဟု ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး(ဂီတစာဆို)သန်လျင်စိုးသိန်းကပြောကြားခဲ့ပါသည်။
အဆိုပါ (SlowDown)များပျက်စီးယိုယွင်းမှုကြောင့်မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များ အရှိန်ပြင်းစွာ မောင်းနှင့် မှုကြောင့် မတော်တဆယာဉ်တိုက်မှုများအကြိမ်ကြိမ်ဖြစ်ပွားလျှက်ရှိပြီး၊မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်မည်ကို ရပ်ကွက်နေပြည်သူများကစိုးထိတ်လန့်နေကြရပါသည်။
ထိုသို့ ဖြစ်စဉ်များနှင့်ပတ်သက်၍အစဉ်မပျက် သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြိမ်ကြိမ်တင်ပြ ထားရှိသော် လည်း ယင်းသို့ပြုလုပ်သူများကို အရေးယူဆောင်ရွက်မှုမရှိပါသဖြင့်  သက်ဆိုင်ရာ လူကြီးမင်းများမှ ကူညီဖြေရှင်းပေးပါရန် ရပ်ကွက်နေပြည်သူများက အားကိုးကြီးစွာနှင့် တင်ပြထားရှိကြောင်းသိရသည်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍မှန်ကန်မှု ရှိ/မရှိကိုလည်း ကွင်းဆင်းလေ့လာနိုင်ကြောင်း ထန်းပင်ကုန်း ရပ်ကွက် နေပြည်သူများက ဖိတ်ကြားလျက်ရှိပါသည်။
မြင့်မြတ်အောင်မြင်

ဖုန်း .09 .421022578
Ygn News မှ တင်ဆက်သည်။
အပြည့်အစုံသို့ »

ရဲချုပ်နဲ့ တိုင်းရဲမှူးဖတ်ဖို့ ပေးစာ


ဓားထောက် အဓမ္မ ပြုကျင့်တဲ့ အမှုတခုကို အခုထိ ထိထိရောက်ရောက် အရေးမယူသေးတဲ့ အတွက် ရဲချုပ်နဲ့ တိုင်းရဲမှူး တွေကို တာဝန်သိပြည်သူတဦးက ပေးပို့ထားတဲ့ ပေးစာတစောင် ဧရာဝတီ က လက်ခံရရှိ ထားပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့သိရှိစေရန်

အကြောင်းအရာ။ ။ ဓါးထောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်သည့်အမှုအား ရဲတပ်ဖွဲ့မှ စစ်ဆေးအရေး ယူဆောင်ရွက်ခြင်းမရှိသည့် အပေါ် အထက်လူကြီးမင်းများ သိရှိအောင်တင်ပြခြင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကြက်သွန်းခင်း အုပ်စု-ကျေးရွာနေ အမျိုးသမီးတဦးကို ၁၃၇၅ ခုနှစ် သီတင်းကျွတ်လ တွင် မိဘများခရီးသွားစဉ် နေအိမ်တွင် တစ်ယောက်တည်းရှိသည့်အချိန် ည (၁၁)နာရီ အချိန်တွင် တစ်ရွာ တည်းနေသူတဦးက ဓါးထောက်ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ပါသည်။

၎င်းအဓမ္မပြုကျင့်သည့်ကိစ္စအား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းသို့ တိုင်တန်းခဲ့သော်လည်း ယနေ့(၁၇-၅-၂၀၁၄)အထိ အမှုအား ဥပဒေနှင့်အညီ လက်ခံဖွင့်လှစ် အရေးယူ
ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေအကာကွယ်မဲ့မှုများ အခက်ခဲများနှင့်ရင်ဆိုင်ကြုံတွေနေရ သည့်အကြောင်း လူကြီးမင်းများ သိရှိအောင် တင်ပြအပ်ပါသည်။

တာဝန်သိပြည်သူတစ်ဦး

ဆက်သွယ်ရန် -

ကိုထွန်းထွန်း ၀၉ ၄၂၂၅၄၂၁၆၅

Irrawaddy  
အပြည့်အစုံသို့ »

မလာမနေရ လုပ်အားပေးခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦး ဆေးရုံရောက်


မိုးမိတ်၊ မေ ၁၂။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာတွင် မလာမနေရ လုပ်အားပေးခိုင်းစေမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါလုပ်အားပေးစေခိုင်း
မှုကြောင့် တဲအိမ်တစ်ခုပြိုကျရာတွင် အသက် (၄ဝ)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ထိခိုက်ဒဏ်ရာရကာ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ်
ဆေးကုသလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့အမျိုးသမီးတွေကို ခွန်အားမမျှတဲ့ လုပ်အားခိုင်းစေမှုတွေ လုပ်ခိုင်းပါတယ်၊ ခိုင်းတာကရွာလယ်တံတားပါ၊ ဒါပေမယ့် ရွာပြည်သူ့စစ်ခေါင်းဆောင်ပိုင်တဲ့ ကျွဲတဲ
တစ်ခုကို လူအားနဲ့ဝိုင်းရွှေ့ခိုင်းပါတယ်။ ကျွဲတဲပြိုကျပြီး သစ်သားတန်းတစ်ခုက ကျွန်မကိုယ်ပေါ်ကို ပြုတ်ကျရင်း အခုလိုဆေးရုံရောက်ရတာပါ။ ဆရာဝန်ကတော့
နောက်ကျောခါးရိုးထိသွားတယ်လို့ပြောပါတယ်။ ဓါတ်မှန်ရိုက်ကြည့်ပြီးမှသိမှာတဲ့၊ ကျွန်မကမုဆိုးမပါ။ သမီးနှစ်ယောက်အတွက် ရှာကျွေးနေရတာ။လုပ်အားပေး
မလာရင် ငွေတစ်သောင်းပေးပြီ လူငှားနေရတော့ မငှားနိုင်ဘူးလေ၊ မလာမနေရ လုပ်အားပေးဆိုပြီး ကျမတို့ရွာသားတွေကို အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက အနိုင်ကျင့်
နေတယ်လို့ ခံစားရပါတယ်။ ဘာအာမခံချက်မှလည်း မရှိဘူး၊ ကိုယ်ဖြစ်ကိုယ်ခံဖြစ်နေတယ်။ ရွာမှာက ဒီလိုပဲ ခဏခဏ ဖြစ်နေကြတယ်”ဟု ဒဏ်ရာရသူ ဒေါ်ခင်မာသီ
ပြောပြချက်အရ သိရသည်။

မန်ကျည်းပင် ရွာလယ်တံတားဆောက်ရန် ရွာသူ/သားအယောက်(၅၄)ဦးအား မလာမနေရ လုပ်အားပေး၍ တံတားဆောက်ခိုင်းသည်ဟု သိရသည်။ယင်းတံတားကို
ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေဖြင့် တည်ဆောက်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှုးက ဆိုထားကြောင်းသိရှိရသည်။

ရွာသားလုပ်သားများက အဆိုပါတံတားအတွက် အုတ်၊ သဲ၊ သစ်သားပြားများကို သယ်ပေးရပြီး၊ တံတားအနီးဆယ်ပေအကွာရှိ ကျွဲတဲအား တံတားနှင့် မလွတ်၍ လုပ်အား
ပေးရွာသားများကို ရွှေ့ခိုင်းရာမှ ကျွဲတဲပြိုကျပြီး ယခုကဲ့သို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ လုပ်အားပေးဖြစ်စဉ်နှင့် ပတ်သက်၍ မန်ကျည်းပင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က “တံတားလုပ်အားပေးဖို့ ကျွန်တော်စီစဉ်တာမဟုတ်ပါဘူး၊
ရွာရဲ့ဖွံ့ဖြိုးရေးဥက္ကဌက စီစဉ်ပြီး ကျွန်တော်တို့က ဝိုင်းဝန်းပေးတာပါ၊ ကျွဲတဲကိုလည်း ကျွန်တော် မရွှေ့ခိုင်းပါဘူး၊ကျွန်တော့်အဖွဲ့က လူတစ်ယောက်ကရွှေ့ခိုင်းတယ်လို့
သိရပါတယ်၊ အခုလိုထိခိုက်မှုတွေ ဖြစ်သွားတော့ မကောင်းဘူးလို့ ကျွန်တော်ပြောပါသေးတယ်၊ ကျွန်တော်ကိုယ်တိုင် ကားငှားပေးပြီး မိုးမိတ်ဆေးရုံကို  ပို့ခိုင်းခဲ့ပါတယ်၊
ဒဏ်ရာရသူအတွက် ကျွန်တော့်ငွေနဲ့စိုက်ပြီး ကူညီပေးတာပဲလေ”ဟု ပြောပြခဲ့သည်။

ယင်းတံတားတည်ဆောက်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေ ဆယ့်ငါးသိန်းဖြင့် ဆောက်လုပ်တည်ဆောက်ခြင်းဖြစ်ပြီး ငွေမလုံလောက်၍ ယခုလိုရွာလုပ်အားပေး
ခေါ်ရခြင်းဖြစ်ကြောင်းကို ၎င်းကျေးရွာအုပ်ချုပ်ရေးမှုးက ဆိုထားသော်လည်း ကျေးရွာလူထုကို အတိအလင်း ပြောဆိုထားခြင်းမရှိသေးကြောင်း ကျေးရွာလူများထံမှသိရှိရသည်။

အဆိုပါမလာမနေရ လုပ်အားပေးခိုင်းစေမှုကို မကျေနပ်သည့် လုပ်အားပေးထဲမှ (၃၈)ဦးက နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO)သို့ လက်မှတ်ထိုး တိုင်ကြားထားကြောင်း
ဆက်လက်သိရသည်။

“ကျွန်တော်တို့ရွာမှာ ဒီလိုလုပ်အားပေးခိုင်းခံနေရတာ ခဏခဏပဲ၊ ရွာသားတွေက အရင်အစဉ်အလာအတိုင်း အကြောက်တရားတွေ ရှိနေတယ်လေ၊ စားဝတ်နေရေး
အဆင်ပြေလား၊ မပြေလား မထည့်တွက်ဘဲ သူတို့အမိန့်အာဏာအောက်မှာပဲ နေရသလိုဖြစ်နေတယ်၊ ရွာမှာသူတို့ကိုဆန့်ကျင်တယ်လို့ ထင်ရင် ဒုက္ခပေးဖို့လည်း
ဝန်မလေးကြဘူးလေ၊ ဥပဒေမဲ့ဖြစ်ပျက်နေပါတယ်၊ အမှန်အတိုင်းပြောရင်လည်းနည်း အမျိုးမျိုးနဲ့ဖိနှိပ်ခံနေရသလိုပါပဲ၊ ဒါကြောင့် ခုလို ILO နဲ့တိုင်ကြားထားးပါတယ်”ဟု
ရွာသားတစ်ဦးကဆိုသည်။

အထက်ပါ ILOနှင့် ဆက်သွယ်ကူညီပေးသူ မိုးမိတ်မြို့ခံ မရီရီဝင်းက`“ပြည်သူတွေကို မနိုင်ဝန်လုပ်အားပေးခိုင်းတာဟာ အတင်းအဓမ္မမြောက်ပါတယ်။ မလာမနေရဆိုတာ
အာဏာရှင်စနစ်ကို ကျင့်သုံးနေတာဖြစ်တယ်။ ကျွန်မတို့မိုးမိတ်မှာ ဒီလိုပဲ အဓမ္မခိုင်းစေမှုတွေရှိတယ်၊ လုပ်အားပေးမလာရင် ငွေနဲ့လူငှားလိုက်နေရတယ် ဆိုတော့ ကျွန်မတို့မြို့ရဲ့
အခြေအနေကို စဉ်းစားသိနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာပါ၊ ဒီလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခုလို ILO နဲ့ ဆက်သွယ်ပေးရတာဟာလည်း မိုးမိတ်မှာ
လူ့အခွင့်အရေးတွေ ဘယ်လို ချိုးဖောက်ခံနေလဲ ဆိုတာသိအောင်လို့ လုပ်ရတာပါပဲ” ဟု ဆိုသည်။

ဒဏ်ရာရမျိုးသမီးကို ရွာသားတစ်ဦးက မိုးမိတ်ဆေးရုံသို့ အရေးပေါ်ပို့ပေးခဲ့ကြောင်း၊ ရွာတာဝန်ရှိသူ လူကြီးများက အလေးထားကူညီမှုအားနည်းကြောင်း၊ ယခုကဲ့သို့ လုပ်အား
ပေးခိုင်းစေမှုကြောင့် ဒုက္ခကြုံရသောပြည်သူများအတွက် ဥပဒေအရအာမခံမှု မရှိကြောင်း၊မိုးမိတ်မြို့ရှိ ရပ်ကွက်ကျေးရွာများတွင် မလာမနေရ လုပ်အားပေးအစဉ်အလာ
ကြီးမားနေပြီး ငွေကြေးကောက်ခံမှုများလည်း မကြာခဏဖြစ်နေသည့်အပြင်၊ အဆိုပါကျေးရွာတွင် ကျောင်းနေအရွယ် မိန်းကလေးများပါ မကျန် ခွန်အားနှင့်မမျှဘဲ လုပ်အား
ပေးခိုင်းခံနေရကြောင်းကို ကျေးရွာသားများထံမှ သိရသည်။


ထွန်းထွန်း။
The Myanma Age
အပြည့်အစုံသို့ »

မြေနီကုန်းမီးပွိုင့် ယာဉ်ကြောထိန်းသိမ်းမှု အကြံပေးပါရစေ (အယ်ဒီတာထံ ပေးစာ)


အယ်ဒီတာခင်ဗျား

ကျွန်တော်က ဟံသာဝတီမှတ်တိုင်အနီးမှာနေပြီး မြို့တော်ခန်းမ အနီးမှာ နေ့စဉ်အလုပ်သွားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။ ဟံသာဝတီမှတ်တိုင် ကနေ မြို့တော်ခန်းမအထိ

မှတ်တိုင်ပေါင်း ၉ ခုရှိပြီး ဖြတ်သန်းရတဲ့ မီးပွိုင့်က ၁ဝ ခု ရှိပါတယ်။ အဲဒီ မီးပွိုင့် ၁ဝ ခုထဲမှာ မြေနီကုန်းမီးပွိုင့်နဲ့ အလုံလမ်းမီးပွိုင့်နှစ်ခုက မီးပွိုင့်ဖြတ်ဖို့စောင့်ရတာ အချိန်အကြာဆုံး မီးပွိုင့်နှစ်ခုဖြစ်နေတာ ကို တွေ့ရပါတယ်။ တခြားမီးပွိုင့်တွေက စက္ကန့် ၆ဝ၊ အများဆုံး စက္ကန့်
၉ဝ ပဲ စောင့်ရပေမယ့် အဲဒီမီးပွိုင့်နှစ်ခုကတော့ ယာဉ်ထိန်းက
မီးပွိုင့်ကို မီးခလုတ်နဲ့ထိန်းထားပြီး ဖွင့်ချင်တဲ့ဘက်ကို ကြာကြာဖွင့်ပြီး ပိတ်ချင်တဲ့ဘက်ကို ကြာကြာပိတ်လုပ်နေတာကြောင့် ညဘက် ၇ နာရီကနေ ၈ နာရီကြားမှာဆိုရင် အလုံလမ်းမီးပွိုင့်ကနေ ဟံသာဝတီအဝိုင်းထိ ရောက်ဖို့ မိနစ် ၄ဝ လောက် အချိန်ယူဖြတ်သန်းနေကြရပါတယ်။

ညနေဘက် အိမ်အပြန်ဆိုရင် ကားပေါ်မှာအကြာကြီးစီးရင်း စောင့်ကြရတဲ့ ခရီးသည်တွေမှာလည်း မီးပွိုင့်ကကြာ၊ လူတွေကချွေးတွေထွက်ပြီး စိတ်တွေ တိုကုန်ကြရပါတယ်။

သက်ဆိုင်ရာမီးပွိုင့်တာဝန်ကျများအနေနဲ့ အခုလိုလက်နဲ့ထိန်းပြီး မီးပွိုင့်ကို လွှတ်ပေးနေကြတာဟာ ပိုပြီးယာဉ်ကြောကို ကျပ်တည်းအောင် လုပ်နေ တာလားလို့ ခရီးသည်တွေက လည်းထင်နေကြပါတယ်။ မနက်ခင်း ရုံးတက်ချိန်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဟံသာဝတီ အဝိုင်းကိုကျော်တာနဲ့ ကားတွေကို မြေနီကုန်းမီးပွိုင့်ကို ရောက်ဖို့အချိန်အကြာကြီး စောင့်ရပါတော့တယ်။ အဲဒီမီးပွိုင့်နားကို ရောက်လာတဲ့ ၁၂၄ ယာဉ်လိုင်း၊ ၁၇၃ ပါရမီ ယာဉ်လိုင်းတွေကလည်း သူတို့ယာဉ်ကြောအတိုင်း မမောင်းတော့ဘဲ
အတင်းဝင်၊ အတင်းထွက်လုပ်နေကြတာကို ယာဉ်ထိန်းများက ဖမ်းဆီးထိန်းသိမ်းခြင်းလုံးဝကိုမရှိဘဲ ကြည့်နေတာကလည်း အံ့သြစရာကောင်းနေပါတယ်။

အဲဒီလောက် စည်းပျက်ကမ်းပျက်ဖြစ်နေတဲ့ ယာဉ်လိုင်းတွေကို အရေးမယူတော့ဘဲ ဒီတိုင်းကြည့်နေကြမှာလားခင်ဗျာ။ မီးပွိုင့်ကိုရော အဲဒီလိုပဲ လုပ်ချင်သလိုလုပ်နေကြတော့မှာလား။ သက်ဆိုင်ရာများ လျှပ်တစ်ပြက်စစ်ဆေးတာပဲဖြစ်ဖြစ်၊ စောင့်ကြည့်စစ်ဆေးတာပဲဖြစ်ဖြစ် လုပ်ကြပါဦးလို့ အယ်ဒီတာကတစ်ဆင့် တင်ပြလိုက်ရပါတယ်ဗျား။

ဟံသာဝတီသား
Popular Myanmar News Journal 
အပြည့်အစုံသို့ »

ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့် ကြေးမုံ သတင်းထောက်ဟု ဆိုသူတို့မှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲအား ပျက်စီးအောင်လုပ်ခဲ့၍ အရေးယူပေးပါရန်

အုပ်ချုပ်ရေးမှုး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ကျင်းပပြုလုပ်သော ၁၃၇၅ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်အောင်ထွန်းတို့က ဝါသနာအရ သီချင်းဆိုခြင်း မဟုတ်ဘဲ ၄င်း၏အာဏာကို အသုံးပြုကာ နေ့စဉ်စင်ပေါ်တက်ကာ လူငယ်များအား စိတ်အနှောက်အယှက် ဖြစ်အောင် သီချင်းများ နေ့စဉ် သီဆိုခြင်းပြုလုပ်ခဲ့ပါသည်။

ကြေးမုံသတင်းထောက်ဟု ဆိုသူ

၂။ ကြေးမုံသတင်းထောက်ဟုဆိုသော သန်လျင်မြို့နယ်မှ သတင်းထောက် တစ်ဦးသည်လည်း  ပြည်သူများအား စိတ်အနှောက်အယှက်ဖြစ်စေအောင် စင်ပေါ်တက် ဓာတ်ပုံရိုက်ခြင်းသည် မည်သို့မျှ ကြည့်လို့မရအောင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ၄င်းတို့နှစ်ဦးအား အာဏာပြခြင်းနှင့် ပြည်သူများကို စိတ်အနှောက်အယှက်ြဖစ်စေခြင်းနှင့် မြန်မာ့ရိုးရာ သင်္ကြန်ကို အသုံးခြင်း ပြုလုပ်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ အနေဖြင့် နှောက်နောင် မည်ကဲ့သို့ မပြုလုပ်ရန် အရေးယူဆောင်ရွက်ပေးသင့်ကြောင်း သန်လျင်မြို့နယ်ရှိ ပြည်သူ/ပြည်သားများက တင်ပြထားရှိကြောင်း သိရှိ ရပါသည်။

Ygn News (www.YgnNews.com)
အပြည့်အစုံသို့ »

နာယကဂုဏ်နှင့်မညီသည့် ကျေးရွာအုပ်ချုပ်ရေးမှူး – ပေးစာ


ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အင်းသဇင် ကျေးရွာအုပ်စု ကုန်းဝိုင်းကြီး ကျေးရွာတွင် ပြည်သူလူထုအား ကူညီရန် ပြည်သူ့ဘဏ္ဍာတော်ငွေဖြင့် လစာပေး ခန့်အပ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ (ဦးထွန်းနောင်) သည် နာယကဂုဏ်နှင့် မညီညွတ်သည့် လုပ်ငန်းများကို လုပ်ကိုင်နေပါသဖြင့် ပြည်သူလူထုအား ကူညီရာ မရောက်သည့်အပြင် ပြည်သူလူထု (ကျေးရွာ)လူထု တစ်ခုလုံးအား ညှဉ်းဆဲ သလိုဖြစ်နေပါ၍ ၎င်း၏ အာဏာအလွဲသုံးစား လုပ်ရပ်များဖြင့် ကိုယ်ကျိုး ရှာနေသည်များကို အမှတ်စဉ်တပ်၍ ဖော်ပြလိုက်ပါသည်။

၁။ ရွာသူရွာသားများ၏ ငွေအား၊ လူအားနှင့် ဖောက်လုပ်ထားသည့် လမ်းမအား ၀ါးလုံးတား၍ ကားတစ်စီးလျှင် ၂၀၀၀ ကျပ်နှုန်း၊ လှည်းတစ်စီးလျှင် ၅၀၀ကျပ် နှုန်းဖြင့် ကောက်ခံပြီး ကိုယ်ကျိုးရှာခြင်း။

၂။ လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ရာ၌ မှတ်ပုံတင် တစ်စောင်လျှင် ၅၀၀ ကျပ်ယူ၍ ကိုယ်ကျိုးအတွက် သုံးခြင်း။

၃။ ၂၀၁၂ ခုနှစ်တွင် ကျေးရွာကို ရေဘေးမှ ကာကွယ်ဖို့ဆိုပြီး တစ်အိမ်ထောင်ကို ကျပ် ၅၀၀၀၊ ၂၀၀၀ နှုန်းဖြင့် ကောက်ခံထားပြီး ဘာတစ်ခုမှ အကောင်အထည် မဖော်ဘဲ စာရင်းရှင်းခြင်း မပြုဘဲ ကိုယ်ကျိုးအတွက် သုံးထားခြင်း။

၎။ ကျေးရွာပြည်သူများ ခရီးသွားရာ၌လည်းကောင်း၊ အလုပ်လုပ်ရာ၌လည်းကောင်း ရပ်ရွာ၏ ထောက်ခံချက် လိုအပ်လျှင် (ဤရွာတွင် အမှန်နေထိုင်ကြောင်း) ထောက်ခံချက်တစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းပေးမှ ထောက်ခံ ပေးခြင်း။

၅။ အမှုအခင်းဖြစ်၍ ဒဏ်ရိုက်ထားသည့် သူများ၏ (ဦးကျော်သန်း ၂၅ ချပ်၊ ဦးဌေးအောင်သန်း ၅ ချပ်၊ ဒေါ်စန်းစန်းတင် ၅ချပ်၊ ဒေါ်မာလာခိုင် ၅ ချပ်၊ ဒေါ်တင့်တင့် ခိုင် ၅ ချပ်၊ ကိုကျော်ဇင်လင်း ၅ ချပ် စ သောသူများနှင့် ကျန်ရှိသူများ၏) သွပ်ပြားများအား ၎င်း၏ ကိုယ်ကျိုးအတွက် သုံးထားခြင်း။

၆။ အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်နေပြီး ၎င်းကိုယ်တိုင် လယ်ယာမြေ ဥပဒေကို ဖောက်ဖျက်၍ ၎င်းပိုင် လယ်မြေအား တရားမ၀င် အုတ်လုပ်ငန်းလုပ်ရန် အုတ်လုပ်ငန်းရှင်များ ဖြစ်ကြသည့် ၂၀၁၂ ခုနှစ်မှာ (၁) ဦးမှတ်ကြီး၊ (၂)ဦးဇော်ဝင်း၊ (၃)ဦးကျော်လှမိုး၊ (၄)ဦးကြည်ဝင်း၊ (၅)ဦးကျော်ဦးနှင့် ၂၀၁၃ ခုနှစ်မှာ (၁)ဦးစိုးစိုး၊ (၂)အမည်မသိ) တို့အား တစ်ဆိုင်းလျှင် ၂၀၀၀၀၀ ကျပ်နှုန်းဖြင့် အုတ်ဖုတ်ရန် နေရာ ရောင်းစားခြင်း။ (ကွင်းဆင်း စစ်ဆေးပါက ၎င်း၏ လယ်မြေထဲတွင် တရားမ၀င် အုတ်ဖုတ်နေသည်ကို တွေ့ရပါမည်။)

၇။ နိုင်ငံတော်က ပြည်သူလူထုအား တန်ဖိုးနည်း ဖုန်းကတ်များကို မဲစနစ်ဖြင့် ချထားပေးရာ၌ မဲပေါက်သူများမှာ ၎င်း၏ ဆွေမျိုးသားချင်းများသာ ဖြစ်နေခြင်း။

၈။ ကျေးရွာထဲတွင် ကြက်ဝိုင်းများ ဖြစ်နေသည်ကို တားဆီး အရေးယူခြင်း မပြုဘဲ အကောက်ငွေယူပြီး လျစ်လျူရှုထားခြင်း။ (၁၆-၁-၂၀၁၄)၊ (၃၁-၁-၂၀၁၄)၊ (၁၃-၂-၂၀၁၄) နေ့များတွင် ဦးတင်ဦး၊ ဒေါ်သန်းငွေ ခြံများတွင် ပြုလုပ်ခဲ့ပါသည်။

ထိုကဲ့သို့ အာဏာကို အလွဲသုံးစားလုပ်ပြီး ကျူးလွန်နေခြင်းများကြောင့် ပြည်သူများကို ကူညီရမည့်အစား ဒုက္ခများသာ ပေးနေသည်ကို လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပါသဖြင့် အရေးယူပေးပါရန် တင်ပြ လိုက်ရပါသည်။

မတရားအုပ်ချုပ်မှုများကို မခံနိုင်ကြသော

ကုန်းဝိုင်းကြီးကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများ
မြန်မာသံတော်ဆင့်
အပြည့်အစုံသို့ »

ငါးနှစ်ကျော် ကြာမြင့်နေသော ခြံမြေဂရန်ပြဿနာအား သက်ဆိုင်ရာမှ ဖြေရှင်းပေးမှုမရှိသေး


၂၀၁၄ ၊ ဧပြီလ ၂၀ ရက်

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ ကွင်း/အကွက်အမှတ်(၁၅/၁-၂) ၊ ဦးပိုင်အမှတ်(၁၂၀) ၊ အိမ်အမှတ်(၃၇၃)နှင့် ပက်သက်၍ ခြံမြေဂရန် အစစ်အတုပြဿနာအား အငြင်းပွားလျက်ရှိရာ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ငါးနှစ်ကျော်လာပြီဖြစ်သော ယနေ့အချိန်ထိ ၄င်းခြံမြေဂရန်အစစ်အတုပြဿနာအား ခွဲခြားဆုံးဖြတ်ပေးခြင်းမရှိသေးကြောင်း သိရပါသည်။

တပ်ကြပ်ကြီး ရွှေလှထွန်း(၁၉၉၀-ခုနှစ်ခန့်) မှစ၍ ဖခင်ဖြစ်သူ ဦးတင်အောင်အထိ ခိုင်လုံသော စာချုပ်အဆင့်ဆင့်နှင့် ခြံမြေဂရန်ပိုင်ဆိုင်ထားတဲ့ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဌေးဌေးစန်းက “အေးမြသာယာကွက်သစ် ဖော်စဉ်တုန်းက ခြံမြေဂရန်ပိုင်ဆိုင်ခဲ့သူ တပ်ကြပ်ကြီး ရွှေလှထွန်းမှစ၍ အဆင့်ဆင့် လက်ဆင့်ကမ်း ရောင်းချခဲ့သော စာချုပ်အဆင့်ဆင့်နှင့် မူရင်းဂရန်ကို ပိုင်ဆိုင်ထားခဲ့သူမှာ ကျွန်မ၏ ဖခင်သာဖြစ်ပါတယ်။ (၁၈.၂.၂၀၀၉)ရက်နေ့တွင် မိတ္တူကိုင် မိသားစုတစ်စု ၀င်ရောက်ကျူးကျော်နေထိုင်ရာမှ မိတ္တူဂရန်တစ်ခု ရှိနေခဲ့မှန်း သိရပါတယ်ရှင်။ အဲဒီ မိတ္တူဂရန်ကိုလည်း ခရိုင်လူကြီးနှင့် မြို့သစ်ကြီးရပ်ကွက် စာရေးမ ဒေါ်ဥမ္မာမြိုင်က (၇.၆.၉၇)ရက်နေ့တွင် စတင်ရောင်းချခဲ့တာလို့လည်း သိရပါတယ်ရှင်။ အဲဒီဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ လူကြီးများကို တိုင်တန်းခဲ့သော်လည်း ပြဿနာ၏ အရင်းအမြစ်ကို မဖေါ်ထုတ်ပေးသည့်အပြင် ကျွန်မတို့မိသားစုအပေါ် အန္တရာယ်တွေသာ များလာခဲ့ရပါတယ်” လို့ ပြောပြသည်။

ဒေါ်ဌေးဌေးစန်းက - ရပ်ကွက်စာရေး ဒေါ်ဥမ္မာမြိုင်က “နင်တို့ မူရင်းဂရန်က ပယ်ဖျက်ပြီးသား၊ တရားမ၀င်တော့ဘူး၊ နင်တို့က သူတို့ကို သွားမနှောက်ယှက်နဲ့၊ ငါကိုယ်တိုင် နေခိုင်းထားတာ”လို့ အိမ်ကို လာပြောပါတယ်။ နောက်ပြီး မိတ္တူကိုင် မိသားစုသည် တပ်မတော်မှ အရာရှိအရာခံများကို အိမ်သို့ အကြိမ်ကြိမ် ခေါ်ဆောင်ပြီး ခြိမ်းခြောက်ပါတယ်။ မိတ္တူဝယ်ယူသူ ဦးမင်းမင်းဦး(ခ)မော်စီမှ အရက်သေစာ သောက်စားပြီး ညအချိန် အိမ်သို့ လာရောက် နှောက်ယှက်ပါတယ်။ ဦးမင်းမင်းဦး၏ ညီကလည်း ကျွန်မတို့ ခြံအတွင်းသို့ ၀င်ရောက်၍ ကြိမ်းမောင်းပြောဆိုပါတယ်။ ပညာရေးတာဝန်ဖြင့် သွားလာရတဲ့ ကျွန်မကိုလည်း မျက်နှာစိမ်းများ၏ လိုက်လံနှောက်ယှက်မှုကို အကြိမ်ကြိမ်ခံရပါတယ်။ လက်ရှိနေတဲ့ ကျွန်မတို့အိမ်ခြံရှေ့တွင်လည်း မျက်နှာစိမ်းများရဲ့ မသင်္ကာဖွယ်ရာ အပြုအမူများကို မြင်တွေ့ရလို့ ပြည်နယ်ရဲတပ်ဖွဲ့ကို တိုင်တန်းခြင်းများ ပြုလုပ်ခဲ့ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိပ်တော်အရာရှိ ဦးခင်မောင်ချိုက ပြည်နယ်ပညာရေးမှူးကို တိုင်သဖြင့် ပြည်နယ်ပညာရေးရုံးသို့ ခေါ်ယူကာ ဆူငေါက်ကြိမ်းမောင်းခြင်း ခံရ၍ ၀မ်းနည်းစွာ ငိုကြွေးခဲ့ရပါတယ်လို့ ဆက်လက်ပြောဆိုပါသည်။

၅နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော အဆိုပါ ခြံမြေဂရန် အစစ်အတု အငြင်းပွားမှု ပြဿနာအား(၂၀၁၁)ခုနှစ်စ၍ နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ထွေအုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊တို့ကို တိုင်တန်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြဿနာ၏ အရင်းအမြစ်ဖြစ်တဲ့ ခြံမြေဂရန်အစစ်အတု ပြဿနာကို ခွဲခြားဆုံးဖြတ်ကာ အတုကို ပယ်ဖျက်ပေးခြင်း မရှိသည့်အပြင် ၄င်းခြံမြေဂရန် အစစ်အတုပြဿနာ၌ သက်ဆိုင်ရာဝန်းထမ်းတချို့ကိုယ်တိုင် ပါဝင်ပက်သက်မှုများ ရှိနေပြီး သက်ဆိုင်ရာ အရာရှိဝန်ထမ်းများကိုယ်တိုင်က လာဘ်စားကာ ဘက်လိုက်ရပ်တည်မှုများ ရှိနေတယ်လို့ ခိုင်မာသော ရောင်းချမှုအဆင့်ဆင့်စာချုပ်များ ကိုင်ဆောင်ထားသူ ဒေါ်ဌေးဌေးစန်းတို့ မိသားစုက ယုံကြည်နေကြတာလည်းဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက 
အပြည့်အစုံသို့ »

စာချုပ် တံဆိပ်ခေါင်းဖိုးက ၄၀၀၀ တောင်းတော့ ဆယ်သိန်းငါးသောင်း – ပေးစာ


ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် အခွင့်အရေး လိုင်စင်များကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လေလံတင် ရောင်းချရာတွင် ကျွန်တော် ဦးအုံးသွင်က အသုတ်မြို့မဈေးကောက် လိုင်စင်အား ၁၉,၇၀၀,၀၀၀ ဒသမ ၉၉ ကျပ်ဖြင့်လည်းကောင်း၊ အသုတ် စက်ဘီးကောက် လိုင်စင်အား ၁,၆၉၉,၉၉၉ ဒသမ ၉၉ ကျပ်ဖြင့် လည်းကောင်း လေလံဆွဲဝယ် အောင်မြင်ခဲ့ ပါသည်။

၎င်းဆွဲဝယ် အောင်မြင်မှုအတွက် ကျသင့်ငွေများကို ၂-၃-၂၀၁၃ တွင် စည်ပင်ရုံး၌ သွားရောက်ပေးဆောင် ရပါသည်။ အသုတ်မြို့မ ဈေးကောက်အတွက် ၁၀ သိန်း၊ အသုတ်စက်ဘီးကောက် လုပ်ငန်းအတွက် ၅ သောင်း၊ စုစုပေါင်း ၁,၀၅၀,၀၀၀ (ကျပ်ဆယ်သိန်းငါးသောင်း) တိတိကို စာချုပ်ချုပ်ဆိုခအဖြစ် ငွေလက်ခံရာဌာန စာရေး အမျိုးသမီးက တောင်းခံခဲ့ပါသည်။ စာချုပ်ချုပ်ဆိုသော တံဆိပ်ခေါင်းဖိုးမှာ ၄၀၀၀ ကျပ်သာ ဖြစ်ပါသည်။

ကျွန်တော်၏ဇနီးက ရုံးမှတောင်းသော စာချုပ်ချုပ်ဆိုခသည် အလွန်များကြောင်း ပြောပြရာ ဦးစီးအရာရှိ ဦးခင်မောင်သန်းက တောင်းခံ ခိုင်းသော ငွေဖြစ်ကြောင်း ပြော၍ ပေးခဲ့ရပါသည်။ ကျွန်တော်ကိုယ်တိုင် ဦးစီးအရာရှိထံ သွားရောက်တွေ့ဆုံပြီး ယခုကဲ့သို့ ဆယ်သိန်းငါးသောင်း ပေးရခြင်းမှာ ကျွန်တော်တို့ အသက် ၇၀ အရွယ် အဘိုးကြီး၊ အဘွားကြီးအတွက် တစ်နှစ်စာ စား၍ရကြောင်း ပြောပြသောအခါ ဦးစီးအရာရှိက ကျွန်တော် တစ်ဦးတည်းအတွက် မဟုတ်ပါ။ ကျေနပ်ပါ””ဟုပြော၍ ပြန်ခဲ့ရပါသည်။

ထိုစဉ်က ကျွန်တော်လည်း ဦးစီးအရာရှိနှင့် ပြဿနာဖြစ်မည် ဆိုပါက ထိုလုပ်ငန်းများအတွက် ပေးသွင်း ထားရသော ငွေကြေး ပမာဏများ ဆုံးရှုံးရခြင်း၊ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြဿနာရှာမှာ စိုးရိမ်သည့် အတွက် ကြိတ်မှိတ် ခံခဲ့ရပါသည်။

ယခုအချိန်သည် ပွင့်လင်းမြင်သာမှုရှိသော အချိန်၊ နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းများအရ အထူးသဖြင့် ဌာနဆိုင်ရာများသည် မိမိ၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ မတရားငွေ တောင်းခံခြင်း အမျိုးမျိုးကို ပြည်သူများ တိုင်ကြားနိုင်ရန် အဂတိလိုက်စားမှု ကော်မတီကို ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ် မည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။ နည်းမျိုးစုံဖြင့် အဂတိ လိုက်စားမှုများ ပပျောက်စေရန် အတွက် ၎င်းကိစ္စနှင့် ပတ်သက်၍ စစ်ဆေးအရေးယူ ဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာသို့ တင်ပြအပ်ပါသည်။

ဦးအုန်းသွင်
Myanmar Thandawsint Newspaper
အပြည့်အစုံသို့ »

မီးလောင်မှုအဖြစ်မှန် တာဝန်ရှိသူများ ဖုံးကွယ်ထား – ပေးစာ


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဘူးဒင်းကွင်း၊ ရေကျော်အုပ်စု၊ ရေကျော်ကျေးရွာတွင် ၁၁-၃-၂၀၁၄ နံနက် ၀၁း၀၀ နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ပျဉ်ထောင် ပျဉ်ခင်းအိမ် (၄)လုံးနှင့် သစ်ဖြင့် ဆောက်ထားသော စပါး ၂၀၀၀ ၀န်းကျင့်ဆံ့ စပါးကျီ(၁)လုံးအတွင်း၌ မျိုးစပါးနှင့် ၀မ်းစာ စပါး ၇၆၀ တင်း၊ ကာလတန်ဖိုး ၂၂၅ သိန်း ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ ကျွန်တော့်၏နေအိမ် ခြေရင်းဘက် ၂အိမ်ကျော်ရှိ ကိုထွန်းနိုင်၊ မသင်းသင်းအေး နေအိမ်မီးဖိုချောင်ရှိ မီးကြွင်း မီးကျန်မှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းမီးလောင်မှုတွင် ကျေးရွာသားများ၊ ကျေးရွာ မီးသတ်အဖွဲ့ဝင်များ၊ ရေကျော်ရဲကင်းမှ ရဲဘော်များ ကူညီငြှိမ်းသတ်မှုကြောင့် နံနက် ၀၃း၀၀ နာရီ အချိန်ခန့်တွင် မီးငြိမ်း သွားခဲ့ပါသည်။ မီးလောင်ပြီး မနက် ၀၄း၀၀ နာရီခန့်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ ရဲစခန်းမှူး အပါအ၀င် ကိုထွန်းနိုင်ကို ခေါ်ဆောင်၍ မြောင်းမြမြို့ ရဲစခန်းနှင့် မီးသတ်ဌာနသို့ သွားရောက် ခဲ့ပါသည်။ ၎င်းတို့သည် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တွေ့ဆုံ၍ မီးလောင် ဆုံးရှုံးသွားသည့် အိမ်အရေအတွက်နှင့် တန်ဖိုးကို သိန်း(၃၀)ကျော်ခန့် ဆုံးရှုံးသည်ဟု တွက်ချက်ခဲ့ပါသည်။

ထိုကဲ့သို့ မြို့နယ် တာဝန်ရှိသူများထံသို့ သွားရောက်တွေ့ဆုံ တွက်ချက်ရာတွင် ကျွန်တော်တို့ မိသားစုဝင် များအား တစ်ဦးတစ်ယောက်မျှ အသိပေး ညှိနှိုင်းခြင်း မရှိခဲ့ပါ။ ကျွန်တော်တို့ မိသားစုနေထိုင်သော နေအိမ်မှာ နှစ်(၂၀)ကျော် သက်တမ်းရှိ ပျဉ်းကတိုးတိုင်၊ ပျဉ်းကတိုးကြမ်းခင်း၊ ဓနိမိုးသစ်ကာ (၄)ပင် နှစ်ထပ်၊ နှစ်ဆောင်ပြိုင်အိမ် ဖြစ်ပါသည်။ အိမ်နှင့်ကပ်လျက်ရှိသော စပါးကျီမှာလည်း စပါးတင်း (၂၀၀၀) ဆံ့ စပါးကျီ ဖြစ်ကာ စပါးကျီအတွင်း မျိုးစပါးနှင့် ၀မ်းစာစပါး တင်းပေါင်း (၇၆၀)တင်း သိုလှောင်သိမ်းဆည်း ထားပါသည်။ ထိုအရာအားလုံးမှာ မီးလောင်မှု ဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့ရပါသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ စားစရာမဲ့ခဲ့ရသည့်အပေါ် ကျွန်တော့်အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်ခဲ့ပါ။ ကံစီမံရာအတိုင်းဟု ထင်မှတ်ခဲ့ပါသည်။သို့သော် ကျေးရွာတွင် တာဝန်ရှိသူက မိမိ၏ မိခင်နေထိုင်ရာအိမ်မှ စတင်ဖြစ်ပွားခဲ့သည်ကို သိပါလျက်နှင့် နှစ်သိမ့်အားပေးခြင်း မရှိသည့်အပြင် မြို့ပေါ်မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အဖြစ်မှန်ကို ဖုံးကွယ်ခဲ့ပါသည်။ ၂၀-၃-၂၀၁၄ တွင် မြို့နယ် ကြက်ခြေနီအဖွဲ့နှင့် မီးသတ်ဦးစီး ဦးကျော်စိုးသန်း၊ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့သည် ရေကျော် ကျေးရွာသို့ လာရောက်ခဲ့ပါသည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး မီးလောင်ကွင်း အတွင်းသို့ သေချာစွာ စစ်ဆေး ကြည့်ရှုခြင်း မပြုဘဲ ကျေးရွာ မူကြိုကျောင်း၌ ဆွေးနွေးပွဲရှိသည် ဟုဆိုကာ ကျွန်တော်တို့ မိသားစု နှစ်စုကိုလာရောက် ခေါ်ခိုင်းခဲ့ပါသည်။ ဆွေးနွေးပွဲ၌ အိမ်တန်ဖိုးများ တွက်ချက်နည်းကို တင်ပြပြီး မီးဘေးရှောင်ရန် အကြောင်းများကို ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်က အိမ်တန်ဖိုးနှင့် စပါးကျီ တန်ဖိုးကို တွက်ချက်ပေးရန် ပြောသောအခါ မီးသတ်ဦးစီးက ““စပါးကျီ အတွင်းမှ စပါးများသည် ရွှေ့ ပြောင်းနိုင်သော ပစ္စည်းဖြစ်၍ ထည့်မတွက်ဘူး၊ အိမ်အတွင်းပစ္စည်းများကိုလည်း ထည့်တွက်လို့ မရဘူး၊ ခင်ဗျားတို့ ဆုံးရှုံးတဲ့ အတိုင်း ပြန်ရမယ်မထင်နဲ့၊ ဘယ်သူမှလည်း လာမပေးဘူး””ဟု ရင့်ရင့်သီးသီး ပြောဆိုခြင်းကို ခံခဲ့ရပါသည်။ ကျွန်တော်တို့၏ ဆန္ဒမှာ ဆုံးရှုံးမှုများအတွက် မျှော်လင့်ချက် မရှိသော်လည်း ကျေးရွာ၏ အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်ပါလျက် မိမိ၏ မိခင်နေအိမ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း သိပါလျက်နှင့် ဘ၀ပျက်ခဲ့သည့် ကျွန်တော်တို့ မိသားစုများအပေါ် နှစ်သိမ့်အားပေးခြင်း မရှိသည့်အပြင် ၎င်းတို့ဆွေမျိုး အသိုင်းအ၀ိုင်းများက လာရောက်ကာ ““ဘယ်အိမ်က မီးစလောင်တာလဲ၊ မေးရဲမေးကြည့်၊ ပြောရဲပြောကြည့်၊ ပြဿနာတက် သွားမည်”” ဟုလည်း မူးရူးကာ လာရောက် ရမ်းကားခြင်းကိုလည်း ခံခဲ့ရပါသည်။ ထို့ကြောင့် ရေနစ်သူဝါးကူထိုး ဆိုသကဲ့သို့ မီးသတ်ဦးစီးဌာနမှူးနှင့်တကွ တာဝန်ရှိသူများ၏ မတရားပြုမှု၊ ထင်ရာလုပ်မှုကို ကျွန်တော်တို့၏ ရင်ထဲ၌ ခံစားနေရပါသဖြင့် အထက် တာဝန်ရှိသူများက အမှန်တရား ပေါ်ပေါက်ရေး ဆောင်ရွက်ပေးပါရန် ကျွန်တော်တို့ နစ်နာသူ မိသားစုများက လေးစားစွာ တင်ပြလိုက်ပါသည်။

ဦးဇော်မင်းထွေး
ရေကျော်ကျေးရွာ
Myanmar Thandawsint Newspaper
အပြည့်အစုံသို့ »

သင်္ကြန်အကြို ပါတီပွဲ ကျင်းပနေသော ကညန (အင်းစိန်)နှင် ကျနော့် အိမ်ပြန်ခရီးနှောင့်နှေးခဲ့ရခြင်း


11.4.2014 နေ့လည် 2:00 ကညန အင်းစိန်တွင် နံပါတ်ပြားထုတ်ရန်သွားရောက်ခဲ့ရာ တာဝန်ခံအိမ်ပြန်သွားပြီ ဖြစ်သောကြောင့် (သင်္ကြင်္န် အကြို ပါတီပွဲ ကျင်းပနေပါသဖြင့်) မထုတ်ပေးနိုင်ကြောင်း....ခရိုင်ဦးစီမှုး ဟုဆိုသော အမျိုးသမီးကြီးသည် လူကြီးလူကောင်းမပီသစွာ စကားအပြောအဆို ရင့်သီးစွာ ဆက်ဆံခဲ့ပါသည်။
နောက်ဆုံးတွင် ခရိုင်ဦးစီမှုး(ဒေါ်ခင်ထားဝင်း) ဆိုသော နာမည်ကိုရေးမှတ်မှ အရေးတယူ လိုက်လုပ်ပေးခဲ့ပါသည်။
နံပါတ်ပြားထုတ်ယူရာတွင်လဲ ကျနေုာ်၏ နေရပ်လိပ်စာနှင့်လက်မှတ်ရေးထိုးကာ ထုတ်ယူခဲ့ရပြီး (ခြိမ်းခြောက်သည့် သဘောမျိုး သက်ရောက်သော စကားလုံးများဖြင့်) ပြောဆိုဆက်ဆံခြင်းကိုခံခဲ့ရပါသည်။
ထိုကဲ့သို့ နံပါတ်ပြားထုတ်ယူသည့် ကိစ္စတွင် ထုတ်ယူရန် အချိန် တစ်နာရီခွဲမှ နှစ်နာရီခန့် ကြာမြင့်ခဲ့ သောကြောင် လွန်စွာစိတ်အနှောက်အယှက်ဖြစ်ခဲ့ရသဖြင့် လိုအပ်သလို စိစစ် ပေးပါရန်တင်ပြပါသည်။
အထက်ဖေါ်ပြပါဖြစ်ရပ်နှင့် ပတ်သတ်ပြီး လိုအပ်ပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Myanmar CNN မှ တင်ဆက်သည်။
အပြည့်အစုံသို့ »

ပြည်မြို့က ပြည်သူတစ်ဦးတင်ပြလာသည့် ခရီးသွားလာမှုနှင့် ပါတ်သတ်သည့် အခက်အခဲ - ပေးစာ




ပြည်မြို့ကတာဝန်သိတတ်သော စည်ပင်. ယဉ်ထိန်းနှင့် မိဘပြည်သူများခင်ဗျား .  .  .
ပြည်မြို့မဈေးကြီး . ရှေ့ဆောင်ဘဏ် . ကုန်ရောင်းကုန်ပြုလုပ်ရာပွဲရုံကြီးများ  ပထမပုဂလိကဘဏ် . အနောက်ဘက်ကမ်းကားများဂိတ်သတ်မှတ်ရာနေရာ . မြန်မာ့စီးပွားရေးဘဏ် . ကမ္ဘောဇဘဏ် နှင့် ဧရာဝတီဘဏ်တို့ စုဝေးရာလမ်းဆုံဖြစ်ပါသည် . လမ်းဆုံဆိုပေမဲ့ လမ်းကသာမန်မျှသာကျယ်ဝန်းပါသည် .
အဓိကပြသနာမှာ အောက်ပါမြင်ကွင်းတိုင်း နေ့စဉ်နေ့တိုင်းယဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးသွားပြည်သူများနှောင့်နှေးကြန့်များကြုံတွေ့နေရပါသည် . မပြောပလောက်သောအရာဟု တာဝန်ရှိသူများထင်မှတ်နေပါသည်
အာဏာပိုင်တာဝန်ရှိဝန်ထမ်းများမှာ မိမိတို့ရုံးစားပွဲမှာထိုင်ရုံနဲ့ငွေရနေသည့်အပေါ်တွင်သာယာနေကြပြီး ပြည်သူတို့၏ အခက်ခဲများကို အနည်းငယ်မျှ
ဖြေရှင်းပေးနိုင်ရန် မစဉ်းစားပေးနိုင်လောက်အောင် လစ်လျူရှူထားကြပါသည် . မထင်မှတ်ထားသော ဘေးအန္တရာယ်များဖြစ်သော အသက်အန္တရာယ်ရှိကျန်းမာရေးအခြေအနေရသော်လည်းကောင်း . မီးဘေးအန္တရာယ်အရသော်လည်းကောင်း သွားလာရန်အခက်ခဲဖြစ်နိုင်ပါသည် '
အထက်ပါပြသနာရပ်များ မဖြစ်မီကကြိုတင် ၍ ကာကွယ်နိုင်ရန်
ထိုပြသနာရပ်များအတွက် ပြည်သူတစ်ဦးအနေဖြင့် တာဝန်ရှိလူကြီးမင်းတို့အား ဖြေရှင်းပေးနိုင်ပါရန် တင်ပြခြင်းဖြစ်ပါသည် '
အဓိကအကြောင်းရင်းများ
* လမ်းပြောင်းပြန်မောင်းသောယဉ်များရှိနေခြင်း
* ဘဏ်များသို့လာသော ကားများ ယာဉ် 2 ထပ် ရပ်နားမှုများ ရှိနေခြင်း
* လမ်းစည်းကမ်းနှင့်မညီဘဲ မြို့တွင်းလိုင်းကားများလမ်းဆုံလမ်းဂွ၌ရပ်၍ခရီးသည်ကြိုခြင်း
* စောင့်ကြည့်ကွပ်ကဲပေးနိုင်မည့် ယဉ်ထိန်းအရာရှိ မထားရှိခြင်း


Saw Kyi Phyu
Myanmar CNN
အပြည့်အစုံသို့ »

ဖွင့်ပြီးသား အင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းအား မြို့နယ်အုပ်ချုပ်ရေးမှုးမှ ကန့်ကွက်၍ ပိတ်ခဲ့ရ


၂၇-၃-၂၀၁၄ (ကြာသပတေးနေ့)တွင် စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာမှ ပဓာနနာယကဆရာတော် အရှင်ဦးသောဘိတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်သာမြို့ရှိ အထက်တန်းကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စကားပြောသင်တန်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းပို့ချရန် မြို့ခံတာဝန်ရှိရပ်ကွက်လူကြီးများ၏ တောင်းဆိုမှုအရ စီစဉ်ခဲ့ပါသည်။
ကျောင်းတိုက်မှဆရာများဦးဆောင်၍ တောင်သာမြို့ရှိ ရပ်ကွက်လူကြီးများ၊ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ စုပေါင်း တိုင်ပင်စည်းဝေးကာ မြို့နယ်တွင်းရှိ အင်္ဂလိပ်စာ (ရေး၊ဖတ်၊ပြော၊နားထောင်) အခြေခံလေးမျိုးကို သင်ယူလေ့လာရန် ဆန္ဒပြင်းပြသော ကျောင်းသားကျောင်းသူ လူငယ်များအတွက် ၁၄ရက် အင်္ဂလိပ်စာနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်တွင်းရှိ မိဘများ၊ ပညာသင်ယူရန် စိတ်အားထက်သန်သော လူငယ်များမှာ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ IBEC ကျောင်းတိုက်မှ အင်္ဂလိပ်စာ ဆရာဆရာမငါးဦးနှင့် နိုင်ငံခြားမှ ဆရာနှစ်ဦးတို့ တောင်သာမြို့တွင် အင်္ဂလိပ်စာသင်တန်းပို့်ချရန် ရောက်ရှိခဲ့သည်။ မြို့ခံပြည်သူများနှင့် တိုင်ပင်ကာ လိုအပ်သည်များကို စီစဉ်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲကျင်းပနိုင်ရန်အတွက် မြို့နယ်တွင်းရှိ တာဝန်ရှိသူများဦးဆောင်ကာ ဖိတ်စာများဖြန့်ဝေခဲ့ကြသည်။ မိဘပြည်သူများ၊ ရပ်ကွက်လူကြီးများအပါအ၀င် မြို့နယ်ရဲမှူး များအားလုံး မိမိတို့မြို့နယ်ရှိ ကျောင်းသားကျောင်းသူလူငယ် များအင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန် ရည်သန်၍ သင်တန်းဖွင့်လှစ်ပွဲအတွက် ကြိုးစား၍တက်အားသလောက် ၀ိုင်းဝန်းကူညီခဲ့ကြသည်။
သင်တန်းဖွင့်ပွဲမကျင်းပမီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်သိန်းမှ သင်တန်းနှင့်စပ်လျဉ်း၍ ကြိုတင် တင်ပြထားမှုမရှိဘဲ မိမိအားလွန်ဆန်သည်၊ နိုင်ငံခြားသား ဆရာနှစ်ဦးပါဝင်သည်ကိုလည်း မိမိနောက်ကျမှသိရသည်ဟု ယူဆကာ သင်တန်းဖွင့်ရန်အတွက် ငြင်းဆန်ခဲ့ပါသည်။ ၂၀၁၄ခုနှစ် မတ်လ(၂၇)ရက်နေ့ညတွင် IBEC ဆရာတော်မှ နိုင်ငံတော်အကြီးအကဲများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဇော်ဝင်းလှိုင်ထံကြိုတင်၍ တယ်လီဖုန်းဖြင့် တောင်သာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားထားပေးရန် မေတ္တာရပ်ခံခဲ့ပြီးဖြစ်ပါသည်။
တောင်သာမြို့နယ် သံဃနာယဥက္ကဌဆရာတော်၊ ကျောင်းသစ်ပရိယတ္တိစာသင်တိုက်ကျောင်းတိုင်ဆရာတော် များနှင့် IBEC ဆရာတော်တို့က အစစအရာရာတာဝန်ယူ ကြောင်း နိုင်ငံတော်အကြီးအကဲများထံတင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လက်မခံဘဲ ဆရာတော်ကြီးများအား ကိုယ်တိုင်လာရောက်လျှောက်ထားရန်ထိပင် စိတ်ဓာတ် သိမ်ဖျင်းအောက်တန်းကျစွာပြောဆိုခဲ့သည်။
၂၈-၃-၂၀၁၄(သောကြာနေ့) သင်တန်းစတင်ချိန်တွင် မိဘများကိုယ်တိုင်သင်ကြားမှုစနစ်ကို တွေ့မြင်ရပြီး ကျောင်းသားကျောင်းသူများအားလုံး စိတ်ဝင်တစား ၀မ်းမြောက်စွာသင်ယူနေခဲ့သည်။ ထိုအချိန်ထိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်သိန်းမှာ သင်တန်းနှင့်ပတ်သတ်၍ ကန့်ကွက်နေသဖြင့် သင်တန်းအားပိတ်ခဲ့ရပါသည်။ ထိုအခါ မိဘများ၊ ကျောင်းသားကျောင်းသူများမှာ စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ မိမိတို့မြို့နယ်ပညာရေးအား မြို့နယ်အုပ်ချုပ်သူ ကိုယ်တိုင်ဖျက်ဆီးခဲ့သောကြောင့် စိတ်ထိခိုက်ကာ မျှော်လင့်ချက်ကင်းမဲ့နေခဲ့ရပါသည်။

အသေးစိတ်သိလိုပါက ၊ IBEC ဆရာတော် Ashin Sobhita [email protected] သို့ လိပ်မူပြီး အသေးစိတ်မေးမြန်းနိုင်ပါသည်။

Myanmar CNN မှ တင်ဆက်သည်။
အပြည့်အစုံသို့ »

အင်းဝဂိတ်ရပ် မြင်းလှည်းသမားများ ဒဏ်ကြေးကြောင့် အခက်တွေ့


မြင်းလှည်းဂိတ်တွင် ရပ်ထားသော မြင်းလှည်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုးမြင်းလှည်းဂိတ်တွင် ရပ်ထားသော မြင်းလှည်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုး

တံတားဦးမြို့နယ်အတွင်းရှိ အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နိုင်ငံခြားခရီးသွား များကို
လိုက်လံပို့ဆောင်ပေးသည့် မြင်းလှည်း များကို မောင်းနှင်ပို့ဆောင်ပေးသည့် အချိန်များတွင် မြို့နယ်
စည်ပင်သာယာရေးအဖွဲ့က စစ်ဆေးခြင်းမရှိဘဲ ဂိတ်တွင်မြင်းဖြုတ်၍ ရပ်နားထားချိန်မှ လှည်းများ
ကိုစစ်ဆေးပြီး ဒဏ် ငွေရိုက်ကြောင်း၊ ဒဏ်ငွေရိုက်ရာတွင် အခွန် ပြေစာပေးဆောင်ခြင်းမရှိကြောင်း
အဖမ်းခံ ရသူ မြင်းလှည်းသမားများက ပြောသည်။

မြင်းလှည်းစီးရေများပြီး လှည်းဆွဲရသည်မှာ တွက်ခြေမကိုက်ချိန်တွင် ထိုသို့ဒဏ်ငွေအရိုက်ခံရသဖြင့်
ဒုက္ခရောက်ကြရကြောင်း၊ အဆိုပါလာရောက် စစ်ဆေးရာတွင်လည်း လှည်းပိုင်ရှင် များကို ခေါ်ယူ
ခြင်းမရှိဘဲ လှည်းနံပါတ်များ သာကို မှတ်ယူသွားပြီး နောက်ပိုင်းမှ စည်းကမ်း ပျက် မြင်းလှည်းများ
ဒဏ်ကြေးငွေလာရောက် သွင်းဆောင်ရန် စာရောက်လာမှ မိမိ တို့လှည်းပါကြောင်း သိရပြီး
ဒဏ်ကြေးငွေကို လည်း တစ်စီးလျှင် ကျပ် ၅,၀၀၀ ဒဏ်ငွေရိုက် ကြောင်း ဒဏ်ငွေဆောင်ရသူ
ဒေါ်ဌေးဌေးက ပြောသည်။

"လှည်းကို ဘယ်လိုစစ်ဆေးတာလဲ မေးမှလှည်းက မြင်းချေးအိတ်မပါဘူးလို့ပြောတယ်။ လှည်းက
မြင်းချီးအိတ်ပါတယ်ပြောတော့ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ် တံဆိပ်ရိုက်မထားလို့ ပြောတယ်။ အဲဒါ
လည်း ရိုက်ထားပါတယ်။ အဲဒီ နေရာမှာ ကြော်ငြာစာရွက်ကပ်ထားတော့ ပျောက်နေသလိုဖြစ်
ပေမယ့် ဒဏ်ငွေဆောင်ရ မယ်ပြောလို့ ကြောက်ပြီးဆောင်လိုက်ရတယ်။ ဒါပေမဲ့ ပြေစာကို အား
လုံးစုံမှပေးမယ်လို့ ပြောတယ်။ ဒဏ်ငွေပေးဆောင်ရတဲ့ မြင်းလှည်းအားလုံးပေါင်း ၃၉ စီးရှိတယ်"
ဟု ၎င်းက ယခုလ ၂၃ ရက်နေ့က ပြောသည်။

တံတားဦးမြိုကနယ်စည်ပင်သာယာရေးအဖွဲ့ မှ စည်းကမ်းပျက်မြင်းလှည်းများအတွက် ဒဏ်ကြေး
ငွေကို မတ် ၂၀ ရက်နေ့နောက်ဆုံး ထား၍ လာရောက်ပေး ဆောင်ရန်နှင့် လိုက်နာ ခြင်းမရှိပါက
မန္တလေးတိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့များဥပဒေအရ အရေးယူခြင်း၊ဲမင်းလှည်းလုပ်ငန်း
လုပ်ကိုင်ခွင့်ကို ကာလတစ်ခု သတ်မှတ်ပိတ်သိမ်းခြင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အနှေးယာဉ်များ
(မြင်း လှည်း) သက်တမ်းတိုးလုပ်ကိုင်ခွင့် ခွင့်ပြု ပေးမည်မဟုတ်ကြောင်း အကြောင်းကြားစာကို
ပေးပို့ထားကြောင်း သိရသည်။

မြင်းလှည်းများကို ကြံခိုင်မှုရှိအောင်ပြုပြင်ရပြီး အမိုးများကိုလည်း ကောင်းမွန်စွာတပ် ဆင်ထား
ကြောင်း၊ လှည်းကိုလည်းကြံ့ခိုင်မှ နိုင်ငံခြား ခရီးသွားများစီးကြောင်း၊ကြံ့ခိုင်မှုမရှိလျှင် ရပ်ခိုင်းပြီး
နောက်ထပ်တစ်စီးပြောင်းပြီး စီးတတ်ကြောင်း၊ လှည်းကိုကြံ့ခိုင်အောင်ပြုပြင် လဲလှယ်သည့်အတွက်
တံခါးရွက်တွင်ရေးထားသော၂၀၁၃-၁၄ စာတန်းမပါတော့သည်မျိုး ရှိကြောင်း၊ဲမင်းလှည်းကိုလည်း အပြာရောင်နှင့် ပေါ်လစ်ရောင်ကိုသာ ဆေးခြယ်ခိုင်းကြောင်း မြင်းလှည်းသမားဦးတိုးမောင်က
ပြောသည်။

"ဒီနှစ်ကျမှ ၂၀၁၃-၁၄ ဆိုတာရိုက်ပေးတာ ပါ။ အင်းဝမှာ မြင်းလှည်းမောင်းတာ ၁၀ နှစ်ကျော်ရှိပါပြီ။
အခုလိုဒဏ်ငွေ ဆောင်ခိုင်းတာ မလုပ်သင့်ပါဘူး။ တစ်ခါထွက်ရမှ ကျပ် ၆,၀၀၀ ပဲရတာပါ။ အခု
နောက်ပိုင်းတစ်ခါထွက်တာ တောင်မမှန်တော့ဘူး။ တန်ခူးပြီးရင် ဧည့်က မကျ တော့ဘူး။ မြင်းချေး
အိတ်ဆိုတာလည်းတချို့ ဧည့်သည်တွေမကြိုက်ဘူး။ မြင်းမြီးခါရင်နံတဲ့အတွက် မြင်းချေးအိတ်တပ်
ထားတာကိုလည်း မကြိုက်ဘူး။ ကျွန်တော်က ကျန်တာ အကုန်လုံး ပြည့်စုံပါတယ်။ ကြော်ငြာကပ်
ထားတာ ၂၀၁၃-၁၄ စာတန်းကို အုပ်နေတဲ့အတွက် ဆောင်ရတာပါ"ဟု ၎င်းကပြောသည်။

မြင်းလှည်းလိုင်စင်အတွက် လျှောက်ထား လျှင် တစ်စီးကို ကျပ် ၂၅,၀၀၀ ပေးဆောင်ရ ပြီး
တစ်နှစ်လျှင် အခွန်အနေဖြင့် ကျပ် ၆,၂၀၀ ပေးဆောင်ရကြောင်း၊ ယခုအချိန်တွင် တရား ၀င်
မြင်းလှည်းပေါင်း အစီး ၂၀၀ အထိ ရှိနေပြီဖြစ်ကြောင်း ၎င်းတို့က မြန်မာတိုင်း(မ်) ကို ပြောသည်။

Myanmar Times
အပြည့်အစုံသို့ »

ရင်နင့်ဘွယ်ရာ သတင်းတစ်ပုဒ်


( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၅)တွင်လည်း
ပေးစာတစ်စောင် အနေဖြင့် ဖော်ပြထားပါတယ် )

တီဗီ programmer တစ်ခုမှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက်
အကြောင်းကို ကြားခဲ့တာကျွန်တော် တော်တော် စိတ်မကောင်းဘူး။

ဇာတ်လမ်းတိုရိုက်ကူးရေးမှာ သူကိုပါဝင်ဖို့ဆိုပြီး သူဌေးက ဇာတ်ညွှန်းမိတ္တူ တစ်ခု
ပေးလိုက်တယ်။ ဖြစ်ချင်တော့ အဲတလောမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူလည်း
သူချစ်သူနဲ့ ခိုးရာလိုက်သွားတယ်။. အဲအချိန်မှာဇာတ်ညွှန်းမိတ္တူကိစ္စကိုသူလည်း
မေ့နေလောက်ရောပေါ့။

သူတို့်အားလုံးအဆင်ပြေလို့အိမ်လည်းပြန်ရောက်ကောကျောက်တံတားရဲစခန်းက
ခဏလာတွေ့ပါဆိုပြီးဖုန်းဆက်တယ်လေ။ဘာကိစ္စမှန်းရေရေရာရာ မသိပဲ
သူတို့လည်းသွားလိုက်ပါတယ်။စခန်းလည်းရောက်ကော စခန်းမှုးက ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး အချုပ်ထဲ တန်းထည့်လိုက်ရော။သူတို့လည်းဘာကိစ္စကြောင့်
သူ့ကိုဖမ်းလည်း လို့လည်းမေးကောစခန်းမှုးကဇာတ်ညွှန်း မိတ္တူ ပါသွားလို
့ဖမ်းတယ်လို့ပြောတယ်။

ဖြစ်ချင်တော့ သူတို့ထွက်သွားလည်းကြာသွားပြီဆိုတော့အိမ်မှာကျန်ခဲ့တဲ့စာရွက်တွေ
ကလည်း ချတွေလည်းစား အရေးမကြီးလောက်ဘူးဆိုပြီး သူ့အမေကလည်းမသိပဲ
ပစ်လိုက်မိတယ်။

အကျိုးအကြောင်းလည်းသူတို့သူဌေးကိုတောင်းတောင်းပန်ပန်ပြောတာကိုလည်း
သူတို့သူဌေးကလက်မခံဘူးတကယ်ဆို ဇာတ်ညွှန်းက မှုရင်းလည်းမဟုတ်ပါဘူး.. မိတ္တူ ပါ..သူရောင်းစားလိုက်တာလည်းမဟုတ်ပါဘူး...တကယ်ကို တိုက်တိုက်
ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။

ဒီနေ့နဲ့ဆို အချုပ် မှာ ၁ပတ်ရှိသွားပါပြီ အာမခံလည်းမရပါဘူးကျွန်တော်နဲ့ကျွန်တော်
တို့သူငယ်ချင်းတွေသူ့ သူဌေးကိုသွားဆွေးနွေးပါသေးတယ်။သူ့ သူဌေးပြောပုံက
” ကားတစ်စီးဝယ်ပေးမှကျေနပ်ပါမယ် ” တဲ့။

တကယ်ဆို ဒီကိစ္စက ဒီလောက်ထိ ဖြစ်ဖို့လည်းမသင့်ပါဘူး လျော်ကြေးယူရင်
လည်းယူ..မယူရင်လည်းအလုပ်ထုတ်ရင်လည်းထုတ်.. တစ်ခုခုလုပ်လို့ရပါတယ်။
ကောင်မလေးအသက်က၂၁ နှစ်ပဲရှိပါသေးတယ်။ဒီလိုအသက်အရွယ်မှာ
အခုအဖမ်းခံရတော့သူလည်း တော်တော်ရှက်မှာပဲလေနောက်ဆုံးမတတ်နိုင်တဲ့
အဆုံး အချုပ်ထဲမှာ ဘယ်လိုမှမထားချင်လို့ကတကြောင်းသူစိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းမှုကတကြောင်းနောက်ဆုံးရန်ကုန်ဆေးရုံကြီးမှာတင်ထား
ရပါတယ်။

ဆေးရုံရောက်တော့လည်းသူတို့လုပ်ပုံက လက်ထိပ်ခတ်ရုံတင်မကပါဘူး
သံကြိုးနဲ့ပါထက်ချီထားပါသေးတယ် မိန်းကလေးတစ်ယောက်ကိုထိန်းတာ
ကို ရဲ လေးယောက်နဲ့ထိန်းထားပါတယ်။

အပေါ့အပါးသွားချင်တောင်ရှက်လို့သူခမျာမပြောရဲရှာပါဘူးနိုင်ငံရေးလုပ်တာလည်း
မဟုတ်ပါဘူး လူသတ်မှုလည်းမဟုတ်ပါဘူးဒါကိုဒီလောက်အငြိုးကြီးကြီး
လုပ်ပုံထောက်တော့သူ့ သူဌေးမှာဘာအကြံအစည်များရှိနေလဲ မသိပါဘူးဗျာ။

တကယ်တမ်းတော့ နှမချင်းကိုယ်စာတတ်ရင် ဒါလုံးဝမဖြစ်သင့်ပါဘူး ကျွန်တော်
သိသလောက်တော့ ရဲစခန်းက ခဏဆိုပြီး ခေါ်တွေ့ပြီးတစ်ခါတည်းဖမ်းချုပ်လို့
မရပါဘူး ။ သူတို့လုပ်ပုံက အရင်ခေတ်ထောက်လှန်းရေးတွေ ခဏဆိုပြီးခေါ်ပြီး ဖမ်းချုပ်ထားသလိုပါပဲဒါဘယ်လိုမှမတရားမှန်းသိကြမှာပါ။လက်ရှိတော့
ရန်ကုန်ဆေးရုံကြီးမှာ ရှိပါသေးတယ် တဲ့။

သတင်းတင်ပြသူ- Cobra NL.
Kyaw Swar Myint
အပြည့်အစုံသို့ »