Showing posts with label crime-news. Show all posts
Showing posts with label crime-news. Show all posts

ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို


 ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍ ဒေသတွင်းအခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများရှိနေသော်လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သားတစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ဆေးစာလည်း ထွက်လာပါပြီ။ အဓမ္မပြုကျင့်တာ မြောက်၊ မမြောက် သေချာသိဖို့ ဓာတုဗေဒရုံးကို ဆက်ပို့ထားတယ်’’ဟု ပြည်နယ်အဆင့်ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူဆရာမတစ်ဦး၏ လက်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဆွဲယူထားဖွယ်ရှိသည့် ဆံပင်အချို့ တွေ့ရပြီး DNA စစ်ဆေးရန် ဓာတုဗေဒရုံးသို့ ပို့ထားကြောင်း သတင်းရရှိသည်။ ပြစ်မှုကျူးလွန်သူများမှာ ဒေသတွင်းအခြေစိုက် စစ်တပ်ရင်းမှ တပ်မတော်သားအချို့ဖြစ်နိုင်ကြောင်း စွပ်စွဲမှုများလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော်လည်း ရရှိထားသော အထောက်အထားများအရ မဖြစ်နိုင်ကြောင်း အမှုစစ်ရဲအရာရှိတစ်ဦးက ပြောသည်။

တပ်မတော်သားများ ကျူးလွန်ခြင်းဖြစ်ကြောင်း စွပ်စွဲနေသူများမှာ ဒေသတွင်းမှ နိုင်ငံရေးပါတီအချို့နှင့် စစ်တပ်မလိုလားသူများဖြစ်ပြီး အမှုမှန်ပေါက်ပေါက်ရေးအတွက် ကြူကုတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ စခန်းမှူး၊ မူဆယ်ကချင်နှစ်ခြင်း အသင်းတော်မှဓမ္မဆရာတစ်ဦး၊ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ ပါဝင်သော  စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဆရာမနှစ်ဦးအသတ်ခံရ သောအမှုကြောင့် ဒေသတွင်းဆူပူ ဆန္ဒပြမှုများမဖြစ်ရန် အစိုးရတာ ၀န်ရှိသူများက မေတ္တာရပ်ခံထား သည်။တာဝန်ရှိသူများက မေတ္တာရပ်ခံထားသော်လည်း သေဆုံးသူ ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မူဆယ်မှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်နေစဉ် လမ်းတစ်လျှောက်မြို့များတွင် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံလူဦးရေထောင်ချီ၍ ဆန္ဒပြနေကြောင်းသတင်း ရရှိသည်။ သေဆုံးသူနှစ်ဦး၏ မိဘများတောင်းဆိုမှုဖြင့် ကချင်နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများ ဦးဆောင်သယ်ယူခြင်းဖြစ်သည်။

‘‘နမ့်ဖက်ကာမှာလည်း လူတွေ ထောင်ချီတယ်။ ကွတ်ခိုင်မှာလည်း စောင့်နေကြတယ်’’ ဟု ဆရာမနှစ်ဦး၏ ရုပ်အလောင်းကိုကားမောင်း၍လိုက်ပို့နေသည့် မူဆယ်နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

 ဆရာမနှစ်ဦး၏ ရုပ်အလောင်းကို မြစ်ကြီးနားနှင့် ဆယ်မိုင်အကွာ ဂျော်ဘွမ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်သင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်မည်ဖြစ်သည်။

အသတ်ခံရသည့် အသက် (၂၀)အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာတို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် ကောင်းခါးကျေးရွာမှ ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးသူများဖြစ်ပြီး ၎င်းတို့တည်းခိုရာ ဘုရားကျောင်း ၀င်းအတွင်း အိမ်ခန်းတွင် သေဆုံးနေသည်ကို ဇန်န၀ါရီ ၂၀ ရက် နံနက်က တွေ့ရကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။‘‘သေဆုံးသွားတဲ့ တစ်ယောက်က ကျွန်တော်နဲ့ အိမ်နီးချင်းပဲ။ သူ့မိဘတွေက ငိုပဲငိုနေကြတယ်’’ဟု သေဆုံးသွားသူတစ်ဦးနှင့် အိမ်နီးချင်းဘာသာရေးဆရာ ဦးနော်တောင်က ပြောသည်။

ယင်းတို့နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသခံစခန်းမှူး၊ KBC အသင်း (မူဆယ်)နှင့် မုံးပေါ်ပြည်သူ့စစ်အဖွဲ့မှ အ ဖွဲ့ဝင်တစ်ဦး စုစုပေါင်း လေးဦးဖြင့် ဖွဲ့စည်းစစ်ဆေးနေပြီး မျက်မြင် တွေ့ရှိချက်အရ ဆရာမနှစ်ဦးမှာ မုဒိမ်းကျင့်ခံရပြီးနောက် တုတ်၊ ဓား၊ လက်နက်များဖြင့် အသတ်ခံရသည်မှာ ထင်ရှားကြောင်း သတင်းရရှိသည်။

http://7daydaily.com/story/29977
အပြည့်အစုံသို့ »

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး



အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဟူစတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် John Henry Skillern ရဲ့ e-mail အတွင်းမှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဓါတ်ပုံ ၃ ပုံခန့််ကို Google က ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်များဆိုင်ရာ အမျိုးသားရေးဋ္ဌာနကို အကြောင်းကြားခဲ့တာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက KHOU-TV ကိုပြောပြခဲ့ပါတယ်။


ဒီလိုမျိုး Google အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account အတွင်း မှ ဥပဒေနှင့်မလွတ်ကင်းတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အချက်အလက်တွေအတွက် Google က ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးမျိုး ရှိသလားဆိုတာတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Google က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒီလို ရှာဖွေခွင့်မှာ ပေးပို့ထားတဲ့ e-mail တွေ ၊ လက်ခံရရှိ့ ထားတဲ့ e-mail တွေ နဲ့ သိမ်းဆည်းထားတဲ့ e-mail တွေအတွက်သာဖြစ်ပြီး ထို ၀န်ဆောင်မှု စည်းကမ်းချက်မှာ ဧပြီလက ပြုပြင်ဖြည့်စွက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Ref:cnet.com

Trend Myanmar
အပြည့်အစုံသို့ »

လှိုင်သာယာမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားခဲ့သည့် CCTV မှတ်တမ်း Video file အား လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြလာခဲ့ရာ ၎င်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှဆောင်ရွက် ထားရှိမှုအားသိရှိစေရန်နှင့် နောင်တွင် အလားတူ မှတ်တမ်းများကို ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံခြင်း



ရန်ကုန်၊ သြဂုတ် ၎

၉.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်အော်ကျော်လမ်း
ရှိ လ္ဘက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၎င်းဆိုင်ရှိ CCTV မှ မှတ်တမ်း Video file အား လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခဲ့
သဖြင့် ပြန့်နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၎င်းခိုက်ရန်ဖြစ်ပွားမှုတွင် ကိုသန်းဇော်ဦးမှာ ဓါးဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင် ပေါက်ပြဲဖူးရောင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှု
ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်း (ပ)၈၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်
ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေ ဖြိုးကိုကို၊(၁၈)နှစ်၊ (ဘ)ဦးခင်သန်း၊ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊(၁၈)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ မျိုးဇော်၊ (၂၄)နှစ်၊(ဘ)ဦးတင်ဝင်း၊ အရှည်ကြီး(ခ)နိုင်လင်းထွန်း၊(၁၇)နှစ်၊(ဘ)ဦးတရုတ်ကြီး၊
တင်မောင်မျိုး၊ (၁၃)နှစ်၊ (ဘ)ဦးမျိုးတင့်တို့(၅)ဦးအား ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် အခင်းဖြစ်ပွားပြီး (၅)နာရီ အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီးဖြစ်
ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ၁၀.၆.၂၀၁၄ ရက်နေ့တွင် Yangon Police လူမှုကွန်ယက် စာမျက်နှာမှ သတင်းထုတ်ပြန်ပေးခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအားစစ်ဆေးရာ ခိုက်ရန်ဖြစ်ပွားစဉ် ငြိမ်းချမ်း(ခ) သက်မောင်မောင်မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်လူများမှ ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါတ်ဘူး၊ ပန်းကန်လုံးများဖြင့် ရိုက်နှက်၊ ပစ်ပေါက်ခဲ့ကြ
ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးပေါ်ပေါက်ချက်များအရ မြောက်ပိုင်းခရိုင်ဥပဒေရုံးသို့ ဥပဒေ
အကြံပြုချက်တောင်းခံခဲ့ပြီး အကြံပြုချက်နှင့်အညီ ပြစ်မှုပုဒ်မ-၃၀၂/၃၂၃/၁၁၄
ဖြင့် ၁၈.၇.၂၀၁၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုကိုတို့(၃)ဦးအား ရဲစခန်းစွဲချက်အမှတ် (၇၉၉/၂၀၁၄) ဖြင့်
မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှတ်(၁၂၁/၂၀၁၄)
ဖြင့်လည်းကောင်း၊ ကလေးသူငယ်များဖြစ်သည့် ပြစ်မှုကျူးလွန်သူ တင်မောင်မျိုး
နှင့် အရှည်ကြီး(ခ) နိုင်လင်းထွန်းတို့(၂)ဦးအား ရဲစခန်းစွဲချက်အမှတ်-၇၉၉(က)/၂၀၁၄ ဖြင့် လှိုင်သာယာမြို့နယ်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ ကလေးသူငယ်ပြစ်မှုကြီးအမှတ်(၁၈/၂၀၁၄) ဖြင့်လည်းကောင်း လက်ခံစစ်ဆေး လျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အခင်းဖြစ်လ္ဘက်ရည်ဆိုင်ရှိ CCTV Camera မှတ်တမ်း video file အား တစ်ဦးတစ်ယောက်မှ လူမှုကွန်ယက်စာမျက်နှာတွင်
ဖော်ပြခဲ့သည့်အတွက် ကြည့်ရှုသူ ပြည်သူများအနေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်းများဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ်သော
ပြဿ နာများဖြစ်ပွားလာနိုင်ပြီး တစ်ဦးတစ်ယောက်၏လုံခြုံရေးကို ထိခိုက်နိုင်ဖွယ်
ရှိသဖြင့် အလားတူ video file များအား နောင်တွင်ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

Yangon Police
အပြည့်အစုံသို့ »

လမ်းတွင်စကားများရန်ဖြစ်ပြီးအိမ်အထိလိုက်ကာဓားနှင့်ခုတ်သဖြင့် သေဆုံး


ရန်ကုန်၊ သြဂုတ် ၁။ လမ်းတွင် စကားများ ရန်ဖြစ်ခဲ့ပြီး အိမ်အထိလိုက် ကာဓားနှင့် ခုတ်ခြင်းခံရသဖြင့် လူတစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ် တစ်ခုဇူလိုင်လ ၃၁ ရက်၊ ညနေ ၅ နာရီခန့်က လှိုင်သာယာမြို့ နယ်အတွင်း ဖြစ်ပွားခဲ့ သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန် ထားသည်။

သေဆုံးသူမှာ လှိုင်သာယာ မြို့နယ်၊ကုလားကြီး စုကျေးရွာ၊ ပုလဲလမ်းသွယ် (၂)တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ကိုလှိုင်မျိုးဝင်းဖြစ်ပြီး ၎င်းသည် နေအိမ်အနီး၌ လှိုင်သာယာမြို့နယ် (၁၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အေးမင်းလှိုင်(ခ)ငကြွက်နှင့် ရန်ဖြစ်ပြီး နေအိမ်သို့ ပြန်လာခဲ့သည်။

ထိုသို့ပြန်လာ စဉ်တွင်ကိုလှိုင်မျိုးဝင်း နောက်သို့ အေးမင်းလှိုင် အပါအ၀င် လူသုံးဦးက ဓားရှည် ကိုယ်စီကိုင် ကာ လိုက်လာခဲ့ပြီး မင်းက လူမိုက်လားဟုဆိုကာ ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ကြ သည့်အပြင် ကိုလှိုင်မျိုးဝင်း ၏ဇနီးဖြစ်သူကို လည်း အော်ရင် ခုတ်သတ်ပစ် မယ်ဟု ခြိမ်းခြောက်ပြော ဆိုခဲ့သည်ဟု ဆိုသည်။

ထိုသို့ ၀ိုင် ၀န်းရိုက်နှက် ခုတ်ခြင်း ခံရသဖြင့် ကိုလှိုင်မျိုးဝင်း၏ ဦးခေါင်း၊ လည်ဂုတ်၊ ၀မ်းဗိုက်တို့တွင် ပြတ်ရှ သွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားသည်ဟု ရဲမှတ် တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အေးမင်းလှိုင် အပါအ၀င်သုံးဦးကို အရေးယူပေးပါရန် ဒေါ်အေးအေးစန်းက တရားလိုပြု တိုင်တန်းပြီး သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၂၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက် ရှိသည်။

Mizzima Burmese
အပြည့်အစုံသို့ »

ဆိုင်ကယ်သူခိုးကို လူတစ်စုက သတ်ပြီး မျက်မြင်ကိုပါ ထပ်မံသတ်



မူဆယ်မြို့၊ စွမ်ဆော် ရပ်ကွက်တွင် ဆိုင်ကယ်ခိုးယူသူ အမျိုးသားတစ်ဦးကို လူတစ်စုကသတ်ဖြတ်ခဲ့ပြီး မြင်တွေ့လိုက်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ခန့်က စွမ်ဆော်ရပ်ကွက်ခိုမွန်းရွာ တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လက်ချက်မှန်းမသိ ၍ လူသတ်မှုဖြင့်အမှုဖွင့်ကာ စစ်ဆေးနေဆဲဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ဒီမှာက ပြည်သူ့စစ်အဖွဲ့ တွေရော၊ သူပုန်တွေရောရှိတယ်။ ဆိုင်ကယ်ခိုးတဲ့လူတစ်ယောက်နဲ့ နောက်ထပ်တစ်ယောက်အသတ် ခံရတာတော့ဟုတ်ပါတယ်။ စစ် ဆေးနေတုန်းပါပဲ’’ဟု အဆိုပါရဲ အရာရှိကပြောသည်။

ဆိုင်ကယ်ခိုးသူမှာ စွမ်ဆော် ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်ခိုး၍ မောင်းနှင်သွားခြင်းဖြစ်ပြီး ၎င်းကိုလိုက်ဖမ်းသူများက ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုမြင်ကွင်းကိုမြင်လိုက်သည့် လူငယ်တစ်ဦးကိုလည်း အဆိုပါလူအုပ်စုက သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သေဆုံးသူနှစ်ဦး၏အလောင်းများကိုမြင်တွေ့ ခဲ့ရသူ စွမ်ဆော်ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။

‘‘အလောင်းတွေကတစ်ခုနဲ့ တစ်ခု ပေတစ်ရာလောက်ပဲကွာ တယ်။ လက်နက်ကိုင်ထားတဲ့လူ တွေက စိတ်ထင်သလိုလုပ်နေကြ တာ။ ဒီလိုအမှုမျိုးက လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်နေတဲ့ အတွက် ရဲကလည်း ထိထိရောက် ရောက်စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒေသခံတွေအတွက်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကျီးလန့် စာစားဖြစ်နေတာ’’ဟု ၎င်းကပြော သည်။

မူဆယ်မြို့နှင့်ကပ်လျက် နမ့်ခမ်းမြို့တွင် ဇူလိုင် ၂၉ ရက်က တပ်မတော်သားနှစ်ဦး အသတ်ခံခဲ့ရပြီး ဇူလိုင် ၂၃ ရက်က လည်း အရပ်သားလူငယ်တစ်ဦးအသတ်ခံခဲ့ရသည်။ အဆိုပါအမှုများနှင့်ပတ်သက်၍ ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ရှစ်ရက်အတွင်း အရပ်သားသုံး ဦးနှင့် တပ်မတော်သားနှစ် ဦးအသတ်ခံခဲ့ရသည်။

မူဆယ်နှင့်နမ့်ခမ်းမြို့နယ် သည် တရုတ်နိုင်ငံနှင့်နယ်ချင်းစပ် နေသောဒေသဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့များ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA ၊ပလောင်လက်နက်ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)တို့ လှုပ်ရှားသွားလာနေသော နယ်မြေဖြစ်သည်။

7 Day Daily
အပြည့်အစုံသို့ »

၃၅ နှစ်အရွယ် ယောက်ျားတစ်ယောက်နဲ့ပေးစားလို့ မီးရှို့သတ်သေခဲ့တဲ့ ၁၁ အရွယ် ကလေးမလေးတစ်ယောက်ရဲ့ဘဝ


အီရန်နိုင်ငံမြောက်ပိုင်းက Mashid Rezai ဆိုတဲ့ ကလေးမလေးရဲ့ဘဝဟာ ခက်ခဲလွန်းပါတယ်။ သူမအကြောင်း ပြောရတာက ပိုခက်ခဲသလိုပါပဲ။

အသက် ၁၁ နှစ်အရွယ်မှာ သူမထက် အသက် ၂၀ ကြီးတဲ့ ယောကျာ်းတစ်ယောက်နဲ့ပေးစားတဲ့အတွက် ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ကြိုးစားခဲ့ပါတယ်။
ဒီ့အတွက် သူမဟာဆေးရုံတင်ခဲ့ရပြီး သူမအဖေက ဆေးရုံကိုလိုက်လာကာ ဒဏ်ရာတွေနဲ့သူမကို ရိုက်ပြီး ဆုံးမခဲ့ပါတယ်။

သူမမှာ ဘာအကွယ်မှမရှိခဲ့ရတဲ့အကြောင်းကို မီးလောင်အနာရွတ်တွေနဲ့ Mashid က

“ ဟုတ်တယ် ကျွန်မကို မကူညီခဲ့တဲ့လူတွေကို ကျွန်မ မကျေမနပ်ဖြစ်တယ်။ ကျွန်မကိုချစ်ခဲ့သင့်တဲ့လူတွေက ကျွန်မကို ကာကွယ်မှု မပေးခဲ့ဘူး။ သူတို့ကြောင့် တစ်ဘဝလုံး ကျွန်မ နာကျင်နေတယ်”

ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ သူမဟာ အစ်ကိုသုံးယောက်နဲ့ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဖအေကို အဓိကထားကြောက်ရတဲ့ မိသားစုပုံစံမျိုးပါ။

“ကျွန်မအမေက ကျွန်မအဖေရဲ့ လေးယောက်မြောက်မိန်းမပါ။ တခြားမိန်းမတွေနဲ့ ကလေးမရဘူး။ ကျွန်မအမေက ကျွန်မကိုပြောတယ်၊ အဖေရိုက်လိုက်လို့ သူ့အရင်မိန်းမတွေ အားလုံး ထွက်ပြေးသွားတာတဲ့
ကျွန်မမှတ်မိသေးတယ်၊ တစ်ခါတုန်းက သူက ကျွန်မလက်နဲ့ ခြေထောက်တွေကို သစ်သားချောင်းတစ်ခုမှာ ချည်တယ်။ နောက်တော့ အမေနဲ့သူက အခြားသစ်သားချောင်းနဲ့ ကျွန်မကိုရိုက်ကြတယ်” လို့ Mashid Rezai က သူမ မှတ်မိတာတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီလို ကိစ္စတွေရှိပေမဲ့ သူကတော့ ပျော်တတ်တဲ့ ကလေးတစ်ယောက်လို့ ဆိုပါတယ်။ ရွာကျောင်းမှာ စာသင်ရတာ၊ အစ်ကိုတွေနဲ့ဆော့ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။
ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေဟာ သူ့သူငယ်ချင်း Zainab ကို အသက်အရမ်းကြီးတဲ့ ယောကျာ်းကြီးတစ်ယောက်နဲ့ ပေးစားဖို့ လုပ်လာချိန်မှာ ရပ်တန့်သွားခဲ့ပါတယ်။

အဲ့အချိန်တုန်းက Zainab ဟာ ၉ နှစ် သမီးပဲ ရှိပါသေးတယ်။ သူ့ သူငယ်ချင်းအကြောင်းကို
“သူက အရမ်းလှတယ်။ အရပ်လည်း ရှည်တယ်။ လူတွေက သူ့ကို သတိထားမိကြတာပေါ့”
ပြောရင်းနဲ့ အသံတွေတုန်လာတဲ့ Mashid Rezai က တိုးတိုးလေးဆက်ပြောပါတယ်။

“သူ့ကိုယ်သူ မီးရှို့လိုက်တယ်။ ပြီးတော့ သူသေသွားတယ်”
Zainab ရဲ့ ကိုယ့်ကိုကိုယ် သတ်သေမှုဟာ သူငယ်ချင်းတွေ အပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

သူမသူငယ်ချင်းသေပြီး တစ်နှစ်မပြည့်ခင်မှာပဲ Mashid အဖေဟာ သူ့သမီးအတွက် ခင်ပွန်းတွေ့ခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒီအချိန်မှာ Mashid ဟာ ၁၁ နှစ်သမီးပါ။
လက်ထပ်ဖို့ကိစ္စနဲ့ပက်သက်ပြီး အမေဖြစ်သူကို သူမက မေးခဲ့ပါတယ်။

“အဲ့လူက ဘယ်သူလဲလို့ သူ့ကို ကျွန်မမေးတယ်။ သူပြောတာက ကျွန်မတို့ရွာထဲကလူတစ်ယောက်ရဲ့ နာမည်ပဲ။ သူက လက်ထပ်ဖူးတယ်။ ကလေးနှစ်ယောက်လည်း ရှိတယ်။ ကျွန်မက ၁၁နှစ် ၊သူက ၃၅ နှစ်”
ကျွန်မ ၁၁ နှစ်ပဲရှိသေးတယ်လို့ ကျွန်မပြောတယ်။ ကျွန်မဆရာမကို သဘောကျလို့ ဆရာမဖြစ်ချင်တယ်လို့ ပြောတယ်”

ဒါကြောင့် Mashid ဟာ သူမပြောတာ မအောင်မြင်တဲ့အခါ သူမရဲ့ဆရာမဆီကို ပြေးခဲ့တာဖြစ်ပါတယ်။ အကူအညီ တစ်ခုခုရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဆရာမကလည်း ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တောင်တွေပေါ်တက်ပုန်းနေတဲ့ သူမကို သူမမိဘတွေ တွေ့သွားခဲ့ပါတယ်။
သူမအတွက်ရွေးစရာလမ်းက သူငယ်ချင်း Zainab ရဲ့ လမ်းပါပဲ။

ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဆေးရုံမှာ သုံးလလောက် သတိမေ့နေခဲ့ပါတယ်။
သူမ ပတ်တီးဖြေတဲ့အချိန်မှာတော့ အရေပြားတွေ တွန့်လိမ်ရှုံ့တွ ပျက်ဆီးသွားခဲ့ပါပြီ။
“ဒီ့အပြင် ကျွန်မအဖေက ကျွန်မလုပ်ခဲ့တာတွေအတွက် ဆေးရုံမှာ ရိုက်တယ်” လို့ Mashid က ပြောကြားခဲ့ပါတယ်။

ဆေးရုံက ဆင်းတဲ့အခါမှာတော့ သူမကိုလက်ထပ်မယ့်သူဟာ မီးလောင်ဒဏ်ရာတွေနဲ့ရုပ်ရည်ကြောင့် ငြင်းဆိုသွားခဲ့ပါတယ်။ သူမအဖေဟာ သူမတို့အိမ်လေးထဲမှာ ဒေါသတွေ ပိုထွက်နေခဲ့ပါတယ်။

အသက် ၁၃နှစ်မှာတော့ အိမ်က ပိုက်ဆံတွေကိုယူပြီး မြို့တော် Tehran ကို တက်ပြေးခဲ့ပါတယ်။
မြို့ကိုရောက်ရောက်ချင်း ဆေးရုံကို သူမဟာ တန်းသွားခဲ့ပါတယ်။
ကလေးအရွယ်သူမကို သနားသွားတဲ့ ပလတ်စတစ်ဆာဂျရီ ဆရာဝန်တစ်ဦးဟာ သူမကိုကယ်ဆယ်ခဲ့ပြီး အီရန်နိုင်ငံက ထွက်သွားနိုင်အောင် ကူညီခဲ့ပါတယ်။

ယခု Mashid ဟာ ၃၁ နှစ်အရွယ်ရှိနေပြီး လန်ဒန်မှာ နေထိုင်လျက်ရှိပါတယ်။ အနာရွတ်တွေနဲ့ပဲရှိသေးတယ့် သူမခန္ဓာကိုယ်ကို ဓာတ်ပုံအရိုက်ခံရမှာ ရှက်နေတဲ့ Mashid က သူမမိသားစုနဲ့ပက်သက်ပြီး
“ ကျွန်မ ဘယ်တော့မှပြန်မှာ မဟုတ်တော့ဘူး…”   လို့ပြောကြားခဲ့ပါတယ်။



credit: phothutaw
အပြည့်အစုံသို့ »

သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ



ပြိုကျသွားသော ဆန်းရှိတ်မှ အပျက်အစီးများကို ကြည့်နေစဉ် (ဓာတ်ပုံ – ဇော်ရန်း)
တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။
ဗဟန်းမြို့နယ် ကျိုက္ကစံရပ် ကွက် စိန်ခြယ်လမ်းရှိ သုံးထပ် တိုက်၏ အောက်ထပ်အရှေ့ပိုင်း ရှိ ပေ ၂၀ ရှည်ပြီး လေးပေကျယ် သော ကွန်ကရစ်ဆန်းရှိတ်မှာ ဇူ လိုင် ၂၈ ရက် ညနေ ၃ နာရီ အ ချိန်က ပြိုကျခဲ့ကြောင်း မြို့ပြ အင် ဂျင်နီယာတစ်ဦးက ပြောသည်။
‘‘သုံးထပ်တိုက်မြေညီရဲ့ ၁၄ ပေအမြင့် ဆန်းရှိတ်က အကုန် လုံးပြိုကျတာ။ ပထမထပ်ဝရန်တာ အောက်ဘက်က ပေ ၂၀ ရှည်ပြီး လေးပေကျယ်တဲ့ ကွန်ကရစ်တစ်တန်းလုံး အကုန်ကျိုးကျသွားတာ။ မီးသတ်တွေတော့ရောက်နေတယ်’’ ဟု ယင်းရပ်ကွက် အနီးနေမြို့ပြအင်ဂျင်နီယာ ဦးညိုဝင်းက ပြောသည်။

အဓိကကွန်ကရစ်တိုင်နှင့် ကွန်ကရစ်ဆန်းရှိတ်ကို သံချောင်း ဖြင့် တွဲဆက်ရန် လိုအပ်သော် လည်း  သံချောင်းမပါဘဲ ဆန်းရှိတ်ကိုဘေးမှ ဆက်လိုက်သောကြောင့်အဆိုပါ ဆန်းရှိတ်၏ အလေးချိန် ကို မခံနိုင်ဖြစ်ပြီး ပြိုကျသွားခြင်း ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ  ဦးညိုဝင်းက သုံးသပ်ပြောကြား သည်။

‘‘အခုအထိတော့ ဖယ်နေကြတုန်းပဲ ရှိသေးတယ်။ တိုက်ကပေနှစ်ဆယ်၊ ပေ လေးဆယ်အပြည့်ဆောက်ထားတာ နေထိုင်ခွင့်ကျတာမှ ခြောက်နှစ်ပဲရှိသေးတယ်တဲ့’’ ဟု ဆန်းရှိတ်ပြိုကျသည့်နေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးကလည်းပြောသည်။

အဆိုပါ ဆန်းရှိတ် ကွန်ကရစ်တန်းပြိုကျသော်လည်း လူထိခိုက် မှုမရှိကြောင်း  အဆိုပါ အမျိုးသားက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့တွေ မသိသေးပါဘူး’’ ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

7day daily
အပြည့်အစုံသို့ »

တည်းခိုခန်းတွင် အချင်းများပြီး ဓားဖြင့်ထိုးကာ အင်းလျားကန်အတွင်း ပစ်ချခဲ့


ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ်တည်းခိုခန်းမှ ပျောက်ဆုံးသွားပြီး နှစ်ရက်အကြာတွင် အင်းလျားကန်အတွင်း အလောင်းပြန်လည်တွေ့ရှိရသူကို သတ်ခဲ့သူမှာ တည်းခိုခန်း မန်နေဂျာဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ် (၂)ရပ်ကွက်၊ (၈)လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်မျိုးထွန်းသည် ဇူလိုင် ၂၀ ရက်၊ ည ၁၀ နာရီအချိန်တွင် အပြင်ခဏသွားမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ဇူလိုင်လ ၂၂ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ကြည့်မြင်တိုင် မြို့မရဲစခန်းက အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်၏ဖုန်းကို ဆက်သွယ်ကာ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရန် အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးရန်နောင်ကျော် ရောက်ရှိသွားစဉ်တွင် ညီဖြစ်သူ ကိုကျော်မျိုးထွန်းကို မတွေ့ဘဲ ၎င်း၏ဖုန်းကိုသာ တွေ့ရှိခဲ့ပြီး အခန်းအတွင်းရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများ ပေကျံနေကာ တည်းခိုခန်းမှ တာဝန်ရှိသူများက ကိုကျော်မျိုးထွန်းမှာ ဇူလိုင်လ ၂၀ ရက်တွင် လာရောက်တည်းခိုခဲ့ပြီး ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းတွင် အပြင်သွားမည်ဟုဆိုကာ ထွက်သွားခဲ့သည်ဟု ပြောသဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် လူပျောက်အမှု ဖွင့်ခဲ့သည်။

ထိုသို့ အမှုဖွင့်ပြီးနောက် ဇူလိုင် ၂၃ ရက်၊ ည ၆ နာရီခွဲ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်ရှိ အင်းလျားကန်အတွင်း အမျိုးသားတစ်ဦးမှာ ၀မ်းဗိုက်နှင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသဖြင့် ဆက်စပ်စုံစမ်းရာတွင် ကိုကျော်မျိုးထွန်း၏ အလောင်းဖြစ်နေ၍ အစ်ကိုဖြစ်သူက တရားလိုပြုတိုင်တန်းကာ ကြည့်မြင်တိုင်မြို့မ ရဲစခန်းတွင် (ပ) ၅၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ထို့နောက် တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့ကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့၏ ထွက်ဆိုချက်အရ ကိုကျော်မျိုးထွန်းသည် ဇူလိုင်လ ၂၁ ရက်၊ ည ၁၀ နာရီခန့်တွင် အခန်းတံခါးထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာမှ ၀င်ရောက်တားဆီးရာမှ ရန်ဖြစ်ခဲ့ပြီး ဦးမောင်မောင်မှ စတီးဓားဖြင့် ကိုကျော်မျိုးထွန်း၏ ၀မ်းဗိုက်နှင့် လည်ပင်းကို ထိုးခဲ့ရာမှ သေဆုံးသွားခဲ့ပြီး အလောင်းကို အင်းလျားကန်အတွင်းသို့ ပစ်ချခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည် ဦးမောင်မောင်အပါအ၀င် ငါးဦးကို စစ်ဆေးလျက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

mizzima
အပြည့်အစုံသို့ »

လှိုင်မြို့နယ်နေ အမျိုးသားတစ်ဦး နေအိမ်မှထွက်သွားကာ ပျောက်ဆုံးနေပြီး လေးရက်မြောက်အကြာ အင်လျားကန်အတွင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ


လှိုင်မြို့နယ်နေ အမျိုးသားတစ်ဦးနေ အိမ်မှထွက်သွားကာ ပျောက်ဆုံးနေပြီးနောက် လေးရက်မြောက်အကြာတွင် အင်လျားကန်အတွင်းမှ ဓားထိုးဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းများမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂ဝ ရက် ည ၈ နာရီခန့်က ကို……(၂၆)နှစ်မှာ ၎င်းနေထိုင်ရာ လှိုင်မြို့နယ်၊ (၂)ရပ်ကွက်ရှိနေအိမ်မှ အပြင်သို့ ခဏသွားမည်ဟုဆိုကာ ထွက်သွားခဲ့ပြီး ပြန်မလာဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းသို့ ပျောက်ဆုံးနေစဉ်၎င်း၏ အစ်ကိုဖြစ်သူ ကိုရန်နောင်ကျော်ထံသို့ ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ဇူလိုင် ၂၂ ရက်တွင် ဖုန်းဆက်ကာ စိတ်ကူးသစ်တည်းခိုခန်းသို့ လာရောက်ရန် အကြောင်းကြားသဖြင့် သွားရောက်ရာ ကို…… တည်းခိုခဲ့သည် ဟုဆိုသော တည်းခိုခန်းရှိ အခန်းနံပါတ် (၁ဝ၅) အတွင်း ကို…..အား မတွေ့ရှိရဘဲ၊ ခုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေပြီး ဓားတစ်ချောင်းနှင့် ကို….. ကိုင်ဆောင်သော ဖုန်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းကြောင့် တည်းခိုခန်းအတွင်းရှိ တာဝန်ရှိသူများအား မေးမြန်းရာ ကို…..မှာ ဇူလိုင် ၂၁ ရက် ည ၁ဝ နာရီခန့်က တည်းခိုခန်းအတွင်းမှ အပြင်သို့ ထွက်သွားခဲ့ကြောင်း သိရှိရပြီး လိုက်လံရှာဖွေရာ မတွေ့ရသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် လူပျောက်အမှတ်စဉ်(၆/၁၄) ဖြင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လူပျောက်တိုင်တန်းပြီး ရှာဖွေနေစဉ် ဇူလိုင် ၁၄ ရက်၌ မြောက်ဥက္ကလာပ ဆေးရုံကြီး၌ လူသေအလောင်းတစ်လောင်း ရောက်ရှိလာကြောင်း ဆက်သွယ်အကြောင်း ကြားသဖြင့် ကိုရန်နောင်ကျော်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုရာ ကို…. ဖြစ်နေကြောင်း သိခဲ့ရသည်။

“ကျွန်တော်တို့ ဒီလူသေအလောင်းကို အင်းလျားကန်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့တာပါ။ တွေ့တော့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပြီးတော့ စစ်ဆေးစေခဲ့တယ်။ နောက်ပြီး ဘယ်သူမှန်း မသိတဲ့အတွက် လူပျောက်တိုင်ထားတဲ့ သူတွေဆီကို ဆက်သွယ် အကြောင်းကြားခဲ့တာပါ” ဟု မရမ်းကုန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ဓားထိုး ဒဏ်ရာများဖြင့် သေဆုံးနေမှုနဲ့ ပတ်သက်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးတိုးရွှေက “လက်ရှိမှာ ဒီဖြစ်စဉ်ကို တိုင်းကနေပြီးတော့ တာဝန်ယူပြီး စစ်ဆေးနေပါတယ်။ ဒဏ်ရာတွေနဲ့ သေဆုံးနေပုံကတော့ လူသတ်မှုလို့ ယူဆရတယ်။ ပထမဆုံးအနေနဲ့ သူတည်းသွားတဲ့ တည်းခိုခန်းကလူတွေကို စစ်ဆေးနေတယ်။ နောက်ပြီး သူတည်းခိုခန်းကနေ ထွက်သွားတယ် ဆိုတာကလည်း တည်းခိုခန်းက စားပွဲထိုးလေးတွေကို စစ်ဆေးထားချက်အရ သိရတာပါ။ အတိအကျ အဖြေကတော့ ထွက်မလာသေးပါဘူး။ နောက်ပြီး ကျူးလွန်သူ ဘယ်သူလဲဆိုတာကိုလည်း စုံစမ်းဆဲပါပဲ။ နောက်တစ်ရက် နှစ်ရက်လောက် နေရင်တော့ တိကျတဲ့အဖြေကို သိရမှာပါ” ဟု ဇူလိုင် ၂၆ ရက် ညနေပိုင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ကြည့်မြင်တိုင်မြို့မ ရဲစခန်းက (ပ)၅ဝ၃/၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် ဇူလိုင် ၂၅ ရက်တွင် အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media
အပြည့်အစုံသို့ »

ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာတင်ကုတင်အကြား၌ မသင်္ကာဖွယ်ရာသေဆုံးနေ


သတင်း၊ ကိုတိုးကြီး
ဝက်လက်၊ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးခန်းအတွင်း လူနာတင်ကုတင်ပေါ်၌ ကျန်းမာရေးဝန်ထမ်းတစ်ဦး မသင်္ကဖွယ်ရာသေဆုံးနေသည့်အ တွက် ဒေသခံပြည်သူ ဦးကျော်ဆွေဆိုသူနှင့် ဦးညိုတို့က သစ်ဆိမ့်နယ်မြေရဲကင်းစခန်းသို့ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီအချိန်က သွားရောက်အကြောင်းကြားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် သစ်ဆိမ့်နယ်မြေရဲကင်းစခန်းမှူး ရဲအုပ် ရဲညွှန့်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာ တင်ကုတင်ပေါ်၌ မသင်္ကာဖွယ်ရာသေဆုံးနေသည့်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သစ်ဆိမ့်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းဆင်ဝင်ရှေ့ရှိ လူနာ တင်စင်နှင့် ခုံတန်းလျားအကြား၌ မှောက်လျက်လူတစ်ဦးသေဆုံးနေသည်ကို စီစစ်တွေ့ခဲ့ရပြီး ထိုသူ၏ ပါးစပ်မှလည်း သွေးများစီးယိုကျနေသည်ဟု အမှုစစ်ရဲအရာရှိက မှတ်တမ်းများရယူထားသည်။ အဆိုပါ သေဆုံးနေသူမှာ သစ်ဆိမ့်ကျေးလက်ကျန်းမာရေးဌာနတွင် ကြီးကြပ်အဆင့်(၂) တာဝန်များထမ်းဆောင်နေ သည့် ကျန်းမာရေးဝန်ထမ်း ဦးနေလင်း အသက်(၄၂)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းတစ်ဦး ကျန်းမာရေးဌာနဆေးခန်း ဆင်ဝင်ရှေ့ လူနာတင်စင်နှင့် ခုံတန်းလျားအကြား မသင်္ကဖွယ်ရာ သွေးထွက်သေဆုံးနေခြင်းအား မှုခင်းဆေးပညာများအရ ရဲတပ်ဖွဲ့က ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် ၀က်လက်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/ ၂၀၁၄ အရ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း
အပြည့်အစုံသို့ »

မော်ဒယ် သရုပ်ဆောင် ကောင်းမြတ်ဟိန်းသည် ရေနစ်သေဆုံးခြင်းဟု မှုခင်းဆရာဝန် ထွက်ဆို


မော်ဒယ် သရုပ်ဆောင် ကောင်းမြတ်ဟိန်း(ခ) ကျော်ဇောဟိန်း သေဆုံးမှုအား အင်း စိန်မြို့နယ်တရားရုံးတွင် ဇူလိုင် ၂၂ရက်တွင် စစ်ဆေးရာမှုခင်းဆရာ ဝန် ဆေးစစ်ချက်ကို ထွက်ဆိုချက် ရယူခဲ့သည်။


မှုခင်းဆရာဝန်၏ ထွက်ဆိုချက် အရ သေဆုံးသူတွင် ပြင်ပဒဏ်ရာ ရှိပြီး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ဓါတုဗေဒဝန်ရုံး၏ ပြန်စာ ၃၃၃၊ 1BH၊ YGN/ ၂ဝ၁၄ အရ သေဆုံးသူအား ဖေဖော်ဝါရီ ၇ရက် က ခွဲစိတ်စစ်ဆေးမှုတွင် သွေးထဲ၌ အရက်ဓာတ်တွေ့ရှိသော်လည်း သေ ဆုံးသူ၏အစာအိမ်တွင် အရက်ဓာတ် မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

Master University ပြိုင်ပွဲဝင် မော်ဒယ်သရုပ်ဆောင် ကောင်းမြတ် ဟိန်းသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ရက်တွင် မြို့တော်ဂေါက်ကွင်း ဟိုတယ်အတွင်းရှိ ရေကူးကန်ထဲတွင် သေဆုံးခဲ့မှုအပေါ် CID (စုံစမ်း စစ်ဆေးရေး)အဖွဲ့မှ စစ်ဆေးနေခြင်း ဖြစ်ပြီးယနေ့ မှုခင်းဆရာဝန် ထွက် ဆိုချက်အရ ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်းသိရသည်။

”ရေနစ်သေတယ်ဆိုတာ ဆရာဝန်ကြီးက သူတွေ့တဲ့အတိုင်း အမှန် အတိုင်းထွက်ဆိုသွားတာ။ ရေနစ် သေတယ်ဆိုတဲ့နေရာမှာ ပြင်ပဒဏ် ရာတွေ့တယ်လို့ ထွက်ဆိုသွားတယ်။ သူ့ကိုချုပ်နှောင်ပြီးတော့ ရေစည် ပိုင်းထဲမှာ နှစ်လဲ ရေနစ်သေတာပဲ။ ပြီးတော့မှ ရေကန်ထဲချလဲရတာပဲ။ အစ်မကတော့ အဲဒီလိုယူဆတယ်” ဟု မော်ဒယ်သရုပ်ဆောင် ကောင်းမတ်ဟိန်း၏ အစ်မဖြစ်သူ မစိုးယုမော်က ပြောသည်။

ဇူလိုင် ၂၂ရက် အမှုရုံးချိန်းသို့ မော်ဒယ်သရုပ်ဆောင် ကောင်းမြတ်ဟိန်း၏ မိခင်၊ ဖခင်နှင့် အစ်မတို့ လာရောက်ခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဇူလိုင် ၃၁ရက်သို့ ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။

မော်ဒယ်သရုပ်ဆောင်ကောင်း မြတ်ဟိန်း(ခ) ကျော်ဇောဟိန်းသည် Master University ပြိုင်ပွဲဝင်ရန် အတွက် August Myanmar ကုမ္ပ ဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့် နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

Master University ပြိုင်ပွဲ ဝင်ရန် ယောက်ျားလေး ၁၈ဦး၊ မိန်းခလေး ၁၈ဦးတို့ မြို့တော်ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ ကျင့်နေရာမှ ဇန်နဝါရီ ၂၁ရက် ည နေ ၅နာရီခန့်တွင် ပြိုင်ပွဲဝင်များနှင့် အတူရေဆင်းကူးပြီး ၅နာရီခွဲခန့်တွင် ရေကူးနေသူအားလုံး ရေကူးကန်မှ တက်သွားကြပြီး နေ့စဉ်ပြုလုပ်သည့် ည ၆နာရီ အစည်းအဝေးသို့ တက် ရောက်ခြင်းမရှိဘဲ ကောင်းမြတ်ဟိန်း မှာစတင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ ည ၁၂နာရီအချိန် ခန့်တွင်မှ ဟိုတယ်လုံခြုံရေးဝန်ထမ်း မှ ၄င်း၏အလောင်းအား ရေကူးကန်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Democracy Today
အပြည့်အစုံသို့ »

အခြားအမျိုးသားတစ်ဦးနဲ့ဖောက်ပြန်နေတဲ့ အချစ်စာသားတွေကြောင့် ခင်ပွန်းဖြစ်သူက တူနဲ့ထုသတ်


ဖုန်းထဲကနေ ခြေရာလက်ရာ၊ မဖျောက်ဖျက်ခဲ့တဲ့ နှလုံးသားသံစဉ်စာသားတွေကြောင့် အနောက်တိုင်းက အမျိုးသမီးတစ်ဦးတော့ အသက်နဲ့ရင်းပြီးခံစားသွားရပါပြီ။ ဟုတ်ပါ တယ် ဒါက လူမှုရေးဖောက်ပြန်မှုရဲ့ အကျိုးရလာဒ်ပါပဲ။ သိသာသိ မမြင်စေပါနဲ့ ဆိုတဲ့ ရှေးလူကြီးစကားတွေမှန်ကြောင်းကို အနောက်တိုင်းက လင်မယားစုံ တွဲတစ်တွဲက အထင်းသားကြီး ထောက်ပြလိုက်တဲ့သဘောပါ။



ပါကစ္စတန်အနွယ်ဖွား အသက် ၂၂ နှစ်အရွယ် အမျိုးသား ဒန်းနစ်အာဖန်နဲ့ ဗြိတိန်လူမျိုး အသက် ၂၁ နစ်အရွယ် ရစ်ဒါဇက်နက်တို့က လက်ထက်ထိမ်းမြားခြင်း စည်းမျဉ်းစည်း ကမ်းဥပဒေတစ်ရပ်ကို မလွန်ဆန်နိုင်ခဲ့ကာ မချစ်မနှစ်သက်ပါပဲနဲ့ ထိမ်းမြားခဲ့ရတဲ့ အ တွက် တစ်ဦးနဲ့ တစ်ဦးတို့ရဲ့ အိမ်ထောင်ရေးက သာယာတဲ့ အခြေအနေကိုမရောက်ခဲ့ တဲ့အပြင် နေထိုင်မှုဘ၀ပုံစံတွေမှာ အတော်လေးကွဲပြားခြားနားနေခဲ့ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့တဲ့ သူတို့လူငယ်နှစ်ယောက်က အိမ် ထောင်ရေးဘ၀တွေမှာလည်း လူငယ်မာနကိုယ်စီထားခဲ့ကြတယ်။ လူမျိုးချင်းမတူ၊ ဘာသာချင်းမတူ၊ ဘ၀နေထိုင်ဖြတ်သန်းပုံချင်းမတူညီတဲ့ သူတို့နှစ်ယောက်က အိမ် ထောင့်တာဝန်တွေကို မသိကျိုးကျွံပြုကာ သူလည်း သူကြိုက်နှစ်သက်ရာလုပ်၊ ကိုယ် လည်းကိုယ်ကြိုက်နှစ်သက်ရာလုပ်ပုံစံဖြင့်  သဘောထားအမြင်မတူညီဘဲ ဆက်ဆံရေး အေးစက်တာမျိုးတွေရှိလာပါတယ်။

ဒါပေမဲ့ တစ်ရက်မှာတော့ အနောက်တိုင်းသူဖြစ်တဲ့ ဇနီးသည်ဖြစ်တဲ့ ရစ်ဒါရဲ့ အနောက် တိုင်းဆန်ဆန်လူမှုဆက်ဆံရေးတွေ ငြိစွန်းတဲ့အချက်အလက်တွေ အတိအကျသိသွား ခဲ့တဲ့ အခါမှာ သူမအတွက် ကြမ္မာငင်သွားခဲ့ပါတယ်။

သူမကိုင်တဲ့ဖုန်းမှာ အခြားအမျိုး သားတစ်ဦးနဲ့ ချစ်ခြင်းဖွဲ့စာသားတွေဖြစ်တဲ့ I Love U ၊ Mwahhh ၊gud nyt စတဲ့ စာ သားတချို့ အပြန်အလှန်ပို့နေကြတာကို လက်ဆုပ်လက်ကိုင် မိသွားတဲ့အခါတော့ ခင် ပွန်းဆိုတဲ့ ရပ်တည်မှုကြီးက ချစ်ခြင်းမပါပဲနဲ့လည်း စိတ်ရဲ့အသိဥာဏ်မှာတော့ ဒီလိုအ ဖြစ်မျိုးအတွက် သတိလက်လွတ်တုန့်ပြန်လိုက်တာက အိပ်ယာထက်မှာ အိပ်ပျော် နေတဲ့ ဇနီးသည်ရဲ့ ဦးခေါင်းပေါ်ကို အကြိမ်ရေ ဆယ်ချက်နဲ့မနည်း တူနဲ့ထုသတ်လိုက် တာပါပဲ။

အဲဒါပါပဲ အချစ်မပါတဲ့ အိမ်ထောင်ရေးဖြစ်တဲ့ အပြင်ဒီလို လူမှုရေးဖောက်ပြန်တတ်တဲ့ လူမှု အသိုင်းအ၀ိုင်းမှာ ဒီလိုမျိုးအသက်စတေးပေးသွားရတဲ့ အဖြစ်တွေ၊ သာဓကတွေ အများကြီးရှိတတ်တာကို ကြားသိမြင်တွေ့ကြရမှာပါ။ ဒါကဖောက်ပြန်မှုရဲ့ နောက်ဆုံး ရလာဒ်တစ်ခုလို့လည်း ဆိုလို့ရပါတယ်။

phothutaw
အပြည့်အစုံသို့ »

မန္တလေး ပဋိပက္ခဖြစ်ပွားစေခဲ့သည့် လိမ်လည်တိုင်းတန်သူ အမျိုးသမီးနှစ်ဦးကို တစ်ပတ်အတွင်းတရားစွဲမည်


 မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် လ္ဘက်ရည်ဆိုင်ပိုင်ရှင်က အဓမ္မပြုကျင့်သည်ဟု ပျဉ်းမနားမြို့မ ရဲစခန်းတွင် လိမ်လည်တိုင်းတန်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၏ အကြံပြုချက်ဖြင့် ပျဉ်းမနားမြို့နယ်တရားရုံးတွင် တစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသည့် အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

 "ဒီလီဆယ်တိုင်းတန်မှုကြီးက ဘယ်လောက်ထိ ကြီးကျယ်သွားလဲဆိုတော့ မန္တလေးမြို့ကြီးမှာ ပဋိပက္ခဖြစ်တဲ့အထိ ဖြစ်သွားတယ်ဆိုတော့ အဲဒီပဋိပက္ခ ဖြစ်အောင် အကွက်ဆင်တဲ့သဘောပေါ့” ဟု အဆင့်မြင့်အရာရှိကပြောသည်။

အဆိုပါအမှုကို တရားစွဲဆိုရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်ပုဒ်မများဖြင့် အရေးယူဆောင်ရွက်မည်ကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးသို့ အကြံပြုချက် တောင်းခံထားခြင်းဖြစ်ပြီး အဆိုပါရုံး၏ အကြံပြုချက်အတိုင်း တရားစွဲဆိုသွားမည်ဖြစ်သည်။

လီဆယ် တိုင်တန်းရန် စီစဉ်ညွှန်ကြားသူများဖြစ်သည့် ဖြူဖြူမင်း(ခ)ကတုံးမနှင့် နုနုမြတ် နှစ်ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ဒုတိယအကြိမ်ရမန်ကြီး နှစ်ပတ်ယူထားသော်လည်း တစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဖြစ်သည်။ စီစဉ်ညွှန်ကြားသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ရဲထွဋ်(ခ) သူရရဲထွဋ်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

အဆိုပါကိစ္စအတွက် ပျဉ်းမနားမြို့မ ရဲစခန်းက (ပ) ၃၁၂၊ ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁ဝ၉ လီဆယ်မှု ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။

Mizzima
အပြည့်အစုံသို့ »

ဗုဒ္ဓဘုရားကျောင်းဆောင်အောက်မှာ အပြာကားများ ဖွက်ထားသည့် တရုတ်အစိုးရအရာရှိ


ခရီးသွားလာရေးနဲ့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စများမှာ မသမာတဲ့ငွေများ အသုံးပြုမှုကြောင့် တရုတ်အရာရှိသုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ China News က ဖော်ပြခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ကို ဝင်ရောက်ရှာဖွေတဲ့အခါ  ဘုရားခန်းထဲက ဗုဒ္ဓဘုရားကျောင်းဆောင်အောက်မှာ အပြာကားများဖွက်ထားတာကို  တွေ့ခဲ့ရတယ် လို့ဆိုပါတယ်။
ဒီအရာရှိသုံးဦးဟာ အတွင်းပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Inner Mongolia Autonomous Region) က ဖြစ်ပြီး သမ္မတရှီကျင်ပင်းရဲ့ ချစားမှု တိုက်ဖျက်ရေးစီမံကိန်းမှာ နောက်ဆုံး အလုပ်ထုတ်ခံရသူတွေလည်း ဖြစ်ပါတယ်။

China News ရဲ့အဆိုအရ အပြာကားများကို တွေ့ရှိခဲ့သူ Wu Zhizhong ဟာ အတွင်းပိုင်း မွန်ဂိုလီးယားဒေသရဲ့ လက်ထောက်အတွင်းရေးမှုးဟောင်း တစ်ဦးလည်းဖြစ်ပြီး တရုတ်ပြည်မှာ အိမ် ၃၃လုံးနဲ့ ကနေဒါမှာ အိမ်တစ်လုံးပိုင်ဆိုင်သူဖြစ်ပါတယ်။

Wu ပိုင်ဆိုင်တဲ့ အခန်းများကို ဝင်ရောက်ရှာဖွေရာမှာ ရွှေချောင်းများ၊ဈေးကြီးသော ပန်းချီကားများနဲ့ ငွေစက္ကူများပေါင်း များစွာအပြင် အပြာကားပေါင်း တစ်ရာနီးပါးကို ဘုရားရှစ်ခိုးခန်းထဲက ဘုရားကျောင်းဆောင်အောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

www.myanmarlatestnews.com

credit: phothutaw
အပြည့်အစုံသို့ »

ရန်ကင်းမြို့နယ်၌ ပခုံးချင်းတိုက်မိသည့်သူအား ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့် အမျိုးသားကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်


လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသား (ထီးဆောင်းထားသူ)အား တရားရုံးအတွင်းမှ ထွက်ခွာလာသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်

ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက ပခုံးချင်း ၀င်တိုက်မိသည့်သူအား အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့်အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်အား ယခုလအတွင်း နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးပြီးနောက် ဇူလိုင်၂၂ ရက်မွန်းလွဲ ၁ နာရီတွင် အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်တရားသူကြီး (၄) က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံ ချစ်ပို (၂၂) နှစ်မှာ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဟု တရားရုံး၌ ထွက်ဆိုခဲ့သော်လည်း တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များ၊ သေဆုံးသူ၏ ဒဏ်ရာများနှင့် သိမ်းဆည်းရမိခဲ့သည့် ဓားအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်။ ထို့အပြင် လူသတ်ရန်သင့်မသင့်ကို ချစ်ပိုမှာ ဆုံးဖြတ်ရန် အချိန်ရှိသော်လည်း သေဆုံးသူ လဲကျနေစဉ် နေအိမ်သို့ ဓားပြန်ယူပြီး နာရီဝက်အကြာတွင် ထပ်မံလာရောက်ကာ သေဆုံးသူအား အဆက်မပြတ် ခုတ်နေခြင်းတို့မှာ ပုဒ်မ ၃၀၂(၁) (ခ)အရ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း လက်ရှိနိုင်ငံတော်မှာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့်အတွက် တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးကြောင်း ရပ်ကွက်နေပြည်သူလူထုမှလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်ထိန်လန့်မှုများ ရှိနေသောကြောင့် ယင်းအမိန့်ကို ချမှတ်ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်တရားသူကြီး (၄)က အမိန့်ချမှတ်ရာတွင် ပြောကြားခဲ့သည်။

သို့သော် သေဒဏ်အမိန့်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အတည်ပြုမှသာ အတည်ဖြစ်မည်ဖြစ်ကာ အမိန့်အတွက် အယူခံဝင်မှုကို ၇ ရက်အတွင်း တရားခံဖြစ်သူမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းနိုင်ကြောင်း တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။

အမိန့်ချမှတ်ပြီးနောက် တရားခံချစ်ပိုမှာ မိဘဖြစ်သူနှင့် နာရီဝက်ကြာ တွေ့ဆုံခွင့်တောင်းခံခဲ့ပြီး ၎င်းအတွက် မိသားစုဝင်များက အယူခံဝင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

အမှုဖြစ်ပွားခဲ့ပုံမှာ ယင်းရပ်ကွက်နေ ကျူးလွန်သူချစ်ပိုက သေဆုံးသူအမျိုးသား မျိုးမင်းဦးနှင့် ပခုံးချင်းတိုက်မိရင်း စကားများရာမှ မျိုးမင်းဦးအား အရက်ပုလင်းဖြင့် ဦးစွာရိုက်ခဲ့ပြီး အရက်ပုလင်းကွဲဖြင့် ရင်ဝကိုထိုးခဲ့ကြောင်း သိရသည်။ ယင်းနောက် ချစ်ပိုက မျိုးမင်းဦး၏ ဦးခေါင်းအား ဓားဖြင့် ပြတ်လုနီးပါး ဖြစ်သည်အထိ ထပ်မံခုတ်ဖြတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။

ထို့အပြင် ချစ်ပိုမှာ ၎င်းအသက် ၁၆ နှစ်အရွယ်တုန်းကလည်း ကိုးတန်းကျောင်းသားတစ်ဦးကို ရန်ကင်းမြို့နယ် မိုးကောင်းလမ်း၌ ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ဖူးကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ခေါင်းပြတ်လုနီးပါးသတ်ခဲ့သည့် လူသတ်မှုကို ရန်ကင်းမြို့နယ်နေ ပြည်သူများက ရှုတ်ချကြောင်းနှင့် ကျူးလွန်သူအား တရားဥပဒေအရ ပြင်းထန်စွာ အရေးယူပေးပါရန် ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၅၀၀၀ ခန့်ဖြင့် ပြီးခဲ့သည့် မတ် ၂၈ ရက်က ပြုလုပ်ခဲ့ဖူးသည်။

Eleven Media
အပြည့်အစုံသို့ »

မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို



မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင်တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းရင်းထိန်းရင်းကနေ လူစုလူဝေး ဖြစ်သွားတာပါ။ အခုဖြစ်စဉ်မှာ လိမ်လည်တိုင်တန်းတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မန္တလေးခရိုင်ဒုတိယ ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သူ ဖြူဖြူမင်း(ခ) ကတုံးမက ဇူလိုင် ၉ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ အမှုဖြစ်စဉ်ကို ဖြောင့်ချက်ပေးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှာ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ဌေး(ခ)ကိုထွေးနှင့် ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ကြိုတင်ထွက်ဆိုချက်များပေးခဲ့သည်ဟု ဆိုသည်။

“လိမ်လည်တိုင်တန်းတဲ့ ကိစ္စတစ်ခုက ဒီလောက်အထိဖြစ်သွားတာတော့ မကောင်းဘူး။ ဥပဒေဘက်တော်သားတွေလည်း လျင်လျင်မြန်မြန်လုပ်ဖို့ လိုတယ်။ ဖြစ်စဉ်မှာ ဘေးတီးတဲ့သူတွေကို ဖော်ထုတ်ဖို့လည်း လိုတယ်။ မန္တလေးမြို့ လက်ရှိအနေအထားကလည်း ငြိမ်းချမ်းတဲ့အဆင့်တော့ မရောက်သေးပါဘူး။ တည်ငြိမ်တဲ့ အဆင့်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ညမထွက်ရ အမိန့်ရှိတဲ့အတွက်ပါ။ ညမထွက်ရအမိန့် ရုပ်သိမ်းပြီး စောင့်ကြည့်ဖို့လိုပါသေးတယ်”မန္တလေး မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စ ကိုနေ ကဖေးနှင့် ဆန်း ကဖေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဖြူဖြူမင်း(ခ)ကတုံးမ လိမ်လည်တိုင်ကြားခဲ့ခြင်းအပေါ် ပျဉ်းမနားမြို့မ ရဲစခန်း က(ပ)၂၉၃/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကို ဇူလိုင်လ ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟုဆိုသည်။ လိမ်လည် တိုင်တန်းသူ ဖြူဖြူမင်းနှင့် ညွှန်ကြားစီစဉ်သူ မနုနုမြတ်တို့ကို ဖမ်းဆီးထားပြီး ရဲထွဋ် (ခ) သူရရဲထွဋ်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Mizzima
အပြည့်အစုံသို့ »

ကလေးအား တိပ်နဲ့ပတ် ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် မူကြိုဆရာမ



တရုတ်နိုင်ငံ Hebei ပြည်နယ်က မူကြိုဆရာမဟာ အင်တာနက်ပေါ် ကလေးတစ်ယောက်ရဲ့ ပုံကို တင်ခဲ့တာကြောင့် အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။

သူ့တပည့်ဖြစ်တဲ့ ဒီကလေးရဲ့ခေါင်းနဲ့လက်များကို ပုံပါအတိုင်း ပလတ်စတစ်တိပ်နဲ့ အထပ်ထပ်ပတ်ပြီး တရုတ်နိုင်ငံရဲ့ လူကြိုက်များ မက်ဆေ့ဂ်ျအပ်ပလီကေးရှင်းဖြစ်တဲ့ WebChat ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

Shanghaiist ရဲ့ဖော်ပြချက်အရ ဒီလူငယ်ဆရာမဟာ Yu Tian မူကြိုကျောင်းက ဆရာမတစ်ဦးဖြစ်ပါတယ်။
သူမဟာ ကျောင်းသားကလေးရဲ့ နှာခေါင်းနဲ့ မျက်လုံးတွေကိုသာချန်ပြီး ကျန်တဲ့နေရာအားလုံးကို တိပ်နဲ့ ရစ်ပတ်ခဲ့တာ ဖြစ်ပါတယ်။  ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒီလိုလုပ်ခဲ့ပုံရပါတယ်။

အခန်းထောင့်မှာထိုင်နေတဲ့ ကလေးဟာ မသက်မသာနဲ့ ဒုက္ခရောက်နေပုံ ပေါ်ပေမဲ့ သူမသူငယ်ချင်းတွေကိုပြဖို့ သူမက ဓာတ်ပုံရိုက်ကာ WebCaht မှာ ရှယ်ယာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဓာတ်ပုံဟာ တရုတ်ဆိုရှယ်ဝက်ဆိုက်ဒ် Weibo မှာပါ ပြန့်နှံ့သွားခဲ့ပြီး တရုတ်နိုင်ငံသားတွေ ဒေါသထွက်နေကြတယ်လို့ Apple Daily က ဖော်ပြခဲ့ပါတယ်။

တော်တော်များများက ဒီလိုပြစ်ဒဏ်ပေးမှုကြောင့် ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်ရုံမက စိတ်ပိုင်းဆိုင်ရာပါ ဒဏ်ရာရသွားနိုင်တယ်လို့ ဆိုပါတယ်။
အချို့ကတော့ ဒီဆရာမကို ပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။



credit: phothutaw
အပြည့်အစုံသို့ »

ခွေးတစ်ကောင်ကို တရွတ်တိုက်ဆွဲကာ နှစ်မိုင်နီးပါး မာင်းနှင်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ်ချ



ကယ်ရိုလိုင်းနား၊ ဇူလိုင် ၁၈- အမေရိကန်နိုင်ငံတောင်ပိုင်း ကယ် ရိုလိုင်းနားပြည်နယ်မှာ ခွေးတစ်ကောင်ကို ကားနောက်ကနေ တ ရွတ်တိုက်ဆွဲကာ နှစ်မိုင်နီးပါး ကားကိုမောင်းနှင်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားဟာ ခွေးရဲ့လက်ကို သူ့ရဲ့ကားအ နောက်မှာ ချည်နှောင်ကာ တရွတ်တိုက်ဆွဲ မောင်းနှင်ခဲ့ပါတယ်။ ယင်းအမျိုးသားရဲ့အမည်ကတော့ Roger Owens လို့အမည်ရပြီး သူ့ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်တွေကြောင့် ပြည်နယ်တရား ရုံးတော်က သူ့ကို ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ ရှေ့နေတစ်ဦးကတော့ သူ့ အနေနဲ့ ဒီလိုမျိုးလုပ်ရပ်ကို တစ်ခါမှမမြင်ဖူးပါလို့ ပြောဆိုခဲ့ပါတယ်။
Roger ရဲ့ ထွက်ဆိုချက်အရ ''ကျွန်တော် အဲဒီခွေးရဲ့ လက်ကို ကားအနောက်မှာ ချည်နှောင်ခဲ့ပြီး နှစ်မိုင်နီးပါး တရွတ် တိုက်ဆွဲ မောင်းနှင်ခဲ့တယ်''လို့ ထွက်ဆိုထားပါတယ်။
Roger ဟာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ် ငါးနှစ်၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ်တဲ့အမှုနဲ့ ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ရတယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Yangon Media Group
အပြည့်အစုံသို့ »

မန္တလေးမြို့တွင် ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်


အခင်းစတင်ဖြစ်ပွားသည့် ဇူလိုင် ၁ ရက်ညက ဆန်း ကဖီးဆိုင်ရှေ့ မြင်ကွင်းကို တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ဆူပူမှုဖြစ်ပေါ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုသာဖြစ်ကြောင်း အစိုးရက ဇူလိုင် ၁၉ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာ များမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

မှုခင်းဖြစ်စဉ်မှာ ဇွန် ၂၈ ရက်ည ၁ဝ နာရီတွင် မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီးလက်ဖက်ရည်ဆိုင်ရှိ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ် ဘုတလင်မြို့ နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ အသက် ၄ဝ ကျော်အရွယ်ရှိ ဆိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့ ညီအစ်ကိုနှစ်ဦးက ယာဉ်အမှတ် မမှတ်မိသည့် အဖြူ ရောင်ယာဉ်နှင့် နေပြည်တော်ရှိ လက်ဖက်ရည် ဆိုင်သစ်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနား တောင်ညိုကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက သားမယားပြုကျင့်၍ တိမ်းရှောင်သွားကြသည်ဟု ပျဉ်းမနားမြို့မရဲစခန်းတွင် တိုင်ကြားခဲ့သည်။

ယင်းမှုခင်းဖြစ်စဉ်အား မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ စစ်ဆေးချက်များအရ ၎င်း၏အမည်အရင်းမှာ ဖြူဖြူမင်း(ခ) ကတုံးမ အသက် ၃ဝ နှစ် ဖြစ်ကြောင်း မွေးရပ်ဇာတိမှာလည်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ဆန်းကဖီးတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိကြောင်းနှင့် မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များ အရလည်း အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း၊ စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့နောက် ၎င်းအားရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ ဝန်ခံချက်အရ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်ဆိုသူတို့၏ ငွေပေးစေခိုင်းမှုအရ ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က ၎င်းကိုသားမယားအဖြစ် ပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လီဆယ်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မစိုးစိုးအမည်ခံ လီဆယ်တိုင်ကြားသူ မဖြူဖြူမင်း(ခ) ကတုံးမသည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာတွင် ခင်ပွန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်တို့နှင့် ရင်းနှီးခဲ့ကြောင်း၊ အမှုကို မန္တလေးခရိုင် တရားရုံးက ၂ဝ၁၄ ခုနှစ် ဧပြီတွင် တရားခံမင်းသူရဇော် (ခ) နိုမိုဟာမက်အား ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲတရားခံ မင်းသူရဇော်၏အဒေါ် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီဌေးတို့အား ထောင်ဒဏ် ၁၂ နှစ် အသီးသီးချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် အပေါ်တွင် ဒေါ်ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် မင်းသူရဇော်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေးဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ပြီး အမှတ်(၃) ရဲစခန်း(ပ) ၁၄၉ / ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆ -၃၅၃ အရ အမှုဖွင့် အရေးယူခဲ့ပြီး ယင်းအမှုမှာလည်း ချမ်းအေးသာဇံမြို့နယ်တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ပြန်လည်အမှုဖွင့်ခံရမှု အပေါ်ကိုလည်း ခင်မောင်ထွေး၊ ရဲထွဋ်နှင့် ဒေါ်မာလာတို့က မကျေနပ်သဖြင့် တရားလိုပြုလုပ်သူ ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်ဆိုသည့် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီးနောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော်နှင့် ဟေမာကျော်တို့သည် ပြင်ဦးလွင် ရဲစခန်းသို့ သွားရောက်ပြီး ဟေမာကျော်က ရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြားပေးထားသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက သူမအား သားမယား ပြုကျင့်ခဲ့ကြောင်း တရားလိုပြုလုပ်၍ လီဆယ်တိုင်တန်းခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့မှာ မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်လည်း ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းမှာ ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်၊ ဦးနေဝင်းတို့နှင့် လူမှုရေးပြဿနာများကြောင့် မှုခင်းအပြန်အလှန် ဖြစ်ပွားနေသည်။ ဟာဂျီထွန်းထွန်း သည် ၎င်း၏ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း (၂၇ နှစ်) အား မေလအတွင်းက သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မေ ၁၇ ရက်တွင် စစ်ကိုင်းရဲစခန်းက (ပ)၂၈၁/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှုအပေါ် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆ၍ ၎င်းတို့နှစ်ဦး ပြစ်ဒဏ်ကြီးစွာကျခံနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရန် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီ တောင်းခံခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့ကလည်း ခင်ပွန်းမူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျပြီး ငွေလိုနေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချပြီး သားမယားပြုကျင့်မှုဖြင့် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အား လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်းက ၎င်းတို့၏နေအိမ်သို့ ဖြူဖြူမင်းကို ခေါ်ယူနေထိုင်စေကာ သားမယားပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင်သင်ပေးပြီး အောင်မြင်ပါက ငွေဆယ်သိန်းပေးမည်ဟု သွေးဆောင်စည်းရုံးခဲ့သည်။

ထို့နောက် ဖြူဖြူမင်း၊ ရဲထွဋ်၊ နုနုမြတ်နှင့် ဖြူဖြူဇော်တို့သည် ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အပေါ် လီဆယ်အမှုဖွင့်ရန် ဇွန် ၂၆ ရက် ညနေပိုင်းတွင် ပျဉ်းမနားသို့ သွားရောက်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာ ပျဉ်းမနားမြို့အနေအထားတို့ကို ဖြူဖြူမင်းအား ပြသခဲ့သည်။ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းတွင် ဖြူဖြူမင်းအား ငွေ ၂၅ဝဝဝ ပေး၍ ပျဉ်းမနားမြို့ မြင်းရုပ်အနီးတွင် ထားခဲ့ပြီး ဖြူဖြူမင်းသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းကို သွားကာ ဦးနေဝင်းနှင့် ဦးဆန်းမောင်တို့က သူမအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု အမှုစစ်အရာရှိထံ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးချက်များနှင့် ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များအရ ပျဉ်းမနားမြို့တွင် ဖြူဖြူမင်း(ခ) ကတုံးမ လီဆယ်တိုင်တန်းသော အမှုအား ဇူလိုင် ၁၇ တွင် ပိတ်သိမ်းခဲ့ပြီး ပြင်ဦးလွင်ခရိုင်ရုံး၏ ဥပဒေအကြံပြုချက်အရ လီဆယ်တိုင်တန်းသူဟေမာကျော်နှင့် ဒေါ်မာလာတို့အား ဥပဒေနှင့်အညီအရေးယူရန် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း(ခ) ကတုံးမ၊ လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ နုနုမြတ်တို့အား ဖမ်းမိထားပြီး ရဲထွဋ်(ခ) သူရရဲထွဋ်၊ ဟေမာကျော်နှင့် ဒေါ် မာလာတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။          

news-eleven
အပြည့်အစုံသို့ »

ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ



ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန် အတွက် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်း ခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ် လိုက်ကြောင်း သိရသည်။ Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အပါအဝင် ဇာတ်ကား အချို့တွင် မထင်မရှား ဇာတ်ဝင်ခန်း အချို့မှ ပါဝင်သရုပ်ဆောင် ဖူးသည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန်ကို ဓာတုလက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု စွဲချက်များအတွက် အပြစ် ရှိကြောင်း ခရိုင် တရားသူကြီး မိုက်ကယ် ရှနေးဒါးက ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ် အပြင် နစ်နာကြေး အဖြစ် ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင်ရန် အမိန့်ချ မှတ်ခဲ့သည်။


အသက်(၃၆)နှစ်ရှိ ရှန်နွန်သည် စီရင်ချက် မချမှတ်မီတွင် တရားသူကြီးကို တောင်းပန်စကား ဆိုခဲ့ပြီး “ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မက လူဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်မနိုင်ငံကို ချစ်သလို သမ္မတကိုလည်း လေးစားပါတယ်”ဟု ပြောကြားခဲ့သည်။ သူမသည် ပဲစေ့မှ ထုတ်လုပ်သည့် Ricin ခေါ် အဆိပ်တစ်မျိုး သုတ်လိမ်းထားသည့် စာများကို ခင်ပွန်းဖြစ်သူ နေသန်ရစ်ချတ်ဆန်၏ အမည်ဖြင့် အိုဘားမား၊ နယူးယော့ခ် မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွမ်းဘာ့ဂ်နှင့် သေနတ်ကိုင်ဆောင်မှု လျှော့ချရေး တက်ကြွလှုပ်ရှားသူ မာ့ခ်ဂလေ့ဇ်တို့ထံ ပေးပို့ခဲ့သည်။ ပြီးခဲ့သည့်နှစ်၊ ဇွန်လက ရဲများက ဖမ်းဆီးခဲ့သည်။ ရှန်နွန် အဖမ်းခံရချိန်တွင် ခင်ပွန်းဖြစ်သူ နေသန်ကလည်း သူမကို ကွာရှင်းရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။

ရှန်နွန်သည် အဆိပ်ပြုလုပ်ရန် လိုအပ်သည့် ပဲစေ့နှင့် အချို့သော ပစ္စည်းများကို ခင်ပွန်းသည်၏ အမည်ဖြင့် ပြုလုပ်ထားသည့် Email အသစ်၊ PayPal Account အသစ်တို့ဖြင့် Online မှ တစ်ဆင့် မှာယူခဲ့သည်။ Ricin သည် ရှူရှိုက်မိပါက အသက်ရှူ ကျပ်စေပြီး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဇီဝအဆိပ်တစ်မျိုး ဖြစ်သည်။ သေစေနိုင်သည်အထိ အာနိသင်ရှိသော အဆိုပါ အဆိပ်အတွက် သီးသန့်ဖြေဆေး ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။ (၂၀၁၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က ရှန်နွန်သည် ခင်ပွန်းဖြစ်သူ အလုပ်သို့ သွားရောက်သည့် အချိန်ထိ စောင့်ဆိုင်းပြီးနောက် အိုဘားမား၊ ဘလွမ်းဘာ့ဂ်နှင့် ဂလေ့ဇ်တို့ထံ လိပ်မူသော စာ(၃)စောင်ကို ပေးပို့ခဲ့သည်။

ရန်စလှုံ့ဆော်သည့် အသုံးအနှုန်းများ ပါရှိသော အဆိုပါ စာများကို နေသန်၏ အမည်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး သူမကို အာဏာပိုင်များက ဖမ်းဆီးချိန်တွင် ရှန်နွန်က ခင်ပွန်းသည်အား အမှုဆင်ရန် အားထုတ်ခဲ့ခြင်းဟု ဝန်ခံခဲ့ရသည်။ ရှန်နွန်သည် စာများပေးပို့ပြီး (၁၀)ရက်အကြာတွင် အဆိုပါကိစ္စသည် နေသန်၏ လုပ်ကြံဖန်တီးမှုအဖြစ် ရဲများထံ သွားရောက် တိုင်ကြားခဲ့ရာမှ ဆက်စပ် စစ်ဆေးမှုများကြောင့် အမှုမှန် ပေါ်လာခြင်း ဖြစ်သည်။ ထိုဖြစ်ရပ် တစ်ခုလုံးတွင် နေသန်အနေဖြင့် တစ်စုံတစ်ရာ သိရှိပါဝင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ ရှန်နွန်တွင် သားသမီး (၆)ဦးရှိသည်။

7Day News
အပြည့်အစုံသို့ »