Showing posts with label education. Show all posts
Showing posts with label education. Show all posts

လာမည့်ပညာသင်နှစ်မှစ၍ B.Tech မပေးတော့



လာမည့်ပညာသင်နှစ်မှ စတင်၍ နည်းပညာတက္ကသိုလ် များတွင် အင်ဂျင်နီယာဘွဲ့(B.E) တိုက်ရိုက်ပေးအပ်မည်ဖြစ်ပြီး နည်းပညာဘွဲ့(B.Tech)ပေး သော စနစ်ကို ဖျက်သိမ်းလိုက် ကြောင်း သိပံ္ပနှင့် နည်းပညာဝန် ကြီးဌာနမှ သတင်းရရှိသည်။

လွန်ခဲ့သော ပညာသင်နှစ် များက နည်းပညာတက္ကသိုလ်များ နှင့် အစိုးရ နည်းပညာကောလိပ် များသို့ ၀င်ခွင့်ရရှိသော ကျောင်း သား၊ ကျောင်းသူများ အနေဖြင့် နည်းပညာဘွဲ့အတွက် လေးနှစ် တက်ရောက်ခဲ့ရပြီး အရည်အချင်း ပြည့်မီမှသာ အင်ဂျင်နီယာဘွဲ့ အတွက် ၂ နှစ်ထပ်မံတက်ရောက် ခဲ့ကြရသည်။

‘‘နည်းပညာတက္ကသိုလ်တွေ မှာ B.E ခြောက်နှစ်သင်မယ်။ B.Tech မရှိတော့ဘူး။ GTI (အစိုးရနည်းပညာသိပံ္ပ)မှာ AGTI သုံး နှစ်သင်တန်းဖွင့်မယ်။ သီးခြားစီ ဖြစ်အောင် ခွဲထုတ်လိုက်တာပါ’’ ဟု သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနမှ တာဝန်ရှိသူကပြောသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနက ဖွင့်လှစ်ထားသော နည်း ပညာတက္ကသိုလ် ၂၉ ခုတွင် အင် ဂျင်နီယာဘွဲ့များကို တိုက်ရိုက် ပေးအပ်၍ နည်းပညာကောလိပ် များကိုလည်း အစိုးရနည်းပညာ သိပံ္ပအဖြစ် ပြောင်းလဲကာ AGTIသင်တန်းများပို့ချမည်ဖြစ်သည်။

‘‘ဒီပုံစံအတိုင်းဆို ကျွန်တော် တို့ ကျောင်းသားတွေ တောင်းဆိုနေတာလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ B.Tech ရထားတဲ့ ကျောင်းသားတွေကတော့ နစ်နာ သွားမယ်။ သူတို့ရထားတဲ့ ဘွဲ့က မရှိတော့ဘူးလေ’’ ဟု ရန်ကုန် အနောက်ပိုင်း နည်းပညာတက္က သိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ်များ သည် အဆင့်မြင့်ပညာရေးဌာန များဖြစ်သော ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်တို့နှင့် ခွဲခြားဆက်ဆံခံ နေရခြင်းနှင့် နည်းပညာ တက္က သိုလ်များတွင် အင်ဂျင်နီယာဘွဲ့ (B.E) မပေးတော့ဘဲ နည်းပညာ ဘွဲ့(B.Tech) သာပေးတော့ရန် အစီအစဉ်ကို နည်းပညာတက္က သိုလ်ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော်က ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ဖူးသည်။

အထက်ပါ စနစ်သစ်အရ နည်းပညာ တက္ကသိုလ်များတွင် အင်ဂျင်နီယာဘွဲ့ တက်ရောက် မည့် ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ် ၃၈၀ နှင့် အထက်ရရှိထားပါက ၀င်ခွင့်လျှောက်ထားနိုင်မည်ဖြစ်သည်။ အစိုးရနည်းပညာသိပ္ပံများတွင် AGTI လက်မှတ်သင်တန်းတက်ရောက်မည့် ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာနှင့် အင်္ဂလိပ်စာရမှတ်ပေါင်း ၁၅၀ ရှိပါက လျှောက်ထားနိုင်မည်ဖြစ်သည်။

နည်းပညာတက္ကသိုလ်များ ၏ ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှတစ်ဆင့် လျှောက်လွှာခေါ်ယူ၍ အစိုးရနည်းပညာသိပံ္ပများ၏ ၀င်ခွင့်အတွက် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် လျှောက်လွှာခေါ်ယူမည် ဖြစ်သည်။ အစိုးရနည်းပညာ သိပ္ပံ မရှိသော ဒေသမှ ကျောင်းသား များအနေဖြင့်နီးစပ်ရာ အစိုးရ နည်းပညာသိပ္ပံတွင် တက်ရောက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် လက်ထက်၌ သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန သည် နည်းပညာတက္ကသိုလ်၊ ကောလိပ်များတွင် ကျောင်းသား လက်ခံမှုလျှော့ချခြင်း၊ အဆင့်မြင့် ကျောင်းများအဖြစ် ရန်ကုန်နည်း ပညာတက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်တို့ကို ပြန်လည် ဖွင့်လှစ်ခြင်း၊ ရန်ကုန်နှင့်မန္တလေး မြို့တွင် အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ်များ ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

နေလင်းထွန်း
7Day Daily
အပြည့်အစုံသို့ »

ကျောင်းအပ်စဉ် ငွေကောက်ခံခဲ့သော မူလွန်တွဲဖက်အလယ်တန်းကျောင်းကို အရေးမယူသေး


မန္တလေးစက်မှုဇုန် (၂) အတွင်းရှိ မူလွန်တွဲဖက်အလယ် တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းအပ်လက်ခံကာလက ငွေကောက်ခံခဲ့သဖြင့် သက်ဆိုင် ရာ   မြို့နယ်ပညာရေးမှူးရုံးသို့ တိုင်စာပို့ခဲ့သော်လည်း   အရေး ယူခြင်းမျိုးမရှိသေးကြောင်း စက် မှုဇုန်(၂)တွင် နေထိုင်သူကျောင်း သားမိဘတစ်ဦးက ပြောသည်။

‘‘ကိုယ်ကြိုက်တဲ့ ဆရာမ အတန်းပိုင်လုပ်မယ့်အခန်းရဖို့ ကျောင်းသားတစ်ဦးကို ငွေတစ် သောင်းပေးရတယ်။ အမှတ်နဲ့ခွဲ တာမဟုတ်ဘဲ ပိုက်ဆံနဲ့ခွဲတာ။ ဒီကျောင်းက အစဉ်အလာလိုဖြစ် နေပြီ။ မြို့နယ်ကိုတော့ စာတင် ထားတယ်’’ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့အတွင်းရှိ နာ မည်ကြီးအခြေခံပညာကျောင်း များတွင်မူ ကျောင်းအပ်ကာလ အတွင်း ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း ချမ်း အေးသာစံမြို့နယ်နေ ကျောင်း သားမိဘတစ်ဦးဖြစ်သူ ကိုထိန် ဝင်းက ပြောသည်။

မန္တလေးတိုင်းအတွင်းမှ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံ   ကာလ၌ ငွေကြေးကောက်ခံမှုများ ရှိခဲ့ပါက တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း  ပြောကြား ထားသည်။

ယခုနှစ်မှစတင်၍    အခမဲ့ အလယ်တန်းအဆင့်ပညာရေးကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းအချို့တွင် ကျောင်းအပ် ကာလအတွင်းက    ငွေကြေး ကောက်ခံမှုတစ်စုံတစ်ရာရှိခဲ့ပါ က အမည်၊ လိပ်စာ အတိအကျ နှင့် မန္တလေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးထံ တိုက်ရိုက်တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားမှုမှန်ကန် ပါက ထိုက်သင့်သည့် အရေးယူမှု များ အမှန်တကယ်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း ပညာရေး မှူးရုံးမှ တာဝန်ရှိသူက ပြော သည်။

‘‘သူငယ်တန်းကနေ    ရှစ် တန်းအထိ ဘာကြေးမှမကောက် ရဘူးလို့   စာတွေထုတ်ထားပြီး သား။    ကောက်တယ်လို့တိုင်ရင် အရေးယူမှာ။    တိုင်ရင်လည်း တိတိကျကျတော့တိုင်ရမှာပေါ့။  ဒါပေမဲ့ အခုအချိန်ထိ ပိုက်ဆံ ကောက်လို့ တိုင်တာမျိုးတစ်ခုမှ မရှိသေးဘူး’’ဟု အဆိုပါတာဝန်ရှိ သူက ပြောသည်။

7day daily
အပြည့်အစုံသို့ »

တက္ကသိုလ်ကျောင်းသားများ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်လျှင် ကျောင်းထုတ်မည်တဲ့




သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနိုင်ငံရေး ဆူပူလှုပ်ရှားမှုများ၌ ပါဝင်ပါက ကျောင်းမှ ထုတ်ပယ်ခံ ရမည်ဟု သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန၊ စက်မှုနှင့် သက်မွေး ပညာဦးစီးဌာနက ဇွန်လ ၉ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ထားသည်။

( သူတော်ကြီး )
အပြည့်အစုံသို့ »

သမ္မတကြီး ဦးသိန်းစိန်မှ မိမိတက်ရောက်သင်ကြားခဲ့သည့် စာသင်ကျောင်း အဆောက်အဦးများ ပြုပြင် တည်ဆောက်ပေးမည်ဟုဆို


နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်မှ မိမိ ပညာသင်ကြားခဲ့ဘူးသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ပျက်စီး ယိုယွင်း နေသော စာသင်ဆောင်များအား ပြုပြင်ဆောင်ရွက်ပေးမည် ဟုပြောကြားခဲ့ကြောင်း သိရသည်။
ဇွန်လ(၁၃)ရက်နေ့ ညနေလေးနာရီခန့် အချိန်တွင် အ.ထ.က(၁)ကျောင်းအတွင်း မိမိနှင့်အတူ ကျောင်းတက်ခဲ့ဘူးသည့် ကျောင်းသားဟောင်းများ လက်ရှိ ပညာသင်ကြားနေသောဆရာ/မများ ကျောင်း အကျိုးတော်ဆောင်များနှင့် တွေ့ဆုံစဉ် ယင်းသို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရုပ်ပိုင်းဆိုင်ရာကို တာဝန်ယူသလို အရည်အချင်းရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ဖို့ စည်းကမ်းရှိဖို့ ကိုယ်ကျင့် တရားကောင်းဖို့ အနှစ်သာရပိုင်းဆိုင်ရာ ဖြစ်တဲ့ ကျောင်းသား၊ကျောင်းသူတွေ အောင်ချက်ကောင်းအောင် ဆရာ၊ဆရာမတွေအနေနဲ့ ကြိုးစား ဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟုနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ ကျုံကူး ကျေးရွာ ဇာတိဖြစ်ပြီး၊ပုသိမ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၉၅၄ခုနှစ်မှ ၁၉၇၆ခုနှစ် အထိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်စိန် (၁)လက်ထက်တွင် အထက်တန်းပညာကို သင်ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့အနေနဲ့ဆို တတ်နိုင်မှာမဟုတ်ဘူး။ ခုလို ဆောင်ရွက်ပေးခြင်းကို အထူးကျေးဇူးတင်ပါတယ်။ ဒီနှစ်အ.ထ.က(၁)က ဘာသာစုံ ဂုဏ်ထူးရှင်မပါတာ သူစိတ်မကောင်းဘူး လို့ ပြောတယ်။ လာမယ့် နှစ်တွေမှာလည်း ဂုဏ်ထူးရှင်တွေ ထွက်ပေါ်အောင်လည်း ကြိုးစား ဆောင်ရွက်ပေးဖို့ ကိုလည်း
သမ္မတကြီးက ပြောကြားခဲ့ ပါတယ် ” ဟု အ.ထ.က(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးမှ ပြောပြခဲ့သည်။

သမ္မတကြီးမှ ပျက်စီးယိုယွင်းနေသော ကျောင်းဆောင်များကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပေးမည်ဖြစ်ပြီး ကျောင်းဝင်းအတွင်း ကွန်ကရစ်လမ်းများ
ကွန်ပျူတာနှင့်အင်တာနက်များ ကို ချိတ်ဆက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လင်းလင်း
မြန်မာ့ခေတ်
အပြည့်အစုံသို့ »

ကိုရီးယား EPS စာမေးပွဲ ငါးထောင်ကျော်သာ အောင်မြင်



EPS စာမေးပွဲအောင်စာရင်း ကြည့်ရှုနေကြစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
သတ္တမအကြိမ်မြောက် ကိုရီးယား EPS စာမေးပွဲကို ဖြေ ဆိုသူသုံးပုံတစ်ပုံခန့်သာ အောင် မြင်ခဲ့ကြောင်းအစိုးရပြည်ပအ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်မည့်လုပ် သားများသည် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲကို ပြီး ခဲ့သည့် မေလကဖြေဆိုခဲ့ရာ ဇွန် ၁၁ရက်တွင် စာမေးပွဲအောင်စာ ရင်းထွက်ရှိခဲ့သည်။ ယခုစာမေးပွဲတွင် လူ၁၄,၀၀၀နီးပါး ဖြေဆိုခဲ့ သည့်အနက် လူ ၅၅၀၀ကျော်သာ ဖြေဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယခုစာမေးပွဲသို့ လာရောက် ဖြေဆိုခဲ့သူအရေအတွက်မှာ ယ ခင်အကြိမ်များထက် ထက်ဝက် နီးပါး   ပိုများပြားခဲ့သည်။  ယခုနှစ် အတွင်း ကိုရီးယားနိုင်ငံမှ ကုန် ထုတ်လုပ်ငန်းအတွက် မြန်မာအ လုပ်သမားငါးထောင်ကျော်အား ခေါ်ယူကမ်းလှမ်းထားကြောင်း  သတင်းရရှိသည်။

‘‘အောင်ချက်ကတော့ ၄၀ရာ ခိုင်နှုန်းကျော်ကျော်ပေါ့။ သုံးပုံ တစ်ပုံတော့ ကျော်တာပေါ့။ အခု အောင်တဲ့သူတွေထဲမှာအမှတ် ၁၁၂နဲ့အထက်ကျော်တဲ့သူတွေ ကို ကျွမ်းကျင်မှုစမ်းသပ်ချက်ဖြေ ဆိုခိုင်းမှာ။ ရေးဖြေမှာရောကျွမ်း ကျင်မှုဖြေဆိုမှုမှာရော အမှတ်အ များဆုံးသူက ဦးဆုံးအလုပ်ရမှာ ပေါ့’’ဟု အစိုးရပြည်ပအလုပ်အ ကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ထို့အပြင် ကိုရီးယားမှနေရပ် သို့ ပြန်လာကြသည့် လုပ်သားအ အများစုသည် ၎င်းတို့အကျိုးခံစား ခွင့်အာမခံကြေးများကိုထုတ်ယူ ခြင်းမရှိဘဲ နေရပ်သို့ ပြန်လျက်ရှိ သည်။ ထို့ကြောင့်လာမည့် ဇူလိုင် ၂၉ရက်မှစ၍ ကိုရီးယားသို့သွား ရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများသည်   အလုပ်လျှောက်လွှာနှင့်အတူ ၎င်းတို့ ဘဏ်စာရင်းစာအုပ်ကိုပါ ပူးတွဲတင်ပြ ရမည်ဖြစ်ကာ   ၎င်းတို့နေရပ်သို့ ပြန်သည့်အခါရရှိမည့်   အာမခံ ကြေးများကို    ယင်းဘဏ်စာ အုပ်ထဲသို့ ထည့်သွင်းပေးသွား မည်ဖြစ်သည်။ ကိုရီးယားသို့သွား ရောက်လုပ်ကိုင်သည့်နိုင်ငံခြား သား လုပ်သားများသည် အာမခံ ကြေးအမျိုးအစားလေးမျိုးထည့် ၀င်ရပြီး ၎င်းတို့မှာ လစာငွေအာမ ခံခြင်း၊  အလုပ်ပြီးဆုံးချိန်အာမခံ အကျိုးခံစားခွင့်ရှိခြင်း၊ ပြည်ပြန် ချိန်စရိတ်အာမခံရရှိခြင်းနှင့် အ သက်အာမခံကြေးတို့ဖြစ်သည်။

ယင်းအာမခံလေးမျိုးအနက် အလုပ်သမားများနေရပ်သို့ ပြန်ပါ က ပြည်ပြန်စရိတ်အာမခံနှင့် အ လုပ်ပြီးဆုံးချိန်အာမခံတို့ကိုထုတ် ယူရမည်ဖြစ်သည်။ ကိုရီးယားနိုင် ငံသို့ သွားရောက်လုပ်ကိုင်သည့်  မြန်မာအလုပ်သမား    ၁၂,၀၀၀ ကျော်ရှိပြီး တစ်လလျှင်မြန်မာငွေ  ကျပ်ဆယ်သိန်းခန့်ရရှိသည်။

7day
အပြည့်အစုံသို့ »

ကချင်ပြည်နယ် မြို့နယ်နှစ်ခုတွင် တက္ကသိုလ်ဝင်တန်းအောင်သူ တစ်ဦးမျှမရှိ

အောင်စာရင်းကြည့်နေသူများကို တွေ့ရစဉ်(ဓာတ်ပုံ − မရန်)


၂၀၁၃-၁၄ ပညာသင်နှစ်တွင် ကချင်ပြည်နယ်မှ ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူမရှိသဖြင့် ထို မြို့နယ်နှစ်ခုတွင် အောင်ချက်ရာခိုင်နှုန်းမရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

‘‘အဓိကက ဒေသခက်ခဲလို့ ဖြစ်တာပါ။ ဒီဒေသတွေက နှစ်တိုင်းလိုလို ဘဲဥမကွဲကြဘူး’’ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွှန်မှူးကဆိုသည်။

၂၀၁၃-၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ခေါင်လန်ဖူးမြို့နယ်တွင် ကျောင်းသား ၄၄ ဦး၊ ဆော့လော် မြို့နယ်တွင် ကျောင်းသား ၁၀ ဦး ဖြေဆိုခဲ့ကြပြီး အောင်မြင်သူတစ်ဦးမှမရှိခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင်  ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၈ ဒသမ ၅၁ ရှိခဲ့ပြီး ယမန်နှစ်ထက် ၁၅ ဒသမ ၂၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဆိုသည်။

ကချင်ပြည်နယ်ဝေးလံခေါင်ဖျားသည့် မြို့နယ်များတွင် ကျောင်းဆရာ၊ ဆရာမများ မလုံလောက်မှုကြောင့် စာသင်ကြားရေးတွင် အခက်အခဲများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မရန်
7day daily
အပြည့်အစုံသို့ »

တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ



မော်လမြိုင်၊ ဇွန် ၇

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပညာရေးမှူး ရုံးများ၌ ဇွန်လ ၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ မွန်ပြည်နယ်အနေနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးတွင် ခြောက်နှစ်ဆက်တိုက် ပထမ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဝေက ပြောကြားသည်။

မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၆,၈၇၃ ဦး ရှိသည့်အနက် ၇၄၂၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၆ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အောင်ချက် အမြင့်မားဆုံး ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။

“မွန်ပြည်နယ်ကတော့ ခြောက်နှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံး ရရှိလာခဲ့တယ်။ ဒါကတော့ ဆရာ ဆရာမတွေရဲ့ ကြိုးစားအားထုတ်မှု၊ ကျောင်းသူ ကျောင်းသားတွေရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ရရှိလာခဲ့တာ ဖြစ်တယ်။ ဝမ်းလည်းသာတယ်၊ ဂုဏ်လည်း ယူပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပဲ အောင်မြင်မှုတွေ ရရှိနေမှာပဲလို့ မျှော်လင့်တယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ပြုံးပြုံးအေးက ပြောကြားသည်။

မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၃၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၈၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၁၁ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၂၆ ဦး ရရှိကြသည်။

မွန်ပြည်နယ်သည် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ၄၂ ဒသမ ၅၀ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ၄၂ ဒသမ ၀၈ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒသမ ၃၃ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံး ရရှိလာခဲ့သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည် အောင်ချက် အကောင်းဆုံး ဖြစ်ပြီး အောင်ချက် ၆၀ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဒုတိယအောင်ချက် အကောင်းဆုံးအဖြစ် မုဒုံမြို့နယ် အောင်ချက် ၆၀ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် တတိယအောင်ချက် အကောင်းဆုံးအဖြစ် မော်လမြိုင်မြို့နယ် အောင်ချက် ၅၄ ဒသမ ၅၁ ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။

“မြို့နယ်တွေ အနေနဲ့က ဒီနှစ် ထူးခြားတာက သံဖြူဇရပ်မြို့နယ် ပထမ ရသွားတယ်။ ခါတိုင်း နှစ်တွေကျတော့ မုဒုံက ပထမ ဖြစ်နေတယ်။ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် သုံးမြို့နယ်ထဲကပဲ လည်နေတာ” ဟု ဒေါ်ပြုံးပြုံးအေးက ပြောသည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ်တွင် ဝင်ရောက်ဖြေဆိုသူ ၈၇၂၁ ဦးတွင် ၇၀၄ ဦး အောင်မြင်သဖြင့် အောင်ချက် ၈ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိကြောင်း ချင်းပြည်နယ် ပညာရေးမှူး ရုံးထံမှ သိရသည်။


The Voice Weekly
အပြည့်အစုံသို့ »

တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် ရန်ကုန်တိုင်းတွင် ယခင်နှစ်ထက် နှစ်ဆများ


တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ဇွန်လ ၇ရက်က နံနက်က ထွက်ပြီးဖြစ်ရာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် ဘာသာစုံဂုဏ်ထူးထွက်သူ ယခင်နှစ်ထက်ပိုမိုခဲ့ပြီး ရန်ကုန်တိုင်းတွင် နှစ်ဆပိုမိုခဲ့သည်ဟု အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က မဇ္ဈိမကို ပြောသည်။

"ဒီနှစ် All D(ဘာသာစုံဂုဏ်ထူး)ကတော့ နှစ်ဆတက်လာတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ၁ဒသမ ၇၄ ရာခိုင်နှုန်း တက်လာတယ်"ဟု ဒေါ်ဆွေဆွေလဲ့က ပြောသည်။

ရန်ကုန်တိုင်းတွင် ယခင်နှစ်က ဘာသာစုံဂုဏ်ထူးပါသူ ၁၉၇ဦးသာ ရှိသော်လည်း ယခုနှစ်တွင် ၄၁၇ဦး ထွက်ရှိခြင်း ဖြစ်သည်။ ငါးဘာသာဂုဏ်ထူးရှင်မှာ ၇ဝ၁ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၂၈၈ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၂၂၉ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၅၈၈ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၉၁၁ဦး ရှိသည်ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းတွင်မူ ဂုဏ်ထူးရရှိသူဦးရေ တက်လာသော်လည်း အောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် ငါးရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မန္တလေးတိုင်း ပညာရေးမှူးက ပြောသည်။

အောင်ချက်ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းတွင် ၃၆ဒသမဝ၇ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၂၄ဒသမ ၄ဝရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၄၇ဒသမ ၁၃ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄၄ဒသမ ၈၆ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင် ၃၁ဒသမ ဝ၁ရာခိုင်နှုန်း တို့ဖြစ်သည်။

မန္တလေးတိုင်းအတွင်း ဘာသာစုံဂုဏ်ထူးအများဆုံးထွက်သည့် မြို့နယ်မှာ ချမ်းအေးသာစံမြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၃၅)ဦး၊ ငါးဘာသာဂုဏ်ထူး(၈၆)ဦးထွက်ပေါ်ခဲ့ပြီး တစ်တိုင်းလုံးတွင် ဂုဏ်ထူးရရှိသူဦးရေမှာ (၆၁၄၅)ဦး တိတိ ရှိသည့်အနက် ရူပဗေဒဘာသာရပ်တွင် အများဆုံး ဂုဏ်ထူးရရှိခဲ့ရာ (၇၂၇)ဦးရှိသည်။

Mizzima Burmese
ခင်မြတ်မြတ်ဝေ၊ မျိုးသန့်၊ ကိုတိုးကြီး
အပြည့်အစုံသို့ »

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာ၊ တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိ


၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၁၄ ခုနှစ် ဇွန် ၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနများတွင် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိကြောင်း သိရသည်။

အထက (၆) ဗိုလ်တထောင် (စိန့်ပေါလ်) ကျောင်း၌ အောင်စာရင်း ကြည့်ရူနေသူများကို ဇွန် ၇ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားသူ ဦးရေမှာ အမြင်အာရုံ ချို့ယွင်းသူ ၃၅ ဦး၊ ဆွံ့အနားမကြားသူ ၁၂ ဦး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ၅၂ ဦး၊ မြ၀တီနယ်စပ်ဒေသတွင် ဖြေဆိုသူ ၁၃၉ ဦး အပါအ၀င် ၅၈၈၆၁၂ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ရာခိုင်နှုန်း ၉၀ ကျော် ၀င်ရောက်ဖြေဆို ခဲ့ကြခြင်းဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အောင်ချက်ရာခိုင်နှုန်းများ ကောင်းမွန်ခဲ့ကြသော်လည်း မြို့နှင့်အလှမ်းဝေးသည့် ဝေးလံခေါင်ဖျား ဒေသများတွင် အောင်ချက်ရာခိုင်နှုန်းများ ကျဆင်းကြောင်း ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာန အသီးသီးတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်မြို့နယ် ဒေသများရှိ စာစစ်ဌာနများမှ အောင်မြင်သူများ၏ အောင်စာရင်းများကို ဇွန် ၇ ရက် နံနက် ၈ နာရီမှစ၍ မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာ ပေးမည်ဖြစ်သည်။

အထက (၆ ) ဗိုလ်တထောင်(စိန့်ပေါလ်) ကျောင်း၌ အောင်စာရင်း ကြည့်ရှုနေသူများကို ဇွန် ၇ ရက် နံနက် ၁  နာရီခန့်က တွေ့ရစဉ်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၂ ရက်တွင် မြန်မာစာ၊ မတ် ၁၃ ရက် တွင် အင်္ဂလိပ်စာ၊ မတ် ၁၄ ရက်တွင် သချာင်္၊ မတ် ၁၇ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၈ ရက်တွင် ရူပဗေဒ၊ မတ် ၁၉ ရက်တွင် ဇီဝ ဗေဒနှင့် ဘောဂဗေဒ၊ မတ် ၂၀ ရက်တွင် ပထ၀ီ ၀င်၊ မတ် ၂၁ ရက်တွင် သမိုင်း၊ မတ် ၂၂ ရက် တွင် စိတ်ကြိုက်မြန်မာစာ စသဖြင့် သက်ဆိုင်ရာ ဘာသာတွဲအလိုက် နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသော ကျောင်းသား ကျောင်းသူများအား နစ်နာမှုမရှိ စေရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားသည့် ဆေးရုံစာစစ်ဌာန သုံးခုအပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ စာစစ်ဌာနပေါင်း ၁၂၈၇ ခု ဖွင့်လှစ်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ၌ ယခင်နှစ် မေးခွန်းဟောင်းများထဲမှ မေးခွန်းများ ပြန်လည်ထည့်သွင်း မေးမြန်းလာခြင်းကြောင့် စာမေးပွဲ စတင်စစ်ဆေးသည့် မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့မှစ၍ စာမေးပွဲပြီး ဆုံးသည့်နေ့အထိ  ကျောင်းသားအများစုစာ မေးပွဲဖြေဆိုနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသူ အချို့က ဆို သည်။ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ စစ်ဆေးမှုများအား ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် အစရှိသည့် မြန်မာတစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ၁၀ ခု၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

eleven media group
အပြည့်အစုံသို့ »

ရှေးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း


နောင် ရန်ကုန်ကောလိပ်ဖြစ်လာခဲ့သည့် ပထမဆုံးအစိုးရ ဟိုက်စကူးကျောင်း
တက္ကသိုလ်ဝင်တန်းကို ဒသမတန်း (၁၀ တန်း)အဖြစ် ယေဘုယျအားဖြင့် သတ်မှတ်ထားကြသည်။ ရှေးခေတ်အခါကမူ ဒသမအဆင့်ဟု ခေါ်ဆိုကြ၏။

ကိုလိုနီခေတ်ဦးကာလ အထက်တန်းကျောင်းများ

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက် ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်း (Government High School) ကို ယခု လသာ အထက(၁)နေရာ၌ ၁၈၇၄ ခုနှစ် မတ် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုခေတ်ကာလက မြန်မာတစ်နိုင်ငံလုံးတွင် အစိုးရ အထက်တန်းကျောင်းဟူ၍ စစ်တွေတွင် တစ်ကျောင်း၊ မော်လမြိုင်တွင် တစ်ကျောင်းသာ ရှိသေးပြီး ခရစ်ယာန်သာသနာပြု ကျောင်းအချို့မှာမူ ဖွင့်လှစ်ထားပြီးဖြစ်သည်။

ခရစ်ယာန်သာသနာပြု ကျောင်းများတွင် ဗုဒ္ဓဘာသာဝင် မြန်မာကျောင်းသားကျောင်းသူ အများအပြား တက်ရောက်ပညာ သင်ယူခဲ့ကြသည်။ ၁၉၀၅ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်ခဲ့သူ မမြရွှေ (နောင်ပညာဝန်ထောက်) မှာ စိန်မေရီ ဒိုင်အိုခရစ်ယာန် အမျိုးသမီးကျောင်းသို့ ပထမဆုံး တက်ရောက်ခဲ့သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးဖြစ်သည်။

ကာလကတ္တားတက္ကသိုလ်သို့

ထိုခေတ်ကာလက ၁၀ တန်းအောင်မြင်သူများအဖို့ အိန္ဒိယနိုင်ငံ ကာလကတ္တားနှင့် မဒရပ်တို့သို့ သွားရောက်ကာ ပညာဆက်လက် ဆည်းပူးကြရသည်။ အက်(ဖ်)အေ (First Arts) စာမေးပွဲ (ဥပစာတန်း) အောင်မြင်ပြီးပါက ဘီအေဒီဂရီအတွက် ဆက်လက်ဖြေဆိုနိုင်ကြသည်။ ဗြိတိသျှအုပ်ချုပ်မှု လက်အောက်တွင် ပညာတတ်များ လစာကောင်းကြသဖြင့် အခြေခံဖြစ်သော ၁၀ တန်းစာမေးပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းကြသည်။

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကာလ ၁၀ တန်း အောင်မြင်ခဲ့ကြသူများထဲတွင် နောင်နယ်ပယ်အသီးသီး၌ ထင်ရှားသော ပုဂ္ဂိုလ်များ အများအပြား ပါဝင်ခဲ့ကြပါသည်။ ထင်ရှားသူအချို့မှာ မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီး (၁၈၈၄)၊ ယစ်မျိုးမင်း ကြီးဦးရွှေစံအောင် (၁၈၈၇)၊ ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင် (၁၈၉၄)၊ ဘကြီးဘဘေ (၁၉၀၂)၊ ဆာမောင်ကြီး (၁၉၀၂)၊ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး (၁၉၀၅)၊ မြို့မကျောင်းအုပ်ကြီး ဦးဘလွင် (၁၉၁၁) စသူတို့ ဖြစ် . . . . .
သို့သော် ၁၈၈၁ ခုနှစ်တွင် လက်ရှိအစိုးရ အထက်တန်းကျောင်း၌ပင် တက္ကသိုလ်သင်တန်းများကို ရှိရင်းစွဲ ဆရာများဖြင့် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ၁၈၈၃ ခုနှစ် မတ် ၁ ရက်တွင် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ပထမတန်း ဘီအေဒီဂရီကောလိပ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

နှစ် ၁၃၀ ကျော်က တက္ကသိုလ်ဝင်တန်းအောင်စာရင်း

လွန်ခဲ့သည့် နှစ် ၁၃၀ ကျော်ဝန်းကျင်ကာလ (၁၈၈၀-၁၈၈၅) အတွင်း အောက်မြန်မာနိုင်ငံ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းမှာ အရေအတွက် အလွန်နည်းပါးလှသည်။ (၁၈၈၀-၈၁) တွင် အောင်မြင်သူ ခြောက်ယောက်၊ (၁၈၈၁-၈၂) တွင် ၁၂ ယောက်၊ (၁၈၈၂-၈၃) တွင် ၁၆ ယောက်၊ (၁၈၈၃-၈၄) တွင် ၁၅ ယောက်၊ (၁၈၈၄-၈၅) တွင် ၁၃ ယောက်၊ (၁၈၈၅-၈၆)တွင် ၂၃ ယောက်ဟူ၍ လေ့လာတွေ့ရှိ ရပါသည်။

(၁၈၈၅-၈၆) ခုနှစ်တွင် ကျင်းပခဲ့သည့် ကာလကတ္တားတက္ကသိုလ် ၀င်ခွင့်စာမေးပွဲတွင် ရန်ကုန်ကွန်ဗင့်ကျောင်းမှ အမျိုးသမီးသုံးဦး အောင်မြင်ခဲ့ရာ ပထမဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်သော အမျိုးသမီးများ ဖြစ်လာခဲ့ကြသည်။

နှစ်တစ်ရာကျော်က ၁၀ တန်းအောင်ခဲ့ကြသူများ

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကာလ ၁၀ တန်း အောင်မြင်ခဲ့ကြသူများထဲတွင် နောင်နယ်ပယ်အသီးသီး၌ ထင်ရှားသော ပုဂ္ဂိုလ်များ အများအပြား ပါဝင်ခဲ့ကြပါသည်။ ထင်ရှားသူအချို့မှာ မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီး (၁၈၈၄)၊ ယစ်မျိုးမင်း ကြီးဦးရွှေစံအောင် (၁၈၈၇)၊ ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင် (၁၈၉၄)၊ ဘကြီးဘဘေ (၁၉၀၂)၊ ဆာမောင်ကြီး (၁၉၀၂)၊ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး (၁၉၀၅)၊ မြို့မကျောင်းအုပ်ကြီး ဦးဘလွင် (၁၉၁၁) စသူတို့ ဖြစ်ကြသည်။

ထူးချွန်သူများ

တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများလည်း အများအပြား ရှိကြသည်။ ၁၉၀၉ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်း (ယခု ဗိုလ်တထောင်အထက ၆) မှ ၁၀ တန်းအောင်မြင်ခဲ့သူ မောင်ဟုတ်စိန် (ပါဠိမြန်မာ အဘိဓာန်ကျမ်းပြု ဦးဟုတ်စိန်) မှာ မြန်မာတစ်နိုင်ငံလုံး ပထမစွဲခဲ့သူ ဖြစ်သည်။ (နောင် ဆွေစဉ်မျိုးဆက် လေးဆက်တိုင်လည်း ပထမစွဲခဲ့ပါသည်။)

၁၉၂၁ ခုနှစ်တွင် ၁၀ တန်းအောင်မြင်ခဲ့သော ဒေါ်မြစိန်သည် အင်္ဂလိပ်၊ မြန်မာ၊ အပိုသင်္ချာ၊ ရာဇ၀င်၊ သင်္ချာ၊ အိမ်တွင်းမှုသိပ္ပံ ဘာသာခြောက်မျိုးစလုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၈ ခုနှစ်တွင် ရေနံချောင်းမြို့ အမျိုးသားကျောင်းသို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ၁၀ တန်းတက်ရသည်။ ထိုခေတ်က အတန်းအစဉ်လိုက် တက်ရခြင်းမျိုးထက် စာတော်လျှင်တော်သလို အတန်းကျော်တက်ရသည့် စနစ်မျိုး ရှိခဲ့သည်။ ခုနစ်တန်း စာမေးပွဲနှင့် ၁၀ တန်းစာမေးပွဲများမှာ အစိုးရစစ် စာမေးပွဲများဖြစ်ပြီး အရေးပါလှသည်။ ၁၉၃၂ ခုနှစ်တွင် ကိုအောင်ဆန်း မြန်မာ၊ ပါဠိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် ၁၀ တန်းအောင်မြင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းအောင်လက်မှတ်တွင် မွေးနေ့ရက်စွဲကို (၁၃-၂-၁၉၁၅) ဟု ရေးသွင်းရမည့်အစား (၁၂- ၃-၁၉၁၆) ဟု မှားယွင်းဖော်ပြထားသည်ကို တွေ့ရပါသည်။

ကိုလိုနီခေတ်အောင်စာရင်း

ကိုလိုနီခေတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ထိုခေတ်ကာလ နာမည်ကျော် သတင်းစာများ၌ ထည့်သွင်းဖော်ပြလေ့ ရှိပါသည်။ (၁၅-၅-၁၉၃၅) ရက်စွဲပါ သူရိယသတင်းစာတွင် “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲ အောင်စာရင်း” ခေါင်းစဉ်ဖြင့် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ အစပြုလျက် မြန်မာပြည်အရပ်ရပ် အထက်တန်းကျောင်းများမှ အောင်စာရင်းကို ဖော်ပြထားပါသည်။

၁၉၃၅ ခုနှစ် ကောက်နုတ်ချက်

၁၀ တန်းစာမေးပွဲ ကောက်နုတ်ချက်စာရင်း၌ “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲ အောင်စာရင်းကို ဤသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ စာမေးပွဲ ၀င်ရောက်ဖြေဆိုသူပေါင်းမှာ ၃၂၅၃ ယောက်ရှိကြောင်း၊ ၎င်းအနက် ၁၂၅၀ အောင်မြင်သည့်အနက် ၈၅၀ သာ ကောလိပ်ကျောင်းသို့ဝင်ရန် စာမေးပွဲစစ်ဆေးရေးအဖွဲ့က ထောက်ခံချက်ပေးကြောင်း” ဟူ၍ ဖော်ပြထားပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းအောင်လက်မှတ်

“၁၀ တန်းတွင် ၀င်ရောက်ဖြေဆိုသော မိန်းမကလေးပေါင်း” ခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြရာ၌ “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသော မိန်းမကလေးပေါင်း ၄၄၇ ယောက်ရှိကြောင်း၊ ၄၄၇ ယောက်အနက် ၁၉၉ ယောက် အောင်မြင်ကြောင်း၊ ၁၃၆ ယောက် သိပ္ပံကျောင်းသို့ ၀င်ရန်ခွင့်ပြုထားကြောင်း” ဟု တွေ့ရ၏။ ထို့ပြင် “ဦးပဉ္စင်းတစ်ပါးသာ အောင်သည်” ခေါင်းစဉ်ငယ်အောက်၌လည်း “ဦးပဉ္စင်းငါးပါး ၀င်ရောက်ဖြေဆိုသည့်အနက် တစ်ပါးအောင်မြင်ကြောင်း၊ အသက် ၄၁ ရှိ ကရင်လူမျိုးတစ်ယောက် ဖြေဆိုရာ စာမေးပွဲတွင် ကျဆုံးကြောင်း” ဟူ၍ တွေ့ရှိရသည်။

ကက် (စ်) ဘီခေတ် အောင်စာရင်း

ဂျပန်ခေတ်တစ်လျှောက် ၁၀ တန်းစာမေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ဗြိတိသျှ စစ်ပြေးအစိုးရ ပြန်လည်ဝင်ရောက်လာချိန်မှ စ၍ ၁၀ တန်းစာမေးပွဲများ ပြန်လည်ကျင်းပခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ၁၀ တန်းဖြေဆိုသူ ၁၁၆၇ ဦးအနက် ၅၃၈ ဦး အောင်မြင်ခဲ့ရာ ၄၆ ဒသမ ၁ ရာခိုင်နှုန်း အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ၁၉၄၇ ခုနှစ်တွင် ဖြေဆိုသူ ၃၈၉၆ ဦးရှိလာပြီး ၁၂၁၄ ဦးသာ အောင်မြင်ခဲ့ရာ ၃၁ ဒသမ ၁ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

ပါလီမန်ခေတ် အောင်စာရင်း

လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ခေတ်သို့ ရောက်သောအခါ ၁၀ တန်းဖြေဆိုသူ အရေအတွက် တိုးတက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ၁၀ တန်းဖြေဆိုသူ ၃၉၂၆ ဦးအနက် ၈၆၇ ဦး အောင်မြင်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၀၉ ဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ဖြေဆိုသူ ၃၆၁၁ ဦးသာရှိခဲ့ပြီး ၈၀၁ ဦး အောင်မြင်ခဲ့သည်။ ၂၂ ဒသမ ၁၉ ရာခိုင်နှုန်း အောင်မြင်ပါသည်။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်း နယ်မြေအေးချမ်းသွားပြီးနောက် ၁၀ တန်းဖြေဆိုသူ အရေအတွက် များပြားလာခဲ့သည်။ သို့သော် အောင်မြင်သူက ရာခိုင်နှုန်း နည်းပါးလှပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဖြေဆိုသူ ၅၁၁၉ ဦးအနက် အောင်မြင်သူ ၉၉၄ ဦး (၁၉ ဒသမ ၄ ရာခိုင်နှုန်း)၊ ၁၉၅၁ ခုနှစ်တွင် ဖြေဆိုသူ ၈၈၀၄ ဦးအနက် အောင်မြင်သူ ၁၇၀၁ ဦး (၁၉ ဒသမ ၃ ရာခိုင်နှုန်း)၊ ၁၉၅၂ ခုနှစ်တွင် ဖြေဆိုသူ ၁၃၀၄၅ ဦးအနက် အောင်မြင်သူ ၁၉၃၈ ဦး (၁၄ ဒသမ ၈၅ ရာခိုင်နှုန်း) ရှိခဲ့သည်။ ထို့နောက် ၁၉၅၃ ခုနှစ်တွင် ၂၃ ဒသမ ၀၇၊ ၁၉၅၄ ခုနှစ်တွင် ၁၈ ဒသမ ၅၅၊ ၁၉၅၅ ခုနှစ်တွင် ၁၁ ဒသမ ၆၄၊ ၁၉၅၆ ခုနှစ်တွင် ၁၆ ဒသမ ၆၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

ကိုယ်ပိုင်ကျောင်းများဖျက်သိမ်းခြင်း

ကိုလိုနီခေတ်၊ ပါလီမန်ခေတ် တစ်လျှောက်တွင် အလွတ်ပညာသင် ကိုယ်ပိုင်ကျောင်း အများအပြား ပေါ်ပေါက်ခဲ့သည်။ နှစ်စဉ် ယင်းကျောင်းများမှ ၁၀ တန်း ၀င်ရောက်ဖြေဆိုကြသူများလည်း အများအပြား ရှိခဲ့ကြသည်။ တော်လှန်ရေးကောင်စီ တက်စကာလတွင် ကိုယ်ပိုင်ကျောင်း ၁၂၉ ကျောင်းရှိခဲ့ရာ ယင်းကျောင်းများအားလုံးကို ၁၉၆၅ ဧပြီ ၁ ရက်တွင် ဖျက်သိမ်းခဲ့သည်။

ကျမ်းကိုး
၁။ မြို့တော်တစ်ခွင်အတိတ်ဖြစ်စဉ် (တက္ကသိုလ်ခင်မောင်ဇော်)
၂။ သူရိယသတင်းစာ (၁၅-၅-၁၉၃၅)
၃။ တက္ကသိုလ်ဝင်အောင်မြင်သူများ (မိုးဂျာနယ်၊ ၂၀၀၆ မေ)

News Eleven
အပြည့်အစုံသို့ »

တက္ကသိုလ်ဆရာများ ရာထူးတိုးမြှင့်မှုနှင့် ဒေသရွှေ့ပြောင်းမှု ပွင့်လင်းမြင်သာမှု မရှိဟုဆို


မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများကို ရာထူး တိုးမြှင့်ပေးခြင်းနှင့် ဒေသရွှေ့ပြောင်း ချထားခြင်းများ ပြုလုပ်ရာတွင် ပညာရေး ဝန်ကြီးဌာနက ပွင့်လင်းမြင်သာစွာ လုပ်ဆောင်မှု မရှိကြောင်း တက္ကသိုလ် ဆရာများအသင်းမှ တာဝန်ရှိသူများက မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့တော် သထုံလမ်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အခုဆို နယ်မှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကို Transfer (အပြောင်းအရွှေ့) မချပေးသေးဘူး။ ဆရာမကြီး တစ်ယောက်ဆိုရင် ခြောက်နှစ်လောက် တာဝန်ခံ ပါမောက္ခချုပ် လုပ်လာတာတောင် အခုချိန်အထိ ပါမောက္ခချုပ်အဖြစ် တိုးမပေးကြဘူး။ တစ်နှစ်လောက်ပဲ လုပ်သက် ရှိတဲ့သူတွေ ပါမောက္ခချုပ် ဖြစ်ကုန်တာ အများကြီး။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်နေကြတာလား လက်သင့်ရာ ဦးစားပေးတဲ့ပုံစံနဲ့ သွားနေကြတာလား မေးစရာ ဖြစ်လာပြီ” ဟု တက္ကသိုလ်ဆရာ များအသင်းမှ ဆရာတစ်ဦးက ဆိုသည်။

တက္ကသိုလ် ဆရာ၊ ဆရာမများအား တစ်နှစ်တစ်ကြိမ် နယ်ဒေသများနှင့် မိမိနေထိုင်ရာ ဒေသများကို အလှည့်ဖြင့် တာဝန်ချထားလေ့ရှိပြီး ယခုတစ်ခေါက်အတွက် တစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း အပြောင်းအရွှေ့ ကြေညာချက် မထွက်သေးကြောင်း တက္ကသိုလ် ဆရာများအသင်းမှ ဆရာ၊ ဆရာမများက ပြောကြားသည်။

“ပုံမှန်ထွက်ရမယ့် အချိန်ထက် ခြောက်လကျော်လောက် နောက်ကျနေပြီ။ အရင်ကဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ဆိုရင် ကြေညာချက် ထွက်နေပြီ။ တချို့ဆိုရင် တစ်နှစ်ပြည့်ချိန်မှာ ပြောင်းရတော့မယ် ထင်ပြီး ကလေးတွေကိုတောင် ကျောင်းတွေဘာတွေကနေ ပြောင်းစာထုတ်ပြီးနေပြီ။ အခုတော့ ဒုက္ခရောက်နေကြတာပေါ့” ဟု မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာမ တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်တင်နွဲ့ရီက ပြောဆိုသည်။

နေရာရွှေ့ပြောင်း ချထားမှု၊ ရာထူး တိုးမြှင့်မှုနှင့် နိုင်ငံခြား ပညာတော်သင် ကိစ္စရပ်များနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများက တက္ကသိုလ်ဆရာ၊ ဆရာမ ၅၀ ခန့် ကို ဖိတ်ကြား၍ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သော်လည်း အဆိုပါ ဆွေးနွေးပွဲတွင် တင်ပြသွားသည် များမှာလည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဆရာဆရာမ အချို့က ဆိုသည်။

“တက်လာတဲ့ သူတွေကို Persentation ပဲပြတယ်။ စာရွက်လေး တစ်ရွက်တောင် မပေးဘူး။ ကျွန်မတို့ကို ဖိတ်ကြားတယ်ဆိုတာ သူတို့ပြောတာကို ထိုင်နားထောင်ခိုင်းဖို့လို ဖြစ်နေတယ်။ နောက်ပြီး တစ်နိုင်ငံလုံးမှာ ဆရာ၊ ဆရာမတွေ သောင်းနဲ့ချီ ရှိတယ်။ အခုကူ ၅၀ လောက်ပဲ ရှိတယ်။ သူတို့က ကိုယ်စားလှယ် အနေနဲ့ လာကြတာလည်း မဟုတ်ဘူး။ နာမည်တပ် ဖိတ်ထားတဲ့သူတွေ။ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးတာကလည်း တစ်နာရီကျော်ကျော်ပဲ ကြာတယ်” ဟု ဒေါ်တင်နွဲ့ရီက ဆိုသည်။

The Voice Weekly
အပြည့်အစုံသို့ »

လာရှိုးမှာ ခုံဖိုးတောင်းတဲ့ကျောင်းက စာသင်ဖို့ ကိုယ့်ဖျာကိုယ်ယူပြီး လာရသတဲ့ - ပေးစာ


မြန်မာနိုင်ငံ မှာ ပညာရေးနဲ့ပတ်သတ်ပြီး ဘယ်လောက် ဆိုးဆိုးရွားရွားဖြစ်နေလဲဆိုတာ ယခုတင်ပြမယ့် ပေးစာက ထင်သာမြင်သာရှိအောင် ပြောပြပါလိမ့်မယ်။ ဟိုတစ်လောကလည်း ရန်ကင်း TTC မှာ
အပြည့်အစုံသို့ »

ယခုနှစ်တွင် အလယ်တန်းကျောင်းသားများ ပြဋ္ဌာန်းစာအုပ် အခမဲ့ရ


အခုပညာသင်နှစ်မှာ အလယ်တန်းကျောင်းသားတွေအနေနဲ့ ပြဋ္ဌာန်းစာအုပ်တွေ အခမဲ့ရတဲ့အပြင် မိဘဆရာ အသင်းကြေး၊ စာကြည့်တိုက်၊ အားကစားကြေး စတာတွေလည်း ပေးစရာမလိုဘူးလို့ ကျောင်းသားမိဘတွေနဲ့ ဆရာတွေက  ပြောပါတယ်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်  မြန်မာနိုင်ငံတ၀န်း  အခြေခံပညာကျောင်းတွေမှာ မေလ ၂၅ ရက်နေ့က ၃၁ရက်နေ့အထိ  ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး စတင် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။

အရင်က  ကျောင်းဖွင့်ရာ သီရောက် တိုင်း ကျောင်းသား မိဘတွေဟာ နှစ်စဉ်လိုလို ကျောင်း ၀င်စရိတ်ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့်  ဒီနှစ်မှာတော့ မူလတန်းနဲ့ အလယ်တန်း အဆင့် ကျောင်းသားတွေအတွက် ကျောင်းဝင်ကြေးကလွဲလို့ တခြားစရိတ်တွေကို အစိုးရက မကောက်ခံတော့တာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က မူလတန်း ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးအေးဝင်းက “တပြားမှ မပေးရဘူးခင်ဗျ။ ကျောင်းစာအုပ်တွေရယ်၊ ပိုက်ဆံ ၁ ထောင်ရယ်၊ ကျန်တဲ့ ကျောင်းတံဆိပ်တွေရယ် အလကားပါ” လို့ ပြောပါတယ်။

အစိုးရက မူလတန်းအဆင့်ကို အခမဲ့မသင်မနေရ ပညာရေးအဖြစ် ၂၀၁၂ ခုနှစ်က စတင်သတ်မှတ်ပြီး ကျောင်းအပ်ခ၊ စာအုပ်ဖိုး ငွေကြေးတစုံတရာ ကောက်ခံခြင်း မပြုတဲ့ အပြင် အခုစာသင်နှစ်ကစတင်ပြီး ၅ တန်းကနေ ၈ တန်းအထိ အလယ်တန်းအဆင့်ကိုလည်း အခမဲ့ ပညာရေးလို့ သတ်မှတ်လိုက်ပါတယ်။

အလယ်တန်းအဆင့်တွေကို ဒီနှစ်မှာ လျှော့ပေးလိုက်တာနဲ့ပတ်သက်ပြီး  အထက ၁ ဒဂုံ ကျောင်းအုပ်ကြီး ဦးအောင်ကိုကိုက “ကလေးတွေရဲ့ ပုံနှိပ်စာအုပ်၊ ပြဋ္ဌာန်းစာအုပ်တွေက ၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်းပေါ့။ အဲဒါတွေကို နိုင်ငံတော် ပညာရေးဌာနက အခမဲဖြန့်ဝေပေးတယ်။ ၀ယ်သုံးစရာမလိုတော့ဘူး။ နှစ်ပေါင်းများစွာ လုပ်လာတဲ့ မိဘဆရာအသင်းကြေး အရင်တုန်းက ၅၀၀ ကောက်တယ်။ နောက် အားကစားကြေး၊ စာကြည့်တိုက်ကြေး၊ စာရေးကိရိယာ ဒါတွေကိုလည်း မကောက်တော့ဘူး။ နောက် ကျောင်းလခတော့ ၅ တန်းဆို ၅၀၀၊ ၆ တန်း ၆၀၀၊ ၇ တန်းဆို ၇၀၀၊ ၈ တန်းဆို ၈၀၀၊ ဒါကိုလည်း နိုင်ငံတော်က မကောက်တော့ဘူး” လို့ ပြောပါတယ်။

အထက်တန်းအဆင့်တွေမှာတော့ ကျောင်းလခအနေနဲ့ ၉ တန်းကို ၉၀၀ ကျပ်၊ ၁၀ တန်းကို ၁ ထောင်ကျပ် ကျမယ်လို့လည်း ဆရာကြီး ဦးအောင်ကိုကိုက ပြောပါတယ်။

အခုနှစ်မှာ မူလတန်း ကျောင်းသူ ကျောင်းသားတွေအတွက် ဗလာစာအုပ် ၆ အုပ်စီနဲ့ ထူးထူးခြားခြား  ထောက်ပံ့ကြေး ငွေကျပ် ၁ ထောင်စီ  မိဘတွေလက်ဝယ် ပေးအပ်ကြောင်းလည်း  တရားဝင် ကြေညာထားပါတယ်။

ဒါပေမယ့် မူလတန်းကျောင်းသားတွေ ကျောင်းအပ်တဲ့အခါ ငွေ ၁ ထောင်ကျပ်စီရတယ် ဆိုပေမယ့် တချို့ကျာင်းတွေမှာတော့ မရဘူးလို့လည်း သိရပါတယ်။

ပဲခူးတိုင်း ပြည်မြို့က ကျောင်းတွေမှာ ကျောင်းအပ်ချိန် ကျောင်းသုံး-ပုံနိုပ်စာအုပ် အလုံအလောက်မပေးနိုင်တာကြောင့် ကျောင်းသားအချို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံကျောင်းသားမိဘတွေက ပြောပါတယ်။

အခုလို အခမဲ့ပညာရေး ဖော်ဆောင်ဖို့ အစိုးရ ပညာရေးဝန်ကြီးဌာနအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပြင်ပအလှူရှင်တွေ ထောက်ပံ့လှူဒါန်းကြကြောင်း သိရှိရပါတယ်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် တနိုင်ငံလုံးရှိ  အခြေခံပညာကျောင်းတွေကို ကျောင်းအပ်နှံရေး သီတင်းပတ်အပြီး ဇွန်လ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

မြန်မာကျောင်းသားများကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေအတွက် ဒေါ်လာ သန်း ၁၀၀ ပညာရေး ထောက်ပံ့ကူညီမှု ပေးမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။

ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ် အမှုဆောင် ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့က မေ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပြီး ဒီစီမံကိန်းက ပညာရေးဝန်ကြီးဌာနကို တိုက်ရိုက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကနေ မြန်မာကျောင်းသား ၈ ဒဿ မ ၂ သန်းဟာ အကျိုးခံစားရမှာ ဖြစ်သလို ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ၁ သိန်းကျော်ဟာလည်း ကျောင်းတက်ဖို့အတွက် ထောက်ပံ့ကြေးတွေ ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒေါ်လာ သန်း ၈၀ နဲ့ သြစတြေးလျ အစိုးရက ဒေါ်လာ သန်း ၂၀ ထောက်ပံ့ပေးမှာဖြစ်ပြီး ဒီငွေတွေဟာ အစိုးရကျောင်းတွေရဲ့ ထောက်ပံ့ရေး အစီအစဉ်နဲ့ ကျောင်းသားထောက်ပံ့ကြေး အစီအစဉ်တွေကို တိုးတက် ချဲ့ထွင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပညာရေး ၀န်ကြီးဌာန လက်အောက် နိုင်ငံတ၀န်း ကျောင်းတွေက ထောက်ပံ့ကြေး အစီအစဉ်ကို တိုးချဲ့သွားမှာဖြစ်သလို မြို့နယ် ၄၀ က ကျောင်းသားတွေကို အဓိကထား ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာဘဏ် မန်နေဂျာ ကန်သန်ရှန်ခါက ဝေးလံခေါင်ဖျားတဲ့ ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို အရည်အသွေးပြည့်မီတဲ့ ပညာရေး အကျိုးခံစားရရှိစေဖို့ အာရုံစိုက် လုပ်ဆောင်တာဟာ ဆင်းရဲမွဲတေမှုလျော့ချဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် လိုအပ်တယ်လို့ ကြေညာချက်မှာ ပြောပါတယ်။

မြန်မာ အစိုးရဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက စပြီး ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်လာတာကို အားပေးတယ်လို့ သူက ပြောပါတယ်။

အစီအစဉ်ဟာ အရေးပါတဲ့ မြန်မာပညာရေးကဏ္ဍ ရေရှည် ပန်းတိုင်အတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ကြေညာချက်က ရေးပါတယ်။

ဒီလို ထောက်ပံ့ကူညီခြင်းအားဖြင့် ပညာရေး ၀န်ကြီးဌာနရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ပိုမို မြင့်တက်လာစေမှာ ဖြစ်သလို နိုင်ငံသားအားလုံးအတွက် အဆင့်မီ ပညာရေးကို ပေးအပ်နိုင်ပြီး ကျောင်းသားတွေကိုလည်း ကျောင်းပြီးတဲ့အထိ တက်ရောက်အောင် ကူညီနိုင်မယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

DVB Burmese 
အပြည့်အစုံသို့ »

ပညာသင်ချိန်တစ်ခုတည်းတွင် ဘွဲ့နှစ်ခုပေးအပ်မည့်အစီအစဉ် ဂျပန်နှင့် မြန်မာ လက်မှတ်ထိုး


ပညာသင်ချိန်တစ်ခုတည်းတွင် နှစ်နိုင်ငံလုံးထံမှ ဘွဲ့နှစ်ခုရရှိစေမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဧပြီ ၂၈ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ မီယာဇာကီတက္ကသိုလ်တို့ ဝန်ကြီးရုံးတွင် ဧပြီလ ၂၈  ရက်နေ့ နံနက်  ၁၀ နာရီ အချိန်က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အထက်ပါအစီအစဉ်အရ ဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဖွင့်လှစ်ထားသော နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ  ကျောင်းသားများသည် ပညာသင်ချိန်တစ်ခုတည်းတွင် မီယာဇာကီတက္ကသိုလ်၌လည်း သင်ယူခွင့်ရှိကာ တက္ကသိုလ်နှစ်ခုလုံးထံမှ ဘွဲ့ရရှိနိုင်ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ ဘွဲ့လွန်မာစတာတန်းကို အရင်ဆုံးစမယ်” ဟု အဆိုပါတက္ကသိုလ်မှ Asscociate Professor ဒေါက်တာ သီသီဇင်က ပြောကြားသည်။ ထို့အပြင် Ph.D တန်းများကိုလည်း ဂျပန်နိုင်ငံအစိုးရ၏ ပညာသင်အထောက်အပံ့ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းကပြောသည်။  ယခုအစီအစဉ်အရ မီယာဇာကီ တက္ကသိုလ်မှ ကျောင်းသားများသည် လည်း မြန်မာနိုင်ငံရှိ အထက်ပါတက္ကသိုလ်များတွင် လာရောက်ပညာသင်ယူနိုင်ကာ မိခင်တက္ကသိုလ်က ပေးသောဘွဲ့နှင့် မြန်မာနိုင်ငံတွင် တက်ရောက်သော တက္ကသိုလ်မှ ဘွဲ့များကို ရရှိနိုင်မည်ဖြစ်သည်။

ဂျပန်တက္ကသိုလ်သည် ယခုအစီအစဉ်မျိုးကို အင်ဒိုနီးရှားနိုင်ငံမှ တက္ကသိုလ်နှစ်ခုနှင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၃၀ ကျော်ရှိကြောင်း ယင်းဦးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးကျော်စွာစိုးက ပြောကြားသည်။ အထက်ပါ အစီအစဉ်သည် ယခင်ကမရှိဖူးသေးသော အစီအစဉ်ဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ပါမောက္ခဒေါက်တာ ပိုက်တင်က ပြောကြားသည်။

“နားလည်မှု စာချွန်လွှာသည် မိမိတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ဆီက ပိုမိုရင်းနှီးစွာအတူ ဆောင်ရွက်ရန် အာမခံချက် ဖြစ်စေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကလည်း ယင်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။



ကျော်ဇေယျ၊ နေပြည်တော်
Internet Journal
အပြည့်အစုံသို့ »

ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်


ရန်ကုန်၊ မေ ၎

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ် အချို့ကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ တက္ကသိုလ် ပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျောင်းတွေကို ဖျက်လိုက်မယ်လို့တော့ မဟုတ်ပါဘူး။ အဆောင်တစ်ခုမှာ တစ်ခြမ်းက ကွန်ပျူတာတက္ကသိုလ်၊ တစ်ခြမ်းက နည်းပညာတက္ကသိုလ် ထားမယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

ထားဝယ်၊ ကျောက်ြဖူနှင့် သီလဝါတို့တွင် အကောင်အထည် ဖော်နေသော အထူးစီးပွားရေးဇုန်များ အတွင်း ဝင်ရောက်လာမည့် စက်ရုံအမျိုးအစားနှင့် လိုအပ်မည့် အလုပ်သမား အရေအတွက်ပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင် အလုပ်သမားများ မွေးထုတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ တောင်းဆိုသော အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အလုပ်အကိုင် အဆင်သင့်ဖြစ်အောင်၊ ချိတ်ဆက်မိအောင်၊ ဘယ်လို စက်ရုံတွေ ဝင်လာမလဲ၊ အလုပ်သမား ဘယ်လောက် လိုအပ်မလဲ ဆိုတာကို Data ကောက်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တက္ကသိုလ် နေရာများတွင် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း၊ သင်တန်း အမျိုးအစားအလိုက် သုံးလမှ ခြောက်လအထိ ကြာမြင့်ဖွယ်ရှိကြောင်း ၎င်းကပြောဆိုသည်။

တက္ကသိုလ်များ ပူးပေါင်းလိုက်၍ လစ်လပ်လာမည့် ကျောင်း ၁၀ ကျောင်းနှင့် အသုံးမပြုသည့် အဆောက်အအုံဟောင်း အချို့ကို ပြင်ဆင်၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည့် အတွက် သင်တန်းကျောင်းပေါင်း ၂၀ ကျော်အထိ အကောင်အထည်ဖော်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပညာရှင်အဖွဲ့နဲ့ ဝန်ကြီးဌာန ထိပ်တိုက်တွေ့နေပြီ။ ပညာရှင်က ပိတ်ရမယ်။ ဝန်ကြီးဌာနကျတော့ ပြည်သူ့အသံ နားထောင်ပြီးမှ လုပ်မယ်ပြောတယ်” ဟု ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အခြေစိုက်သော အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ဦးအောင်ဝင်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လုပ်သား လိုအပ်ချက်အရ အင်ဂျင်နီယာ ဘွဲ့ရများထက် ကျွမ်းကျင်ပညာရှင်များကိုသာ လိုအပ်လျက် ရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ် အချို့တွင် ဆရာအရေအတွက် ရှားပါးခြင်း သို့မဟုတ် ကျောင်းသားနည်းပါးခြင်းတို့ ဖြစ်ပေါ်နေသည့် အတွက် ယင်းတက္ကသိုလ်များကို ပိတ်သိမ်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေရချိန်တွင် အင်ဂျင်နီယာဘွဲ့ရများ များပြားနေပြီး ကျွမ်းကျင်အလုပ်သမား ရှားပါးလျက် ရှိကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် စက်မှုလက်မှု အထက်တန်းကျောင်း၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် စုစုပေါင်း ၆၀ ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် စက်မှုဇုန်များ အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု ချမှတ်ပြီး တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့သည်။

ယခင်က စက်မှုအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် နည်းပညာတက္ကသိုလ် အနည်းငယ်သာ ရှိပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးခဲ့သည်။

ယင်းနောက် အစိုးရနည်းပညာ ကောလိပ်များကို ၁၉၉၉ ခုနှစ် ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ခဲ့ပြီး ယင်းကောလိပ်များကို တက္ကသိုလ်အဖြစ် ၂၀၀၇ ခုနှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။

ယင်းကြောင့် နယ်ဒေသများရှိ နည်းပညာတက္ကသိုလ် အများစု၏ သက်တမ်းမှာ ခုနစ်နှစ် ဝန်းကျင်သာ ရှိသေးသည်။

The Voice Weekly
အပြည့်အစုံသို့ »

ချင်းပြည်နယ်မှာ တက္ကသိုလ်ဖွင့်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်


ချင်းကျောင်းသားတွေ ချင်းပြည်နယ်တွင်းမှာပဲ တက္ကသိုလ်ပညာဆည်းပူးနိုင်ရေး ချင်းပြည်နယ်တွင်း အစိုးရအသိအမှတ်ပြု ကိုယ်ထူကိုယ်ထ တက္ကသိုလ် ထူထောင်နိုင်ရေး ချင်းနိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဆရာဆရာမ၊ မြို့မိမြို့ဖတွေက ကြိုးစားနေကြပါတယ်။ လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲကြောင့် ပညာရေးဖွံ့ဖြိုးမှု အားနည်းနေတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တက္ကသိုလ် ဖွင့်လှစ်နိုင်ရေး တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီက ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်အတွင်း တိုးတက်ဖွံ့ဖြိုးရေး ပညာရေးကဏ္ဍကို မြှင့်တင်ဖို့ အရေးတကြီးလိုအပ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးပြည့်မီဖို့ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေး တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေကြပါတယ်။ ချင်းပြည်နယ်တွင်းက မြို့မိမြို့ဖ၊ ပါတီ၊ လွှတ်တော် အမတ်၊ ဝန်ကြီး၊ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာ ရှင်များပါဝင်တဲ့ တက္ကသိုလ်ရရှိရေးအလုပ်ရုံဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးယာကုတ်ထန်းက ပြောပြပါတယ်။

“ပီ သုံးလုံးပေါ့နော် Public – Private – Partnership ဆိုတဲ့ အစိုးရရယ်၊ ပြည်သူလူထု အားလုံးပေါင်းပြီးမှ တက္ကသိုလ်ဖြစ်ဖို့ဆိုပြီးတော့ ဆုံးဖြတ်တယ်။ နာမည်ကတော့ ဟားခါးတက္ကသိုလ်လို့ နာမည်ပေးထားတယ်။ Advocacy Team ဖွဲ့ထားတယ်။ တက္ကသိုလ်ဖြစ်မြောက်ရေး ကော်မတီလည်းပါမယ်။ အစိုးရညှိနှိုင်းရေးအဖွဲ့ပေါ့နော်။”

ချင်းပြည်နယ်တွင်းမှာ ပညာရေးဖွံ့ဖြိုးရေး၊ ချင်းလူငယ်တွေအဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးနိုင်ရေးနဲ့ မိမိဒေသထဲမှာပဲ ပညာသင်ကြားနိုင်ရေးအတွက် ချင်းပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပူးပေါင်းဆောင်ရွက်ပေးနေကြတာဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်း ကပြောပါတယ်။

“ချင်းပြည်နယ်မှာ ဆယ်တန်းအောင်တဲ့သူတွေက တနှစ်တနှစ်မှာ ထောင်ဂဏန်းနဲ့ရှိပါတယ်ဗျ။ ပညာရေးနဲ့ပတ်သက်တဲ့ အခြေခံ အဆောက်အအုံတွေ မရှိဘဲနဲ့တော့ ဘယ်လိုပဲပြောပြောပေါ့ဗျာ။ ကျောင်းမတက်နိုင်တဲ့၊ တက္ကသိုလ်တက်ဖို့ စရိတ်မရှိလို့ တက္ကသိုလ် မတက်ခဲ့ရတဲ့ ဆယ်တန်းအောင် ချင်းကျောင်းသားတွေ အများကြီးရှိပါတယ်။ အများစုက နိုင်ငံခြားထွက်ကုန်တဲ့အထိ ရောက်သွားတာ နှမျောစရာကောင်းပါတယ်။ ပြည်မသားတွေလို ကိုယ့်အိမ်ထောင်ကနေ ကိုယ့်မီးဖိုချောင်က ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကျောင်းတက်ခွင့်ရလို့ရှိရင်ပေါ့ဗျာ အများကြီးသက်သာမှာပေါ့။ အခု ကျောင်းတက်နေတဲ့ဟာက အိမ်နဲ့မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှာ တက္ကသိုလ်တက်နေရတဲ့အခါကျတော့ ချင်းပြည်နယ်အတွင်းမှာ တနေရာရာဖြစ်ဖြစ်ပေါ့ဗျာ- တက္ကသိုလ်ရှိခြင်းအားဖြင့် ဘာပဲပြောပြော ကျောင်းသားလူငယ်လေးတွေက သူတို့ဆယ်တန်းအောင်တဲ့အချိန်ကျရင် တက္ကသိုလ်ကျောင်းတက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့က ရှိလာလို့ရှိရင် ကျောင်းတက်ချင်စိတ်လည်း ပိုပြီးတော့ အားရှိမှာပေါ့ဗျာ။”

ချင်းပြည်နယ်အတွင်း အဆင့်မြင့်တက္ကသိုလ်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အစိုးရအပါအဝင် ပညာရေးဝန်ကြီးဌာနနဲ့ လွှတ်တော်တွင်း တင်ပြတောင်းဆိုခဲ့တာနဲ့ပတ်သက်လို့လည်း CNFရဲ့ အတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်း ပြောပါတယ်။

“ကျနော်တို့ချင်းပြည်နယ်မှာ လိုချင်နေကြတာကတော့ အနည်းဆုံး လူမှုသိပ္ပံကျောင်းပေါ့။ ၂၀၁၂ တုန်းမှာလည်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတယ်။ ၂ ကြိမ်တိုင်တိုင် ကျနော်တို့ တင်ပြထားတယ်ပေါ့။ အဲဒီတုန်းက သူတို့ဖြေကြားထားတာကတော့ နံပါတ်တစ် အချက်ကတော့ ဆယ်တန်းအောင်တဲ့သူတွေ ကျောင်းသားဦးရေကို သူတို့က ထည့်တွက်ခြင်းခံရတယ်တဲ့။ ကျောင်းသားတွေနည်းတယ်ပေါ့ဗျာ။ တက်မယ့်သူတွေနည်းမယ်ဆိုတဲ့သဘောပါ။ နံပါတ် ၂ အချက် သူတို့ပြောတာကတော့ အလှမ်းဝေးနေတယ်ပေါ့လေ။ ကျောင်းဆရာအနေအထားပေါ့။ အဲဒီအပိုင်းလည်းပဲ အခက်အခဲရှိနိုင်တယ်ပေါ့။ လမ်းပမ်းဆက်သွယ်ရေးကစပြီး သူတို့ပြောတာပေါ့။”

ချင်းပြည်နယ်တွင်း အဆင့်မြင့်တက္ကသိုလ်တည်ဆောက်နိုင်ရေးနဲ့ပတ်သက်လို့ ချင်းပြည်နယ်အစိုးရအပါအဝင် ချင်းနိုင်ငံရေးပါတီတွေနဲ့ ရပ်မိရပ်ဖတွေရဲ့ လုပ်ဆောင်ချက်နဲ့ ၂၀၁၅၊ ၂၀၁၆ ပညာသင်နှစ်မှာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးယာကုတ်ထန်းကပြောပါတယ်။

“ပြည်နယ်အစိုးရနဲ့လည်း ပူးပေါင်းဖို့တော့ ကျနော်တို့ စီစဉ်တယ်။ အစိုးရဘက်က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာတော့ မသိဘူး၊ ကျနော်တို့အလုပ်ရုံဆွေးနွေးပွဲမှာလည်း ပြည်နယ်အစိုးရကို ကျနော်တို့ဖိတ်တယ်။ အစကတည်းက ချဉ်းကပ်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာကိုတော့ ကျနော်တို့ အမြဲတမ်း ဆွေးနွေးတိုင်ပင်တယ်။ အဲဒါကြောင့် နောက်ဆုံးကျရင်တော့ ကျနော်တို့ထင်တာကတော့ အစိုးရ၊ ပြည်နယ်အစိုးရနဲ့ပူးပေါင်းနိုင်မယ်လို့လည်း ကျနော်တို့ ယုံကြည်တယ်။”

ချင်းလူငယ်များ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးနဲ့ ချင်းလူထု လူနေမှုဘဝမြင့်မားရေး နဲ့ ဒေသတွင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေဖို့အတွက် အဓိကရည်ရွယ်တဲ့ ချင်းပြည်နယ်တွင်း တက္ကသိုလ်၊ ကောလိပ်ဖွင့်လှစ်နိုင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတထံ လိပ်မူပြီး တောင်းဆိုထားသလို လွှတ်တော်တွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတောင်းဆိုပြီးဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းတွေထဲမှာ ချင်းပြည်နယ်ဟာ တက္ကသိုလ်အဆင့်ကျောင်း တစ်ကျောင်းမှ မရှိသေးတဲ့အတွက် တည်ဆောက်နိုင်ရေး အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်နိုင်သေးဘဲ ဖြစ်နေပါတယ်။

VOA Burmese
အပြည့်အစုံသို့ »

SIBT (Macquarie University) မှ ပေးအပ်သော ပညာသင်ဆုကို မြန်မာကျောင်းသူ တစ်ဦး ရရှိ


SIBT (Macquarie University) မှ ပေးအပ်သော ပညာသင်ဆုကို မြန်မာကျောင်းသူတစ်ဦးရရှိခဲ့ကြောင်း YIUS မှသိရသည်။

ပညာသင်ဆုရရှိသောမြန်မာကျောင်းသူမှာ မမော်လီလင်းဖြစ်ပြီး ပထမနှစ်၏ Second Semester 4 Subjects အတွက် ပေးအပ်သော သြစတြေးလျဒေါ်လာ ၁၃၀၀၀ ကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ မမော်လီလင်းသည် ပထမဆုံး Semester တွင် လေးဘာသာ ယူခဲ့ပြီး နှစ်ဘာသာကို High Distinction ရရှိကာ ကျန်သော ဘာသာရပ်များကို Distinction ရရှိခဲ့သည့်အပြင် Semester တစ်ခုလုံး တွင်လည်း အမှတ်အများဆုံး ကျောင်းသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုမှာ  သြစတြေးလျနိုင်ငံ Macquarie University မှ ဖွင့်လှစ်ထားသည့် SIBT (Sydney Institute of Business & Technology) မှ ပထမနှစ်၏ First Semester တွင် အမှတ်အများဆုံး ကျောင်းသားနှစ်ဦးအား နှစ်စဉ် ပညာသင်ဆု ချီးမြှင့်ရာတွင်ရရှိခဲ့ခြင်းဖြစ်သည်။

ပညာသင်ဆု ရရှိခဲ့သူ မမော်လီလင်းသည် YIUS တွင် University Foundation Business တက်ရောက်ခဲ့သူ ကျောင်းသူ တစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်ကလည်း YIUS တွင် University Foundation Business တက်ရောက်ခဲ့သူ မသန့် သစ္စာအောင်မှ အဆိုပါ ပညာသင်ဆုကို ဆွတ်ခူးခဲ့သည်။

SIBT College onf Macquarie University ၏ ပထမနှစ်တွင် တစ်ထပ်တည်းကျသော ဒီပလိုမာကို ပေးအပ်ပြီး University ၏ ဒုတိယနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်မည် ဖြစ်သည်။ Macquarie University သည် သြစတြေးလျနိုင်ငံ၏ များ လှသော တက္ကသိုလ်များထဲမှ အကောင်းဆုံး University ၁၀ ခု စာရင်းဝင်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များထဲမှ အကောင်းဆုံးတက္ကသိုလ် ၁၀ ခု စာရင်း ဝင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များတွင်လည်း Arts and Humanities ဘာသာခွဲတွင် အကောင်းဆုံး တက္ကသိုလ် ဆယ်ခုတွင်ပါဝင်ခဲ့သည်။ အခြား ကျော်ကြားသော ဘာသာရပ်များတွင် Business, Psychology, Biotechnology နှင့် Special Education တို့ ပါဝင်ကြောင်း သိရသည်။

Internet Journal
အပြည့်အစုံသို့ »

မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ


ရန်ကုန်၊ ဧပြီ ၂၇

ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။

ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင် ဘာသာရပ် အနည်းဆုံး သုံးခု ဖြေဆိုရန် သတ်မှတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုတေသန တန်းအတွက် လျှောက်ထားသူများက လွဲ၍ ပညာသင်ဆု သုံးခုစလုံးတွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မွေးဖွားသူများသာ လျှောက်ထားနိုင်ကြောင်း၊ သုတေသန တန်းအတွက်မူ ၁၉၈၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူများသာ လျှောက်ထားရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ပညာသင်ဆု တစ်မျိုးချင်းစီအလိုက် အသေးစိတ်သိရှိလျှင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ကျောင်းသားဟောင်းများအသင်း (MAJA) ကို ဆက်သွယ် မေးမြန်းနိုင်သည်။

ယင်းအပြင် ဂျပန်အစိုးရ ပညာသင်ဆုများ အကြောင်းကို www.mext.go.jp တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။

မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် ဂျပန်ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်မှု အားနည်းသော်လည်း အင်ဂျင်နီယာ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ်နှင့် နည်းပညာ ဘာသာရပ်များကို လေ့လာလိုသူများအတွက် ဂျပန် အဆင့်မြင့်တက္ကသိုလ်များနှင့် ပတ်သက်၍ လေ့လာထားသင့်ကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြုသည်။

ယခင်က ဂျပန်ပညာသင်ဆုများကို အစိုးရတက္ကသိုလ်များတွင် တက်ရောက်နေသူများသာ ပေးသော်လည်း လက်ရှိအချိန်တွင် မည်သူမဆို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် လျှောက်ထားသူများအနေနှင့် ဂျပန်ဘာသာစကားကို အခြေခံ ရေးနိုင်၊ ပြောနိုင်ရန် လိုအပ်ပြီး ဘာသာစကား ကွဲပြားမှုအပေါ် စိုးရိမ်စိတ် မထားသင့်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

The Voice Weekly
အပြည့်အစုံသို့ »

အလွတ်ကျက်ပညာရေးကို ဦးစားမပေးဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း


NLD ပညာရေးကွန်ရက် ၃ နှစ်ပြည့် ရန်ပုံငွေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဧပြီလ ၄ ရက်နေ့ကကျင်းပရာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော ကြားစဉ်
Photo: RFA
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး နိမ့်ကျခဲ့တာကြောင့် ပညာရဲ့တန်ဖိုးကို သိရှိမှုနည်း ပါးနေကြောင်းနဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ပညာသင်ပေးရာမှာ ကျောင်းစာကို အလွတ်ကျက်ဖို့ သင်ကြားပေးတာထက် နားလည်အောင်သင်ကြားပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြော ကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၃ နှစ်ပြည့် ရံပုံငွေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာ ကွန်ဗင်းရှင်းစင်တာ MCC မှာ ဒီနေ့ ညနေပိုင်းက ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြား ခဲ့တာပါ။

"ကမ္ဘာကြီးကိုကြည့်ပြီးတော့ ဒီကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်မှ ကျမတို့နိုင်ငံဟာ ချမ်းသာမယ်၊ တည်ငြိမ်မယ်၊ ကျမတို့နိုင်ငံ တည်ငြိမ်၊ ချမ်းသာ၊ အေးချမ်းမှ ကျမတို့ပြည်သူလူထုကလည်း ချမ်းသာ၊ အေးချမ်း၊ ပြေလည်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျမတို့ရဲ့ဆရာ၊ ဆရာမများဟာ ကျောင်းသူကျောင်းသားတွေကို သင်ပေးတဲ့အခါမှာ ကျောင်း စာအုပ်တွေထဲမှာရှိတဲ့ အချက်အလက်တွေကို အလွတ်ကျက်ဖို့သာမဟုတ်ဘဲနဲ့ ဒီအချက်အလက်တွေဟာ ဘယ်လိုကျမတို့ဘဝကို ရင်ဆိုင်တဲ့အခါ အသုံးဝင်သလဲဆိုတာကို နားလည်အောင်သင်ပေးဖို့ အများကြီးလိုပါတယ်"

ပညာရေးကွန်ရက် ၃ နှစ်ပြည့် ဂီတပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပညာရေးဟာ နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ ပညာရေးကွန်ရက်မှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ၊ ပညာရေးရန်ပုံငွေအတွက် အလှူရှင်တွေနဲ့ ပညာရေးရန်ပုံငွေပွဲအတွက် ဖျော်ဖြေပေးကြတဲ့ အနုပညာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့ပါတယ်။

RFA


အပြည့်အစုံသို့ »